မလိခ အထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Maymyo
  • မလိခ အထွေထွေရောဂါကုဆေးခန်း

မလိခ အထွေထွေရောဂါကုဆေးခန်း GP clinic

16/08/2025

#နှာစေးတယ်_နှာပိတ်တယ်_တစ်နှစ်ပတ်လုံးလိုလိုပဲ
#နှာရည်တွေက_နှာခေါင်းအတွင်း_အနောက်ကနေ_အာခေါင်ထဲကျကျနေတယ်
#ခေါင်းကိုက်တယ်
#အနံ့သိပ်မရချင်ဘူး

( #ထိပ်ခပ်နာ)

ကျွန်တော်တို့ မျက်နှာအရိုးတွေက အခေါင်းပါတဲ့ အရိုးပြားတွေ စပ်ထားတာပါ။

​ပါးရိုးနှစ်ဖက်၊ နဖူးရိုး၊ နှာခေါင်းရိုး အပေါ်မှာ အခေါင်းပေါက်တွေရှိပါတယ် 👉 အဲ့ဒီအခေါင်းပေါက်တွေကို Sinus တွေလို့ခေါ်ပါတယ်။အဲ့ဒီ Sinus တွေက အခေါင်းပေါက်တွေဆိုတော့ လေတွေပဲရှိတာပေါ့

အဲ့ဒီ Sinus တွေက #နှာခေါင်းနဲ့ ဆက်ထားတဲ့ #အပေါက်လေးတွေရှိပါတယ်။
Sinus တွေထဲက Cells တွေမှာ Cilia ဆိုတဲ့ #အမွှေးလေးတွေရှိပါတယ်။
ပြီးတော့ Sinus ထဲက cells တွေက sinus သန့်ရှင်းနေအောင် ချောမွေ့နေအောင် Secretion နည်းနည်းထုတ်ပါတယ်
ထုတ်တဲ့ Secretions တွေကို Cilia လေးတွေက တံမြက်စည်းလှည်း သလိုလှည်းပြီး နှာခေါင်းထဲကို အပေါက်လေးတွေက တဆင့်ပို့ပါတယ်။

အဲ့လို နည်းလမ်းနဲ့ Sinus အခေါင်းပေါက်တွေထဲမှာ ဘာအရည်မှရှိမနေအောင် လုပ်ပေးပါတယ်။

ပုံမှန် လူတွေ နှာစေး၊နှာမွှန်ကြရင် နှာခေါင်းထဲက နှာရည်တွေတောက်လျှောက်ထွက်ပါတယ်
Sinus နဲ့ နှာခေါင်းမှာ အပေါက်လေးတွေရှိပေမယ့်
အဲ့ဒီနှာရည်တွေက Sinus တွေထဲမဝင်အောင် ဝင်ခဲ့လည်း အပြင်ပြန်ထွက် အောင် Cilia လေးတွေက လုပ်ပေးပါတယ်
ဒါပေမယ့်
တစ်နှစ်ပတ်လုံး နှာမွှန်နေတတ်တဲ့ လူတွေကြတော့
နှာခေါင်းအတွင်းသားက တစ်ချိန်လုံး ရောင်နေတဲ့ အတွက် Sinus နဲ့ နှာခေါင်းဆက်ထားတဲ့ အပေါက်လေးကို ရောင်နေတဲ့ နှာခေါင်းအတွင်းသားက ပိတ်ထားလိုက်ပါတယ်။

နည်းနည်းပဲ ထွက်တဲ့ Sinus ထဲက Secretion တွေက ထွက်ဖို့အပေါက်ပိတ်နေတဲ့ အတွက် Sinus ထဲမှာပဲ စုစုလာပြီး အရည်တွေနဲ့ပြည့်သွားပါတယ်။

လေပဲ ရှိရမယ့်နေရာမှာအဲ့လိုပြည့်သွားတဲ့ အတွက်
- မျက်နှာက #ထူအမ်းအမ်း၊ #လေးတေးတေးဖြစ်နေပြီး၊ #အမြဲခေါင်းအုံ #ခေါင်းကိုက်နေတတ်ပါတယ်

အဲ့ဒီအရည်တွေနဲ့ပြည့်နေတဲ့ Sinus ထဲကို နှာစေး၊နှာပိတ်စေတဲ့ ပိုး ဝင်ရောက်သွားတာနဲ့
Sinus ရောင်ခြင်း => Sinusitis (ထိပ်ခပ်နာ) ဖြစ်ပါပြီ

Sinus တွေရဲ့ တည်နေရာ(ပုံတွေထည့်ပေးထားပါတယ်) အရ
- ပါးရိုးကိုက်ပါတယ်၊ (သွားကိုက်တာနဲ့မှားတတ်လို့ 👉 တချို့လူတွေမှာ သွားတွေတောင် မဆိုင်ပဲ အနှုတ်ခံရတတ်ပါတယ်)
- ခေါင်းကိုက်ပါတယ် (ရိုးရိုးကိုက်တာနဲ့ မတူတာ ရိုးရိုးခေါင်းကိုက်တာက ခေါင်းကို ဖိရင်သက်သာပါတယ် 👉 sinusitis မှာက ဖိကြည့်ရင် နာပါတယ်)
- ပါး၊နှာခေါင်း၊မျက်လုံး အစ်နေ၊ အမ်းနေပါတယ် (facial redness)
- နှာခေါင်းပိတ်ပါတယ် (nasal blockage )
- နှာရည်တွေက နှာခေါင်းအတွင်းအနောက်ကနေအာခေါင်ထဲကျပါတယ် (Post-nasal drip)
- နှာရည်တွေ တောက်လျှောက်အာခေါင်ထဲကျနေတဲ့ အတွက် အာခေါင်ယားပါတယ် (pharyngeal irritation)
- ချောင်းဆိုးပါတယ်
- ပိုးဝင်တာ ဆိုးရင် ဖြစ်တာကြာရင် အနံ့ပါ နံပါတယ်
- ဖျားပါတယ်
- အနံပျောက်တတ်ပါတယ် (အနံ့ရတာနည်းသွားတတ်ပါတယ်) (covid က ရုတ်တရက် အနံပျောက်တာ ၊ sinusitis သမားတွေ အနံ့ပျောက်တာကြာပေါ့)

Sinusitis ဖြစ်ရတဲ့ အကြောင်းနဲ့ လက္ခဏာတွေတော့ သိပြီထင်ပါတယ်။

👉👉👉 ပထမဆုံး စဖြစ်တဲ့ လူနာဆိုရင်

ဆေးလုံးဝမသောက်ထားတဲ့လူနာကို 💊 ပိုးသတ်ဆေးသေသေချာချာပေးရပါတယ်
😢 ကျွန်တော့တို့ဆီမှာက ဟိုမေးဒီမေး နဲ့ တို့ထိတို့ထိ ဆေးသောက်ထားပြီး သားတွေများတော့
ဆေးသောက်ပြီးသား မသက်သာလို့လာပြကြတာဆိုတော့
ကုသရတာ ပုံမှန်ထက် ပိုခက်တတ်ပါတယ်

အဲ့လိုနဲ့ သက်သာသွားတဲ့သူရှိတတ်သလို မသက်သာခဲ့ရင် 😰
ENT Surgeon(နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်တွေ)ဆီ လွှဲပါတယ်
👉 Sinus တွေကို ဖွင့်ပြီး အထဲမှာရှိတဲ့ပြည်တွေ စုပ်ထုတ်၊ ရေနဲ့သေချာဆေးပြီး ပိုးသတ်ဆေးဆက်ပေးရပါတယ်
(လူနာတွေက နှာခေါင်း operation လုပ်ထားတယ်လို့ ပြောတတ်ကြပါတယ်)

အဲ့လို လုပ်လိုက်ရင်တော့ Sinus ထဲက အရည်တွေ အကုန်ရှင်းသွားလို့ နေရတာ အရမ်းကာင်းပြီး ပုံမှန်လူအတိုင်း ပြန်ဖြစ်သွားပါတယ်။

😥 ဒါပေမယ့် Sinus ရောင်တတ်တဲ့သူတွေက

ပြန်ပြန်ဖြစ်တတ်ပါတယ်၊ ပြန်ဖြစ်ဖို့ အရင်ကထက်ပိုဖြစ်လွယ်သွားပါတယ်
(ဘာလို့လဲ ဆိုတော့ အရင်က Sinus ထဲက အရည်တွေက ပဲ နှာခေါင်းထဲ ထွက်တာပါ၊
Sinus ရောင်တဲ့ အချိန် 😢 sinus ထဲက အရည်တွေ နှာခေါင်းထဲဝင်သလို နှာခေါင်းထဲက အရည်တွေကလည်း Sinus ထဲဝင်ပါတယ်)
ဟိုဘက်ဒီဘက်ကူးလို့ရသွားတော့ အရင်လို Oneway မဟုတ်တော့ပဲ Two way ဖြစ်သွားတဲ့ အတွက်

- အအေးမိလို့ဖြစ်ဖြစ်
- ရာသီဖျားဖြစ်ဖြစ်
- တုပ်ကွေးဖြစ်ဖြစ်

နှာမွှန်လိုက်တာနဲ့ နှာရည်တွေက Sinus ထဲဝင်ပြီး Sinusitis ဖြစ်ပါတယ်။
👉👉👉
အဲ့ဒါက Acute Sinusitis (ရိုးရိုး ထိပ်ခပ်နာ) ပါ။

Sinus ရောင်တာ ကို
၁။ တိကျတဲ့ ကုသမှု မခံယူတဲ့သူတွေ (ဆေးသောက်လိုက်၊ သက်သာရင်ရပ်လိုက်)
၂။ နှာခေါင်းထဲမှာ Polyp ရှိပြီး Sinus အဝ ပိတ်နေတဲ့လူတွေ
၃။ ကိုယ်ခံအားနည်းနေတဲ့သူတွေ (ဆီးချို၊ မွေးရာပါ​ကိုယ်ခံအားနည်းရောဂါသည်တွေ၊ cystic fibrosis ရောဂါသည်တွေ) မှာ

(၁၂) ပတ်ကျော်တဲ့ အထိ မပျောက်ခဲ့ရင် Chronic Sinusitis (နာတာရှည်ထိပ်ခပ်နာ) လို့သတ်မှတ်ပြီး ကုသရပိုခက်ခဲ သွားပါပြီ။

အဲ့ဒါကြောင့်

- Sinusitis ဆိုရင် ဖြစ်တာနဲ့ သေသေချာချာ ကုပါ
- ဆေးဆိုင်က ပေးတဲ့ဆေး နဲ့ ဖြစ်သလိုမလုပ်ပါနဲ့
- ဆေးပတ်လည်အောင် ဆရာဝန်ညွှန်းတဲ့အတိုင်းသောက်ရပါမယ်
- မသက်သာတာနဲ့ ENT Surgeon တန်းပြပါ

မတတ်နိုင်ဘူး Chronic Sinusitis ဖြစ်ပြီ ဘယ်လိုလုပ်ရမလဲ
👉 ENT surgeon နဲ့ သေချာပြသပြီး ကုသမှု ခံယူပါ
👉 Medical Treatment နဲ့မရတဲ့ လူတွေ အတွက် Functional Endoscopic Sinus Surgery (FESS) ဆိုတာ လုပ်လို့ရပါတယ် (၈၀-၉၀ % အထိ သက်သာကြတယ်လို့ သိရပါတယ်)

👉Chronic Sinus infection လူနာတွေက ပြန်ဖြစ်တတ်တဲ့အတွက်
- နှာစေးချောင်းဆိုးမဖြစ်အောင်ဂရုစိုက်ကြပါ
- ဘာကြောင့်ပဲ နှာစေးချောင်းဆိုးဖြစ်ဖြစ် ချက်ချင်း ကုသမှုခံယူပါ

ပြဿနာက allergic rhinitis ဆိုတဲ့ ၁၂ ရာသီနှာမွှန်နေတဲ့ သူတွေမှာ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီိး
- အပူ အအေးမျှတအောင်နေပါ
- သောက်နေကြဆေးများ ဆောင်ထားပြီး ၊ ရောဂါဖြစ်တာနဲ့ ချက်ချင်းကုသမှုခံယူကြပါ။

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

15/08/2025

ပိုးလေးဖက်နာ-ရူမက်တစ်အဖျား (Rheumatic fever) ရောဂါကို *Oစစ်ဆေးမှုတစ်ခုတည်းနဲ့ကုသလို့မရပါဘူး။ ဒီအချက်အတွက် ခိုင်မာတဲ့ အကြောင်းပြချက်တွေနဲ့ လမ်းညွှန်ချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

#အဓိကအကြောင်းရင်းများ**

* **A*O ဆိုတာ ရောဂါပိုးမဟုတ်ပါဘူး၊ ရောဂါပိုးကို တုံ့ပြန်တဲ့ ခုခံအား (Antibody) သာ ဖြစ်ပါတယ်။** A*O (Antistreptolysin O) ဟာ Group A Streptococcus (GAS) ဘက်တီးရီးယားပိုး ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးတဲ့နောက် ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ ပဋိပစ္စည်း (Antibody) တစ်မျိုးသာ ဖြစ်ပါတယ်။ ဒါကြောင့် A*O တက်နေတယ်ဆိုတာဟာ မကြာသေးခင်က GAS ပိုးဝင်ဖူးကြောင်းကိုသာ ပြသတာဖြစ်ပြီး၊ လတ်တလောမှာ ရောဂါပိုးရှိနေတာကို ပြသတာမဟုတ်ပါဘူး။

*Oတက်တိုင်းရူမက်တစ်အဖျားမဟုတ်ပါဘူး။** မြန်မာနိုင်ငံလို ဒေသမျိုးမှာ လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းနဲ့ အရေပြားပြည်တည်နာများက Group A Streptococcus ပိုးကြောင့် မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ဒီပိုးဝင်ရောက်ခဲ့ဖူးသူတိုင်း A*O ပမာဏ တက်နိုင်ပါတယ်။ ဒါကြောင့် A*O တက်နေရုံနဲ့ ရူမက်တစ်အဖျားလို့ သတ်မှတ်လို့မရပါဘူး။
* **ရောဂါရှာဖွေရာမှာ JONES Criteria ကို အသုံးပြုရပါတယ်။** ရူမက်တစ်အဖျားကို တိကျစွာ ရောဂါအမည်တပ်ဖို့အတွက် **Jones criteria** လို့ခေါ်တဲ့ သတ်မှတ်ချက်တွေကို အသုံးပြုရပါတယ်။ ဒီသတ်မှတ်ချက်တွေမှာ အဓိကအချက် (Major criteria) နဲ့ သာမန်အချက် (Minor criteria) တွေ ပါဝင်ပါတယ်။

* **Major Criteria (အဓိကအချက်များ):**
* နှလုံးရောင်ရမ်းခြင်း (Carditis)
* အဆစ်အမြစ် ရောင်ရမ်းခြင်း (Polyarthritis)
* ခြေလက်အကြောဆွဲခြင်း (Sydenham's chorea)
* အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း (Erythema marginatum)
* အရေပြားအောက်တွင် အဖုအကျိတ်များ ထွက်ခြင်း (Subcutaneous nodules)
* **Minor Criteria (သာမန်အချက်များ):**
* အဆစ်နာကျင်ခြင်း (Arthralgia)
* အဖျားရှိခြင်း (Fever)
* ESR (သို့) CRP ကဲ့သို့သော ရောင်ရမ်းမှုဆိုင်ရာ သွေးစစ်ဆေးမှု ရလဒ်များ တက်ခြင်း
* ECG စစ်ဆေးမှုတွင် ပြောင်းလဲမှုများ ရှိခြင်း (Prolonged PR interval)

ရူမက်တစ်အဖျားဖြစ်ကြောင်း သတ်မှတ်နိုင်ဖို့အတွက် **အဓိကအချက် (၂) ချက်**၊ ဒါမှမဟုတ် **အဓိကအချက် (၁) ချက်နဲ့ သာမန်အချက် (၂) ချက်** တို့အပြင် မကြာသေးခင်က Group A Streptococcus ပိုးဝင်ရောက်ဖူးကြောင်း သက်သေပြနိုင်တဲ့ A*O (သို့) အခြား antibody စစ်ဆေးမှုရလဒ်များ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် A*O ရလဒ်တစ်ခုတည်းနဲ့ ရောဂါအမည်တပ်လို့မရပါဘူး။

#ကုသမှုဆိုင်ရာလမ်းညွှန်ချက်များ**

ရူမက်တစ်အဖျားကို ကုသရာမှာ အဓိက ရည်ရွယ်ချက် (၄) ခုရှိပါတယ်။

1. **လတ်တလော ရောဂါပိုးကို သုတ်သင်ဖယ်ရှားခြင်း:** ပိုးသတ်ဆေး (ဥပမာ- Penicillin) ကို အသုံးပြုပြီး Group A Streptococcus ပိုးကို အပြီးသတ်ရှင်းလင်းရပါတယ်။
2. **ရောဂါလက္ခဏာများကို သက်သာအောင် ကုသခြင်း:** အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်း၊ ဖျားခြင်း စတဲ့ လက္ခဏာတွေအတွက် ရောင်ရမ်းမှုကျဆေး (ဥပမာ- Aspirin, Naproxen) တွေနဲ့ ကုသပေးရပါတယ်။
3. **ရောင်ရမ်းမှုကို ထိန်းချုပ်ခြင်း:** ပြင်းထန်တဲ့ လက္ခဏာတွေနဲ့ နှလုံးရောင်ရမ်းခြင်းတို့လို အခြေအနေတွေမှာ ကော်တီကိုစတီရွိုက် (Corticosteroid) တွေကိုလည်း အသုံးပြုနိုင်ပါတယ်။
4. **ရောဂါ ထပ်မဖြစ်အောင် ကာကွယ်ခြင်း (Secondary Prophylaxis):** ရူမက်တစ်အဖျား တစ်ကြိမ်ဖြစ်ဖူးသူတွေဟာ နောက်တစ်ကြိမ် ထပ်ဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ဒါကြောင့် Penicillin ထိုးဆေးကို ၁၀ နှစ် (သို့) အသက် ၂၁ နှစ်အထိ အနည်းဆုံး ပုံမှန် ထိုးပေးပြီး ရောဂါထပ်မံဖြစ်ပွားခြင်းကနေ ကာကွယ်ပေးရပါတယ်။ နှလုံးထိခိုက်ထားသူတွေဆိုရင် ပိုပြီးကြာရှည်စွာ ထိုးဖို့ လိုနိုင်ပါတယ်။

ဒါကြောင့် A*O စစ်ဆေးမှုရလဒ်တစ်ခုတည်းကိုကြည့်ပြီး ကုသတာဟာ လုံးဝမဖြစ်သင့်ပါဘူး။ ရူမက်တစ်အဖျားကို သေချာတိကျစွာ ရောဂါရှာဖွေ၊ ကုသဖို့နဲ့ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ ရူမက်တစ်နှလုံးရောဂါ (Rheumatic heart disease) ကို ကာကွယ်ဖို့အတွက် ဆေးပညာရှင်တွေရဲ့ လမ်းညွှန်မှု၊ စနစ်တကျ ရောဂါရှာဖွေမှုနဲ့ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။သင့်ရဲ့မေးခွန်းအတွက် အကိုးအကားတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

* **World Health Organization (WHO):** WHO က ရူမက်တစ်အဖျား နဲ့ ရူမက်တစ်နှလုံးရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လမ်းညွှန်ချက်တွေ ပုံမှန်ထုတ်ပြန်ပါတယ်။
* **American Heart Association (AHA):** AHA ကထုတ်ပြန်တဲ့ **Jones criteria** (ရူမက်တစ်အဖျား ရောဂါရှာဖွေရာမှာ အသုံးပြုတဲ့ သတ်မှတ်ချက်များ) နဲ့ ကုသမှုလမ်းညွှန်ချက်တွေကို အဓိက ကိုးကားထားပါတယ်။
* **UpToDate နှင့် Harrison's Principles of Internal Medicine:** ဆေးပညာရှင်များ အဓိက အသုံးပြုလေ့ရှိတဲ့ UpToDate လို Medical databases တွေနဲ့ Harrison's Principles of Internal Medicine လို စာအုပ်တွေမှာလည်း ဖတ်နိုင်ပါတယ်။

American Heart Association (AHA):** AHA ကထုတ်ပြန်တဲ့ **Jones criteria** (ရူမက်တစ်အဖျား ရောဂါရှာဖွေရာမှာ အသုံးပြုတဲ့ သတ်မှတ်ချက်များ) နဲ့ ကုသမှုလမ်းညွှန်ချက်တွေကို အဓိက ကိုးကားထားပါတယ်။
* **UpToDate နှင့် Harrison's Principles of Internal Medicine:** ဆေးပညာရှင်များ အဓိက အသုံးပြုလေ့ရှိတဲ့ UpToDate လို Medical databases တွေနဲ့ Harrison's Principles of Internal Medicine လို စာအုပ်တွေမှာလည်း ရူမက်တစ်အဖျားရဲ့ ဖြစ်ပွားပုံ၊ ရောဂါရှာဖွေနည်းနဲ့ ကုသမှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို တိကျစွာ ဖော်ပြထားပါတယ်။

29/07/2025

#အာရုံကြောအားနည်းနေလို့ပါ_အာရုံကြောအားဆေးသောက်လည်း_မသက်သာဘူး
#ဘာဆေးသောက်ရမလဲ ⁉️

#အာရုံကြောအားနည်းရောဂါ
( )

လူတွေ ပြောနေကြတဲ့ အာရုံကြောအားနည်း တယ်ဆိုတာ နဲ့ တကယ့် အာရုံကြောရောဂါ ( ) နဲ့ က ကျွန်တော်သိသလောက်တော့ မတူပါဘူး။

အာရုံကြော (Nerve) ဆိုတာကို ပြောရရင်
- Motor Nerve လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ အာရုံကြော
- Sensory Nerve အာရုံခံစားတဲ့ အာရုံကြော (ပူတာ/အေးတာ၊ ထိတွေ့တာ၊ နာတာ)

အဲ့တော့ အာရုံကြောရောဂါ ဆိုရင်

👉 Motor Nerve လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ အာရုံကြော က ရောဂါလား
👉 အာရုံခံစားတဲ့ အာရုံကြော က ရောဂါလား ဆိုပြီး ရှိသလို
👉 အာရုံကြောမကြီးဖြစ်တာလား
👉 အာရုံကြောတစ်ချောင်းချင်းစီလား
👉 အာရုံကြော အသေးလေးတွေလား ဆိုပြီး ရှိပါသေးတယ်။

လက္ခဏာတွေက

Motor Nerve ထိရင် မလှုပ်ရှားနိုင်တော့ပါဘူး (မြင်သာအောင်ပြောရရင် လေဖြတ်သလို မလှုပ်တော့တာပေါ့)
Sensory Nerve ထိရင် ထုံတယ်၊ ကျဉ်တယ် ၊ ဆိုးလာရင် နာတာကနေ အာရုံခံစားမှု မရှိတော့တဲ့အထိရှိပါတယ်။

နောက်တစ်ချက် အာရုံကြောရောဂါ ပြောဖို့က အာရုံကြောတိုင်းမှာတိကျတဲ့ နေရာသတ်မှတ်ချက်ရှိပါတယ်။
ဥပမာ၊ Median Nerve ဆိုရင် လက်ရဲ့ လက်မဖက်အခြမ်းကို ထိန်းချုပ်ပါတယ်
Ulnar Nerve ဆိုရင် လက်ရဲ့ လက်သန်းဖက်အခြမ်းကို ထိန်းချုပ်ပါတယ်

ဆိုလိုတာက အာရုံကြောရောဂါ ဖြစ်ဖို့ ထုံ၊ ကျဉ် ရုံနဲ့ မကပါဘူး နေရာတိတိကျကျပါ ဖြစ်ရပါတယ်။
___________
အခု ကျွန်တော်တို့တတွေ ခံစားနေရတဲ့

- ကြွက်သားတွေ အားနည်းတယ်
- လှုပ်ရရှားရတာ မကောင်းဘူး
- နုံးနေတယ်
- ဇတ်ကြောတွေတက်
- လက်ကပ် ခြေကပ်
- ကြွက်တက်တယ်
- ဟိုနား ထုံ ဒီနား ကျဉ်

အဲ့ဒါတွေကို အာရုံကြောအားနည်းတယ် အမည်တပ်ပြီး အာရုံကြောအားဆေး ဆိုတဲ့ (Vitamin B1,B6,B12) ရောထားတဲ့ ဆေးသောက်တော့
ရှင်းရှင်းပြောရရင် မဆိုင်ဘူးပေါ့

1. လှုပ်ရှားမှုနည်းလို့ သွေးလှည့်ပတ်မှုမကောင်းပဲ ကြွက်သားတွေရဲ့ ဇီဝဖြစ်စဉ်က အညစ်အကြေးတွေကို စွန့်မထုတ်နိုင်ရင်
👉 ကြွက်သားအားနည်းတာ၊ ညောင်းနေတာ၊ နုံးနေတာ ဖြစ်ပါတယ်။

2. လှုပ်ရှားမှုများလွန်းလို့ ကြွက်သားတွေ ပင်ပန်းနေတဲ့အခါ မှာလည်း
👉 ကြွက်သားအားနည်းတာ၊ ညောင်းနေတာ၊ နုံးနေတာ အပြင် ကြွက်တက်တာလည်း ဖြစ်ပါတယ်။

3. စိတ်ဖိစီးမှုကြောင့်ဖြစ်စေ၊ ရုတ်တရက်လန့်သွားလို့ဖြစ်စေ၊ ကြေကွဲမှုကြောင့်ဖြစ်စေ မောတယ်ဆိုပြီး အသက်တွေအရမ်းရှူတဲ့အခါ
👉 ခြေ လက် တွေထုံပြီး ခြေကပ်လက်ကပ်ဖြစ်တတ်ပါတယ်

အဲ့ဒါကြောင့်

❇️ လှုပ်ရှားမှုနည်းရင် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ပါ
(အိမ်ထဲမှာချည်းနေ နေရတဲ့အတွက် မနက် ၆-၇ နာရီ နေရောင်လေးခံ ပေးပါ)
❇️ ကြွက်သား အသုံးပြုရတာ များသော ကာယလုပ်သားများ အနေနဲ့
- အာဟာရပြည့်ဝအောင်စားသုံးပါ ( အသားဓာတ်အတွက် ပဲဟင်းစားလည်းရပါတယ်)
- ငှက်ပျောသီးဖီးကြမ်းစားပါ
- ရေတစ်နေ့ အနည်းဆုံး (၃) လီတာသောက်ပါ (ချွေးထွက်မှုပေါ်မူတည်ပြီး တိုးသောက်ကြပါ)
- ချွေးထွက်များလွန်းက ဓာတ်ဆားရည် သောက်ပါ
- ဆေးလိပ်မသောက်ပါနဲ့၊ အရက်အလွန်အကျွံ မသောက်ပါနဲ့

❇️ စိတ်ဖိစီးမှု လျှော့ကြပါ။
__________
အဲ့လိုမဟုတ်ပဲ နေရာတိတိကျကျ နဲ့ဖြစ်တဲ့ တကယ့်အာရုံကြောရောဂါ ဆိုရင်တော့ ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန် နှင့် ပြသပါ။

ကျွန်တော်တို့ လူမျိုးက အမျိုးသားတွေလိင်အင်္ဂါအားနည်း တဲ့ Erectile Dysfunction ကိုလည်း အကြောအားနည်းတယ် ခေါ်ကြပါတယ်။

သူ့ပြဿနာက Autonomic Dysfunction (ခန္ဓာကိုယ်တွင်းအလိုလျောက်ထိန်းချုပ်စနစ် ပြဿနာကြောင့်ဖြစ်နိုင်သလို)
Hormone အားနည်းခြင်းကြောင့်ပါ။

(Photo credit; acts29)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

Address

Baho Street
Maymyo

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 12:00
14:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959983877798

Website

Alerts

Be the first to know and let us send you an email when မလိခ အထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram