Cherry Land Hospital

Cherry Land Hospital ကျန်းမာသုခ ပြည့်စုံစေ ပြင်ဦးလွင်မှ “ချယ်ရီမြေ”

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့👷🏻‍♂️👨🏻‍⚕️၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့မှာကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုကြ...
01/05/2026

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့👷🏻‍♂️👨🏻‍⚕️

၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့မှာကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုရင်း ကမ္ဘာတစ်ဝန်းလုံးရှိ ကာယလုပ်သား၊ဉာဏလုပ်သားများ အားလုံး အလုပ်အကိုင်များ အောင်မြင်အဆင်ပြေ ချောမွေ့ကြပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ “ချယ်ရီမြေ”ဆေးရုံ မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။🤗🙏🏻

ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ ချယ်ရီမြေ ”

“ ချယ်ရီမြေဆေးရုံ ”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗 𝟗𝟓𝟓 𝟐𝟔𝟔 𝟕𝟕𝟕

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ်(၂၉၁) ၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။

🔔 “မန္တလာဆေးရုံ”၏ ပင်တိုင် အထွေထွေရောဂါ အထူးကုသမားတော်ကြီး ပါမောက္ခ ဦးတင်မောင်ဟန်သည် ပြင်ဦးလွင်မြို့ “ချယ်ရီမြေဆေးရုံ”တွ...
30/04/2026

🔔 “မန္တလာဆေးရုံ”၏ ပင်တိုင် အထွေထွေရောဂါ အထူးကုသမားတော်ကြီး ပါမောက္ခ ဦးတင်မောင်ဟန်သည် ပြင်ဦးလွင်မြို့ “ချယ်ရီမြေဆေးရုံ”တွင်

🗓️မေလ(၂) ရက်နေ့မှ (၃) ရက်နေ့အထိ လာရောက်ဆွေးနွေးကုသပေးမည်ဖြစ်ပါသည်။

(၂) ရက်တည်းသာ လာရောက်ပြသနိုင်သည့်အတွက် ဆရာကြီးနှင့်မပြသမီ ကြိုတင် 𝐁𝐨𝐨𝐤𝐢𝐧𝐠 တင်ထားရန်လိုအပ်ပြီး

✅ 𝐁𝐨𝐨𝐤𝐢𝐧𝐠 တင်ရန်အတွက် အောက်ပါ Hotline သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်…

ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ချယ်ရီမြေ”

“ချယ်ရီမြေဆေးရုံ”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 09 955 266 777

🏥𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ် (၂၉၁)၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။

#ချယ်ရီမြေဆေးရုံ #ပြင်ဦးလွင်

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🌕🙏🏻မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ၊ ခရစ်နှစ် (၂၀၂၆) ဧပြီလ ၃၀ရက်နေ့မှာကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မ...
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🌕🙏🏻

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ၊ ခရစ်နှစ် (၂၀၂၆) ဧပြီလ ၃၀ရက်နေ့မှာကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြတ်ဗုဒ္ဓပွင့်ရာဗောဓိပင်ကိုရေကြည်သွန်းလောင်းပူဇော်ခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာနေထိုင်ကြတဲ့၇ ရက်သားသမီးများအားလုံး ရေအကျိုးဆယ်ပါးကိုမတောင်းဘဲပြည့်စုံကြပြီးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ချယ်ရီမြေ ဆေးရုံမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🤗🙏🏻

ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ ချယ်ရီမြေ ”

“ ချယ်ရီမြေဆေးရုံ ”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗 𝟗𝟓𝟓 𝟐𝟔𝟔 𝟕𝟕𝟕

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ်(၂၉၁) ၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။

#ကဆုန်လပြည့်

ဦးခေါင်းမှ ခြေဖျားထိ ကိုယ်တိုင်အဖြေရှာမရတဲ့ အရေပြားပြဿနာတွေကို အနာနဲ့ဆေးတည့်အောင် ကုသလိုပါက 🗓️ ဧပြီလ (၃၀) ရက်နေ့⏱️ နေ့လည...
29/04/2026

ဦးခေါင်းမှ ခြေဖျားထိ ကိုယ်တိုင်အဖြေရှာမရတဲ့ အရေပြားပြဿနာတွေကို အနာနဲ့ဆေးတည့်အောင် ကုသလိုပါက

🗓️ ဧပြီလ (၃၀) ရက်နေ့

⏱️ နေ့လည် (၁၂:၀၀) နာရီမှ (၂:၀၀) နာရီအတွင်း

အရေပြားအထူးကုဆရာဝန်ကြီး
ဒေါက်တာ ကျော်လှိုင်
[M.B.,B.S
Dip.M.Med.Sc (Dermatology & STD)
Certificate of International Fellowship in Advanced Aesthetic Science (Singapore)
Membership of IFAAS]နှင့် လာရောက်ပြသနိုင်ပါပြီ 🤩

✅ အရေပြားဆိုင်ရာဝေဒနာများကို ပျောက်ကင်းသက်သာအောင်ကုသလိုပါက အောက်ပါ Hotline သို့ဖုန်းဆက်ပြီး Booking ကြိုတင်နိုင်ပါပြီခင်ဗျာ…

ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ ချယ်ရီမြေ ”

“ ချယ်ရီမြေဆေးရုံ ”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗 𝟗𝟓𝟓 𝟐𝟔𝟔 𝟕𝟕𝟕

🏥𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ် (၂၉၁)၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။

#ချယ်ရီမြေဆေးရုံ #ပြင်ဦးလွင် #အရေပြားဆရာဝန်

28/04/2026

ရောဂါရှာဖွေမှုနောက်ကွယ်က သူရဲကောင်းများကိုဂုဏ်ပြုခြင်း 👏

မှန်ကန်တဲ့ကုသမှုတိုင်းဟာတိကျတဲ့ ဓာတ်ခွဲခန်းအဖြေတွေအပေါ်မှာ အခြေခံတာကြောင့် ဓာတ်ခွဲခန်းပညာရှင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။💯

ဒါကြောင့် ဒီတပတ်မှာကျရောက်တဲ့ Medical Laboratory Professional Week 2026မှာ ချယ်ရီမြေဆေးရုံမှလည်း အတူပါဝင် ဆင်နွှဲဂုဏ်ပြုလိုက်ပါတယ်။✨

ချယ်ရီမြေဆေးရုံရဲ့ ဓာတ်ခွဲဌာနဟာလည်း "Lab Story: To Infinity and Beyond For Our Patients" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူနာတွေအတွက် အဆုံးအစမရှိတဲ့အကောင်းဆုံးသော Lab Services တွေကိုပေးစွမ်းနိုင်ဖို့ “ချယ်ရီမြေ” မှ အမြဲအသင့်ရှိနေမှာပါ။

တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ ဓာတ်ခွဲကျွမ်းကျင် ပညာရှင်များအားလုံးကိုလည်း“ချယ်ရီမြေ ဆေးရုံ” ကနေ အထူးပင် ဂုဏ်ယူလေးစားလျက်ရှိပါကြောင်း ဂုဏ်ပြုစကား ပြောကြားလိုက်ပါရစေရှင်။ 🤗

ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ ချယ်ရီမြေ ”

“ ချယ်ရီမြေဆေးရုံ ”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗 𝟗𝟓𝟓 𝟐𝟔𝟔 𝟕𝟕𝟕

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ်(၂၉၁) ၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။

🔔 Job Vacancy Announcement, We’re Hiring 🔔🌸ပြင်ဦးလွင်မြို့ရှိ “ ချယ်ရီမြေဆေးရုံ ” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရ...
27/04/2026

🔔 Job Vacancy Announcement, We’re Hiring 🔔

🌸ပြင်ဦးလွင်မြို့ရှိ “ ချယ်ရီမြေဆေးရုံ ” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိပါသည်။

💼 Medical Technologist (Laboratory) – 1 Post
💼 Pharmacy Assistant – 1 Post
💼 Patient Care Assistant – 2 Posts
💼 Customer Services – 2 Posts
💼 Marketing Assistant – 1 Post
💼 Graphic Designer – 1 Post
💼 Driver (Transport) – 1 Post

✅ Benefit Package:
▪ Attractive Salary
▪ Accommodation as needed
▪ Medical Discount according to the Organization’s Policy
▪ Leave according to the Organization’s Policy
▪ Scholarship Program & Career Development Opportunities

▶️ Apply by sending your CV form to the email below 👇

📧 Email: hr.cherryland@gmail.com

📞 Phone: 09 940 993 044

23/04/2026

အသက်အန္တရာယ်ဖြစ်နိုင်တဲ့ Heatstroke (အပူလျှပ်ခြင်း) ကို ဘယ်လိုကာကွယ်ကြမလဲ❓❓

သင်္ကြန်ကာလအပြီး သိသိသာသာ မြင့်တက်လာတဲ့အပူချိန်ကို အားလုံးပဲခံစားမိကြမယ်ထင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့အပူချိန်က ၄၅°C မှ ၅၅°C အထိ စံချိန်တင်မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းချက်အရ သိရပါတယ်။

🌞 အပူချိန်တွေမြင့်လာတာနဲ့အမျှ အဖြစ်များလာမှာကတော့ Heatstroke (အပူလျှပ်ခြင်း) ပါပဲ ...

Heatstroke (အပူလျှပ်ခြင်း) ကြောင့် အသက်ဆုံးရှုံးရတာမျိုး မဖြစ်အောင် အခုပြောပြပေးမယ့် အချက်လေးတွေကို လိုက်နာဖို့အတွက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နော် ... 📣

1. နေ့ခင်းဘက်အပြင်ထွက်ခြင်းကို ရှောင်ပါ။

မနက် (၁၀) နာရီကနေ ညနေ (၃) နာရီအတွင်းက နေအပြင်းဆုံးဖြစ်တဲ့အပြင်
UV ၇၀% ကတိုက်ရိုက်ကျမယ့်အချိန်ဖြစ်တာကြောင့် ဒီအချိန်တွေမှာ အပြင်ထွက်တာကို တတ်နိုင်သလောက်ရှောင်သင့်ပါတယ်။

မဖြစ်မနေ အပြင်ထွက်အလုပ်လုပ်ရတဲ့သူတွေအနေနဲ့

✅ နေအပြင်းဆုံးအချိန် သွားလာခြင်းကို တတ်နိုင်သလောက်ရှောင်ဖို့အပြင်

✅ (၂) နာရီခြားတစ်ခါ မိနစ် (၃၀) ဝန်းကျင်လောက် အရိပ်ထဲမှာ အနားယူသင့်ပါတယ်။

2. ခန္ဓာကိုယ်တွင်း ရေဓာတ်ထိန်းသိမ်းပါ။

✅ ရေကို ပုံမှန်သောက်သလို ရေငတ်မှ ထသောက်လေ့ရှိတာတွေထက် သတိထားပြီးများများသောက်ပေးဖို့ လိုပါတယ်။

✅ ရေအပြင် ဒိန်ချဉ်၊ သံပုရာရည်နဲ့ သဘာဝအသီးဖျော်ရည်လိုအရာမျိုးတွေကိုလည်း သောက်ပေးနိုင်ပါတယ်နော်။

3. အိမ်တွင်းအပူချိန်ကို ထိန်းသိမ်းပါ။

✅ အိမ်ထဲမှာနေထိုင်သူတွေအနေနဲ့လည်းအပူချိန်သက်သာစေဖို့၊ အခန်းလေဝင်လေထွက်ကောင်းစေဖို့
ပြတင်းပေါက်တွေ ဖွင့်ထားပါ။

✅ အပြင်အပူချိန် ၄၅°C ကျော်တဲ့အခါမျိုးမှာ အခန်းတွင်းဖွင့်တတ်တဲ့လေအေးပေးစက်တွေကို ၂၄°C မှ ၂၅°C ဝန်းကျင်သာ ထားပါ။

✅ ဓာတ်ငွေ့ပါတဲ့ ဗူးတွေ၊
ဂတ်စ်ပါတဲ့ဖျော်ရည်တွေကို နေရောင်တိုက်ရိုက်မထိအောင် သိမ်းထားပါ။

✅ ကားထဲမီးခြစ်တွေ၊ ဘတ်ထရီနဲ့ ဂတ်စ်ပါတာတွေမထားဘဲ

✅ ကားတာယာရဲ့လေချိန်ကိုလည်း ပုံမှန်ထက်မကျော်စေဖို့အပြင်

✅ ဆီတိုင်ကီကို ဆီအပြည့်မဖြည့်မိဖို့နဲ့

✅ မနက်ခင်းအစောပိုင်းနဲ့ ညနေခင်းတွေမှာပဲ ဆီဖြည့်သင့်တာကိုလည်း သတိထားပေးသင့်ပါတယ်ရှင်။

⚠️ သတိပြုရန်အနေနဲ့ကတော့ ကင်းမြီးကောက်၊ မြွေတို့လို အဆိပ်ရှိသတ္တဝါတွေက အေးစေမယ့်နေရာရှာရင်း အိမ်ထဲဝင်လာနိုင်တာကို သတိထားပေးပြီး

✅ လေအေးပေးစက်တွေကိုလည်းလိုအပ်မှသာဖွင့်သုံးပေးပါနော်။

အထူးသတိပြုရန် အနေနဲ့ ...

❗အသက်ရှူရခက်ခဲခြင်း

❗ခန္ဓာကိုယ် မအီမသာဖြစ်ခြင်း

❗အသားအရေ ပူစပ်ပူလောင်ဖြစ်ပြီး ချွေးမထွက်တော့ခြင်းတွေ

ခံစားလာရတယ်ဆိုရင် နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် ဆရာဝန်ကြီးများထံ ချက်ချင်းဆက်သွယ်ပြီး ပြသဖို့ လိုအပ်ပါတယ်။

ဒါကြောင့် “ မိမိကိုယ်တိုင် သတိပြုရုံတင်မကဘဲ နီးစပ်ရာ မိတ်ဆွေသူငယ်ချင်းများကိုလည်း ဒီလိုအချက်အလက်လေးတွေကို ပြန်လည် မျှဝေပေးခြင်းဖြင့် Heatstroke အန္တရာယ်မှ ကာကွယ်ကြပါစို့နော် ”

ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ ချယ်ရီမြေ ”

“ ချယ်ရီမြေဆေးရုံ ”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗 𝟗𝟓𝟓 𝟐𝟔𝟔 𝟕𝟕𝟕

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ်(၂၉၁) ၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။

🏥🌸  ( All-in-One Healthcare Service ) 🌸🏥တစ်နေရာတည်းမှာ ကျန်းမာရေးဝန်ဆောင်မှုများအား စုံလင်စွာ ရရှိနိုင်သော ပြင်ဦးလွင်မြိ...
22/04/2026

🏥🌸 ( All-in-One Healthcare Service ) 🌸🏥

တစ်နေရာတည်းမှာ ကျန်းမာရေးဝန်ဆောင်မှုများအား စုံလင်စွာ ရရှိနိုင်သော ပြင်ဦးလွင်မြို့မှ “ ချယ်ရီမြေဆေးရုံ ”

ချစ်ခင်လေးစားရပါသော မိဘပြည်သူများ အဆင်ပြေစေရန်
“ ချယ်ရီမြေဆေးရုံ ” တွင် လူနာအခန်းများကို

🌸 သက်သာသော စျေးနှုန်းများ အမျိုးအစား စုံလင်သော ဝန်ဆောင်မှုများဖြင့် စီစဉ်ပေးထားပါပြီ 🙏

လူနာအခန်း ( IPD Rooms ) စျေးနှုန်းများကို

✅ Hall Room – ၂၅,၀၀၀ ကျပ်
မှ စတင်၍

✅ Standard Room– ၉၅,၀၀၀ ကျပ်

✅ VIP Room – ၁၇၀,၀၀၀ ကျပ်

✅ VVIP Room – ၂၅၀,၀၀၀ ကျပ်အထိ

အခန်းအမျိုးအစား ( ၄ ) မျိုး စီစဉ်ထားရှိပြီး မိမိ စိတ်ကြိုက်ရွေးချယ် ကုသနိုင်ပါတယ်ရှင်✨

ဒါ့အပြင် အခန်းအတွင်း ဝန်ဆောင်မှု အနေဖြင့်

✅ Bed Head Unit (BHU) ပါဝင်သော
လူနာကုတင်
✅ ဆိုဖာထိုင်ခုံအကြီး ( Sofa Chair )
✅ စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးနှင့်
ခေါင်းအုံးစွပ် များ
✅ Aircon ( လေအေးပေးစက် )
✅ TVနှင့် ရေခဲသေတ္တာ
✅ Medical Bedside Cabinet
( ဆေးဗီရို )
✅ Wardrobe + Hangers
( အဝတ်ဗီရိုနှင့် အင်္ကျီချိတ်များ )
✅ Overbed Table
( ပစ္စည်းတင်ရန် စားပွဲခုံ )
✅ လွယ်ကူစွာ ဆက်သွယ်နိုင်ရန်
Telephone
✅ ရေချိုးခန်း + အိမ်သာ
( Attached Bathroom )
✅ နေ့စဉ် အခန်းသန့်ရှင်းရေး
ဝန်ဆောင်မှုများ ပါရှိပါတယ်။

“ ချယ်ရီမြေဆေးရုံ ” တွင်

🛌 အခန်းအမျိုးအစား အစုံအလင်ရှိခြင်း ( VVIP / VIP / Standard / Hall )

🍜 လူနာနှင့် မိသားစုများ အတွက် ကျန်းမာရေးနှင့် ညီညွတ်သော F&B Service ( အစားအသောက် ဝန်ဆောင်မှု ) ထားရှိခြင်းများ အပြင်

🛒 လိုအပ်သော ပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်ရန် Minimart လည်းရှိတာကြောင့်

ဆေးရုံတက်တဲ့ချိန်မှာ ဘာမှစိတ်ပူစရာ မလိုတော့ဘူးနော် … 🏥🌸🙏

ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ ချယ်ရီမြေ ”

“ ချယ်ရီမြေဆေးရုံ ”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗 𝟗𝟓𝟓 𝟐𝟔𝟔 𝟕𝟕𝟕

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ်(၂၉၁) ၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။

#ချယ်ရီမြေဆေးရုံ

💦 🌸 မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အခါသမယတွင် ပူပင်သောကများ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကာ မင်္ဂလာအပေါင်...
13/04/2026

💦 🌸 မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အခါသမယတွင် ပူပင်သောကများ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း “ ချယ်ရီမြေဆေးရုံ မိသားစု ” မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်…🙏 🌿

ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ ချယ်ရီမြေ ”

“ ချယ်ရီမြေဆေးရုံ ”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗 𝟗𝟓𝟓 𝟐𝟔𝟔 𝟕𝟕𝟕

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ်(၂၉၁) ၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။

09/04/2026

🏃‍♂️‍➡️☀️ 4.4.2026 ရက်‌နေ့တွင် Happy Life Fitness centerမှ ဦးစီးကျင်းပပြုလုပ်တဲ့ Happy Life Thingyan Run 10 Km Marathon 2026 ပွဲကြီးမှာ “ချယ်ရီမြေဆေးရုံ”မှ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐨𝐯𝐞𝐫 𝐏𝐚𝐫𝐭𝐧𝐞𝐫 အဖြစ် တာဝန်ယူပံ့ပိုးခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါတယ် …

🏆 ပြိုင်ပွဲတွင် အနိုင်ရရှိသွားသော Winners များနှင့် နှစ်သိမ့်ဆုရှင်များကိုလည်း အမှတ်တရ ဂုဏ်ပြုဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

🚑 ပြိုင်ပွဲအချိန်အတွင်း ဝင်ရောက်ယှဉ်ပြိုင်နေသော ပြိုင်ပွဲဝင်တိုင်းရဲ့ ကျန်းမာရေးနှင့် ပတ်သက်သောလိုအပ်ချက်များကို “ ချယ်ရီမြေဆေးရုံ ”၏ အတွေ့အကြုံရှိ ဆေးဘက်ဆိုင်ရာအဖွဲ့သားများမှ ကူညီပံ့ပိုးပေးခဲ့သော အမှတ်တရ ပုံရိပ်လေးများအား ပြန်လည်မျှဝေလိုက်ပါတယ်ရှင် ….

🧠 ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများအတွက် “ ချယ်ရီမြေဆေးရုံ ” တွင် လာရောက်ပြသနိုင်ပါပြီ🧠🧠 ဦးနှောက်နှင့် အာရုံကြောဆ...
08/04/2026

🧠 ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများအတွက် “ ချယ်ရီမြေဆေးရုံ ” တွင် လာရောက်ပြသနိုင်ပါပြီ🧠

🧠 ဦးနှောက်နှင့် အာရုံကြောဆိုတာဘာလဲ?

ဦးနှောက်နှင့် အာရုံကြောစနစ် (Nervous System) ဟာဆိုရင် လူ့ခန္ဓာကိုယ်၏ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး

👉 စိတ်၊ အတွေး၊ မှတ်ဉာဏ်
👉 လှုပ်ရှားမှု
👉 ခံစားချက်များ
👉 ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်ပေးပါတယ်။

⚠️ ဦးနှောက်နှင့် အာရုံကြောဟာ လူ့ခန္ဓာကိုယ်၏ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများရှိနေပြီဆို မပေါ့ဆသင့်ပါဘူးနော်

ဦးနှောက်နှင့် အာရုံကြောတွင် အများဆုံးတွေ့ရတဲ့ ရောဂါတွေကတော့–

🔸 Stroke (လေဖြတ်ခြင်း)
🔸 Brain Tumor (ဦးနှောက်အကျိတ်)
🔸 Epilepsy (တက်ခြင်း)
🔸 Parkinson’s Disease (လှုပ်ရှားမှု မထိန်းနိုင်ခြင်း)
🔸 Migraine (ခေါင်းအပြင်းအထန်ကိုက်ခြင်း)
🔸 Peripheral Neuropathy (အာရုံကြောပျက်စီးခြင်း) ရောဂါများဖြစ်ပြီး အောက်ပါလက္ခဏာများ တွေ့ရှိပါက အမြန်ဆုံး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

🚨 သတိပြုသင့်သော လက္ခဏာများ

❗ ခေါင်းကိုက်မှု ပြင်းထန်ပြီး ဆက်တိုက်ဖြစ်နေခြင်း
❗ ခြေ၊ လက် မလှုပ်ရှားနိုင်ခြင်း
❗ မျက်နှာ တစ်ဖက် စောင်းခြင်း
❗ စကားမပြောနိုင်ခြင်း သို့မဟုတ် မရှင်းလင်းခြင်း
❗ မူးဝေခြင်း၊ မျက်စိမြင်ကွင်း မမှန်ခြင်း
❗ မူးယစ်ခြင်း

💡 ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းတွေနဲ့ ကာကွယ်ကုသနိုင်တဲ့ နည်းလမ်းတွေကတော့

🔹 သွေးဖိအားမြင့်ခြင်း
🔹 ဆီးချိုရောဂါ
🔹 ကိုလက်စထရောမြင့်ခြင်း
🔹 ဆေးလိပ်သောက်ခြင်း
🔹 စိတ်ဖိစီးမှုများခြင်း
🔹 ရောဂါမျိုးရိုးရှိသူတို့တွင် ဖြစ်ပွါးနိုင်ပြီး ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့

✔️ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားသုံးပါ
✔️ နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ
✔️ ဆီးချိုကို ပုံမှန်ထိန်းသိမ်းပါ
✔️ ဆေးလိပ်၊ အရက်ရှောင်ကြဉ်ပါ
✔️ စိတ်ဖိစီးမှု လျှော့ချပါ
✔️ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးသင့်ပါတယ်နော်…

ဦးနှောက်နှင့် အာရုံကြောရောဂါများကို
👉 ဆေးဝါးကုသမှု
👉 ခွဲစိတ်ကုသမှု
👉 ပြန်လည်လေ့ကျင့်ရေး (Rehabilitation)
တို့ဖြင့် ကုသနိုင်ပါတယ်။

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများရှိနေပြီဆိုရင်-
👉 လက္ခဏာများကို လျစ်လျူမရှုပါနှင့်
👉 အချိန်မီ ဆရာဝန်နှင့် တွေ့ဆုံပါ

သင်နှင့် သင့်မိသားစုတွင် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါပြဿနာများရှိနေပါက “ ချယ်ရီမြေဆေးရုံ ” တွင် လာရောက်ပြသနိုင်ပါပြီရှင်…

☎️ အသေးစိတ်သိရှိလိုပါက 09 4000 940 15 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ ချယ်ရီမြေ ”

“ ချယ်ရီမြေဆေးရုံ ”

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ်(၂၉၁) ၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။

#ချယ်ရီမြေဆေးရုံ #ပြင်ဦးလွင်မြို့

02/04/2026

🌸 “ ချယ်ရီမြေဆေးရုံ ” သို့ အလည်တစ်ခေါက်

🏥🌸 “ ချယ်ရီမြေဆေးရုံ ” တွင် သွေးပေါင်ချိန်တိုင်းနေသော အမှတ်တရပုံရိပ်လေးများကို ရိုက်ကူးပေးသွားတဲ့ Actor ဗညားဘုန်းပြည့်ကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 💙

အခုလို နွေရာသီအချိန်မှာ-

🌡️ အပူရှိန်ကြောင့် သွေးပေါင်ချိန် အပြောင်းအလဲများ ဖြစ်နိုင်ပြီး

💧 ရေဓာတ်လျော့နည်းမှုကြောင့် မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းများ ဖြစ်တတ်ပါတယ်

ဒါကြောင့်

✔️ ရေများများသောက်ပါ

✔️ နေပူထဲတွင် အချိန်ကြာရှည်စွာ မနေပါနဲ့

✔️ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ ❣️🌸

ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ ချယ်ရီမြေ ”

“ ချယ်ရီမြေဆေးရုံ ”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗 𝟗𝟓𝟓 𝟐𝟔𝟔 𝟕𝟕𝟕

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ်(၂၉၁) ၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။

#ချယ်ရီမြေဆေးရုံ

Address

No. 291, Taung Kyaung Gyi Pagoda Street, Pyin Oo Lwin
Maymyo
2FF7+VFPYINOOLWIN

Alerts

Be the first to know and let us send you an email when Cherry Land Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Cherry Land Hospital:

Share

Category