04/05/2026
နွယ်ချိုအမြစ်၏ကျန်းမာရေးကောင်းကျိုးများ
🫚 နွယ်ချိုအမြစ်သည် မွှေးပြီးချိုသောအရသာနှင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာအတွက် တိုင်းရင်းဆေးပညာတွင် ရာစုနှစ်များစွာကတည်းက လူကြိုက်များသော ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။
‘နွယ်မြက်သစ်ပင်ဆေးဖက်ဝင်’ဆိုသည့်အတိုင်း သဘာဝပစ္စည်းအားလုံးသည် ဆေးဖက်ဝင်အာနိသင် အမျိုးမျိုးရှိကြသည်။ လျက်ဆား၊ နှလုံးအားတိုးဆေး၊ သွေးဆေး စသည့်မြန်မာ့တိုင်းရင်းဆေးများတွင်ပါတတ်သော ချိုချိုအေးအေးအရသာသည် နွယ်ချိုပါဝင်ခြင်းကြောင့် ဖြစ်သည်။ နွယ်ချိုသည် ခံတွင်းတွင်ဖြစ်တတ်သောအနာများ၊ အဖုများကိုကုသရာတွင် ထိရောက်မှုရှိသည့်အပြင် နာကျင်ရောင်ရမ်းမှုကိုလျော့ကျစေနိုင်သည့် အာနိသင်ရှိပြီး အနာကျက်ခြင်းကို ကူညီအားပေးကာ ခန္ဓာကိုယ်၏ခုခံအားစနစ်ကို နှိုးဆွပေးနိုင်ပါသည်။
🫚 နွယ်ချိုသည် အဆိပ်အတောက်များကို ဖယ်ရှားသန့်စင်ပေးပြီး အသည်း၏ပုံမှန်လုပ်ဆောင်ချက်များကို ထိန်းပေးပါသည်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိသည့်အတွက်ကြောင့် အဆီနှင့် အစားအသောက်ကြောင့် အသည်းဆဲလ်များထိခိုက်ပျက်စီးမှု မဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။ အရောင်ကျစေသည့် အာနိသင်ရှိသောကြောင့် အဆစ်နာရောဂါများကုသရာတွင်လည်းအသုံးဝင်ပါသည်။ နွယ်ချိုသည် အက်စထရိုဂျင်နှင့် ပရိုဂျက်စတာရုန်းဟော်မုန်းများကို ထိန်းညှိပေးနိုင်သောကြောင့် သွေးဆုံးကိုင်ရောဂါများကို သိသိသာသာလျော့ပါးစေပါသည်။ အမျိုးသမီးများ ရာသီလာချိန်တွင်ခံစားရသော ကိုက်ခဲမှုဝေဒနာများကိုလည်း သက်သာစေနိုင်ပါသည်။ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း သက်သာစေနိုင်သည်။ နွယ်ချိုကို လည်ချောင်းနာ၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်း၊ လေပြွန်ရောင်ခြင်းနှင့် အဆုတ်ရောဂါများကို ကုသရာတွင်လည်း အသုံးပြုပါသည်။ လေပြွန်နှင့်အဆုတ်အတွင်းမှ သလိပ်များကိုရှင်းလင်း ပစ်နိုင်သလို ချွဲပျော်ဆေးအဖြစ်လည်းအာနိသင်ရှိပါသည်။
🫚 နွယ်ချိုသည် အသားအရေအတွက်လည်း ဆေးစွမ်းတစ်လက်ဖြစ်ပြီး နှင်းခူ၊ သဲဝဲ စသည့် အရေပြားပြဿာနာများကို ကုသရာတွင်လည်း အစွမ်းထက်ပါသည်။ အရေပြားရောင်ရမ်းမှုနှင့် ယားယံမှုများကို သက်သာစေပြီး အသားဖြူစေသည့် အာနိသင်လည်းရှိပါသည်။ နေလောင်ခြင်းကြောင့်ဖြစ်တတ်သော အရေပြားဓာတ်မတည့်မှုများကို ကာကွယ်ပေးပြီး အသားအရေ နီမြန်းမှုကိုလည်း သက်သာစေပါသည်။ ဆံသားအဆီပြန်ခြင်းကို သက်သာပြီး ဗောက်မထအောင်လည်း ကာကွယ်ပေးသည့်အပြင် ဆံပင်ကိုသန်စွမ်းစေပါသည်။ နွယ်ချိုတွင် စိတ်ကျဝေဒနာကိုသက်သာစေနိုင်သည့် မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဘီတာ ကယ်ရိုတင်းလို မရှိမဖြစ်လိုအပ်သည့် သတ္ထုဓာတ်များနှင့် ဖလေဗာနွိုက်ဓာတ်များစွာလည်း ပါဝင်ပါသည်။ ထို့အပြင် နွယ်ချိုကို မှီဝဲခြင်းဖြင့် နှလုံးကျန်းမာစေခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေသည့်အပြင် ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်ပေးနိုင်သည့် အာနိသင်လည်းရှိပါသည်။
🫚 နွယ်ချိုအမြစ်သည် အစာခြေကျန်းမာရေးအတွက်လည်း အလွန်ကောင်းသည်။ Licorice root extract သည် အစာမကြေခြင်း၊ ရင်ပူခြင်း နှင့် အက်ဆစ်ပြန်တက်ခြင်းကဲ့သို့သော အစာမကြေခြင်း ၊ အစာမကြေခြင်း နှင့် အက်ဆစ်ပြန်တက်ခြင်း ကဲ့သို့သော အစာအိမ်နှင့်ဆိုင်သော reflux ရောဂါ (GERD) နှင့် ဆက်စပ်သော ရောဂါလက္ခဏာများကို စီမံခန့်ခွဲရာတွင်လည်း အသုံးပြုပါသည်။
-honey