Myittar Soe Special Clinic & Diagnostic Center-ထီလာ

Myittar Soe Special Clinic & Diagnostic Center-ထီလာ " မေတ္တာစိုး " အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ

မေတ္တာစိုး ဆေးခန်းအားမိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းမကြီး၊ မစ္စတာလင်း လ္ဘက်ရည်ဆိုင်ကပ်လျက်လမ်း တွင်ပြောင်းရွေ့ဖွင့်လစ်ထား...
21/03/2024

မေတ္တာစိုး ဆေးခန်းအား
မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းမကြီး၊ မစ္စတာလင်း လ္ဘက်ရည်ဆိုင်ကပ်လျက်လမ်း တွင်ပြောင်းရွေ့ဖွင့်လစ်ထားပါသည်။

21/03/2024
ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေလိ...
03/05/2023

ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယမှာ
မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေလို့ မေတ္တာစိုးဆေးခန်း မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်.....🙏🙏🙏

19/08/2022

ဘဝမှာ ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်ကို ဖောက်ထွက်ဖို့ ၊ စစ်မှန်တဲ့ ပြောင်းလဲခြင်း (Real Life Transformation) ရဖို့ ၊ သူများစိတ်နဲ့ ကိုယ့်ကိုယ်မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် နေရဖို့အတွက် အရေးကြီးတဲ့ ကျင့်သုံးရမယ့် တန်ဖိုးတစ်ခုက Courage ဆိုတဲ့ သတ္တိရှိခြင်းပါပဲ…

စိမ်း အမြဲပြောနေကြစကားရှိပါတယ်… ကိုယ့်ကိုယ်ကိုယ်ရော ၊ တခြားသူတွေကိုရော မထိခိုက်စေဘူး ဆိုရင် ဘဝမှာ ကိုယ်ကြိုက်တာ ကိုယ်လုပ်တာ ကျေနပ်စရာ အကောင်းဆုံး၊ စိတ်အလုံခြုံဆုံးပါပဲ…
အဲ့ဒီလိုလုပ်နိုင်ဖို့၊ ဆုံးဖြတ်နိုင်ဖို့အတွက် လုပ်ရဲတဲ့ ဆုံးဖြတ်ရဲတဲ့ Courage ဆိုတဲ့ သတ္တိလိုပါတယ်…

🍀ဘယ်သူတွေ ဘာပြောပြော၊ ဘယ်လို တိုက်ခိုက်ခိုက်၊ ဘယ်လိုဆွဲချဆွဲချ ကိုယ်ယုံကြည်တဲ့ လမ်းကြောင်းကို လျှောက်ပြီး ဘဝရည်မှန်းချက်ကို သွားဖို့အတွက် သတ္တိလိုပါတယ်…

🍀ကိုယ်မလုပ်ချင်တဲ့ အရာတွေ ၊ မလုပ်ပေးနိုင်တဲ့အရာတွေကို “No” / “ Sorry” စသည်ဖြင့် ယဉ်ကျေးစွာငြင်းနိုင်ဖို့အတွက်လည်း သတ္တိလိုပါတယ်..

🍀ကိုယ့်အရည်အချင်း၊ ကိုယ့်တန်ဖိုးနဲ့ထိုက်တန်တယ်လို့ ယုံကြည်တဲ့အရာတွေ၊ ကိုယ့်ဆန္ဒရှိတဲ့အရာတွေကို တောင်းဆိုရဲဖို့ ပြောရဲဖို့ကလည်း သတ္တိလိုပါတယ်…

🍀သူများစကားတွေကြောင့် ထင်ယောင်ထင်မှားဖြစ်ဘဲ ကိုယ့်ယုံကြည်ချက်တွေ ၊ တန်ဖိုးတွေ၊ စံနှုန်းတွေအတိုင်း ဘဝမှာနေနိုင်ဖို့ကလည်း သတ္တိလိုပါတယ်…

🍀ကိုယ်နားမလည်တဲ့အရာတွေ ၊ မသိတဲ့အရာတွေကို မသိဘူးလို့ပြောနိုင်ဖို့ သတ္တိလိုသလို ကိုယ်အမှားလုပ်မိရင်လည်း အဲ့အမှားတွေ အလွဲတွေကို ရိုးသားစွာ ဝန်ခံနိုင်ဖို့က သတ္တိလိုပါတယ်..

🍀ကိုယ့်အတွက်အဆင်မပြေတဲ့ ပတ်ဝန်းကျင်တွေ၊ energy match မဖြစ်တဲ့သူတွေ၊ Toxic Relationship တွေကနေ ရုန်းထွက်ဖို့ကလည်း သတ္တိလိုပါတယ်…

🍀ကိုယ့်ဘဝအတွက် တကယ်အကျိုးရှိမယ့်အရာတွေကို စိတ်ထဲကသိနေပေမယ့် တကယ်လက်တွေ့လုပ်ဖို့ ၊ ရင်းနှီးမြုပ်နှံဖို့ကလည်း သတ္တိလိုပါတယ်..

🍀နောက်ဆုံး ကိုယ့်သဘောအတိုင်းမဟုတ် အကြောင်းအကျိုးဆက်စပ်ပြီး သူ့သဘောသူဆောင်နေတဲ့ လောကဓံ အတက်အကျတွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဖို့ဆိုတာလည်း ရင်ဆိုင်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်…

အခုလို သတ္တိရှိဖို့ဆိုတာ လက်တွေ့မှာ လွယ်လားမေးရင် အရမ်းလွယ်မနေပါဘူး… ဒါပေမဲ့ ဘဝမှာ ပြောင်းလဲမှုတွေအားလုံးက ကိုယ့်ရဲ့ အတွင်းက စတာပါ.. ကိုယ့်မှာ Courage မရှိသေးဘူး ဒါမှမဟုတ် Courage နည်းနေသေးတယ်ဆိုရင် နည်းနည်းချင်းစီအစပြုကြည့်ပါ…

Courage ဟာ ဘဝမှာ နောင်တကင်းကင်း လွတ်လွတ်မြောက်မြောက်နေနိုင်ဖို့အတွက် အရေးကြီးတဲ့ အကြောင်းအထောက်အပံ့ ၊ ဖြည့်ရမယ့် တန်ဖိုးတစ်ခုဖြစ်ပါတယ်….

🍀With All my Love & Energy 🍀



💞 မိတ္ထီလာမြို့အနီးတဝိုက်တွင်ရှိသော မိတ်ဆွေများခင်ဗျာ🙋🙋‍♂️📣🔔ဝါတွင်းကာလ အခါသမယ (၃)လပတ်လုံးတွင် အပတ်စဥ် စနေနှင့်တနဂ်နွေနေ့...
12/07/2022

💞 မိတ္ထီလာမြို့အနီးတဝိုက်တွင်ရှိသော မိတ်ဆွေများခင်ဗျာ🙋🙋‍♂️📣🔔

ဝါတွင်းကာလ အခါသမယ (၃)လပတ်လုံးတွင် အပတ်စဥ် စနေနှင့်တနဂ်နွေနေ့များတွင် ဇီဝိတဒါန အလှူအဖြစ် မေတ္တာစိုးဆေးခန်းတွင် ဓာတ်ခွဲခန်းနှင့်ဆိုင်သော သွေးစစ်ခြင်း များအား ဝန်ဆောင်မူ 25% discount အစီအစဥ်နှင့် မိတ်ဆက် ပေးမှာဖြစ်ပါတယ် ခင်ဗျာ..

မေတ္တာစိုး ဆေးခန်းတွင် လာရောက်ပြသသော လူနာဟောင်း၊လူနာသစ်များအတွက် အောက်ပါဝန်ဆောင်မူများ ရရှိမှာဖြစ်ပါတယ်💕💞💕

ဆီးနှင့်ကျောက်ကပ်နှင့်ဆိုင်သော သွေးစစ်မူများ....
👨‍🔬 Urea
👨‍🔬 Creatinine
👨‍🔬 e GFR
👨‍🔬 Electrolyte
👨‍🔬 CP(Auto)
👨‍🔬 ESR
👨‍🔬 Urine RE
👨‍🔬 Total & Differential Protein

ဆီးချို၊သွေးချို ရောဂါနှင့်ဆိုင်သော သွေးစစ်ဆေးမူ
👨‍🔬 Glucose (Fasting/Random/2hr PP)
👨‍🔬 Lipid Profile
👨‍🔬 Urine Sugar Test

အသည်းနှင့်ဆိုင်သော သွေးစစ်ဆေးမူများ ...
👨‍🔬 LFT liver enzymes
👨‍🔬 T & DP
👨‍🔬 HCV Antibody
👨‍🔬 HBsAg
👨‍🔬 HBV Profile

ကူးစက်ရောဂါများနှင့်ပတ်သတ်သော သွေးစစ်ဆေးမူများ...
👹 Dengue Duo (သွေးလွန်တုပ်ကွေးရောဂါ )
👹 HIV Antibody( ခုခံအားကျဆင်းမူရော)
👹 Syphilis (ကာလသားရောဂါ)
👹 HCV Antibody ( အသည်းရောင်အသားဝါရောဂါ စီပိုး)
👹 HBsAg (အသည်းရောင်အသားဝါရောဂါ ဘီပိုး)
👹 TB ICT (တီဘီရောဂါပိုး)
👹 Widal Test (အူရောင်ငန်းဖျားရောဂါ)

အဆစ်အမြစ်ကိုက် ရောဂါများနှင့်ပတ်သတ်သော စစ်ဆေးမူများ
👾 A*O
👾 RA
👾 Uric Acid
👾 CP(Auto)
👾 ESR

စသော Test များအား လာရောက်ပြသ ၍ စစ်ဆေးလျှင် 25 % discount ဖြင့် ပြုလုပ်ပေးမှာဖြစ်ပါတယ်....

ဆရာတော်ဘုရား များနှင့်သီလရှင်ဆရာလေးများ အတွက် 50% discount လျော့ချပြီး ပြသနိုင်ပါတယ် ခင်ဗျာ.

အထက်ဖော်ပြပါ ဝါတွင်းကာလ (၃)လ ပတ်လုံး စနေနှင့် တနင်္ဂနွေ နေ့များတွင် မနက် ၈နာရီမှ ညနေ ၅နာရီအတွင်း ပြသနိုင်စေဖို့အတွက် နိဗ္ဗာန် အကျိုးမျှော်၍ နိူးဆော် တိုက်တွန်းအပ်ပါတယ် ခင်ဗျာ.

လူနာစာရင်း ပေးသွင်းလိုပါက Page Chat Box (သို့) ဖုန်းနံပါတ် 09781102951 , 09423647940 သို့ဆက်သွယ်ပြီး ကြိုတင် Booking ယူနိုင်ပါပြီ ခင်ဗျာ....

#ကျန်းမာရေး ဝန်ဆောင်မူ discount များအား ဝါတွင်းကာလအတွင်းသာ အကြုံးဝင်သည်မို့ အသိမိတ်ဆွေများအား ပြောပြချင်းဖြင့် ကူညီနိုင်ပါကြောင်း နိူးဆော်အပ်ပါတယ် ခင်ဗျာ...

ဝါတွင်းကာလအတွင်း ကုသိုလ်ကောင်းမူများလုပ်ရင်း ကျန်းမာပျော်ရွင်သော ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေ...👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧‍👧👨‍👩‍👧‍👧

အချိန်ပေးဖတ်ရူလို့ အထူးကျေးဇူးတင်ပါတယ်💞💞💞💞

11/04/2022

မေတ္တာစိုး အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ-မိတ္ထီလာ တွင် လူနာများအတွက် အထူးကုဆရာဝန်ကြီးများ မှ သက်ဆိုင်ရာရောဂါအမျိုးအစားအလိုက် စမ်းသပ်စစ်ဆေး ကုသခြင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိပါတယ်

အထွေထွေရောဂါကုသမားတော်ကြီး
ဒေါက်တာရဲထွဋ်မောင်
M.B.,B.S,M.Med.Sc (Int Med)
M.R.C.P(UK),F.R.C.P (Edn)
⏰ Daily (ကြိုတင် Booking လုပ်ပေးပါရန်)

အထွေထွေရောဂါကုသမားတော်ကြီး
ဒေါက်တာ စည်သူထွန်း
M.B.,B.S,M.Med.Sc (Int Med)
M.R.C.P(UK)
⏰ Daily (ကြိုတင် Booking လုပ်ပေးပါရန်)

အထွေထွေရောဂါအထူးကု သမားတော်ကြီး
ဒေါက်တာ ဝေဖြိုးလွင်
M.B.,B.S, M.Med.Sc (Int.Medicine)
Dr.Med.Sc (Gastroenterology)
⏰ Daily (ကြိုတင် Booking လုပ်ပေးပါရန်)

ထိခိုက်ဒဏ်ရာနှင့် အရိုး၊အကြော၊အဆစ် ခွဲစိတ်အထူးကု ဆရာဝန်ကြီး
ဒေါက်တာ မျိုးသန့်စင်
M.B.,B.S, M.Med.Sc(Orthopaedics)
Dr.Med.Sc (Orthopaedics)
Fellowship in Orthopedic:Trauma(Singapore)
Senior Consultant Orthopaedic Surgeon
⏰Daily (ကြိုတင် Booking လုပ်ပေးပါရန်)

ခွဲစိတ်အထူးကု ဆရာဝန်ကြီး
ဒေါက်တာ အောင်မင်း
M.B.,B.S,M.Med.Sc(Surgery)
Certificate of Oncological Surgery (Singapore)
⏰ Daily (ကြိုတင် Booking လုပ်ပေးပါရန်)

နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကု ဆရာဝန်ကြီး
ဒေါက်တာ အောင်ခိုင်မိုး
M.B.,B.S, M.Med.Sc (ORL-HNS)
⏰ Daily (ကြိုတင် Booking လုပ်ပေးပါရန်)

အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး
အထူးကုဆရာဝန်
ဒေါက်တာပိုင်ခန့်
M.B.B.S, M.Med.Sc (Rehabilitation Medicine)

အသေးစိတ်ထပ်မံသိရှိလို၍ဖြစ်စေ
ဆရာဝန်ကြီးများနှင့်ပြသရန် ရက်ချိန်းပြုလုပ်လို၍ဖြစ်စေ မေတ္တာစိုး အထူးကုဆေးခန်း ၏ Hot line ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 🙏🙏🙏

ဖုန်း - 09-781102951, 09-257660909, 09-423647940, 09-677806863

Haemogram/CBC/CP(auto) အကြောင်း😊😊ဆေးရုံဆေးခန်းများတွင် ရှေ့ပြေးစစ်ဆေး‌မူ့များထဲမှ အဓိကစစ်ဆေးကြတဲ့ Testတစ်ခုပဲဖြစ်ပါတယ် ရ...
31/03/2022

Haemogram/CBC/CP(auto) အကြောင်း😊😊

ဆေးရုံဆေးခန်းများတွင် ရှေ့ပြေးစစ်ဆေး‌မူ့များထဲမှ အဓိကစစ်ဆေးကြတဲ့ Testတစ်ခုပဲဖြစ်ပါတယ်
ရောဂါအခြေအနေ အကောင်းအဆိုးကို ဒီtestတစ်ခုသိရရုံနဲ့လည်း အများကြီးခြုံငုံသုံးသပ်နိုင်လောက်အောင် ကြည့်ရူရတဲ့ ဆရာဝန်ကြီးများအတွက် သတင်းအချက်အလက် တွေအများကြီးပေးပါတယ်...

ဒါ့အပြင် ကုန်ကျစရိတ် သက်သာမူနဲ့ အချိန်တိုအတွင်းမှာသိရှိရတာဖြစ်တဲ့အတွက် လူနာအတွက်အကျိုးရလဒ်များသော အဖိုးတန်သော test တစ်ခုလို့ပြောလို့ရပါတယ်...

Haemogram ဆိုတာဘာလဲ ?
ဘာကိုစစ်တာလဲ ဆိုရင် ?
Haemogram ဆိုတာ သွေး‌ရောဂါနှင့်ပတ်သတ်သော သွေးအားနည်းခြင်း ၊သွေးကင်ဆာများအပြင် ခန္ဓာကိုယ်အတွင်းရောဂါပိုးများဝင်ရောက်နေမူအခြေအနေပါ သိရှိနိုင်ပါသည်။
ဘာကိုစစ်တာလဲ ဆိုရင် ?သွေးထဲတွင်ရှိသော
သွေးနီဥများအ‌‌ခြေအနေ (RBCs)၊သွေးဖြူဥများ အခြေအနေ(WBCs)နှင့် သွေးဥမွှားခေါ် (Platelets) များအခြေအနေကို တိုင်းတာ‌စစ်ဆေးခြင်းကိုခေါ်ပါတယ်။

သွေးနီဥများ အခြေအနေအားသိရခြင်းဖြင့် သွေးအားနည်းခြင်း/များခြင်း၊ ပုံသဏ္ဌန်မှန် တည်ရှိမူ ရှိ/မရှိ၊ အရွယ်အစား မှန်ကန်မူရှိ/မရှိ
စသောအချက်အလက်များသိရှိနိုင်ပါတယ်။

သွေးဖြူဥများ အခြေအနေသိရခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်း ရောဂါပိုးဝင်ရောက်မူရှိ/မရှိ ၊ ရောဂါတိုက်ထုတ်နေမူအခြေအနေ ၊ပြီးမြှောက်အောင်မြင်မူ အခြေအနေ ၊ bacteria ဝင်ရောက်မူ၊ virus ဝင်ရောက်မူ အခြေအနေများကို သိရှိနိုင်ပါတယ်။

သွေးဥမွှားများ အခြေအနေသိရရှိခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်း သွေးယိုစိမ့်မူ၊ သွေးခဲခြင်းနှင့်ပတ်သတ်သောရောဂါများအခြေအနေကိုသိရှိနိုင်ပါတယ်။

Haemogram တစ်ခုတွင် အတွေ့ရများဆုံး data များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

သွေးနီဥများအကြောင်းကိုကြည့်ရူ့သောအရာများကတော့ -

(RBC,HGB,HCT,MCV,MCH,MCHC,RDW-SD,RDW-CV)
RBC = သွေးနီဥ၏ အရွယ်အစားကို ပြောခြင်းဖြစ်ပါတယ်။*(သွေးနီဥတစ်လုံး၏ size)
Normalကတော့ (3.8-5.8 10*12/L )ဖြစ်ပါတယ်။
ဆိုဒ်သေးခြင်းဖြင့် သွေးအားနည်းရောဂါ ၊ ဆိုဒ်ကြီးခြင်းဖြင့်
ဆိုဒ်အမျိုးစုံပါခြင်းဖြင့် သွေးနီဥနှင့်ပတ်သတ်သော ရောဂါတစ်စုံတစ်ခုဖြစ်ကြောင်း အကြမ်းပျဉ်းအားဖြင့်သိနိုင်ပါတယ်။

HGB = သွေးတစ်ခုလုံးတွင် haemoglobin ပမာဏ ပါဝင်မူကိုစစ်ဆေးခြင်းဖြစ်ပါတယ်။ normal(11-15 g/dL)
low ➡️ Anaemia.
high➡️ Polycythemia.
*(သွေးနီဥအားလုံး Hb%)

HCT= သွေးတစ်ခုလုံးတွင် သွေးနီဥများ ဘယ်လောက်ထုထည်ပမာဏပါဝင်လဲဆိုတာကို စစ်ဆေးခြင်းဖြစ်ပါတယ်။ normal(35-48 % )
low➡️blood lose, Anaemia
high➡️ Polycythemia,DHF.
Hct = Hb × 3
*(သွေးနီဥအားလုံး ထုထည်)

MCV = သွေးနီဥတစ်လုံးချင်း၏ ပျမ်းမျှထုထည်ပမာဏကို တိုင်းတာခြင်းဖြစ်ပါတယ်။ normal(76-96 fl )
low MCV ➡️ Microcytic.
Normal MCV➡️ Normocytic.
high MCV➡️ Macrocytic.
MCV=HCT×1000/RBC
*( သွေးနီဥတစ်လုံးချင်း၏ ထုထည် )

MCH = သွေးနီဥတစ်လုံးချင်းတွင်ပါဝင်သော haemoglobinအားကို တိုင်းတာခြင်းဖြစ်ပါတယ်။normal(27-31pg )
low➡️ Hypochromic (IDA, Thalassemia).
high➡️ Hyperchromic (B12 or Folate deficiency).
MCH=Hb/RBC
*(သွေးနီဥတစ်လုံးချင်း ပျမ်းမျှ Hb%)

MCHC= သွေးနီဥများ၏ ပျမ်းမျှhaemoglobin အားကိုတိုင်းတာခြင်းဖြစ်ပါတယ်။ normal(32-36 g/dL )
MCHC=Hb/HCT
*(သွေးနီဥအားလုံး၏ပျမ်းမျှ Hb%)

RDW-SD = သွေးနီဥများ၏ အရွယ်အစားပုံသဏ္ဌန်မမှန် ပြောင်းလဲချက်အခြေအနေကို တိုင်းတာခြင်းဖြစ်ပါတယ်။ normal( 37-54 fl)
high➡️ Anisocytosis(Iron deficiency, megaloblastic anaemia).
low➡️ macrocytic anaemia
*(သွေးနီဥများ၏အရွယ်အစား မတူညီမူအခြေအနေ)

RDW-CV = RDW-SDအချိုးအား %ဖြင့်ဖော်ပြခြင်းဖြစ်ပါတယ်။normal(11.5-14.5 % )
*(သွေးနီဥများ၏အရွယ်အစား မတူညီမူအခြေအနေ)

WBC = သွေးဖြူဥများစုစုပေါင်းကိုတိုင်းတာခြင်းဖြစ်ပါတယ်။
သွေးဖြူဥတွင် အမျိုးအစား(5)မျိုးရှိပါတယ်။(N,L,M,E,B)
သွေးဖြူဥများဟာ ခန္ဓာကိုယ်ရဲ့‌ရောဂါခုခံကာကွယ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ normal(4-11 10*9/L )အတက်အကျပုံမှန်မဟုတ်ခြင်းအားဖြင့် ရောဂါပိုးဝင်ရောက်နေမူရှိ/မရှိ၊ပြင်းထန်မူအ‌ခြေအနေကို သိနိုင်ပါတယ်။
*(သွေးဖြူဥအားလုံးပေါင်း ပမာဏ)

Neutrophils = သာမန်အားဖြင့်သွေးဖြူဥ အလုံး100 တွင် 40-75 လုံးအထိ ရှိနိုင်ပါတယ်။ သွေးဖြူဥများထဲတွင် ပါဝင်မူအများဆုံးသောအမျိုးအစားဖြစ်ပါတယ်။ ရောဂါပိုးအား တိုက်ထုတ်ဝါးမြိုဖျက်ဆီးပေးသော ဆဲလ်အမျိုးအစားဖြစ်ပါတယ်။normal(40-75% )အချို့ရောဂါများတွင်တက်လေ့ရှိပါတယ် (Bacterial infection၊necrosis၊haemolytic disease၊ toxic disease... )

Lymphocytes = သာမန်အားဖြင့် သွေးဖြူဥ အလုံး100တွင် 20-45 လုံးအထိ ရှိနိုင်ပါတယ်။ ဒုတိယအများဆုံးပါဝင်သော အမျိုးအစားဖြစ်ပါတယ် ။ normal(20-45% )အချို့ရောဂါများတွင်တက်လေ့ရှိပါတယ် ( chronic disease၊TB၊syphilic... )

Monocytes = သာမန်အားဖြင့် သွေးဖြူဥ အလုံး100တွင် 2-10 လုံးအထိ ရှိနိုင်ပါတယ်။ တတိယအများဆုံးပါဝင်သော အမျိုးအစားဖြစ်ပါတယ်။ normal(2-10% )အချို့ရောဂါများတွင်တက်လေ့ရှိပါတယ် ( malaria၊cancers၊infectious mononucleosis....)

Eosinophils = သာမန်အားဖြင့် သွေးဖြူဥ အလုံး100တွင် 1-6 လုံးအထိ ရှိနိုင်ပါတယ်။ ပါဝင်မူနည်းသော အမျိုးအစားဖြစ်ပါတယ်။ဓာတ်မတည့်သောရောဂါ အခြေအနေများတွင် တက်လေ့ရှိပါတယ်။normal(1-6% )အချို့ရောဂါများတွင်တက်လေ့ရှိပါတယ် (skin infection၊allergic reaction၊parasitic infection... )

Basophils = သာမန်အားဖြင့် သွေးဖြူဥ အလုံး100တွင် 0-1 လုံးအထိ ရှိနိုင်ပါတယ်။ ပါဝင်မူအနည်းဆုံးသော အမျိုးအစားဖြစ်ပါတယ်။ normal(0-1% )အချို့ရောဂါများတွင်တက်လေ့ရှိပါတယ် ( ulcerative colitis၊spreenactomy၊အင်ပြင်ထခြင်းသွေးကင်ဆာ(CML)...)

Platelets = သွေးဥမွှားများပါဝင်မူ အခြေအနေကိုတိုင်းတာခြင်းဖြစ်ပါတယ်။ သွေးဥမွှားများဟာ သွေးယို၊သွေးထွက်ခြင်းများကို ပိတ်ဆို့‌၊ရပ်တန့်အောင်ပြုလုပ်ပေးပါတယ်။ normal(150-400 10*9/L )သွေးယိုစိမ့်ရောဂါ၊DHF များတွင်ပုံမှန်ထက်ကျနေတတ်ပါတယ်။
*(သွေးဥမွှားအားလုံး ပမာဏ)

MPV = Platelet တစ်လုံးချင်း၏ ပျမ်းမျှထုထည်အရွယ်အစားကိုတိုင်းတာခြင်းဖြစ်ပါတယ်။normal(7.4-10.5 fl )
MPV=PCT/Plt
*(သွေးဥမွှားတစ်လုံးချင်း ထုထည်အရွယ်အစား)

PDW = Platelet တစ်လုံးချင်း၏အရွယ်အစား မတူညီမူအခြေအနေကိုတိုင်းတာခြင်းဖြစ်ပါတယ်။normal( 9-17)
*(သွေးဥမွှားတစ်လုံးချင်း အရွယ်အစားမတူညီမူအခြေအနေ )

PCT = Platelets အားလုံး၏ထုထည်ပမာဏကို တိုင်းတာခြင်းဖြစ်ပါတယ်။normal(0.17-0.35 )
PCT = Plt×MPV/10000
*(သွေးဥမွှား အားလုံးထုထည်)

သွေးနီဥများ‌၊ သွေးဖြူများနှင့် သွေးဥမွှားများသည် အသက်အရွယ်အပိုင်းအခြားပေါ်မူတည်၍ နူန်းထား‌ပြောင်းလဲမူရှိပါသည်။ (မွေးကင်းစ၊ကလေး၊လူကြီး (ကျား/မ )normal range မတူညီကြပါ)

Haemogram တစ်ခုတွင် စစ်ဆေးသော စက်အမျိုးအစား အဆင့်အတန်းပေါ်မူတည်ပြီး (16,20,32) parameters
များရင်များသလို Informationစုံလင်ပြီး အကျိုးကျေးဇူးများသလို ကုန်ကျစရိတ်အနည်းငယ်ကွာဟမူလည်းရှိပါ‌သည်။

{***အနှစ်ချုပ်***
RBC = *(သွေးနီဥတစ်လုံး၏ size)
HGB = *(သွေးနီဥအားလုံး Hb%)
HCT = *(သွေးနီဥအားလုံး ထုထည်)
MCV = *(သွေးနီဥတစ်လုံးချင်း၏ ထုထည်)
MCH = *(သွေးနီဥတစ်လုံးချင်း ပျမ်းမျှ Hb%)
MCHC = *(သွေးနီဥအားလုံး၏ပျမ်းမျှ Hb%)
RDW-SD = *(သွေးနီဥများ၏အရွယ်အစား မတူညီမူအခြေအနေ)
RDW-CV = *(သွေးနီဥများ၏အရွယ်အစား မတူညီမူအခြေအနေ%)
Retic = Reticulocyte count

WBC = *(သွေးဖြူဥအားလုံးပေါင်း ပမာဏ)
Gran = (N,E,B)
N = Neutrophils count
L = Lymphocytes count
M = Monocytes count
E = Eosinophils count
B = Basophils count

Plt = Platelets count
MPV = *(သွေးဥမွှားတစ်လုံးချင်း ထုထည်အရွယ်အစား)
PDW = *(သွေးဥမွှားတစ်လုံးချင်း အရွယ်အစားမတူညီမူအခြေအနေ )
PCT = *(သွေးဥမွှား အားလုံးထုထည်)
PLCR = Platelets larger cell ratio }

အထက်ဖော်ပြပါ CP(auto)/ Haemogram/ CBC
မေတ္တာစိုး အထူးကုဆေးခန်းနှင့်အဆင့်မြင့်ရောဂါရှာဖွေး ဆေးခန်းတွင် တန်ဖိုးငွေ -8000/ ကျပ် ဖြင့်စစ်ဆေးနိုင်ပါပြီ။
နောက်ဆက်တွဲရောဂါများအတွက်လည်း ပြသနိုင်ပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ......
☎️09-423647940

(မှတ်ချက်. ကျွန်နော်ထပ်သိသောသူများ ဒီစာကိုဖတ်မိလျှင် လိုအပ်ချက်/လွှဲမှားချက်များ လမ်းညွှန်ပေးနိုင်ပါသည်)

😷 😷😷 ယခုလောလောဆယ် ခေတ်ပြန်ထလာတဲ့ Omicron virus နှင့်ပတ်သတ်လို့ မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောစစ်ဆေးမူများကို မေတ္တာစိ...
17/02/2022

😷 😷😷
ယခုလောလောဆယ် ခေတ်ပြန်ထလာတဲ့ Omicron virus နှင့်ပတ်သတ်လို့ မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောစစ်ဆေးမူများကို မေတ္တာစိုး အထူးကုဆေးခန်းနှင့် အဆင်မြှင့်ရောဂါရှာဖွေရေး ဆေးခန်းတွင် စစ်ဆေးပြသနိုင်ပါတယ် ခင်ဗျာ...
😷
Omicron Virus နှင့်ပတ်သတ်လို့ အတွေ့ရအများဆုံး လက္ခဏာများကတော့
ဖျားမယ်၊ချောင်းဆိုးမယ်၊ခေါင်းကိုက်မယ်၊ လည်ချောင်းနာမယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ခြေကုန်လက်ပမ်းဖြစ်မယ်၊အနံအရသာ ပျောက်မှာတွေပဲဖစ်ပါတယ်။
😷
သံသယဖြစ်ဖွယ်ရာ ရောဂါလက္ခဏာ တစ်ခုခုခံစားရလို့ Covid Swab(RDT) စစ်ဆေးချင်လျှင် ဖုန်းနံပါတ် 09423647940 သို့ခေါ်ဆိုလိုက်ရုံဖြင့် အိမ်အရောက် လာရောက်စစ်ဆေးပေးခြင်းများလည်း ဆောင်ရွက်ပေးနေပါပြီ....
😷
တခြားလိုအပ်သော သွေးစစ်ခြင်းများလည်းရနိုင်ပါတယ်ခင်ဗျာ...

- CP(auto)
- D-dimer
- CRP
- Ferrintin
- LFT
- Ur & Cr
- Electrolytes
- Procalcitonin

တခြားသော မိမိတို့ကျန်းမာရေးနှင့် ပတ်သတ်၍ ပြသလိုလျှင် Page Chat box မှ တစ်ဆင့် ကြိုတင် booking ယူနိုင်ပါတယ်ခင်ဗျာ...

Omicron Virus ရောဂါအန္တရာယ်မှ မိသားစုတိုင်းကျော်လွှာနိုင်ကြပါစေ...

https://dmerharyana.org/omicron-covid-variant-symptoms-download/

မေတ္တာစိုး အထူးကုဆေးခန်းနှင့် အဆင့်မြှင့်ရောဂါရှာဖွေရေး၊မိတ္ထီလာမြို့။
☎09423647940

🎉🎉💜💙💚💛❤ မဂ်လာရှိသော နှစ်သစ်ဖြစ်ပါစေ❤💛💚💙💜🎉🎉🎉🙏 ယခုလို နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ ကာလလေးမှာ ကျွန်နော်တို့Pageထဲတွင်ရှ...
31/12/2021

🎉🎉💜💙💚💛❤ မဂ်လာရှိသော နှစ်သစ်ဖြစ်ပါစေ❤💛💚💙💜🎉🎉🎉

🙏 ယခုလို နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ ကာလလေးမှာ ကျွန်နော်တို့Pageထဲတွင်ရှိသော မိတ်ဆွေများနှင့် ကမ္ဘာသူ၊ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပျော်ရွှင်ခြင်းများကို ပိုင်ဆိုင်နိုင်ကြပါစေ❣❣❣
🙏 မိမိတို့အလိုရှိအပ်သော
လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေ💟💟💟
🙏 လူတိုင်းအတွက် အကောင်းဆုံးသောနှစ်တစ်နှစ်ဖြစ်ပါစေလို့💝💝💝
ကျွန်နော်တို့ "မေတ္တာစိုးဆေးခန်းမိသားစု"မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ🎉🎉🎉

မေတ္တာစိုး အထူးကုဆေးခန်းမှ နွေးထွေးပျူငှာစွာဖြင့် ကျန်းမာရေး ဝန်ဆောင်မူများ ဆောင်ရွက်ပေးနေပါပြီ...မိမိတို့သက်ဆိုင်ရာ ရော...
18/12/2021

မေတ္တာစိုး အထူးကုဆေးခန်းမှ နွေးထွေးပျူငှာစွာဖြင့် ကျန်းမာရေး ဝန်ဆောင်မူများ ဆောင်ရွက်ပေးနေပါပြီ...

မိမိတို့သက်ဆိုင်ရာ ရောဂါများအလိုက် ပြသချင်သော သမားတော်ကြီးများဖြင့်လည်း ပြနိုင်ပါတယ်ခင်ဗျ...

လူနာများအားလုံး ရောဂါဝေဒနါသက်သာပြီး ကျန်းမာရွှင်လန်းသောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ...

🙋‍♂️ Covid Antibody(Quantity) 💪💪💪 စစ်ဆေးနိုင်ပါပြီ 👨‍🔬👨‍🔬👨‍🔬🙏လူကြီးမင်းတို့ ယခုအချိန်အထိ တစ်ချို့သောသူများ အဓိကအားဖြင့် ...
19/09/2021

🙋‍♂️ Covid Antibody(Quantity) 💪💪💪 စစ်ဆေးနိုင်ပါပြီ 👨‍🔬👨‍🔬👨‍🔬

🙏လူကြီးမင်းတို့ ယခုအချိန်အထိ တစ်ချို့သောသူများ အဓိကအားဖြင့် သက်ကြီးရွယ်အို ၊ရောဂါအခံရှိသူများနှင့် ကိုယ်ခံအားနည်းသူများဟာ Covid-19(delta)ရဲ့ တိုက်ခိုက်မူဒဏ်ကို ခံနေကြရဆဲ၊ကူးဆက်နေကြဆဲပဲရှိပါသေးတယ် ရှေ့မှာတော့ Covidနဲ့ပတ်သတ်၍ စစ်ဆေးနိုင်သော Post Covid Check Up Testများ ၊ RDT Home Services များဖော်ပြပြီးဖြစ်ပါတယ် ယခုအခါမှာတော့ Covid Antibody
စစ်ဆေးလို့ရကြောင်းကို သတင်းကောင်းပါးချင်ပါတယ် ခင်ဗျ☺☺☺

❗Covid Antibody အကြောင်းလေး အနည်းငယ်ရှင်းပြချင်ပါတယ် Antibodies ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကနေထုတ်လွှတ်ပေးတဲ့ Proteins များဖြစ်ပါတယ် သူကတော့ရောဂါတစ်ဝင်လာချိန်မှာ ပြန်လည်တိုက်ခိုက်ဖို့အတွက်ဖြစ်ပြီး ရောဂါပျောက်သွားချိန်မှာလည်း နောက်တစ်ကြိမ် ဒီရောဂါပြန်ဝင်လာလျှင်တိုက်ခိုက်ဖို့အတွက် တစ်သက်တာအသ့င်ပြင်ဆင်ထားသော စစ်တပ်တစ်တပ်ဖြစ်ပါတယ်။

❗Covid Antibody ဟာ Positive ဖြစ်ပြီး (၁-၃) ပတ်အတွင်းထွက်ဖို့အချိန်ယူရပါတယ်။ အဲ့ဒါကြောင့်အကောင်းဆုံးအချိန်ကတော့ (၂) ပတ်အကျော်မှာ စစ်ဆေးဖို့အတွက်အကြံပြုပါတယ် ခင်ဗျ။

💲 စျေးနူန်းအနေနဲ့ကတော့ (30000)ကျပ် ဖြစ်ပါတယ်
အဖြေကိုတော့ သွေးဖောက်ပြီးနောက်နေ့ သိရမှာဖြစ်ပါတယ်

🏠 မိတ္ထီလာ မြို့အတွင်း အိမ်တိုင်ရာရောက် စစ်ဆေးနိုင်ပါတယ်
Result Quality ပိုင်းကိုလည်း
ခေတ်မှီစက်သစ်ကြီးများနှင့် လုပ်ငန်းအတွေ့အကြုံရှိသော Medical Technologistများကိုယ်တိုင် စစ်ဆေးပေးမှာဖြစ်ပါတယ်။
သွေးလာရောက်ဖောက်ယူရာမှာလည်း Level-2 အကာအကွယ်ပစ္စည်းများနှင့် အသုံးပြုမှာမို့ ယုံကြည်စိတ်ချစွာစစ်ဆေးနိုင်ပါတယ်ခင်ဗျား♥♥♥....
"မေတ္တာစိုး" အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး

လိပ်စာ-​ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း၊မိတ္ထီလာပြည်သူ့ဆေးရုံအနီး၊အလယ်ပေါက်နှင့်မျက်နှာချင်းဆိုင်။

☎ 09 781102951
☎ 09 257660909
☎ 09 423647940

Address

Meiktila

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+959423647940

Website

Alerts

Be the first to know and let us send you an email when Myittar Soe Special Clinic & Diagnostic Center-ထီလာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram