16/03/2024
ဘာကြောင့်ကျောက်ကပ်မှာကျောက်တည်ရတာလဲ?
ကျောက်ကပ်ဟာလူ့ခန္ဓာကိုယ်မှာ အဆိပ်အတောက်နဲ့အညစ်အကြေးတွေကို စစ်ထုတ်ပေးတဲ့တာဝန်ကို အဓိကထမ်းဆောင်ပေးနေတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ အကယ်၍များ
◾️ရေသောက်နည်းခြင်း၊
◾️ဆီးအောင့်ထားခြင်းတွေများလာခြင်းကြောင့်
ကျောက်ကပ်မှာလုံလောက်တဲ့ရေပမာဏမရှိတော့တဲ့အတွက် စွန့်ထုတ်ရမယ့်အနည်နဲ့ အညစ်အကြေးတွေကိုမစွန့်ထုတ်နိုင်တော့ဘဲ စုပုံလာစေကာကျောက်ကပ်ကျောက်တည်ခြင်းရောဂါကို ဖြစ်ပေါ်လာစေပါတယ်။
ကျောက်ဖြစ်စေတဲ့ဓာတုပစ္စည်းများ(ဥပမာ-Calcium,oxalate,uric acid)ခန္ဓာကိုယ်တွင်းများပြားလာပြီးဆီးမှတစ်ဆင့် ကောင်းမွန်စွာမစွန့်ပစ်နိုင်တဲ့အခါဆီးလမ်းကြောင်းမှာကျောက်တည်ပါတယ်။
❗️ရောဂါလက္ခဏာတွေပြနေသည့်တိုင်အောင် ကုသမှုခံယူခြင်းမရှိတဲ့အခါမှာတော့ ကျောက်ကပ်ရောင်ခြင်းကနေ ကျောက်ကပ်ပျက်စီးသည်အထိ ဆိုးရွားတဲ့ရောဂါအခြေအနေတွေကို ရင်ဆိုင်ရတတ်ပါတယ်။
🗿ကျောက်ကပ်ကျောက်တည်ခြင်းဟာ ကျောက်တည်တဲ့နေရာပေါ်မူတည်ပြီး စမ်းသပ်စစ်ဆေးကုသရတာကြောင့် အတွေ့အကြုံရှိဝါရင့်အထူးကုဆရာဝန်ကြီးများထံမှာသာ သင့်လျော်သောကုသမှုတွေကို တိုင်ပင်ဆွေးနွေးကာကုသသင့်ပါတယ်။
✨ဒါကြောင့် ရောဂါလက္ခဏာများစတင်ခံစားနေရပြီဆိုတာနဲ့ စောစီးစွာ စိုးမိုး အထူးကုဆေးရုံကြီးရှိ ဝါရင့်အထူးကုဆရာဝန်ကြီးများထံမှာ ဆွေးနွေးကုသမှုတွေကိုအချိန်မီရယူဖို့တိုက်တွန်းလိုက်ပါရစေ..။
crd;thapayclinic
စိုးမိုး
အထူးကုဆေးရုံကြီး
မိတ္ထီလာမြို့
09778835009
09778821007
crd