14/11/2025
ဆိုင်မှာ "Enervon-C " ပြန်ရောက်ပါပြီ နော်
ဝယ်ယူ လို့ရပါပြီ ရှင့်💁🏻♀️
ဘဝက Gluta တွေ Collagen တွေ
သောက်လိုက် အလှလေးပြင်လိုက်နဲ့
မနေနိုင် တော့တဲ့
အခိုက်တန့်မှာရောက်နေခဲ့သူဖြစ်နေချိန်
ဒီဆေးနှစ်ခုကသာ
အားထားရာ ဖြစ်ခဲ့ပါတယ်။
✅ကျန်းမာရေးအရ အမြဲသောက်နေကြ
ဆေးကတော့ အာရုံကြောအားနည်းလို့
သောက်ရတဲ့ ဆေးတချို့နဲ့ အစာအိမ်အတွက်
သောက်ရတာတော့ရှိပါတယ်။✅
အခုကတော့
အလှအပအတွက် သောက်ဆေး
အနေနဲ့ ရော ကျန်းမာရေးအတွက်ပါ
အသုံးတည့်တဲ့ ဒီဆေးနှစ်ခု အကြောင်းကို
ပြောပြချင်လို့ပါ ။
🚩ပထမတခုက Becozinc
သူ့ကိုတော့မြက
အာရုံကြောအတွက်ရော ဆံပင်အတွက်ရော
သင့်တော်လို့ သောက်ဖြစ်နေတာပါ။
Vitamin B complex နဲ့
Vitamin C ပါဝင်တဲ့ အပြင်
Zinc လဲ ပါပါသေးတယ်။
ဦးရေပြားယားယံတာ
ဆံပင်ကျွတ်တာနဲ့ ဆံပင်ဖြူတာတွေ
ခေါင်းအဆီပြန်တာတွေ ကို
သက်သာစေတဲ့ Zinc ကို သီးသန့် သောက်စရာ
မလိုတော့ပဲ Becozinc တလုံးသောက်ရုံနဲ့
လုံလောက်တဲ့ အတွက် ဘတ်ဂျတ်လဲ
အတော် သက်သာသွားရပါတယ်။
Becozinc ရဲ့ အားသာချက်လို့ပြောရမလား။
တရက်တလုံးသောက်စရာမလိုပါဘူးသူက
ညစာစားပြီး တလုံးသောက်အိပ်လိုက်ရုံနဲ့
နောက်နေ့ကို အားအပြည့်နဲ့ စိတ်ကြည်ကြည်
လင်လင်နဲ့ အလုပ်လုပ်နိုင်တာ လက်တွေ့ပါ။
မြဆိုရင် content creator ဖြစ်တဲ့
အတွက် ပေ့အတွက် ဘာတွေရေးရမလဲ
စဉ်းစားရတာတွေရှိပါတယ်။ဒါ့အပြင်
ဆိုင်အတွက် အောက်ခြေသိမ်းကအစ
ဧည့်သည်ကိုင်တာ အဆုံး အကုန် မြတယောက်ထဲ
လုပ်ရတဲ့အခါ အရမ်း ပင်ပန်းရပါတယ်။
အိမ်မှုကိစ္စကတမျိုး၊ မိသားစုအရေးက တမျိုး
၊ အကြွေးပူသောကတွေက တမျိုးနဲ့
လူက အိပ်မပျော်တာကြာပါပြီ။
Stressတွေကလဲ တအား ပိ တော့
ဆံပင်တွေကလဲ ကျွတ် တာ တအားပေါ့။
အခု Becozinc ကို တရက်ခြား တလုံး
သောက်ပြီး တကဒ်ကုန်တဲ့ အချိန်မှာ
အလုပ်လုပ်ရတာ အဆင်ပြေလာပါတယ်။
အကြိုက်ဆုံးအချက်တော့ ဆံပင်ကျွတ်တာသက်သာသွားတာရယ်၊ခေါင်းအဆီပြန်တာ သက်သာသွားတာရယ်ကို အကြိုက်ဆုံးပါပဲ။
လူ့ ခန္ဓာအတွက် ရော ဆံသားအတွက်ရော
အထောက်ကူဖြစ်တာကို လက်တွေ့ သိလိုက်ရလို့
ခုထိ ဆက်တိုက်သောက်ဖြစ်နေတာလေးပါ။
ဆယ်လုံးပါ တကဒ်ကို
အခု ဆို 9000လောက်
ဖြစ်သွားပါတယ်။ ဈေးတတ်လို့ပါ။
အရင်က ဆို အဲ့ထက်ဈေးပေါပါသေးတယ်။
🚩နောက်တခုက Enervonc
သူ့ကိုတော့မြက အိပ်ယာနိုးနိုးချင်း
မနက်စာစားပြီးတာနဲ့ သောက်ဖြစ်ပါတယ်။
အဲ့တာဆိုရင် တနေကုန် စိတ်က ပေါ့ပါးပြီး
အရမ်း active ဖြစ်သလိုခံစားရလို့ပါ။
တချို့လူတွေကြ အဲ့တာသောက်ပြီးရင်
အိပ်ငိုက်တတ်ကြပါတယ်။အိပ်လိုက်ပြီး
နိုးလာမှ တအားလန်းသွားတဲ့သူမျိုးပါ။
မြကကြတော့ စိတ်မကြည်မသာနဲ့
နိုးလာတဲ့ နေ့တွေ ရယ်
တနေကုန် မနားတမ်းရင်ဆိုင်စရာကိစ္စ
ရှိတဲ့နေ့တွေရယ် အမှုကိစ္စရှိတဲ့နေ့တွေဆိုရင်
မနက်ထဲက သောက်ထားပြီး တနေကုန်ကို
Active ဖြစ်ဖြစ်နဲ့ ရှေ့ဆက်လို့ရသွားတဲ့
လူမျိုးထဲပါပါတယ်။
Enervonc ကို မြက မနက်တိုင်း
မသောက်ပါဘူး။ တနေကုန်မနားတမ်း
ရင်ဆိုင်စရာရှိမှ သောက်ဖြစ်ပါတယ်။
သောက်ပြီးတာနဲ့ အစွမ်းက တနေကုန်ပြတဲ့
အတွက် သောက်ရကြိုးနပ်ပါတယ်။
ဒါကြောင့် အခုလို စိတ်ပင်ပန်း ၊ လူပင်ပန်း
ရတဲ့ အချိန်တွေမှာ အလုပ်ကိုလဲ နားပြီး
ပစ်ထားလို့မရ၊ငိုလို့လဲ မရ ဖြစ်နေတဲ့ သူအတွက်
ဒီဆေးနှစ်ခုက တကယ့်ကို အထောက်ကူ
ရစေခဲ့လို့ sharing လုပ်ဖြစ်သွားတာပါရှင်။
Enervonc ကတော့ တလုံး တထောင်
ပေးရပါတယ်။ လိုအပ်တဲ့နေ့မှ တလုံးချင်း
ဝယ်သောက် ဖြစ်ပါတယ်။
နေ့တိုင်းမသောက်ပါဘူး။
တထောင် ရင်းပြီး တနေကုန် ရင်ဆိုင်ရတဲ့
အခက်ခဲတွေ ပြေလည်စေတဲ့ အတွက်
တန်ပါတယ်။
စိတ်ပင်ပန်းရတဲ့ အလုပ်လုပ်နေတဲ့သူတွေ
တကယ်ကို သောက်သင့်တဲ့ ဆေးတခုပါပဲ။
ဒါကတော့ ဈေးလဲသက်သာပြီး
မြအတွက် အရမ်းကို သိသာလို့
ပြောပြတာပါ။
လိုက်သောက်ပါလို့မပြောပါဘူး။
သောက်ချင်တယ်ဆိုရင်တော့
ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ကြပါရှင်။