13/05/2023
အားလုံးပဲ ဂရုစိုက် ကြပါခင်ဗျာ။
မြွေနှင့် မုန်တိုင်း အန္တရာယ်
မုန်တိုင်းစဝင်လာတဲ့သတင်းကြောင့် အားလုံးကပြင်ဆင်နေကြပြီဆိုတော့ SEC admin team ကဆောင်ရန်ရှောင်ရန်လေးတွေ ပြောပေးချင်ပါတယ်။
လေပြင်းမုန်တိုင်းနဲ့အတူ အမှိုက်တွေအပြင် မြွေနဲ့အခြားအန္တရာယ်ရှိအကောင်တွေလွင့်လာနိုင်ပြီး ရေကြီးရေလျှံတွေလည်း ဖြစ်နိုင်ပါတယ်။
မြွေတိုင်းရေကူးတတ်ပေမဲ့ သူတို့က အဆုတ်နဲ့ အသက်ရှူရတဲ့အတွက် ရေထဲတော့အကြာကြီးမနေနိုင်ပါဘူး။ အဲ့တော့ မြွေတွေရေနဲ့မျော လာပြီဆိုရင် တတ်နိုင်သမျှ ကုန်းပေါ်တက်ဖို့ကြိုးစ-ားကြမှာပါ။ သူတို့လည်းအန္တရာယ်ကင်းဖို့ လူတွေရဲ့အဆောက်အဦအောက်/နေအိမ်/ လှေပေါ်ကို တက်လာကြမှာဖြစ်ပါတယ်။
📌ဒါဆို မြွေတွေ့ရင် ဘာလုပ်မလဲ
ဒါကြောင့် မိမိနေအိမ်မှာ မြွေတွေ့ခဲ့ရင် ကလေးနဲ့လှုပ်ရှားဖို့ခက်ခဲတဲ့သက်ကြီးရွယ်အိုတွေကို ဝေးဝေးမှာအရင်နေခိုင်းပါ။
မြွေရဲ့အနီးအနားမှာ လှုပ်ရှားမှုမြန်မြန်မလုပ်ပါနဲ့။
အနားမကပ်ပဲ လုံခြုံတဲ့အကွာဝေးမှာနေပြီးရင် မြွေကို တုတ်ရှည်ရှည်တချောင်းနဲ့ ပြန်ခြောက်ထုတ်ပေးလို့ရပါတယ်။
(ပုံမှန်အချိန်ဆို မီးသတ်ကို ခေါ်လို့ရပေမဲ့ ရာသီဥတုကြောင့် သူတို့လာရန် အခက်အခဲရှိနိုင်ပါတယ်။)
‼သတိထားရမယ့်အချက်
လေကြီးမိုးကြီးဖြစ်နေချိန် မြွေကိုသ-တ်ဖို့လုပ်တာက အရမ်းအန္တရာယ်များပါတယ်။ မြွေကိုက်ခံရတဲ့သူတွေအများစုက မြွေနဲ့ထိတွေ့ဖို့ ကြိုးစားတဲ့သူတွေဖြစ်တဲ့အတွက် အဆိပ်ပြင်းမြွေကို.က်ခံခဲ့ရရင် ရာသီဥတုအခြေအနေကြောင့် ဆေးရုံသွားဖို့ ခက်ခဲနိုင်ပါတယ်။ မြွေမျိုးစိတ်သိဖို့အတွက် ဓာတ်ပုံရိုက် ဒီဂရုမှာအမျိုးစ-ားလာမေးလို့ရပါတယ်။ အက်မင်တွေကအချိန်နှင့်တပြေးညီအဆိပ်ရှိမရှိ ဖြေပေးပါဖြစ်ပြီး နေရာရွှေ့ပြောင်းဖို့အတွက်ပါ လမ်းညွှန်ပေးပါမယ်ဗျ။
မုန်တိုင်းဖြစ်နေချိန် -
အိမ်ရဲ့ အမြင့်နေရာမှာပဲနေပါ။
အိမ်ရဲ့ ချောင်များနှင့် အမှောင်နေရာများကို လက်နှိုက်ခြင်း၊ သွားလာခြင်းကို သတိထားပေးပါ။
တိရိစ္ဆာန်လေးတွေမွေးထားရင် သူတို့လျှောက်မသွားအောင် သတိထားပေးပါ။
မုန်တိုင်းပြီးလို့ ခြံထဲ/အိမ်ထဲ သန့်ရှင်းရေးလုပ်တဲ့ခါ ဘွတ်ဖိနပ်ရှည်စီးဖို့လက်အိတ်အထူအရှည်စွတ်ဖို့လည်း သတိထားပါ။
❗မြွေမျိုးစိတ်နဲ့ အန္တရာယ်ကင်းအောင်နေရာရွေ့နည်းအတွက် လိုအပ်ရင်ဒီဂရုေတွထဲ ပိုစ့်တင်မေးလို့ရပါတယ်။ မုန်တိုင်းကာလအတွင်း24နာရီ အချိန်ပေးပြီးဖြေပေးပါမယ်။
Snakebite Emergency Cases (မြန်မာ)
Wildlife of Myanmar
ဘေးအန္တရာယ်ကင်းကြပါစေဗျ။
Photo - WOM member