Mya Nan Dar. -Pharmacy

Mya Nan Dar. -Pharmacy Pharmacy and Cosmetics

ကျန်းမာရေးအတွက်အကြံပြုချက်(၆)ချက်။https://www.facebook.com/103619314862974/posts/474542954437273/?mibextid=Nif5oz
23/04/2023

ကျန်းမာရေးအတွက်အကြံပြုချက်(၆)ချက်။
https://www.facebook.com/103619314862974/posts/474542954437273/?mibextid=Nif5oz

ကျန်းမာရေး အတွက် အကြံပြုချက်(၆)ချက်

(1 )ဆေးဝါး များသည် ရောဂါ ဝေဒနာသက်သာ၍ ကျန် းမာစွာအသက်ရှည်စေသော်လည်း ဘေးထွက်ဆိုးကျိုးများစွာရှိနေတတ်တာကြောင့် တတ်ကျွမ်းနားလည်သော ကျွန်းကျင်သူများ၏ ညွန်ကြားချက်ကို လိုက်နာ ရန်.....

(2) အိမ် သုံးဆေး(OTC)ဆေးများကို လိုအပ်သည့်ပမာဏထက် ကျော်လွန်စွာအသုံးပြုပါက အန္တရယ်ဖြစ်စေနိုင်ကြောင်းသတိပြုရန်....

(3) မိမိသောက်ရမည့်ဆေးကို အာနိသင် ဘေးထွက်ဆိုးကျိုး သုံစွဲရမည့် ကာလအပိုင်းအခြားလည်း သိရှိနိုင်ရန်....

( 4 )မိမိသောက်ရမည် ့ဆေးကို ဆရာဝန် ညွှန်ကြားခက်အတိုင်းသုံးစွဲရန် ဥပမာ=ရောဂါ ပိုးသတ် ဆေး(Antibiotics)များကို ဆေး ပတ်လည် အောင် မသောက် လျှင် ဆေးယဉ်ပါးခြင်း ဆေးမတိုးတော့ခြင်း(Antimicrobial. Resitant)ကို ဖြစ်စေနိုင်ပါတယ်

( 5 )နားလည်တတ်ကျွမ်းသူမဟုတ်ပဲ အချင်းချင်း ဆေးညွှန်းခြင်း ဆေး ပေး ခြင်း ဆေးဝါးအသုံးပြုခြင်းကို ရှောင်ကြဉ်ရန်....

(6) ဆေး ဝါး သုံးစွဲမှုနှင့်ပတ်သက်၍ ကျန်းမာရေး ဗဟုသုတ တိုးပွား အောင် မီဒီယာများ သတင်းစာများ လူမှုကွန်ယက်ပေါ်တွင် ကျွန်းကျင်သူများ ရေးသားထားသော ကျမ်းမာရေး ဆောင်းပါးများကို လေ့လာရန်....

ဤအကြံပြုချက်များကိုကျန်းမာရေးဗဟုသုတရစေရန် ရည်ရွယ်ပြီး တင်ပြပေးလိုက်ပါတယ်.....


မြနန္ဒာဆေးဆိုင်
ရှမ်းပြည်နယ် မြောက်ပိုင်း
မိုးမိတ်မြို ့.....

20/03/2023

အုန်းစိမ်းရည်

အူနံရံကို ဆေးကြောမယ်။
ကျောက်ကပ် အညစ်အကြေးကိုလည်း
သန့်စေတဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး
ရေဟာ #အုန်းစိမ်းရည် ပါပဲ။

သဘာဝတရားကြီးကပေးတဲ့
အားအင်အရှိဆုံးအရည်ဟာ အုန်းစိမ်းရည်ပါ။
ကြိုက်သလောက် သောက်သုံးနိုင်ပါတယ်။

လူတိုင်း တစ်ခုမေးချင်တာ ရှိကြမယ်
အပူကန်လား? ဝိတ်မတက်ဘူးလား?
မကန်ပါဘူး လုံးဝ ဝိတ်မတက်ပါဘူး။
ဝိတ်တောင်ကျစေပါတယ်။

အုန်းသီးရင့်ရည်ကမှ
တကယ်အပူကန်တာပါ။
ကျန်းမာရေးလို့ခေါ်တဲ့
အနုကိုသောက်ရပါမယ်။

အုန်းသီးစိမ်းရည်နဲ့
အုန်းသီးရင့်ရည်က
ဆန့်ကျင်ဘက်ပါ။
အုန်းစိမ်းရည်ကတော့
အဟာရဓာတ်တွေ အကျိုးပြုဓာတ်များစွာ ပါဝင်ပါတယ်။

အုန်းစိမ်းရည်က အပူကန်တာကိုတောင်
ကာကွယ် ပေးပါသေးတယ်။
ဝမ်းလျောလို့ အားအင်မရှိရင်လည်း
ဓာတ်ဆားတွေအစား သဘာဝအုန်းစိမ်းရေကို
သောက်သုံးနိုင်ပါတယ် ။

ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်ဓာတ်
များစွာပါရှိပါတယ်။
အားကစားလုပ်တဲ့ နေရာမှာလဲ
ကြွက်မတက်အောင် ထိန်းချုပ်ပေးပါတယ်။

ကျောက်ကပ်က အညစ်ကြေးတွေကိုလဲ
ဆီးမှတဆင့် ဆေးကြောသန့်စင်ပေးပါတယ်။
ကျောက်ကပ်မှာ ကျောက်မတည်အောင်
လည်း ကာကွယ်ပေးပါတယ် ။

မကောင်းတဲ့အဆီ အဆိပ်အတောက်
အညစ်အကြေးတွေကိုလဲ ဆီးမှတဆင့်
ဖယ်ရှားပေးပါတယ်။

အရေပြားလမ်းကြောင်းက စွန့်ပစ်ရမယ့်
အဆိပ်တွေကိုလဲ စွန့်ထုတ်ပေးပါသေးတယ်။

အညစ်ကြေးတွေ ဖယ်ရှားပေးတဲ့အတွက်
ကိုယ်အလေးချိန် ကျစေပါတယ်။
အုန်းစိမ်းရေက ဝိတ်ကျစေပြီး
အခြားGas ပါတဲ့ အချိုရည်မျိုးစုံနဲ့
အားဖြည့်အချိုရည်မျိုးစုံကို သောက်မဲ့အစား
အုန်းစိမ်းရည်ကို သောက်သုံးကြရအောင်။
_____________________________________

တိုင်းရင်းဆေးအကြောင်းသိကောင်းစရာ

09/10/2022
 #ဒီနှစ်သီတင်းကျွတ်မှာ #ငွေ၀င်လာဘ်ရွှင်စီးတက်စေမဲ့ #ဒီလိုအိပ်မျိုးကိုလက်ဆောင်ပေးနေပြီနော်။
05/10/2022

#ဒီနှစ်သီတင်းကျွတ်မှာ

#ငွေ၀င်လာဘ်ရွှင်စီးတက်စေမဲ့

#ဒီလိုအိပ်မျိုးကိုလက်ဆောင်ပေးနေပြီနော်။

ပုံပါဆေးများဟာ Vitamin C 500 mg ပါဝင်တဲ့ ရေမှာပျော်ဝင်နိုင်တဲ့ Vitamin တစ်မျိုးဖြစ်ပါတယ်။                  ဆိုင်မှာရော C...
21/08/2022

ပုံပါဆေးများဟာ Vitamin C 500 mg ပါဝင်တဲ့ ရေမှာပျော်ဝင်နိုင်တဲ့ Vitamin တစ်မျိုးဖြစ်ပါတယ်။

ဆိုင်မှာရော CB မှာပါ အမေးများလို့ အားလုံးသိရှိနားလည်အောင် တင်ပြပေးရခြင်းဖြစ်ပါတယ်။

Vitamin C ဟာ မိမိ ခနွာကိုယ်မှ မထုတ်လုပ်ပေးနိုင်တဲ့ အတွက်ကြောင့်ပြင်ပမှ ဖြည့်စွက်စာ အနေနဲ့ သောက်သုံးပေးရပါတယ်။

Vitamin C ဟာ Anti Oxidant တစ်မျိုးဖြစ်တဲ့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ပြင်ပမှရောဂါတွေကို အလွယ်တကူမဝင်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Vitamin Cဟာ Cholestrol တွေကို လျော့ချပေးနိုင်တဲ့အတွက် နှလုံးရောဂါ ဖြစ်နိုင်ချေ နည်းပါးပါတယ်။

Vitamin C ဟာ ထိခိုက်ဒဏ်ရာတွေနဲ့ အနာတွေကို အမြန်ကျက်စေပြီး အရေပြားရောဂါတွေအတွက်လည်းကာကွယ်ပေးပါတယ်။

Vitamin C ဟာ Collagen ထုတ်လုပ်မှုကိုလည်းအထောက်အပံ့ဖြစ်စေသောကြောင့် အသားအရေကိုလည်း လှပစေပါတယ်။

အသက်အရွယ်အလိုက် Vitamin C သောက်ရမည့် ပမာဏမတူသလို လိုအပ်တာထက်ပိုသောက်မိရင်လည်း ကျန်းမာရေးဆိုးကျိုးကို ဖြစ်စေနိုင်ပါတယ်။

Vitamin C ကို တစ်နေ့ 2000mg ထက် ပိုမသောက်ရပါ ။နေ့စဉ်တစ်နေ့ကို 1000 mg သောက်တဲ့သူတွေမှာ ကျောက်ကပ်ကျောက်တည်နိုင်ချေ မြင့်တက်စေနိုင်တာကြောင့် တနေ့ကို 500mg သောက်ရင် လုံလောက်ပါတယ်။

Vitamin C သောက်ရင် ရေ များများသောက်ရပါမယ်။ Vitamin C ဟာ ခနွာကိုယ်ထဲမှာများ လာရင် သံဓာတ်တွေစုပုံပြီး အသည်း နှလုံး ကျောက်ကပ်နဲ့အာရုံကြောတွေ ထိခိုက်စေနိုင်ပါတယ်။

Vitamin C ပမာဏများလွန်းလျှင် ဝမ်းလျော ဗိုက်အောင့် ရင်ပူ ခေါင်မူးတာ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

အသက်အရွယ်အလိုက် အများဆုံးသောက်သုံးနိုင်တဲ့ပမာဏကိုလည်းဖော်ပြပေးလိုက်ပါတယ်။

အသက် 1-3 =တစ်နေ့ 400mg ထက်မပိုရ။
။။ 4-8 =တစ်နေ့ 650mg ထက်မပိုရ။
။။ 9-13=တစ်နေ့ 1200mgထက်မပိုရ။
။ 14-18=တစ်နေ့1800mg ထက်မပိုရ။
18နှစ် အထက်=တနေ့ 2000mg ထက်မပိုရ။

.
.
.
.

ဆေးစျေးတွေက ထပ်တက်ကြပြန်ပြီ။ဆေးဆိုင်သက် (14 )နှစ်တာ ကာလလုံးမှာ ယခုလိုဆေးဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာမှုမျိုး မကြုံဖူး...
06/08/2022

ဆေးစျေးတွေက ထပ်တက်ကြပြန်ပြီ။

ဆေးဆိုင်သက် (14 )နှစ်တာ ကာလလုံးမှာ

ယခုလိုဆေးဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာမှုမျိုး မကြုံဖူးပါ။

မသောက်မဖြစ်ဆေးတွေသာ သောက်ကြပါ။တံဆိပ်စွဲတွေ လျော့ကြပါလို့ပဲ တိုက်တွန်းပါရစေ။

မြန်မာ ကျပ်ငွေ တန်ဖိုး ကျဆင်းမှုကို မထိန်းသိမ်းနိုင်ဘူးဆိုရင် ရှေ့ဆက်ရမယ့် အခြေအနေတိုင်းက ပိုဆိုးဖို့သာ ရှိပါတော့တယ်။

Pharmacy.
State.
.

အကိုက်အခဲပျောက်ဆေးတွေက သင့်ဝေဒနာကိုပျောက်ကင်းသက်သာစေတယ်ဆိုပေမဲ့လည်း တခြားမလိုလားအပ်တဲ့ဆိုးကျိုးတွေလည်း ဖြစ်စေတတ်ပါတယ်။ ဒ...
03/08/2022

အကိုက်အခဲပျောက်ဆေးတွေက သင့်ဝေဒနာကိုပျောက်ကင်းသက်သာစေတယ်ဆိုပေမဲ့လည်း တခြားမလိုလားအပ်တဲ့ဆိုးကျိုးတွေလည်း ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အကိုက်အခဲပျောက်ဆေးမသောက်ခင်မှာ သိထားသင့်တဲ့အရာတွေကို ပြောပြသွားပါမယ်။

၁။ သင်သောက်မယ့်ဆေးနဲ့ သင့်ကျန်းမာရေးအခြေအနေကို ကောင်းစွာသိထားပါ။ ဘေးထွက်ဆိုးကျိုးအနည်းအများက ဒီအရာတွေအပေါ်မူတည်နေပါတယ်။

၂။ အသက်ငယ်လွန်းသူနဲ့ ကြီးလွန်းသူတွေမှာဆိုရင် ဘေးထွက်ဆိုးကျိုးပိုရလွယ်တာမို့ မှန်ကန်တဲ့ဆေးအမျိုးအစားနဲ့ ပမာဏကိုရွေးချယ်ဖို့လိုပါတယ်။

၃။ အရက်က တချို့ဆေးဝါးတွေနဲ့မတည့်ပါဘူး။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးအပါအဝင် တခြားဆေး‌တွေသောက်တော့မယ်ဆိုရင် ဆေးအညွှန်းကိုသေချာဖတ်ပါ။ ဆရာဝန်ကို သေချာမေးမြန်းပါ။

၄။ တချို့အကိုက်အခဲပျောက်ဆေးတွေက သွေးတိုးကျဆေးနဲ့ဓာတ်ပြုသွားတာမျိုး၊ သွေးပိုတိုးစေတာမျိုး ဖြစ်စေနိုင်ပါတယ်။

၅။ ibuprofen နဲ့ naproxen sodium လိုဆေးမျိုးက အစာအိမ်ကိုထိခိုက်ပြီး အစာအိမ်အနာ၊ သွေးထွက်တာတွေဖြစ်စေနိုင်ပါတယ်။ မဖြစ်မနေသောက်ဖို့လိုလာရင်လည်း ရက်တိုတို၊ ဆေးပမာဏနည်းနည်းနဲ့ အစာခံပြီးသောက်သင့်ပါတယ်။

၆။ အကိုက်အခဲပျောက်ဆေးတွေက ကျောက်ကပ်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကိုလည်း နှောင့်ယှက်တတ်ပါသေးတယ်။ ဒါကြောင့် သင့်မှာကျောက်ကပ်ရောဂါရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

၇။ နှလုံးရောဂါရှိသူ၊ သွေးတိုးရှိသူတွေအနေနဲ့ အကိုက်အခဲပျောက်ဆေးကို သတိထားသောက်သင့်ပါတယ်။ ပမာဏများများကို နေ့စဉ်စွဲသောက်သူ‌တွေမှာဆိုရင် သွေးကျဲဆေးအာနိသင်‌လျော့ပါးလာတတ်လို့ပါ။

၈။ ပါ‌ရာစီတမောက ညွှန်ကြားထားတဲ့ပမာဏအတိုင်းသောက်မယ်ဆိုရင် ဘေးကင်းပေမဲ့ ဆေးလွန်တဲ့အခါ အသည်းပျက်စီးတတ်ပါတယ်။ ပြီးတော့ အရက်နဲ့လည်းတွဲမသောက်သင့်ပါဘူး။

၉။ ကိုယ်ဝန်ဆောင်ချိန်မှာ တချို့ဆေးဝါးတွေက သန္ဓေသားဆီရောက်တတ်တာမို့ ဆေးသောက်မယ်ဆိုရင် ဆရာဝန်ကိုဦးဆုံးတိုင်ပင်သင့်ပါတယ်။

Crd

31/07/2022

သွေးတိုး နှင့် အယူအဆအလွဲများ 🏥 ‼️
-----------------------------------------------
ဆရာ... ကျွန်မသွေးတိုးတာ ၁၆၀/၉၀ ဖြစ်နေလည်း နေလို့ထိုင်လို့ကောင်းတယ်။

ဖြေ - အဲဒါ အသေစောမယ့် လက္ခဏာပါ။
(အပြင်မှာ လူနာနဲ့တွေ့ရင်တော့ အဲလိုမပြောပါဘူး၊ စာနဲ့ရေးပြရတာမို့ မျက်စိထဲ မြင်အောင် ရေးတာပါ 😅)

သွေးတိုးပြီး ဘာလက္ခဏာမှ မပြတာက ကြောက်ဖို့ကောင်းပါတယ်။ လက္ခဏာပြတဲ့သူက ကြောက်ပြီး အနေအထိုင် ဆင်ခြင်တယ်၊ ဆေးပုံမှန်သောက်တယ်၊ သက်တမ်းစေ့ နေနိုင်တယ်။

လက္ခဏာမပြတဲ့သူက ခန္ဓာကိုယ်က သတိမပေးတော့တဲ့အတွက် ပေါ့ပေါ့ဆဆ နေတတ်ပါတယ်။

အဲဒါနဲ့ပဲ အသေစောကုန်ပါတယ်။ မသေရင်လည်း ဒုက္ခိတ ပိုဖြစ်ပါတယ်။

အဲဒါကြောင့် သွေးတိုးပြီး လက္ခဏာမပြရင် ပိုဂရုစိုက်သင့်ပါတယ်။
-----------
ဆရာ... ကျွန်မက တစ်ခါတစ်လေမှ သွေးတိုးတာ သွေးတိုးရင် ဆေးသောက်လိုက်တယ်၊ မတိုးရင် ရပ်ထားလိုက်တယ်။

ဖြေ - တစ်လမှာ နှစ်ကြိမ်လောက်ပဲ သွေးတိုးတယ်၊ တိုးတာလည်း ၁၅၀/၉၀ လောက်က အများဆုံးပဲ ဆိုရင်တော့ အစားအသောက်ရယ်၊ အနေအထိုင်ရယ် ဆင်ခြင်ပြီး သွေးတိုးမှ သောက်တယ်ဆိုတာက အဆင်ပြေလောက်ပါတယ်။

တစ်လမှာ သွေးတိုးတဲ့ အကြိမ်ရေအတွက်လည်း များတယ်၊ တိုးရင်လည်း ၁၆၀/၉၀ လောက်ထိတွေ ဖြစ်နေတယ်ဆိုရင် ဆေးပုံမှန်သောက်ဖို့ လိုပါလိမ့်မယ်။

သွေးတိုးရောဂါကို ကုရင် သွေးပေါင်လေး ပုံမှန်မှာပဲ အမြဲရှိနေဖို့ ဆရာဝန်တွေက လိုလားပါတယ်။

ဆေးမသောက်ရင် တိုးလာလိုက်၊ ဆေးသောက်လိုက်ရင် ပြန်ကျသွားလိုက်၊ နောက်တခါ မသောက်တော့ တိုးလာလိုက်... အဲလိုတက်လိုက်ကျလိုက် ဖြစ်နေတဲ့သူလည်း အသေစောပါတယ်။ ‼️
-----------
သွေးပေါင်ကျဆေးသောက်နေတာ... သွေးပေါင်က ပုံမှန်ဖြစ်သွားပြီ... ဖြတ်လိုက်ရမလား ဆရာ?

ဖြေ - သွေးပေါင်ကောင်းနေတယ်ဆိုတာ သွေးပေါင်ကျဆေး သောက်လို့ပါ၊ မသောက်ရင် ပြန်တက်မလားဆိုတာ သိချင်ရင်တော့ တစ်ခါတော့ လျှော့တာဖြစ်ဖြစ် ဖြတ်တာဖြစ်ဖြစ် လုပ်ကြည့်လို့ ရပါတယ်။

လျှော့ဖြတ်ကြည့်လို့ သွေးပေါင်တက်ရင်တော့ တစ်သက်လုံး သောက်ရမှာပါ။
ဘယ်အချိန် ဆေးဖြတ်ရမလဲ မေးရင်တော့ သွေးပေါင်ကောင်းနေရင် ဖြတ်ရမှာမဟုတ်ဘဲ သွေးပေါင်ကျမှ ဖြတ်ရမှာပါ။ ဥပမာ- ၁၀၀/၆၀ အောက်ဆိုရင် ခဏ ဖြတ်ထားသင့်ရင် ဖြတ်ထားရပါမယ်။
----------
သွေးပေါင်ကျဆေး ဖြတ်လိုက်တာ နောက်ရက်ပြန်ချိန်တော့ သွေးပေါင်က ကောင်းနေတယ်၊ ကျွန်တော်သောက်စရာမလိုတော့ဘူး ထင်တယ် ဆရာ

ဖြေ - အချို့ သွေးပေါင်ကျဆေး တွေက သွေးထဲမှာ အကြာကြီးကျန်နေနိုင်လို့ ဆေးဖြတ်ပြီး ချက်ချင်းတော့ သွေးပေါင်မတက်ပါ။
အဲဒါကြောင့် ဆေးဖြတ်ပြီး နှစ်ပတ်အကြာလောက် ချိန်မှ အဖြေအတိအကျရမှာပါ။
ဆေးဖြတ်ပြီး တစ်ပတ်အတွင်း ပြန်ချိန်တဲ့ သွေးပေါင်က ကောင်းနေရင်တယ်ဆိုရင်တောင် သွေးမတိုးတော့ဘူးလို့ ပြောဖို့ စောပါသေးတယ်။
--------

ဆေးခန်းမှာ တွေ့ရတာများပြီး၊ အမေးများတဲ့ အတွက် လူတိုင်းသိသင့်ပါတယ်

Dr. Kevin
M.B.,B.S, MRCP (UK)

အလားတူ .. ဆေးဝါးများဝယ်ယူခြင်း ဒီနေ့ ကိုယ်သောက်သုံးနေကျ ဆေးဝါးများ ဝယ်ယူရန် အခက်အခဲဖြစ်လာရင် … ရွေးချယ်ဖို့ နည်းလမ်းလေး ...
20/07/2022

အလားတူ .. ဆေးဝါးများဝယ်ယူခြင်း

ဒီနေ့ ကိုယ်သောက်သုံးနေကျ ဆေးဝါးများ ဝယ်ယူရန် အခက်အခဲဖြစ်လာရင် … ရွေးချယ်ဖို့ နည်းလမ်းလေး ပါ ..

ဆေးဝါးများကို …
ကုန်အမှတ်တံဆိပ် (Brand name) နဲ့ မှတ်ထားကြပါတယ် ..
တစ်ချို့က အဂ်လိပ် လို မခေါ်တတ်တော့ …. ဆေးကဒ်ပြား အရောင် … ဘူးခွံမှာပါသော .. ပုံ များကို မိမိ အရပ်အခေါ်အဝေါ်နဲ့ မှတ်ထားပါတယ် …
ဘယ်လိုပဲ ဖြစ်ဖြစ် …. အလားတူ ဆေးဝါးကို အောက်ပါအချက်တွေနဲ့ တိုက်ပြီး ရှာဖွေနိုင်ပါတယ် ..

၁။ ကိုယ်သောက်နေကျ ဆေးဝါးရဲ့ ဘူးခွံ (သို့) ပုလင်း (သို့) ဆေးကဒ်ပြား ပေါ်မှာ … ဆေးရဲ့ မျိုးရင်းအမည် (Generic name) ကိုရှာပါ …
ဥပမာ။ ။ အဖျား, ခေါင်းကိုက်ရင် သုံးတဲ့ … ဆေးရဲ့ မျိုးရင်းအမည် (Generic name) က ပါရာစီတမော …. ဆိုရင် ဘယ်ကုန်အမှတ်တံဆိပ်(Brand) မဆို သုံးနိုင်ပါတယ်

၂။ ဆေးရဲ့ ပါဝင်မှု အလေးချိန် တူညီရပါမယ် (ဥပမာ။ ။ ပါရာစီတမော ၅၀၀ မီလီဂရမ်) ဆိုရင် အလားတူ ဆေးရဲ့ ပါဝင်မှုအလေးချိန် … ပါရာစီတမော ၅၀၀ မီလီဂရမ် တူရပါမယ်

၃။ ဆေးပြား (Tablet) ဖြစ်ဖြစ် , ဆေးတောင့် (capsule) ဖြစ်ဖြစ် ဆေးရဲ့ မျိုးရိုး အမည် (Generic) နဲ့ ဆေးပါဝင်မှု အလေးချိန် (မီလီဂရမ် / မိုက်ကရိုဂရမ်) တူရပါမယ် …

၄။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးငှာန (FDA) ရဲ့ ဆေးဝါး မှတ်ပုံတင်အမှတ် ရှိရပါမယ်

၅။ ဆေးဝါးရဲ့ သက်တမ်း (Expired date) ကို စစ်ပါ … သက်တမ်းကုန်ဆုံးသော ဆေးဝါးများ မသုံးသင့်ပါ

၆။ တစ်ချို့ဆေးတွေက … ဆေးတစ်မျိုးထက်ပါဝင် ပေါင်းစပ်ထားတာတွေရှိပါတယ်
အတတ်နိုင်ဆုံး … မိမိသောက်နေကျ ဆေးရဲ့ မျိုးရိုးအမည် (generic name) နဲ့ ဆေးပါဝင်မှု အလေးချိန် (မီလီဂရမ်, မိုက်ကရိုဂရမ် )…နဲ့ အခြားသော ဆေးများပေါင်းစပ်ပါဝင်မှု ကို အတိအကျ စစ်ဆေးပြီး … အလားတူ ဆေးကို ရွေးချယ်နိုင်ပါတယ် ….

သတိပြုဖို့ က… ဆေးဝါးတစ်ချို့မှာ ဆေးနာမည် တစ်ခုနဲ့တစ်ခု … ဆေးဝါးကုန်အမှတ်တံဆိပ်အမည် (Brand name) အသံထွက် တူပြီး … ဆေးမှာပါဝင်တဲ့ မျိုးရင်း (Generic name) မတူရင် အန္တာရယ် ရှိပါတယ် ….

မိမိအနီးအနားရှိ … ဆေးဝါးကျွမ်းကျင်သူ , ဆရာဝန်, ကျန်းမာရေး ဝန်ထမ်းများ ကို မေးမြန်းပါ …

Credit -မျိုးသက် (ဆေးဝါးလုလင်)
Institute of pharmacy
19 July 2022

အစဉ်ကျန်းမာဖို့ သိထားသင့်သော အချိန်များ💥 နံနက် ၅ နာရီမှ ၇ နာရီတွင် အူမကြီး အလုပ်လုပ်ချိန် ဖြစ်သောကြောင့်ထိုအချိန်အတွင်း ...
15/07/2022

အစဉ်ကျန်းမာဖို့ သိထားသင့်သော အချိန်များ

💥 နံနက် ၅ နာရီမှ ၇ နာရီတွင် အူမကြီး အလုပ်လုပ်ချိန် ဖြစ်သောကြောင့်
ထိုအချိန်အတွင်း အိပ်ရာထကာ ရေတစ်ခွက် အဝသောက်ပြီး
ဝမ်းမှန်မှန် သွားသင့်သည်။ ထိုသို့မဟုတ်ပါက အူမကြီးညှစ်အား
နည်းနေ၍ ဖြစ်ပြီး အမျှင်ရှိသော အစားအစာ များများစားပေးပါ။

💥 နံနက် ၇ နာရီမှ ၉ နာရီအတွင်း အစာအိမ်မှ အလုပ်လုပ်ချိန်
ဖြစ်သောကြောင့် ထိုအချိန်တွင် နံနက်ခင်းစာ (Breakfast) အဝ
စားသင့်သည်။

💥 နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နှလုံး (Heart)
အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထမင်းစားပြီး ခဏတဖြုတ်
အနားယူသင့်သည်။

💥 ညနေ ၁ နာရီမှ ၃ နာရီအတွင်း အူသိမ်မှ အလုပ်လုပ်ချိန် ဖြစ်ကာ
အလေးအပင်များ မ,ခြင်းမှ ဆင်ခြင်ရန် အထူးလိုအပ်သည်။

💥 ညနေ ၃ နာရီမှ ၅ နာရီတွင် ဆီးအိမ်မှ ခန္ဓာကိုယ်တွင်း
အဆိပ်အတောက်များကို စွန့်ပစ်ချိန် ဖြစ်သောကြောင့်
အနည်းဆုံး ၁ လီတာမှ စ,ပြီး ရေများများ သောက်ရန် လိုအပ်သည်။

💥 ညနေ ၅ နာရီမှ ၇ နာရီသည် ကျောက်ကပ် အလုပ်လုပ်ချိန် ဖြစ်သည်။
ထိုအချိန်တွင် ရေချိုးနေစဉ် ဆီးသွားခြင်း ရှောင်ပါ။
ကျောက်ကပ်ပျက်စီးလွယ်သည်။

💥 ည ၇ နာရီမှ ၉ နာရီတွင် နှလုံးအမြှေးပါး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် စိတ်အပန်းပြေစေသည့် Entertainment များ၊ ရယ်မောဖွယ်
ဟာသများ စသဖြင့် ကြည့်ရှုခံစား သင့်သည်။

💥 ည ၉ နာရီမှ ၁၁ နာရီသည် ခန္ဓာကိုယ်၏ အပိုင်းကြီး ၃ ပိုင်း
(ဦးခေါင်း၊ ကိုယ်ပိုင်း၊ ခြေထောက်ပိုင်း) များကို နှီးနှောဖလှယ်ချိန်
ဖြစ်သည်။

💥 ည ၁၁ နာရီမှ ၃ နာရီသည် အသည်း (Liver) အလုပ်လုပ်ချိန်
ဖြစ်သောကြောင့် ၁၁ နာရီထက် နောက်ကျပြီး မအိပ်သင့်ပါ။
သင့်အသည်းကို အနားပေးရန် လိုအပ်ပါသည်။

💥 ထို့ပြင် ၁၁ နာရီမှ ၁ နာရီတွင် သည်းခြေမှ အလုပ်လုပ်သည်။
နံနက် ၃ နာရီမှ ၅ နာရီထိသည် အဆုတ်မှ အလုပ်လုပ်ချိန်
ဖြစ်သောကြောင့် မနက် ၅ နာရီအထိ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သင့်သည်။

Credit : ပါမောက္ခဒေါ်ခင်ဖြူ

ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်(၁) ဆေးလိပ် မသောက်ပါနှင့်။ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် ...
10/07/2022

ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်

(၁) ဆေးလိပ် မသောက်ပါနှင့်။

ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။

(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။

ထမင်စားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။

ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်သည်။

(ကျမ္မာရေး အမြင် ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)

(၃) လ္ဘက်ရည် မသောက်ပါနှင့်။

လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၄င်းတို့က ထမင်း ဟင်းထဲ တွင် ပါရှိသည့် ပရိုတင်း များကို အနှောင့်် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။

Google တွင် ဟုစာရိုက်ရှာပြီး 'မြန်မာဆေးစွမ်းကောင်းများနှင့် ကျန်းမာစေသော အစားအစာ' Page တွင် မြန်မာ့ဆေးနည်းမျိုးစုံကို လေ့လာနိုင်ပါသည်။


(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။

ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်း က အူသိမ် အူမ တို့ကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆို့စေပါသည်။

(၅) ရေ မချိုးပါနှင့်။

ထမင်းစားပြီးနောက် ရေချိုးခြင်း သည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တဝုိက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာ အိမ်ကောင်း စွာ အလုပ် မလုပ်နိုင်တော့ပေ။

(၆) သွက်သွက် လမ်း မလျှောက်ပါနှင့်။

ရှေး လူကြီးမျာက “ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား” ဟု အဆို ရှိခဲ့ကြလေ၏။ ထို အဆိုမှာ တက် တက် စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။

အကြောင်းရင်း မှာ …. ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ထမင်း ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။

(၇) မအိပ်ပါနှင့်။

ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေ သည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ၀င်စေသည်။

(၈) အားကစား မလုပ်ပါနှင့်။

အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထား ပါ။ သို့မဟုတ် ပါက၊ အကြော ဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်။

Crd

ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီးလာမေးထားလို့@ ECG (Electro Cardi...
06/07/2022

ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီး
လာမေးထားလို့

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)

> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ

@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ္​တာ

@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )

>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ

@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)

> Alkaline Phosphates - အသည်းစစ်တာ
>AFP - အသည်းကင်ဆာစစ်တာ

@ Blood urea and Serum Creatinine. - သွေးတွင်းယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်သိရှိ အကဲဖြတ်ဖို့အတွက် )

> Creatinine GFR - ခရီယေတနင်းဓာတ်ကို စစ်တာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ

@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီးနှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )

> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို
စစ္​တာ

@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ

@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ္​တာ

@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
(Chest X-ray)
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ

@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ

@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ

@> HIV - HIV ပိုးစစ္​တာ
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
်ကိုင်းတာကို စစ်တာ
ခဏခဏလာမေးလို့ တင်ပေးလိုက်တာပါ
အားနည်းချက်အများကြီးနဲ့ မပြည့်စုံတာတွေကို တစ်ဖြည်း၂နဲ့ ပြန်ပီးပြင်ဆင် ဖြည့်စွက်ပေးပါ့မယ်
(ဗဟုသုတအဖြစ်သာ)
Credit # # #

Address

Shwe Street
Momeik

Opening Hours

Monday 06:30 - 19:00
Tuesday 06:30 - 19:00
Wednesday 06:30 - 19:00
Thursday 06:30 - 19:00
Friday 06:30 - 19:00
Saturday 06:30 - 19:00
Sunday 06:30 - 19:00

Telephone

+959792706333

Website

Alerts

Be the first to know and let us send you an email when Mya Nan Dar. -Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram