Aye Thu Kha Pharmacy

Aye Thu Kha Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aye Thu Kha Pharmacy, Medical supply store, Sabal St;Bone Soe Qtr;Monywa, Monywa.

 #အလုပ်ခေါ်စာ 📣  #အလုပ်ခေါ်စာ 📣မုံရွာမြို့ ဘုန်းစိုးရပ် စံပယ်လမ်း အေးသုခဆေးဆိုင်တွင်အလုပ် လုပ်ကိုင်ရန်အတွက် အရောင်းဝန်ထမ...
13/10/2025

#အလုပ်ခေါ်စာ 📣 #အလုပ်ခေါ်စာ 📣

မုံရွာမြို့ ဘုန်းစိုးရပ် စံပယ်လမ်း အေးသုခဆေးဆိုင်တွင်အလုပ် လုပ်ကိုင်ရန်အတွက် အရောင်းဝန်ထမ်း မ(၁)ဦးအလိုရှိပါသည်။

၁။အသက်၂၅နှစ်အောက်။

၂။အရောင်းပိုင်းစိတ်၀င်စားသူဖြစ်ရမည်။

၃။ရုပ်ရည်အသင့်တင့်ရှိပြီး သွက်လက်ချက်ချာရမည်။

၄။အကျင့်စာရိတ္တကောင်းမွန်ပြီး ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။

၅။သင်ယူလိုစိတ်အပြည့်ရှိရမည်။

၆။အတွေ့အကြုံ ရှိသူ ပို၍ ဦးစားပေးမည်။

အလုပ်လျှောက်လိုပါက -

CV form ကို Chat box သို့ 09-400465780

Viberသို့ပေးပို့လျောက်ထားနိုင်ပါသည်။

✅အလုပ်ချိန် - 7:30 Am to 6:00Pm✅

အေးသုခ ဆေးဆိုင် ၊စံပယ်လမ်း၊ဘုန်းစိုးရပ်ကွက်၊မုံရွာမြို့။

📲09-400465780

09-951060503

မကွေးဝင်းမြင့် ၏ မေတ္တာရှင်ဆေးတိုက်မှထုတ်လုပ်သော ❤️နှလုံးပုံ❤️အမှတ်တံဆိပ်နှလုံးအားတိုးဆေးအေးသုခ ဆေးဆိုင်စံပယ်လမ်း၊ဘုန်းစ...
22/03/2025

မကွေးဝင်းမြင့် ၏
မေတ္တာရှင်ဆေးတိုက်မှ
ထုတ်လုပ်သော
❤️နှလုံးပုံ❤️အမှတ်တံဆိပ်
နှလုံးအားတိုးဆေး

အေးသုခ ဆေးဆိုင်
စံပယ်လမ်း၊ဘုန်းစိုးရပ်ကွက်၊မုံရွာမြို့

သုံးစွဲနိုင်သောရောဂါများ
• နှလုံးသွေးကြောကျဉ်း၍ နှလုံးစူးပြီး အောင့်ခြင်း၊
• နှလုံးအားနည်း၍ မောပန်းနွမ်းနယ်နေသူများ၊
• နှလုံးအဆီဖုံးရောဂါ၊
• ထိတ်လန့်ကြောက်ရွံ့၍ မေ့မြောတတ်သူများ၊
• နှစ်နှစ်ခြိုက်ခြိုက်အိပ်၍မပျော်သူများ
သောက်သုံးရန် ဖြစ်သည်။
• ဤဆေး၏ အရသာမှာ ချိုမြိန် နွေးထွေး၍ နှလုံးခွန်အားကို ကောင်းမွန်စေသော ဆေးဖြစ်ပါသည်။
• ဤဆေးကို မှန်မှန်သုံးစွဲသွားပါက အသားအရေများ၊ မျက်လုံးအိမ်များ စိုပြေ ကြည်လင်လာစေမည် ဖြစ်ပါသည်။
သုံးစွဲရန် ဆေးပမာဏ
တစ်ကြိမ်စားလျှင် ဆေးမှုန့်
လက်ဖက်ရည်ဇွန်း (၁)ဇွန်း
တစ်နေ့ (၂)ကြိမ် စားသုံးနိုင်ပါသည်

 #သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့ထိ     " မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် "နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေပြုလုပ်ရင...
22/03/2025

#သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့ထိ
" မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် "

နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေ
ပြုလုပ်ရင်း မေတ္တသုတ် အဓိဋ္ဌာန်ဝင်ကြရအောင်

၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်
ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။

၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၉)ခေါက်
အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ
လျှောက်ထား ခွင့်ပန်ပါ။

၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်
ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌
ကတိပေး လျှောက်ထားပါ။

၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး
နတ်ဗြဟ္မာတို့အား ပရိတ္တရားနာ
ကြွပါရန် ဖိတ်ကြားပါ။

၅။ မေတ္တသုတ်ပရိတ်တော်ကို
စတင် ရွတ်ဖတ် ပူဇော်ပါ။

လိုက္နာ ဆောင်ရွက်ရန်
***************************
နေ့စဉ် (၉) ခေါက်နှုန်းဖြင့်
သင်္ကြန်ပိတ်ရက်(၅)ရက်
အဓိဋ္ဌာန် ဝင်ရပါမယ်

နေ့စဉ် (၉)ခေါက် အဓိဋ္ဌာန်
အောင်မြင်သွားတိုင်း မေတ္တာပို့ရပါမယ်

မေတ္တာပို့နည်း
******************
(၁) ဧတံ ပုညဘာဂံ ဤကဲ့သို့ ကျင့်ကြံပွားများအားထုတ် လှူဒါန်းပူဇော်ကန်တော့ရသော ကုသိုလ်ကောင်းမူကံစေတနာ အဖို့ဘာဂတို့အား အနန္တစကြဝဠာ အတွင်း၌ မှီတင်းဖြစ်ပေါ်နေထိုင်ကြကုန်သော အနတ္တလူနတ်ဗြဟ္မာ၊အနတ္တသတ္တဝါများအားလုံး ၊အရပ်လေးမျက်နာ ၊အရပ်ရှစ်မျက်နာ၊ အရပ်ဆယ္မ်က္နာ၌ ရှိကြကုန်သော အနန္တ နတ်၊ လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံး မည်သို့သော ပုဂ္ဂိုလ် သတ္တဝါမျှမကျန်။

(၂) သာသနာတော်အား စောင့်ရှောက်
လျက်ရှိသော ဘိုးတော်သိကြားမင်းနှင့်တကွ
သာသနာစောင့်နတ်မင်းကြီး ၄ ပါး
အားလည်းကောင်း။

(၃) တောစောင့်နတ်၊ တောင်စောင့်နတ်၊
မြို့စောင့်နတ်၊ ရွာစောင့်နတ်၊အာကာသစိုး၊
ရုက်ခစိုး၊ဘုမ်မစိုး၊
သမုဒ္ဒရာစောင့်နတ်၊မီးစောင့်နတ်၊
ရေစောင့်နတ်၊လေစောင့်နတ်၊နေစောင့်နတ်၊
လစောင့်နတ်၊နတ်မင်းအပေါင်းနှင့်
ကြှနျုပျ၏ကိုယျစောင့ျနတျတို့အားလညျးကောငျး၊
သာသနာတော်အား
စောင့်ရှောက်လျက်ရှိကြကုန်သော
နတ်မင်းအပေါင်းတို့အားလည်းကောင်း။

(၄) ဝိရူပက္ခမြွေနတ်နဂါးမင်း၊
ဆဗျာပုတ္တမြွေနတ်နဂါးမင်းနှင့်တကွ
နတ်နဂါးမင်းအပေါင်းတို့အားလည်းကောင်း။

(၅) ဘုရားသိုက်၊နဂါးသိုက်၊ကုလားသိုက်၊
ရှမ်းသိုက်၊ဘီလူးသိုက် အစရှိသဖြင့် သိုက်နန်းရှင်၊
သိုက်ချုပ်၊ သိုက်ဝင်အပေါင်းတို့နှင့်တကွ
နဂါး ဂဠုန် ကု မ်ဘဏ် ယက္ခ၊ဂန္ဓဗ္ဗ
နတ်အပေါင်းတို့အားလည်းကောင်း။

(၆) ဘုရားတပည့်တော်ဘဝအဆက်ဆက်
သံသရာ၌ တော်စပ်ခဲ့သော မိခင်၊ဖခင်၊ဆရာသခင်၊
ကျေးဇူးရှင်များနှင့်
ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အားလည်းကောင်း၊
ယခုဘဝတော်စပ်ကြကုန်သော
မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့်
ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အား လည်းကောင်း၊၊

(၇) ပထဝီ၊တေဇော၊အာဘော၊ဝါယော
ဓာတ်အကြီးလေးပါးကို မြီ၍ ဖြစ်ပေါ်
ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ
အနန္တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊
သြကာသလောက၊သင်္ခါရလောက၊သတ္တလောက
လောကသုံးပါး ကိုမြီ၍ ဖြစ်ပေါ်ကြကုန်သော
အနန္တ နတ် လူ ဗြမ္မာ အနန်တသတ်တဝါအားလုံးတို့အား လည်းကောင်း ၊ ယမမင်းနှင့်တကွ ငရဲသူ ငရဲသားတို့အားလည်းကောင်း။

ဘေးရန် ခပ်သိမ်း ကင်းငြိမ်း ချမ်းသာကြပါစေ၊
ဒေါသ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ကြပါစေ၊
ဆင်းရဲ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ကြပါစေ၊
နှလုံးစိတ်ဝမ်းငြိမ်းချမ်း သာယာ ကြပါစေ ကုန်သတည်း။

တပည့်တော်-
ပြုခဲ့သော ကုသိုလ် ကောင်းမူကံ
စေတနာ ၊ ဒါနကုသိုလ် ၊ သီလ ကုသိုလ်၊
ဘာဝနာကုသိုလ်၊ သစ်စာကုသိုလ်
မေတ္တာ ကုသိုလ် အစုစုတို့အား
ဝသုန္ဓရေ မြေနတ်သားအား
သက်သေအရာထား၍ လည်းကောင်း
အမျှအတန်းပေးဝေပါ၏။

တပည့်တော်နှင့် ထပ်တူထပ်မျှရ၍
သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။

ကျွတ်နိုင် လွတ်နိုင် နိဗ္ဗာန်သို့
မျက်မှောက်ပြုနိုင်ကြပါစေ။

အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
ယူတော်မူကြပါကုန်လော့ 🙏🙏🙏

သူတော်ကောင်း သူတော်မြတ် အပေါင်းတို့၏ ပြု ပြုသမျှ ကောင်းမူကုသိုလ် အစုစုတို့အားလည်း ကြှနျုပျမှ ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုပါ၏။ ထပ္တူ ထပ်မျှ ရ ရပါလို၏။

သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။

၆။ ထို့ကဲ့သို့ အမျှပေးဝေပြီး နောက်ဆုံး၌
မိမိအဓိဋ္ဌာန်ကို သစ္စာပြု၍ လိုရာဆုကို
တောင်းရမည်။
( အဓိဋ္ဌာန်ကာလအတွင်း တစ်မျိုးတည်းသော
ဆုကိုသာ တောင်းရမည်)

အချိန်မပေးနိုင်သူများ အလုပ်မအားလပ်သူများ
မေတ္တသုတ်ပရိတ်တော်ကို နေ့စဉ်
(၉) ခေါက် အဓိဋ္ဌာန်ဖြင့် ပုံမှန် ရွတ်ဖတ်
ပူဇော်နိုင်ပါက အကျိုးထူးများ
ရစေနိုင်မည် ဖြစ်ပါတယ်🙏🙏🙏

22/09/2024
  Product များကိုစံပယ်လမ်း၊ဘုန်းစိုးရပ်ကွက်၊မုံရွာမြို့မှာလက်လီ/လက်ကား ဝယ်ယူအားပေးလို့ရပါတယ်ရှင့်Ph No- 09400465780/0940...
22/11/2023

Product များကို
စံပယ်လမ်း၊ဘုန်းစိုးရပ်ကွက်၊မုံရွာမြို့မှာ
လက်လီ/လက်ကား ဝယ်ယူအားပေးလို့ရပါတယ်ရှင့်
Ph No- 09400465780/09400547906

Phone ကြည့် ကွန်ပျူတာကြည့်နဲ့
တစ်နေကုန် Screen time များနေလို့ စိုးရိမ်နေပြီလား❓

တတ်နိုင်သလောက်လျှော့ပေမယ့် တစ်နေ့ တစ်နေ့ အလုပ်လုပ်စရာ၊ သင်ယူစရာတွေအတွက် ဒီ Device တွေကိုကတော့ သုံးနေရတုန်းပါပဲ။

ဒီတော့ ကိုယ်ရဲ့ မျက်လုံးလေးတွေ ဒဏ်မပိဖို့ ဘယ်လို ပြင်ဆင်ပေးကြမလဲ❓

☑️နားနားပြီး ကြည့်ပါ။ Screen Time မိနစ် နှစ်ဆယ်လောက်ရှိလာပြီဆို ခဏနားပြီး ခပ်ဝေးဝေးကို လှမ်းကြည့်ရင်း မျက်လုံးကို အနားပေးပါ။

☑️Blue Block ပါတဲ့ မျက်မှန်တွေကို Phone, Tablet နဲ့ ကွန်ပျူတာတွေ သုံးတိုင်းမှာ တပ်ပေးပါ။

☑️အမြင်အာရုံအတွက် အကျိုးပြုတဲ့ ဗီတာမင်တွေ အာဟာရဓါတ်တွေ ဖြည့်စွက်ပေးပါ။

မျက်လုံးရဲ့ လုပ်ငန်းစဉ်တွေကို ပုံမှန်ဖြစ်စေပြီး အမြင်အာရုံကို ထိခိုက်စေတဲ့ ဓါတ်တိုးပစ္စည်းတွေကိုလည်း ခြေဖျက်ပေးပြီး မျက်လုံးကို အန္တရာယ်ဖြစ်စေတဲ့ ရောင်ခြည် (ဥပမာ-ခရမ်းလွန်ရောင်ခြည်) တွေကလည်း ကာကွယ်ပေးဖို့ဆို
👉Phototec (မျက်စိဆေး)
အသက် ၁၂ နှစ်အထက်ကစပြီး သောက်သုံးပေးနိုင်ပါတယ်။

မျက်လုံးဆဲလ်တွေ ရှင်သန်ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင် အေကိုဖြည့်ပေးပြီး အမြင်အာရုံကို တိုးတက်ကောင်းမွန်စေဖို့ဆို
👉Nature A (သဘာဝ-အေ)
အသက်၂ နှစ်အထက်ကစပြီး ကလေး၊ လူကြီးမရွေး သောက်သုံးပေးနိုင်ပါတယ်။



🙏အတူတူအဓိဌာန်ဝင်ကြရအောင် 🙏🙏ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး...
29/07/2023

🙏အတူတူအဓိဌာန်ဝင်ကြရအောင် 🙏

🙏ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏🙏🙏

၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား...

၂။ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

၄။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတက်သော မြတ်စွာဘုရား...

၅။ လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား...

၇။ သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား...

၈။ ဗုဒ္ဓေါ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား...

၉။ ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား 🙏🙏🙏

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အကျိုး🙏🙏🙏

၁။ အရဟံ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊ သူတစ်ပါးတို့က လေးစားချစ်ခင်သည်။

၂။ သမ္မာသမ္ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အသိဉာဏ်ပညာ ထိုးထွင်းတိုးပွါးစေသည်၊ အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘုန်းတန်ခိုးကြီးမားစေသည်၊ လက်ရုံးရည် နှလုံးရည် တိုးပွါးစေသည်။သတ္တိ ဗျတ္တိ နှင့် ပြည့်စုံနိုင်စေသည်။

၄။ သုဂတော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီသည်၊ ချီးမြင့်သည်၊ မိမိတောင့်တသမျှ ကောင်းကျိုးများ အောင်မြင်သည်၊ ရောက်လေရာရာ အခါမရွေး ဒေသမရွေး မျက်နှာပွင့်လန်းသည်။

၅။ လောကဝိဒူ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အချိန်ကာလ နေရာဌာနအားလျော်စွာ အကြံအစည် ပြုသမျှကိစ္စ အားလုံးကို အလွယ်တကူ အောင်မြင်သည်၊ သူတစ်ပါးတို့ အကြံအစည်ကိုလည်း သိနိုင်သည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - သူတစ်ပါးတို့က နိုင်ထက်ကလူ မပြုနိုင်၊ အပြိုင်အဆိုင်ဟူသမျှ အနိုင်ရသည်။

၇။ သတ္တာဒဝေ မနုဿာနံ - သူတစ်ပါး၏ အကြည်ညိုခံရသည်၊ အစဉ်ထာဝရ လေးစားရိုသေမှုခံရသည်။ ဩဇာအာဏာ ထက်မြက်သည်။

၈။ ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အရာရာကြံဆ၍ သိနိုင်ပေသည်၊ ပြဿနာ ဟူသမျှကို ဖြေရှင်းနိုင်သည်။

၉။ ဘဂဝါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် လူချစ်လူခင်ပေါများသည်၊ အားလုံးက ကြည်ညိုကြသည်၊ အခြွေအရံပေါများသည်၊ သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

🙏🙏🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့ " ကိုးနဝင်း " ပုတီးစိပ်နည်း🙏🙏🙏

စိပ်ရမယ့် နေ့ရက်များ
__________________________
၉ပါးစလုံးကို
နေ့တိုင်းတစ်ပတ်စီပါ

အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်

1 . 8 . 2023.မှ
9 . 8 . 2023.အထိ
__________________________

အရဟံ သိဒ္ဓိ (၉)ပတ်

10 . 8 . 2023. မှ
18 . 8. 2023.အထိ
__________________________

သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

19 . 8 . 2023. မှ
27 . 8 . 2023. အထိ
________________________

ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်

28 .8 . 2023 . မှ
5 . 9 . 2023.နေ့အထိ
________________________

သုဂတော သိဒ္ဓိ (၉)ပတ်

6 . 9 . 2023 . မှ
14 . 9 . 2023 . နေ့အထိ
__________________________

လောကဝိဒူ သိဒ္ဓိ (၉)ပတ်

15 . 9 . 2023 . မှ
23 . 9 . 2023 . နေ့အထိ
__________________________

အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်

24 . 9 . 2023 . မှ
2 . 10 . 2023 . နေ့အထိ
__________________________

သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်

3 . 10 . 2023 . မှ
11 . 10 . 2023 . အထိ
__________________________

ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

12 . 10. 2023. မှ
20 . 10 . 2023 . အထိ

_________________________

ဘဂဝါ သိဒ္ဓိ (၉)ပတ်

21 . 10 . 2023. မှ
29 . 10. 2023 . အထိ
__________________________

🍀 သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
🍀အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
🍀နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်

🙏 လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။🙏
Crd Owner

Thank !!!

မင်မင် Page လေးကို ပစ်ထားသလို ဖြစ်သွားလို့ Sorry ပါ🙏🙏🙏PedisaSure တခါသောက်ဘူးလေးတွေ၅ဘူးဝယ်ပြီး ၁ဘူးလက်ဆောင်ယူလိုက်ပါအေးသု...
16/11/2022

မင်မင် Page လေးကို ပစ်ထားသလို
ဖြစ်သွားလို့ Sorry ပါ🙏🙏🙏
PedisaSure တခါသောက်ဘူးလေးတွေ
၅ဘူးဝယ်ပြီး ၁ဘူးလက်ဆောင်ယူလိုက်ပါ

အေးသုခ ဆေးဆိုင်
စံပယ်လမ်း၊ဘုန်းစိုးရပ်ကွက်၊မုံရွာမြို့
09400465780
09400547906

💚ကိုယ်ခံစွမ်းအား မြှင့်တင် ပေးပြီး လူကိုလန်းဆန်းစေသော ImunActiv ဆေး ၂ လုံးတိုင်းတွင် Betaglucan -337mgVitamin C    -100m...
14/09/2022

💚ကိုယ်ခံစွမ်းအား မြှင့်တင် ပေးပြီး
လူကိုလန်းဆန်းစေသော

ImunActiv ဆေး ၂ လုံးတိုင်းတွင်

Betaglucan -337mg
Vitamin C -100mg
Zinc -15 mg
Bioflavonoids-50 mg ပါဝင်ပါတယ်

👉Betaglucan က ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးလို့ မကြာခဏဖျားတတ်သူများ ၊ ရာသီတုပ်ကွေး နဲ့ကင်ဆာရောဂါတို့မှာ အသုံးပြုပါတယ်

ဒါ့ပြင်ကို 1997 ခုနှစ် US FDA က အတည်ပြုထားတဲ့ အချက်(၃)ချက်ကတော့

(၁)Cholesterol (ကိုလက်စရော)ကိုကျစေတယ်

(၂)သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အပြင်

(၃)နှလုံးရောဂါဖြစ်ခြင်းကို လျော့ကျစေပါတယ်

👉Vitamin C ကတော့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်ဆိုတာ အားလုံးသိပြီးသားပဲ ဖြစ်ပါတယ်

👉Zinc ကလည်း ခုနောက်ပိုင်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဓာတ်တစ်မျိုးအဖြစ် လူသိများ လာပါတယ်

💙Bioflavonoid က သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် Antioxidants လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိရှိပါတယ်။
Bioflavonoids ကို ဓာတ်မတည့်ရောဂါ ၊ဗိုင်းရပ်စ်ကူးစက်ရောဂါတွေမှာ Vitamin C နဲ့အတူတွဲသုံးပါတယ်

💚ImunActiv သောက်သုံးပုံ💚

မနက်တစ်လုံး ၊ညနေ တစ်လုံး အစာနဲ့တွဲ၍သောက်သုံးနိုင်ပါတယ်။

အေးသုခ ဆေးဆိုင်
စံပယ်လမ်း၊ဘုန်းစိုးရပ်ကွက်၊မုံရွာမြို့ မှာ
လက်လီ/လက်ကား အားပေးလို့ရပါတယ်ရှင့်
09400465780
09400547906
09400405767

ဖြန်းလိုက်ရုံနဲ့ အိုကေသွားစေမယ့် Betadine Dry Powder Spray ...✅ အေးအေးလေးနဲ့ မစပ်ဘူး ✅ ယိုစီးမှုမရှိ ✅ အနာကိုလက်နဲ့ထိစရာ...
14/09/2022

ဖြန်းလိုက်ရုံနဲ့ အိုကေသွားစေမယ့် Betadine Dry Powder Spray ...

✅ အေးအေးလေးနဲ့ မစပ်ဘူး
✅ ယိုစီးမှုမရှိ
✅ အနာကိုလက်နဲ့ထိစရာမလို
✅စက္ကန့် သုံးဆယ်အတွင်း ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပြီး အနာကျက်တာကိုလည်း မြန်စေတယ်နော်။

ဒီ BETADINE Dry Powder Spray လေးကို
အေးသုခ ဆေးဆိုင်
စံပယ်လမ်း၊ဘုန်းစိုးရပ်ကွက်၊မုံရွာမြို့မှာ
လက်လီ/လက်ကား အားပေးလို့ရပါပြီရှင့်

#ပိုလွယ်တယ် #ပိုမြန်တယ်
#ဘီတာဒိုင်းဖြန်းဆေး

💊Mega 3 (အကောင်းဆုံး Omega-3 ငါးကြီးဆီ)💊🐳ပင်လယ်ငါးကြီးတွေက ရရှိတဲ့အဆီ (Fish Oil) ဟာ Omega 3 Fatty acid ပါဝင်တဲ့အတွက် လူက...
14/09/2022

💊Mega 3 (အကောင်းဆုံး Omega-3 ငါးကြီးဆီ)💊

🐳ပင်လယ်ငါးကြီးတွေက ရရှိတဲ့အဆီ (Fish Oil) ဟာ Omega 3 Fatty acid ပါဝင်တဲ့အတွက် လူကိုယ်ခန္ဓာအတွက် ကောင်းကျိုးများစွာ ရရှိစေပါတယ်။

💊Mega-3 မှာဆိုရင် ပင်လယ်ရေနက်ထဲမှာ နေထိုင်တဲ့ Salmon ငါးကြီးရဲ့ ဝမ်းဗိုက်အဆီမှ ထုတ်လုပ်ထားတဲ့ သန့်စင်ပြီး (Mercury Free) Omega 3 fatty acid 1000mg ပါဝင်ပါတယ်။

💊MEGA-3 ကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းဖြင့် နှလုံးနှင့်သွေးကြောရောဂါများအား ကြိုတင်ကာကွယ်ပါတယ်။

💊EPA ပါဝင်တဲ့အတွက် သွေးတွင်းမကောင်းသော အဆီများ (Triglycerides) ကိုဖယ်ရှားပေးပြီး ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အဆီဓာတ် (HDL Cholesterol) ကိုများစေခြင်းဖြင့် နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးပျစ်ခဲခြင်းနှင့် ရုတ်တရက် နှလုံးရပ်သေဆုံးခြင်းတို့ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

💊DHA ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးလျှင် ရင်သွေးငယ်၏ ဦးနှောက်နှင့်အမြင်အာရုံ ဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်။

💊နေ့မစေ့လမစေ့မွေးခြင်းနှင့် ကိုယ်အလေးချိန်ပေါင်မပြည့်သော ကလေးမွေးခြင်းကို ကာကွယ်ပေးပါတယ်။

💊နို့တိုက်မိခင်များ သောက်သုံးလျှင် ကလေးငယ်၏ဉာဏ်ရည်နှင့် သင်ကြားမှုစွမ်းရည်ကို အထူးဖွံ့ဖြိုးတိုးတက်စေတယ်။

💊🥰ဒါ့ကြောင့် Mega-3 ဟာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအနေဖြင့် နေ့စဉ်ပုံမှန် သောက်သုံးသင့်သော Omega-3 ငါးကြီးဆီဖြစ်ပါတယ်။

💊လေးဘက်နာဝေဒနာရှင်များတွင် Mega-3 ပုံမှန်သောက်သုံးခြင်းဖြင့် အဆစ်ရောင်ရမ်းမှု၊ နံနက်အိပ်ယာထ တောင့်တင်းမှု၊ မလှုပ်နိုင်မှုတို့ကို သက်သာစေပါတယ်။

💊အရေပြားရောဂါနှင့် နှင်းခူတို့တွင် သမရိုကျဆေးများနှင့် တွဲဖက်၍ ပုံမှန်သောက်သုံးခြင်းဖြင့် ရောင်ရမ်းခြင်းနှင့် ဖျားနာခြင်းတို့ကို သက်သာစေပါတယ်။

💊ဒါ့အပြင် Computer Vision Syndrome ကြောင့်ဖြစ်တဲ့ မျက်ရည်ခမ်းခြောက်ခြင်းကို လျော့နည်းစေနိုင်ပြီး မျက်ရည်ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။

💊Omega-3 ငါးကြီးဆီ မှန်မှန်သောက်ခြင်းသည် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများကို ကာကွယ်ပေးပါတယ်။

🇦🇺💊Mega-3 ငါးကြီးဆီကို Australia နိုင်ငံမှ ထုတ်လုပ်ထားသောကြောင့် အရည်အသွေးစိတ်ချရသည်အပြင် လူမျိုးဘာသာမရွေး သောက်သုံးနိုင်သော သန့်စင်ပြီး Omega-3 ငါးကြီဆီဖြစ်ပါတယ်။

🤔Mega-3 ကိုမည်သည့်အရွယ်မှ စတင်သောက်လို့ရပါသလဲ...
📌Mega-3 ငါးကြီးဆီကို အသက်(၁၂) နှစ်မှစပြီး နေ့စဉ်သောက်သုံးနိုင်ပါတယ်။

🤔Mega-3 ကို ဘယ်လိုသောက်ရမလဲ...
📌Mega-3ငါးကြီးဆီကို တနေ့(၁) ကြိမ် တစ်ခါသောက်တတစ်လုံးမှ နှစ်လုံးအထိ အစာစားပြီးသောက်သုံနိုင်ပါတယ်။

🤔Mega-3 ကဘာတွေပါလဲ၊ ဘာအတွက်ကောင်းလဲ...
📌Mega-3တွင် Omega-3 ငါးကြီးဆီ 1000mg ပါဝင်ပြီး EPA 18% နှင့် DHA 12% ပါဝင်ပါတယ်။ Mega-3 ကိုနေ့စဉ်သောက်သုံးခြင်းဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်ရောင်ရောဂါ၊ အရေပြားရောဂါ တို့ကို ကာကွယ်နိုင်ပါတယ်။

🤔Mega-3 ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေသောက်လို့ရလား...
📌Mega-3ကို ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးခြင်းဖြင့် ရင်သွေးငယ်၏ ဦးနှောက်နှင့် အမြင်အာရုံဖွံဖြိုးမှုကို တိုးတက်စေပါတယ်။ နို့တိုက်မိခင်များတွင် သောက်သုံးခြင်းဖြင့် ကလေးငယ်၏ ညဏ်ရည်နှင့် သင်ကြားမှုစွမ်းရည်ကို ဖွံဖြိုးတိုးတက်စေပါတယ်။

🤔Mega-3 က နှလုံးရောဂါအတွက်ကောင်းလား...
📌Mega-3 ကို နှလုံးရောဂါရှိသူများ သောက်သုံးခြင်းဖြင့် သွေးတွင်းမကောင်းသော အဆီများကို ဖယ်ရှားပေးပြီး ရုတ်တရက် နှလုံးရပ်သေဆုံးခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ သွေးပျစ်ခြင်း၊ သွေကြောကျဉ်းခြင်းတို့မှလဲ ကာကွယ်ပေးပါတယ်။

🤔Mega-3 ကို ဆီးချိုရောဂါရှိတဲ့သူတွေကော သောက်လို့ရလား...
📌Mega-3 ကိုဆီးချိုရောဂါ ရှိသူများလည်း ဆီးချိုဆေးနှင့် အတူတွဲဖက်သောက်သုံးနိုင်ပါတယ်။ ဆီးချိုကြောင့် ဖြစ်တဲ့နှလုံးသွေကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

🤔Mega-3 ကို သွေးတိုးရောဂါရှိတဲ့သူတွေသောက်လို့ရပါသလား...
📌Mega-3 ကိုသွေးတိုးရောဂါရှိသူများလည်း သောက်သုံးနိုင်ပါတယ်။ သွေတိုးကြောင့်ဖြစ်တဲ့ နှလုံးရောဂါ၊ သွေကြောကျဉ်းရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပြီး သွေးပေါင်ပုံမှန်ရှိစေရန် ထိန်သိမ်းပေးပါတယ်။

🤔Omega-3 နဲ့ Omega 3-6-9 အပေါင်း ဘာကွာလဲ...
📌Mega-3 တွင် Omega-3 fatty acid တွေဖြစ်တဲ့ EPA နဲ့ DHA ပါဝင်ပါတယ်။ လူ့ကိုယ်ခန္ခာကိုယ်က Omega-3 နဲ့ Omega-6 တို့ကို ထုတ်ပေးနိုင်မှု နည်းပါတဲ့အတွက် ဖြည့်စွက်စာအနေနဲ့ စားသုံးသင့်ပါတယ်။ Omega-3 ဟာ ကိုယ်ခန္ဓာအတွင်းရှိ ရောင်ရမ်းကိုက်ခဲမှုတွေဖြစ်စေတဲ့ ဓာတ်ပစ္စည်းများကို တာဆီးပေးနိုင်စွမ်းရှိပါတယ်။ Omega-9 ကတော့ အကျိုးအာနိသင်ထူးခြားခြင်းမရှိပါဘူး။

🤔Mega-3 က အသားအရေအတွက်ကောင်းလား...
📌Mega-3ဟာအသားအရည်ကို ကြည်လင်စေပြီး အရေပြားရောဂါများနှင့် နှင်းခူရောဂါတို့တွင် သမာရိုးကျဆေးများနှင့် တွဲဖက်သောက်သုံးနိုင်ပြီး ရောင်ရမ်းခြင်းနှင့် ဖျားနာခြင်းတို့ကို လျင်မြန်စွာ သက်သာစေပါတယ်။

🤔Mega-3 က အာရုံကြောအတွက်ကောကောင်းလား...
📌Mega-3 ကို ပုံမှန်သောက်သုံးခြင်းဖြင့် ပျက်စီးသွားသော အာရုံကြောများ (nerves) များကို အသစ်ပြန်လည်ဖြစ်စေပြီး အာရုံကြောနာကျင်ရောင်ရမ်းခြင်းများကိုလည်း သက်သာစေပါတယ်

🥰ဗီတာမင်နှင့် အန်တီအောက်ဆီးဒန့် ပေါင်းစပ်အားဆေး Protec🥰(Complete Antioxidant Formula)👉🏻ပြောင်းလဲလာသော ပတ်၀န်းကျင်ရဲ့ဒဏ်တ...
14/09/2022

🥰ဗီတာမင်နှင့် အန်တီအောက်ဆီးဒန့် ပေါင်းစပ်အားဆေး Protec🥰(Complete Antioxidant Formula)

👉🏻ပြောင်းလဲလာသော ပတ်၀န်းကျင်ရဲ့ဒဏ်တွေ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေမှု့ပုံစံတွေ၊ အလုပ်ရဲ့ဖိအားတွေများလာတဲ့ ဒီနေ့လိုခေတ်မှာ ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကျန်းမာလန်းရွှင်စွာလုပ်ဆောင်နိုင်ဖို့ ဗီတာမင်အားဆေးတွေ မှီ၀ဲဖို့လိုအပ်လာကြပါတယ်။

👉🏻ဒါကြောင့် ကျန်းမာတဲ့နေ့စဉ်ဘ၀တွေကို ပိုင်ဆိုင်နိုင်ဖို့ ဗီတာမင် နဲ့ အန်တီအောက်ဆီးဒန့် ပေါင်းစပ်အားဆေး Protecကို ညွှန်းချင်ပါတယ်။

Protec မှာဆိုရင်
📌နှလုံးနဲ့ အာရုံကြောအတွက်အထူးကောင်းမွန်တဲ့ Vitamin B6, B12 နဲ့ Folic acid
📌အမြင်အာရုံအတွက် အထောက်အပံ့ပေးမယ့် Beta carotene
📌ခန္ဓာကိုယ်ဆဲလ်တွေရဲ့လုပ်ဆောင်ချက်တွေကို ပုံမှန်အတိုင်းဆောင်ရွက်နိုင်စေဖို့ Vitamin B1 နဲ့ B5
📌ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ Antioxidant Vitaminတွေအနေနဲ့ Vitamin C, Vitamin E
📌ဒီလိုအချိန်မှာအရေးကြီးတဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးမယ့် Zinc တို့ပါ၀င်ပါတယ်။

👉🏻ဒီလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေတင်သာမက
• နှလုံးနဲ့ ဉီးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တစ်ခုလုံးကို Antioxidant actionပေးနိုင်မယ့် စွမ်းအားမြင့်Antioxidantဖြစ်တဲ့ Grape Seed Extract (GSE)
• အသည်းရဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အသည်းလုပ်ငန်းဆောင်တာတွေကို ပုံမှန်ဖြစ်စေရန် ထိန်းညှိပေးမယ့် အသည်းAntioxidantလို့ခေါ်ကြတဲ့ – Silymarin တို့ကိုလည်းအားဖြည့်ထားပါတယ်။
👉🏻နာတာရှည်ရောဂါတွေ (lifestyle diseases) ဖြစ်နိုင်ခြေများတဲ့သူတွေနဲ့ အရွယ်တင်နုပျိူလိုသူများ Protecကို မုချသောက်သင့်ပါတယ်။
👉🏻ဒါ့အပြင် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာရောဂါခံစားနေရသူတွေမှာလည်း သောက်လက်စဆေးတွေနဲ့ အတူ Protecကို တွဲဖက်သောက်သုံးခြင်းအားဖြင့် ရောဂါအခြေအနေဆိုးရွားလာခြင်းကို ဟန့်တားပေးနိုင်ပြီး သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း လျော့နည်းစေပါတယ်။

Protecကို မနက်အစာစားပြီးချိန်တိုင်း တစ်နေ့ (၁) လုံးသောက်သုံးနိုင်ပါတယ်။

နေ့စဥ်ဘဝတွေ ကျန်းမာဖို့ ကို သောက်ကြစို့

Address

Sabal St;Bone Soe Qtr;Monywa
Monywa
02301

Telephone

+959400465780

Website

Alerts

Be the first to know and let us send you an email when Aye Thu Kha Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram