Pone Pa Mar -Distribution

Pone Pa Mar -Distribution Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pone Pa Mar -Distribution, Medical and health, Daw Mae Street, Sulaygone Qr, Monywa.

27/12/2025
22/12/2025

#သကြားဖြတ်ခြင်း
#ကဆီဓာတ်လျှော့စားခြင်း



ဒီရက်ပိုင်း ခေတ်စားနေတဲ့ ခေါင်းစဉ်တစ်ခုပါ ၊ ကျန်းမာရေးရှု့ထောင့်က ဖြစ်ပေမယ့် ဆရာဝန်/ကျန်းမာရေးပညာရှင်တွေထဲမှာကို ကွဲလွဲမှုတွေရှိနေပါတယ်။

နံပါတ် (၁) သကြားဖြတ်တာ နဲ့ ကဆီဓာတ် (Carbohydrates) ထမင်း၊ခေါက်ဆွဲ၊ကြာဆံ၊ပေါင်မုန့် ဖြတ်တာ မတူပါဘူး။

နံပါတ် (၂) ဖြတ်ရတဲ့သကြား ဆိုတာမှာ Added Sugar
👉 ကော်ဖီ၊လက်ဖက်ရည် သောက်တဲ့အခါ ထည့်သောက်တာမျိုး
👉 Energy drink အပါအဝင် အချိုရည်မျိုးစုံ
👉 Cake မျိုးစုံအပါအဝင် မုန့်အချိုမျိုးစုံ စသဖြင့် အရာတွေကို မစားမသောက်တော့ကို ပြောချင်တာပါ

နံပါတ် (၃) Social Media က တချို့တွေရောထွေးနေကြသလို သကြားဖြတ်တယ် ဆိုတာ - Carbohydrate ကဆီဓာတ်ဖြတ်တာ မဟုတ်ပါဘူး။
Carbohydrate - ကဆီဓာတ် ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် စွမ်းအားရင်းမြစ်ဖြစ်ပါတယ်၊
စွမ်းအားရင်းမြစ် ဖြစ်တယ်လို့ ဆိုတာနဲ့ ကြိုက်
သလောက်စားလို့ရတယ်မဟုတ်ပြန်ပါဘူး
များများစားရင် အဆီဖြစ်ပြီး အဝ လွန်တာ၊ သွေးတိုး ဆီးချို နှလုံးရောဂါ အသည်းအဆီဖုံးရောဂါ စတာတွေဖြစ်လာနိုင်လို့ Carbohydrate - ကဆီဓာတ် ဟာ လျှော့စားရတာပါ။
“ Low Carb Diet” လို့ ခေါ်ကြပါတယ်

နံပါတ် (၄) Added Sugar - ထပ်ဆောင်းသကြားက ဖြတ်လိုက်ပါပြီတဲ့ ချက်ချင်းကြီး နေလို့ကောင်းသွားသလား
🚨 သတိထားရမယ့် အချက်ပါ 🚨
“သကြားဖြတ်ဖြတ်ခြင်း လုံးဝ နေလို့ထိုင်လို့မကောင်းပါဘူး”
- ခေါင်းကိုက်တာ ခေါင်းမကြည်တာ
- စိတ်တိုတာ စိတ်အလိုမကျတာ
- စိတ်အတက်အကျမြန်တာ
- အာရုံမစူးစိုက်နိုင်တာ
- အိပ်လို့မရတာ
- အရမ်းကိုအချိုတောင့်တနေတာ စတဲ့ လက္ခဏာတွေ ခံစားတွေ့ကြုံရတတ်ပါတယ်

တစ်ရက် နှစ်ရက်ပဲလား မဟုတ်ပါဘူး နည်းနည်းကြာပါတယ် ***တပတ် - ဆယ်ရက် ကြာတတ်ပါတယ်။

နံပါတ် (၅) အပေါ်ကပြောတဲ့ လက္ခဏာတွေ ခံစားရပေမယ့် ခန္ဓာကိုယ်အတွက်က အကျိုးများစွာရှိပါတယ်
👉 ကိုယ်အလေးချိန် ကျလာတယ်
👉 ခန္ဓာကိုယ်ရောင်ရမ်းတာတွေ လျော့လာတယ် - အဆစ်နာတာ ကြွက်သားနာတာ စတာတွေ လျော့လာမယ်
👉 နှလုံးကျန်းမာရေးကောင်းလာမယ်
👉 သွားကျန်းမာရေးကောင်းလာမယ်
👉 တင်းရင်းစိုပြေတဲ့ အရေပြားကိုပိုင်ဆိုင်လာမယ်
သကြား ယင်းထ တဲ့ အချိန်ကျော်လွန်သွားပြီဆိုရင်
👉 ဦးနှောက်ကြည်လင်ပြီး အတွေးတွေကွန့်မြူးလာမယ်
👉 စိတ်တည်ငြိမ်ပြီး ဆုံးဖြတ်ချက်တွေပြတ်သားလာမယ်
ရေရှည်မှာ သွေးတိုး ဆီးချိုရောဂါတွေ မဖြစ်လာနိုင်သလို ဖြစ်နေပြီးသားဆိုရက်လည်း ထိန်းသိမ်းလာနိုင်ပါမယ်။

နံပါတ် (၆) သကြားကို ချက်ချင်းကြီး လုံးဝ ဖြတ်ချလိုက်တာမျိုးမဟုတ်ပဲ တဖြည်းဖြည်း လျှော့သွားလိုက်ရင် ယင်းထ တဲ့ လက္ခဏာတွေ ဆိုးဆိုးဝါးဝါးမခံစားရဘူးပေါ့
ဥပမာ - ကော်ဖီ 3 in 1 သောက်တာမျိုးကို
မဖြတ်နိုင်သေးရင် မုန့်အချိုတွေဝယ်စားတာ အချိုရည်တွေဝယ်သောက်တာမျိုး အရင်စဖြတ်ပေါ့
အဲ့လိုကနေ တဖြည်းဖြည်း လျှော့လျှော့သွားရင် အဆင်ပြေပါတယ်
“သကြားကို ဖြတ်လိုက် ပြန်စားလိုက် ဖြတ်လိုက် လုပ်နေခြင်းဟာ
သစ္စာမရှိတဲ့ Ex ကို ဖြတ်လိုက်တွဲလိုက် လုပ်နေသလိုပါပဲ ကိုယ်ခံစားရတာက လွဲရင် ဘာမှကောင်းမလာပါဘူး 🥺”

နံပါတ် (၇) ရေများများသောက်ပါ ၊ အချိုအရမ်းတောင့်တလွန်းရင် ဟင်းသီးဟင်းရွက် အသီးအနှံ စားပေးပါ
Natural Sugar/အသီးအနှံ စားလို့ရတယ် ဆိုပြီး
❌ ကြံချောင်းတွေစားတာ
❌ ဒူးရင်းသီးတွေ အလုံးလိုက်စားတာ မျိုးကတော့ အဆင်မပြေပါဘူး
✔️ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
✔️ အိပ်ချိန်မှန်မှန် နဲ့ အိပ်ရေး ဝ ဝ အိပ်ပါ

ဘဝရှေ့ရေး ကောင်းမွန်စေဖို့ သစ္စာမရှိတဲ့ Ex ကို ဖြတ်သလို Added Sugar - အပိုဆောင်းသကြားတွေကို ဖြတ်လိုက်ဆက်လိုက်မဟုတ်ပဲ ပြတ်ပြတ်သားသားဖြတ်လိုက်ပါ
(Photo credit; ObesityHelp)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
10:20 pm/21.12.25
(ကျန်းမာရေးဗဟုသုတ စိတ်ပညာ စိတ်ဓာတ်ခွန်အားပေး နှင့်ကလေးပြုစုစောင့်ရှောက်ခြင်းဆိုင်ရာဆောင်းပါးများ ကို နေ့စဉ်ရေးသားမျှဝေပေးလျက်ရှိပါသည်)

19/12/2025

မနက်ဖြန်တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

👁️ Eye Mo Moist အပြာရောင်က ကွန်ပျူတာ ဖုန်း အကြည့်များလို့ပဲဖြစ်ဖြစ် ဂိမ်းဆော့တာများလို့ပဲဖြစ်ဖြစ် မျက်လုံးခြောက်သွေ့တတ်သူများအတွက် ခပ်လိုက်တာနဲ့ ပူခြင်းစပ်ခြင်းမရှိဘဲ ချက်ချင်းဆိုသလို မျက်လုံးအေးစေပြီး ကြည်လင်သက်သာစေပါတယ်.

👁️ Eye Mo Red Eyes အနီရောင်က မျက်လုံးယားယံခြင်း၊ မျက်လုံးနီခြင်းနှင့် မျက်လုံးပူခြင်းကို သက်သာပျောက်ကင်းစေပါတယ်... မျက်လုံးအတွက် တကယ်ကောင်းမွန်တဲ့ Eye Mo မျက်စဉ်းများကို ဆေးဆိုင်တိုင်းမှာ မေးဝယ်နိုင်ပါတယ်ရှင့်..





#မျက်လုံးခြောက်သွေ့ခြင်း
#မျက်လုံးနီရဲခြင်း

19/12/2025

မနက်ဖြန်ကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့ကို ကြိုဆိုအပ်ပါသည်။ အေးချမ်းပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးဖြစ်ပါစေ…

"ချွဲတွေကြပ်ပြီး ဆိုးတဲ့ချောင်း COMBIKAF နဲ့ အမြန်ကောင်း"

#ချောင်းဆိုး #ချွဲကြပ် #အအေးမိ

19/12/2025

ယနေ့ (၂၀၂၅ခုနှစ်)၊ ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ကျရောက်သော ``ကရင်နှစ်သစ်ကူးနေ့´´ ကို GNC Myanmar ကုမ္ပဏီမိသားစုက ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

🌿 ပျော်ရွှင်စရာကောင်းသော ကရင်နှစ်သစ်ကူးနေ့လေး ဖြစ်ပါစေ ...

#ကရင်နှစ်သစ်ကူးနေ့

19/12/2025

ယနေ့ ကျရောက်သော ကရင်နှစ်သစ်ကူးနေ့အား ကြိုဆို ဂုဏ်ပြုအပ်ပါသည်။

17/12/2025

Screen Time ကို သတိထားပါ။
မျက်စိညောင်းညာမှုကို လျှော့ချဖို့အတွက် နာရီဝက် (၃၀ မိနစ်) တိုင်းမှာ စက္ကန့် ၂၀ ကြာ အဝေးကို ကြည့်ပြီး မျက်လုံးကို အနားပေးတဲ့ "20-20-20 နည်းလမ်း" ကို သုံးပါ။ ဒါ့အပြင် ကွန်ပျူတာ screen ကို လက်တစ်ကမ်းအကွာမှာ ထားပြီး မီးအလင်းရောင်ကိုလည်း မျက်လုံးနဲ့ သက်တောင့်သက်သာ ဖြစ်အောင် ချိန်ညှိပါ။

👁️ Eye Mo Moist အပြာရောင်က ကွန်ပျူတာ ဖုန်း အကြည့်များလို့ပဲဖြစ်ဖြစ် ဂိမ်းဆော့တာများလို့ပဲဖြစ်ဖြစ် မျက်လုံးခြောက်သွေ့တတ်သူများအတွက် ခပ်လိုက်တာနဲ့ ပူခြင်းစပ်ခြင်းမရှိဘဲ ချက်ချင်းဆိုသလို မျက်လုံးအေးစေပြီး ကြည်လင်သက်သာစေပါတယ်.

👁️ Eye Mo Red Eyes အနီရောင်က မျက်လုံးယားယံခြင်း၊ မျက်လုံးနီခြင်းနှင့် မျက်လုံးပူခြင်းကို သက်သာပျောက်ကင်းစေပါတယ်... မျက်လုံးအတွက် တကယ်ကောင်းမွန်တဲ့ Eye Mo မျက်စဉ်းများကို ဆေးဆိုင်တိုင်းမှာ မေးဝယ်နိုင်ပါတယ်ရှင့်..





#မျက်လုံးခြောက်သွေ့ခြင်း
#မျက်လုံးနီရဲခြင်း

Address

Daw Mae Street, Sulaygone Qr
Monywa
02301

Telephone

+959976202423

Website

Alerts

Be the first to know and let us send you an email when Pone Pa Mar -Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share