Monywa Thar

Monywa Thar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Monywa Thar, Health & Medical, Monywa.

04/07/2025

***သွေးဆုံးခါနီးဝေဒနာကို သက်သာစေမည့်နည်းလမ်းများ**😊😊

အမျိုးသမီးတွေမှာ အသက် ၄၀ နောက်ပိုင်း၊ ၅၀ ကျော်လာပြီဆိုရင် သွေးဆုံးတဲ့လက္ခဏာတွေက စတင်လို့လာပြီး အများအားဖြင့် နှစ်နဲ့ကြာတတ်ကြပါတယ်။ ဒီကာလအတွင်းမှာဆိုရင် သွေးဆုံးတဲ့အမျိုးသမီး အနည်းဆုံး ၃ ပုံ ၂ ပုံ လောက်က သွေးဆုံးခါနီးဝေဒနာတွေကို ခံစားရတတ်ပါတယ်။ ရှိန်းတိန်းဖိန်းတိန်းဖြစ်ခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ စိတ်ဆတ်ခြင်း၊ နုံးခြင်းအစရှိတာတွေ ခံစားရပါတယ်။ ဒါ့အပြင် အရိုးပွခြင်း၊ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချို အစရှိတဲ့ရောဂါတွေလည်း ဖြစ်နိုင်ခြေပိုများလာပါတယ်။

ဒီနေ့မှာတော့ သွေးဆုံးခါနီးရင်ဖြစ်တတ်တဲ့ ဝေဒနာတွေကိုပြေလျော့သက်သာစေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

ကယ်လ်စီယမ်၊ ဗီတာမင်ဒီ ကြွယ်ဝတဲ့အစားအစားကိုစားပါ
သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းက အရိုးကိုအားနည်းစေပြီး အရိုးပွနိုင်ခြေကိုမြင့်မားစေပါတယ်။ ဒါကြောင့် အရိုးကိုကျန်းမာစေတဲ့ ကယ်လ်စီယမ်၊ ဗီတာမင်ဒီပါဝင်တဲ့ အစားအသောက်တွေကို လုံလောက်စွာစားသုံးပါ။ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင်ဟင်းရွက်၊ တို့ဟူး၊ ပဲအမျိုးမျိုးက ကယ်လ်စီယမ်ကြွယ်ဝပြီး ဗီတာမင်ဒီအတွက်ကတော့ နေရောင်ခြည်နဲ့ထိတွေ့ပါ။

ဒါပေမဲ့ အသက်ကြီးလာရင် နေရောင်ခြည်ကနေ ဗီတာမင်ဒီထုတ်တာကနည်းသွားတတ်လို့ ဖြည့်စွက်စာ (သို့) ဥအမျိုးမျိုး၊ ငါးကြီးဆီ၊ ဗီတာမင်ဒီဖြည့်စွက်ထားတဲ့အစားအစာတွေကို မှီဝဲနိုင်ပါတယ်။

***ကိုယ်အလေးချိန်ထိန်းပါ***

သွေးဆုံးချိန်နီးရင် အများအားဖြင့် ဝိတ်တက်လာကြပါတယ်။ ဒါက ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်သလို အသက်အရွယ်၊ နေထိုင်စားသောက်ပုံ၊ ဗီဇနဲ့လည်းသက်ဆိုင်ပါလိမ့်မယ်။

လေ့လာမှုတစ်ခုအရ တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန်ရဲ့ ၁၀ % ကို လျှော့ချလိုက်နိုင်တဲ့အမျိုးသမီးတွေက ဖိန်းတိန်းရှိန်းတိန်းဖြစ်တာ၊ ညဘက်ချွေးထွက်တာတွေ သက်သာသွားနိုင်ပါတယ်။

***အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားသုံးပါ***

ဒီအစားအစာတွေက သွေးဆုံးခါနီးလက္ခဏာတော်တော်များများကို သက်သာစေတဲ့အပြင် ကယ်လိုရီနည်းပြီး ဗိုက်ပြည့်တင်းတိမ်စေလို့ ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာလည်း အထောက်အကူပြုပါတယ်။ နောက်ပြီး အရိုးကျန်းမာအောင်လည်း ကူညီပေးပါတယ်။

ပိုဆိုးစေမယ့်အစားအစာတွေကို ရှောင်ပါ

တချို့အစားအစာတွေက ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ စိတ်အတက်အကျမြန်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကဖင်း၊ အရက်၊ အချိုကဲတဲ့အစားအစာ၊ အစပ်စတဲ့ ဝေဒနာပိုဆိုးစေတဲ့အစားအသောက်တွေကို ရှောင်ကြဉ်ပါ။

***ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ***

ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက သွေးဆုံးခါနီးသူတွေမှာဖြစ်တတ်တဲ့ အိပ်မပျော်ခြင်း၊ စိုးရိမ်သောကများခြင်း၊ ဝမ်းနည်းခြင်း၊ ပင်ပန်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။ သွေးဆုံးပြီးတဲ့သူတွေမှာဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေက သိသိသာသာမြင့်တက်လာလို့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ဖို့ အင်မတန်အရေးကြီးလှပါတယ်။

Phytoestrogens ကြွယ်ဝတဲ့အစားအစာတွေကို စားပါ

Phytoestrogens ဆိုတာ အီစထရိုဂျင်ဟော်မုန်းနဲ့ အကျိုးအာနိသင်ချင်းတူတဲ့ အပင်ဒြပ်ပေါင်းတစ်ခုဖြစ်လို့ ဟော်မုန်းမျှတအောင်ကူညီပေးနိုင်ပါတယ်။ Phytoestrogens ကြွယ်ဝတဲ့အစားအစာတွေကတော့ ပဲပိစပ်၊ တို့ဟူး၊ နှမ်းကြတ်စေ့၊ နှမ်း၊ ပဲအမျိုးမျိုးတို့ပဲဖြစ်ပါတယ်။

***ရေအလုံအလောက်သောက်ပါ***

သွေးဆုံးချိန်မှာ အဖြစ်များတဲ့ပြဿနာတစ်ခုက ခြောက်သွေ့ခြင်းပါ။ ဒါက အီစထရိုဂျင်ဟော်မုန်းလျော့နည်းသွားလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၂ ခွက်အထိသောက်ပေးပါ။ ထမင်းမစားခင် နာရီဝက်လောက်ကြိုပြီး ရေ 500 ml သောက်ခြင်းကလည်း စားသုံးတဲ့ကယ်လိုရီကို ၁၃ % လျော့နည်းစေနိုင်ပါတယ်။

***အစားမှန်မှန်စားပါ***

သွေးဆုံးချိန်မှာ အစားစားတာမမှန်ရင် ဝေဒနာတွေကပိုဆိုးတတ်ပြီး ကိုယ်အလေးချိန်ထိန်းသိမ်းရလည်း ပိုခက်နိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ အချိန်မှန်စားဖို့အရေးကြီးပါတယ်။

ပရိုတင်းကြွယ်ဝတဲ့အစားအစာကို စားပါ

အသက်ကြီးလာတာနဲ့အမျှ ကြွက်သားတွေက တဖြည်းဖြည်းဆုံးရှုံးလာတာပါ။ ဒီတော့ ကြွက်သားမဆုံးရှုံးဖို့အတွက်ရော ဗိုက်ပြည့်တင်းတိမ်ပြီး ကယ်လိုရီလောင်ကျွမ်းဖို့အတွက်ပါ ပရိုတင်းကြွယ်ဝတဲ့အစားအစာကို စားသုံးသင့်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ သစ်အစေ့အဆံ၊ နို့ထွက်ပစ္စည်းတွေက စိတ်ခံစားချက်ကိုကောင်းစေပြီး အိပ်ပျော်အောင်လည်းကူညီပေးပါတယ်။

ကဲ ဒါဆိုရင်တော့ သွေးဆုံးခါနီးမှာဖြစ်တတ်တဲ့ ဝေဒနာတွေ သက်သာပျောက်ကင်းအောင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာသိရှိပြီး လိုက်နာလုပ်ဆောင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်နော်...

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
ကျန်းမာပျော်ရွှင်ကြပါစေ

#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ် 🙏🙏🙏
#ကျန်းမာရေးဗဟုသုတများ

" #ဆီးအောင့် ဆီးရောဂါပျောက်စေတဲ့ သဘာဝဆေးနည်း ၁၄ နည်း"❤️❤️❤️❤️❤️❤️❤️❤️❤️❤️ဆေးနည်း ၁========မြင်းခွါရွက်ကို အရည်လုပ်ပြီး သ...
02/07/2025

" #ဆီးအောင့် ဆီးရောဂါပျောက်စေတဲ့ သဘာဝဆေးနည်း ၁၄ နည်း"
❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ဆေးနည်း ၁
========
မြင်းခွါရွက်ကို အရည်လုပ်ပြီး သကြားအနည်းငယ်ထည့်၍ သောက်ပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၂
========
ထမင်းအိုတည်းတဲ့အခါ ထမင်းရည်ငှဲ့ပြီ အဝသောက်ပါ၊ အုန်းစိမ်းရေကို အဝသောက်ပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၃
=======
လက်ဖက်ခြောက်ကို ရေစိမ်ပြီး ခနခနသောက်ပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၄
=======
ပေါက်ပန်းပွင့်ကို ရေနွေးနဲ့စိမ်သောက် ဆီးအောင့် ဆီးရောဂါ လက်တွေ့ ပျောက်ပါတယ်။

ဆေးနည်း ၅
========
ထိကရုန်းပင် ၃ခွက်တစ်ခွက်တင် ကြို့သောက်ပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၆
=======
ဆန်ဆေးရေ သောက်ပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၇
========
ဆေး ကုလားမ နဲနဲ ရေစိမ်ပါ၊ ပွလာရင် သကြားနဲနဲ ထည့်ပြီး သောက်ပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၈
=======
ဆန်ဆေးရေ ထဲ့ လဘက်ချောက်စိမ်ပြီး သကြားခပ်သောက်ပေးပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၉
========
လက်ဖက်ခြောက်နည်းနည်း သကြားများများထည့်ပြီး ရေစိမ်ထား ၅မိနစ်လောက်နေရင်သောက်ပါ။
ဆီးနည်း ဆီးကျင် ပျောက်နိုင်ပါတယ်၊ ဖန်ခွက်ကြီးကြီး ၂ခွက်လောက်သောက်တာနဲ့ ကောင်း သွားနိုင်ပါတယ်။

ဆေးနည်း ၁၀
=========
ကျောက်ဖရုံသီးချက်စားပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၁၁
========
မနက်အိပ်ယာထတာနဲ့ရေကိုများများသောက်ပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၁၂
========
ရှားစောင်းလက်ပတ်အနှစ်ကို သကြားနဲ့ခေါက်သောက်ပါ။ ကျောက်တည်သည့်သူတောင်မှသုံးခါ
သောက်တာနဲ့ပျောက်သွားတာတွေ့ဖူး ကြောင်းသိရှိရပါသည်။

ဆေးနည်း ၁၃
========
ကြက်သွန်တလုံးပါးပါးလှီး သကြားတဇွန်းထည့်မတ်ခွက်ထဲရေနွေးနဲ့ ၂ နာရီ စိမ်သောက်ပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း ၁၄
========
ပေါက်ပွင့်ကို ထန်းလျှက်နဲ့ကြိုသောက်ပါ။ ဆီးအောင့် ဆီးရောဂါပျောက်နိုင်ပါတယ်။
မြန်မာရိုးရာ သဘာ၀ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် - လေးစားစွာဖြင့် - နိုင်မြန်မာ

Reference: မြန်မာရိုးရာ သဘာဝ ဆေးနည်းများ အဖွဲ့ဝင်များ၏ Comments များကို စုစည်းတင်ပြပါသည်။ Comments of Members of Myanmar Traditional Natural Medicine

နောက်တစ်နည်း…

တောင်ဇီးဖြူ...
🍃🍃🍃🍃

ဆီးကျင် ဆီးအောင့် နှင့် သွေးတိုး ပါက ၄င်းအပင်ကိုအမြစ်ပါအောင် နုတ်ယူ၍( ၃)ခွက် (၁)ခွက်တင်ကျန်အောင် ပြုတ်သောက်ပါ...ချက်ခြင်း သိသာစေရမည်။

အသည်းရောဂါနှင့်..ဘီပိုးရှိသူများ ထန်းလျက်(သို့)ဆိတ်နို့ စစ်စစ်နဲ့ရောသောက်ပါ..

အနည်းဆုံး(၂)လတော့ သောက်ပါ..Bပိုး ကင်းရှင်းစေရမည်။

Credit to ဘဝခါးခါး

ဆောင်းတွင်း နှာခဏခဏ စီးနေသူများ အတွက် ပူစရာ မလိုတော့ဘူး*လန်ဒန်မှာ ပညာတော်သင် ရောက်နေတဲ့ဆရာဝန်လေး တစ်ယောက်က*နှာခဏခဏ စီးနေ...
30/06/2025

ဆောင်းတွင်း နှာခဏခဏ စီးနေသူများ
အတွက် ပူစရာ မလိုတော့ဘူး

*လန်ဒန်မှာ ပညာတော်သင် ရောက်နေတဲ့
ဆရာဝန်လေး တစ်ယောက်က

*နှာခဏခဏ စီးနေလို့ လန်ဒန်မှာနေတဲ့
ဆရာဝန်ကြီးတစ်ယောက် အိမ်ကို
အလည်သွားရင်း

*ဘာဆေး သောက်ရမလဲလို့
မေးတဲ့အခါ...

*ဆရာဝန်ကြီးက သူ့ ဇနီးကို
ငါစားနေကြ ဆေးလေး လုပ်ခဲ့ပါဦးလို့
ပြောလိုက်တဲ့အခါ

*ခဏကြာတော့ ကြက်သွန်ဖြူ မီးဖုတ်တွေ
ပန်းကန်လေးနဲ့ ထည့်ယူလာပါတယ်။

*အဲဒါ စား ဘာဆေးမှ သောက်စရာ မလိုဘူးတဲ့
စားပြီးတဲ့နေ့က စပြီး သက်သာသွားပါသတဲ့။

*အခုလည်း နှာတစ်ချိန်လုံး စီးနေတဲ့သူကို
ဒီနည်းပေးပြီး စားခိုင်းတော့ သက်သာလို့ပါတဲ့။ ။

゚viralシfypシ゚viralシalシ

မုန်လာဥဖြူတစ်လုံး နဲ့ #ကျောက်ကပ် အလွယ်ဆေးကြမယ်၊•••••••••••••••••••••••••••••••••••••••••••ကျောက်ကပ်ရောင်သည်ဖြစ်စေ ကျောက်...
27/06/2025

မုန်လာဥဖြူတစ်လုံး နဲ့
#ကျောက်ကပ် အလွယ်ဆေးကြမယ်၊
•••••••••••••••••••••••••••••••••••••••••••

ကျောက်ကပ်ရောင်သည်ဖြစ်စေ ကျောက်ကပ်ကျောက်တည်သည်ဖြစ်စေ ကျောက်ကပ်ကြောင့် ခါးနာ ခါးကိုက်ခြင်း နှူံးချိ အော့အန်ခြင်းများ အတွက်။

◾မုန်လာဥဖြူ တစ်လုံးကို သန့်စင်စွာဆေးကြောပြီး
ရေအနည်းထည့်၍ ကြိတ်ချေပါ၊ အဖတ်များစစ်ထုတ်ပြီး အရည်ကိုသောက်လိုက်ပါ။

◾၎င်းကြိတ်ရည် ဝမ်းထဲဝင်သွားသည်နှင့်် ခါးနာခါးကိုက်ယူပစ်သလိုပျောက်ကင်းသက်သာသွားမည်။

◾မုန်လာဥဖြူကြိတ်ရည်ဟာ
ကျောက်ကပ်ကို ချက်ချင်းဆေးကြောပေးပါတယ်။

◾အူကျဝေဒနာရှင်များလည်း အသုံးပြုနိုင်ပါတယ်။

◾ဒါ့အပြင် တစ်ပါတ် တစ်ခါ ကြိုတင်ကာကွယ်သောအားဖြင့် လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးခြင့်ဖြင့်် ကျောက်ကပ်ကို ဆေးကြောထိန်းသိမ်းသင့်ပါတယ်။

◾မုန်လာဥ အစိမ်းကို သံပုရာသီးနှင့်နှပ်ပြီး အစိမ်းသုပ် သုပ်စားပါက ပို၍ဆေးဘက်ဝင်ပါတယ်။

💜•မုန်လာဥဖြူ စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက •••••

🔹ကင်ဆာရောဂါမဖြစ်စေရန်ကာကွယ်ပေးတယ်။

🔹သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတယ်။

🔹ကျောက်ကပ် ကျန်းမာစေတယ်။

🔹သွေးပေါင်ချိန်ကို မှန်စေတယ်။

🔹ဝမ်း မှန်စေတယ်။

🔹ကိုယ်အလေးချိန် ကျစေတယ်။

🔹အသားအရည် စိုပြေလှပစေတယ်။

🔹အရွယ်တင်နုပျိုစေတယ်။

🔸အသုံးမပြုမီ ပိုးသတ်ဆေး ကင်းစင်အောင် သေချာဆေးကြောသန့်စင်ပေးရန် အထူးသတိပြုပါ။

credit original

ချောင်းဆိုး၊ ရင်ကြပ်၊ သလိပ်ကပ်သူများ ချက်ချင်းသောက် ချက်ချင်းပျောက်စေမည့် ဆေးနည်း=================ချောင်းဆိုး၊ ရင်ကြပ်၊ ...
18/06/2025

ချောင်းဆိုး၊ ရင်ကြပ်၊ သလိပ်ကပ်သူများ ချက်ချင်းသောက် ချက်ချင်းပျောက်စေမည့် ဆေးနည်း
=================

ချောင်းဆိုး၊ ရင်ကြပ်၊ သလိတ်ကပ်၊ ဘာကြောင့် ချောင်းဆိုးဆိုး၊ ရင်ကြပ်ကြပ် ပဲးပင်ပေါက် ရှိရင် အဆင်ပြေတယ်ဗျ။ ညအိပ်ယာဝင် မနက် အိပ်ယာထ နှစ်ကြိမ် ပဲပင်ပေါက် ရေနွေးစိမ်၍ သောက်ပါ။ ချက်ချင်းသောက် ချက်ချင်းပျောက်၊ အဆင်ပြေစေမယ်ဗျာ။

လွယ်လွယ်လေးပါနော်။ ပုံမှာ ပြထားတဲ့အတိုင်း ပဲပင်ပေါက်ကို ခွက်တစ်လုံးထဲ ထည့် ရေနွေးထည့်ပြီး သောက်ယုံပါပဲနော်။ မင်္ဂလာရှိသောနေ့ ဖြစ်ပါစေ။ အနာရောဂါ ကင်းရှင်းကြပါစေ။ အစဉ်လေးစားလျှက်။

Credit

အဆုတ်ပွပီး #ချောင်းဆိုး  ​ေနသူများအတွက် ဆေးနည်းသာမန် ချောင်းဆိုးတာပဲ ဖြစ်ဖြစ်  နာတာရှည် ချောင်းဆိုးတာပဲ  ဖြစ်ဖြစ် အခု သဘ...
15/06/2025

အဆုတ်ပွပီး
#ချောင်းဆိုး ​ေနသူများအတွက် ဆေးနည်း
သာမန် ချောင်းဆိုးတာပဲ ဖြစ်ဖြစ် နာတာရှည် ချောင်းဆိုးတာပဲ ဖြစ်ဖြစ်
အခု သဘာဝဆေးနည်း ကို
သုံးစွဲကြည့်ဖို့ မျှဝေပေးလိုက်ရပါတယ်နော်
ဆေးနည်းကတော့
၁/ရှားစောင်းလက်ပတ် ၁ထွာခန့်
၂/သံပရာသီး တစ်လုံး
၃/ဆားအနည်းငယ်
ပြုလုပ်ရန်
ပန်းကန်လုံးလေးထဲ
ရှားစောင်းလက်ပတ် အတွင်းသား
jelly ဖတ်လေးတွေ ခြစ်ထုတ်ပါ။ သံပရာသီးတစ်လုံး ညှစ်ထည့်ပါ။
ဆားလေး အနည်းငယ် ထည့် ပါ။
၃ မျိုးလုံး ရောသမအောင် ခေါက်ပြီး သောက်ပါ။
(အစာအိမ် သမားများ သံပရာသီးအစား
(Lemon) သံပုယိုသီး ကို သုံးပါ)
သောက်သုံးရမည့်အချိန်
မနက်စာ စားပြီး တစ်ကြိမ်
ညစာ အပြီး တစ်ကြိမ်
ကိုဗစ် ကြောင့် ရော
တချို့ အိုမီခရွန် Omicron အပြီး ချောင်းတွေ တဟွပ်ဟွပ် ဆိုးကျန်နေတာ
ဒီနည်းလေး နဲ့ တစ်ရက် ၂ ကြိမ်
၄ ရက်လောက် သောက်လိုက်တာ ပျောက်သွားကြတာမို့ လိုအပ်သူများ
အသုံးပြုနိူင်ဖို့မျှဝေလိုက်ပါတယ်။
လေးစားစွာဖြင့်...crd

*ညှင်းရောဂါအတွက်အကောင်းဆုံးမြန်မာ့ဆေးနည်းများ***1** ကြက်ဆူဆီ (Castor Oil) ဖြင့် လိမ်းခြင်း     - ကြက်ဆူဆီကို ညှင်းဖြစ်သည...
08/06/2025

*ညှင်းရောဂါအတွက်အကောင်းဆုံးမြန်မာ့ဆေးနည်းများ***

1** ကြက်ဆူဆီ (Castor Oil) ဖြင့် လိမ်းခြင်း
- ကြက်ဆူဆီကို ညှင်းဖြစ်သည့်နေရာတွင် တစ်နေ့ ၂-၃ ကြိမ် လိမ်းပေးပါ။
- ကြက်ဆူဆီတွင် မှိုသေစေသော အာနိသင်ရှိပြီး ယားယံခြင်းကို သက်သာစေသည်။

2** သံပရာရည် + ဆား
- သံပရာရည်အနည်းငယ်ထဲသို့ ဆားအနည်းငယ်ရောပြီး ညှင်းအနာပေါ်တွင် တို့လိမ်းပေးပါ။
- သံပရာရည်တွင် အက်စစ်ဓာတ်ပါသောကြောင့် မှိုပိုးများကို သေစေနိုင်သည်။

3** ငရုတ်ကောင်း (သို့) ငရုတ်သီးစိမ်း အနှစ်လိမ်းခြင်း
- ငရုတ်ကောင်းမှုန့် (သို့) ငရုတ်သီးစိမ်းအနှစ်ကို ရေအနည်းငယ်နှင့်ရောပြီး လိမ်းပေးပါ။
- ငရုတ်ကောင်းတွင် မှိုသတ်နိုင်သော ဂုဏ်သတ္တိရှိသည်။

4** ကြက်သွန်ဖြူ (Garlic) အသုံးပြုခြင်း
- ကြက်သွန်ဖြူကို ကြိတ်ပြီး အနာပေါ်တွင် ၁၀-၁၅ မိနစ်ခန့် ကပ်ထားပေးပါ။
- ကြက်သွန်ဖြူတွင် အလိုလိုပါသော allicic ဒြပ်ပေါင်းက မှိုပိုးများကို သေစေနိုင်သည်။

5.**နှင်းဆီပွင့်စေ့ (Fenugreek Seeds) သုံးခြင်း
- နှင်းဆီပွင့်စေ့များကို ညအိပ်ရာဝင်တွင် ရေစိမ်ပြီး နောက်နေ့မနက် အနှစ်လိမ်းပေးပါ။
- ယားယံခြင်းနှင့် မှိုပိုးကို ထိရောက်စွာ သက်သာစေသည်။

6***အုန်းဆီ + နနွင်းမှုန့်
- အုန်းဆီနှင့် နနွင်းမှုန့်ကို ရောပြီး ညှင်းပေါ်တွင် လိမ်းပေးပါ။
- နနွင်းတွင် curcuminပါဝင်ပြီး ရောင်ရမ်းမှုကို လျော့ကျစေသည်။

7***ဆားငန်ရည်ဖြင့် ဆေးကြောခြင်း
- ရေနွေးနှင့် ဆားရောပြီး ညှင်းဖြစ်သည့်နေရာကို တစ်နေ့ ၂-၃ ကြိမ် သန့်စင်ပေးပါ။

***အရေးကြီးသော အကြံပြုချက်များ***
- ညှင်းရောဂါသည် ကူးစက်နိုင်သောရောဂါဖြစ်သည့်အတွက် အနာကို ကုတ်ဖဲ့ခြင်း၊ အဝတ်အစား၊ အိပ်ရာခင်းများကို မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။


ဤဆေးနည်းများကို မှန်မှန်လိမ်းပေးပါက ညှင်းရောဂါ သက်သာပျောက်ကင်းနိုင်ပါသည်။

မိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် shareလေးတစ်ချက်နှိပ်ပေးပါနော်

#ကျန်းမာရေးဗဟုသုတများ
#လေးစားစွာဖြင့်မူရင်းရေးသားသူက

ရေသောက်ခြင်းက ကောင်းပေမဲ့ ရေသောက်များလျှင်လဲ ဆိုးကျိုးများရှိပါတယ် #ရေသောက်ခြင်း  #ကျန်မာရေးဗဟုသုတ  #တိုင်းရင်းဆေးဝါး  #...
07/06/2025

ရေသောက်ခြင်းက ကောင်းပေမဲ့ ရေသောက်များလျှင်လဲ ဆိုးကျိုးများရှိပါတယ်
#ရေသောက်ခြင်း
#ကျန်မာရေးဗဟုသုတ
#တိုင်းရင်းဆေးဝါး
#ကောင်းကျိုးဆိုးကျိုး

 #ကြက်သွန်နီ ကောင်းကျိုးများ………………………………………………………… အမေအမြဲကြက်သွန်နီစားတယ်သူကပိုတက်ဆီယမ်ကျရင်တက်တာတကယ်မြန်တယ်လူကြီးဆိုတေ...
07/06/2025

#ကြက်သွန်နီ ကောင်းကျိုးများ
…………………………………………………………
အမေအမြဲကြက်သွန်နီစားတယ်
သူကပိုတက်ဆီယမ်ကျရင်တက်တာတကယ်မြန်တယ်
လူကြီးဆိုတော့ ကျန်းမာရေးကတစ်နေ့ငွေတစ်နေ့ရွှေလိုဘဲဂရုစိုက်နေရတာ
သွားတွေမရှိတော့အစာမကြေမှာလဲစိတ်ပူရသေးတယ်

ကြက်သွန်နီ အရသာက အရည်ရွှမ်း၊ ချိုမြမြ၊ စပ်ရှရှ၊
အငွေ့က မျက်ရည်ကျစေပါတယ်။

• ကြက်သွန်နီရည် + ဆား နဲ့ သောက်ရင်
- အစာအဆိပ်၊ မြွေအဆိပ် ပြေတယ်။
လည်ချောင်းနာ၊ ချောင်းဆိုး ပျောက်တယ်။

• ကြက်သွန်နီရည် + ဆား နဲ့ လိမ်းရင်
- ကင်းဆိပ်၊ ပျားဆိပ်၊ အဆိပ် အမျိုးမျိုး၊
မိတ်၊ အင်ပြင်၊ ပျောက်တယ်။

• ကြက်သွန်နီရည် + သကြား သောက်ရင်
- ဆီးကျောက်တည်၊ ဆီးကျင်တာ ပျောက်တယ်။

• ကြက်သွန်နီရည် + သကြား လိမ်းရင်
- အသားအရေ စိုပြေတယ်။

• ကြက်သွန်နီအငွေ့
- မျက်စိနာ ပျောက်စေတယ်၊
- အသက်ရူလမ်းကြောင်း ရှင်းစေတယ်၊

• ကြက်သွန်နီအရည်လိမ်းရင်
- ဗောက် ဆံပင်ကျွတ် ကာကွယ်ပေးတယ်၊
- နားကိုက်ပျောက်တယ်၊

• ကြက်သွန်နီစားရင်
- အအေးမိ တုတ်ကွေး ပျောက်စေတယ်၊
- ကင်ဆာ ကာကွယ်၊
- သွေးချို ဆီးချို ကာကွယ်၊
- သွေးတိုး ကာကွယ်၊
- အစာအိမ် အူလမ်းကြောင်း သန့်စေတယ်၊

- အစာအိမ်နာတာ သက်သာစေတယ်၊
- သွေးအား ကောင်းစေတယ်၊
- ကိုယ်ခံအား ကောင်းစေတယ်၊
- ဆီးလမ်းကြောင်းရောဂါ ကင်းစေတယ်၊
- ပါးစပ်နာ သွားဆွေးတာကို ကာကွယ်ပေးတယ်၊
- မှတ်ဥာဏ် ကောင်းစေတယ်၊

• ကြက်သွန်နီ အစိမ်းစားရင်
- ကြွက်တက် ကြွက်သားရောင်ရမ်းနာကျဉ်တာကို
သက်သာစေတယ်။
- အဝ လွန်ခြင်းကို လျော့ချပေးတယ်။

• ပါးစပ်မှာကြက်သွန်နီနံ့ နံရင်
- မြေပဲဆံဝါးပြီး ရေနွေးကြမ်းနဲ့ အာလုပ်ကျင်းပါ၊
• ကြွက်ပေါရင်
- ကြွက်လမ်းမှာ ကြက်သွန်နီချမ်းတွေ ချထားပါ။

ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့် ဗဟုသုတအဖြစ်မှတ်သားစရာ
တစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ

#ဗဟုသုတ #စာပေ #စာပေချစ်သူများ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

ကာမအားတိုးစေတဲ့ ရှားစာင်းလက်ဆက်ဆောင်းရောက်ပြီဆိုသည်နှင့်နောက်ကျောရိုးများတဆစ်ဆစ်ကိုက်တော့သည်။ကိုယ်ခန္ဓာဝသော်လည်းကျောရိုး...
07/06/2025

ကာမအားတိုးစေတဲ့ ရှားစာင်းလက်ဆက်

ဆောင်းရောက်ပြီဆိုသည်နှင့်နောက်ကျောရိုးများတဆစ်ဆစ်ကိုက်တော့သည်။ကိုယ်ခန္ဓာဝသော်လည်းကျောရိုးကိုက်သောဒဏ်ကြောင့် အအိပ်အစားပျက်ကာပိန်၍ပင် ကျသွားတော့သည်။အေးလာလေ ပို၍ကိုက်သည်မို့ ဆောင်းရောက်မည်ကိုကြောက်တော့သည်။ကျောရိုးတွေကိုက်ကြောင်း မြန်မာတိုင်းရင်းဆေးဆရာတစ်ဦးအားပြောပြခဲ့ရာ ~~မောင်ရင်ကို နည်းလေးတစ်ခုပေးမယ်ဆိုကာရှားစောင်းလက်ဆက်ကို အပြားဖြစ်အောင်ရိုက်ပြီးကျောပြင်တွင် အဝတ်ဖြင့် စည်းကာတစ်ပတ်တိတိကပ်၍နေစေပါသည်။ညအိပ်လည်းစည်းပြီး အိပ်စေပါသည်။အမှန်ပင် ကျောရိုးကိုက်ခြင်းအရှင်းပျောက်ကင်းခဲ့ပါသည်။

ရှားစောင်းလက်ဆက်

တစ်ဆစ်တစ်ဆစ်အကွာအဝေး (4/5)လက်မရှိသည်။လေးမြှောင့်ပုံရှိသည်။အဆစ်တွင် အရွက်အပွင့်အသီး တို့ရှိသည်။အပွင့်အရောင်သုံးမျိုးရှိသည်။နှင်းဆီ ကြက်သွန်နီခွံရောင် အဖြူရောင်တို့ဖြစ်သည်။ အသီးမှာစားတော်ပဲခန့်ရှိသည်။

ဂုဏ်နှင့်စွမ်းရည်

လေသလိပ်ကိုနိုင်သည်။အရိုးကျိုးကဆက်စေသည်။မျက်စိရောဂါကိုအကျိုးပြုသည်။ကာမအားကိုတိုးစေသည်။အရိုးကျိုး မီညှောက်ရိုးကိုက်ခြင်း မွတ်သိပ်စာလောင်ခြင်းကိုပျောက်စေသည်။နားကိုက်ပါက အဆစ်မှညှစ်ရည်နှစ်စက်လောက်ချပေးပါကနားနာနားကိုက်ပျောက်သည်။အခြားသောပျောက်ကင်းစေသော ရောဂါများလည်းရှိပါသည်။

Crd

 #ခန္ဓာကိုယ်အပူအားကြီးပါကဆောင်ရန်၁ ) -  #ခန္ဓာကိုယ်အပူအကြောင်းလူ တစ်ယောက်၏ ကိုယ်တွင်း အပူချိန်သည် ပျှမ်းမျှ  ၉၆ . ၆ ဒီဂရ...
25/11/2022

#ခန္ဓာကိုယ်အပူအားကြီးပါကဆောင်ရန်
၁ ) - #ခန္ဓာကိုယ်အပူအကြောင်း
လူ တစ်ယောက်၏ ကိုယ်တွင်း အပူချိန်သည် ပျှမ်းမျှ ၉၆ . ၆ ဒီဂရီ ဖြစ်ပြီး ရာသီ ဥတု
ပေါ် မူတည် ၍ ၄င်း ပမာဏထက် အပူချိန် အတက်အကျ အနည်းငယ် ပြောင်းလဲ
တတ် ပါ၏ ။

ကိုယ်တွင်း အပူ များခြင်းကို ဆေးပညာ လောက၌ Heat street ဟု ခေါ်ပြီး ကိုယ်တွင်း အပူချိန် သည် သူ့ အလိုလို အေးသွားခြင်း မျိုး မရှိ တတ်ပါ။

၂ ) - #အပူချိန် များ ပါက ဖြစ်တတ် သော ရောဂါ များ

ခန္ဓာ ကိုယ်တွင်း လိုအပ်သည် ထက် အပူချိန် ပိုများပါက ပိန်ချုံးခြင်း , ကြွက်တက်ခြင်း ,
လျှာ - နုတ်ခမ်းတွင် သာမက အရေပြားပေါ်တွင် အဖုအပိမ့် များ ထွက်လာခြင်း ..

ဝက်ခြံ ထွက်ခြင်း , ခေါင်းမူးဝေခြင်း , ပျို့အန်ခြင်း တို့အပြင် ခန္ဓာကိုယ် အတွင်း
ကလီစာ များကိုပါ ပျက်စီး စေနိုင်သည် ဟု လေ့လာချက် အရ သိနိုင် သည်။

၃ ) - #အပူရှိန် မြင့်တက် စေ၍ အထူး ရှောင်ရမည့် အစားအစာ များ

ရေခဲရေ. , ရေနွေး , စွပ်ပြုတ် စသည့် အရည်ပူပူ များ
နေပူ ထဲ အချိန်ကြာ သွား လာခြင်း
ငရုပ်သီး. , ချင်း ( ဂျင်း ) , မျှစ်ချဉ် ,
ငရုပ်ကောင်း. , ပတဲကော , စသော ပူပူ လောင်လောင် အစပ် များစားခြင်း
ရေသောက် နည်းခြင်း များသည် ကိုယ်တွင်း အပူချိန် မြင့်တက် လာစေ
ရှောင် ကျဉ် ရမည်။

၄ ) - #အပူငြိမ်းအေးစေရန်

အပူ ငြိမ်းအေး စေရန် အဓိက ဆေးအဖြစ် ရေဝဝ သောက်ပြီး တစ်နေ့ ရေ ၂ ကြိမ် ချိုးပေးပါ။

၅ ) - #အပူ ဓာတ် များသူ အတွက်

မိုးရာသီ မှ လွဲ၍ ဆောင်းနှင့် နွေတို့ တွင် ခန္ဓာကိုယ်တွင်း အပူဓာတ် များသူများအတွက် ယခင်ကထက် ရေကို ပိုသောက် ပြီး ရေဓာတ်ပါသော အသီးအနှံများ စားပေးသင့်သည်

ဖရဲသီး - ခန္ဓာကိုယ်၏ ၃ ပုံ ၂ ပုံ ကို အရည်ဓာတ်ဖြင့် ဖွဲ့စည်း ထားပါသည်။
ဖရဲသီးထဲမှာ ရေဓာတ် ၉၀ % ကျော် ပါဝင်၍ အပူငြိမ်း အေးစေသော အကောင်းဆုံး
အသီးအနှံဖြစ်ပါသည်။

သခွားသီး - သခွားသီး မှာ ရေ ဓာတ် ကြွယ်ဝစွာ ပါရှိ၍ ခန္ဓာကိုယ် ကို ထိရောက်
စွာ အေးမြ စေပြီး နေ့စဉ် စားပေး သင့်ပါသည်။

သံပုရာသီး - နံနက် အိပ်ရာ ထ သံပုရာ ဖျော်ရည် တစ်ခွက် သောက် ပေးခြင်း
ကလည်း ကိုယ်တွင်း အပူငြိမ်းအေး စေရုံသာမက ပေါ့ပါး လန်းဆန်းစေပြီး တစ်နေ့ကုန်
သက်လုံ ကောင်း စေပါသည်။

ပူစီနံရွက် - ပူစီနံရွက် သည် ခန္ဓာ ကိုယ်တွင်းကို အေးမြစေ၍ မြန်မာ. အိန္ဒိယ. ဗီယက်နမ်. မကာအို. စသော ဥရောပ တခွင်ရှိ ရှေး တိုင်းရင်းဆေး ဆရာကြီး များက ပူစီနံပင် များကို အပူ ငြိမ်းဆေး အဖြစ် ဆေးဝါး ဖော်စပ် လာခဲ့ကြ ပါ၏ ။

မုန်လာဥ အဖြူ - အဖြူရောင် မုန်လာဥများ ထဲ၌ ဗီတာမင် စီ ပါဝင်သည့် အပြင်
ကိုယ်တွင်း အပူရှိန်ကို တိုက်ထုတ် ပေးနိုင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ အလုံ
အလောက် ပါဝင်နေ ၍ စားပေးသင့် ပါသည်။

နှမ်း - နှမ်းစေ့ များသည် အပူ ငြိမ်းအေး စေသော အိမ်တွင်း ဆေးဝါး တစ်မျိုး ဖြစ်ခြင်း ကြောင့် နှမ်းစားရင်း ရေများများ သောက်ခြင်း , နှမ်းပျစ် , နှမ်းယို လေးတွေ စားပေး လည်း အပူ ငြိမ်းအေး စေပါ၏ ။

စမုံစပါး - စမုန်စပါး အစေ့လေးများကို သောက်ရေခွက် ထဲ တစ်ညအိပ် စိမ်ထားပြီး
နံနက် အိပ်ရာ ထပါက ရေသောက်ရင်း အဖတ် များပါ ကုန်အောင် ဝါးစားပါက တစ်နေ့
တာလုံး. အပူငြိမ်းအေး စေနိုင်သည့် အပြင် ခံတွင်း ရနံ့ကို ပါ ရှင်းသန့် စေနိုင်ပါသည်။

အုန်းစိမ်းရည် - အုန်းသီးစိမ်း နုနုမှ ရသော အုန်းစိမ်း ရည် အား သင့်တင့် မျှတစွာ
ကိုယ်တွင်း အပူ ဓာတ် များသူ များနှင့် မိခင်လောင်းများ အတွက် အပူ ငြိမ်းအေး စေ
သည့် အပြင် ရေ ဓာတ် ခမ်း ခြောက်ခြင်း မှလည်း ကာကွယ် ပါသည်။

သလဲသီး. - သလဲသီး နှင့် သလဲသီး ဖျော်ရည် ကလည်း ကိုယ်တွင်း အပူကို စုပ်ယူ
သဖြင့် မှီဝဲ ပေးသင့် ပါသည်။

ဘိန်းစေ့ - ဘိန်းမုန့် , ဆနွင်မကင်း , စသည့် သရေစာ မုန့်များ၌ အသုံး ပြုလေ့ရှိ
သော ဘိန်းစေ့ လေးများ ကလည်း ကိုယ်တွင်း အပူရှိန် ပုံမှန် ဖြစ်စေပါ၍ ည အိပ်ရာဝင်
ခါနီး ဘိန်းစေ့ လက်တဆုပ် ဝါးစားပြီး ရေသောက် အိပ်ပါက နှစ်ခြိုက်စွာ အိပ်မောကျ
စေသည့် အပြင် တစ်နေ့တာ လုံး အပူ ငြိမ်း စေသည်။

ပဲနံ့သာပင် အစေ့ - အိန္ဒိယနိုင်ငံ ၌ ရှေးယခင်က စ၍ ယနေ့ တိုင်အောင် အပူငြိမ်း
ဆေး တိုင်းရင်း ကုထုံးဖြင့် ပဲနံ့သာပင် အစေ့များကို အသုံးပြု လျှက် ရှိပါသည်။ ဟင်း
ခပ် အမွှေးအကြိုင် အဖြစ် ချက်ပြုတ် စားသောက် နိုင်သည်။

နွားနို့ - ကျိုချက် ပြီးသား နွားနို့ကို အအေးခံ ၍ နံနက် တိုင်း သောက်ပေး ပါက
လည်း ကိုယ်တွင်း အပူ ငြိမ်းအေး စေပါ၏ ။
( နွားနို့တွင် ပျားရည် အနည်းငယ်ခပ်သောက်နိုင်သည်)။
crd

Shareထားတော့နောက်ခါကြသုံးဝင်အောင်ပါ #တိုင်းရင်ဆေးသဘာဝဆေးနည်း  #ဆေးဖတိဝင်
20/11/2022

Shareထားတော့နောက်ခါကြသုံးဝင်အောင်ပါ
#တိုင်းရင်ဆေး
သဘာဝဆေးနည်း #ဆေးဖတိဝင်

Address

Monywa

Website

Alerts

Be the first to know and let us send you an email when Monywa Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Monywa Thar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram