Hanuman Brand Myanmar - ဟန်နုမာန်တိုင်းရင်းဆေး

  • Home
  • Myanmar
  • Myaing
  • Hanuman Brand Myanmar - ဟန်နုမာန်တိုင်းရင်းဆေး

Hanuman Brand Myanmar - ဟန်နုမာန်တိုင်းရင်းဆေး ကျန်းမာရေးလိုက်စားသူများနဲ့ဘေးထွက်ဆိုးကျိုးကြောက်သူများအတွက် သဘာဝတိုင်းရင်းဆေး 🍀ဟန်နုမာန်🍀

⏰ တနေ့မှာ ၂၄ နာရီရှိတာ ဖုန်းနဲ့မျက်လုံးက ၁၈ နာရီလောက်ထိတွေ့နေရတော့ အမြင်အာရုံတွေဘယ်ခံနိုင်တော့မလဲ တခါတခါ ဖုန်းတောင်မကြည်...
15/09/2025

⏰ တနေ့မှာ ၂၄ နာရီရှိတာ ဖုန်းနဲ့မျက်လုံးက ၁၈ နာရီလောက်ထိတွေ့နေရတော့

အမြင်အာရုံတွေဘယ်ခံနိုင်တော့မလဲ တခါတခါ ဖုန်းတောင်မကြည့်ချင်တော့တဲ့ထိ ဖြစ်ဖူးတယ်

မျက်လုံးကျိမ်းပြီး မှိတ်ပဲမှိတ်ချင်တော့တာမျိုး အရင်ကဆိုရင်တော့ မျက်လုံးအာဆေးတွေပြေးရှာတယ် (ဆေးဆိုတာကလဲ ဖြစ်မှသောက်ဖို့ရှာတာ😁)

ခုတော့မျက်ရိုးတွေကိုက် မျက်လုံးတွေကျိမ်းလာရင် မျောက်ဖြူလေးပဲ ပြေးယူပြီး ကပ်ပလိုက်တော့တယ် 🤗



Order to cb or ☎️09 957738609

Phone / Computer ရှေ့အမြဲထိုင်နေရတဲ့ Screen သမားတွေနဲ့ ရုံးသမားများ Office Syndrome များကင်းဝေးဖို့ ‼️ 💠 ဖုန်း / ကွန်ပျူ...
14/09/2025

Phone / Computer ရှေ့အမြဲထိုင်နေရတဲ့ Screen သမားတွေနဲ့ ရုံးသမားများ Office Syndrome များကင်းဝေးဖို့ ‼️

💠 ဖုန်း / ကွန်ပျူတာရှေ့အထိုင်များခြင်းဖြင့် ဖြစ်လာနိုင်သော လက္ခဏာများ 💠

- ခေါင်းကိုက်လာမယ်
- ဇက်ကြောတက်လာမယ်
- မျက်ရိုးကိုက်လာမယ်
- ကြွက်သားတွေတောင့်တင်းလာမယ်
- ခေါင်းမူးနှောက်လာမယ်
- ခြေထောက် တင်ပဆုံနေရာတွေ ထုံကျင်လာမယ်
- ခါးနာလာမယ်
- ပုခုံးတွေတင်းပြပီးနာလာမယ်
တချို့တွေဆို လူက နုံးချိပြီး အာရုံစူးစိုက်မှုတွေပါ လျော့ကျလာနိုင်ပါတယ်

💠 ဒီလိုပြသနာတွေမဖြစ်အောင် ဒီလိုပြောင်းလဲကြမယ် 💠

- ၁နာရီ တစ်ခါ မတ်တပ်ထပြီး အကြောဆန့်ပါ
- သင်ထိုင်မည့်နေရာကို သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ပါ
- ၁၅ မိနစ် တစ်ခါ မျက်စိကို ၁၀ စက္ကန့်လောက်မှိတ်ပြီး အနားပေးပါ
- ကွန်ပျူတာနဲ့ မျက်လုံးအနေထားဟာ တစ်တန်းထဲဖြစ်အောင်ထားပေးပါ
- ရေများများသောက်ပေးပါ
ပြီးရင် ကိုယ့်ရဲ့ စားပွဲမှာ သစ်ပင်ပန်းပင်လေးထားနိုင်ရင် ကောင်းပါတယ်

✨ ဝေဒနါခံစားနေရပြီး သက်သာအောင်ဘယ်လိုလုပ်သင့်လဲဆိုရင် ⁉

- ကိုက်ခဲနာကျင်တဲ့နေရာကို ဆေးလိမ်းပေးပါ
- ရေနွေးအိတ်ကပ်ပေးပါ
- အာရုံကြောနဲ့ကြွက်သားများပြေလျော့စေတဲ့ ဆေးကပ်ခွာလေးတွေ သုံးပေးပါ
- stretching exercises တွေလုပ်ပေးပါ
- လေကောင်းလေသန့်များများရအောင်လုပ်ပါ


အကြောတင်း အကြောတက် ဘာမှ မခက်ပါဘူးနော် “ ဟာနုမာန်လိမ်းဆေးဆီ ” သာဆောင်ထားလိုက်ပါ ✅ #ဟန်နုမာန်တိုင်းရင်းဆေး
13/09/2025

အကြောတင်း အကြောတက် ဘာမှ မခက်ပါဘူးနော်
“ ဟာနုမာန်လိမ်းဆေးဆီ ” သာဆောင်ထားလိုက်ပါ ✅

#ဟန်နုမာန်တိုင်းရင်းဆေး

အာရုံကြော ညပ်ရင် ဘယ်လိုကုသမလဲ⁉️📌 အာရုံကြော ညပ်တယ်ဆိုတာ အာရုံကြောတစ်နေရာကို ဖိအားဖြစ်စေပြီး ဦးနှောက်ဆီကို အချက်ပြသတိပေးမှ...
12/09/2025

အာရုံကြော ညပ်ရင် ဘယ်လိုကုသမလဲ⁉️📌

အာရုံကြော ညပ်တယ်ဆိုတာ အာရုံကြောတစ်နေရာကို ဖိအားဖြစ်စေပြီး ဦးနှောက်ဆီကို အချက်ပြသတိပေးမှုတွေပေးပို့စေတာဖြစ်ပါတယ်။ ထိခိုက်ထားတဲ့ အာရုံကြောကိုမူတည်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုးမှာ နာကျင်မှု၊ ထုံကျဉ်တာ၊ အားနည်းတာ စတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

အာရုံကြော ညပ်ရင် ဘာလက္ခဏာတွေ ဖြစ်လာမလဲ ‼️‼️

အာရုံကြောညပ်တယ်ဆိုရင် ထိခိုက်ထားတဲ့အာရုံကြောတဝိုက်မှာ –📌
ထုံကျဉ်တာ၊✅
ပူသလို ခံစားရတာ၊✅
စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊✅
နာကျင်တာ၊✅
ကြွက်သားအားနည်းတာ၊✅
စူးခနဲ၊ ကျဉ်ခနဲ ဖြစ်တာ တို့ခံစားရနိုင်ပါတယ်။

အာရုံကြောညပ်တဲ့အခါ သက်သာစေမယ့်နည်းလမ်း‼️‼️

(၁) ပိုအိပ်၊ ပိုနားပါ။✅
အာရုံကြောကို ပြန်ကျန်းမာစေဖို့အတွက် အိပ်စက်ခြင်းကို မရှိမဖြစ်လိုအပ်ပါတယ်။ အိပ်စက်တဲ့အချိန်မှာ ခန္ဓာကိုယ်က အလိုအလျောက်ပြန်လည်ပြုပြင်ပေးတတ်တာမို့ လက္ခဏာတွေကို မြန်မြန်သက်သာစေနိုင်ပါတယ်။
ဒီလိုအချိန်မှာ နာကျင်နေတဲ့အာရုံကြောကို သိပ်ပြီးများများ အလုပ်မလုပ်မိဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အာရုံကြောအပေါ်ထိခိုက်မှု ပိုဆိုးလာနိုင်ပါတယ်။ အိပ်တဲ့အခါလည်း သူ့ကို သက်သောင့်သက်သာရှိစေမယ့် အနေအထားနဲ့အိပ်သင့်ပါတယ်။

(၂) ကိုယ်နေဟန်ထား ပြောင်းလဲပါ။✅
အနေအထားမမှန်ရင် အာရုံကြောပြဿနာတွေ ပိုဆိုးတတ်ပါတယ်။ ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ မမှန်ကန်တဲ့ကိုယ်နေဟန်ထားကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်ဘဲဝန်ပိစေပြီး ကျောရိုးနဲ့ကြွက်သားတွေကို ထိခိုက်စေတယ်၊ အာရုံကြောညပ်တာဖြစ်လာစေတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ။✅
အရိုးအကြောအဆစ်ဆရာဝန်တွေ အကြံပြုထားတဲ့ လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးပါ။ အကြောတွေပြေလျော့ပြီး ပျော့ပျောင်းလာရင် ပြန်သက်သာဖို့ လွယ်ကူပါတယ်။
တကယ်လို့ လေ့ကျင့်ခန်းလုပ်ရင်း နာကျင်မှုပိုဆိုးလာတာ၊ အဆင်မပြေတာတစ်ခုခုဖြစ်လာရင် ရပ်လိုက်သင့်ပါတယ်။

(၄) ခြေထောက်ကို မြှင့်ထားပါ။✅
ခါးမှာ အာရုံကြောညပ်တဲ့သူတွေဟာ ကျောရိုးဆီက ဖိအားဖြစ်စေတာကို လျော့စေဖို့ ခြေထောက်ကိုမြှင့်ထားရင် သက်သာနိုင်ပါတယ်။ အိပ်တဲ့အခါ ဒူးအောက်မှာ ခေါင်းအုံးခုထားရင်လည်း နေရသက်သာစေနိုင်တယ်။

(၅) ရေခဲကပ်၊ ရေနွေးအိတ်ကပ်ပါ။✅
အပူနဲ့အအေး တလှည့်စီကပ်တာက ရောင်ရမ်းမှုကို လျော့ကျသက်သာစေနိုင်ပါတယ်။ ဒီလိုနှစ်မျိုးပေါင်းတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။
ရေနွေးအိတ်ဖြစ်ဖြစ် ရေခဲဝတ်ဖြစ်ဖြစ် ကပ်တဲ့အခါ ခံနိုင်လောက်တဲ့အပူချိန်နဲ့ တစ်ကြိမ်ကို ၁၅ မိနစ်ခန့်၊ တစ်နေ့ သုံးကြိမ် ကပ်နိုင်တယ်။

(၆) နေထိုင်မှုပုံစံပြောင်းလဲပါ✅
ရေရှည်မှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာတို့လို လှုပ်ရှားမှုတွေ နည်းနည်းချင်းပုံမှန်လုပ်သွားရင် ဒီလက္ခဏာတွေနဲ့ အဝေးမှာ သက်သောင့်သက်သာ နေထိုင်နိုင်မှာပါ။ ကိုယ်အလေးချိန်ထိန်းသိမ်းတာကလည်း အာရုံကြောတွေအပေါ် ဖိအားလျော့စေပြီး ပုံမှန်လှုပ်ရှားမှုကြောင့် ရောင်ရမ်းမှုကို လျော့စေမှာပါ။ လေ့ကျင့်ခန်းမလုပ်ခင် နဲ့ လုပ်ပြီးချိန်မှာ အကြောလျှော့တာက ခန္ဓာကိုယ်ကို ပျော့ပျောင်းစေပြီး အာရုံကြောတွေတဝိုက်မှာ ဖိအားလျော့စေပါတယ်။

" ဟန်နုမာန် " ဆိုတဲ့ ဆေးကပ်ခွာလေးက ခန္ဓာကိုယ်အပြင်ပိုင်းကနေပဲ သက်သာအောင်လုပ်ဆောင်ပေးတဲ့ ဆေးလေးပါ..တချို့က အကိုက်ခဲပျောက်...
08/09/2025

" ဟန်နုမာန် " ဆိုတဲ့ ဆေးကပ်ခွာလေးက
ခန္ဓာကိုယ်အပြင်ပိုင်းကနေပဲ သက်သာအောင်လုပ်ဆောင်ပေးတဲ့ ဆေးလေးပါ..

တချို့က အကိုက်ခဲပျောက်ဆေးပါတယ်လို့
ထင်ကြတယ် ..ဘာလို့လဲဆို ကပ်ပြီးရင် ညောင်းကိုက်ပြေပြီး လန်းဆန်းစေလို့ပဲပေါ့

ယောင်ရမ်းထုံကျင်ကိုက်ခဲတာ သက်သာစေတာ
လို့ခေါ်တဲ့ #ကတ်စ်မူနာဂျင်း ပါဝင်လို့ပါ.

စိတ်ဖိစီးမှု လျော့ချပြီး သက်တောင့်သက်သာဖြစ်စေတာ #ပူစီနံ ကြောင့်ပါ

လျှပ်စစ်ပစ္စည်းဆီကရတဲ့ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက် (positive iron) တွေကို စုပ်ထုပ်ပေးပြီးပေါ့ပါးစေတာက #ဝါးမီးသွေး ကြောင့်ပါ

သွေးလည်ပတ်စနစ်ကောင်းစေပြီး ပေါ့ပါးလန်းဆန်းစေတာက #သစ်ဂျပိုးခေါက် ပါ

အအေးမိ/နှာစေးချောင်းဆိုး သက်သာစေပြီး ခန္ဓာကိုယ်အပူအအေးထိန်းညှိပေးပြီး သွေးလည်ပတ်စနစ်ကောင်းစေတာက #ကြက်သွန်နီ ပါ

ပါဝင်ပစ္စည်း( ၅)မျိုးက သဘာဝအိမ်တွင်းသုံး
ပစ္စည်းတွေဖြစ်ပါတယ်

လုံးဝ မဖြစ်ကြောင်းအာမခံရဲပါတယ်
(ကိုယ်တိုင်သုံးပြီးမှ ရောင်းတာမို့)

အသားအရေ sensitive ဖြစ်သူမျိုးသာလျှင် ကပ်ခွါ ရဲ့.Sticker ကော်နဲ့ မတည့်တာပဲ ရှိတာပါ
ဆေးကြောင့်တခုခုထိခိုက်တာမျိုးလုံးဝမရှိပါဘူးရှင့်

မှာယူချင်( cb)ပါရှင့်

Cus: ဆရာမရေ ကျမက နှာမွန်လာလို့ ခုတလော နဲနဲအအေးမိရင်ကို မရတော့ဘူး အဲ့ကပ်ခွာကိုကဘယ်မှာကပ်ရမလဲတဲ့ (သူက ခါးနာလို့ဝယ်သွားတဲ့ ...
06/09/2025

Cus: ဆရာမရေ ကျမက နှာမွန်လာလို့ ခုတလော
နဲနဲအအေးမိရင်ကို မရတော့ဘူး အဲ့ကပ်ခွာကိုကဘယ်မှာကပ်ရမလဲတဲ့ (သူက ခါးနာလို့ဝယ်သွားတဲ့ cus အမ)

Me: မရေ ကျမတို့ ထည့်ပေးလိုက်တဲ့ chart လေးမှာ ခန္ဓာကိုယ်ရဲ့ သက်ဆိုင်ရာအာရုံကြောဆက်စပ်ရာလေးရှိတယ်လေမ တွေ့လား ခြေဖျားနေရာလေးမှာ နှာခေါင်းပုံနဲ့လေဆိုတော့

Cus:တွေ့ပြီဆရာမရေ ကျမသေချာမကြည့်မိဘူးအဲ့လေးက ဒီတိုင်းစာရွက်ပဲဆိုပြီး 😁

Me: ဟုတ်မရေ အဲ့လေးက ဘာဖြစ်ရင်ဘယ်လိုကပ်ရတယ်ဆိုတာလေးကို သုံးသူတွေလွယ်ကူအောင်တမင်လက်ဆောင်ထည့်ထားပေးတါပါနော် 🤗

Cus: ဟုတ်ကဲ့ဆရာမရေ ကျေးဇူးပါ

အဲ့လိုလူတွေအများရှိနေသေးမယ်လို့ ထင်မိလို့ ဒီလိုလေးနားလည်လွယ် မြင်သာအောင် ပုံလေးနဲ့ချပြလိုက်ပြီနော်


ဆေးဖက်ဝင်တဲ့  #ကန်စွန်းရိုးနီ ကို ကျန်းမာရေးအတွက် များများစားပေးပါ 🥰🥰အခုလို မိုးရာသီကာလမှာ ပေါပေါများများတွေ့ရတတ်ပြီး ဈေ...
28/08/2025

ဆေးဖက်ဝင်တဲ့ #ကန်စွန်းရိုးနီ ကို ကျန်းမာရေးအတွက် များများစားပေးပါ 🥰🥰

အခုလို မိုးရာသီကာလမှာ ပေါပေါများများတွေ့ရတတ်ပြီး ဈေးနှုန်းအားဖြင့်လည်း ချိုသာတဲ့ လယ်ကန်စွန်းလို့ ခေါ်တဲ့ ကန်စွန်းရိုးနီဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာ ရှိပါတယ်။

ကန်စွန်းရိုးနီမှာ အစာချေဖျက်ခြင်းစနစ်ကို အားကောင်းစေတဲ့ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးအတွက် ကန်စွန်းရိုးနီရဲ့ အကျိုးပြုပုံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) #အသည်းကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တယ်

ကန်စွန်းရိုးနီကို အာယုဗေဒ ဆေးပညာမှာ အသားဝါရောဂါနဲ့ အသည်းကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ အသုံးပြုကုသလေ့ ရှိကြပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်တဲ့ အသည်းရောဂါတွေကို ကန်စွန်းရိုးနီ ပြုတ်ရည်နဲ့ ကန်စွန်းရိုးနီ စားသုံးခြင်းက သက်သာစေနိုင်တယ်လို့ အာယုဗေဒ ဆေးပညာကျမ်းတွေမှာ ဖော်ပြထားပါတယ်။

(၂) #သွေးအားနည်းခြင်းကို သက်သာ ပျောက်ကင်းစေနိုင်တယ်

ကန်စွန်းရိုးနီမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အမျိုးသမီးတွေမှာ ဖြစ်လေ့ ရှိတဲ့ သွေးအားနည်းရောဂါနဲ့ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်တဲ့ ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၃) #အမြင်အာရုံကို ကောင်းမွန်စေတယ်

ကန်စွန်းရိုးနီမှာ ဗီတာမင်အေ၊ Lutein နဲ့ Carotenoid တို့ မြင့်မားစွာ ပါဝင်တာကြောင့် အသက်အရွယ်ကြောင့် အမြင်အာရုံ လျော့နည်းလာခြင်းနဲ့ မျက်စိမှုန်ခြင်း တို့ကို သက်သာပျောက်ကင်းစေနိုင်ပြီး မျက်လုံးကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) #နှလုံးကျန်းမာရေး ပြဿနာတွေကို လျော့နည်းစေနိုင်တယ်

ကန်စွန်းရိုးနီမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဘီတာ ကယ်ရိုတင်တို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်း ကိုလက်စထရော မြင့်မားမှုကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်း၊ ရုတ်တရက် နှလုံးရပ်တန့်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို လျော့နည်းစေနိုင်ပါတယ်။

(၅) #ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

ကန်စွန်းရိုးနီမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓာတ်ဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်း အဆိပ်အတောက်တွေကို လျှော့ချပေးနိုင်တာကြောင့် ကူးစက်ရောဂါနဲ့ အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

#မြန်မာတိုင်းရင်းဆေး #ကျန်းမာရေး #ဗဟုသုတ

လွဲ နေ တဲ့ ပထမ •••••••••••••••လူတိုင်းလိုလိုကကမ္ဘာကြီးကို ကယ်တင်ချင်ကြတယ်..."ဒါပေမယ့်"အမေ ပန်းကန်ဆေးနေတာကိုတော့ဝိုင်းကူဖ...
26/08/2025

လွဲ နေ တဲ့ ပထမ
•••••••••••••••

လူတိုင်းလိုလိုက
ကမ္ဘာကြီးကို ကယ်တင်ချင်ကြတယ်...

"ဒါပေမယ့်"
အမေ ပန်းကန်ဆေးနေတာကိုတော့
ဝိုင်းကူဖို့ ဘယ်သူမှ မစဉ်းစားကြဘူး။

လူတစ်ချို့က
ပရဟိတကိုတော့ အရမ်းလုပ်ချင်ကြတယ်...

အိမ်က အဖေ ထင်းခွဲနေတာကိုတော့
ကူလုပ်ဖို့ကို မစဉ်းစားကြဘူး။

လူတစ်ချို့က
ရုပ်ရှင် မင်းသား မင်းသမီး
ငိုယိုပြနေတာကိုတော့ သနားပြီး ခံစားနေကြတယ်...

အိမ်က မိဘတွေရဲ့
ရင်ထဲက ဒဏ်ရာတွေကိုတော့
မြင်အောင်မကြည့်ကြဘူး။

ပထမရဲ့ တန်ဖိုး ကို မသိဘဲ
ဒုတိယ တန်ဖိုးကို မက်မောနေသမျှ
ပထမနဲ့ ဝေးနေကြအုံးမှာဘဲ။

လေးစားရသောမူရင်ရသားသူခင်များ
ယခု page မှာ ထပ်မံရှယ်ခွင့်ပြုပါလို့
ခွင့်တောင်းပါရစေ🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည် #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်

လက်ဖျားတွေ ထုံကျင်တဲ့ ပြဿနာ📌ဘယ်သူတွေမှာ အဖြစ်များလဲမေး ⁉⚠ ဆီးချိုရောဂါရှိတဲ့သူ ⚠ သွေးတိုးရောဂါရှိတဲ့သူ⚠ အာရုံကြောပြဿနာရှ...
15/08/2025

လက်ဖျားတွေ ထုံကျင်တဲ့ ပြဿနာ📌
ဘယ်သူတွေမှာ အဖြစ်များလဲမေး ⁉

⚠ ဆီးချိုရောဂါရှိတဲ့သူ
⚠ သွေးတိုးရောဂါရှိတဲ့သူ
⚠ အာရုံကြောပြဿနာရှိတဲ့သူ
⚠ ဖုန်းအသုံးများတဲ့သူ
⚠ လက်ရက်ထည်တွေလုပ်တဲ့သူ
⚠ ထိခိုက်ဒဏ်ကြောင့် လက်ထိခိုက်ဖူးသူ
⚠ သွေးနုသားနုမိခင်တွေ

စသဖြင့် ဒီလိုလူတွေမှာအဖြစ်များကြတယ်

ဒီလိုဖြစ်လာတဲ့ခါတိုင်း ဆေးထိုးဆေးသောက်ဆိုလဲအဆင်မပြေ တစ်ခါတလေ နေမရအောင်ဖြစ်‼

ကိုယ်တိုင်လည်း ဖုန်းအသုံးများသူမို့ ကျင်လာကိုက်လာပြီဆို နေမရတော့ဘူး

ခုတော့ ဖြစ်လာပြီဆို Hanumanကပ်ခွာလေးအပြေးကပ်ပြီး အလုပ်တွေဆက်လုပ်လိုက်တယ် အလုပ်လည်းမပျက် ဝေဒနာလည်းသက်သာတယ်လေ 🤗




☎️09 259104262
☎09 957738609 (Viber )or cb💬မှာဆက်သွယ်မှာယူနိုင်ပါသည်

 #ခန္ဓာကိုယ်အပူအားကြီးပါကဆောင်ရန်၁ ***ခန္ဓာကိုယ်အပူအကြောင်းလူ တစ်ယောက်၏ ကိုယ်တွင်း အပူချိန်သည် ပျှမ်းမျှ  ၉၆ . ၆ ဒီဂရီ ဖ...
07/08/2025

#ခန္ဓာကိုယ်အပူအားကြီးပါကဆောင်ရန်

၁ ***ခန္ဓာကိုယ်အပူအကြောင်း
လူ တစ်ယောက်၏ ကိုယ်တွင်း အပူချိန်သည် ပျှမ်းမျှ ၉၆ . ၆ ဒီဂရီ ဖြစ်ပြီး ရာသီ ဥတု
ပေါ် မူတည် ၍ ၄င်း ပမာဏထက် အပူချိန် အတက်အကျ အနည်းငယ် ပြောင်းလဲ
တတ် ပါ၏ ။

ကိုယ်တွင်း အပူ များခြင်းကို ဆေးပညာ လောက၌ Heat street ဟု ခေါ်ပြီး ကိုယ်တွင်း အပူချိန် သည် သူ့ အလိုလို အေးသွားခြင်း မျိုး မရှိ တတ်ပါ။

၂ ***အပူချိန် များ ပါက ဖြစ်တတ် သော ရောဂါ များ

ခန္ဓာ ကိုယ်တွင်း လိုအပ်သည် ထက် အပူချိန် ပိုများပါက ပိန်ချုံးခြင်း , ကြွက်တက်ခြင်း ,
လျှာ - နုတ်ခမ်းတွင် သာမက အရေပြားပေါ်တွင် အဖုအပိမ့် များ ထွက်လာခြင်း ..

ဝက်ခြံ ထွက်ခြင်း , ခေါင်းမူးဝေခြင်း , ပျို့အန်ခြင်း တို့အပြင် ခန္ဓာကိုယ် အတွင်း
ကလီစာ များကိုပါ ပျက်စီး စေနိုင်သည် ဟု လေ့လာချက် အရ သိနိုင် သည်။

၃ ***အပူရှိန် မြင့်တက် စေ၍ အထူး ရှောင်ရမည့် အစားအစာ များ

ရေခဲရေ. , ရေနွေး , စွပ်ပြုတ် စသည့် အရည်ပူပူ များ
နေပူ ထဲ အချိန်ကြာ သွား လာခြင်း
ငရုပ်သီး. , ချင်း ( ဂျင်း ) , မျှစ်ချဉ် ,
ငရုပ်ကောင်း. , ပတဲကော , စသော ပူပူ လောင်လောင် အစပ် များစားခြင်း
ရေသောက် နည်းခြင်း များသည် ကိုယ်တွင်း အပူချိန် မြင့်တက် လာစေ
ရှောင် ကျဉ် ရမည်။

၄ ***အပူငြိမ်းအေးစေရန်

အပူ ငြိမ်းအေး စေရန် အဓိက ဆေးအဖြစ် ရေဝဝ သောက်ပြီး တစ်နေ့ ရေ ၂ ကြိမ် ချိုးပေးပါ။

၅ ***အပူ ဓာတ် များသူ အတွက်

မိုးရာသီ မှ လွဲ၍ ဆောင်းနှင့် နွေတို့ တွင် ခန္ဓာကိုယ်တွင်း အပူဓာတ် များသူများအတွက် ယခင်ကထက် ရေကို ပိုသောက် ပြီး ရေဓာတ်ပါသော အသီးအနှံများ စားပေးသင့်သည်

ဖရဲသီး - ခန္ဓာကိုယ်၏ ၃ ပုံ ၂ ပုံ ကို အရည်ဓာတ်ဖြင့် ဖွဲ့စည်း ထားပါသည်။
ဖရဲသီးထဲမှာ ရေဓာတ် ၉၀ % ကျော် ပါဝင်၍ အပူငြိမ်း အေးစေသော အကောင်းဆုံး
အသီးအနှံဖြစ်ပါသည်။

သခွားသီး - သခွားသီး မှာ ရေ ဓာတ် ကြွယ်ဝစွာ ပါရှိ၍ ခန္ဓာကိုယ် ကို ထိရောက်
စွာ အေးမြ စေပြီး နေ့စဉ် စားပေး သင့်ပါသည်။

သံပုရာသီး - နံနက် အိပ်ရာ ထ သံပုရာ ဖျော်ရည် တစ်ခွက် သောက် ပေးခြင်း
ကလည်း ကိုယ်တွင်း အပူငြိမ်းအေး စေရုံသာမက ပေါ့ပါး လန်းဆန်းစေပြီး တစ်နေ့ကုန်
သက်လုံ ကောင်း စေပါသည်။

ပူစီနံရွက် - ပူစီနံရွက် သည် ခန္ဓာ ကိုယ်တွင်းကို အေးမြစေ၍ မြန်မာ. အိန္ဒိယ. ဗီယက်နမ်. မကာအို. စသော ဥရောပ တခွင်ရှိ ရှေး တိုင်းရင်းဆေး ဆရာကြီး များက ပူစီနံပင် များကို အပူ ငြိမ်းဆေး အဖြစ် ဆေးဝါး ဖော်စပ် လာခဲ့ကြ ပါ၏ ။

မုန်လာဥ အဖြူ - အဖြူရောင် မုန်လာဥများ ထဲ၌ ဗီတာမင် စီ ပါဝင်သည့် အပြင်
ကိုယ်တွင်း အပူရှိန်ကို တိုက်ထုတ် ပေးနိုင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ အလုံ
အလောက် ပါဝင်နေ ၍ စားပေးသင့် ပါသည်။

နှမ်း - နှမ်းစေ့ များသည် အပူ ငြိမ်းအေး စေသော အိမ်တွင်း ဆေးဝါး တစ်မျိုး ဖြစ်ခြင်း ကြောင့် နှမ်းစားရင်း ရေများများ သောက်ခြင်း , နှမ်းပျစ် , နှမ်းယို လေးတွေ စားပေး လည်း အပူ ငြိမ်းအေး စေပါ၏ ။

စမုံစပါး - စမုန်စပါး အစေ့လေးများကို သောက်ရေခွက် ထဲ တစ်ညအိပ် စိမ်ထားပြီး
နံနက် အိပ်ရာ ထပါက ရေသောက်ရင်း အဖတ် များပါ ကုန်အောင် ဝါးစားပါက တစ်နေ့
တာလုံး. အပူငြိမ်းအေး စေနိုင်သည့် အပြင် ခံတွင်း ရနံ့ကို ပါ ရှင်းသန့် စေနိုင်ပါသည်။

အုန်းစိမ်းရည် - အုန်းသီးစိမ်း နုနုမှ ရသော အုန်းစိမ်း ရည် အား သင့်တင့် မျှတစွာ
ကိုယ်တွင်း အပူ ဓာတ် များသူ များနှင့် မိခင်လောင်းများ အတွက် အပူ ငြိမ်းအေး စေ
သည့် အပြင် ရေ ဓာတ် ခမ်း ခြောက်ခြင်း မှလည်း ကာကွယ် ပါသည်။

သလဲသီး. - သလဲသီး နှင့် သလဲသီး ဖျော်ရည် ကလည်း ကိုယ်တွင်း အပူကို စုပ်ယူ
သဖြင့် မှီဝဲ ပေးသင့် ပါသည်။

ဘိန်းစေ့ - ဘိန်းမုန့် , ဆနွင်မကင်း , စသည့် သရေစာ မုန့်များ၌ အသုံး ပြုလေ့ရှိ
သော ဘိန်းစေ့ လေးများ ကလည်း ကိုယ်တွင်း အပူရှိန် ပုံမှန် ဖြစ်စေပါ၍ ည အိပ်ရာဝင်
ခါနီး ဘိန်းစေ့ လက်တဆုပ် ဝါးစားပြီး ရေသောက် အိပ်ပါက နှစ်ခြိုက်စွာ အိပ်မောကျ
စေသည့် အပြင် တစ်နေ့တာ လုံး အပူ ငြိမ်း စေသည်။

ပဲနံ့သာပင် အစေ့ - အိန္ဒိယနိုင်ငံ ၌ ရှေးယခင်က စ၍ ယနေ့ တိုင်အောင် အပူငြိမ်း
ဆေး တိုင်းရင်း ကုထုံးဖြင့် ပဲနံ့သာပင် အစေ့များကို အသုံးပြု လျှက် ရှိပါသည်။ ဟင်း
ခပ် အမွှေးအကြိုင် အဖြစ် ချက်ပြုတ် စားသောက် နိုင်သည်။

နွားနို့ - ကျိုချက် ပြီးသား နွားနို့ကို အအေးခံ ၍ နံနက် တိုင်း သောက်ပေး ပါက
လည်း ကိုယ်တွင်း အပူ ငြိမ်းအေး စေပါ၏ ။
( နွားနို့တွင် ပျားရည် အနည်းငယ်ခပ်သောက်နိုင်သည်)။

ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏

အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#ကျန်းမာရေး

➡️လေမဖြတ်အောင် ဘယ်လိုကာကွယ်မလဲ?လေဖြတ်ခြင်းကိုကာကွယ်ရန် သွေးကြောမပိတ်အောင် သွေးလှည့်ပတ်မှုကောင်းဖို့အရေးကြီးပါတယ်။ သွေးတွ...
06/08/2025

➡️လေမဖြတ်အောင် ဘယ်လိုကာကွယ်မလဲ?

လေဖြတ်ခြင်းကိုကာကွယ်ရန် သွေးကြောမပိတ်အောင် သွေးလှည့်ပတ်မှုကောင်းဖို့အရေးကြီးပါတယ်။ သွေးတွင်းမှာ သွေးပျစ်သွေးခဲများမရှိစေရန် သွေးကြောများရှင်းနေဖို့အရေးကြီးပါတယ်။

‼️Hanumanဆေးကပ်ခွာမှာပါတဲ့ main ingredient ဖြစ်တဲ့ ဝါးမီးသွေးကြောင့်
သွေးလည်ပတ်မှုကောင်းအောင်
လုပ်ဆောင်လို့ရပါတယ်

#ဝါးမီးသွေး၏ကောင်းကျိုးများ
🔹🔹🔹🔹🔹🔹🔹🔹

◆ဝါးမီးသွေးသည် ရေဆိုးရေညစ်ကို သန့်စင်ပေးရာတွင် အကောင်းဆုံးပစ္စည်းဖြစ်သည်။

◆တီဗွီ၊ ကွန်ပြူတာနှင့် လျှပ်စစ်ပစ္စည်းများမှ ဖြာထွက်လာသောလျှပ်စစ်လှိုင်းများကို ဆွဲယူစုပ်ပေးသည်။

◆အနံ့ဆိုးများကို စုပ်ယူမှုအားကောင်းသည်။

✔ခန္ဓာကိုယ် အနံ့အသက်ကင်းပြီး မကောင်းသောအဆိပ် အဆီများကိုဖယ်ရှားပေးခြင်း
✔သွေးလည်ပတ်မှုကောင်းစေခြင်း
✔ခန္ဓာကိုယ် အညောင်းညာပြေစေခြင်း
✔နှလုံး ကျောက်ကပ် အားကောင်းစေခြင်း
✔ဝါးမီးသွေးတွင် သတ္တုနှင့် အကျိုးပြုပစ္စည်း အမျိုးအမည်ပေါင်း 400 ကျော်ပါဝင်ပြီး

ဝါးမီးသွေးတွင်ရှိသည့် ဓါတ်များသည် အစာအိမ်အတွင်း မလိုအပ်သည့် အဆီနှင့် အဆိပ်အတောက် အနံ့ဆိုးများကို သန့်ရှင်းပေးပြီး အဆီကျစေခြင်း စသည့် ...အာနိသင်များရှိကြောင်း တွေ့ရှိရပြီး အလှပနှင့် ကျန်းမာရေးတွက် များစွာအသုံးပြုလာကြသည်။

🌿 လေးမှာ
ကျောက်မီးသွေးအမှုန့်လေး ထည့်ပေးထားတဲ့အတွက် အာနိသင်ကောင်း ခံစားရပြီး လွယ်၂ကူ၂ ကပ်ခွာပုံနဲ့သုံးရတော့ ပိုအဆင်ပြေကြပြီလေ 💚

➡️အမြိုမြို့အနယ်နယ်ကို
ပို့ဆောင်ပေးပါတယ်ရှင့်

ဆေးကပ်ခွါ တစ်ဗူး၂၃၅၀၀ (၁၀ခုပါ ခြေစိမ်အိတ်တစ်ခုလက်ဆောင်)

လိမ်းဆေး တစ်ဗူး ၂၃၅၀၀ ကျပ်

ဆက်သွယ်ရန်ဖုန်းနံပါတ်
☎️09259104262
☎️09957738609 (Viber)


၁ဗူး၂၃၅၀၀ကျပ်၁၀ဗူး ၂၀၀၀၀ကျပ်နှုန်း ၂သိန်းပါရှင် #ဟန်နုမာန်လိမ်းဆေးဆီ  #ဟန်နုမာန် ထိုင်းတိုင်းရင်းဆေးဖြန့်ချီရေး☎09957738...
05/08/2025

၁ဗူး၂၃၅၀၀ကျပ်

၁၀ဗူး ၂၀၀၀၀ကျပ်နှုန်း ၂သိန်းပါရှင်

#ဟန်နုမာန်လိမ်းဆေးဆီ #ဟန်နုမာန် ထိုင်းတိုင်းရင်းဆေးဖြန့်ချီရေး
☎09957738609 (Viber)
☎09259104262

Address

Myaing

Telephone

+959957738609

Website

Alerts

Be the first to know and let us send you an email when Hanuman Brand Myanmar - ဟန်နုမာန်တိုင်းရင်းဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hanuman Brand Myanmar - ဟန်နုမာန်တိုင်းရင်းဆေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram