Dr Honey Su Naing- Nutritionist Doctor

Dr Honey Su Naing- Nutritionist Doctor Nutrition consultation service with professional nutritionist for weight management and diabetes con

28/05/2022

✨အာဟာရပညာရှင် ဒေါက်တာဟန်နီစုနိုင်✨

🍀ဒီနေ့က World Nutrition Day ပါ။
အမှတ်တရ အနေနဲ့ ကျွန်မ အာဟာရအထူးကုဆရာဝန် ဖြစ်လာတဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ်။

⭐️ကျွန်မက မန္တလေး ဆေးတက္ကသိုလ်ကနေ ၂၀၁၅ မှာ ဘွဲ့ရပါတယ်။
ဘွဲ့မရခင် house surgeon အချိန်ကတည်းက ကျွန်မရဲ့ further career (speciality) ကို စဉ်းစားနေခဲ့ပါတယ်။
အစိုးရအလုပ်ဝင်ဖို့ စိတ်ကူးမရှိတာကြောင့် master degree ကို နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ရွေးချယ်ခဲ့ပါတယ်။
Subject အနေနဲ့လည်း ကျွန်မက sport medicine နဲ့ nutrition ကို စိတ်ဝင်စားခဲ့ပါတယ်။

⭐️အဲ့လိုနဲ့ ကျောင်းတွေ စုံစမ်းနေရင်း မြန်မာပြည်မှာပဲ သင်ကြားနိုင်တဲ့ STI Myanmar University ရဲ့ Master of Nutrition and Dietetics program ကို တက်ရောက်ခဲ့ပါတယ်။
ဒီနိုင်ငံမှာ nutrition ဆိုတဲ့ ဘာသာရပ်ကို လူတွေ သိပ်မသိသေးတာကြောင့် မိဘတွေကလည်း သိပ်သဘောမတူပါဘူး။
ဒါပေမယ့် ကိုယ် အရမ်း စိတ်ဝင်စားတဲ့ ဘာသာရပ်ဖြစ်နေတာကြောင့် ခေါင်းမာစွာပဲ တက်ရောက်ခဲ့ပါတယ်။
(ခေါင်းမာတဲ့သမီးကို အစစအရာရာ ထောက်ပံ့ပေးခဲ့တဲ့ မိဘတွေကိုလည်း ကျေးဇူးတင်ပါတယ်)

⭐️၂၀၁၈ မှာတော့ ကျွန်မ University of Bedfordshire (UK) ကပေးတဲ့ M.Sc Nutrition & Dietetics ကို ရခဲ့ပါတယ်။
ခုဆိုရင် ကျွန်မ ဒီပညာနဲ့ အသက်မွေးခဲ့တာ ၃ နှစ် ရှိပါပြီ။
Nutrition subject ဆိုတာ ကျွန်မ အရမ်း passionate ဖြစ်တဲ့ ဘာသာရပ်ပါ။
လူသိနည်းသေးတဲ့အတွက် ဝမ်းစာရှာရတာ သိပ်မလွယ်ကူပေမယ့် ကျွန်မ ဘယ်တုန်းကမှ နောင်တမရခဲ့ပါဘူး၊ လက်မလျှော့ခဲ့ပါဘူး။

​⭐️ဘွဲ့လွန်ကျောင်းသူဘဝမှာလည်း အလွဲလေးတွေ ရှိခဲ့ပေမယ့် သူငယ်ချင်းတွေ ဆရာမတွေနဲ့ ပျော်စရာအရမ်းကောင်းခဲ့တယ်။
Bangkok မှာ training ဆင်းရတော့လည်း အရမ်းပျော်စရာကောင်းခဲ့တယ်။
သူများနိုင်ငံမှာ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး အရမ်းတိုးတက်နေတာတွေ့ရတော့ ကိုယ့်နိုင်ငံမှာလည်း ဒီလိုတိုးတက်အောင် လုပ်မယ်ဆိုတဲ့ စိတ် အမြဲရှိခဲ့တယ်။

⭐️ခုဆိုရင် ကျွန်မ မန္တလေးမြို့က မန္တလာဆေးရုံမှာ residential nutrition specialist အနေနဲ့ လုပ်နေပါတယ်။
မန္တလေးကသူတွေ အာဟာရနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ရင် မန္တလာဆေးရုံကို ဆက်သွယ်နိုင်ပါတယ်။
တခြားမြို့က သူတွေကိုလည်း teleconsultation လုပ်ပေးပါတယ်။

⭐️ကျွန်မက ကျွန်မ အရမ်း passionate ဖြစ်ရတဲ့ career နဲ့ အသက်မွေးခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကို blessing တစ်ခုလို ခံစားရပါတယ်။


10/04/2022

ခုလို သင်္ကြန်ပိတ်ရက်ရှည်မှာ အိမ်တွင်းအောင်းမယ့်သူတွေ ရှိပါလားရှင်။
ကျွန်မကတော့ အိမ်တွင်းအောင်းမယ့်သူပါ။
အိမ်တွင်းအောင်းရင်း ဝိတ်လေးလည်း နည်းနည်းချမလားလို့ပါ။
စိတ်ရော လူရော fresh ဖြစ်အောင် လုပ်မလို့ပါ။
နှစ်သစ်မှာ ပိုကျန်းမာတဲ့စိတ်နဲ့ ခန္ဓာရအောင် လုပ်မယ့်အစီအစဉ်လေးထဲမှာ ပါဝင်ချင်တဲ့သူများရှိရင် comment လေးတွေ ပေးသွားပါဦး။
မနက်ဖြန် (၁၁.၄.၂၀၂၂) က စမယ်နော်။
(၁၇.၄.၂၀၂၂) ထိပေါ့။

With love,
Dr Honey

30/11/2021

Fundraising weight loss program

ဝိတ်ချချင်တဲ့ မည်သူမဆို ပါဝင်နိုင်ပါတယ်။
Telegram group လုပ်ပြီး ကျွန်မက တစ်နေ့တာ စားသောက်ရမယ့် ပုံစံတွေကို နေ့တိုင်း update လုပ်ပေးပါမယ်။
အခြားသော သိသင့်သိထိုက်တဲ့ ဗဟုသုတတွေနဲ့ လိုအပ်တဲ့ skills တွေ ပြောပြပေးပါမယ်။
Group member အချင်းချင်း တရင်းတနှီး ပျော်ပျော်ပါးပါး အစီအစဉ်တွေလည်း ပါပါမယ်။

ပစ္စည်းရှိတဲ့သူတွေက ပစ္စည်းတွေနဲ့ fundraising လုပ်ပေးကြသလို ကျွန်မကတော့ ပညာနဲ့ fundraising လုပ်ပါတယ်။
Fundraising ဆိုတဲ့အတိုင်း ဒီ program အတွက် fee မသတ်မှတ်ထားပါဘူး။
FOC မဟုတ်တာကတော့ သေချာပါတယ်။
တစ်သောင်းတတ်နိုင်တဲ့သူက တစ်သောင်း၊ တစ်သိန်းတတ်နိုင်တဲ့သူက တစ်သိန်း၊ ဆယ်သိန်းတတ်နိုင်တဲ့သူက ဆယ်သိန်း၊ သိန်းတစ်ရာတတ်နိုင်တဲ့သူက သိန်းတစ်ရာ ပါဝင်လှူဒါန်းနိုင်ပါတယ်။

ဒါမှ အားလုံးပျော်နိုင်တဲ့အခါ ကိုယ်က ဝိတ်ပါကျသွားတဲ့အတွက် နှစ်ဆတိုးပျော်ရအောင် ဒီ program လေးမှာ ပါဝင်လိုက်ပါ။

How you eat is important.သင့်ရဲ့ စားသောက်မှု ပုံစံဟာ သင့်ကျန်းမာရေးကို ထင်ဟပ်စေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ စားသောက်မှုပု...
25/08/2020

How you eat is important.
သင့်ရဲ့ စားသောက်မှု ပုံစံဟာ သင့်ကျန်းမာရေးကို ထင်ဟပ်စေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ စားသောက်မှုပုံစံတွေအကြောင်း လေ့လာကြရအောင်ပါ။
အပိုင်း (၂)

No. (4) - ဖြည်းဖြည်း စားပါ။

ဘယ်လောက်ဖြည်းရမလဲဆိုရင် မိနစ် (၂၀) ကြာအောင် စားပါ။ စားလိုက်တဲ့ အစားအစာတစ်ခုကို ကျေနပ်တင်းတိမ်မှုရဖို့ ဦးနှောက်ရဲ့ အလုပ်လုပ်ချိန်ဟာ မိနစ် (၂၀) ကြာပါတယ်။ မိနစ် (၂၀) မပြည့်ခင်မှာ စားလို့ပြီးသွားတယ်ဆိုရင် ဦးနှောက်က အလုပ်လုပ်လို့ မပြီးသေးတဲ့အတွက် ဒီအစားအစာကို စားလိုက်လို့ ဗိုက်ပြည့်တယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။ ဒါဆို ထပ် ထပ်ပြီး စားမိသွားရင် ကယ်လိုရီတွေ လိုတာထက် ပိုလာပြီး ဝလာမှာပါ။ ဒါကြောင့် အစာကို ကြေညက်အောင် ဝါးပြီး အချိန်ယူပြီး စားသင့်ပါတယ်။

No. (5) - အစာ တစ်လုတ်နဲ့ တစ်လုတ်ကြားမှာ ဇွန်းနဲ့ခက်ရင်းကို ချထားပါ။

လက်နဲ့စားတဲ့သူဆိုရင်လည်း ပါးစပ်ထဲကို တစ်လုတ်ထည့်ပြီးတာနဲ့ နောက်တစ်လုတ်ကို လက်ထဲမှာ အဆင်သင့် ပြင်မထားဘဲ ပါးစပ်ထဲက တစ်လုတ်ကုန်မှသာ နောက်တစ်လုတ်ကို ယူပြီး စားပါ။ ဒါက No. (4) ကို အထောက်အကူပြုတဲ့ အချက် ဖြစ်ပါလိမ့်မယ်။

Rule No. (6) TV ကြည့်ရင်း၊ Facebook သုံးရင်း၊ သီချင်းနားထောင်ရင်း၊ game ဆော့ရင်း ထမင်းမစားပါနဲ့။

အလုပ်နှစ်ခု တစ်ပြိုင်တည်းလုပ်တဲ့အခါ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ကျဆင်းပါတယ်။ အာရုံခံစားမှုအများကြီးကို လုပ်ရတော့ အစားအသောက်အာရုံခံစားမှုမှာ အားလျော့သွားပြီး စားနေတဲ့ အစားအစာအပေါ် တင်းတိမ်မှု မရတော့ဘဲ ထပ် ထပ်ပြီး စားမိပါလိမ့်မယ်။



How you eat is important.သင့်ရဲ့ စားသောက်မှု ပုံစံဟာ သင့်ကျန်းမာရေးကို ထင်ဟပ်စေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ စားသောက်မှုပု...
22/08/2020

How you eat is important.

သင့်ရဲ့ စားသောက်မှု ပုံစံဟာ သင့်ကျန်းမာရေးကို ထင်ဟပ်စေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ စားသောက်မှုပုံစံတွေအကြောင်း လေ့လာကြရအောင်ပါ။
အပိုင်း (၁)

No. (1) - အချိန်မှန် စားပါ။

နေ့တိုင်း မနက်စာ၊ နေ့လည်စာ၊ ညစာ အပြင် အဆာပြေ (၁) ကြိမ် သို့မဟုတ် (၂) ကြိမ် ပါဝင်သင့်ပြီး အချိန်မှန်မှန် စားသင့်ပါတယ်။ အစာစားချိန် ပုံမှန်ရှိခြင်းကြောင့် hunger center (ဗိုက်ဆာခြင်းကို ဖြစ်ပေါ်စေသော ဦးနှောက်၏ အစိတ်အပိုင်း) နဲ့ satiety center (ဗိုက်ပြည့်ခြင်းကို ဖြစ်ပေါ်စေသော ဦးနှောက်၏ အစိတ်အပိုင်း) တို့က အချိန်မှန် လည်ပတ်နေတဲ့ နာရီလေး တစ်လုံးလို အလုပ်လုပ်နိုင်လို့ ဝိတ်ချဖို့ ကြိုးစားနေတဲ့သူတွေအတွက် ဒီအလေ့အကျင့်က အရေးပါပါတယ်။ အစာကို အချိန်မှန်မှန် စားသုံးခြင်းက သွေးတွင်းသကြားဓါတ် အတက်အကျကိုလည်း ပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေလည်း ဒီအလေ့အကျင့်ကို ကျင့်သုံးသင့်ပါတယ်။

No. (2) - စားတဲ့ ပမာဏကို သတိထားပါ။

တစ်ခါစားရင် ပမာဏအများကြီး စားနိုင်တဲ့၊ စားပစ်တဲ့သူတွေကို တွေ့ဖူးပါတယ်။ သူတို့တွေကို လေ့လာကြည့်လိုက်တော့ တူညီတဲ့အချက်တွေ ရှိနေတာ တွေ့ရတယ်။

ပထမတစ်ချက်က သူတို့ "ဝ" ပါတယ်။ ဝတဲ့သူတွေက ကယ်လိုရီလောင်ကျွမ်းမှု ပိုများတဲ့အတွက် သူတို့က ပိုစားကြရပါတယ်။ ဒါပေမယ့် အခေါက်တိုင်းမှာ လိုအပ်တဲ့ ကယ်လိုရီထက် ပိုပြီး စားသုံးဖြစ်နေတာကြောင့် သူတို့ တဖြည်းဖြည်း ပိုဝလာကြပါတယ်။

ဒုတိယအချက်က သူတို့ အစာစားချိန် မမှန်ပါဘူး။ အစာကို အချိန်မှန် မစား(နိုင်)ဘဲ ဗိုက်အရမ်းဆာတဲ့အချိန်မှ စားတဲ့အတွက် ဆာဆာနဲ့ အများကြီး စားဖြစ်သွားပါတယ်။

နောက်ဆုံးအချက်ကတော့ သူတို့ သတိထားဖို့ မေ့လျော့နေပါတယ်။ ငါ ဗိုက်ပြည့်ပြီလား၊ ငါ ထပ်စားဖို့ တကယ် လိုအပ်ရဲ့လားဆိုတာကို သတိထားဆင်ခြင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။

ဘယ်လို ပြင်ဆင်နိုင်မလဲဆိုတော့...
နံပါတ် (၁) - စားနေကျပန်းကန်ထက် size ပိုသေးတဲ့ ပန်းကန်နဲ့ စားပါ။
နံပါတ် (၂) - အစာမစားခင် ရေတစ်ခွက် သောက်ပါ။
နံပါတ် (၃) -Mindful eating ကို practise လုပ်ပါ။ (Mindful eating အကြောင်း ပို့စ်တစ်ခု သပ်သပ် ရေးထားပါတယ်။)

No. (3) - ထိုင်စားပါ။

ထမင်းစားလိုက်၊ တစ်ခုခု ထလုပ်လိုက် လုပ်တာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတဲ့အတွက် ကိုယ်စားနေတဲ့ အစားအစာအပေါ်မှာ ကျေနပ်တင်းတိမ်မှု မရနိုင်ပါဘူး။ ဒါကြောင့် ထမင်းစားတဲ့ မိနစ် (၂၀), နာရီဝက်လေးကိုတော့ ထမင်းစားပွဲမှာ အကျအနထိုင်ပြီး အေးအေးဆေးဆေး စားသင့်ပါတယ်။


"သွေးတွင်းကိုလက်စ်ထရောများရင် ဘာတွေ လုပ်ရမလဲ" အပိုင်း (၂)No. (6) တိရစ္ဆာန်အဆီ ရှောင်ပါ။တိရစ္ဆာန်အဆီဟာ နှလုံးကျန်းမာရေးကိ...
19/08/2020

"သွေးတွင်းကိုလက်စ်ထရောများရင် ဘာတွေ လုပ်ရမလဲ" အပိုင်း (၂)

No. (6) တိရစ္ဆာန်အဆီ ရှောင်ပါ။

တိရစ္ဆာန်အဆီဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့ ပြည့်ဝဆီတွေ ဖြစ်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စ်ထရော များတဲ့သူတွေက ဝက်အဆီ၊ အမဲအဆီ၊ ဝက်ဦးနှောက်၊ ကြက်အရေခွံ၊ ကြက်တောင်ပံနဲ့ ကြက်ခြေထောက်တွေကို ရှောင်ရပါမယ်။ လုံးဝ မရှောင်နိုင်သေးရင်တောင် လျှော့နိုင်သမျှ လျှော့စားရပါမယ်။

ကြက်သား၊ ဘဲသားစားရင် အရေခွံခွာစားပါ။ ဝက်သားစားရင် အဆီတုံးကြီးတွေ မစားပါနဲ့။ အသားမှာ အဆီဖတ်လေးတွေ ကပ်နေတယ်ဆိုရင်တောင် ဖယ်လိုက်ပြီးမှ စားပါနော်။

No. (7) ဆီစစ်၍ စားပါ။

ဆီကြော်မုန့်နဲ့ ဆီကြော်ဟင်းတွေဆိုရင် ဆီကို သေချာစစ်ပါ။ ဆီစုပ်စက္ကူ ဒါမှမဟုတ် tissue ထူထူလေးနဲ့ ဆီကို စုပ်ယူလိုက်ပြီးမှ စားပါ။ ဆီပြန်ဟင်းဆိုရင်လည်း ဟင်းအနှစ်ကို မစားဘဲ အသားတုံးလေးတွေပဲ ရွေးစားပါ။ ထမင်းကို ဆီတွေ အများကြီးပါတဲ့ ဟင်းအနှစ်နဲ့ နယ်စားတတ်တဲ့ အကျင့်ကို လျှော့ပြီး ဟင်းချိုရည်လေး စမ်းစားပါ။ သုံးတဲ့ဆီကလည်း ပြည့်ဝဆီများတဲ့ စားအုန်းဆီ၊ အုန်းဆီ မဟုတ်ဘဲ မပြည့်ဝဆီ ကြွယ်ဝတဲ့ သံလွင်ဆီတို့ ပဲဆီတို့ကို သုံးပါ။

No. (8) နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးတဲ့အခါ အဆီထုတ်ထားတာကို ရွေးချယ်ပါ။

နွားနို့မှာပါတဲ့ အဆီ (တစ်နည်း မလိုင်) ကလည်း တိရစ္ဆာန်အဆီပဲ ဖြစ်တဲ့အတွက် ပြည့်ဝဆီဖြစ်ပါတယ်။ ဒါကြောင့် နွားနို့သောက်တဲ့အခါ မလိုင်ပြည့်နွားနို့ကို မသောက်ဘဲ အဆီထုတ်ထားတဲ့ နွားနို့ကို ရွေးချယ်ပါ။

လက်လှမ်းမီတဲ့သူတွေကတော့ Supermarket တွေမှာ low fat milk, skim milk တွေကို တံဆိပ်အမျိုးမျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။ လက်လှမ်းမမီတဲ့သူတွေကတော့ နွားနို့ကို မလိုင်ဖယ်ပြီး သောက်ပါ။

Supermarket တွေမှာဆိုရင် နွားနို့တင် မဟုတ်ဘဲ ဒိန်ချဉ်နဲ့ ချိစ့် စတဲ့ နို့ထွက်ပစ္စည်းတွေကိုပါ အဆီထုတ်ထားတဲ့ အမျိုးအစားတွေ ဝယ်ယူနိုင်ပါတယ်။

No. (9) အသွင်ပြောင်းဆီ ရှောင်ပါ။

နဂိုက မပြည့်ဝဆီအမျိုးအစားကို မီးပြင်းပြင်းနဲ့ အပူပေးလိုက်တဲ့အခါ ဆီရဲ့ ဓါတုပုံစံ ပြောင်းလဲသွားပါတယ်။ Transfat လို့ ခေါ်ပါတယ်။ Transfat ဟာ နှလုံးကျန်းမာရေးအတွက်တော့ အင်မတန် ကြောက်စရာကောင်းတဲ့ ရန်သူပါ။ ဒါကြောင့် ပြန်ကြော်ဆီတွေ၊ မီးပြင်းပြင်းနဲ့ ကြွတ်ရွနေအောင် ကြော်ထားတဲ့ အစားအစာတွေ၊ ကွတ်ကီးတွေနဲ့ အသင့်စား snack ထုတ်တွေကို ရှောင်ကြပါ။

ကလေးငယ်လေးတွေကိုလည်း အသင့်စား snack ထုတ်တွေ မကြိုက်တတ်အောင် ငယ်ငယ်ကတည်းက အကျင့်လုပ်ပေးပါ။



"သွေးတွင်းကိုလက်စ်ထရောများရင် ဘာတွေ လုပ်ရမလဲ" အပိုင်း (၁)No. (1) ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။အဝလွန်ခြင်းနဲ့ ကိုလက်စ်ထ...
17/08/2020

"သွေးတွင်းကိုလက်စ်ထရောများရင် ဘာတွေ လုပ်ရမလဲ" အပိုင်း (၁)

No. (1) ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

အဝလွန်ခြင်းနဲ့ ကိုလက်စ်ထရောများခြင်းက ဆက်စပ်နေသလို ဝိတ်ကျခြင်းနဲ့ ကိုလက်စ်ထရောကျခြင်းကလည်း ဆက်စပ်နေတဲ့အတွက် သွေးတွင်းကိုလက်စ်ထရောများနေသူတွေ ဝနေရင် ဝိတ်ချသင့်ပါတယ်။

No. (2) တစ်ပတ် (၂) ရက် ငါး စားပါ။

တိရစ္ဆာန်အဆီက မကောင်းဘူးဆိုပေမယ့် ငါးအဆီကတော့ ခြွင်းချက်ပါ။ ငါးမှာ omega (3) အဆီဓါတ်တွေ ပါတဲ့အတွက်ကြောင့် သွေးတွင်းကိုလက်စ်ထရောကို ထိန်းညှိတဲ့နေရာမှာ အများကြီး အထောက်အကူပြုပါတယ်။

No. (3) ဂျုံကြမ်း၊ ဆန်ကြမ်းနှင့် ပြုလုပ်ထားသော အစားအစာများကို ရွေးချယ်ပါ။

ဂျုံကြမ်း၊ ဆန်ကြမ်းတွေမှာ soluble fiber လို့ ခေါ်တဲ့ အမျှင်ဓါတ်တွေ အများကြီး ပါဝင်ပါတယ်။ အဲ့ဒီ့ soluble fiber တွေက သွေးတွင်းကိုလက်စ်ထရောကို ထိန်းညှိပေးပါတယ်။ ကောင်းတဲ့ကိုလက်စ်ထရောတွေကို များစေပြီး မကောင်းတဲ့ ကိုလက်စ်ထရောတွေကို နည်းစေပါတယ်။ ဂျုံကြမ်း၊ ဆန်ကြမ်းနဲ့ လုပ်ထားတဲ့ အစားအစာတွေက ဘာတွေလဲဆိုတာကိုတော့ comment မှာ ဖော်ပြပေးထားပါတယ်။

No. (4) ဟင်းချက်တဲ့အခါ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ မပြည့်ဝဆီကို ရွေးချယ်ပါ။

Monounsaturated fatty acid (MUFA) လို့ခေါ်တဲ့ မပြည့်ဝဆီတွေ ကြွယ်ဝစွာ ပါဝင်တဲ့ သံလွင်ဆီ၊ ပဲဆီ (စစ်စစ်) တို့ဟာ နှလုံးကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။ အခြား rice bran oil တို့ canola oil တို့မှာလဲ MUFA ကြွယ်ဝစွာ ပါဝင်ပါတယ်။

No. (5) သစ်ကြားစေ့၊ ဗာဒံစေ့၊ ဖရုံစေ့ အစရှိသော အစေ့အဆန်များကို တစ်နေ့ အနည်းငယ် စားပေးပါ။

ကောင်းမွန်တဲ့အဆီဓါတ်တွေ ပါဝင်တဲ့ ဒီအစေ့အဆန်တွေကို တစ်နေ့ လက်တစ်ဆုပ်စာလောက် စားပေးခြင်းက သွေးတွင်းကိုလက်စ်ထရောထိန်းညှိတဲ့နေရာမှာ ကူညီပေးပါလိမ့်မယ်။

အပိုင်း (၂) ဆက်ရန်....

Address

Myaing

Website

Alerts

Be the first to know and let us send you an email when Dr Honey Su Naing- Nutritionist Doctor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Honey Su Naing- Nutritionist Doctor:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram