Innovative Diagnostics

Innovative Diagnostics We are offering reliable and accurate Diagnostic services to our customers with Innovative technology

🩵 March လတွင်ကျွန်တော်တို့ Innovative Diagnostics  ဓါတ်ခွဲခန်းမှာ ဝန်‌ဆောင်မှု ရယူသူ customer များရဲ့ ID အပေါ် အပြုသဘောဆ...
02/04/2026

🩵 March လတွင်ကျွန်တော်တို့ Innovative Diagnostics ဓါတ်ခွဲခန်းမှာ ဝန်‌ဆောင်မှု ရယူသူ customer များရဲ့ ID အပေါ် အပြုသဘောဆောင်၍ ပြောင်းလဲတိုးတက်စေချင်သောစေတနာဖြင့် အချိန်ပေးပြီး feedback ပေးခဲ့သော ချစ်ခင်လေးစားရပါသော Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ feedbacks များကိုအစဉ်‌လေးစားတန်ဖိုးထားပါသည်။
ပိုမိုတိုးတက်ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် အတွက်လဲစဉ်ဆက်မပြတ်ကြိုးစားသွားမည်ဖြစ်ကြောင်း တင်ဆက်ရင်း အထူးကျေးဇူးတင်ရှိကြောင်းနှင့်အသိအမှတ်ပြုကြောင်း အမှတ်တရပြန်လည်ဝေမျှ
အပ်ပါသည်ခင်ဗျာ။ 🩵








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

🩺 World Doctor Day 2026🩺ယနေ့ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပပြုလုပ်ခဲ့သော World Doctor Day ဟာ လူသားအရင်းမြစ် အသက်ရှင်သန်နိုင်မှု၊...
01/04/2026

🩺 World Doctor Day 2026🩺

ယနေ့ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပပြုလုပ်ခဲ့သော World Doctor Day ဟာ လူသားအရင်းမြစ် အသက်ရှင်သန်နိုင်မှု၊
ကျန်းမာရေးနှင့် မျှော်လင့်ချက်တွေကို ကာကွယ်ပေးနေကြတဲ့ ဆရာဝန်များအားလုံးကို ဂုဏ်ပြုသည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်ခင်ဗျာ

👉 “ဆရာဝန်များသည် လူနာများ အသက်ရှင်ခြင်း၏ မျှော်လင့်ချက်ပင်ဖြစ်ပါသည်”

နေ့စဉ် လူနာများအတွက် အချိန်မရွေး အန္တရာယ်ကို ရင်ဆိုင်ပြီး
ကိုယ်ပိုင်အချိန်များကိုပင် စွန့်လွှတ်ကာ
လူသားတို့၏ ကျန်းမာရေးအတွက်
အစွမ်းကုန် ကြိုးပမ်းနေကြသော
ဆရာဝန်များအားလုံးကို
❤️ လေးစားဂုဏ်ပြုအပ်ပါသည်။

ကျွန်တော်တို့ ဝိတိုရိယဆေးရုံတွင်ကျင်းပခဲ့သော World Doctor Day အခမ်းအနားပုံရိပ်များအား ဂုဏ်ယူစွာ
ဖြင့်ပြန်လည်တင်ပြအပ်ပါသည်ခင်ဗျာ။








‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821
‎ :N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

Dew Medical and Diagnostics (DMD) Co.,Ltd ၏ ပံ့ပိုးကူညီမှုဖြင့် ကျွန်တော်တို့ Innovative Diagnostics မှ ဓါတ်ခွဲပညာရှင်မျ...
01/04/2026

Dew Medical and Diagnostics (DMD) Co.,Ltd ၏ ပံ့ပိုးကူညီမှုဖြင့် ကျွန်တော်တို့ Innovative Diagnostics မှ ဓါတ်ခွဲပညာရှင်များ Clinical Pathology service အတွက် Artificial Intelligence အသုံးပြု နည်းပညာ ကို Ningbo Konfoong Bioinformation Tech Co., Ltd, Ningbo Clinical Pathology Diagnosis Center နှင့် Yangmin Diagnostics Laboratory တို့တွင်လေ့လာခဲ့သော ပုံရိပ်များကို အမှတ်တရပြန်လည်တင်ပြပေးလိုက်ပါသည်ခင်ဗျာ။








‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821
‎ :N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

✳️ Laboratory Attendant (M/F) – 10 posts✅ Date needed: immediately✅ Salary negotiableRequirements✅ ဆယ်တန်းအောင်မြင်ပြီးသ...
01/04/2026

✳️ Laboratory Attendant (M/F) – 10 posts

✅ Date needed: immediately
✅ Salary negotiable

Requirements

✅ ဆယ်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

✅ Nurse Aid / Basic Medical Laboratory technology related သင်တန်းအောင်လက်မှတ် ရရှိပြီးသူဖြစ်ရမည်။

✅ သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

✅ နေ့ဆိုင်း၊ ညဆိုင်း တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

✅ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရမည်။

✅ အချိန်ပြည့် ဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်သူဖြစ်ရမည်။

For a complete job description please apply via mail:
thuzaraung@innovativediagnosticsmyanmar.com
or contact Human Resource
(+959 969982885)








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangone Tsp ,Yangon.

ကျွန်တော်တို့ Innovative Diagnostics အနေဖြင့် Clinical Pathology (Surgical Specimens & Paraffin Block) Scope အတွက် ISO 1...
31/03/2026

ကျွန်တော်တို့ Innovative Diagnostics အနေဖြင့် Clinical Pathology (Surgical Specimens & Paraffin Block) Scope အတွက် ISO 15189:2022 Accreditation ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးရရှိနိုင်ခဲ့ခြင်းသည် အကြီးမားဆုံးသော အောင်မြင်မှုတစ်ရပ်ဖြစ်ပါသည်။
Innovative Diagnostics ၏ ISO Achievement Celebration အခမ်းအနားကို 20th, March, 2026 တွင် Lotte Hotels ၌ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပနိုင်ခဲ့ပြီး ထိုပွဲသို့ကြွရောက်ချီးမြှင့်ဂုဏ်ပြုပေးခဲ့ကြပါသော ဆရာကြီး၊ ဆရာမကြီးများ၊ဧည့်သည်တော်ကြီးများ နှင့် ဝန်ထမ်းများ အားလုံးအား Innovative Diagnostics မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့်အမှတ်တရဓါတ်ပုံများအား ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင် တင်ပြအပ်ပါသည်ခင်ဗျာ။







‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821
‎ :N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

မကွေးမြို့ရှိ ဆရာကြီး ၊ ဆရာမကြီးများ ၊ ဇီ၀က (ဆီးချို နှင့် အထွေထွေရောဂါ အထူးကုဆေးခန်း ) နှင့် မကွေးမြို့နေ ပြည်သူလုထုတို...
26/03/2026

မကွေးမြို့ရှိ ဆရာကြီး ၊ ဆရာမကြီးများ ၊ ဇီ၀က (ဆီးချို နှင့် အထွေထွေရောဂါ အထူးကုဆေးခန်း ) နှင့် မကွေးမြို့နေ ပြည်သူလုထုတို့၏ ယုံကြည်စောင့်ရှောက်မှုဖြင့် Innovative Diagnostics ,Magway Center သည် ၂၀၂၆ ခုနှစ် မတ်လတွင် ၄ နှစ်ပြည့် အမှတ်တရကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ခဲ့ပါပြီ။ မပြောင်းလဲသော အရည်အသွေး ၊ ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများနှင့်အတူ လာမည့်နှစ်ပေါင်းများစွာဆီသို့ အတူဖြတ်သန်းနိုင်ရန် ဆန္ဒပြုလျက်ဆက်လက်ကြိုးစားသွားပါမည်ခင်ဗျာ🩵💜🤍







.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့🫁 World Tuberculosis Day (March 24)တီဘီရောဂါသည် ကမ္ဘာ့သေဆုံးမှုအများဆုံး ကူးစက်ရောဂါများအန...
24/03/2026

ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့
🫁 World Tuberculosis Day (March 24)

တီဘီရောဂါသည် ကမ္ဘာ့သေဆုံးမှုအများဆုံး ကူးစက်ရောဂါများအနက် ဒုတိယမြောက်ရောဂါဖြစ်ပါသည်။ ရောဂါကိုအချိန်မီ ဆေးစစ်စမ်းသပ်မှုများခံယူပြီး ကုသပါက ပျောက်ကင်းသည်ထိကုသနိုင်သောရောဂါဖြစ်ပါသည်။

ဖွံဖြိုးဆဲနိုင်ငံများတွင်ဆက်လက်ဖြစ်ပွားလျက်ရှိနေသော တီဘီရောဂါအား အချိန်မီကုသမှုခံယူရန်အတွက် နာတာရှည်ချောင်းဆိုးပြီး သလိပ်တွင်သွေးပါခြင်း၊ဖျားခြင်း၊အစားအသောက်ပျက်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊ညအချိန်ချွေးထွက်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းစသည့် လက္ခဏာများဖြစ်လာပါက ပေါ့ပေါ့ဆဆနေထိုင်မှုမပြုလုပ်ပါဘဲဂရုစိုက်စစ်ဆေးကုသရန်တိုက်တွန်းလိုပါသည်ခင်ဗျာ။

၂၀၂၆ ကမ္ဘာ့တီဘီရောဂါနေ့ ၏ ဆောင်ပုဒ်မှာ
We can end TB. Led by countries. Powered by communities ဖြစ်သည့်အလျောက် မြန်မာနိုင်ငံတွင်လည်း တီဘီရောဂါအား အများပြည်သူများပူးပေါင်းဆောင်ရွက်မှုဖြင့် အဆုံးသတ်နိုင်ရန်အတွက်အထူးကြိုးစားသင့်ပါသည်။

ကျွန်တော်တို့ Innovative Diagnostics တွင်လည်း တီဘီရောဂါနှင့်ပတ်သတ်၍ စစ်ဆေးမှုများဖြစ်သော 🔬သလိပ်မှတဆင့် စစ်ဆေးခြင်း(Sputum AFB, Sputum PCR)
🔬သွေးမှတဆင့်စစ်ဆေးခြင်း (TB (ICT), TB quantiferon & TB PCR)
🔬အသားစမှတဆင့် PCR နည်းဖြင့် စစ်ဆေးခြင်း (Tissue TB PCR)
🔬အသားစမှတဆင့် ဓါတုဆေးဆိုးစစ်ဆေးခြင်း (Special stain ZN) နှင့်
🔬ဆေးယဥ်ပါး တီဘီနှင့်ပတ်သက်၍စစ်ဆေးခြင်း (Drug resistance : Rifampicin & Isoniazid) အစရှိသည့်စစ်ဆေးမှုများအား နိုင်ငံတကာအဆင့်မီနည်းပညာများ နှင့် စက်ကိရိယာများ အသုံးပြု၍ အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိသောကြောင့် လူကြီးမင်းများအနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ အချိန်မီစစ်ဆေးကုသခြင်းဖြင့် တီဘီရောဂါအားအနိုင်ယူနိုင်ကြစေရန်ဆန္ဒပြုလျက်ကျန်းမာရေးအသိပညာပေးအပ်ပါသည်ခင်ဗျာ။🙏








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

18/03/2026

သားအိမ်နံရံအတွင်းသားမှာရှိတဲ့ တစ်သျှူးဆဲလ်တွေဟာ သားအိမ်ပြင်ပ နေရာများတွင်
(သားဥအိမ် ၊ သားဥပြွန် စသည်ဖြင့်) မှားယွင်းစွာရှိနေတတ်ပြီး အမျိုးသမီးများအား ဆိုးရွားသော နာကျင်ကိုက်ခဲမှုများဖြစ်ပေါ်စေသော အ​ခြေအ​နေကို Endometriosis လို့ ​ခေါ်ပါတယ်။

✅Endometriosis အ​ခြေအ​နေတွင်

👩ဓမ္မတာမဖြစ်ခင်နှင့်ဖြစ်ပေါ်နေသောအချိန်များတွင် ဆီးစပ်၊ ခါး၊ ဝမ်းဗိုက်နေရာများ တွင်ပြင်းထန်သောနာကျင်မှုခံစားရခြင်း

👩ကျောအောက်ပိုင်းနှင့်တင်ပဆုံအတွင်းမှ နာကျင်ခြင်း

👩ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း

👩 မျိုးဥကြွေချိန်တွင် နာကျင်မှုအပြင်းထန်ခံစားရခြင်း

👩ပင်ပန်းမောပန်းလွယ်ခြင်း

👩သားသမီး ရရန်ခက်ခဲခြင်း အစရှိသော နောက်ဆက်တွဲအခြေအနေများ ခံစားရနိုင်ပါတယ်။

✅Endometriosis အား အချိန်မီစစ်ဆေးကုသမှုပြုလုပ်ရန်အတွက် Ultrasound ပြုလုပ်ခြင်း
( Abdominal & Pelvis USG) ၊ MRI ပြုလုပ်ခြင်း၊ အသားစစစ်ဆေးခြင်း (Biopsy)၊ သွေးမှတဆင့် စစ်ဆေးခြင်း (CA 12-5) အစရှိသည့် စစ်ဆေးမှုများအားပြုလုပ်ဆောင်ရွက်နိုင်ပါသည်။

အမျိုးသမီးများ၏ ကျန်းမာရေးကိုရှေးရှုကာ အထက်ပါ စစ်ဆေးမှုများ အချိန်မီစစ်ဆေးပြုလုပ်သင့်ပါကြောင်းနှင့် မလိုလားအပ်သောနောက်ဆက်တွဲဆိုးကျိုးများမခံစားရစေလိုကြောင်း ကျွန်တော်တို့ Innovative Diagnostics အနေဖြင့် ကျန်းမာရေးအသိပညာပေး တိုက်တွန်းအပ်ပါသည်ခင်ဗျာ။








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

17/03/2026

Patient safety awareness month လေးမှာ ကျွန်တော်တို့ Innovative Diagnostics အနေဖြင့် အဘက်ဘက်မှ တာဝန်ရှိသူများက လူနာများရဲ့ safety ပိုင်းတွက်မည်သို့ဆောင်ရွက်လုပ်ကိုင်နေကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့်တင်ပြ‌ပေးလိုက်ပါတယ်ခင်ဗျာ။








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

နှစ်စဉ် မတ်လ 12ရက် နေ့ကို World Kidney Day အဖြစ် ကမ္ဘာတဝှမ်းမှာ ကျင်းပကြပါတယ်။ ကျင်းပရသည့် ရည်ရွယ်ချက်မှာ လူတိုင်းကို ကျ...
12/03/2026

နှစ်စဉ် မတ်လ 12ရက် နေ့ကို World Kidney Day အဖြစ် ကမ္ဘာတဝှမ်းမှာ ကျင်းပကြပါတယ်။ ကျင်းပရသည့် ရည်ရွယ်ချက်မှာ လူတိုင်းကို ကျောက်ကပ်ကျန်းမာရေး၏ အရေးကြီးမှု ကို သတိပြုမိစေရန်နှင့် ကျောက်ကပ်ရောဂါများကို စောစောကာကွယ်နိုင်ရန် အသိပညာပေးခြင်း ဖြစ်ပါသည်။

လူ့ခန္ဓာကိုယ်မှာ ကျောက်ကပ် ၂ လုံးရှိပြီး သွေးထဲက အဆိပ်အတောက်များကို စစ်ထုတ်ပေးခြင်း၊ ကိုယ်ခန္ဓာအတွင်း ရေဓာတ်နှင့် ဆားဓာတ် မျှတစေရန် ထိန်းညှိပေးခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း အစရှိသော အရေးကြီး လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးပါသည်။
ယနေ့ခေတ်မှာ လူအများကြားမှာ ဖြစ်ပွားနေတဲ့ Chronic Kidney Disease ဟာ ကျောက်ကပ်ကို တဖြည်းဖြည်း ပျက်စီးစေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် Diabetes (သွေးချိုဆီးချိုရောဂါ) နှင့် Hypertension (သွေးတိုးရောဂါ) စနစ်တကျကုသမှုမခံယူသူများတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။

☢️ ခံစားရမည့်ရောဂါလက္ခဏာများမှာ

မျက်နှာ၊ ခြေထောက်များ ဖောခြင်း။

ဆီးပမာဏ နည်းပါးပြောင်းလဲခြင်း။

အလွန်ပင်ပန်းနွမ်းနယ်ခြင်း။

အစာစားချင်စိတ် လျော့နည်းခြင်း။

သွေးပေါင်ချိန် မြင့်မားခြင်း တို့ ပါဝင်ပါတယ်။

ကျောက်ကပ်ကျန်းမာရေးကို ကာကွယ်ခြင်းသည် ကျန်းမာသောဘဝအတွက်အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ Innovative Diagnostics တွင် ကျောက်ကပ်ကျန်းမာရေးနှင့်စပ်လျဥ်း၍ ဓါတ်ခွဲစစ်ဆေးမှုများဖြစ်သော

🔬 ဆီးစစ်ဆေးခြင်း (Urine Tests)

🔬 သွေးစစ်ဆေးခြင်း (Kidney Function Tests)

🔬 အသားစစစ်ဆေးခြင်း။ (Biopsy test)
အထူးဓါတုဆေးဆိုးစစ်ဆေးခြင်း။ (IHC test) အစရှိသော

ဓါတ်ခွဲစစ်ဆေးမှုများအားနိုင်ငံတကာအဆင့်မီနည်းပညာသုံးစက်ကိရိယာများကျွမ်းကျင်ဓါတ်ခွဲပညာရှင်များနှင့်ရောဂါဗေဒဆရာဝန်များမှအကောင်းဆုံးဝန်ဆောင်မှုပေးနေကြောင်းသတင်းကောင်းပါးလျက် မိဘပြည်သူများအနေဖြင့် ကျောက်ကပ်ကျန်းမားရေးအားအလေးပေးဆောင်ရွက်ရန် ကျန်းမားရေးဗဟုသုတပေးအပ်ပါသည်ခင်ဗျာ။🙏🩵✨








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

📢Vacancy Announcements 📢*********************************✳️ Driver – 6 posts✅ Date needed: immediately✅ Salary negotiabl...
10/03/2026

📢Vacancy Announcements 📢
*********************************

✳️ Driver – 6 posts

✅ Date needed: immediately
✅ Salary negotiable

Requirements

✅ အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

✅ ယာဥ်မောင်းလိုင်စင်ရှိသူဖြစ်ရမည်။ (Updated)

✅ နေ့ဆိုင်း၊ ညဆိုင်း တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

✅ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရမည်။

✅ အချိန်ပြည့် ဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်သူဖြစ်ရမည်။

✅ ရန်ကုန်မြို့တွင်း ကျွမ်းကျင်စွာမောင်းနှင်နိုင်ရမည်။

For a complete job description please apply via mail:
hr.id@innovativediagnosticsmyanmar.com
or contact Human Resource
(+959 969982885)








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

Address

အမှတ်(68), Taw Win Road, 9 Mile, Mayangone Township, Yangon
Myaungmya

Telephone

+959969923821

Website

Alerts

Be the first to know and let us send you an email when Innovative Diagnostics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Innovative Diagnostics:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category