စာမျက်နှာ ၏ အခြား တစ်ဖက်

စာမျက်နှာ ၏ အခြား တစ်ဖက် စာမျက်နှာ ၏ အခြားတစ်ဖက် ( the other side of story)

 #ကယား
26/11/2023

#ကယား

 #မြစ်ဆုံ #ကချင်  #ဧရာဝတီ
25/11/2023

#မြစ်ဆုံ
#ကချင်
#ဧရာဝတီ

24/11/2023

 #ပုပ္ပါးတောင်
22/11/2023

#ပုပ္ပါးတောင်

Different Version of Bagan
22/11/2023

Different Version of Bagan

AI နဲ့ Generate လုပ်ထားတဲ့ Emilia Clarke
22/11/2023

AI နဲ့ Generate လုပ်ထားတဲ့ Emilia Clarke

 #ပုပ္ပါးတောင်
20/11/2023

#ပုပ္ပါးတောင်


 #စစ်ကိုင်းတံတား
20/11/2023

#စစ်ကိုင်းတံတား

 #အညာမြေ  #မြန်မာမိန်းကလေး #နွားလှည်း
20/11/2023

#အညာမြေ
#မြန်မာမိန်းကလေး
#နွားလှည်း

 #ရှမ်းမြောက်
20/11/2023

#ရှမ်းမြောက်

 #အညာမြေ
19/11/2023

#အညာမြေ

24/08/2022

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က သူငယ်ချင်းတွေ အဖွဲ့လိုက် နဲ့ စကားပြောကြတယ်ပေါ့။ ပြောတာကတော့ ခုမှ မဟုတ်ဘူး မကြာခဏပါပဲ။ ပြောကြရင်လည်း တလရ အကြောင်းပေါ့။ 😁😁😁 ပြီးတော့ ပြောတဲ့ အဖွဲ့ ကလည်း တကယ်လုပ်တဲ့ သူတွေပဲ စုပြောဖြစ်ကြတာပါ။😎😎😎

ပြောရင်းပြောရင်း နဲ့ တလရ ကြီး နှေးနေတဲ့ အကြောင်း က အလိုလို ပါလာရော။ အဲ့တာနဲ့ တစ်ယောက်က စပြောရော နှေးတာက အရေးမကြီးဘူး စီဒီအမ် လုပ်ပြီး စောင့်နေရတဲ သူတွေ က မလွယ်တဲ့ အကြောင်း ကုန်စျေးနှုန်းတွေ၊ ဒေါ်လာတွေ ရဲ့ အခက်အခဲ ပေါ့။😔😔😔 ရှေ့ဆက်ပြီး ဒီလိုဆိုရင် မလွယ်ကြောင်း နဲ့ ကရင်တွေ က မိုးကုန်သွား ပေမယ့် ဘာလို့ မတိုက်သေးလဲ မသိဘူး။ ဘာဘူးပေါ့။ ပြီးတော့ တောင်ပိုင်း ကရင်တွေ ဖက်က အဖွဲ့တွေ ကွဲနေပြီး၊ တောင်ပိုင်းတိုင်း စစ်ဦးစီးချုပ်ပေးတာ ကိုလည်း မယူရဲ ဘူးပေါ့ ။ သူတို့ နယ်ထဲက pdf တွေကိုလည်း ပေးမတိုက်ဘူး။ ဘာလုပ်မှာလည်းပေါ့။ ဦးရေမွေ တို့ကလည်း ဘာမှ မလုပ်နိုင်ဘူးလား ပေါ့။ အဆဲပဲ ခံနေတာပေါ့။ လေပျံ နှစ်စင်း လောက်ကိုပြစ်ချ နိုင်ဖို့ လိုပြီ။ strategy ဆွဲသင့်ပြီပေါ့။😂😂😂

အဲ့တာ နဲ့ ကရင် တောင်ပိုင်းပြီး သွားတော့၊ နောက်တစ်ယောက်က အလယ်ပိုင်း ဗိုလ်နဂါး ဘာညာ ဆီရောက်သွားကြပြန်ရော။ ဗိုလ်နဂါး က အငြိမ်း ကိုလက်ခံ တွေ့တာ စိုးရိမ်စရာ မလိုကြောင်းပေါ့။ ဘာလို့လဲ ဆိုရင် သူတို့တွေက တူရာတူရာ စုနေလို့သာ တွေ့ရဲ တာဖြစ်ကြောင်း ပေါ့။ တကယ်ဆို နုဂျီရဲ့ ထောက်ပံ့မှု အများဆုံး ရထားတာ ဗိုလ်နဂါးဖြစ်ပြီး၊ ဗိုလ်နဂါး ဆီမှာ လန ထောင်ချီပြီး ရှိနေပေမယ့်၊ personal branding ကိုပဲ လုပ်ပြီး တကယ်မတိုက်ကြောင်း၊ ယင်းမာပင် နဲ့ အလယ်ပိုင်း စစ်ကိုင်းဖက်မှာ စကစ နဲ့ ထိတွေ့မှုတွေ ဖြစ်တိုင်း ဘယ်တော့မှာ ဗိုလ်နဂါး၊ မကူကြောင်း၊ မလာကြောင်း ပေါ့၊ နုဂျီအနေ နဲ့ ကလည်း သူ့ကို ထောက်ပံ့ ထားပေမယ့်၊ အငြိမ်းနဲ့အင်တာဗျူးပြီး ပေါက်တကရ ပြောတာ ကို မဖြေရှင်း ကြောင်း၊ ဘာကြောင့် မဖြေရှင်းတာလဲပေါ့၊ ခပ်စွာစွာ ၊ ဆရာ လွင်ကိုလတ်တို့ ဘာလုပ်နေလည်း ဘာညာပေါ့။😝😝😝

အဲ့တာနဲ့ နောက်တစ်ယောက်ဆီ ရောက်သွားပြီး၊ ကချင် တွေကလည်း မြောက်ပိုင်း စစ်ဥိးစီးချုပ်ပေးတာကို မယူကြောင်း၊ ဒီတိုင်းပဲ လိမ်ဖယ်လိမ်ဖယ်တိုက်နေကြောင်း၊ တိုက်ပွဲဖော်ဆောင်မှုကို အမြန်လုပ်သင့်ကြောင်း၊ ဆရာဂွမ်းကို နုဂျီ အနေ နဲ့ သေချာ စည်းရုံးသင့်ကြောင်းပေါ့။ နောက်ထပ် 6 လ နေလို့မှ တစ်ခုခု လုပ်မပြနိုင်ရင် မလွယ်ကြောင်းပေါ့။ တကယ်လည်း မလွယ်ဘူး။

ဒါနဲ့ပြီးတော့ နောက်တစ်ယောက်ကလည်း NUCC က နာမည် ယူထားပေမယ့်၊ တာဝန် ယူမှုတာဝန်ခံမှု အင်မတန် နည်းကြောင်း၊ တစ်ခါမှ လူရှေ့မထွက်ကြောင်း၊ ဘာလာလာ နုဂျီကိုပဲ ထိုးချထားကြောင်း။ လူတွေ အများစု ကလည်း NUCC ဆိုတာ ဘာမှန်းကို မသိကြောင်းပေါ့။ ကိုမင်းကိုနိုင် ကလည်း တိုင်းရင်းသား အားလုံးလေးစားမှု ရထားပေမယ့်၊ တာဝန်မယူရဲကြောင်း ပေါ့ အစရှိသဖြင့်၊ အစရှိသဖြင့်ပေါ့။

အကုန်လုံး ကိုယ်သိတာ ကိုယ်ပြောပြီးလို့၊ တစ်ယောက် အသံ၊တစ်ယောက်ပြန် နားထောင် ကြည့်လိုက်တော့ အချို့ ကလည်း စီဒီအမ် ထားတဲ့ အရာရှိတွေ၊ အချို့ ကလည်း ပြည်ပကနေ ထောက်ပို့နေတဲ့ သူတွေ၊ ကျန်တဲ့သူတွေ ကလည်း စီးပွားရေး သမားပေမယ့်၊ ရရင် ရသလို စကစ ကိုတွန်းလှန်နေသူတွေ ဆိုတော့ ကိုယ့်ဟာ ကိုယ်တော့ အတော်လုပ်လှပြီ၊ တာဝန်ကျေနေပြီလို့ ထင်တဲ့ သူတွေချည်းပဲ။

ဒါပေမယ့် ကဲ ပြသနာတွေက တော့သိနေပြီ၊ အဲ့လိုနှေးနေတာတွေ ဘယ်လို အဖြေရှာမလဲ ဆိုပြီး ဆက်တွေးတော့ အဖြေက မထင်မှတ်ပဲ၊ လွယ်လွယ်လေးထွက်လာတယ်။

ခုနက ပြောနေတဲ့ သူအများစုက ဦးရေမွေ ထက် တော်ကောင်းတော်လိမ့်မယ်။ ပိုပြီးလုပ်ရေကိုင်ရေ ရှိကောင်းရှိပါလိမ့်မယ်။ အကွက်ပိုမြင်ပြီး စီးရုံးနိုင်ကောင်းလည်း စီးရုံး နိုင်လိမ့်မယ်။ ဒါပေမယ့် ရှေ့ထွက်မလာပါဘူး။ နောက်ပြီး အချို့က လည်း နဂါးထက် နိုင်ငံရေး အပေါ်ဖြစ်စေ၊ အခြားသော ကိစ္စ တွေ အပေါ်မှာ ပိုပြီး ရိုးသားကောင်း ရိုးသားလိမ့်မယ်။ ဆရာဂွမ်းတိုထက်လည်း တိုင်းရင်းသား ပေါင်းစည်းရေး ဘာညာ ကိုပိုပြီး သိကောင်းသိကြပါလိမ့်မယ်။ ဒါပေမယ့် ပြသနာက ကျတော်တို့ အထဲက ဘယ်သူမှ တောထဲတောင်ထဲ မှာ မနေချင်ကြပါဘူး။ တောထဲတောင်ထဲ မှာပြေးရင်လွှားရင်း နဲ့ မတိုက်ချင်ကြပါဘူး။ မိသားစု ရှိသေးလို့၊ ကလေးရှိသေးလို့ နဲ့။ စိတ်ရော ကိုယ်ရော အဆင်းရဲ မခံချင်ကြဘူး။

နိင်သလောက်ကူပြီး၊ ကျတော်တို့ရဲ့ reference line က ဘာမှမလုပ်တဲ့၊ အခါအခွင့်ကို အမြဲချောင်းနေတဲ့ သူဌေးတွေ၊ လာဘ်လာဘ ယူနေတဲ့ non တွေ နဲ့ ယှဥ်ပြီး သာ ကိုယ့်ကိုယ်ကို လုပ်လှပြီလို့ ထင်နေကြတာပါ။ တကယ်က ကျတော်တို့ ရဲ reference၊ ညွန်းကိန်းကို တိုင်းတဲ့ ပေတံက မှားနေတာပါ။ မလုံလောက်သေးပါဘူး။ ဘာမှ မလုပ်တဲ့ သူတွေ နဲယှဥ်ပြီး၊ ကိုယ့်ကို ကိုယ့် အဟုတ်ကြီး ထင်နေကြ တာပါ။

ကျတော်တို့ မလုပ်ချင်တဲ့ အလုပ်ကို လုပ်ပေးနေသူတွေ အတွက် ဘာလို့ မလုပ်သေးလဲလို့ မေးနေ မယ့် အစား၊ ဘာလုပ်ပေးရင် မြန်မလဲလို့စဥ်းစားရမှာပါ။ သူတို့လည်း ကိုယ်တွေလို့ နိုင်ငံထဲက နိုင်ငံ သားတွေပါပဲ။ သူတို့ရွေးချယ် မှုကြောင့် အရှေ့ရောက်လာသူတွေကို ဘာလို့နှေးနေလဲဆိုပြီး၊ ဆဲနေလို့၊ ပိုပြီး မြန်မလာ နိုင်တာကို သုံးသပ်သင့်ပါပြီ။

တကယ်က နှေးနေတာ နုဂျီကြောင့်လည်း မဟုတ်ဘူး၊ နဂါးကြောင့်လည်း မဟုတ်ဘူး၊ တတ်သလောက် မှတ်သလောက် လုပ်နေတဲ့ သူတွေကို နှစ်ပဲ တစ်ပြားဖိုးကူပြီး၊ reference မှားပြီး ဝေဖန်နေတဲ့ ကျတော်တို့ အားလုံးကြောင့် နှေးနေသေးတာပါပဲ။ ကျတော်တို့ ဘာကြောင့် နှေးနေသေးတာလဲ လို့ မေးပြီး တစ်ယောက် နဲ့ တစ်ယောက် blame နေကြမယ့် အစား၊ ငါ့က စပြီး၊ နှေးနေသေးတယ် လို့ စတွေး၊ မြန်အောင် ငါဘာထပ်လုပ်မလဲ ဆိုတာကို တွေးပြီး ဆက်လုပ်သင့်ကြပါပြီ။

အတွေးတူက

ေးစရာမလိုပဲကူးယူဖော်ပြနိုင်ပါသည်။

Address

Myaungmya

Website

Alerts

Be the first to know and let us send you an email when စာမျက်နှာ ၏ အခြား တစ်ဖက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share