19/08/2021
For your information,
Q & A about Covid - 19 Vaccines by MMOC.
@@@@@@@@@@@@@@@@@
🧬🦠 ပြီးခဲ့တဲ့အပတ်က MMOC ကနေ စီစဉ်တဲ့ Dr.Priya နဲ့ "𝐂𝐎𝐕𝐈𝐃-𝟏𝟗 𝐕𝐚𝐜𝐜𝐢𝐧𝐞𝐬" ခေါင်းစဉ်နဲ့ ဆွေးနွေးဖြစ်ကြပါတယ်။
တက်ရောက်လာတဲ့ ဆရာ၊ ဆရာမများရဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမေးမြန်းချက်တွေက အရမ်းကောင်းလို့ အားလုံးလည်း သိရှိနိုင်အောင် မျှဝေပါရစေ 🤗
✅ မေးခွန်းများကို Dr. Priya ကဖြေကြားပေးခဲ့ပြီး Dr. Priya ဟာ လက်ရှိမှာ Associate Professor, Mayo Clinic College of Medicine မှာတာဝန်ယူထားသူဖြစ်ပြီး Mayo Clinic Hospitals တွေမှာ ကိုဗစ်လူနာတွေ ကုသမှုအပိုင်းကို ကြီးကြပ်ကွပ်ကဲနေရသူလည်း ဖြစ်ပါတယ်။
✌️ကာကွယ်ဆေးထပ်မံထိုးနှံခြင်း✌️
🔹မေး။ COVIDSHIELD ကာကွယ်ဆေးကို Feb လက ၂ ကြိမ်ထိုးပြီးပါပြီ။
နောက်တစ်ကြိမ် ထပ်ထိုးဖို့လိုပါလား။ ထပ်ထိုးဖို့လိုရင် COVIDSHIELD ပဲထိုးရမလား ဒါမှမဟုတ် Shinopharm , Prizer, Moderna ထိုးရမလား။
🔸ဖြေ။ WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားတယ်ဆိုရင် နောက်တစ်ကြိမ်ထပ်ထိုးဖို့ ယခုအချိန်ထိ မလိုအပ်ပါ။
✌️ ကာကွယ်ဆေးထိုးပြီး Antibody စစ်ဆေးခြင်း ✌️
🔹မေး။ Shinopharm ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး Antibody G, M စစ်လို့ မပေါ်လျှင် အခြား ကာကွယ် ဆေး Covidshield ပြောင်းထိုးရမလား။
🔸ဖြေ။ မလိုပါ။
Antibody စစ်ဆေးခြင်းကို Covid ကာကွယ်ဆေးအကျိုးသက်ရောက် မှုအနေနဲ့ စစ်ဆေးဖို့ ထောက်ခံထားခြင်းမရှိပါ။
ရောဂါကာကွယ်နိုင်စွမ်းကလည်း Antibody စစ်ဆေးခြင်းနှင့် သက်ဆိုင်မှု မရှိပါ။
🔹မေး။ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးပါပြီ။
Antibody test kits နဲ့ စစ်ကြည့်လိုက်တာ ဘာမှ မပေါ်ပါဖူး။
ကာကွယ်ဆေး ထပ်ထိုးရမလား။
🔸ဖြေ။ ခုလက်ရှိရနေတဲ့ Antibody test kits တွေက ကာကွယ်ဆေးအကျိုးသက်ရောက် မှုအတွက် တိုင်းနိုင်တဲ့ အသိအမှတ်ပြု အရာမဟုတ်ပါ။
သွေးအဖြေပေါ်မူတည်ပြီး ဆေးထပ်မံထိုးဖို့ကို မထောက် ခံထားပါ။
✌️ကိုဗစ်ဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်း✌️
🔹မေး။ ကိုဗစ်ဖြစ်ပြီး ကာကွယ်ဆေးထိုးဖို့ ဘယ်လောက်စောင့်ရမလဲ။
ကာကွယ်ဆေး ပထမအကြိမ်ကို January လတုန်းက ထိုးထားပါတယ်။
ခု ကိုဗစ် ဖြစ်နေတာ Day 10 ရှိပါပြီ။
ဒုတိယအကြိမ်ကာကွယ်ဆေးကို ဘယ်တော့ထိုးရမလဲ။
ကိုဗစ်ဖြစ်ပြီးရင် ကာကွယ်ဆေးထိုးဖို့လိုလား။တချို့ပြောကြတာက ကိုဗစ်ဖြစ်ပြီးရင် ကာကွယ်ဆေးတစ်လုံးထိုးသင့်တယ်ပြောကြပါတယ်။
🔸ဖြေ။ ကိုဗစ်ဖြစ်ပြီးရင် အနည်းဆုံး ၃ လလောက် ပြန်လည်ကူးစက်ခံရဖို့ ကနေ ကာကွယ်ပေးပါတယ်။
ဒါကြောင့် ကာကွယ်ဆေးက အနီးအနားမှာ လက်လှမ်းမီမယ်ဆို ၃ လ စောင့်လို့ရပါတယ်။
၃ လထက်စောပြီး ထိုးလို့ ဘေးထွက်ဆိုးကျိုးဖြစ်တာလည်း မတွေ့မိသေးပါ။
ခုချိန်ထိ ကိုဗစ်ဖြစ်ပြီး ထွက်လာတဲ့ Antibody က ၃ လကျော်အထိ ကာကွယ်ပေးလား ဆိုတာ မသေချာသေးပါ။
ဒါကြောင့်မို့ ကိုဗစ်ဖြစ်ပြီး လည်း ကာကွယ်ဆေးထိုးဖို့ ထောက်ခံထားပါတယ်။
တချို့ လေ့လာတွေ့ရှိချက်များအရ ကိုဗစ်ဖြစ်ပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးထားသူများသည်
ကိုဗစ်မဖြစ်ဖူးပဲ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားသူများကဲ့သို့ ရောဂါကာကွယ်နိုင်တယ်လို့ တွေ့ရှိရပါတယ်။
✌️ကာကွယ်ဆေးမျိုးကွဲများ✌️
🔹မေး။ ကာကွယ်ဆေးများ ရောထိုးရင် အန္တရာယ်ရှိလား။
- ဥပမာ ပထမအကြိမ်ကို Covidshield , ဒုတိယအကြိမ်ကို Sinopharm/Covaxin ထိုးရင်။.
🔸ဖြေ။ UK Covid Vaccination Program မှာတော့ ရောထိုးတာကို တွေ့ရပါတယ်။ ခုချိန်ထိတော့ ဘေးထွက်ဆိုးကျိုးမတွေ့ရသေးပါ။
သို့သော်လည်း ရောထိုးတာက Astra-Zeneca (Covidshield) နဲ့ Pfizer / Moderna တို့လိုမျိုး mRNA vaccine type ဖြစ်ပါတယ်။
(Sinopharm/ Covaxin များမှာ inactivated vaccine type ဖြစ်ပါတယ်)။ ရောထိုးခြင်းရဲ့ အကျိုးသက်ရောက် မှုကိုတော့ လေ့လာထားချက် မတွေ့ရှိရသေးပါ။
🔹မေး။ Covidshield ပထမအကြိမ်ထိုးပြီး ထပ်မရနိုင်တော့ရင်
Covidshield နဲ့ Sinopharm ကြား ရောသုံးလို့ရပါလား။
ရရင် Sinopharm ဘယ်နှစ်လုံးလောက်ထိုးရမလဲ။
🔸ဖြေ။ WHO က သတ်မှတ်ထားတဲ့ ကိုဗစ် ကာကွယ်ဆေးတွေက သူ့ အညွှန်းအတိုင်း ဆက်တိုက်ထိုးရမှာတွေပါ။
WHO ကတော့ ၂ ကြိမ်လုံးကို အမျိုးအစားတူကိုပဲ ထိုးဖို့ တိုက်တွန်းထားပါတယ်။
အမျိုးအစားမတူတဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးထားရင် နောက်ထပ် တတိယအကြိမ် ထပ်ထိုးဖို့ တော့ ညွှန်ကြားချက် မတွေ့ပါ။
လက်ရှိအချိန်မှာတော့ ကာကွယ်ဆေးထိုးဖို့ ပျက် ကွက်သွားတာထက်
ထိုးလိုက်လို့ အကျိုးရှိမလား ဆိုပြီး ကောင်းကျိုး ဆိုးကျိုး ချိန်ဆ လုပ်ကြရပါတယ်။
🔹မေး။ Covidshield ကို ပထမအကြိမ် Feb က ထိုးထားပါတယ်။ ဒုတိယအကြိမ် မထိုးရသေးပါ။
Covaxin လိုမျိုးနောက် ကာကွယ်ဆေးတစ်မျိုးကို ၂ ကြိမ်အစကနေ ထိုးရမလား။
🔸ဖြေ။ Covidshield ရနိုင်ရင်တော့ အကောင်းဆုံးပါ။ ရရင်တော့ ကျန်တဲ့ တစ်ကြိမ်ပဲထိုးလို့ရပါတယ်။ ပြန်စ စရာမလိုပါ။
Covidshield မရခဲ့ရင်တော့ တခြား ကာကွယ်ဆေးကို တစ်ကြိမ်ထိုးပါ။ ပြန်စ စရာမလိုပါ။ ဒါဆိုရင် ကာကွယ်ဆေးထိုးမှု ပြည့်မီပါပြီ။
✌️ကိုဗစ်ကာကွယ်ဆေးနှင့် ရောဂါအခံ✌️
🔹မေး။ ကိုဗစ်ကာကွယ်ဆေးမထိုးခင် နှလုံးသွေးကြောပိတ်ရောဂါ, လေဖြတ်ရောဂါတွေ အတွက်သောက်နေတဲ့ သွေးကျဲဆေးတွေကို ရပ်ထားရမလား။
🔸ဖြေ။ ကာကွယ်ဆေးထိုးဖို့ ပုံမှန်သောက်နေတဲ့ ဆေးတွေကို ရပ်လိုက်စရာမလိုပါ။
သောက်နေတဲ့ သွေးကျဆေး၊ သွေးကျဲဆေး၊ ဆီးချိုဆေး စတာတွေကို ဆက်သောက်နေပါ။ ဆရာဝန် ညွှန်ကြားချက်
မပါပဲ ရပ်လိုက်စရာမလိုပါ။
🔹မေး။ အာရုံကြောရောဂါ (Chronic inflammatory demyelinating polyneuropathy (CIDP)) လူနာတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရလား။
🔸ဖြေ။ လက်ရှိအချိန်ထိ CIDP လူနာတွေပေါ်မှာ ကာကွယ်ဆေးအကျိုးသက်ရောက် မှုကို လေ့လာထားချက် မတွေ့ရှိရပါ။
CIDP လူနာတွေ အနေနဲ့ ကိုဗစ်ကူးစက်ခံရရင် ရောဂါလက္ခဏာဆိုးရွားနိုင်တာမို့ ကာကွယ်ဆေးထိုးတာက အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
(Chronic inflammatory demyelinating polyneuropathy (CIDP) is a rare neurological disorder in which there is inflammation of nerve roots and peripheral nerves and destruction of the fatty protective covering (myelin sheath) of the nerve fibers.)
🔹မေး။ TB ဆေးသောက်နေတဲ့သူတွေက Sinopharm ကာကွယ်ဆေးထိုးလို့ရလား။
🔸ဖြေ။ TB ဆေးက ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ဆက်စပ်မှုမရှိပါ။ Sinopharm ထိုးလို့ရပါတယ်။
🔹မေး။ အရေပြားရောဂါ Psoriasis ရှိတဲ့ သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရလား။
🔸ဖြေ။ ထိုးလို့ရပါတယ်။ မထိုးရသတ် မှတ်ထားတဲ့ ထဲမှာ အရေပြားရောဂါ Psoriasis မပါပါ။
(Psoriasis is a skin disease that causes red, itchy scaly patches, most commonly on the knees, elbows, trunk and scalp)
( US CDC ကတော့
* • Severe allergic reaction (e.g., anaphylaxis) after a previous dose or to a component of the COVID-19 vaccine
* • Immediate allergic reaction of any severity to a previous dose or known (diagnosed) allergy to a component of the vaccine
history ရှိဖူးသူတွေကို contraindication အနေနဲ့ ထည့်သွင်းစဥ်းစားပါတယ်)
🔹မေး။ အသက် ၆၀ ကျော်များအတွက် မည်သည့် ကိုဗစ်ကာကွယ်ဆေးက သင့်တော်ပါလဲ။
🔸ဖြေ။ WHO Emergency Use Listing (EUL) ပါတဲ့ မည်သည့်ဆေးမဆို အသက် ၆၀ ကျော်များကို ထိုးလို့ရပါတယ်။
WHO EUL စာရင်းကို ဒီမှာ ကြည့်လို့ရပါတယ်။
https://extranet.who.int/pqweb/vaccines/covid-19-vaccines
🔹မေး။ အရေပြား ဓါတ်မတည့်ဖြစ်ဖူးသူတွေအတွက် Sinopharm ကာကွယ်ဆေးမထိုးခင် အရေပြားကို ဆေး စမ်းသပ်ဖို့ လိုလား။
🔸ဖြေ။ အရေပြား ဆေးစမ်းစရာမလိုပါ။
Penicillin လိုမျိုး ဆေးတွေနဲ့ ဓါတ်မတည့်တဲ့ သူတွေဟာ ကိုဗစ်ကာကွယ်ဆေး ဓါတ်မတည့်မှုအတွက် စိုးရိမ်စရာမလိုပါ။
အကယ်၍ ကာကွယ်ဆေးထိုးလို့ ဓါတ်မတည့်တာဖြစ်ခဲ့ရင် အဲ့ဒီ ကာကွယ်ဆေးအမျိုးအစားကိုတော့ ရှောင်ကြဥ်ရပါမယ်။
ပထမအကြိမ်ဆေးထိုးလို့ ဓါတ်မတည့်တာ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရင် ဒုတိယအကြိမ်မှာ အဲ့ဆေးကို ထပ်မံ မထိုးသင့်တော့ပါ။
✌️ကိုယ်ဝန်ဆောင်နှင့် ကာကွယ်ဆေး✌️
🔹မေး။ နို့တိုက် မိခင်တွေအနေနဲ့ မည့်သည့် ကိုဗစ်ကာကွယ်ဆေးကို ထိုးရမလဲ။
🔸ဖြေ။ ခုချိန်ထိ ကာကွယ်ဆေးကို နို့တိုက် မိခင်တွေမှာ စမ်းသပ်ထားတာမရှိပါ။
သို့သော်လည်း ကမ္ဘာတဝှမ်း ကာကွယ်ဆေးထိုးနှံမှု များနှင့် ဆေးကုမှတ်တမ်းများအရ နို့တိုက် မိခင်များတွင် ဘေးထွက်ဆိုးကျိုး မတွေ့ရှိပါ။
🔹မေး။ Inactivated ကာကွယ်ဆေး မျိုးဖြစ်တဲ့ Sinopharm က ကိုယ်ဝန်ဆောင်များအတွက် သင့်တော်ပါလား။
မည်သည့်ကာကွယ်ဆေးက ကိုယ်ဝန်ဆောင်များအတွက် ကောင်းမလဲ။
🔸ဖြေ။ သုတေသန စမ်းသပ်ချက် များတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် စမ်းသပ်ချက်တော့ မရှိပါ။
သို့သော်လည်း ကမ္ဘတဝှမ်း ဆေးမှတ်တမ်းများအရ ကိုဗစ်ကာကွယ်ဆေးမှ ကိုယ်ဝန် ဆောင်များအတွက် ဆိုးကျိုး မတွေ့ရှိရသေးပါ။
တခြားတစ်ဖက် မှာတော့ ကိုယ်ဝန်ဆောင်များတွင် ကိုဗစ်ဖြစ်ပွါးလျှင် ပိုမိုဆိုးရွားတတ်တဲ့ အချက် များကို တွေ့ရှိထားပါတယ်။
ထို့ကြောင့် WHO အနေနဲ့ ကောင်းကျိုး ဆိုးကျိုး အရ ကိုယ်ဝန်ဆောင်များကို ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းထားပါတယ်။
✌️အထွေထွေမေးခွန်းများ✌️
🔹မေး။ Sputnik က WHO EUL ထဲပါလား။
🔸ဖြေ။ မပါသေးပါ။ Aug 16 ရက်နေ့ထိ စာရင်းကို အောက်မှာ ကြည့်လို့ရပါတယ်။
https://extranet.who.int/pqweb/vaccines/covid-19-vaccines
🔹မေး။ ဘိုးဘွားရိပ်သာမှ အဘိုးအဘွား ၂၂ ယောက်ဟာ ကိုဗစ် ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးထားပါတယ်။
ထိုးပြီး ၂ ရက်အကြာ စစ်ကြည့်လိုက်တော့ ၁၃ ယောက်မှာ ကိုဗစ် တွေ့ရှိပါတယ်။ အချို့မှာ ချောင်းဆိုးပါတယ်။ ကိုဗစ်ကာကွယ်ဆေးဟာ ကိုဗစ် positive ဖြစ်စေတာလား၊ အထူးသဖြင့် အသက်ကြီးသူတွေမှာပါ။
🔸ဖြေ။ ကိုဗစ်ကာကွယ်ဆေးအားလုံးမှာ active ကိုဗစ်ပိုး (Live Virus) မထည့်ထားပါ။ ဒါကြောင့်မို့ ကိုဗစ်ဆေးထိုးပြီး ကိုဗစ်မဖြစ်စေပါ။
ကာကွယ်ဆေးကြောင့်လည်း စစ်တဲ့အခါ false positive မထွက်စေပါ။
ပထမတစ်ကြိမ်တည်း ထိုးခြင်းက ကိုဗစ်ကို အပြည့်အဝ မကာကွယ်ပေးနိုင်ပါ။
အထူးသဖြင့် အသက်အရွယ်ကြီးသူများတွင်ပါ။
ဒါကြောင့်မို့ ဒီဖြစ်စဥ်မှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီး တခြားအကြောင်းအရာကြောင့် ကူးစက် မှုဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။
🔹မေး။ တုတ်ကွေးကာကွယ်ဆေး vaccine- vaxi grip ထိုးပြီး ကိုဗစ်ကာကွယ် ဆေးထိုးဖို့ ဘယ်လောက်စောင့်ရမလဲ။
🔸ဖြေ။ တုတ်ကွေးကာကွယ်ဆေးနှင့် ကိုဗစ်ကာကွယ်ဆေးကြား စောင့်ဆိုင်းဖို့ အချိန်သက်မှတ်ချက် မရှိပါ။
🔹မေး။ ကာကွယ်ဆေးများမှာ သိုလှောင်ထားရှိမှု အပူချိန် (Cold Chain) နှင့် သယ်ယူမှုပုံစံများနှင့် သက်ဆိုင်မှုရှိလား။ အစွမ်းထက် မှုကို လျော့ကျစေနိုင်လား။
🔸ဖြေ။ ကာကွယ်ဆေးများကို သက်မှတ်ထားသော အပူချိန်နှင့် သိုလှောင်မှုပုံစံ၊ သယ်ယူမှုပုံစံ မဟုတ်လျှင် ကာကွယ်နိုင်စွမ်း လျော့ကျစေပါတယ်။
ဘေးထွက်ဆိုးကျိုးသက်ရောက် မှုအတွက် လေ့လာထားချက်တော့မရှိပါ။
🔹မေး။ Sinopharm က Delta မျိုးကွဲများအတွက် ကာကွယ်ပေးလား။ ⁉
🔸ဖြေ။ Sinopharm က Delta မျိုးကွဲများကာကွယ်နိုင်စွမ်းအတွက် သုတေသန မတွေ့ရှိရသေးပါ။ ❎
🔹မေး။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး အရက်၊ ကော်ဖီ၊ လက်ဖက်ရည် သောက်လို့ရလား။ ဘာတွေ ရှောင်ကြဥ်ရမလဲ။
🔸ဖြေ။ ကိုဗစ်ကာကွယ်ဆေးမထိုးမီနှင့် ထိုးပြီးကာလအတွင်း အစားအစာ ရှောင်ရန် စာရင်းမရှိပါ။
🔹မေး။ ကိုဗစ် ဖြစ်ပြီး ခန္ဓာကိုယ်နုံးနေခြင်း ဟာ ဘယ်လောက်ကြာနိုင်လဲ။ ကုသလို့ ရလား။
🔸ဖြေ။ ခန္ဓာကိုယ်နုံးနေခြင်းဟာ ရက်သတ္တပတ်ကနေ လချီကြာနိုင်ပါတယ်။
တိတိကျကျ ကုသလို့ရတာမရှိပါ။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်အားပေးခြင်းများက အကျိုးရှိစေနိုင်ပါတယ်။
Source
MMOC - Continuing Professional Development
WHO declared a public health emergency of international concern (PHEIC) on 30 January 2020, shortly after the etiological agent causing the new respiratory disease later called Covid-19 had been isolated and the first genomic sequence had been completed. Scientific/academic institutions and manufact...