Aung Zaw Min - Pharmacy Shop

Aung Zaw Min - Pharmacy Shop Health Sevice & Pharmacy Shop

23/06/2025

အောင်ဇော်မင်း ဆေးဆိုင်
အ.ထ.က(၁) ကျောင်းအနီး၊ မြင်းခြံမြို့။
📞 ၀၉ ၇၈ ၇၇၀၀ ၁၇၀
📞 ၀၉ ၇၈ ၇၇၀၀ ၁၉၀

ဓာတ်ဆား နှင့် ပတ်သက်၍သင့် နှင့် သင့်မိသားစု အတွက် #မဖြစ်မနေသိရှိထားရန်လိုအပ်ပါသည်။ဓာတ်ဆားထုပ်  #ဖျော်စပ်ပုံ နှင့် မည်သူက...
20/04/2023

ဓာတ်ဆား နှင့် ပတ်သက်၍
သင့် နှင့် သင့်မိသားစု အတွက်
#မဖြစ်မနေသိရှိထားရန်လိုအပ်ပါသည်။

ဓာတ်ဆားထုပ် #ဖျော်စပ်ပုံ နှင့် မည်သူက
မည်သည့်ဓာတ်ဆားကို #ရွေးချယ်
သောက်သုံးသင့်သလဲ ဆိုတာကို
အောက်ပါတစ်ပုံချင်းစီတွင် အသေးစိတ်
လေ့လာနိုင်ပါသည်။

✅ ဘယ်လိုအခြေအနေမျိုးမှာ
ဓာတ်ဆားသောက်သင့်လဲ?

👉🏻 ချွေးထွက်များသည့်အခါ
👉🏻ဝမ်းပျက်ဝမ်းလျောသည့်အခါ
👉🏻 အော့အန်သည့်အခါ
👉🏻လေးကျင့်ခန်းလုပ်ပြီးသည့်အခါ
👉🏻 အချိန်အတော်ကြာနေပူမိသည့်အခါ
👉🏻 ရေဓာတ်ခမ်းခြောက်သည့် အခါ
တွင် ဓာတ်ဆားကို သောက်သုံးသင့်ပါသည်။

✅ ဘယ်လိုအကျိုးကျေးဇူးတွေ
ရရှိနိုင်လဲ?

👉🏻 ကိုယ်တွင်းရေဓာတ် ပြည့်ဝနိုင်ခြင်း
👉🏻 ကိုယ်တွင်းအပူချိန်လျော့ကျနိုင်ခြင်း
👉🏻 အပူရှပ်ခြင်းကိုကာကွယ်နိုင်ခြင်း
👉🏻 လေ့ကျင့်ခန်းများ ပိုမိုလုပ်ဆောင်နိုင်ခြင်း
👉🏻 အော့အန်းခြင်း၊ ဝမ်းလျောခြင်းကြောင့်
ဆုံးရူံးသွားသည့်ရေဓာတ်ကို အမြန်ဆုံး
ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်း
စသည့်အကျိုးကျေးဇူးများကိုရရှိနိုင်သည်။

✅ သတိပြုရန်

ဓာတ်ဆားဖျော်စပ်သည့်အခါတွင်
#ရေနွေး သို့မဟုတ် #ရေခဲရေ နှင့်
ဖျော်စပ်ပြီး သောက်သုံး၍မရပါ
ဓာတ်ပြယ်သွားတတ်ပါသည်။

စိတ် နှင့် ခန္ဓာ ချမ်းသာလို့
ကျန်းမာကြပါစေ။
အောင်ဇော်မင်း ဆေးဆိုင်
မြင်းခြံမြို့။

11/02/2023
ကိုက်ခဲဖျားနာနေတဲ့အချိန်သင်..ဒါတွေမလုပ်ပါနဲ့။လူတိုင်းဖျားနာတတ်ကြတာမို့ယခု Post ကို Save ထားဖို့တော့လိုပါတယ်နော်။ကိုယ်လက်...
30/11/2021

ကိုက်ခဲဖျားနာနေတဲ့အချိန်
သင်..ဒါတွေမလုပ်ပါနဲ့။
လူတိုင်းဖျားနာတတ်ကြတာမို့
ယခု Post ကို Save ထားဖို့တော့
လိုပါတယ်နော်။

ကိုယ်လက်တွေ ကိုက်ခဲနေတယ်။ အသက်ရှူလိုက်တိုင်း လေတွေက ပူနေသလိုပဲ။ ရေတွေလည်း ဆာတယ်။ အိပ်လည်း အရမ်းငိုက်နေတယ်လို့များ ခံစားနေရပြီလား ……. ဒါဆိုရင် သေချာပါတယ်။ သင်ဖျားနေတာပါ မိတ်ဆွေ။
ဖျားနေချိန် သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။

ဖျားနေတဲ့အခါ အတောင့်တဆုံး အရာက အမြန်ဆုံး ပြန်သက်သာဖို့ဟုတ်။ ဒါဆို ဖျားနေတာကို သက်သာစေဖို့ အဖျားရှိနေချိန်မှာ ရှောင်ရမယ့် အချက်လေးတွေကို ပြောပြပေးသွားပါမယ်။

Aye Thi Mon မှရေးသားပြီး
hellosayarwon panel မှ
ကူးယူဖော်ပြထားပါသည်။
aungzawminpharmcay
Myingyan.

ကားမူးခြင်းကို သက်သာစေမည့်အိတ်ဆောင်ဆေးနည်းလေးများခရီးဝေးဝေးသွားဖို့ဆို တော်တော်စဉ်းစားရတယ်။ ကားနဲ့လည်း မသွားရဲဘူး၊ လေယာဉ...
27/11/2021

ကားမူးခြင်းကို သက်သာစေမည့်
အိတ်ဆောင်ဆေးနည်းလေးများ

ခရီးဝေးဝေးသွားဖို့ဆို တော်တော်စဉ်းစားရတယ်။ ကားနဲ့လည်း မသွားရဲဘူး၊ လေယာဉ်လည်းမစီးဘူး၊ ရေလမ်းခရီးဆိုဝေလာဝေး၊ ရထားလည်း မဖြစ်။ ဘာကိုကြောက်နေရလဲဆိုတော့ ကားမူး၊လှေမူး၊ လေယာဉ်မူးတဲ့ အမူးရောဂါကိုပေါ့။

မအီမသာ ခံစားရခက်တဲ့ ဒီဝေဒနာကို ရှောင်နေရတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ဘယ်မှမသွားဘဲ မနေနိုင်တော့လည်း ကုစားနိုင်မယ့်နည်းလမ်းတွေရှာရင်း သည်းခံသွားလာရတာပါပဲ။ သွားရင်းလာရင်း တဝေါ့ဝေ့ါ့နဲ့ ထိုးအန်ရတာတွေ၊ ခေါင်းမထူနိုင်အောင် ကိုက်ခဲနေတာတွေက ကိုယ့်အတွက်ရော၊ ဘေးလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

ဒီလိုဖြစ်တတ်တဲ့သူတွေ ခရီးသွားတဲ့အခါ ကားမူးဝေဒနာကို သက်သာလျော့ပါးစေဖို့ အထောက်အကူဖြစ်မယ့် ဆေးဖက်ဝင်ပစ္စည်းလေးတွေကို ပုံနှင့်တကွ
ပြောပြလိုက်ပါတယ်နော်။

Yun Sandi Nan Mon မှရေးသားသည်။

Bo Gyoke Road, Near B.E.H.S(1),
Myingyan.

မေးမြန်းသူများသည့်အတွက် ဖြေပေးလိုက်ပါတယ်။အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ အရေးပေါ်သုံးစွဲကြတဲ့သား...
06/09/2021

မေးမြန်းသူများသည့်အတွက်
ဖြေပေးလိုက်ပါတယ်။

အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ အရေးပေါ်သုံးစွဲကြတဲ့သားဆက်ခြားသောက်ဆေးဖြစ်ပါတယ်။

အရေးပေါ်သန္ဓေတားနည်းတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် –

• သန္ဓေတားဆေးမသုံးထားခြင်း၊

• လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊

•ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှုရှိတဲ့အခါမျိုး၊

•ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊အသုံးပြုပုံမမှန်ကန်ခြင်း၊

•သန္ဓေတားသောက်ဆေးတွေကို သောက်သုံးဖို့ ၃ ရက်နဲ့အထက် ရက်ကျော်ခြင်း၊

•သားအိမ်ဝအဖုံး(diaphragm )သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း(expulsion)
ရက်တွက်သန္ဓေတားနည်းမှာ ရက်အတွက်မှားခြင်း၊

•သားအိမ်တွင်းထည့်ပစ္စည်း (IUD)သို့မဟုတ် အရေပြားအောက် ထည့်သွင်းရတဲ့သန္ဓေတားပစ္စည်း ကိုထုတ်လိုက်ပြီးတဲ့အချိန်တွေမှာ အရေးပေါ်သန္ဓေတားနည်းတွေကိုသုံးကြပါတယ်။

ဒါပေမယ့် သုံးစွဲရလွယ်ကူတယ်ဆိုတာနဲ့ပဲ ပုံမှန်သားဆက်ခြားဆေးတွေ၊ နည်းလမ်းတွေကို မသုံးတော့ဘဲ
#ဒီဆေးကိုပဲလိင်ဆက်ဆံပြီးတိုင်းသောက်နေကြသူတွေရှိလာပါတယ်။

အရေးပေါ်သားဆက်ခြားဆေးကို
#ထပ်ကာတလဲလဲသောက်ရင်ဘာတွေဖြစ်လာနိုင်သလဲ

အရေးပေါ်သားဆက်ခြားသောက်ဆေးအများစုက ပရိုဂျက်စတင်ဟော်မုန်းပဲပါတဲ့levonorgestrelသောက်ဆေးတွေဖြစ်ပါတယ်။

လိင်ဆက်ဆံပြီးနောက်ပိုင်း စောစောသောက်လေ ပိုထိရောက်လေဖြစ်ပါတယ်။ အရေးပေါ်သားဆက်ခြားဆေးဆိုတာ တစ်ကြိမ်သုံးဖို့သာ ရည်ရွယ်ထုတ်လုပ်တာဖြစ်ပေမယ့် #တစ်လအတွင်းတစ်ကြိမ်ထက်ကျော်ပြီးသောက်ရင်လည်း
ကျန်းမာရေးအန္တရာယ်တွေ
မဖြစ်စေနိုင်ပါဘူး။

အရေးပေါ်သားဆက်ခြားဆေးတွေက
#ပိုသောက်မိလို့ အန္တရာယ်မရှိစေနိုင်ဘူးဆိုပေမယ့် ရာသီစက်ဝန်းမမှန်တာ၊ မအီမသာဖြစ်တာ၊ ရင်သားတင်းတာတို့လို ခဏတာသာဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပါတယ်။ခေါင်းကိုက်ခြင်း၊ ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်း၊ခေါင်းမူးခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ ဒါတွေအကုန်လုံးက သန္ဓေတားဆေးတွေရဲ့ အဖြစ်များတဲ့သက်ရောက်မှုတွေဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ရာသီလာပြီးမကြာခင် မထင်မှတ်ဘဲနောက်တစ်ကြိမ်ရာသီသွေးဆင်းတာ၊နောက်တစ်လရာသီလာတဲ့အခါစောနေတာ၊နောက်ကျတာတွေလည်းရှိနိုင်ပါတယ်။

ဒီလိုတွေ ဘေးဥပါဒ်နည်းပါးတာကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ အရေးပေါ်သားဆက်ခြားဆေးတွေကို အလွယ်တကူဝယ်ယူနိုင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် #အရေးပေါ်အနေနဲ့သာ ဒီဆေးကိုသုံးဖို့ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်လို့ပုံမှန်သားဆက်ခြားနည်းအဖြစ်နဲ့သုံးဖို့မသင့်တော်ပါဘူး။ သားဆက်ခြားသောက်ဆေးနဲ့ ထိုးဆေးတွေကိုသာ သုံးသင့်ပါတယ်။

ဒါ့အပြင် အရေးပေါ်ကိုယ်ဝန်တားဖို့အတွက် ဒီဆေးတစ်မျိုးတည်း ရှိတာ မဟုတ်ဘဲ #နှစ်ရှည်ခံကိုယ်ဝန်တားနည်းတစ်ခုဖြစ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကိုလည်း အသုံးပြုနိုင်တယ် ဆိုတာကို သိစေချင်ပါတယ်။

Yun Sandi Nan Mon

မိမိကျန်းမာရေးအတွက် အချိန်ခဏလေးပေးပြီးဖက်စေချင်COVID-19 နှင့်ပတ်သက်ပြီးလွဲမှားနေသော  #အယူအဆများ နှင့် #အမှန်တရားများ #အယ...
14/07/2021

မိမိကျန်းမာရေးအတွက်
အချိန်ခဏလေးပေးပြီးဖက်စေချင်
COVID-19 နှင့်ပတ်သက်ပြီး
လွဲမှားနေသော #အယူအဆများ နှင့်
#အမှန်တရားများ

#အယူအဆအလွဲများ

🚫ကိုရိုနာဗိုင်းရပ်စ်က အန္တရာယ်အရှိဆုံး
ဗိုင်းရပ်စ် ဖြစ်ပါတယ်။

🚫ကိုရိုနာဗိုင်းရပ်စ် ရောဂါရရင်
သေလိမ့်မယ်။

🚫နှာခေါင်းစည်းတွေက ကိုဗစ်၁၉
ဗိုင်းရပ်စ် မဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။

🚫အိမ်မွေးတိရိစ္ဆာန်လေးတွေကတဆင့် ကိုဗစ်ပိုး ကူးစက်နိုင်ပါတယ်။

🚫အရက်ပြန်နှင့် ကလိုရင်းများကို တစ်ကိုယ်လုံး ဖြန်းလိုက်ခြင်းက
ခန္ဓာကိုယ်ရှိ ဗိုင်းရပ်စ်များကို သေစေနိုင်ပါတယ်။

🚫ကိုရိုနာဗိုင်းရပ်စ်မျိုးခွဲအသစ်က အသက်ကြီးသူများကို
ပိုထိခိုက်စေနိုင်ပါတယ်။

🚫ကိုရိုနာဗိုင်းရပ်စ်မျိုးခွဲအသစ်ကို ကုသရာမှာ ပဋိဇီဝဆေးများက
ပိုထိရောက်မှုရှိပါတယ်။

🚫 ကိုရိုနာဗိုင်းရပ်စ် မျိုးခွဲအသစ်ကို ကုသကာကွယ်ဖို့ ဆေး တစ်မျိုးရှိပါတယ်။

#အမှန်တရား

✅ နှစ်စဉ် တုပ်ကွေးရောဂါက ကိုရိုနာဗိုင်းရပ်စ်ထက် လူတွေကို အဆ (၆၀) သေဆုံးနိုင်စေပါတယ်။

✅ (၂) ရာခိုင်နှုန်းလောက်သာ သေဆုံးပြီး ထိုသေဆုံးသူများမှာ
ကိုယ်ခံအားစနစ် အားနည်းခြင်းကြောင့် ဖြစ်ပါတယ်။
✅ ဖျားနာနေချိန်မှာ တခြားသူတွေကို နှာချေချောင်းဆိုးခြင်းကနေ
အမှုန်အမွှားတွေပြန့်ပြီး ရောဂါမကူးစက်
အောင် နှာခေါင်းစည်းကို တပ်ဆင်ရခြင်း ဖြစ်ပါတယ်။

✅ အိမ်မွေးတိရိစ္ဆာန်လေးတွေက လူတွေဆီကို ဗိုင်းရပ်စ်ကူးစက်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားတော့
မရှိသေးပါဘူး။

✅ အရက်ပြန်နှင့် ကလိုရင်းများက မျက်နှာပြင်များကို
ပိုးသတ်ရာမှာ အသုံးပြုကြတာပါ။
ခန္ဓာကိုယ်ထဲ ရောက်ရှိနေတဲ့ ဗိုင်းရပ်စ်ကို မသတ်နိုင်ပါဘူး။

✅ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်အသစ်က အသက်အရွယ်မရွေးကူးစက်နိုင်ပါတယ်။ အသက်ကြီးသူများနှင့် ရောဂါအခံ
ရှိသူများ များက ဗိုင်းရပ်စ်ကြောင့် ပိုပြီး ဖျားနာနိုင်ချေ များပါတယ်။

✅ ပဋိဇီဝဆေးများက ဘတ်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်တာဖြစ်ပြီး
ဗိုင်းရပ်စ်ကို မတိုက်ထုတ်နိုင်ပါဘူး။

✅ယနေ့ထိတိုင် ကိုရိုနာဗိုင်းရပ်စ်မျိုးခွဲအသစ်ကို ကာကွယ်ကုသနိုင်မယ့် ဆေးအညွှန်းမပေါ်ထွက်လာသေးပါဘူး။




 #သွေးတိုးကြောင့်ဖြစ်သောနှလုံးရောဂါ(Hypertensive Heart Disease) #သွေးတိုးခြင်းကြောင့်နှလုံးထိခိုက်ပုံ   နှလုံးသွေးလွှတ်က...
31/01/2021

#သွေးတိုးကြောင့်ဖြစ်သောနှလုံးရောဂါ
(Hypertensive Heart Disease)

#သွေးတိုးခြင်းကြောင့်နှလုံးထိခိုက်ပုံ
နှလုံးသွေးလွှတ်ကြောကျဉ်းမြောင်းလာ
ခြင်း / နှလုံးကြွက်သားများကျဉ်းမြောင်း
လာခြင်း နှင့် နောက်ဆက်တွဲပြဿနာများ
#သွေးတိုးကြောင့်ဖြစ်သောနှလုံးရောဂါ
ဘယ်သူတွေမှာ အဖြစ်များသလဲ။
#ဘယ်လိုလက္ခဏာတွေတွေ့နိုင်သလဲ။
#ဘယ်လိုကာကွယ်ကုသနိုင်မလဲ။
ရေးသားသူ - Dr.Thant Zin

​ သွေးတိုးကြောင့်ဖြစ်သော နှလုံးရောဂါ
ဆိုတာ သွေးပေါင်ချိန်မြင့်တတ်ပြီး နှလုံးကို ထိခိုက်စေသည့်ပြဿနာမှန်သမျှကို
ဆိုလိုပါတယ်။ သွေးပေါင်ချိန် မြင့်တတ်
နေချိန်မှာ နှလုံးဟာ ပိုမိုအားစိုက်ပြီး
အလုပ်လုပ်ရပါတယ်။နှလုံးကြွက်သားများမာလာခြင်း၊ နှလုံးအမောဖောက်ခြင်း
စတာတွေကိုကြုံတွေ့နိုင်ပါတယ်။
ယေဘုယျ အားဖြင့် သွေးပေါင်ချိန်မြင့်
တတ်နေရင် နှလုံးသွေးကြောများ နှင့်
နှလုံးကြွက်သားများကို ထိခိုက်လာနိုင်ပါတယ်။
နှလုံးသွေးကြောများက သွေးတွေကို
နှလုံးကြွက်သားဆီရောက်အောင်
ပို့ဆောင်ပေးပါတယ်။သွေးပေါင်ချိန်မြင့်
တတ်လာရင် သွေကြောတွေ ကျဉ်းမြောင်း
လာပြီး နှလုံးကြွက်သားဆီ သွေးရောက်
တာနည်းလာပါလိမ့်မယ်။ ဒီအခြေနေကို
#နှလုးသွေးကြောကျဉ်းရောဂါ လို့
ခေါ်ဝေါ်ပါတယ်။ ဒီရောဂါဖြစ်ပွားရင်
နှလုံးဟာပုံမှန်လုပ်ငန်းတွေကို
မလုပ်ဆောင်နိုင်တော့ဘဲ ကျန်တဲ့အင်္ဂါ
အစိတ်အပိုင်းတွေဆီကိုလည်း သွေးပို့ဆောင်တာ အားနည်းသွားပါတယ်။
ကျဉ်းမြောင်းသွားတဲ့ သွေးကြောတွေထဲမှာ သွေးခဲပိတ်ဆို့ခြင်းတွေ
ဖြစ်လာနိုင်ပါတယ်။ နှလုံးဆီသွေးရောက်
တာရပ်တန့်သွားနိုင်ပါတယ်။
သွေးတိုးခြင်းကြောင့် နှလုံးကနေ
သွေးကိုညှစ်ထုတ်နိုင်စွမ်း လျော့ကျသွား
ပါတယ်။ဒါ့ကြောင့် နှလုံးကြွက်သားတွေ
က ပိုမိုအားစိုက်ထုတ်လာရပါတယ်။
​ဒါ့ကြောင့်ကြွက်သားများဟာ ထူထဲပြီး
#နှလုံးကြွက်သားများကြီးမားလာပါတယ်
နှလုံးရဲ့အခန်းတွေကိုပါထိခိုက်လာပါတယ်။အထူးသဖြင့် တစ်ကိုယ်လုံးဆီ
သွေးပို့ဆောင်ပေးရတဲ့ ဘယ်ဘက်
နှလုံးသွေးလွှတ်ခန်းဟာ ပုံမှန်ထက်
ထူထဲလာပါတယ်။
နှလုံးသွေးလွှတ်ကြောကျဥ်းမြောင်း
ခြင်း၊နှလုံးကြွက်သားများကြီးမားလာ
ခြင်းကြောင့် #နောက်ဆက်တွဲပြဿနာ
တွေကတော့
- နှလုံးအမောဖောက်ခြင်း။
- နှလုံးခုန်မမှန်ခြင်း။
- နှလုံးဆီသွေးမရောက်ခြင်း။
- နှလုံးထိခိုက်ခြင်း (heart attack)
- ရုတ်တရက်နှလုံးခုန်ရပ်တန့်ခြင်း။
- လေဖြတ်ခြင်း စတာတွေဖြစ်ပါတယ်။

#သွေးတိုးခြင်းကြောင့်ဖြစ်သောနှလုံးရောဂါဟာဘယ်သူတွေမှာအဖြစ်များသဲလဲ ဆိုရင်သွေးပေါင်ချိန်မြင့်တတ်
တတ်သူတွေမှာဖြစ်လေ့ဖြစ်ထရှိပါတယ်။
- ကိုယ်အလေးချိန်များသူ၊အဝလွန်သူများ
- လေ့ကျင့်ခန်းမလုပ်သူများ။
- ဆေးလိပ်သောက်သူများ။
- အဆီနှင့်ကိုလက်စထရောစားသုံးမှု
များသူများမှာ အဖြစ်များပါတယ်။
#ဘယ်လိုရောဂါလက္ခဏာတွေတွေ့နိုင်သလဲ ဆိုတာနှလုံရောဂါရဲ့
အခြေအနေပေါ်မှာမူတည်ပါတယ်။
တွေ့ရများတဲ့ လက္ခဏာတွေကတော့
- ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်အတွင်း
တင်းကျပ်နေခြင်း။
- မောပန်းနွမ်းနယ်ခြင်း။
- လည်ပင်း၊နောက်ကျော၊လက်မောင်းနှင့်
ပခုံးသားများအောင့်ခြင်း။
- ချောင်းအဆက်မပြတ်ဆိုးခြင်း။
- အစားပျက်ခြင်း။
- ခြေတောက် ခြေကျင်းဝတ်များ
ဖောယောင်ခြင်း စတာတွေဖြစ်ပါတယ်။

#ဘယ်လိုကာကွယ်ကုသမလဲ
သွေးတိုးကြောင့်ဖြစ်ပွားသည့်အတွက်
သွေးပါင်ချိန် ပုံမှန်ဖြစ်အောင် နေထိုင်
စားသောက်ရပါမယ်။ အဆီဓာတ် နှင့်
ကိုလက်စထရော နည်းအောင်
စားသောက်ရပါမယ်။ကိုယ်အလေးချိန်
ပုံမှန်ဖြစ်အောင် ထိန်းခြင်း၊ လေ့ကျင့်ခန်း
ပုံမှန်လုပ်ခြင်း စတာတွေဟာ
အရေးပါပါတယ်။ အိပ်ရေးဝအောင်
အိပ်စက်ဖို့ စိတ်ဖိစီးမှုတွေကို လျော့ချဖို့
လည်းလိုအပ်ပါတယ်။
သွေးတိုးရောဂါအခံရှိလျှင် ဆရာဝန်
နှင့်ပုံမှန်ပြသသင့်ပါတယ်။နှလုံးထိခိုက်
သည့်လက္ခဏာတွေ တွေ့လာရရင်
အရေးပေါ်ဆေးဝါကုသမှု ခံယူရပါမယ်။

#ကျန်းမာရွှင်လန်းကြပါစေ။
​အောင်ဇော်မင်း (< ဆေးဆိုင် >)
ဗိုလ်ချူပ်လမ်း၊ မြင်းခြံမြို့ ။

မိမိ၏ပတ်ဝန်းကျင်မှ #ဤဆေးဝါးသုံးစွဲနေရသူများသိရှိစေရန် မျှဝေ အသိပညာ ပေးစေချင်သည်။ #ပါဝင်ဖွဲ့စည်းမှု       Amlodipine   (အ...
18/09/2020

မိမိ၏ပတ်ဝန်းကျင်မှ
#ဤဆေးဝါးသုံးစွဲနေရသူများသိရှိစေရန် မျှဝေ အသိပညာ ပေးစေချင်သည်။

#ပါဝင်ဖွဲ့စည်းမှု
Amlodipine (အမ်လိုဒီပင်း)

#ဝယ်ယူရရှိနိုင်သောဆေးအမည်အချို့
Amlosum/ Amlong/ Antas/ Amlocor/
Stamlo/ Amlodipine/ CCB / Lodipin/
Amlo.Denk/ Adipin/ Amdocal/ Amlodac/ Amlofil/ Ampim/ Calchek/
Tipdop/ Amdocal Plus(with Atenolol)/
Coveram (with Peridopril)/........

#အသုံးပြုနည်း
ကိုသွေးပေါင်တတ်ခြင်းကို
ကုသဖို့ တစ်မျိုးတည်းသော်လည်ကောင်း
အခြားဆေးများနှင့်ပေါင်းစပ်ပြီးသော်
လည်ကောင်းအသုံးပြုကြပါသည်။
#သွေးပေါင်ကျစေခြင်းသည် လေဖြတ်ခြင်း၊နှလုံးရောဂါ၊ကျောက်ကပ်ရောဂါ အစရှိသည် တို့ကိုကာကွယ်ပေးနိုင်ပါသည်
သည်Calcium Blockers တစ်မျိုးဖြစ်သည့်အတွက် သွေးကြော
နံရံများကိုကျယ်စေပြီး သွေးကိုပိုမို
လွယ်ကူစွာ စီးဆင်းစေသည်။
ကိုရင်ဘတ်အောင့်ခြင်း
တချို့အတွက်ကာကွယ်ရန် အတွက်လည်း
အသုံးပြကြပါသည်။သို့သော်လည်း
ရင်ဘတ်အောင့်နေချိန်မှာတော့
အသုံးပြုရန်မသင့်ပါ။

#သောက်သုံးနည်း
#ဆေးသောက်ရမည့်ပမာဏကတော့နီးစပ်ရာဆရာဝန်နှင့်ဖြစ်စေဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေဆွေးနွေးတိုင်ပင်သောက်သုံးရပါမည်။

သောက်ဆေးကို
အစာနှင့်သော်လည်ကောင်း၊ အစာမပါဘဲ
သော်လည်ကောင်း ဆရာဝန်ညွှန်ကြား
ချက်အတိုင်း သောက်သုံးသင့်ပါသည်။
ဆိုးကျိုးများလျော့ကျစေရန်အတွက်
သင့်ဆရာဝန်မှ ဒီဆေးကို #တဖြည်းဖြည်း
#တိုးမြှင့်ပေးမှာ ဖြစ်သည့်အတွက်
ဆရာညွှန်ကြားသည့်အတိုင်းတိတိကျကျ
လိုက်နာသင့်ပါသည်။ မိမိသဘော
ဖြင့် #ဆေးရပ်ခြင်းများမပြုလုပ်သင့်ပါ။
ကိုအစွမ်းအထက်ဆုံး
ဖြစ်စေဖို့ နေ့တိုင်း အချိန်မှန်မှန်
သောက်သုံးသင့်ပါသည်။
ဆေးသောက်ဖို့ မေ့ခဲ့ပါက သတိရသည့်
အချိန်အမြန်ဆုံးသောက်ပါ နောက်တကြိမ်
သောက်ရန် နီးကပ်နေပြီဆိုရင်တော့
လွတ်သွားသည့် အချိန်ကိုကျော်ပြီး
ပုံမှန်အချိန်မှဘဲ သောက်သုံးပါ။
ရောဂါလက္ခဏာ
မသက်သာပါက (သို့) ပိုမိုဆိုးလာပါက
ဆရာဝန်နှင့်တိုင်ပင် ပြောပြသင့်သည်။
( ဥပမာ- သွေးပေါင်တတ်ဆဲ(သို့)
ရင်ဘတ်အောင့်ရင်(သို့) မသက်သာ မိုဆိုးလာရင်)

#သတိပြုရမည့်အချက်များ
နှလုံးရောဂါ၊အသည်းရောဂါရှိလျှင်
ကိုယ်ဝန်ရှိလျှင် ကိုယ်ဝန်ယူဖို့
စိတ်ကူးရှိလျှင်၊ ကလေးနို့တိုက်နေရလျှင်
ဆေးသောက်နေစဉ် ကိုယ်ဝန်ရှိလျှင်
ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန်
သတိပြုရပါမည်။

#ဘေးထွက်ဆိုးကျိုးများ
ဆေးနှင့်ဓာတ်မတည့်မှု လက္ခဏာတွေဖြစ်တဲ့ အနီကွက်ထခြင်း၊ အသက်ရူကျပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊
လည်ပင်း ရောင်ရမ်းခြင်းများ
ဖြစ်ပါက အရေးပေါ်ကုသမှု
ခံယူသင့်ပါသည်။
မပြင်းထန်တဲ့လက္ခဏာတွေကတော့
-ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
အိပ်ငိုက်ခြင်း၊ မောပန်းခြင်း၊ ဗိုင်နာခြင်း
ထုံကျင်ခြင်း တို့ကိုခံစားရတတ်ပါသည်
သိုသော်လည်း တစ်ဦးနှင့်တစ်ဦး
ကွဲပြားမှုရှိနိုင်ပါသည်။

#ကျန်းမာရွှင်လန်းကြပါစေ

အောင်ဇော်မင်း ((ဆေးဆိုင်))
​ဗိုလ်ချူပ်လမ်း၊
အ.ထ.က-(၁)ကျောင်းအနီး၊မြင်းခြံမြို့

 #ယခုမွေးမည့်မေမေများ နှင့် #နောင်တချိန်မွေးမည့်မေမေများ    အတွက်ပါ။မွေးကင်းစကလေးငယ်အတွက် #အထူးသတိထားရမည့်အချက်များ🙏🏻ကျန...
26/08/2020

#ယခုမွေးမည့်မေမေများ နှင့်
#နောင်တချိန်မွေးမည့်မေမေများ
အတွက်ပါ။

မွေးကင်းစကလေးငယ်အတွက်
#အထူးသတိထားရမည့်အချက်များ

🙏🏻ကျန်းမာ ရွှင်လန်းကြပါစေ။

အောင်ဇော်မင်း
မြင်းခြံမြို့။

Address

Bo Gyoke Road, Near B. E. H. S(1)
Myingyan
271995

Opening Hours

Monday 07:00 - 17:00
Tuesday 09:00 - 17:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959787700170

Website

Alerts

Be the first to know and let us send you an email when Aung Zaw Min - Pharmacy Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Zaw Min - Pharmacy Shop:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram