ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား

  • Home
  • ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား

ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား ဆေး နှင့် ဆေးပစ္စည်းများကို ဆရာဝန်၊ ဆရာမများ ကိုယ်တိုင်ဦးစီး၍ ရောင်းချပေးနေသော Page ဖြစ်ပါသည်။

Christmas Holiday မှာ ကရုဏာဆေးခန်းအနေနဲ့ ၂၄ ရက်နေ့ မှ ၂၈ ရက်နေ့ထိ ၅ ရက်တိတိ ဆေးခန်းပိတ်ပါတယ်နော် အားလုံးပဲ မယ်ရီခရစ္စမတ်...
23/12/2025

Christmas Holiday မှာ ကရုဏာဆေးခန်းအနေနဲ့ ၂၄ ရက်နေ့ မှ ၂၈ ရက်နေ့ထိ ၅ ရက်တိတိ ဆေးခန်းပိတ်ပါတယ်နော်

အားလုံးပဲ မယ်ရီခရစ္စမတ်ပါ 😊🎅💝🙏

စီတာပူဆေးခန်း နဲ့ ဂျန်မိုင်ကောင်းဆေးခန်း ရော နှစ်ခုလုံးပိတ်ပါမယ်နော်

ကျနော့်အတွက် ကရုဏာဆေးခန်း ဆရာမတွေရဲ့ Christmas လက်ဆောင်ပါတဲ့ သူတို့ဆရာရဲ့ အဝတ်အစား ဆိုဒ်ကို တော်တော်ခန့်မှန်းတတ်သား ဝတ်လ...
21/12/2025

ကျနော့်အတွက် ကရုဏာဆေးခန်း ဆရာမတွေရဲ့ Christmas လက်ဆောင်ပါတဲ့
သူတို့ဆရာရဲ့ အဝတ်အစား ဆိုဒ်ကို တော်တော်ခန့်မှန်းတတ်သား
ဝတ်လိုက်တော့ ကွက်တိ 😊
အဝတ်အစားတွေက လက်ဆောင်ရတာတွေနဲ့ပဲ ဝယ်စရာတောင် သိပ်မလိုပါဘူး
ကျေးဇူးတော်ခွက်ဖလား လျှံလျက်ရှိပါ၏။
Thank You So Much My beloved ကရုဏာ Team 💝

Merry Christmas To You All 🎅
May God Bless You 🙏

ချစ်ခင်ရတဲ့ အထူးကုဆရာဝန်ကြီးတွေ စီနီယာဆရာဝန်တွေ နဲ့ ကရုဏာဆေးခန်းမှ ဝန်ထမ်းတွေအတွက် ဒီလိုငြိမ်သက်ခြင်းနှင့်ပြည့်စုံပြီး ပ...
20/12/2025

ချစ်ခင်ရတဲ့ အထူးကုဆရာဝန်ကြီးတွေ စီနီယာဆရာဝန်တွေ နဲ့ ကရုဏာဆေးခန်းမှ ဝန်ထမ်းတွေအတွက် ဒီလိုငြိမ်သက်ခြင်းနှင့်ပြည့်စုံပြီး ပျော်ရွှင်ရတဲ့ ဒီဇင်ဘာလမှာ Christmas လက်ဆောင်များ ပေးခွင့်ရလို့ တကယ်ကိုပဲ ကြည်နူးဝမ်းမြောက်မိပါတယ်။ 💞

ကျနော့်ရဲ့ ကရုဏာ အထူးကုနှင့်အထွေထွေရောဂါကု ဆေးခန်းကို စိတ်ရင်းစေတနာပြည့်ဝစွာနဲ့ ကူညီပေးကြတဲ့ အထူးကုဆရာဝန်ကြီးများ၊ စီနီယာဆရာဝန်များ နဲ့ ကရုဏာဆရာမများကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ 🙏

ကရုဏာဆေးခန်းရဲ့ အဓိကထားတဲ့တန်ဖိုး ( Core Value ) ကတော့ လူနာတွေရဲ့ ကျန်းမာရေး နဲ့ စိတ်ကျေနပ်မှုပါပဲ။ 💝

ကရုဏာဆေးခန်းကို ကျန်းမာရေးလိုအပ်ချက်ရှိတိုင်း သတိရပေးတဲ့ လူနာများအားလုံးကိုလဲ အထူးပင်ကျေးဇူးတင်ပါတယ် လို့ ပြောချင်ပါတယ်။

အားလုံးပဲ ပျော်ရွှင်သော မယ်ရီခရစ္စမတ်ပါ ✨🎅

Merry Christmas to You All ❤️

ကရုဏာဆေးခန်း #မြစ်ကြီးနား #စီတာပူ #ဂျန်မိုင်ကောင်း

အသက် ၇၂ နှစ် အမျိုးသမီးလူနာတယောက်ကို သူ့ရောဂါနဲ့ ဆိုင်တဲ့ရက် ၂၀ စာ သောက်ဆေး နှစ်မျိုး ၁၀ ရက်စာ သောက်ဆေး နှစ်မျိုး စုစုပေ...
19/12/2025

အသက် ၇၂ နှစ် အမျိုးသမီးလူနာတယောက်ကို သူ့ရောဂါနဲ့ ဆိုင်တဲ့
ရက် ၂၀ စာ သောက်ဆေး နှစ်မျိုး
၁၀ ရက်စာ သောက်ဆေး နှစ်မျိုး
စုစုပေါင်း ဆေး ၄ မျိုးပေးလိုက်ပါတယ်။

ရက် ၂၀ ပြည့်ရင် ပြန်လာပြဖို့ မှာလိုက်တယ်။
တိုးတက်မှု ရှိလား ကြည့်မယ်ဆိုပြီး။

အံမယ် ရက်ချိိန်းရောက်တော့ ရောက်လာရှာတယ်။
ကဲ အန်တီ အခြေအနေဘယ်လိုလဲ မေးကြည့်တော့
ဆရာပေးလိုက်တဲ့ ဆေးတွေကြောင့် တော်တော်လေး နေလို့ကောင်းလာပါပြီတဲ့။

ကိုယ့်မှာ ဝမ်းသာဖို့ ပြင်နေတုန်း
ဒါပေမဲ့ ဆရာရယ်တဲ့ ဒီရက်ပိုင်း နဲနဲပြန်နေလို့မကောင်းလာဘူးတဲ့။

ဆေးလက်ကျန်တွေစစ်ကြည့်တော့ ဆေးနှစ်မျိုးက တကဒ်ကြီးများစီတောင် ကျန်နေသေးတယ်။
ဘာလို့ကုန်အောင်မသောက်လဲလို့ မေးကြည့်လိုက်တော့……

လူနာရဲ့ ဖြေရှင်းချက်။ ။

တစ်မျိုးကတော့ အတူတူတွဲသောက်မယ့် ဆေးနှစ်မျိုးက ကုန်သွားလို့ ရပ်လိုက်တာတဲ့။
( အော် ဆေးဆိုတာလဲ Couple စုံတွဲလိုက် သောက်ရတယ်ဆိုတာ သင်ယူလိုက်ရတယ် ကျေးဇူးပါ အန်တီ 🤧 )

နောက်တစ်မျိုးကတော့ အသိမိတ်ဆွေတွေကပြောတယ် မသောက်သင့်ဘူးတဲ့ စွဲသွားနိုင်တယ်တဲ့။
( လူနာရဲ့ ကျန်းမာရေးပြဿနာကို ပိုဆိုးစေနိုင်တဲ့ အနှောင့်အယှက်ဆိုးတွေ သိပ်ကို ကြောက်စရာကောင်းတယ် )

စာဖတ်သူတွေလဲ ဆေးသောက်ရင်
စုံတွဲလေး သောက်
မသောက်ခင်လေး ဖင်လေးလှုပ်ပြီး သောက်ကြနော်
Shake well before use

#ကရုဏာဆေးခန်း #မြစ်ကြီးနား

ဒီတိုင်းကြည့်ရင်တော့ မြေပဲဆံ နှစ်ခြမ်းပေါ့ ဒါပေမဲ့ ၂ နှစ်အရွယ်ကလေးရဲ့ နှာခေါင်းပေါက်ထဲ ပြည့်ကျပ်ပြီး ဝင်နေတာကြီးကတော့ အသ...
07/12/2025

ဒီတိုင်းကြည့်ရင်တော့ မြေပဲဆံ နှစ်ခြမ်းပေါ့
ဒါပေမဲ့ ၂ နှစ်အရွယ်ကလေးရဲ့ နှာခေါင်းပေါက်ထဲ ပြည့်ကျပ်ပြီး ဝင်နေတာကြီးကတော့ အသက်အန္တရာယ်များတာပေါ့ 😰

မနေ့က ဆေးခန်းကို ၂ နှစ်အရွယ်ကလေး တယောက်
သူ့အမေပြောတာတော့ သူများကျွေးတဲ့ မုန့်ကို ရိုးရိုးမစားပဲ ပါးစပ်ထဲ လှမ်းပစ်ရင်း နှာခေါင်းပေါက်ထဲ ဝင်သွားတာတဲ့။
ဘာမုန့်လဲ မေးတော့ ကလေးအမေကလဲ သေချာမသိဘူးတဲ့။
ဝင်နေတာ နှစ်ရက်လောက်ရှိပြီတဲ့။

ကျနော် သေချာစစ်ဆေးကြည့်လိုက်တော့ ဘယ်ဖက်နှာခေါင်း အထဲထဲမှာ ဖြူဖြူကြီး တခုရှိနေတာမြင်လိုက်ရတယ်။

ဖြစ်နိုင်တာတော့ ကလေးက ဆော့ပြီး နှာခေါင်းထဲ ထိုးထည့်ထားပုံရပါတယ်။

ကလေးကလဲ အရင်မကြာသေးခင်ကပဲ ဗိုက်ခွဲထားတော့ ဆေးရုံဆေးခန်းဆိုတာနဲ့ ကြောက်နေပြီ။

ကဲ သားလေး မငိုနဲ့နော် ဦးဦး နှာခေါင်းထဲက ဟာလေး ထုတ်ပေးမယ်နော် ပြောလဲ ကလေးက ကြောက်ပြီး ငိုပါလေရော။

ငိုယိုရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ ကလေးကို မနည်းထိန်းပြီး ကြိုးစားအချိန်ယူပြီး ထုတ်လိုက်နိုင်ခဲ့တယ်။
ထွက်လာလို့ ကြည့်လိုက်တော့ မြေပဲဆံ တစ်ခြမ်း။
နောက်တခြမ်းများ ကျန်နေမလားဆိုပြီး မသင်္ကာတာနဲ့ ပြန်စစ်ဆေးကြည့်လိုက်တော့ ဟိုးအထဲထဲထိမှာ နောက်တခြမ်း ရှိနေသေးတယ်။
အဲ့တာနဲ့ပဲ နောက်တခြမ်းကို ကြိုးစားပြီး ထုတ်ရပြန်တယ်။

နှာခေါင်းကနေ တဆင့် လေပြွန်ထဲထိ ပိတ်မိပြီး အသက်သေနိုင်တဲ့အထိ ဖြစ်နိုင်လို့ ကလေးမိဘများ အလွန်အမင်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။

မပေါ့ဆကြပါနဲ့။

#စီတာပူ #ကရုဏာဆေးခန်း #မြစ်ကြီးနား

👶👦🏻 သားသား မီးမီးတို့ရဲ့ ဖေဖေ မေမေတို့ရေ 🩵စိတ်ရှည်သဘောကောင်းပြီး အရမ်းတော်တဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ အက်စ်လွမ်းနော...
09/11/2025

👶👦🏻 သားသား မီးမီးတို့ရဲ့ ဖေဖေ မေမေတို့ရေ 🩵
စိတ်ရှည်သဘောကောင်းပြီး အရမ်းတော်တဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ အက်စ်လွမ်းနော နဲ့ ပြဖူးကြတယ် ဟုတ်

ဆရာဝန်ကြီးက ကျနော်တို့ ကရုဏာဆေးခန်းမှာ မနက်တိုင်း ကလေးလူနာများကို ကုသပေးနေပါပြီနော် 🥰

🍀လူနာကြည့်ချိန် - နေ့စဉ် မနက် ( ၈ ) နာရီ
( တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည် )

🍀လိပ်စာကတော့ MD-18 ၊ တိုက်အမှတ် ၁ ၊ စီတာပူရပ်ကွက် ၊ မနောကွင်းအဝိုင်းပတ်အနီး ၊ တက္ကသိုလ်မိန်းလမ်းမကြီးပေါ် ၊ မြစ်ကြီးနားမြို့။

✅ Booking ကြိုတင်ယူနိုင်ပါသည်။

✅ ဖုန်း - 09 403506813 ( Viber or Phone )

အရက်သမားလို့ ခံယူထားသူတွေပဲ ဒီစာကို အဆုံးထိဖတ်ပေးပါ အရက်ဆိုတာ သောက်တာတော့ သောက်ပေါ့ ဒါပေမဲ့ ဒီအချက်လေးတွေ သိထားပြီး သောက...
06/11/2025

အရက်သမားလို့ ခံယူထားသူတွေပဲ ဒီစာကို အဆုံးထိဖတ်ပေးပါ
အရက်ဆိုတာ သောက်တာတော့ သောက်ပေါ့
ဒါပေမဲ့ ဒီအချက်လေးတွေ သိထားပြီး သောက်တယ်ဆိုရင် အသက်ရှည်ရှည်သောက်ရတာပေါ့ဗျာ

ဟာ ဒီဆရာဝန်က လူတွေကို အရက်ဖြတ်ဖို့ မပြောပဲ သောက်ဖို့ အားပေးနေတာလားလို့ ထင်ကောင်းထင်လိမ့်မယ်။
တကယ်တော့ အရက်ဖြတ်ခိုင်းဖို့ဆိုတာ လွယ်လား မလွယ်လား ဆိုတာ ကိုယ့်ဟာကိုယ် မေးကြည့်ပါ။
ဖြတ်နိုင်လိုက်ရင်တောင် ပြန်သောက်မိဖို့ ရာခိုင်နှုန်းအရမ်းများပါတယ်။

ကျနော်ဖြတ်ပေးတဲ့ အရက်သမားတွေလဲ အချိန်တိုလောက်ပဲ ပြတ်ပြီး ပြန်သောက်မိကြတာပါပဲ။
ပြန်သောက်မိတဲ့ အကြောင်းရင်းတော့ အများကြီး ရှိတာပေါ့လေ။
🥃စိတ်ညစ်လို့သောက်တယ်
🥃ပျော်လို့သောက်တယ်
🥃အပေါင်းအသင်းများလို့ သောက်တယ်
🥃ပိုက်ဆံပေါလို့ သောက်တယ်
🥃ကြိုက်လို့ကို သောက်တယ် အမျိုးမျိုးပေါ့ကွယ်

ထားလိုက်ပါတော့ သောက်တာတော့ သောက်ပေါ့
ဒါပေမဲ့ နည်းမှန်လမ်းမှန်သောက်ကြရင် မကောင်းပေဘူးလား

ကဲ ပြောပြမယ်နော်
🍺အစာအခံမရှိပဲ မသောက်နဲ့ အာဟာရပြည့်ပြည့်ဝဝစားပြီး သောက်ပါ။
🍺မသောက်တဲ့ ရက်များပြီး သောက်တဲ့နေ့ဆို လူမှန်းမသိအောင် ဇွတ်အရမ်းမသောက်နဲ့ ( သေတတ်လို့ )
🍺Alcohol free period ထားပေးရတယ်။ ( ဥပမာ ၃ ရက်သောက် တရက်နားပုံစံမျိုးပေါ့။ သောက်တဲ့နေ့မှာ အလွန်အကျွံသောက်ခိုင်းတာ မဟုတ်ဘူးနော် ပုံမှန် Limit လေးပေါ့ )
🍺မနက် မသောက်နဲ့။ နေ့ခင်း မသောက်နဲ့။ အလုပ်ပျက်အကိုင်ပျက်အောင် မသောက်နဲ့။ သောက်သာသောက်စေ လူမသိစေနဲ့ ဆိုတာမျိုးပေါ့။
🍺Alcohol အရက်ရဲ့ Limit ကတော့ တပတ်ကို 14 units ထက် မကျော်ရပါဘူး။ ( Not more than 14 units per week )
မြင်သာအောင် ပြောပြပါမယ်။
ဘီယာဆိုရင် တရက်ကို 600 ml ဝန်းကျင်
ဝီစကီ၊ရမ်၊ဗော့ကာ ဆိုရင် တရက်ကို 50- 75 ml ဝန်းကျင်
ဝိုင်ဆိုရင် တရက်ကို 250 ml ဝန်းကျင် ပါ။
🍺Medical Check Up ပုံမှန်လေးလုပ်ပေးပါ။ ( တနှစ်တခါပေါ့ ) အသည်းဓာတ်စစ်မယ်။ အာထရာဆောင်းရိုက်မယ်။ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးထားမယ်။ အသည်းရောင်အသားဝါ စီပိုးရှိမရှိစစ်မယ်။
🍺အသည်းကိုထိစေတဲ့ ဆရာဝန်ညွန်ကြားချက်မပါတဲ့ဆေးဝါးတွေရှောင်မယ်။ တိုင်းရင်းဆေးတွေ ရှောင်မယ်။
🍺ရေများများသောက်ပေးရမယ်။
🍺အဆီလျှော့စားပေးရမယ်။
🍺လေ့ကျင့်ခန်းလုပ်ပေးရမယ်။
🍺အိပ်ရေးဝဝ အိပ်ပေးရမယ်။
🍺ကိုယ်အလေးချိန်ထိန်းပေးရမယ်။

ဒါတွေပါပဲ။ ကဲ ဒါဆိုရင် နည်းမှန်လမ်းမှန်သောက်တတ်ပြီနော်
အရက်သောက်ဖော်သောက်ဖက် ဘော်ဒါတွေကိုလဲ Share ပေးလိုက်ပါအုံးဗျာ

Dr Ja Naw Hkun
#ကရုဏာဆေးခန်း #စီတာပူ #မြစ်ကြီးနား

အတွေ့အကြုံရင့်ပြီး အရမ်းတော်တဲ့ OG ဆရာဝန်ကြီး နှင့် ဗိုက်အပ်ကြပါစို့ 🤰👩‍🍼အမျိုးသမီးနဲ့ဆိုင်တဲ့ ရောဂါတိုင်းအတွက် ဆရာမကြီး...
30/10/2025

အတွေ့အကြုံရင့်ပြီး အရမ်းတော်တဲ့ OG ဆရာဝန်ကြီး နှင့် ဗိုက်အပ်ကြပါစို့ 🤰👩‍🍼

အမျိုးသမီးနဲ့ဆိုင်တဲ့ ရောဂါတိုင်းအတွက် ဆရာမကြီးနဲ့ တိုင်ပင်ဆွေးနွေး ကုသလို့ရပါတယ်နော်။

ကရုဏာ ဆေးခန်း ( စီတာပူ ) တွင် သားဖွားနှင့်မီးယပ်အထူးကု OG ဆရာဝန်ကြီး ဒေါက်တာ အေးအေးဟန် နှင့် ဆွေးနွေးပြသနိုင်ပါသည်။

🍀လူနာကြည့်ချိန် - နေ့စဉ် ညနေ ( ၄ ) နာရီ
( တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည် )

🍀လိပ်စာကတော့ MD-18 ၊ တိုက်အမှတ် ၁ ၊ စီတာပူရပ်ကွက် ၊ မနောကွင်းအဝိုင်းပတ်အနီး ၊ တက္ကသိုလ်မိန်းလမ်းမကြီးပေါ် ၊ မြစ်ကြီးနားမြို့။

✅ Booking ကြိုတင်ယူနိုင်ပါသည်။

☎️ 09- 403506813 ( Ph or Viber )

နာကျင်မှု ( Pain ) ဆိုတာကို ဘယ်သူမှ မခံစားချင်တာတော့ အမှန်ပဲ ဒါပေမဲ့ နာကျင်မှုဟာ တကယ်ကို မကောင်းတဲ့အရာတခုလား? တကယ်တော့ န...
22/10/2025

နာကျင်မှု ( Pain ) ဆိုတာကို ဘယ်သူမှ မခံစားချင်တာတော့ အမှန်ပဲ

ဒါပေမဲ့ နာကျင်မှုဟာ တကယ်ကို မကောင်းတဲ့အရာတခုလား?
တကယ်တော့ နာကျင်မှုဆိုတာ ကျနော့်တို့ကို ကာကွယ်ပေးထားတဲ့ အသိပေးချက် ( Alarm ) ဖြစ်စဉ်တစ်ခုပါ။

ကျနော်ရှင်းပြပါမယ် စဉ်းစားကြည့်ပါ
လူတယောက်က ကိုယ့်ကို စိတ်နာကျင်မှုတွေပေးနေတယ်ဆိုရင် သတိထားပါ ဝေးဝေးရှောင်ပါ။ ဒါဆိုရင် သင်ဟာ စိတ်ကျန်းမာမှုကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
အဲ့လိုပဲ ကိုယ့်ရဲ့ ခန္တာကိုယ်ကနေ နာကျင်မှု ( Pain ) တခုခုကို စတင်ခံစားရပြီဆိုရင် ဒါဟာ တခုမဟုတ် တခုခုက သင့်ကိုယ်မှာ ချို့ယွင်းမှုရှိနေပြီဆိုတာ အချက်ပြပေးနေတာပါ။

ဥပမာ သွားကိုက်တယ်ဆိုတာ သွားပိုးစားနေတယ် သွားနဲ့ ပတ်သက်ပြီး တခုခုဖြစ်နေပြီဆိုတာ အချက်ပြနေတာပါ။
တကယ်လို့ နာကျင်မှု မပြဘူးဆိုရင် သွားပိုးစားနေတယ်ဆိုတာကို သတိတောင်ထားမိမှာ မဟုတ်ပါဘူး။

ခါးက အလိုလိုနာလာတယ်ဆိုတာ ကျောက်ကပ်ထဲ ကျောက်တည်နေတာလဲ ဖြစ်နိုင်ပါတယ်။
နာကျင်မှုသာ မပြဘူးဆိုရင် ကျောက်တည်နေတာကို မသိပဲ ကျောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။
ဒါဆိုရင်တော့ ကုသလို့မရတော့ပဲ အချိန်လွန်သွားတာမျိုး ဖြစ်သွားနိုင်တယ်ပေါ့နော်။

ဒါကြောင့် နာကျင်မှုဆိုတာ အရမ်းကိုအားထားရတဲ့ အချက်ပြမှု ( Alarm ) ပဲ ဖြစ်ပါတယ်။
ဒါကြောင့် နာကျင်မှု ကို လျစ်လျူမရှုလိုက်ပါနဲ့။
သေချာဂရုပြုပြီး အကြောင်းရင်းခံကို ရှာသင့်ပါတယ်။

ပုံထဲမှာတွေ့နေရတာကတော့ အသက် ၅၀ ကျော် ဆီးချိုဝေဒနာရှင် အမျိုးသမီးတယောက်ရဲ့ ခြေထောက်အနာပဲ ဖြစ်ပါတယ်။
စိတ်မကောင်းစရာကတော့ ဒီအနာဟာ ဘယ်လိုကနေ ဘာကြောင့်ဖြစ်သွားတယ်ဆိုတာ သူမသိလိုက်ပါဘူးတဲ့။
မသိရခြင်းကတော့ ဆီးချိုကြောင့် အာရုံကြောတွေ ပျက်စီးပြီး နာကျင်မှုကို မခံစားရတော့ ခြေဖဝါးမှာ ဖြစ်နေတဲ့ အနာကို ရက်အတော်ကြာ သတိမထားမိပဲ ဖြစ်နေခဲ့တာပါ။
သတိမထားမိတာ ကြာပြီး ပုပ်သွားရင်တော့ ခြေချောင်းဖြတ်လိုက်ရတာမျိုးတွေ ကြုံလာရနိုင်ပါတယ်။
ဒီလောက်ဆိုရင် နာကျင်မှု ( Pain ) ရဲ့ အရေးပါမှုကို တွေးမိလောက်ပြီလို့ ယုံကြည်ပါတယ်။


#ကရုဏာဆေးခန်း #စီတာပူ

ကရုဏာဆေးခန်း (စီတာပူ) လာပြီး အဆော့လွန်လို့ မေ့သွားတာလား မသိ။ ဖိနပ်ပိုင်ရှင် ခလေးလေး နှစ်ယောက်ရေ ဒီ Post ကို မြင်ရင် ကိုယ...
25/09/2025

ကရုဏာဆေးခန်း (စီတာပူ) လာပြီး အဆော့လွန်လို့ မေ့သွားတာလား မသိ။
ဖိနပ်ပိုင်ရှင် ခလေးလေး နှစ်ယောက်ရေ
ဒီ Post ကို မြင်ရင် ကိုယ့်ဖိနပ်လေးတွေ လာယူကြနော် 😬

ဒီခေတ် ခလေးတွေလဲ Fb ကြည့်တတ်တော့ မြင်မှာပါ

ဖြစ်ပြန်ပြီ ရေနွေးပူလောင်တဲ့ ကလေးနောက်တယောက် 🤧ဒီတခေါက်တော့ အရင်တခေါက်ဖြစ်တဲ့ကလေးထက်လဲ ပိုငယ်တယ်။ အသက်က ၉ လ ပဲ ရှိသေး။ အပ...
18/09/2025

ဖြစ်ပြန်ပြီ ရေနွေးပူလောင်တဲ့ ကလေးနောက်တယောက် 🤧
ဒီတခေါက်တော့ အရင်တခေါက်ဖြစ်တဲ့ကလေးထက်လဲ ပိုငယ်တယ်။ အသက်က ၉ လ ပဲ ရှိသေး။
အပူလောင်တဲ့နေရာကလဲ ပိုများတယ်။
( ညာဖက်ပါးအောက် နဲနဲ၊ ညာဖက်လက် ၊ ညာဖက်ကျော ၊ ညာဖက်ရင်ဘတ် တွေ လောင်ပါတယ်။ )
ညာဖက်လက်နဲ့ ရေနွေးအိုးကို ဆွဲလိုက်ပုံရပါတယ်။

ရောက်ရောက်ချင်း ကြည့်လိုက်တော့ မဟုတ်တဲ့နည်းလမ်းတွေနဲ့ မလုပ်ထားလို့ တော်သေးတယ်။
အသက်ငယ်လွန်းတာတကြောင်း အပူလောင်တဲ့နေရာများတာတကြောင်းမို့လို့ ဒီကလေးကိုတော့ ဆေးရုံတင်လိုက်ရပါတယ်။

အမေဖြစ်သူက အလုပ်သွားနေတော့ ကလေးထိန်းနဲ့ ထားခဲ့တာတဲ့။
ဒီ ၉ လ အရွယ်ကလေးတွေက သိတဲ့အတိုင်း တွေ့ကရာ လျှောက်ဆွဲတတ်တယ်။ တွေ့ကရာ ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့ သဘာဝက ရှိတာဆိုတော့ အရမ်းကို သတိထားကြည့်ရတဲ့ အရွယ်လေးတွေပါ။

နိုင်ငံခြားက မိဘတွေဆိုရင် ကလေးရဲ့အခန်း နဲ့ ကလေးကစားတဲ့ နေရာတွေ၊ ဧည့်ခန်းတွေ မီးဖိုချောင်တွေ ရေချိုးခန်း၊ အိမ်သာတွေ အကုန်လုံးကို Childproofing လို့ခေါ်တဲ့ ကလေးသူငယ်လုံခြုံရေးအစီအစဉ်တွေ လုပ်ထားတတ်ကြပါတယ်။

ဥပမာ -
⚠️ရေနွေးဘူး၊ အိုး၊ ကရား တွေကို ကလေးလက်လှမ်းမှီတဲ့နေရာတွေမှာ မထားရ။
⚠️မီးပလပ်ပေါက်တွေအကုန်လုံးကို cover တပ်ထားသင့်ပါတယ်။ ( ဓာတ်မလိုက်စေရန် )
⚠️ဆေးဝါးတွေ၊ ခြင်ဖျန်းဆေးတွေ ၊ ခြင်ဆေးခွေတွေ ၊ ဆပ်ပြာရည်၊ ဆပ်ပြာခဲ ၊ ဓာတ်ဆီ ၊ ကြွက်သတ်ဆေး ၊ ပေါင်းသတ်ဆေး စတဲ့ အရာတွေကို ကလေးမမှီတဲ့ Locker တွေမှာ သော့ခတ်သိမ်းထားတာမျိုး လုပ်သင့်ပါတယ်။
⚠️TV ၊ စာအုပ်စင် ၊ ဗီဒို စတဲ့ အရာတွေကိုလဲ နံရံမှာ screw ဆွဲပြီး ကပ်ထားသင့်ပါတယ်။
⚠️ကြမ်းပြင်ကိုလဲ နူးညံ့တဲဲ့ ဖော့ဖျာလိုမျိုး အရာတွေနဲ့ ခင်းထားသင့်ပါတယ်။
⚠️စားပွဲစောင်းတွေ ခုံစောင်းတွေ ချွန်ထက်တဲ့ အရာဝတ္ထုပစ္စည်းတွေကိုလဲ တခုခုနဲ့ စွပ်ထားသင့်ပါတယ်။
⚠️လှေကားအတက်အဆင်း အပေါက်တွေကိုလဲ gate ပုံစံမျိုး တံခါးတပ်ထားသင့်ပါတယ်။
⚠️ကလေးပုခက်နဲ့ အခင်းကိုလဲ Fit size လုပ်ထားသင့်ပါတယ်။
⚠️အရွယ်အစားသေးငယ်ပြီး ပါးစပ်ထဲ နှာခေါင်းထဲ နားထဲ ဝင်နိုင်တဲ့ ပစ္စည်းတွေကို ဖယ်ရှားသင့်ပါတယ်။

ဒါတွေကတော့ မြင်သာအောင် ဥပမာ ပေးတာပါ။
စာဖတ်သူအနေနဲ့ တွေးမိတာလေးတွေ ရှိရင်လဲ အကြံပေးသွားလိို့ရပါတယ်။

မိမိကလေးတွေကို အထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။

စေတနာ၊မေတ္တာ၊ကရုဏာဖြင့်
#ကရုဏာဆေးခန်း #စီတာပူ

မှတ်ချက်။ ။ ပုံထဲက ဖြူဖြူရောင်တွေက ကျနော့်အနေနဲ့ ကလေးကို ဆေးလိမ်းထားပေးတာပါ။

2018 မြစ်ကြီးနားဆေးရုံကြီး OG Ward မှာ House ဆင်းတုန်းကပေါ့ ရိုးရိုးကလေးမွေးဗိုက်ကြီးသည်လူနာတွေကို မွေးပေးတဲ့အခါ တညလုံးပ...
13/09/2025

2018 မြစ်ကြီးနားဆေးရုံကြီး OG Ward မှာ House ဆင်းတုန်းကပေါ့
ရိုးရိုးကလေးမွေးဗိုက်ကြီးသည်လူနာတွေကို မွေးပေးတဲ့အခါ တညလုံးပင်ပင်ပန်းပန်း စောင့်ပေးရတယ်။
များသောအားဖြင့် မနက် ၆ နာရီ ဝန်းကျင်ဆို ၃-၄ ယောက် ပြိုင်ပြီး ကလေးထွက်ကြတာ များတယ်။
ကျနော့် သူငယ်ချင်းဆရာဝန်တွေက ပင်ပန်းရကျိုးနပ်ကြတာပေါ့။
ဘယ်လိုမျိုးလဲဆိုတော့ လူနာတွေက မွေးပြီး နောက်ရက်ဆို ညက မွေးပေးတဲ့ ဆရာဝန်ကို လက်ဆောင်ပေးချင်လို့ဆိုပြီး စာအိတ်ထဲ ပိုက်ဆံထည့်ပြီး ပေးကြတဲ့သူက ပေး၊
မုန့်ထုတ်ကြီးတွေ ပေးတဲ့သူက ပေးပေါ့။
ကိုယ်က ဘာလို့သူများတွေက အဲ့လောက်ထိ လက်ဆောင်ရကြသလဲပေါ့။
ဒါနဲ့ သူငယ်ချင်းဆရာဝန်တွေ တစ်ယောက်ပြီးတစ်ယောက်ကို စူးစမ်းလေ့လာကြည့်တာပေါ့။
အော်……..
သူတို့က လူနာတွေကို စကားချိုချိုသာသာ နဲ့ စိတ်ရှည်ရှည်နဲ့ အားပေးစကားပြောပြီး စောင့်ရင်း မွေးပေးကြတာကိုး။
တချို့ဆရာဝန်တွေကြတော့လဲ စိတ်ဆိုးပြီး နဲနဲပါးပါးအော်တာမျိုးတော့ရှိတာပေါ့။
ဒါပေမဲ့ လက်ဆောင်ရတဲ့သူတွေကတော့ လူနာတွေကြိုက်တဲ့ စိတ်ရှည်ပြီးစကားချိုတဲ့ စေတနာပါတဲ့ ဆရာဝန်တွေပေါ့။
ဒါနဲ့ ငါ့ကျတော့ ဘာလို့မပေးကြတာလဲပေါ့။
ပြန်သုံးသပ်စဉ်းစားကြည့်တော့

မရတာလဲ မပြောနဲ့လေ
လူနာကို အော်တာလားဆိုတော့လဲ မဟုတ်ပြန်ဘူး။
စကားချိုသလားဆိုတော့ နဲနဲပါးပါးတော့ ချိုပါတယ်။

ဘာဖြစ်တာလဲဆိုတော့ မွေးခါနီးလို့ တညလုံး ဗိုက်နာပြီး အော်နေတဲ့ ဗိုက်ကြီးသည်တွေဘေးမှာ ထိုင်ပြီး ကျနော်က သူတို့ နာလို့ လူးလိမ့်နေတာကိုမြင်ပြီး ရီချင်တော့ ထထရီမိတာကိုးဗျ။ 😆😂

(တချို့လူနာတွေ နာပုံက တကယ်ရီချင်စရာကောင်းတာနော် )
မှတ်ချက်။ ။ကလေးမွေးခါနီး ဗိုက်နာတာက ရောဂါမဟုတ်လို့ ရီတာနော် တမျိုးမထင်ကြပါနဲ့။

ဘဝကို တမ်းတမိခြင်း

Address

MD-18, Shatapru Ward, University Street

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00

Telephone

+959760456440

Website

Alerts

Be the first to know and let us send you an email when ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share