06/04/2023
ဘာထိထိ ဓာတ်လိုက်နေတဲ့သူတွေရှိလား? ဘေးကသူတွေကတောင် လျှပ်စစ်လူသားလားဆိုပြီး ဝိုင်းစကြတာမျိုးထိပေါ့ 🤣
ထက်အိဆိုလည်း ခဏတိုင်းဖြစ်လေ့ရှိတယ် , မဖြစ်ဖူးတဲ့သူတွေက နားမလည်ပေးနိုင်ပေမယ့် ဖြစ်ဖူးသူအချင်းချင်းပြောရင်အရမ်းအားရကြတာဆိုတာလေ 😆
ဘာလိုအချိန်တွေဖြစ်တာလဲ?
✅ ကားတံခါးဖွင့်/ပိတ်ချိန် , သံ,စတီးစသဖြင့် ထိလိုက်တာနဲ့ ဖျောက်ဆိုပြီး ကျင်ပါတယ်
✅ အင်္ကျီ ဝတ်/ ချွတ်ပြီးချိန် (အင်္ကျီအသားနဲ့ ပွတ်မိထားတာကြောင့်) ဓာတ်စီးနိုင်တဲ့ နေရာတွေကို လက်နဲ့ထိတဲ့အခါ ဖြစ်တယ်
🤣 လူအချင်းချင်းထိလိုက်တဲ့အချိန်လည်း ၂ ယောက်လုံးကျင်ပြီး လန့်သွားတယ်
😁နောက်ဆုံး လျှပ်စစ်စီးနိုင်တဲ့အရာမှန်သမျှကို ဘာထိထိ လိုက်နေတော့တာပါပဲ
😬ကိုယ့်ကိုယ်ကို ဘာမှကိုမထိရဲအောင် ခဏတာ psycho ဝင်သွားတဲ့အထိပေါ့ 🥹😅
👉ဘယ်လိုဖြစ်တာလဲ?
မိမိခန္ဓာကိုယ်ပေါ်က အပေါင်းဓာတ်တွေအရမ်းများနေတဲ့အခါ အနှုတ်ဓာတ်ရှိတဲ့ မျက်နှာပြင်နဲ့တွေ့တော့ ၂ ခု အညီအမျှဖြစ်အောင် ဓာတ်စီးကြလို့ဖြစ်ပါတယ်
👉ဘာလို့ဖြစ်တာလဲဆိုရင် အကြောင်းအရင်းအများကြီးရှိတယ်
✅ ပတ်ဝန်းကျင် လေထုကရေဓာတ်မရှိပဲခြောက်သွေ့နေလို့
✅ အရေပြားခြောက်သွေ့နေလို့
✅ ပွတ်တိုက်မှုအကြိမ်များစွာလုပ်ထားလို့
👉ဆိုတော့ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ?
✅ ပတ်ဝန်းကျင် အတွက် humidifier (ရေငွေ့ထုတ်စက်) ဖွင့်ပေးပါ
✅ ခြောက်သွေ့သောအရေပြားအတွက် ရေများများသောက်ပါ, lotion လိမ်းပါ
✅ nylon, polyester အသားဝတ်နေရင် သဘာဝ cotton ကိုရွေးဝတ်ပါ
💕အနှစ်ပြောတော့မယ် 💕
👉ကိုယ့်ကိုယ်ကို ဓာတ်စီးပစ္စည်းတစ်ခုခု(ဥပမာ-ကားတံခါး, သံတံခါး, လူအချင်းချင်း) ထိ/ကိုင်တော့မယ်ဆိုရင် ဖျောက်ဆိုပြီးမကျင်အောင် ဓာတ်မလိုက်အောင် 👉ဖိနပ်ချွတ်ပြီး မြေကြီး/ သံမန်သလင်း ကိုနင်းလိုက်ပါ —> ပြီးရင်ကိုင်လို့ရပါပြီ (မလိုက်တော့ဘူး)
တကယ်က မဖြစ်ဖူးတဲ့သူတွေကသာ နားမလည်ပေးနိုင်တာ .. ဖြစ်ကြတဲ့သူတွေလည်းများပါတယ်။ ဘယ်သူတွေဖြစ်ကြလဲ ?? ဘယ်လိုတွေဖြစ်ကြလဲ? comment မှာ အတွေ့အကြုံလေးတွေကို share ပေးသွားကြပါ 😄
With love,
Dr.Htet Ei
#ဓာတ်လိုက်