San Thit Htun. Clinic & Pharmasi

San Thit Htun. Clinic & Pharmasi ဆန်းသစ်ထွန်းဆေးဆိုင်
ငွေလွှဲ/ငွေထုတ် ၀န်ဆောင်မှု

ph.09780459861

 #ရွှေမင်းသားနန်းလုံးကြိုင်အနီလိမ်းဆေး10000 #ရွှေမင်းသားကြာမာလန်းခွန်အားဖြည့်ဆေး5000👍👍 အာပေးမှု ထောက်ခံချက်အပြည့်အဝရရှိထ...
22/08/2023

#ရွှေမင်းသားနန်းလုံးကြိုင်အနီလိမ်းဆေး10000

#ရွှေမင်းသားကြာမာလန်းခွန်အားဖြည့်ဆေး5000

👍👍 အာပေးမှု ထောက်ခံချက်အပြည့်အဝရရှိထားတဲ့ 👍ရွှေမင်းသား👍
👉(၇) ရက်အတွင်း အကျိုးထူးတဲ့ နန်းလုံးကြိုင်လူစဉ်မီဆေး 👈

💪ယောက်ျားပီသလိုသူများ မျှော်လင့်စောင့်စားနေကြတဲ့ နန်းလုံးကြိုင်အနီမြစ်ကိုအဆီထုတ်ပြီး အဓိကဖော်စပ်ထားတဲ့ ရွှေမင်းသားလိမ်းဆေး
လာပါပြီခင်ဗျ

👍တိုပြီး သေးငယ်နေလို့ အားမရ ဖြစ်နေပါသလား

👍တက်ထွက်ဖြစ်နေလို့ စိတ်တိုင်းမကျဖြစ်နေပါသလား

👍အကြောမသန်လို့ ငေးမှိုင်နေရတာလား

👍ပန်းသေ/ညိုးဖြစ်လို့ သောကဝေနေပါသလား
👆👆👆
အဲ့ဒီ ပြသာနာတွေကို ရွှေမင်းသားဆေးက ကူညီဖြေရှင်းပေးနေပါပြီ..👍

💉💉ဆေးထိုးပြီး ဆေးခဲသွားလို့ အကျိတ်အခဲဖြစ် ပုံပျက်ပြီး နဂိုထက် တိုဝင်သွားသူများလည်း ရွှေမင်းသားဆေးကိုသုံးစွဲနိုင်တယ်ခင်ဗျာ။

ဆေးကို ၇ ရက်လောက် လိမ်းပေးယုံဖြင့်
သိသာစွာ ကြီးထွားလာမှာ ဖြစ်ပါတယ်........။
အထူးကောင်းမွန်တဲ့ မြန်မာ့တိုင်ရင်းဆေးပါ...

အမေးအများဆုံး မေးခွန်းများ???

မေး >>>ဆေးထိုးထားတဲ့ သူတွေရော အသုံးပြုလို့ရပါသလား?

ဖြေ>>>ဆေးထိုးထားတဲ့သူတွေဆို ဆေးတွေတစ်နေရာထဲမှာစုမနေပဲ ပြန့်သွားအောင်ကူညီပေးပါတယ်။

မေး>>>ဘေးထွက်ဆိုးကျိုး ရှိပါသလား?

ဖြေ>>>သဘာဝပစ္စည်းများဖြင့်သာထုတ်လုပ်ထားပြီး မှတ်ပုံတင်ပြီးသားဖြစ်လို့ ဘေးထွက်ဆိုးကြိုး လုံးဝမရှိပါ။

မေး >>>လူပျိုတွေလည်း လိမ်းလို့ရလား မဆက်ဆံရင် ပေါက်ကွဲတတ်တယ်ဆိုတာ ဟုတ်လား?

ဖြေ>>>တိုင်းရင်း​ဆေးဝါး မှတ်ပုံတင်အမှတ် TMR-014129 (0521)
မှတ်ပုံတင်ပြီးသားဆေးဖြစ်ပါတယ် ဘေးထွက်ဆိုးကျိုးမရှိအောင် ဖော်စပ်ထုတ်လုပ်ထားတဲ့ဆေးဖြစ်လို့ လူပျိုလည်း သုံးစွဲနိုင်ပါတယ်။

မေး >>>ဆေးကို ဘယ်အသက်
အရွယ်မှာ စသုံးလို့ရလဲ?

ဖြေ>>>ဆေးကို အရွယ်ရောက်တဲ့ချိန်မှစပြီး အသက် 60 ကျော် အထိသုံးစွဲနိုင်ပါတယ်

မေး>>>ဆေးသုံးပြီး ဘယ်နှစ်ရက်အတွင်း ထူးခြားပါလဲ။

ဖြေ>>>ဆေးညွှန်း အတိုင်း စနစ်တကျလိုက်နာပါက တစ်ပတ်အတွင်း သိသာပါတယ်။

ဆေးဘူးအတွင်းဆေးအညွှန်းပြည့်စုံပါပါတယ်။

****__________________________****

👉 ရွှေမင်းသားခွန်အားဖြည့်ဆေး ဖြင့်တွဲဖက် အသုံးပြုပါက ထိရောက်မှု ပိုမို မြန်ဆန်စေပါသည်။

👉 #ရွှေမင်းသား အမျိုးသားအားဖြည့်ဆေး 5000

#ရွှေမင်းသားအားဖြည့်ဆေးသည်

👉ပန်းသေပန်းညိုးခြင်းပျောက်ကင်းစေပါတယ်

👉သုက်အားကောင်းစေပြီးသုက်လွှတ်ကြာစေပါတယ်

👉အာရုံကြောအားနည်းခြင်းကြောင့်ဖြစ်သောအိပ်ပျော်နေချိန်သုက်လွှတ်ခြင်း ကိုလဲသက်သာပျောက်ကင်းစေနိုင်ပါတယ်။

👉မောပန်းနွမ်းနယ်ခြင်း အားအင်ကုန်ခမ်းခြင်းကိုအားပြည့်စေပြီး
အိမ်ထောင်ရေးသုခကို ပြည့်စုံစေပါတယ်

👉ကာယလုပ်သားများ အထိုင်များသူများ ညောင်းညာကိုက်ခဲမှုများကို သက်သာပျောက်ကင်းစေပါတယ်။

👉 နေ့စဉ် ညအိပ်ယာမဝင်ခင် ဆေး(၅)လုံးကို ရေဖြင့်သောက်သုံးပေးပါ။ #ဆေးတစ်ဗူးတွင် အလုံးရေ (150) ပါဝင်ပြီး တလစာ (5000) ကျပ်

သဘာဝပစ္စည်းများဖြင့်သာထုတ်လုပ်ထားပြီး မှတ်ပုံတင်ပြီးသား ဘေးထွက်ဆိုးကြိုး လုံးဝမရှိပါ။
တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ် TMR-014243 (0621)
ဖြင့်ထုတ် လုပ်ထားပါတယ်။

#ရွှေမင်းသားနန်းလုံးကြိုင်ဆေးနှင့်အားဖြည့်ဆေး

#နတ်မောက်မြို့နယ်၊ရွာမွန်ရွာ
+ဆန်းသစ်ထွန်းဆေးဆိုင်+မှာရရှိပါသည်
📞 09780459861(viber)

🗣ဆေးနက်ကျော်🇲🇲မြန်မာတိုင်းရင်းဆေးစစ်စစ်နော် ဓာတုဗေဒပစ္စည်းလုံးဝ(လုံးဝ) မပါဝင်ပါ။ 🌾::  ရှားစောင်းလက်ပတ်အစစ်ဖြင့် ဖော်စပ်ထ...
09/08/2023

🗣ဆေးနက်ကျော်
🇲🇲မြန်မာတိုင်းရင်းဆေးစစ်စစ်နော်
ဓာတုဗေဒပစ္စည်းလုံးဝ(လုံးဝ) မပါဝင်ပါ။
🌾:: ရှားစောင်းလက်ပတ်အစစ်ဖြင့် ဖော်စပ်ထားသောကြောင့် ဆေးအာနိသင်အထူးကောင်မွန်ပြီး " သွေးတိုး, ဆီးချို " သမားများအတွက် အထူကောင်းမွန်သော ဆေးဖြစ်ပါသည်။

Ph. .၀၉၇၈၀၄၅၉၈၆၁ ကိုဆက်သွယ်ပြီးမှာယူလို့ရပါတယ်.

သင့်ကျန်းမာရေးအတွက်ရေနွေးဖြူ ကုထုံး . . .
08/03/2022

သင့်ကျန်းမာရေးအတွက်
ရေနွေးဖြူ ကုထုံး . . .

Cutaneous Larva Migran(အရေပြားအောက်မှာ ရှင်သန်ကြီးထွားနေတဲ့ သံကောင်)Hookworm ချိတ်သံကောင်ကြောင့် ဖြစ်တာပါ... ချိတ်သံကောင...
19/10/2021

Cutaneous Larva Migran
(အရေပြားအောက်မှာ ရှင်သန်ကြီးထွားနေတဲ့ သံကောင်)

Hookworm ချိတ်သံကောင်ကြောင့် ဖြစ်တာပါ... ချိတ်သံကောင်တွေထဲမှာမှ Ancylostoma braziliense လို့ခေါ်တဲ့ ချိတ်သံကောင် ကြောင့်ဖြစ်တာများတယ်လို့ဆိုပါတယ်...

အဲ့ဒီ သံကောင်တွေက ခွေး၊ ကြောင်လို အိမ်မွေးတိရစ္ဆာန်တွေရဲ့ အူထဲမှာ ရှိတတ်ပြီး သူတို့ပါချလိုက်တဲ့ မစင်ထဲမှာလည်း သံကောင် ဥ တွေ အများကြီး ရှိနေတတ်ပါတယ်... အဲ့မစင်ကနေမှ မြေကြီးပေါ်ရောက်သွားပြီး အဲ့ဒီ သံကောင်ဥတွေရှိနေတဲ့ မြေကြီးကို ထိတွေ့မိတဲ့ လူတွေကို ထပ်ပြီး ကူးစက်စေပါတယ်... သဲဆန်တဲ့မြေတွေမှာ အများဆုံးရှိတတ်ပါတယ်...

ငါးချဉ် ပုစွန်ချဉ် တွေ အစိမ်းသုပ်စားတဲ့သူတွေမှာလည်း ဖြစ်တတ်တယ်လို့လည်း သိရပါတယ်...

ယားယံတာတွေ၊ အင်ပြင်ထတာတွေဖြစ်တတ်ပြီး အရေပြားအောက်မှာပဲ ကြီးထွားလာပါတယ်...

ကုသမှုအနေနဲ့ကတော့ သံချဆေး Albendazole 400 mg ကို ဝါးစားပေးရပါတယ်... (သံချဆေးကို အစာစားပြီးသောက်ရင် အူလမ်းကြောင်းမှာရှိတဲ့ သံကောင်သေတယ်၊ အစာမစားမီသောက်ရင် သွေးထဲမှာရှိတဲ့ သံကောင်သေတယ်လို့လည်း မှတ်သားဖူးပါတယ်... ဒါပေမယ့် သေချာရှာဖတ်ကြည့်မိတော့ အစာစားပြီး အထူးသဖြင့် အဆီပါတဲ့အစာစားပြီး ဝါးစားတာ၊ ချေ(ခြေ)စားတာကသာ ကိုယ်ခန္ဓာက စုပ်ယူမှု ပိုမိုလျင်မြန်စေပြီး မှန်ကန်တဲ့နည်းလမ်းဖြစ်တယ်လို့ သိရပါတယ်...)

အရေပြားကို အပေါက်သေးဖောက်ပြီး သံကောင်ကို ညှပ်နဲ့ ဆွဲထုတ်လို့လည်းရသလို ဆေးသောက်ရုံနဲ့လည်း သံကောင်ကို သေစေနိုင်ပါတယ်... သူ့အလိုလိုလည်း သံကောင်က သေသွားနိုင်တယ်ဆိုပေမယ့် သံဥနဲ့ သားလောင်းတွေက အရေပြားအောက်မှာ တစ်နှစ်လောက်အထိ ရှင်သန်နိုင်တယ်ဆိုတာကတော့ မသတီစရာပါပဲ...

ဒါကြောင့် တကိုယ်ရေ သန့်ရှင်းရေးကိုဂရုစိုက်တာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သံချပေးတာ၊ အသားစိမ်းငါးစိမ်းတွေမစားတာ၊ ကိုယ်ကိုယ်တိုင်နဲ့ သားသမီးတွေကို သံချဆေးတိုက်ပေးတာမျိုးနဲ့ ဒီလို သံကောင်ကူးစက်မခံရအောင် ကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေဗျာ...

Credit
Dr. Nay Linn Aung (Pyaw Bwe)
Photo credit to Preston Phyo.

ဒူးနာအတွက် အစွမ်းထက်တဲ့ သဘာဝဆေးနည်းများ..အနုပညာ..!!~~~~~~~~~~~~~~~~~~ရှယ်ပြီးသိမ်းထားသင့်တဲ့ဆေးနည်းလေးတွေပါ ဒူးနာ၍ ဆေးခန...
14/08/2021

ဒူးနာအတွက် အစွမ်းထက်တဲ့ သဘာဝ
ဆေးနည်းများ..အနုပညာ..!!
~~~~~~~~~~~~~~~~~~
ရှယ်ပြီးသိမ်းထားသင့်တဲ့ဆေးနည်းလေးတွေပါ

ဒူးနာ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ သဘာဝဆေးနည်းများကိုတောင်းဆိုလာသူများအတွက် ဒူးနာဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။

(၁) လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက်
ဖီးကြမ်းငှက်ပျောသီးအမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍
သက်ရင်းကြီးရွက်နှင့်လုံအောင်လိပ်ကာ

( ၅ ) နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ
( ၅ ) ရက်ဆက်တိုက်စားပေးပါက

လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျနည်းကာ
အစွမ်းထက် သက်စောင့်ဆေးအားမှီဝဲကြပါကုန် ။ (ဝိစိတ္တရတနာမြေ)

(၂) ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍ လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်ဝလာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်)

(၃) ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်း ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။
ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။ (ကိုယ်တွေ့တစ်ဦး)

(၄) ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၄င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။ မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာပျောက်ကင်းစေမည်။ (Mg Naing)

(၅) ရှားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အပေါ်အခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။ ၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။ (ဒို့မြန်မာဒေါ့ကွမ်း)

(၆) ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း
က။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။
ခ။ ကြက်ဥကို ထည့်လိုက်ပါ။ (သဘာဝြကက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)

ဂ။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။
ဃ။ ၄င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
င။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။

တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။ (အစာလည်းဆေး၊ ဆေးလည်းအစာ)

(၇) သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၄င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အ၀တ်ပါးပါး၊ ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။ (စောနွဲ့နေဆိုင်-ပူတာအို)

(၈) ဒူးနာသူများအတွက် ဆေးမြီးတို နောက်တနည်း

ခါးနာ ဒူးနာ သူများအတွက် မခက်ပါ ….
ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။

တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည်
ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊
( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊
ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။

ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။
ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ
သက်သာပျောက်ကင်းသွားပါလိမ့်မည်။(မြန်မာ့ဆေးမြည်းတိုများ)

တောင်းဆိုလာသူများအတွက်ဒူးနာ ခါးနာ အဆစ်မြစ်နာ ကိုက်ခဲ ဝေဒနာများ အတွက် သဘာဝဆေးနည်းများကို“မှတ်စု” Page မှ စုစည်း၍ မျှဝေပေးလိုက်ပါတယ်။လွတ်လပ်စွာ Share ပြီး ကုသိုလ် ယူနိုင်ပါသည်။ကူးယူမျှဝေလျှင် “ မှတ်စု “ Page ကို Credit ပေးစေချင်ပါသည်။
မိမိနဲ့အဆင်ပြေနိုင်မယ့်နည်းလမ်းကို ရွေးချယ်စမ်းသပ်နိုင်ကြပါတယ်။

ဒူးနာ ခါးနာ အဆစ်မြစ်နာဝေဒနာကို ခံစားနေသည့် မိတ်ဆွေများအားလုံး အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။
ကိုးကား – ကျန်းမာရေးဝက်ဆိုက်မျိုးစုံ
Crd #

** ကလေးမွေးတော့မယ်ဆိုတာ ဘယ်လိုသိနိုင်လဲ **========================================(A)     ကလေးမွေးဖွားရက်မတိုင်မီ 1-4 ပတ...
11/06/2021

** ကလေးမွေးတော့မယ်ဆိုတာ ဘယ်လိုသိနိုင်လဲ **

====================
====================

(A) ကလေးမွေးဖွားရက်မတိုင်မီ 1-4 ပတ်အလို

1. သန္ဓေသားလောင်းအောက်သို့ ပိုမိုဆင်းသက်လာခြင်း

ကလေးမွေးဖွားရန် 3-4 ပတ်အလိုကပင် တင်ပဆုံထဲသို့ သန္ဓေသားလောင်းမှ စတင်ဆင်းသက်လာနိုင်ပါတယ်။ (ပထမဆုံးကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ပိုမိုကြုံတွေ့နိုင်ပါတယ်။) ကလေးခေါင်း တဖြည်းဖြည်း ဆင်းလာတယ်ဆိုတာ မွေးဖွားဖို့အတွက် စတင်ပြင်ဆင်တဲ့ ပထမဆုံးအဆင့်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကလေးခေါင်းက မိခင်ရဲ့ဆီးအိမ်ကို ဖိထားတာကြောင့် မိခင်လောင်းတွေဟာ ဆီးမကြာခဏ သွားနိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ သန္ဓေသားလောင်းဟာ မိခင်ရဲ့အဆုတ်နဲ့ဝေးရာကို ရွေ့သွားတဲ့အတွက် မိခင်အနေနဲ့ အသက်ရှူရ ပိုမိုကောင်းမွန်စေပါတယ်။



2. မိန်းမကိုယ်အ၀ ကျယ်လာခြင်း

မိန်းမကိုယ်သည်လည်း မွေးဖွားရန် ပြင်ဆင်တဲ့အနေနဲ့ မွေးရက်မတိုင်မီ 2-3 ပတ်အလိုမှစ၍ အ၀ပိုမိုကျယ်လာကာ ပိုမိုပါးလွှာလာပါတယ်။ အပတ်စဉ် စစ်ဆေးမှုတွေ ပြုလုပ်တဲ့အချိန်တိုင်းမှာ သားအိမ်ဝအခြေအနေကို ဆရာဝန်မှ အဆက်မပြတ် စစ်ဆေးပေးနေမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တိုးတက်နှုန်း မတူညီတာကြောင့် သားအိမ်အ၀ ကျယ်တာ၊ နှေးကွေးတာမျိုး ကြုံတွေ့ခဲ့ရင်လည်း အားငယ်စရာမလိုပါဘူး။



3. မကြာခဏ ကြွက်တက်၍ ခါးကိုက်ခြင်းဝေဒနာကို ခံစားရခြင်း

သားဦးကိုယ်ဝန်မဟုတ်ပါက ပိုဆိုးလေ့ရှိပြီး မွေးဖွားဖို့ရက် နီးလာတာနဲ့အမျှ ကြွက်တက်တာတွေ၊ ပေါင်ခြံနဲ့ ကျောအောင့်တာတွေ ပိုခံစားရလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ကြွက်သားနဲ့ အဆစ်တွေဟာ ဆွဲဆန့်၍ အနေအထားပြောင်းလဲကာ မွေးဖွားဖို့အတွက် ပြင်ဆင်ကြလို့ပဲ ဖြစ်ပါတယ်။



4. အဆစ်အမြစ်တွေ ပျော့ပျောင်းလာခြင်း

ကိုယ်ဝန်ဆောင် ကာလတစ်လျှောက်လုံးမှာ relaxin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ ရှိသမျှအရွတ်တွေကို နူးညံ့ပျော့ပျောင်းအောင် လုပ်ပေးထားပါတယ်။ (မွေးဖွားခါနီးပြီဆိုလျှင်တော့ အမြင့်ဆုံးအနေအထားထိ ရောက်လာနိုင်ပါတယ်။) ဒါကြောင့် တစ်ကိုယ်လုံးက အဆစ်အမြစ်တွေ ပိုမိုပျော့ပျောင်းလာတာကို ခံစားလာရပါတယ်။ ဒါဟာ သဘာဝတရားကြီးက တင်ပဆုံ ပိုမိုပွင့်လာအောင် လုပ်ဆောင်ပေး၍ ကလေးငယ်လေးကို ကမ္ဘာသစ်ဆီသို့ ခေါ်ဆောင်နိုင်အောင် ကူညီပေးတာ ဖြစ်ပါတယ်။



5. ၀မ်းပျက်ဝမ်းလျှောခြင်း

သားအိမ်မှာရှိတဲ့ ကြွက်သားတွေဟာ မွေးဖွားရန် ပြင်ဆင်တဲ့အနေနဲ့ ပိုမိုပျော့ပျောင်းလာတဲ့နည်းတူ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ (အူမကြီးအပါအ၀င်) ဟာလည်း ပိုမိုလျော့ရဲလာကြပါတယ်။ ဒါကြောင့် ၀မ်းပျက်ဝမ်းလျှောတာမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ စိတ်အနှောင့်အယှက် ဖြစ်စရာကိစ္စ ဖြစ်ပေမယ့် မိခင်တိုင်းနီးပါး ကြုံတွေ့နိုင်တဲ့ ကောင်းတဲ့လက္ခဏာတစ်ခု ဖြစ်တာကြောင့် ရေဓာတ်ပြည့်ဝနေဖို့သာ ဂရုစိုက်သင့်ပါတယ်။



6. ကိုယ်အလေးချိန်တိုးတာ ရပ်တန့်သွားခြင်း (သို့) ကိုယ်အလေးချိန် ကျဆင်းခြင်း

ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတော့မှာ ဖြစ်တဲ့အတွက် ကိုယ်အလေးချိန်လည်း ဆက်မတိုးတော့ပါဘူး။ အချို့မိခင်လောင်းတွေမှာဆိုရင် ကိုယ်အလေးချိန် ပေါင်အချို့တောင် ကျဆင်းတတ်ပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်ပြီး ကလေးငယ်ရဲ့ အလေးချိန်ကို မထိခိုက်နိုင်ပါဘူး။ သန္ဓေသားလောင်းဟာ ဆက်လက်ကြီးထွားနေပေမယ့် ကိုယ်အလေးချိန် ကျဆင်းရတာကတော့ ရေမြွှာရေတွေ နည်းလာတာ၊ ပိုပြီး လှုပ်လှုပ်ရှားရှား လုပ်တာတွေကြောင့် ဖြစ်ပါတယ်။



7. အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း (သို့) တက်ကြွလန်းဆန်းခြင်း

ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ကောင်းစွာအိပ်မပျော်တာ၊ လုံးဝအိပ်မရတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်လျှင် နေ့လယ်နေ့ခင်းမှာ တရေးတမော အိပ်စက်သင့်ပါတယ်။ ဒါပေမဲ့ တချို့မိခင်လောင်းတွေကတော့ ဆန့်ကျင်ဘက်အနေနဲ့ မွေးဖွားရက် နီးလာလေလေ ပိုပြီးတက်ကြွလာလေလေ ဖြစ်လာပါတယ်။ မျက်စိထဲမှာ မြင်မြင်သမျှ အရာတွေကို သန့်ရှင်းရေးလုပ်ချင်တာ၊ နေရာတကျ ပြန်စီစဉ်တာမျိုးတွေကို မလုပ်ရမနေနိုင် ဖြစ်လာပါတယ်။ အလွန်အကျွံ ပြုလုပ်တာမဟုတ်သရွေ့ ဒီလိုလှုပ်လှုပ်ရှားရှား လုပ်တာမျိုးက ကောင်းပါတယ်။



(B) ကလေးမမွေးဖွားမီ နာရီပိုင်းအလို

8. မိန်းမကိုယ်အရည်တွေဟာ အရောင်နဲ့ အပျစ်အကျဲ ပြောင်းလဲလာခြင်း

မမွေးဖွားမီ 1-2 ရက်အလိုကစပြီး မိန်းမကိုယ်အရည်တွေဟာ ပိုမိုပျစ်ခဲလာ၍ များလာတာကို သတိပြုမိနိုင်ပါတယ်။ ထို့ပြင် သားအိမ်ကို ကာရန်ထားတဲ့ အချွဲတုံးကြီး ထွက်ကျလာတာကိုလည်း တွေ့ရနိုင်ပါတယ်။ (နှပ်သဏ္ဌာန် ရှိသော်လည်း သွေးစလေးများ ပါဝင်နေတတ်ပါတယ်။) သို့မဟုတ် အချွဲတုံးလေးများလည်း ဖြစ်နိုင်ပါတယ်။ (သေးငယ်တဲ့အတွက် သတိမပြုမိနိုင်ပါဘူး။) ထိုသွေးရောင်ပျစ်ခဲခဲကြီး ဆင်းလာတာဟာ မွေးဖွားချိန် ရောက်တော့မယ်လို့ ပြသတဲ့အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ (သားအိမ် မပွင့်သေးသည့်တိုင်အောင် မွေးဖွားရန်မှာ ရက်ပိုင်းမျှသာ လိုတော့သည်ဟု မှတ်ယူနိုင်ပါတယ်။)



9. သားအိမ်ညှစ်ခြင်းကို မကြာခဏ ခံစားရခြင်း

သားအိမ်ညှစ်တာဟာ မွေးဖွားဖို့အတွက် ကနဦး လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ မွေးဖွားရက်မတိုင်မီ လပေါင်းများစွာ အလိုကပင် ကလေးငယ်ကို အပြင်တွန်းထုတ်ဖို့အတွက် သားအိမ်တင်းလာတာကို ခံစားရနိုင်ပါတယ်။

(Braxton – Hicks contractions) - အမှန်တကယ် သားအိမ်ညှစ်ခြင်း ဟုတ်၊ မဟုတ်ကို သိနိုင်တဲ့ အချက်တွေကတော့ -

● သားအိမ်ညှစ်တာဟာ မသက်သာဘဲ ပိုမိုပြင်းထန်လာခြင်း

● ကိုယ်နေဟန်ထား ပြောင်းလဲလိုက်ရုံဖြင့် မသက်သာသွားခြင်း

● နာကျင်မှုဝေဒနာ ခါးမှစတင်ကာ ၀မ်းဗိုက်အောက်ပိုင်းနဲ့ ခြေထောက်များဆီသို့ပါ ရောက်ရှိနိုင်ခြင်း

● သားအိမ်ညှစ်တဲ့အကြိမ်ရေ ပိုမိုစိတ်လာခြင်း၊ ပိုမိုနာကျင်လာခြင်း



10. ရေမြွှာပေါက်ခြင်း

ရေမြွှာပေါက်မှသာ ကလေးမွေးနိုင်မည်ဟု အထင်ရှိကြပေမယ့်လည်း လက်တွေ့မှာတော့ ရေမြွှာပေါက်ခြင်းဟာ မွေးဖွားဖို့အတွက် နောက်ဆုံးလက္ခဏာတစ်ရပ်သာ ဖြစ်ပါတယ်။ ထို့ပြင် မိခင်လောင်း 15% ခန့်မှာသာ ကြုံတွေ့နိုင်တာကြောင့် ရေမြွှာပေါက်တာကို တစ်ခုတည်းသော မွေးခါနီးလက္ခဏာတစ်ခုအဖြစ် မမှတ်ယူသင့်ပါဘူး။

ကျောက်ကပ်ကိုထိခိုက်စေသော အမှုကျင့်များ=========================၁။ နံနက်စာ  မစားခြင်း။၂။ ဆား  စားသုံးမှု  များနေခြင်း။၃။ ...
10/06/2021

ကျောက်ကပ်ကိုထိခိုက်စေသော အမှုကျင့်များ
=========================
၁။ နံနက်စာ မစားခြင်း။
၂။ ဆား စားသုံးမှု များနေခြင်း။
၃။ ဆေးလိပ်သောက်ခြင်း။
၎။ ရေသောက်နည်းခြင်း။
၅။ဆေးဝါးများ အလွန်အကျွံ မှီဝဲနေခြင်း ။
၆။ လုံလောက်တဲ့ အနားယူခြင်း မရှိခြင်း။
၇။ တစ်ခါတလေ အလွန်အကျွံ စားခြင်း။
၈။ အသားများကို အလွန်အကျွံစားခြင်း ။
၉။ အရက်အလွန်အကျွံသောက်ခြင်း ။
၁၀။ မနက်အိမ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း ။

______________________________

ပိုမိုလေ့လာရန်……………

ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်တာ
ကြောင့် ဆင်ခြင်သင့်တဲ့ အမှုအကျင့်( ၁၀ ) မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ
လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်
စစ်ထုတ်ပေးပြီး အစားစာတွေကနေဗီတာမင်
သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်
အတွက် လိုအပ်တဲ့ အာဟာရတွေကို
ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက
အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့
အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း
ကူညီပေးပါတယ်။ ဒါကြောင့်
ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်
အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့
ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမှု
အကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာ
ရေး ပျက်စီးစေမယ့် အပြုအမှုတွေကို
ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

၁။ ရေအလုံအလောက် မသောက်ဘူး ……

ခန္ဓာကိုယ်မှာ ရေဓာတ်အလုံအလောက်ရရှိမှ
ကိုယ်တွင်းကလီစာတွေ ကောင်းကောင်း
အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့်
ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲက
အဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ
အရမ်းအကူအညီဖြစ်တာကြောင့်
ကျောက်ကပ်မှာကျောက်မတည်အောင်
တားဆီးပေးနိုင်ပါတယ် ။ ဒါပေမယ့်
လိုအပ်တာထက်အလွန်အကျွံသောက်တာ
လည်း မကောင်းပါဘူး။ တစ်ရက်မှာ
ရေနှစ်လီတာလောက်သောက်ရင်
အတော်ပါပဲ ။

၂။ ဆေးတွေကို အညွှန်းအတိုင်း မသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ တစ်ခုခုဖြစ်တဲ့အခါ
တွေမှာ ဆေးတွေကိုသောက်ချင်သလို
သောက်တဲ့အကျင့်တွေကလည်း
ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲက
တစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်
ရင် ပိုဆိုးပါတယ်။ ဒါကြောင့်
အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့
မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်
သလို မသောက်ပါနဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့
သေချာလိုက်နာပြီးသောက်ပါ။

၃။ အငန်တွေ အရမ်းစားတယ် ……

အရွယ်ရောက်ပြီးတဲ့ သူတစ်ယောက်က
ဆိုဒီယမ်၂၃၀၀မီလီဂရမ်လောက်ပဲ
စားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်
ပြန်ထားခဲ့ပေမယ့် လူတိုင်းက အဲ့ဒီပမာ
ဏထက် ပိုအောင်စားသောက်နေကြပါတယ်။
အခုနောက်ပိုင်းအစားစာတွေမှာ
ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာ
ပိုရှိအောင် ထုတ်လုပ်တာကို လူတွေအရမ်း
ကြိုက်ကြပါတယ်။ ဆိုဒီယမ်စားသုံးမှုများတဲ့
အခါ ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်တွေအရမ်း
များလာပြီး ကျောက်ကပ်က သန့်စင်နိုင်စွမ်း
မရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။
ဒါကြောင့် အငန်ဓာတ်များတဲ့အစားစာတွေကို
လျှော့စားပြီး အသီးအနှံနဲ့ အရွက်စိမ်းတွေကို
လည်း သင့်တင့်သလောက်စားပေးပါ။

၎။ သွေးဖိအားနဲ့ပတ်သက်လို့ ဂရုမစိုက်ဘူး …

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ
မလိုက်စားသည်ဖြစ်စေ
သွေးဖိအားတိုင်းတာကို မကြာခဏလုပ်ပေး
သင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ
နှလုံးသွေးကြောနဲ့ပတ်သက်လို့
ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါ
ဖြစ်လာရင် သွေးလွှတ်ကြောတွေကျဉ်းမြောင်း
လာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ
ကိုလက်စထရောနဲ့ အဆိပ်အတောက်တွေ
စုပုံလာပြီး ဒါကို ကျောက်ကပ်က သန့်စင်နိုင်
စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်
ရာ ပြဿနာတွေဖြစ်နေတဲ့အခါ
ကျောက်ကပ်တစ်သျှးတွေက လိုအပ်တဲ့
အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်
တော့ဘဲ ကျောက်ကပ်မှာ
ထိခိုက်လာပါတယ်။

၅။ ဆီးသွားချင်တာကို အချိန်အကြာကြီး
အောင့်ထားတတ်တယ် ………

ဆီးအိတ်က အရည်နှစ်ခွက်စာပမာဏကို
သုံးနာရီကနေ လေးနာရီအထိထိန်းပေးထား
နိုင်ပါတယ်။ တခါတလေသန့်စင်ခန်းမရှိတဲ့
နေရာတွေမှာ ဆီးသွားချင်လာတာကို
အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့
အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေ
ဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုး
ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင်
တင်ပါးဆုံရိုးနဲ့ ပတ်သက်တဲ့လေ့ကျင့်ခန်းတွေ
လုပ်ပေးဖို့လိုပါတယ်။

၆။ အချိုနဲ့သရေစာတွေ အလွန်အကျွံ
စားသုံးတယ် ……

အငန်တွေ အရမ်းစားတဲ့အခါ
ကျောက်ကပ်က အဆိပ်အတောက်တွေ
ဖယ်ရှားနိုင်စွမ်းနည်းလာသလို အချိုသရေ
စာတွေ အလွန်အကျွံစားတာကလည်း
အဲ့ဒီအတိုင်းဖြစ်စေတာကြောင့်
ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။

၇။ အရက်နဲ့ ဆေးလိပ်သုံးစွဲခြင်း ………

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူ
ဆိုရင် အဲ့ဒီအရာတွေကနေ ခန္ဓာကိုယ်ကို
ဒုက္ခပေးတဲ့ ကယ်မီကယ်တွေထုတ်လွှတ်နိုင်ပြီး
ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်
စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီး
လာပါတယ်။

၈။ အနီရောင်အသားတွေ အလွန်အကျွံစား
တယ် ………

အနီရောင်အသားတွေက သံဓာတ်နဲ့ ပရိုတင်း
ဓာတ်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်တယ်
ဆိုပေမယ့် အမိုးနီးယားနဲ့ နိုက်ထရိုဂျင်ဓာတ်
တွေလည်း ပါနေတာကြောင့် နေ့တိုင်းစားရင်
ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

၉။ အထိုင်များပြီး လေ့ကျင့်ခန်း မလုပ်ဘူး …

အထိုင်များပြီး လေ့ကျင့်ခန်း မလုပ်တာက
ဆီးချိုရောဂါ ကင်ဆာရောဂါနဲ့ Heart attack
တွေ ဖြစ်စေနိုင်ပါတယ်။ ပြီးတော့
တစ်ရက်မှာ ၈နာရီနဲ့အထက် ထိုင်သူတွေဟာ
တခြားသူတွေထက် ကျောက်ကပ်ရောဂါ
ဖြစ်နိုင်ချေ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

၁၀။ ကောင်းကောင်း မအိပ်ဘူး ………

ညဘက်မှာ ကောင်းကောင်းအိပ်မှ
နောက်နေ့အတွက် ခန္ဓာကိုယ်က
အားအင်ပြည့်ဝမှာပါ။ တကယ်လို့
အိပ်ချိန်မလုံလောက်ဘူးဆိုရင်
သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ
သွေးဖိအားများလာမယ် အဲ့ဒါက
ကျောက်ကပ်ကို သွားထိခိုက်စေပါတယ်။
ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်း
ကောင်းကောင်းအိပ်ဖို့ လိုပါတယ် ။

ဒေါက်တာခင်မိုးမိုး ( သစ်ထူးလွင်မှ
ပြန်လည်မျှဝေသည် )

ဒေါက်တာဟေမာမွှေး

Potato(အာလူး)          အာလူးမှာလဲအာဟာရများစွာပါဝင်ပါတယ်။ဗီတာမင်စီပါဝင်တဲ့အတွက်ကိုယ်ခံအားကောင်းစေပါတယ်။ဗီတာမင်ဘီ၆ ပါဝင်တဲ...
09/06/2021

Potato(အာလူး)
အာလူးမှာလဲအာဟာရများစွာပါဝင်ပါတယ်။
ဗီတာမင်စီပါဝင်တဲ့အတွက်ကိုယ်ခံအားကောင်းစေပါတယ်။
ဗီတာမင်ဘီ၆ ပါဝင်တဲ့အတွက်စိတ်ကျရောဂါဖြစ်တာတွေကိုလျော့ကျစေသလို၊အယ်လ်စိုင်းမားလို့ခေါ်တဲ့အတိတ်မေ့တဲ့ရောဂါ၊ဦးဏှောက်နဲ့ပါတ်သက်တဲ့ရောဂါတွေကိုလဲကာကွယပေးပါတယ်။
အာလူးမှာအသားဓါတ်လဲပါပါတယ်။
Fiber ပါတဲ့အတွက်ဝမ်းမှန်စေပါတယ်။
Manganese ပါဝင်တဲ့အတွက်အရိုးကိုကောင်းစေပါတယ်။
Magnesium ပါဝင်တဲ့အတွက်အစာကျေစေပါတယ်။
Potassium ပါဝင်တဲ့အတွက်လေဖြတ်တာကိုကာကွယ်ပေးသလို၊ကျောက်ကပ်မှာကျောက်တည်တာကိုလဲကာကွယ်ပေးပါတယ်။
Phosphorus ပါဝင်တဲ့အတွက်သွားကျန်းမာရေးကျုအထောက်အကူပြုသလို၊energy တွေကကို
ကိုယ်ခန္တာထဲသိုလှောင်ပေးပြီလိုအပ်တဲ့နေရာမှာထုတ်ပြီးအသုံးပြုပေးပါတယ်။
Niacin ပါဝင်တဲ့အတွက်နှလုံးရောဂါဆီးချိုရောဂါကိုကာကွယ်ပေးသလို၊ဦးဏှောက်နဲ့အရေပြားတွေကိုလဲအထောက်အကူပြုပါတယ်။
Folate ပါဝင်တဲ့အတွက်ရိုးတွင်းချဉ်ဆီမှာရှိတဲ့သွေးနီဥသွေးဖြူတွေကိုအထောက်အကူပြုပါတယ်။ကိုယ်ဝန်ဆောင်တွေအတွက်အထူးကောင်းမွန်ပါတယ်။

Potato(အာလူး)
အာလူးမှာလဲအာဟာရများစွာပါဝင်ပါတယ်။
ဗီတာမင်စီပါဝင်တဲ့အတွက်ကိုယ်ခံအားကောင်းစေပါတယ်။
ဗီတာမင်ဘီ၆ ပါဝင်တဲ့အတွက်စိတ်ကျရောဂါဖြစ်တာတွေကိုလျော့ကျစေသလို၊အယ်လ်စိုင်းမားလို့ခေါ်တဲ့အတိတ်မေ့တဲ့ရောဂါ၊ဦးဏှောက်နဲ့ပါတ်သက်တဲ့ရောဂါတွေကိုလဲကာကွယပေးပါတယ်။
အာလူးမှာအသားဓါတ်လဲပါပါတယ်။
Fiber ပါတဲ့အတွက်ဝမ်းမှန်စေပါတယ်။
Manganese ပါဝင်တဲ့အတွက်အရိုးကိုကောင်းစေပါတယ်။
Magnesium ပါဝင်တဲ့အတွက်အစာကျေစေပါတယ်။
Potassium ပါဝင်တဲ့အတွက်လေဖြတ်တာကိုကာကွယ်ပေးသလို၊ကျောက်ကပ်မှာကျောက်တည်တာကိုလဲကာကွယ်ပေးပါတယ်။
Phosphorus ပါဝင်တဲ့အတွက်သွားကျန်းမာရေးကျုအထောက်အကူပြုသလို၊energy တွေကကို
ကိုယ်ခန္တာထဲသိုလှောင်ပေးပြီလိုအပ်တဲ့နေရာမှာထုတ်ပြီးအသုံးပြုပေးပါတယ်။
Niacin ပါဝင်တဲ့အတွက်နှလုံးရောဂါဆီးချိုရောဂါကိုကာကွယ်ပေးသလို၊ဦးဏှောက်နဲ့အရေပြားတွေကိုလဲအထောက်အကူပြုပါတယ်။
Folate ပါဝင်တဲ့အတွက်ရိုးတွင်းချဉ်ဆီမှာရှိတဲ့သွေးနီဥသွေးဖြူတွေကိုအထောက်အကူပြုပါတယ်။ကိုယ်ဝန်ဆောင်တွေအတွက်အထူးကောင်းမွန်ပါတယ်။

Photo credit

ပန်းသီးရှာလကာရည် နှင့် ပျားရည်အစွမ်းအံ့မခန်း ============================= #ပေါက်ပေါက်      ပန်းသီးရှာလကာရည် လို့ခေါ်တဲ့ ...
02/06/2021

ပန်းသီးရှာလကာရည် နှင့် ပျားရည်အစွမ်းအံ့မခန်း
=============================
#ပေါက်ပေါက်
ပန်းသီးရှာလကာရည် လို့ခေါ်တဲ့ Apple cider vinegar (ACV) က ကျန်မာရေး တော်တော်များများ အတွက် ဆေးစွမ်းထက်မြက်လှသလို၊ သဘာဝ ပျားရည်ကလည်း လွန်စွာဆေးဖက်ဝင်လှပါတယ်။ ၄င်းပစ္စည်းတစ်မျိုးချင်းစီမှာ ပင်ကိုယ်သဘာဝဆေးစွမ်း ကိုယ်စီရှိကြရာ၊ အကယ်၍ ထိုပစ္စည်းနှစ်မျိုးကို ပေါင်းစပ်လိုက်တဲ့အခါ ကျန်းမာရေး အစွမ်း အံ့မခန်းကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။ ပျားရည် ချိုချိုထဲကို ပန်းသီးရှာလကာရည် ရောထဲ့သောက်ရတဲ့ အရသာကလည်း ပို၍ ခံတွင်းတွေ့စေပါတယ်။ (၁) ဆေးသုတေသီများ၏ ၂၀၀၄ ခုနှစ်မှာ လေ့လာမှုမှတ်တမ်း များအရ၊ ပန်းသီးရှာလကာရည်ဟာ နာတာရှည် အဆစ်အမျက် ရောင်ရမ်းနာကျင်ခြင်းကို ထိန်းချုပ်ပေးနိုင် ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ထို့တူ ၂၀၁၁ ခုနှစ် လေ့လာရာမှာ၊ ပျားရည်က အ ဆစ်ရောင်ရောဂါများကို ကောင်းစွာကုသပေးနိုင်ကြောင်း သိရပါတယ်။ (၂) အိန္ဒိယဆေးသုတေသီများ၏ လေ့လာမှုအရ ပန်းသီး ရှာလကာရည် နှင့် ပျားရည်တို့ကိုရောစပ်၍ ဖျော်သောက် ခြင်းက၊ အစာ အိမ်ထဲရှိ အက်ဆစ်ထွက်ရှိမှုကို မျှတစေ ကြောင်း၊ ဒါကြောင့် အစာစားပြီးနောက် လေချဉ်တက်လေ့ ရှိသူများ နှင့် ရင်ပူ နှလုံးပူ တတ်သူများအနေဖြင့် ၄င်းပစ္စည်းနှစ်မျိုးကို ရောစပ်၍သောက်သင့်ကြောင်း အကြံပြုထားပါတယ်။ (၃) ပန်းသီးရှာလကာရည်၏ အက်ဆစ်တစ် အက်ဆစ်က အစာထဲမှာပါရှိတဲ့ ပရိုတင်း ဓာတ်ကို ဖြိုခွဲပေးပါတယ်။ ဒါ့ပြင် အစာအိမ်ထဲရှိ အစားအစာများကို ကောင်းစွာကျေညက်စေဖို့အတွက်ကို လည်း အင်ဇိုင်းဓာတ်တစ်မျိုးကို ထောက်ပံ့ပေးပါတယ်။ ပျားရည် က လေထိုး လေပွ ဗိုက်နာခြင်းပြဿနာများကို ပြေပျောက်စေပါတယ်။ (၄) အမေရိကန်ပြည်ထောင်စုရှိ Illinois တက္ကသိုလ်မှ လေ့လာမှုအရ ပန်းသီးရှာလကာရည် (ACV ) ၃၀ မီလီလီတာကို ရေသန့် ၅၀၀ မီလီ လီတာဖြင့် သောက်ခြင်းက ခန္ဓာကိုယ်ထဲရှိ အဆီခဲများကိုဖြိုခွင်းပေး ကာ အ၀လွန်ခြင်းကို လျော့ချပေးနိုင်ကြောင်း၊ ၄င်း ACV ကို ပျားရည်ဖြင့် သောက်ခြင်းက သွေးထဲရှိ သကြား ပမာဏကို ထိန်းညှိပေးခြင်း၊ သွေးကြောထဲရှိ အဆီအနည်ကျမှုကို ကာ ကွယ်ပေးခြင်း၊ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ကိုယ်အလေးချိန်ကျခြင်း စသဖြင့် ကောင်းကျိုးပြုနိုင် ကြောင်း သိရှိရပါတယ်။ (၅) အက်ဆစ်တစ် အက်ဆစ်က အသည်းအဆီဖုံးခြင်းကိုကုသပေး၍ သည်းခြေရည်ကို ကောင်းစွာထွက်ရှိစေတာကြောင့် ကိုလက်စထရော ကျဆင်းစေကြောင်း၊ ပျားရည်ကို မှန်မှန်စားပေးခြင်းက မကောင်းသော LDL ကိုလက်စထရောကို လျော့ချပေး ပြီး ကောင်းသော HDL ကိုလက်စထရောကို တိုးမြှင့်ပေး နိုင်ကြောင်း၊ ၄င်းနှစ်မျိုးဖျော်ရည်က ကိုလက်စထရော ပမာဏကို သဘာဝကျကျ လျော့ချပေးကာ သွေးသန့်စေ ကြောင်းတို့ကို ဗြိတိန်အာဟာရဗေဒပညာရှင်များက အကြံပြုထားပါတယ်။ (၆) ပျားရည်ထဲရှိ စွမ်းအားပြည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးသွေးကြောပြဿနာ နှင့် နှလုံးရောဂါအမျိုးမျိုးဖြစ်ခြင်းမှ ကာကွယ်ပေးကာ၊ နှလုံးရောဂါနှင့် ပတ်သက်ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းကို ဟန့်တာပေးနိုင်ပါတယ်။ ACV က ကိုလက် ထစရောကျကာ သွေးဖိအားကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ၄င်းပစ္စည်း နှစ်မျိုးပေါင်းက နှလုံးကို ကျန်းမာစေပါတယ်။ (၇) ပျားရည် နှင့် ACV တို့ဓာတ်ပြုမှုက သွေးဖိအားတက်ခြင်း ကို လျော့ချပေးနိုင်တာကြောင့် သွေးတိုးရောဂါဝေဒနာ သည်များကို ကောင်းကျိုးပြုပါတယ်။ (၈) အမေရိကန်နိုင်ငံလုံးဆိုင်ရာ ဆီးချိုရောဂါအဖွဲ့အစည်း တစ်ရပ်မှ ထုတ်ပြန်ချက်အရ၊ ဆီးချိုရောဂါအမှတ်-၂ အတွက် သောက် သုံးရသော ဆီးချိုကျဆေးများ၏ အင်ဆူလင်ပြဿနာကို ACV က ကောင်းကျိုးပြုပေး နိုင်ကြောင်း၊ အထူးသဖြင့် ၄င်းရောဂါ ဖြစ်သူများ အနေဖြင့် ညအိပ်ခါနီး ACV သောက်ပေးခြင်းက ဆီးသွေးထဲရှိ ဂလူးကို့စ်ပမာဏကို မှန်မှန်ကန်ကန် ဖော်ပြပေးနိုင် ကြောင်း၊ ပျားရည်ကတော့ သွေးရည်ကြည်ကို ကောင်းကျိုးပြုကာ ဆီးချိုသွေးချို ရောဂါသည်များ၏ သွေးထဲရှိ ဖက်တီးအက်ဆစ် ကို ကောင်းကျိုးပြုစေကြောင်း၊ ဒါကြောင့် ၄င်းပစ္စည်းနှစ်မျိုး ဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် သွေးထဲရှိ သကြားပမာဏကို လျော့ချပေးနိုင်ကြောင်း သိရပါတယ်။
(၉) နံနက်ပိုင်း (သို့မဟုတ်) လေ့ကျင့်ခန်းလုပ်ပြီးနောက် ACV လ္ဘက်ရည် တစ်ဇွန်း (သို့မဟုတ် ) နှစ်ဇွန်းခန့်ကို ပျားရည် လ္ဘက်ရည် တစ်ဇွန်းဖြင့် ဖျော်စပ် သောက်ပေး ခြင်းဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။ အသည်းကိုလည်း သန့်စင်စေပါတယ်။ (၁၀) ချောင်းဆိုး နေသူများ ပျားရည် အသင့်အတင့်သောက်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုး လုံးဝမဖြစ်စေပါဘူး။ ACV က ချောင်းဆိုး၍ လည်ချောင်းနာခြင်းအတွက် ဆေးဖက်ဝင်ပါ တယ်။ ၄င်းပစ္စည်းနှစ်မျိုးက ရာသီဖျား ကူးစက်ရောဂါ အအေးမိ နှာစေးချောင်းဆိုးခြင်း နှင့် လည်ချောင်းနာခြင်း တို့အတွက် ကောင်းကျိုးပြုပါတယ်။ (၁၁) ACV နှင့် သဘာဝပျားရည်တို့၏ ပေါင်းစပ်ဓာတ်ပြုမှုက အရေပြား ကို အားဖြည့်၍ ကျန်းမာစေတာကြောင့် ဝဲနှင်းခူရောဂါ နှင့် အရေပြားအနီကွက်ထ၍ ယားယံခြင်းတို့အတွက် ဆေးဖက်ဝင်ပါတယ်။ ဒါ့ပြင် အရေပြားပေါ်ရှိ ဆဲလ် အသေတွေကို ဖယ်ရှားပစ်ပြီး ကျန်းမာသန့်စင်တဲ့ အရေပြားအသစ်ကို ဖြစ်တည်ပေးနိုင်ပါတယ်။ ၄င်း ပစ္စည်းနှစ်မျိုးကိုရောစပ်၍ သောက်ပါ၊ အရေပြား ပေါ် လိမ်းပေးပါ။ (မှတ်ချက်) ပန်းသီးရှာလကာရည်လို့ခေါ်တဲ့ Apple cider vinegar (ACV) ကို City Mart ဆိုင်များမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။

ပေါက်ပေါက် Tin Htet Htet Zaw

GERD အချဉ်ရည် အထက်ဆန်ခြင်းဒေလီမှာနေရတုန်းက ဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်နေတဲ့ မြန်မာရဟန်းတော်တွေကနေ စာသင်ဘက် ဗီယက်နမ်က သီလရှင်တ...
01/06/2021

GERD အချဉ်ရည် အထက်ဆန်ခြင်း

ဒေလီမှာနေရတုန်းက ဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်နေတဲ့ မြန်မာရဟန်းတော်တွေကနေ စာသင်ဘက် ဗီယက်နမ်က သီလရှင်တပါးကို ခေါ်လာပြီးရောဂါပြပါတယ်။ ဆေးစစ်ချက်တွေအရ ရောဂါနာမည်က GERD ဖြစ်နေတယ်။

Gastroesophageal reflux disease (GERD) ဆိုတာ အစာအိမ်-အစာမြိုပြွန် အဆက်နေရာကနေ အစာခြေရည်တွေ အထက်ဆန်တဲ့ရောဂါ ဖြစ်ပါတယ်။ လူအတော်များများမှာ ဖြစ်ကြတယ်။ အစာအိမ်နဲ့ အစာမြိုပြွန်ဆက်တဲ့ နေရာမှာရှိတဲ့ အထိန်းက အလိုအလျှောက် ပွင့်တဲ့အခါ ဖြစ်တယ်။ သူပွင့်လို့ အစာအိမ်ထဲက အစာနဲ့ ရေ-အရည်တွေဟာ အထက်က အစာမြိုပြွန်ဆီကို တက်လာတယ်။ တက်တော့ ပြောသလိုတွေဖြစ်ရော။

Acid reflux or Acid regurgitation အက်စစ်ရည်အထက်ဆန်ခြင်းလို့လဲ ခေါ်တယ်။ အစာအိမ်ထဲက အစာခြေအရည် ဆိုတာက (အက်စစ်) ဖြစ်လို့ပါ။ အဲလိုဖြစ်လာရင် ပါးစပ်မှာ အဲဒီအရသာကို သိလာစေတယ်။ ဒါကို အစာမြိုပြွန်က မခံနိုင်ဘူး။ လောင်သလို ဖြစ်စေတယ်။ ပူလောင်သလို ခံစားရတာကို Heartburn လို့ခေါ်တယ်။ တခါတလက အကြောင်းမဟုတ်ပေမဲ့ တပါတ်မှာ နှစ်ခါထက်ပိုဖြစ်တာ ရောဂါ။ အရွယ်သိပ်မရွေးဘူး။ ငယ်သူတွေဖြစ်ရင် ရင်ပူတာ သိပ်မခံစားရတတ်ဘူး။ ပန်းနာလိုလို ချောင်းဆိုးတယ်၊ အမြိုရခက်တာမျိုးလဲ ခံစားရမယ်။

ဘာလို့ဖြစ်လဲ သိပ်မသိသေးဘူး။ တချို့မှာ Hiatal hernia အစာအိမ်ထိပ်ပိုင်းက အစာမြိုပြွန်ဝင်တဲ့နေရာ ကျဉ်းကျဉ်းလေး ဘေးကနေ အထက်ဘက် ကျွံတက်လာတဲ့ရောဂါနဲ့ တွဲနေတတ်တယ်။ ဖြစ်လာတိုင်း ဆေးကုစရာထူးမလိုပါ။ ကျွံတာက သွေးမလျှောက်သလို ပိတ်တာဆိုရင်တော့ ခွဲစိတ်ကုသရမယ်။

ရောဂါသေခြာအောင်
• Barium swallow radiograph X rays ဆေးမျိုပြီး ဓါတ်မှန်ရိုက်ရင် Hiatal hernia ရှိတာ၊ အနာရှိတာသိမယ်။
• Upper endoscopy ကရိယာထည့်ကြည်တာက ပိုသေခြာတယ်။ တခါထဲ Biopsy အသားစ ဖြတ်ယူ စစ်ဆေးတာလဲ လုပ်နိုင်တယ်။
• pH monitoring examination စစ်ဆေးနည်း၊

ကုသနည်း
၁။ နေတာ-စားတာ ပြောင်းရပါမယ်။ ဝနေရင် လျှော့ပါ၊ ဆေးလိပ်သောက်ရင် လျှော့ပါ-ဖြတ်ပါ။ အချဉ်၊ ချော့ကလက်၊ ကော်ဖီ၊ အရက်၊ အဆီများတဲ့အစာ၊ ချင်း၊ ကြက်သွန်၊ အစပ်၊ ခရမ်းချဉ်၊ စတာတွေနဲ့လဲ ပိုဖြစ်တာတွေ့ရတယ်။ ချောင်းဆိုးတာ၊ အန်တာ၊ အလေးအပင်မတာမျိုးတွေကနေ အစာအိမ်ကျွံတာ ဖြစ်လာစေနိုင်တယ်။ အဝလွန်တာ၊ ကိုယ်ဝန်ဆောင်တာတွေကနေလဲ စေ့ဆောင်နိုင်တယ်။

တချို့အစားအသောက်တွေကနေလဲ ဖြစ်စေနိုင်တာသတိထားရှောင်ကျဉ်ပါ။ အနေအထိုင်ကြောင့်လဲ ဆိုးစေတတ်တယ်။ တချို့မှာ မတ်မတ်ရပ်နေရင် သက်သာတယ်။ ချောကလက်၊ အဆီများတဲ့ အစားအစာ၊ စပ်တာ၊ ကျော်တာ၊ ကော်ဖီ တွေကနေ ပိုဆိုးတတ်တယ်။ အချဉ်ရည်၊ ခရမ်းချဉ်သီးတွေကနေလဲ ဖြစ်တတ်တယ်။ တခါစားရင် နည်းနည်းခြင်း စားသင့်တယ်။ ညစာစားပြီး ၂-၃ နာရီနေမှအိပ်-လှဲသင့်တယ်။ အိပ်ယာ-ကုတင်ကို ခေါင်းရင်းက မြှင့်ပေးထားတာ သက်သာတယ်။ ခေါင်းအုံးမြှင့်ရတာ မဟုတ်ပါ။

၂။ ဆေးတွေက သက်ရောက်စေတာတွေ မတူကြလို့ ဆေးတွေကို တွဲပေးရတယ်။
• Antacids = Alka-Seltzer, Maalox, Mylanta, Rolaids, and Riopan ဆေးတွေ အသေအခြာပေးမယ်။ Magnesium, Calcium, Aluminum တွေနဲ့ လုပ်ထားတာတွေ ဖြစ်တယ်။ Magnesium salt တွေက ဝမ်းလျှော စေတယ်။ Aluminum salt တွေက ဝမ်းချုပ်စေတယ်။ Calcium carbonate antacids ဆေးကို ဒီနေရာမှာ သာမက (ကယ်လ်စီယမ်) လိုတာ ဖြည့်ဘို့ အနေနဲ့လဲ ပေးနိုင်တယ်။ Antacids ဆေးတွေကို တာရှည်သုံးပြန်ရင်လဲ ဘေးထွက်-ဆိုးကျိုးသတိထားရမယ်။ ဝမ်းလျှောတာ၊ (ကယ်လ်စီယမ်) ဓါတ် နည်းတာတွေဖြစ်စေနိုင်တယ်။ (မက်ဂနီဆီယမ်) များလာမယ်။ အဲဒါဆိုရင် ကျောက်ကပ်ကို ထိခိုက်နိုင်တယ်။ ဒါကြောင့် (အင်းတစစ်) ဆေးကို ၂ ပါတ်သောက်ပြီး နားထားသင့်တယ်။

• Foaming agents (Gaviscon) ဆေးကတော့ (ကာဗာ) အကာကွယ်လို သဘောလုပ်ပေးတယ်။
• H2 blockers အုပ်စုဝင်ဆေးတွေကို နာတာရှည်သမားတွေ ပေးတယ်။ Cimetidine (Tagamet HB), Famotidine (Pepcid AC), nizatidine (Axid AR), and Ranitidine (Zantac 75) ဆေးတွေက အက်စစ်ဓါတ် ထွက်တာ နည်းစေအာင် လုပ်ပေးတယ်။
• Proton pump inhibitors ဆေးအမျိုးအစားလဲ သုံးတယ်။ Omeprazole (Prilosec, Zegerid), Lansoprazole (Prevacid), Pantoprazole (Protonix), Rabeprazole (Aciphex), Esomeprazole (Nexium) ဆေးတွေကတော့ လက္ခဏာတွေ သက်သာစေတယ်။ အနာလဲ ကျက်စေတယ်။
• Prokinetics ဆေးတွေကတော့ အစာအိမ်ထဲက အစာတွေကို မြန်မြန် အောက်ဆင်းစေတယ်။ Bethanechol (Urecholine) နဲ့ Metoclopramide (Reglan) တွေဖြစ်တယ်။ ဒါပေမဲ့ ဆေးတွေက အားယုတ်သလို ခံစားရမယ်၊ အိပ်ခြင်မယ်၊ စိတ်ကျတတ်တယ်၊ စိုးရိမ်စိတ် ဝင်တတ်တယ်။

၃။ ခွဲစိတ်ကုသနည်းတွေ ရှိတယ်။
လူနည်းနည်းလောက်သာခွဲစိတ်ကုသဘို့လိုတယ်။ Fundoplication ခွဲစိတ်နည်း ဆိုတာ အစာအိမ်အထက်နေရာကို အားကောင်းအောင်၊ လုံအောင် လုပ်ပေးနည်း ဖြစ်တယ်။ Hiatal hernia ရှိရင်လဲ ပြင်ပေးမယ်။ Nissen fundoplication နည်းကို Laparoscope ကရိယာနဲ့ ခွဲတယ်။ Endoscopic techniques နည်းတွေလဲ ရှိသေးတယ်။

နာတာရှည်ဖြစ်နေ၊ ဆေးလဲ သေခြာမကုရင် နောက်ဆက်တွဲတွေ ဖြစ်လာမယ်။ Esophagitis အစာမြိုပြွန်ရောင်တာ၊ သွေးယိုတာနဲ့ အနာဖြစ်တာတွေဖြစ်တယ်။ အမာရွတ်ဖြစ်ပြီး ကျဉ်းတာတွေ ဖြစ်လာနိုင်တယ်။ အနေအစားဆင်ခြင်ရင် အသက်မတိုပါ။

သီလရှင်ဆရာလေးက အသားမစားတဲ့ပြင် သွေးအားကလဲနည်းနေတယ်။ အစားအသောက်ညွှန်ရတာ ခက်တယ်။ သူများတိုင်းပြည်မှာ ပညာသင်ရသူတိုင်းတွေ့ရတတ်တဲ့ အခက်အခဲတွေရှိကြတယ်။ ပြည်ပမှာပညာသင်ကြသူတွေ ကျန်းမာရေးကောင်းကြပါစေ။

Dr. တင့်ဆွေ

Address

Natmauk

Telephone

+959780459861

Website

Alerts

Be the first to know and let us send you an email when San Thit Htun. Clinic & Pharmasi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram