Royal Care ဆေးဝါးအကူသင်တန်း

Royal Care ဆေးဝါးအကူသင်တန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Royal Care ဆေးဝါးအကူသင်တန်း, Medical and health, Naypyidaw.

16/02/2023

Royal Care ဆေးဝါးအကူသင်တန်း ရဲ့ ယခု Page မှာ lock ကျသွားပါသဖြင့်
Link ချထားသော ပေ့အသစ်ကို Like and follow ပေးကြပါအုံးနော်..

https://www.facebook.com/Royal-Care-ဆေးဝါးအကူသင်တန်း-104536169133215/

သိလိုသော ဆေးအကြောင်းများကို မေးမြန်းလို့ရပါတယ်

10/02/2023
10/02/2023

အမှန်တရားက ခါးတယ်နဲ့ တူပါတယ်။ တချို့လူတွေက ထွေးထုတ်ပစ်တတ်ကြတယ်။


10/02/2023

#စာဖတ်ပါ

၁- စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ
တည်ငြိမ်ရင့်ကျက်လာတတ်ပြီး
ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။

၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး
တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။

၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး
ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။

၄-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး
ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို
ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။

၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့်
ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။

၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့်
အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။

ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး
အခြေအနေဖြစ်လာတဲ့အခါ
ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။

၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။

လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ
ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက
သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။

စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။
စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။

သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ
တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့
စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။

၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီး
ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့
လူတစ်ယောက် မဖြစ်နိုင်သေးပါဘူး။

လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို မယုံကြည်နိုင်လောက်တဲ့
အတွေ့အကြုံတွေပေးပါလိမ့်မယ်။

အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့
လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။

************************************

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ ..?

၁- အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ပေးသင့်ပါတယ်။
အဲ့လိုဖတ်ပေးခြင့်ကြောင့် အောင်မြင်သူတွေရဲ့
အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။

၂- ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။

ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊
လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။

စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃- စိတ်အားတက်ကြွစေမယ့် စာပေ(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်အဆုံးပေါများလှတယ်။

တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

၄- ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။

ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို
တိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။

ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊
မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ
လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။

၅- ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို
ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆- ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။
လိုချင်တပ်မက်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

>>>စာဖက်ခြင်းဖြင့် ဘဝကို အလှဆင်နိုင်ကြပါစေ

ဆေးညွှန်းတဲ့အခါ ရေးလေ့ရှိတဲ့ "Rx" ဆိုတာ Lactin စကားလုံး " Recipe" က ဆင်းသက်လာတာ ဖြစ်ပြီး English လို " to take" ဆိုတဲ့ အ...
06/02/2023

ဆေးညွှန်းတဲ့အခါ ရေးလေ့ရှိတဲ့ "Rx" ဆိုတာ Lactin စကားလုံး " Recipe" က ဆင်းသက်လာတာ ဖြစ်ပြီး English လို " to take" ဆိုတဲ့ အဓိပ္ပာယ် ရပါတယ်၊
မြန်မာလို ပြန်ရင်တော့ "ဆေးသောက်ရန်" ပေါ့၊

06/02/2023

ငွေကို မြင်တဲ့အမြင်ပေါ်လိုက်ပြီး ငွေဟာ ပြောင်းလဲနေတယ်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

လွန်ခဲ့တဲ့နှစ်ရက်လောက်က မနက်စာစားမယ်ဆိုပြီး ငါးထောင်တစ်ရွက် အိတ်ကပ်ထဲ ကောက်ထည့်ကာ အပြင်ထွက်လာလိုက်တယ်။

လမ်းထိပ်ရောက်တော့ မုန့်ဟင်းခါဆိုင်တွေ့တာနဲ့ မုန့်ဟင်းခါး တစ်ပွဲ ဝင်စားတယ်။ ၁၅၀၀ ပေးရတယ်။ ၃၅၀၀ ပိုတယ်။ ပိုတဲ့ပိုက်ဆံကြည့်ပြီး စဥ်းစားတယ်။ ပိုတဲ့ပိုက်ဆံနဲ့ အအေး ဝယ်သောက်ရင် ကောင်းမလားပေါ့။ နောက်တော့ တော်ပါပြီဆိုပြီး ဒီတိုင်းပဲ ပြန်ချလာလိုက်တယ်။ အဲ့ဒီနေ့က ကျွန်တော့်မှာ ပိုက်ဆံ ၃၅၀၀ ပိုတယ်။

နောက်တနေ့မှာလည်း အလားတူပဲ။ ငါးထောင်တန်တစ်ရွက်ကိုင်ပြီး မနက်စာစားဖို့ ထွက်ရှာတယ်။ ရှမ်းခေါက်ဆွဲဆိုင်တွေ့ပါတယ်။ ဝင်စားတယ်။ ရှမ်းခေါက်ဆွဲအပြင် တခြား သရေစာတွေပါ ထပ်မှာပြီး စားလိုက်တယ်။ စားပြီးလို့ ရှင်းမယ်လုပ်တော့ ခြောက်ထောင် ကျတယ်တဲ့။ ကိုယ့်မှာ ငါးထောင်ပဲပါသွားတော့ အဲ့ဒီနေ့က အကြွေးတင်သွားတယ်။

မနေ့ကလည်း တစ်ခါ ခါတိုင်းနေ့တွေလိုပဲ ငါးထောင်တန်တစ်ရွက်ကိုင်ပြီး လိုက်ရှာတယ်။ ဒါပေမဲ့ ဒီနေ့တော့ စိတ်ကနှမြောတဲ့စိတ်ဝင်နေတယ်။ အဲ့ဒါနဲ့ပဲ မသုံးတော့ပါဘူးလေဆိုပြီး ဒီတိုင်းပြန်ချလာလိုက်တယ်။ ညကကျန်တဲ့ဟင်းကြွင်းဟင်းကျန်လေးနဲ့ပဲ စားလိုက်တယ်။ ပိုက်ဆံငါးထောင်အဖတ်တင်သွားတယ်။

လွန်ခဲ့တဲ့ နှစ်ရက်ကစပြီး ကျွန်တော်ရဲ့ ဖြစ်စဥှ်ကို ပြန်ကြည့်မယ်ဆိုရင် ပထမနေ့မှာ ၃၅၀၀ ပိုတယ်၊ ဒုတိယနေ့မှာ အကြွေးတင်တယ်၊ တတိယနေ့မှာ ပိုက်ဆံငါးထောင်လုံး ပိုတယ်။

ကျွန်တော်ပိုက်ဆံကို သုံးစရာလို့ မြင်တဲ့အချိန်မှာ အဲ့ဒီပိုက်ဆံဟာ သုံးစရာအဖြစ် ထွက်သွားတယ်။

စုစရာလို့ မြင်တဲ့အချိန်မှာ အဲ့ဒီပိုက်ဆံဟာစုစရာအဖြစ်ရောက်လာတယ်။

​ပြောချင်တာကဘာလဲဆိုတော့ ကိုယ့်ရဲ့ပိုက်ဆံကို ကိုယ်ဘယ်လိုမြင်လဲဆိုတာပေါ် မူတည်ပြီး အဲ့ဒီအရာက လိုက်ပြီး ပြောင်းလဲနေတယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။ ကိုယ်မြင်တဲ့အမြင်ပေါ်မူတည်ပြီး ကိုယ့်ရဲ့ပိုက်ဆံဟာ ဝင်ငွေ၊ ဒါမှမဟုတ် ထွက်ငွေအဖြစ်ကို ပြောင်းလဲသွားတယ်။

ဒါကြောင့် ငွေကို မြင်တဲ့အမြင်အရေးကြီးပါတယ်လို့ မိတ်တွေတို့ကို မှာချင်ပါတယ်။


05/02/2023
Acetaminophen ဆိုတာ Paracetamol နဲ့ အတူတူပဲဆိုတာ သင်သိပါသလား 🍀
05/02/2023

Acetaminophen ဆိုတာ Paracetamol နဲ့ အတူတူပဲဆိုတာ သင်သိပါသလား 🍀

Royal Care ဆေးဝါးအကူသင်တန်းမှ ၁။ ဆေးဝါးအကူသင်တန်း၂။ ဆေးဆိုင်လိုင်စင်ရရန် လုပ်ငန်းလမ်းညွှန်သင်တန်း Online Class များ Febr...
04/02/2023

Royal Care ဆေးဝါးအကူသင်တန်းမှ
၁။ ဆေးဝါးအကူသင်တန်း
၂။ ဆေးဆိုင်လိုင်စင်ရရန် လုပ်ငန်းလမ်းညွှန်သင်တန်း
Online Class များ February လ တန်းခွဲသစ်များ ထပ်ဖွင့်ပါမည်၊

🍀 ဆေးဝါးအကူသင်တန်း 🍀

💵 သင်တန်းကြေး... ၈၀၀၀၀ ks + စာအုပ်ကြေး
🔁 သင်တန်းကာလ...၁ လ
📲သင်ကြားမည့်စနစ်.. Zoom application

✅ ဆေးဆိုင်ဖွင့်ချင်သူများ
​✅ ဆေးဆိုင်/ဆေးရုံ/ဆေးခန်းတို့မှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ချင်သူများ
✅ အိမ်သုံးဆေးဝါးများ၏အသုံးပြုပုံများကို နားလည်သိရှိချင်သူများ
✅ မိသားစု၊ မိတ်ဆွေ၊ ပတ်ဝန်းကျင်ကို ကူညီစောင့်ရှောက်ချင်သူများ တက်ရောက်နိုင်ပါတယ်၊
📝 ဆေးဝါးဆိုင်ရာ အခြေခံများ
📝 အသုံးများသော အတိုကောက်အခေါ်အဝေါ်များ
📝 ဆေးဝါးပုံစံအမျိုးမျိုး
📝ရောဂါအလိုက် အသုံးပြုသော ဆေးအမျိုးအစားများ
📝 အသုံးများသော ဆေးဝါးများ
📝ဘေးထွက်ဆိုးကျိုးများ
📝 သတိပြုရန်အချက်များ
📝 ဆေးညွှန်းစာ ဖတ်နည်းများ
📝 ဆေးဝါးထားသိုခြင်းနည်းစနစ်များ
📝ဆေးဆိုင်တစ်ဆိုင်ဖွင့်လျှင် ဦးစားပေး တင်ရမည့် ဆေးများ
📝 ဆေးဆိုင်ဖွင့်ဖို့ ဆောင်ရွက်ရမည့် နည်းစနစ်အဆင့်ဆင့်
📝 ဆေးဆိုင်ဖွင့်ဖို့ သိထားရမည့် အ​ခြေခံအချက်များကို သင်ကြားပေးမှာ ဖြစ်ပါတယ်၊

🏆သင်တန်းပြီးဆုံးပါက Certificate ပေးအပ်မည် ဖြစ်ပါသည် 🎉

🎓🎓🎓🎓🎓

🍀 ဆေးဆိုင်လိုင်စင်ရရန် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်သင်တန်း🍀

💵 သင်တန်းကြေး...၂၀၀၀၀ ks
🔁 သင်တန်းကာလ...၅ ရက်
📲 သင်ကြားမည့်စနစ်.. Zoom application

✅ ဆေးဆိုင်ဖွင့်ရန် ရည်မှန်းထားသူများ
✅ ဆေးဆိုင်လိုင်စင်ရရန် လုပ်ငန်းစဉ် အဆင့်ဆင့်သိလိုသူများ တက်ရောက်နိုင်ပါတယ်၊

🤔ဆေးဆိုင်တစ်ဆိုင်ဖွင့်လျှင် လုပ်ဆောင်ရမည့် အဆင့်တွေက သာမာန် လူသုံးကုန်၊ စားသောက်ကုန် ဆိုင်တွေ ဖွင့်လှစ်ရောင်းချသလို မရိုးရှင်း မလွယ်ကူလှပါဘူး၊
✅ဌာနဆိုင်ရာတွေကို လျှောက်ရတယ်၊
✅ဆေးနဲ့ပတ်သက်သော အခြေခံ ဗဟုသုတတွေ ရှိ/မရှိ စာမေးပွဲတွေလည်း
ဖွေရပါတယျ၊
✅အခြား လိုအပ်ချက်တွေလည်း အများကြီး ရှိပါသေးတယ်၊
✅ ဒီလို များပြားလှတဲ့ အဆင့်တွေကို အသေးစိတ် သိရှိနိုင်ဖို့အတွက် ဒီသင်တန်းမှာ

📝 ဆေးဆိုင်လိုင်စင် ရဖို့ လျှောက်ထားရမည့် ဌာနဆိုင်ရာများ
📝 ဌာနဆိုင်ရာမှာ တင်ပြရတဲ့ အချက်အလက်များ
📝 ဌာနဆိုင်ရာကို ဆေးစားရင်း တင်ရာမှာ မပါဝင်ရမည့် ဆေးများ
📝 ဖြေဆိုရတဲ့ စာမေးပွဲမှာ မေးတတ်သော​ ဆေးဆိုင် အခြေခံအချက်များ
📝ဆေးဆိုင်အတွက် စတင်ဝယ်ရမယ့် ဆေးဝါးစာရင်း
📝ဆေးဆိုင်အတွင်း ဆေးဝါး ထားသိုနည်းများ
📝 ​ဆေးတွေရဲ့ အမည်မှာ Generic Name နဲ့ Brand Name ခွဲခြားနည်း
📝 ဆေးဝါးရောင်းချစဉ် expired တွေ မဖြစ်အောင် ရောင်းချနည်းစနစ်
📝 ဆိုင်မှာ ရောင်းချခွင့် မရှိသော ထိန်းချုပ်ဆေးဝါးများ
📝 မဖြစ်မနေ သိထားရမည့် ဆေးဝါးဉပဒေများ
စတဲ့ ဆေးဆိုင်တစ်ဆိုင် ဖွင့်ဖို့ လိုအပ်ချက်မှန်သမျှ အသေးစိတ် စံုစုံလင်လင် မျှဝေပေးသွားမှာပါ၊

👍 ဆေးဆိုင်တစ်ဆိုင် ဖွင့်နိုင်ဖို့ ပြည့်စုံစွာ လမ်းညွှန်ပေးမည့် သင်တန်းဖြစ်ပြီး အိမ်ကနေ ဖုန်းတစ်လုံးနဲ့ အလွယ်တကူ လေ့လာနိုင်တာမို့ စာရင်းပေးဖို့ လက်မနှေးသင့်ပါဘူးနော်

💬အသေးစိတ်သိရှိလိုပါက page messenger (or)
09 792938262, 09 674586048 မှ တဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဆရာဝန်တွေ ဆေးညွှန်းတဲ့အခါ ပါတတ်တဲ့ O.D ဆိုတဲ့ အတိုကောက် စာလုံးလေးက "ဆေးကို တစ်နေ့ တစ်ကြိမ် သောက်ပါ" ဆိုတဲ့ အဓိပ္ပာယ်ပါ၊ ...
03/02/2023

ဆရာဝန်တွေ ဆေးညွှန်းတဲ့အခါ ပါတတ်တဲ့ O.D ဆိုတဲ့ အတိုကောက် စာလုံးလေးက "ဆေးကို တစ်နေ့ တစ်ကြိမ် သောက်ပါ" ဆိုတဲ့ အဓိပ္ပာယ်ပါ၊ 🍀

ဆေးအမည်ဆိုရာမှာ Brand Name ဆိုတာ ဆေးထုတ်တဲ့ ​ Company ရဲ့ ကိုယ်စားပြု အမည် ဖြစ်တာမို့ Generic Name ကိုသာ အဓိက သိဖို့လိုတ...
01/02/2023

ဆေးအမည်ဆိုရာမှာ
Brand Name ဆိုတာ ဆေးထုတ်တဲ့ ​ Company ရဲ့ ကိုယ်စားပြု အမည် ဖြစ်တာမို့ Generic Name ကိုသာ အဓိက သိဖို့လိုတာပါနော်..🍀

Address

Naypyidaw

Telephone

+959792938262

Website

Alerts

Be the first to know and let us send you an email when Royal Care ဆေးဝါးအကူသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Care ဆေးဝါးအကူသင်တန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram