စွမ်းရည်ထက် ဆေးဆိုင်

စွမ်းရည်ထက် ဆေးဆိုင် Englishဆေးမျိုးစုံနှင့် မြန်မာဆေးမျိုးစုံ တို့အားယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိူင်ပါသည် ။ English ဆေးနှင့် မြန်မာမာဆေး မျိုးစုံ

ဘေးဘယာတွေ ဝေးကွာကြပါစေ...ကျန်းမာချမ်းသာကြပါစေ...ဘေးဒုက္ခတွေ အမြန်ကင်းငြိမ်းကြပါစေ...
08/04/2025

ဘေးဘယာတွေ ဝေးကွာကြပါစေ...
ကျန်းမာချမ်းသာကြပါစေ...
ဘေးဒုက္ခတွေ အမြန်ကင်းငြိမ်းကြပါစေ...

ရပ်ကွက်တွင်း retail ဆေးဆိုင် ဆေးအဘိဓါန်1.အာတာပူစီ = Enervon c2.မျက်နှာလေးခု  = Mixagrip3.ဆိုလိုဂျင် = Siloxogene4.ဘစ်ဘစ်...
03/02/2024

ရပ်ကွက်တွင်း retail ဆေးဆိုင် ဆေးအဘိဓါန်

1.အာတာပူစီ = Enervon c
2.မျက်နှာလေးခု = Mixagrip
3.ဆိုလိုဂျင် = Siloxogene
4.ဘစ်ဘစ်ဒန် = Vit B Dank
5.ကြွက်ဆေး = Strepsil
6.ဆေးဂျောက်ဂျက်
ဆေးသာကူ = Omeprazole
7.အိုးလေဆေး = Antacil
8.ဆေးလင်မယား = Alaxan
9.ဖားတကဒ် = Decolgen
10.ထီးလေးတကဒ် = Nokole/Jets
11.ဝက်သုံးကောင် = Hawsone
12.လိပ်သုံးကောင် = Magical forte
13.မိသားစုဆေး = Cyprotone/ Vitahome
14.မိုးစက်တဘူး = Dexopic N
15.ခမောက်သွေးကျဆေး = Amlong
16.စကီနာတောင့် = Skineal
17.ငှက်နှကောင် = Synlar
18.မြင်းခွာ / ပြတင်းပေါက်/ တံခါးပုံ = Micoderm
19.လင်လိုချင် = Lincoderm
20.ဂျယ်လီစိမ်း = Green oit
21.အမ်ဝိုင် = Mom
22.လက်ညှိုးချောင်း = Medilac s/ Kidlac/ Innolac
23.လက်ပစ်ဗုံး = Tolax
24.လောင်ချာ
ဂြိုလ်တု = Supposities
25.မြှားသုံးချောင်း = Atussin
26.ဂျစ်ကား = Cypro ရည်
27.စက်ရုပ် = Martian tab./ ရည်
28.နာနတ်သီး = Vitamax
29.ဒေါ်တင်နွယ် = Dofenal
24.မီတူရူသာလာဆာ = Metro
25.တိုက်တုန်တဲ့ချောင်းဆိုးဆေး = Konodin
26.လူပြေးနေတဲ့လိမ်းဆေး = Begesic
27.ဖလိုဘစ် = Ferrovit
28.ချာဂျာ = Nutrivita
29.ကြည်ပြာတောင့်= Gofen
30.သုံးမြှောင့် မျက်စဥ်း = V Rotho
31.ဘဲနှုတ်သီး = Itrodex
32.ဝါးစား / Relcer
33.ဂျက်စတစ် = Gestid
34.လှည်းဘီးလေဆေး = Entacyd plus
35.အဆုတ်သုံးထပ်/ Ascoril
36.အစိမ်းကတ်/Diclo M
ပါရာစိမ်း= Cemol (ဒီဘက် paracapမရောင်းရပါ)
37.သံချေးဆေး = Furamin BC/ FeSo4
38.ဆနွင်းဆေး = Flexofytol
39.အသဲဆေးအစိမ်း= live up
40.ဂေါက်ဆေး = Allopurionolol
41.အာဖြန်းဆေး= V Inhalar

42.ဘီးဆံပတ်ဆွေးဆေး = သကြားရေစင်
43.ဒေါင်းတံဆိပ် =ဦးချစ်တင်
44.ဇီဝက = ဇီဝသုခ
45.နဂါးရက်ဆား = ထွန်းအောင်ကျော်
46.ဦးကြီးရင် = မြို့မသုခ
47.ဆင်ခြောက်ကောင် = ဇာတိဝင်က
48.ကလေးဝမ်းလျားမှောက်ပုံ = ရွှေသမင်အထူး
49.ဒေါ်ချစ်၏ = နေနတ်သား
50.ကြက်မကြီး = ကျန်းမာရေး
51.ဆေးမီးသီး = ကျဗတုံးဆေး
52ပဒုမ္မာရွှေကြာ = ဆရာခို

Friends တို့ပျော်အောင်ပါ၊
ထပ်ဖြည့်ပေးကြပါဦး😇

Credit ပါ။ မှတ်သားနာယူကြပါ။ တကယ် ခေါ်တာပါ။ လေ့လာပါ။

တရား အလှူတော်….ဖြေဆိုမည့်သူများ Page messenger မှ အလှူခံတော်မူပါ..
08/07/2023

တရား အလှူတော်….

ဖြေဆိုမည့်သူများ Page messenger မှ အလှူခံတော်မူပါ..

20/10/2022
09/09/2022

[ဆီးချိုတိုင်းတတ်ရဲ့လား?]
ဖတ်ရန်ကြာချိန် - ၁၅ စက္ကန့်

ဆီးချိုသွေးချိုရောဂါဆိုတာကတော့ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက်ပိုများတဲ့ရောဂါပါ။ ဆီးချိုရောဂါက တစ်ခါဖြစ်ပြီးပြီဆိုရင် ပျောက်ကင်းအောင်ကုသလို့မရတော့တာမို့ ဆီးချိုအရမ်းမတက်အောင်ပဲ ထိန်းထားပြီး အစားအသောက်အနေအထိုင်ဆင်ခြင်ရမှာပါ။

ဆီးချိုမတက်အောင်ထိန်းဖို့ဆိုရင် ကိုယ့်ရဲ့သွေးတွင်းသကြားဓာတ်က ဘယ်လောက်ရှိနေတယ်၊ ဘယ်လောက်ထိပြန်ရောက်အောင် ထိန်းသင့်တယ်ဆိုတာကို သိထားဖို့လိုတာပေါ့။ ဒါပေမယ့် အများစုက မသိကြပါဘူး။ ဆီးချိုစစ်ချင်ရင် ဆေးခန်းကိုသွားရတယ် ဒါမှမဟုတ် ကိုယ့်ဘာသာ အိမ်မှာစစ်ရင်တောင် ရလဒ်က ဆီးချိုတက်နေလား မတက်နေလားတောင်မသိကြတာတွေလည်းရှိကြပါတယ်။

ဒါကြောင့် ဒီနေ့ သွေးတွင်းသကြားဓာတ်က ပုံမှန်ပမာဏဘယ်လောက်ရှိမယ်ဆိုတာလေးပြောပြချင်ပါတယ်။

ဆီးချိုစစ်တဲ့အခါ အချိန် သုံးမျိုးမှာ စစ်လို့ရပါတယ်။
(၁) မနက်အစော ဘာမှမစားခင်
(၂) အစာစားပြီး ကိုယ်ကြိုက်တဲ့အချိန်နဲ့
(၃) အစာစားပြီး ၂ နာရီကြာတဲ့အခါ ဆိုပြီးတိုင်းလို့ရပါတယ်။

⬛မနက်အစော ဘာမှမစားခင်

မနက်ပိုင်း ဘာမှမစားရသေးခင် တိုင်းတဲ့အခါ
▶100 mg/dl အောက်ဆိုရင် ပုံမှန်
▶ 100-125 mg/dl ဆိုရင် ဆီးချိုအကြိုအခြေအနေနဲ့
▶125 mg / dl ထက်များတယ်ဆိုရင်တော့ ဆီးချိုစဖြစ်နေပါပြီ။

⬛အစာစားပြီး ကြိုက်တဲ့အချိန်

အစာစားပြီး ကြိုက်တဲ့အချိန်တိုင်းလို့ ကိုယ့်ရဲ့သွေးတွင်းသကြားဓာတ်က
▶200 mg/dl အောက်ဆိုပုံမှန်
▶200 mg/dl ထက်များနေရင် ဆီးချိုတက်နေပါပြီ။

⬛အစာစားပြီး 2 နာရီကြာ

အစာစားပြီး 2 နာရီကြာတဲ့အခါမှာ တိုင်းရင်
▶140 mg/dl အောက်ဆိုပုံမှန်
▶140-199 mg/dl ဆိုရင် ဆီးချိုအကြိုအခြေအနေနဲ့
▶200 mg/dl ဆီးချိုတက်နေပြီဆိုတာကိုသိရပါမယ်။

ဒီအချက်လေးတွေကို ဖတ်ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့လက်ထိပ်သွေးကိုဖောက်ပြီး ဆီးချိုစစ်တဲ့အခါ ကိုယ့်ရဲ့သွေးတွင်းသကြားဓာတ်ပမာဏကို သိထားရင် အစားအသောက်အနေအထိုင်ဆင်ခြင်လို့ရတာပေါ့။

ဆီးချိုကျစေဖို့အတွက် သောက်သုံးရမယ့်ဆေးဝါးတွေနဲ့ စားသုံးသင့်တဲ့အစားအစာတွေကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာဆောင်ရွက်ပါ။

အားလုံးပဲ ကျန်းကျန်းမာမာရှိကြပါစေ။ 👩‍⚕️✨
#ကျန်းကျန်းမာမာ

22/01/2022
ကျောက်ကပ်ကျန်းမာရေး
12/01/2022

ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း
==============================

(၁) ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ဘယ်လိုဝေဒနာတွေ ခံစားရလေ့ရှိပါသလဲ ?

ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ လူနာဟာ...

🔹နံရိုးအောက် ခါးအနောက်ပိုင်းနဲ့ ဘေးဘက်တွေမှာ စူးပြီးအောင့်မယ်။ ရံဖန်ရံခါ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်ခြံတွေအထိ အောင့်တတ်ပါတယ်

🔹နာကျင်မှုဟာ လှိုင်းလုံးတွေဆင့်လာသလို တဖြေးဖြေးတိုးပြီး နာလာတတ်ပါတယ်

🔹ဆီးသွားတဲ့အခါမှာ ပူတာ ၊ ကျင်တာ ၊ အောင့်တာ ဖြစ်တတ်သလို.....ဆီး အနီရောင် ၊ အညိုရောင် ၊ ပန်းရောင်တွေ သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်

🔹ဆီးထဲမှာ အမှုန်တွေပါနေတတ်ပြီး ၊ ဆီးအနံ့ဟာလည်း အနံ့ဆိုးထွက်နေတာမျိုး ဖြစ်နိုင်ပါတယ်

🔹မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပြီး ၊ တကယ်သွားတဲ့အခါ ဆီးနည်းနည်းဘဲ ထွက်တာမျိုးနဲ့...

🔹ချမ်းတုန်ဖျားပြီး ပျို့တာ အန်တာမျိုးအထိလည်း ဖြစ်တတ်ပါတယ်

(၂) ဘာကြောင့် ကျောက်ကပ်မှာ ကျောက်တည်ရတာလဲ ?

ကျောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ ( ဥပမာ၊ ၊ calcium, oxalate, uric acid ) ခန္ဓာကိုယ်တွင်းများပြားလာပြီး ဆီးမှတဆင့် ကောင်းမွန်စွာမစွန့်ပစ်နိုင်တဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်ပါတယ်။

အဆိုပါဓာတုပစ္စည်းများကို လွယ်လွယ်နဲ့ ကျောက်မဖြစ်သွားအောင် တားဆီးပေးတဲ့ဓါတ်အချို့ အားနည်းရင်လည်း ကျောက်တည်စေပါတယ်

(၃) ကျောက်ကပ် ကျောက်တည်ခြင်းဟာ ဘယ်လိုလူတွေမှာ အဖြစ်များသလဲ ?

လူတိုင်း ကျောက်တည်နိုင်တယ်ဆိုပေမယ့် အသက် ၃၀ ၊ ၄၀ အရွယ် အမျိုးသားတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်

အောက်ပါအချက်အလက်တွေဟာ ကျောက်ကပ်ကျောက်တည်တာကို အဖြစ်များစေပါတယ်...

🔺ရေသောက်နည်းခြင်း
🔺ကျောက်ဖြစ်စေသော ဓာတုပစ္စည်းပါဝင်သည့် အစားအစာများ စားသုံးမှု များပြားခြင်း
( ဥပမာ ၊ ၊ အသားနီ ၊ ကလီစာ ၊ ပင်လယ်စာ အလွန်အမင်း စားသုံးခြင်း )
🔺အချိုနှင့် အငန်ဓါတ် လွန်ကဲစွာ စားသုံးခြင်း
🔺ကျောက်ကပ်ကျောက်တည်သည့် မိသားစုမျိုးရိုးရှိခြင်း
🔺ဆီးလမ်းကြောင်း ကျဥ်းခြင်း / ပိတ်ခြင်း

ဒါ့အပြင် အချို့ရောဂါတွေဟာလည်း ကျောက်ကပ်ကျောက်တည်ခြင်းကို အားပေးစေပါတယ်...

🔺သွေးတိုး
🔺ဆီးချို
🔺အဝလွန်ခြင်း
🔺သွေးတွင်း Calcium ဓါတ်မြင့်မားခြင်း
🔺အရိုးပွရောဂါ
🔺ဂေါက်ရောဂါ
🔺ကျောက်ကပ်အရည်အိတ်တည်ခြင်း
🔺နာတာရှည် ဝမ်းလျောခြင်း
🔺parathyroid ရောဂါ
🔺cystic fibrosis ရောဂါ
🔺Inflamatory bowel disease
🔺အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဖြတ်တောက်ထားသောလူနာများ

အချို့သောဆေးဝါးများဟာလည်း ကျောက်ကပ်ကို ကျောက်တည်စေနိုင်ပါတယ်

🔺ဆီးဆေးများ (ဥပမာ၊ ၊ furosemide)
🔺Calcium အားဖြည့်ဆေးများ
🔺Vitamin C အားဖြည့်ဆေး
🔺ဝမ်းပျော့ဆေးများ
🔺HIVလူနာများတွင် အသုံးပြုသော Crixivan®
🔺ဝက်ရူးပြန်နှင့် အတက်ရောဂါတွင် အသုံးပြုသော Topamax® နှင့် Dilatin®
🔺ပိုးသတ်ဆေးများ Ciprofloxacin & Ceftriaxone

(၄) ကျောက်ကပ်မှာ ကျောက်တည်ဖို့ အချိန်ဘယ်လောက်ကြာသလဲ ?

နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ တကယ်လို့ ကျောက်ကပ်ထဲမှာ ကျောက်ရှိနေပြီဆိုရင်လည်း ဘာဝေဒနာမှ မခံစားရပါဘူး။ အဲ့ကျောက်ဟာ ကျောက်ကပ်ကနေ ပြုတ်ထွက်တော့မယ်ဆိုမှ နာကျင်မှုကို ခံစားရတာဖြစ်ပါတယ်။

( ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်လိုပါဘဲ )

(၅) ကျောက် ပြုတ်ထွက်ကျဖို့ အချိန်ဘယ်လောက်ကြာသလဲ ?

အရွယ်အစားပေါ်မူတည်ပါတယ်။ 4mm ထက်သေးတဲ့ကျောက်တွေဟာ ကျောက်ကပ်ကနေ အပြင်အထိထွက်ကျဖို့ တစ်ပတ်၊ နှစ်ပတ်လောက်သာ ကြာမြင့်တတ်ပြီး ၊ 4mmထက်ကြီးတဲ့ကျောက်တွေကတော့ သုံးပတ်လောက်အထိ ကြာမြင့်တတ်ပါတယ်

အသက်ကြီးပြီး ဆီးကျိတ်ကြီးနေတဲ့အမျိုးသားတွေမှာတော့ ( ဆီးကျိတ်ဟာ ဆီးလမ်းကြောင်းကို ဖိမိနေတာကြောင့် ) ကျောက်ထွက်ကျဖို့ အချိန်ပိုကြာမြင့်တတ်ပါတယ်

(၆) ကျောက်ကပ်ကျောက်တည်ခြင်းကို ဘယ်လိုကုသလို့ ရပါသလဲ ?

အရွယ်အစားသေးငယ်တဲ့ကျောက်တွေအတွက် အဓိကက ရေများများသောက်ပါ။ တစ်ရက်ကို ရေ ၂လီတာမှ ၃လီတာခွဲအထိ သောက်ပါ

နာကျင်မှုလျော့ကျစေဖို့အတွက်တော့ ဆရာဝန်က သင့်တော်တဲ့အကိုက်အခဲပျောက်ဆေး ပေးပါလိမ့်မယ်။ ကျောက်မြန်မြန်ကျဖို့အတွက် ဆီးလမ်းကြောင်း ပျော့ပျောင်းစေမယ့် Alpha Blockerလိုဆေးမျိုးလည်း ညွှန်ကြားနိုင်ပါတယ်

အရွယ်အစားကြီးမားပြီး သူ့အလိုလိုပြုတ်ကျဖို့ခဲယဥ်းနေတဲ့ကျောက်တွေအတွက်ကတော့

🔹အသံလှိုင်းနဲ့ ကျောက်ခြေနည်း ( ESWL )
🔹အရေပြားမှာ အပေါက်လေးဖောက်ပြီး ခွဲစိတ်ကုသနည်း ( Percutaneous Nephrolithotomy )
🔹ဆီးလမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်းထည့်၍ ခွဲစိတ်ကုသနည်း ( Ureteroscope ) စတဲ့နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်

Parathyroidရောဂါကြောင့် ကျောက်တည်တဲ့လူနာတွေမှာတော့ လည်ပင်းနားက parathyroid အကျိတ်ကို ခွဲစိတ်ကုသဖို့အထိလည်း လိုအပ်နိုင်ပါတယ်။

(၇) ကျောက်မတည်အောင် ဘယ်လိုကာကွယ်ရမလဲ ?

ခုနကပြောခဲ့သလို ရေများများသောက်ပါ။ တစ်နေ့ကို 2 L အနည်းဆုံးသောက်ပါ (ရေသန့်ဘူး ၂ဘူးစာ ) မိမိရဲ့ဆီးဟာ ဖွေးပြီးကြည်နေရင် သင့်မှာ ကျောက်တည်ဖို့အခွင့်အလမ်း နည်းပါလိမ့်မယ်

အသားနီဓါတ် ၊ ဆား နဲ့ oxalateပါဝင်သော အစားအစာများကို လျော့စားပါ။

Calciumပါဝင်သောအစားအသောက်များကိုတော့ ပုံမှန်အတိုင်း စားသုံးနိုင်ပါတယ်။ အစားအစာထဲမှာပါဝင်တဲ့ ကယ်လစီယမ်ထက် ၊ Calciumအားဆေးတွေ သောက်သုံးခြင်းက ပိုမို၍ ကျောက်ဖြစ်စေကြောင်း တွေ့ရှိထားရပါတယ်။ ဒါ့ကြောင့် မလိုအပ်ဘဲ အားဆေးတွေ မသောက်သင့်ပါဘူး

Citrateပါဝင်တဲ့ အသီးဖျော်ရည်များ ( ဥပမာ၊ ၊ သံပုရာသီး ၊ လိမ္မော်သီး ၊ ရှောက်သီး ၊ သံပုရိုသီး ၊ ဖရဲသီး ) စတဲ့ဖျော်ရည်များသောက်သုံးခြင်းဟာ ကျောက်ကပ်ကျောက်တည်နှုန်းကို လျော့ကျစေပါတယ်

ကော်ဖီသောက်သုံးခြင်းကလည်း ကျောက်တည်ဖို့အခွင့်အလမ်းနည်းစေကြောင်း တွေ့ရှိထားရပါတယ်

(၈) သောက်ဆေးနဲ့ရော ကျောက်မဖြစ်အောင် ကာကွယ်လို့ရပါသလား ?

ခွဲစိတ်ကုသပြီး ရရှိလာတဲ့ကျောက်ကို ဓါတ်ခွဲကြည့်တဲ့အခါ ၊ သင့်ရဲ့ကျောက်ဟာ...

🔹Calcium Stoneဖြစ်နေမယ်ဆိုရင် ဆရာဝန်က သင့်ကို Thiazideအမျိုးအစားဆီးဆေး (သို့) phosphateပါဝင်သော ဆေးတစ်မျိုးမျိုးညွှန်ကြားပါလိမ့်မယ်

🔹Uric Acid Stoneဖြစ်နေမယ်ဆိုရင်တော့ allopurinolလိုဆေးမျိုးကို ညွှန်ကြားပါလိမ့်မယ်

🔹Struvite Stoneဆိုရင်တော့ သင့်ရဲ့ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားပိုးမွှားတွေကင်းစင်နေအောင် ပိုးသတ်ဆေးတစ်မျိုးမျိုး သောက်ရမှာပါ

🔹Cystine Stoneအတွက်ဆိုရင် သင့်ဆီးထဲမှာရှိတဲ့ cystineဓါတ် ပျော်ဝင်နှုန်းနည်းစေမယ့် ဆေးတစ်မျိုးမျိုး ညွှန်ကြားပါလိမ့်မယ်

***အထက်မှာပြောခဲ့တဲ့ဆေးတွေဟာ မိမိရဲ့ကျောက်ကို စနစ်တကျ လေ့လာစမ်းသပ်ပြီးမှ ဆရာဝန်က ညွှန်ကြားရတာမို့ ၊ မိမိသဘောဖြင့် မသောက်ရပါ***

ဒီလောက်ဆိုရင်တော့ ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ပတ်သတ်ပြီး ကျန်းမာရေးဗဟုသုတအချို့ ရရှိမယ်လို့ မျှော်လင့်ပါတယ်

ပြည်သူများ ကျောက်ကပ်ကျောက်တည်ခြင်းမှကင်းဝေးကြပါစေ....

Credits: References from Mayo and Cleveland Clinic website

ကျောက်ကပ်အထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာမိသားစု

❤️ NUG, MOH...တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )


#တယ်လီကျန်းမာ
#ကျောက်ကပ်ကျောက်တည်ခြင်း

`နို့တိုက်မိခင်တို့ ရှောင်ကြဉ်သင့်သည့် ဆေးဝါးများ´🤰🤰🤰🤱🤱🤱🤱🤱👉 *povidone iodine* (ဆေးဝါရည်၊ အနာကျက်ဆေးရည်)- အနာထည့်ပိုးသတ်ဆ...
06/12/2021

`နို့တိုက်မိခင်တို့ ရှောင်ကြဉ်သင့်သည့် ဆေးဝါးများ´🤰🤰🤰🤱🤱🤱🤱🤱

👉 *povidone iodine* (ဆေးဝါရည်၊ အနာကျက်ဆေးရည်)
- အနာထည့်ပိုးသတ်ဆေးရည်
- ကလေး လည်ပင်းကြိတ်ဟော်မုန်း ထုတ်လုပ်မှုနည်းနိုင် (Hypothyroidism)

👉 *chlorphenamine/ Burmeton*
(ဘာမီတွန်)
- နှာစေး၊ ဓာတ်မတည့်မှုပျောက်ဆေး
- နို့ရည်ထွက်ခြင်းကို တားဆီးတတ်၍ ဖြစ်နိုင်လျှင် ရှောင်ကြဉ်သင့်

👉 ပဋိသန္ဓေတားဆေးများ
ethinylestradiol + levonorgestrel
ethinylestradiol + norethisterone
ethinylestradiol
- နို့ထွက်ခြင်းကို တားမြစ်စေတတ်

ပဋိဇီဝ ပိုးသတ်ဆေး
👉 *chloramphenicol*
- နို့စို့ကလေး၏ သွေးနီဥများပျက်စီးပြီး အသားဝါတတ်

👉 *doxycycline*
- နို့စို့ကလေး၏ သွားများ ဝါတတ်

👉 *ciprofloxacin*
- နို့တိုက်မိခင် မသောက်သုံးသင့်

👉 *metronidazole*
- ကလေးကို ကင်ဆာဖြစ်စေနိုင်တဲ့ သတ္တိရှိ၊
- မဖြစ်မနေ သောက်သုံးရန်လိုပါက ဆေးမသောက်မီ ကလေးအတွက်နို့ရည်ကြိုညှစ်ထားပြီး အချဉ်မပေါက်အောင် သတိထားသိမ်းဆည်းပြီးမှ ဆေးသောက်ရန်။
- ဆေးသောက်မိပါက ၁၂ နာရီအထိ နို့မတိုက်သင့်၊

👉 clindamycin
- ကလေးဝမ်းပျက်တတ်၊ သွေးဝမ်းသွားတတ်

👉 mefloquine
- နို့တိုက်မိခင် မသောက်သုံးသင့်၊

👉 *tamoxifen
- နို့တိုက်မိခင် မသောက်သုံးသင့်၊

👉 *atenolol *
- သွေးဖိအားကျဆေး
- ကလေး၏ သွေးခုန်နှုန်းနှေးခြင်း၊ သွေးဖိအား(သွေးပေါင်)ကျခြင်း၊ ပြာနှမ်းခြင်းကိုဖြစ်စေတတ်

👉 levodopa + carbidopa
- နို့ထွက်ခြင်းကိုတားမြစ်တတ်

👉 *furosemide*,
👉 *Hydrochlorothiazide*
- ဆီးဆေး
- နို့ထွက်ခြင်းကိုတားမြစ်တတ်

👉 *cimetidine
- အစာအိမ်အက်ဆစ်ဟန့်တားဆေး
- ဖြစ်နိုင်လျှင်ရှောင်ကြဉ်သင့်

👉 *metoclopramide
- ပျို့အန်မှုပျောက်ဆေး
- နို့ထွက်ခြင်းကိုအားပေးသော်လည်း တိရစ္ဆာန်များတွင်လေ့လာမှအရ သားပေါက်များတွင် အာရုံကြောထိခိုက်မှုများဖြစ်နိုင်သည်ဟု တွေ့ရှိခြင်းကြောင့် ရှောင်ကြဉ်သင့်။

👉 Cytotoxic (ဆဲလ်အဆိပ်သင့်စေသောဆေးများ)
calcium folinate ဆေးမှလွဲ၍ ကျန်သော Cytotoxic ဆေးများကိုရှောင်ကြဉ်သင့်
👉 asparaginase ❏ Avoid breastfeeding
👉 bleomycin ❏ Avoid breastfeeding
👉 chlorambucil ❏ Avoid if possible
👉 chlormethine ❏ Avoid breastfeeding
👉 cisplatin ❏ Avoid breastfeeding
👉 cyclophosphamide ❏ Avoid breastfeeding
👉 cytarabine ❏ Avoid breastfeeding
👉 dacarbazine ❏ Avoid breastfeeding
👉 dactinomycin ❏ Avoid breastfeeding
👉 daunorubicin ❏ Avoid breastfeeding
👉 doxorubicin ❏ Avoid breastfeeding
👉 etoposide ❏ Avoid breastfeeding
👉 fluorouracil ❏ Avoid breastfeeding
👉 levamisole ❏ Avoid breastfeeding
👉 mercaptopurine ❏ Avoid breastfeeding
👉 methotrexate ❏ Avoid breastfeeding
👉 procarbazine ❏ Avoid breastfeeding
👉 vinblastine ❏ Avoid breastfeeding
👉 vincristine ❏ Avoid breastfeeding

👉 သွေးလေးဘက်နာဆေးများ(DMARDs)
- Azithioprine
- cyclophosphamide
- methotrexate
- sulfasalazine
- နို့တိုက်မိခင် မသောက်သုံးသင့်

👉 dimercaprol
❏ Avoid if possible, especially if the infant is premature or less than 1 month old. Monitor infant for side-effects
(haemolysis and jaundice).
*Avoid in G-6-PD deficient infants*
- နို့စို့ကလေး၏ သွေးနီဥများပျက်စီးပြီး အသားဝါတတ်

👉 methylthioninium chloride
(methylene blue)
❏ Avoid if possible, especially if the infant is premature or less than 1 month old. Monitor infant for side-effects
(haemolysis and jaundice)
- နို့စို့ကလေး၏ သွေးနီဥများပျက်စီးပြီး အသားဝါတတ်

👉 ethosuximide
❏ Avoid if possible.Monitor infant for side-effects
(drowsiness, poor suckling and poor weight gain)
- အိပ်ငိုက်ခြင်း၊ နို့စို့နည်းခြင်း၊ ကိုယ်အလေးချိန်မတက်လွယ်ခြင်း

👉 nalidixic acid
❏ Avoid if possible, especially if the infant is premature or
less than 1 month old. Monitor the infant for side-effects (haemolysis and jaundice).
*Avoid in G-6-PD deficient infant*
- နို့စို့ကလေး၏ သွေးနီဥများပျက်စီးပြီး အသားဝါတတ်

👉 sulfadiazine
❏ Avoid if possible, especially if the infant is premature or less than 1 month old. Monitor the infant for side-effects
(bloody diarrhea, haemolysis and jaundice).
*Avoid in G-6-PD deficient infants*
- နို့စို့ကလေး၏ သွေးနီဥများပျက်စီးပြီး အသားဝါတတ်
- သွေးဝမ်းသွားတတ်

👉 ergotamine
Avoid if possible. Monitor the infant for side-effects (ergotism)
- Ergot အဆိပ်သင့်စေတတ်
- ခေါင်းကိုက်၊ အန်၊ ဝမ်းလျှော၊ လက်ချောင်း/ခြေချောင်း ပုပ်ဆွေးနာဖြစ်တတ်

👉 azathioprine ❏ Avoid breastfeeding
- နို့တိုက်မိခင် မသောက်သုံးသင့်

👉 ciclosporin ❏ Avoid breastfeeding
- နို့တိုက်မိခင် မသောက်သုံးသင့်

Ophthalmic drugs (မျက်စိကုသမှုဆိုင်ရာဆေးဝါး)
👉 fluorescein
❏ Avoid if possible when the infant is premature or less than 1 month old, especially when undergoing phototherapy
- နို့တိုက်မိခင် မသောက်သုံးသင့်

👉 amiloride
❏ Avoid if possible. May inhibit lactation
- နို့ထွက်ခြင်းကို တားမြစ်စေတတ်

👉 testosterone (C)
- ကျားဟော်မုန်းဆေး
❏ Avoid breastfeeding
- နို့တိုက်မိခင် မသောက်သုံးသင့်

👉 clomifene
- သားဥကြွေဆေး
❏ Avoid (unlikely to be needed)
- နို့တိုက်မိခင် မသောက်သုံးသင့်

👉 potassium iodide
❏ Avoid, if possible. Monitor the infant for side-effects (hypothyroidism)
- ကလေး လည်ပင်းကြိတ်ဟော်မုန်း ထုတ်လုပ်မှုနည်းနိုင်

👉 neostigmine
❏ Avoid if possible in combination with atropine. Theoretically side-effects may occur
- နို့တိုက်မိခင် မသောက်သုံးသင့်

Drugs used in psychotic disorders
စိတ်ရောဂါကုသမှုဆိုင်ရာ ဆေးဝါးများ
👉 chlorpromazine
❏ Avoid if possible. Monitor the infant for drowsiness
- နို့တိုက်မိခင် မသောက်သုံးသင့်
- ကလေးငယ် အိပ်ငိုက်နိုင်

👉 fluphenazine
❏ Avoid if possible. Monitor the infant for drowsiness
- နို့တိုက်မိခင် မသောက်သုံးသင့်
- ကလေးငယ် အိပ်ငိုက်နိုင်

👉 haloperidol
❏ Avoid if possible. Monitor the infant for drowsiness
- နို့တိုက်မိခင် မသောက်သုံးသင့်
- ကလေးငယ် အိပ်ငိုက်နိုင်

👉 lithium carbonate
❏ Avoid if possible. Monitor the infant for side-effects (restlessness or weakness). Monitor lithium levels in mother’s blood
- နို့တိုက်မိခင် မသောက်သုံးသင့်
- ကလေးငယ် ကဏှာမငြိမ်၊ အားပျော့တတ်
Crd
Ref: WHO

20/10/2021
01/10/2021

Address

Na/47 , Thapyaykone Market
Naypyidaw

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Website

Alerts

Be the first to know and let us send you an email when စွမ်းရည်ထက် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram