The Nutri Guide - Naypyitaw

The Nutri Guide - Naypyitaw Nutrition products, supplements and meals.

Nutritionist Dr ဖွင့်တဲ့ Weight ချ သင်တန်းလေးလာပါပြီ # Weight Loss Program  # Nutritionist Doctor  #နေပြည်တော်  and obes...
25/11/2025

Nutritionist Dr ဖွင့်တဲ့ Weight ချ သင်တန်းလေးလာပါပြီ
# Weight Loss Program
# Nutritionist Doctor
#နေပြည်တော်
and obesity Treatment
#အဝလွန် ၊ဝိတ်ချနည်း
#အစာအာဟာရ မှန်ကန်စွာ စားခြင်းနှင့် ဝိတ်ချခြင်း

Myanmar FDA အစားအသောက်များတွင် ******Formalin သုံးစွဲခြင်းအား “အမျိုးသား အစားအသောက်ဥပဒေအရ အရေးယူခြင်း အသိပေးကြေငြာချက်ကိ...
23/10/2025

Myanmar FDA
အစားအသောက်များတွင် ******Formalin သုံးစွဲခြင်းအား “အမျိုးသား အစားအသောက်ဥပဒေအရ အရေးယူခြင်း အသိပေးကြေငြာချက်ကို “အများသိရှိစေရန် မျှဝေပါသည်။

*****သက်သတ်လွတ် စားနေသူများ နှင့် ပဲသွေးကြိုက်သူများ သတိထားမိစေချင်တာလေး*****ပဲသွေးဟာ ၁၀၀% ပဲက ပြုလုပ်တာရှိနိုင်သလို အမျ...
18/10/2025

*****သက်သတ်လွတ် စားနေသူများ နှင့် ပဲသွေးကြိုက်သူများ သတိထားမိစေချင်တာလေး

*****ပဲသွေးဟာ ၁၀၀% ပဲက ပြုလုပ်တာရှိနိုင်သလို
အများစုက အမဲသွေး ဆိတ်သွေး ရောတာတွေ့ရပြီး ၁၀၀% အမဲသွေး ဆိတ်သွေးတွေနဲ့ပြုလုပ်ပြီး
ပဲပါဝင်မူ% ၀% နေနဲ့လဲတွေ့ရတတ်ပါတယ်

🔺🔺🔺🔺🔺
ထပ်ပိုဆိုးတဲ့ အချက်ကတော့🔺🔺🔺🔺🔺
ကြာရှည်ခံအောင် ******Formalin စိမ်ရောင်းချကြတာပါပဲ။ Formalin ဟာ အစားအသောက်အတွက် ခွင့်မပြုဓာတုပစ္စည်းဖြစ်ပါတယ်
ဒါကြောင့် သေသေချာချာဂရုပြုစဉ်းစားပြီးမှ စားကြပါလို့ အကြံပြုပေးလိုပါတယ်
Formalin ရဲ့ ကျန်းမာရေး အန္တာရာယ်များအကြောင်းနောက်post မှာ တင်ပေးပါမယ်

# ပဲသွေး

food
Guide

ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယ တွင် အားလုံး ဘေးကင်းငြိမ်းချမ်းသာယာကြပါစေကြောင်း Nutriguide မှ ဆုတောင်းမေတ္တာပို့သလိုက်ပါ...
06/10/2025

ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယ တွင် အားလုံး ဘေးကင်းငြိမ်းချမ်းသာယာကြပါစေကြောင်း Nutriguide မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ။
Credit to Original Photo

Cancer  လူနာများကို Emotional  Support ပေးခြင်းဖြင့် ဂရုစိုက်စောင့်ရှောက်ပါ   nutrition
01/10/2025

Cancer လူနာများကို Emotional Support ပေးခြင်းဖြင့် ဂရုစိုက်စောင့်ရှောက်ပါ


nutrition

 #သွေးတိုးရောဂါ အကြောင်းသိကောင်းစရာ # တနေ့တာ ဆားပမာဏ  modification  # The Nutri Guide
24/01/2025

#သွေးတိုးရောဂါ အကြောင်းသိကောင်းစရာ
# တနေ့တာ ဆားပမာဏ
modification
# The Nutri Guide

Happy New Year to all
01/01/2025

Happy New Year to all

Hello!!! ဒီနေ့ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ အမျှင်ဓာတ်ကြွယ်ဝစေမယ့် အသီးအနှံအကြောင်းလေးပဲ ဖြစ်ပါတယ်....အမျှင်ဓာတ်သည်...
12/11/2024

Hello!!! ဒီနေ့ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ အမျှင်ဓာတ်ကြွယ်ဝစေမယ့် အသီးအနှံအကြောင်းလေးပဲ ဖြစ်ပါတယ်....

အမျှင်ဓာတ်သည် လူ့ခန္ဓာကိုယ်အတွက် အရေးကြီးသော အာဟာရဓာတ်တစ်မျိုးဟု ဆိုလျှင် မမှားနိုင်ပါ။ အမျှင်ဓာတ်သည် အစာအိမ်အူလမ်းကြောင်းကို အကျိုးပြုခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေနိုင်သောကြောင့် အမျှင်ဓာတ်ကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။

အမျှင်ဓာတ်ဟာ ကိုယ်အလေးချိန် ကျစေခြင်း၊ ကိုလက်စထရောနှင့် သွေးတွင်းသကြားဓာတ်ကို ကျစေခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ချေများကို လျှော့ချပေးခြင်း၊ ဆီးချိုကို ကာကွယ်ပေးခြင်း၊ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေခြင်း နှင့် အစာအိမ်အူလမ်းကြောင်းမှ အကျိုးပြုသော ဘက်တီးရီးယားများကို အားပေးခြင်း စသည့် အကျိုးများကို ရရှိစေပါတယ်။

အမျှင်ဓာတ်သည် ကာဗွန်ဟိုက်ဒရိတ် အမျိုးအစားတစ်မျိုး ဖြစ်ပြီး အဓိက ပုံစံ (၃) မျိုး ရှိပါတယ်။ ပျော်ဝင်နိုင်သော အမျိုးအစား၊ မပျော်ဝင်နိုင်သော အမျိုးအစားနဲ့ အချဉ်ဖောက်ထားသော အမျိုးအစားတို့ ဖြစ်ပါတယ်။
🔸ရေတွင်ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်သည် အစာချေဖျက်နှုန်းကို လျော့ကျစေပါတယ်။ ကိုလက်စထရောနှင့် သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေပါတယ်။
🔸ရေတွင် မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်သည် အစာဟောင်းများကို စုဝေးစေပြီး မြန်ဆန်စွာ ရွေ့လျားနိုင်အောင် ကူညီပေးပါတယ်။ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
🔸အချဉ်ပေါက်တဲ့ အမျှင်ဓာတ်များသည် အထက်ပါ အမျိုးအစားနှစ်ခုလုံးက ဖြစ်ပြီး အူမကြီးထဲက အကျိုးပြုဘက်တီးရီးယား ပမာဏကို မြင့်တက်စေပါတယ်။

အမျှင်ဓာတ်ကြွယ်ဝစေသော အစားအစာများမှာ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ သစ်တော်သီး၊ ကိုက်လန်ရွက်၊ ကီဝီသီး၊ အာလူး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ သရက်သီး၊ မုန်လာဥ၊ ပင်မှည့်သီး၊ မာလကာသီး၊ ပဲစိမ်းစေ့၊ ပန်းဂေါ်ဖီ၊ ရက်စ်ဘယ်ရီသီး၊ သရက်သီး စသည်တို့ ဖြစ်ပါ‌တယ်...

အမျှင်ဓာတ်များလွန်းရင်လည်း ပြသနာတစ်ချို့ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် တစ်ရက်ကို အမျှင်ဓာတ် 70 g ကျော် စားမိပါက လေပွခြင်း၊ ဗိုက်ကယ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။

အစာအိမ်အူလမ်းကြောင်းရောဂါမရှိဘဲ အထက်ပါ လက္ခဏာရပ်များ ပေါ်ပေါက်လာလျှင် အမျှင်ဓာတ်စားသုံးမှုကို လျှော့ချသင့်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် စားသုံးမှု များလွန်းလျှင် အရေးကြီးတဲ့ သတ္တုဓာတ်များဖြစ်သည့် ကယ်လ်တီယမ်၊ သံဓာတ်၊ ဇင့် စတဲ့ သတ္တုဓာတ်များကို စုပ်ယူမှု နည်းသွားစေပါတယ်။

နောက်ပို့စ်တွေမှာလည်း ဒီလို အစာအာဟာရဆိုင်ရာ ဗဟုသုတတွေကို ဝေမျှပေးသွားမှာဖြစ်လို့ Like & Follow လုပ်ထားနိုင်ပါတယ်ရှင်...

မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊ Pancreas (ခေါ်) မုန့်ချိုအိတ်သည် ကောင်းမွန်စွာ အလုပ်မလုပ်တော့လျှင်သော်လည်းကောင်း၊ အချ...
08/11/2024

မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊ Pancreas (ခေါ်) မုန့်ချိုအိတ်သည် ကောင်းမွန်စွာ အလုပ်မလုပ်တော့လျှင်သော်လည်းကောင်း၊ အချိုကဲသော အစားအသောက်များ အလွန်အကျွံ စားသုံးမိခြင်းကြောင့်လည်းကောင်း ဆီးချို၊ သွေးချို ရောဂါဖြစ်နိုင်ပါတယ်....

ဆီးချို ၊ သွေးချို ရောဂါကို ရှောင်ရှားရန်အတွက် ဆောင်ရန် ရှောင်ရန်များကို The Nutri Guide ကနေ မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်.....❗️❗️❗️

➡️ဆီးချိုရောဂါဖြစ်လျှင် ဖြစ်ပေါ်လေ့ရှိသော လက္ခဏာများမှာ
(၁) နှလုံးနှင့် သွေးတိုး ရောဂါ ဖြစ်ခြင်း
(၂) လေဖြတ်ခြင်း
(၃) အာရုံကြောများ ထိခိုက်ခြင်းကြောင့် ခြေပုပ်-လက်ပုပ် ရောဂါများဖြစ်ခြင်း၊
(၄) မျက်စိကွယ်ခြင်း
(၅) ကျောက်ကပ်ပျက်စီးခြင်း
(၆) အသက်သေဆုံးခြင်းများ အထိ ဖြစ်နိုင်ပါတယ်....

➡️ဆီးချိုရောဂါကို ကာကွယ်နိုင်ရန် အရက်အမျိုးမျိုးနှင့် ဘီယာသောက်ခြင်းများကို မပြုလုပ်ရပါ။ အချိုမှုန့်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ စားအုန်းဆီနှင့် တိရစ္ဆာန်မှ ရသော အဆီများကို ရှောင်ကျဉ်ပါ။ ထန်းလျက်၊ ပျားရည်၊ ဂလူးကို့စ်၊ သကြား၊ ကြံသကာများနှင့် ၎င်းတို့ဖြင့် ပြုလုပ်ထားသော မြန်မာမုန့်များ၊ ရေခဲမုန့်၊ ဂျယ်လီ၊ သကြားလုံးနှင့် ချောကလက်များကို လုံးဝရှောင်ကြဉ်ရပါမည်။

ကျောက်ကပ်ပျက်စီးမှုကို သိနိုင်ရန် ကျောက်ကပ်အဆိပ်ဓာတ် တက်မတက်ကို စစ်ဆေးသင့်သည်။ သို့မှသာ နောက်ဆက်တွဲရောဂါများ မဝင်နိုင်အောင် ကာကွယ်နိုင်မည် ဖြစ်ပါသည်။ မိမိဘဝတွင် အသက်ရှင် နေထိုင်ရန် အကြောင်းအရင်း ရှိသူများသည် သေချာစွာ လိုက်နာ သင်ကြားကြဖို့ အကြုံပြုအပ်ပါတယ်ရှင်....

နောက်ပို့စ်တွေမှာလည်း ဒီလို အစာအာဟာရဆိုင်ရာ ဗဟုသုတတွေကို ဝေမျှပေးသွားမှာဖြစ်လို့ Like & Follow လုပ်ထားနိုင်ပါတယ်ရှင်..


ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေထဲက Vitamin B3 အကြောင်းကို The Nutri Guide ကနေ မျှဝေပေးသွားပါမယ်ရှင့်...Vitam...
06/11/2024

ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေထဲက Vitamin B3 အကြောင်းကို The Nutri Guide ကနေ မျှဝေပေးသွားပါမယ်ရှင့်...

Vitamin B3 ကို Niacin လို့လည်း ခေါ်ဆိုကြပါတယ်... Vitamin B3 ကို ထိုဓာတ်ချို့တဲ့ခြင်းကို ကာကွယ်ရန်နှင့် ကုသရန် သောက်သုံးကြပါတယ်....
နေ့စဉ် မိမိတို့ စားသောက်‌နေတဲ့ အစားအစာများတွင်လည်း Vitamin B3 ဓာတ်ကို ရရှိနိုင်ပါတယ်....

Vitamin B 3 ကြွယ်ဝတဲ့အစားအစာတွေကတော့...

တူနာငါး၊ အသည်း၊ ကြက်သား၊ ကြက်ဆင်သား၊ ဆယ်လ်မွန်ငါး၊ ဝက်သား၊ အမဲသား၊ မြေပဲ၊ ထောပတ်သီး၊ Brown Rice ၊ ဂျုံ၊ မှို ၊ ပဲ၊ အာလူး တို့မှာ Vitamin B 3 များစွာပါဝင်ပါတယ်..

ဗီတာမင်ဘီ ၃ (Niacin) Tablet ကို သောက်သုံးတော့မည် ဆိုလျှင် မသောက်သုံးမီ အောက်ပါအချက်များကို သတိပြုရပါမယ်...
မိမိတွင်ကိုယ်ဝန်ရှိလျှင် သို့မဟုတ် နို့တိုက်သောမိခင်ဖြစ်လျှင်
သင်သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ) ရှိလျှင်
မိမိတွင်ဓါတ်မတည့်ခြင်းများရှိလျှင်
အခြားရောဂါများရှိလျှင် ဆရာဝန်နှင့် ပြသ၍ သေချာဆွေးနေွးတိုင်ပင်ပြီးမှ သာ မှီဝဲ သောက်သုံးသင့်ပါတယ်ရှင်....

နောက်ပို့စ်တွေမှာလည်း ဒီလို အစာအာဟာရဆိုင်ရာ ဗဟုသုတတွေကို ဝေမျှပေးသွားမှာဖြစ်လို့ Like & Follow လုပ်ထားနိုင်ပါတယ်ရှင်...

အရေပြားရောဂါ တစ်မျိုးဖြစ်သော Pellagra ရောဂါ အကြောင်းကလေး၊ လူကြီး မရွေး အဖြစ်များကြတဲ့ ဗီတာမင် B 3 or Niacin ဓာတ်ချို့တဲ့...
05/11/2024

အရေပြားရောဂါ တစ်မျိုးဖြစ်သော Pellagra ရောဂါ အကြောင်း

ကလေး၊ လူကြီး မရွေး အဖြစ်များကြတဲ့ ဗီတာမင် B 3 or Niacin ဓာတ်ချို့တဲ့လျှင် ဖြစ်ပွားတတ်သော Pellagra ရောဂါအကြောင်းကို The Nutri Guide ကနေ ပြောပြပေးသွားပါမယ်ရှင်...

ဗီတာမင် B3 ချို့တဲ့လျှင် Pellagra ဟုခေါ်သော သေစေနိုင်လောက်တဲ့ ရောဂါ ဖြစ်ပွားတတ်ပါတယ်...

ထိုရောဂါ ဖြစ်လျှင် ဖြစ်လေ့ရှိသော လက္ခဏာများမှာ
1.အရေပြား ရောဂါတမျိုးမျိုးဖြစ်ခြင်း၊
2.ဝမ်းပျက်၊ ဝမ်းလျှောခြင်း၊
3.မေ့လျော့တတ်လာခြင်း (သို့မဟုတ်) သူငယ်ပြန်လာခြင်း စသည့် လက္ခဏာရပ်များ ဦးစွာ ပေါ်ထွက်လာလေ့ရှိပါတယ်..

Pellagra ရောဂါကို မကုသပဲနေရင် သေစေနိုင်ပါတယ်...

Pellagra ရောဂါ‌တွင် အမျိုးအစား ၂ခု ရှိပါတယ်။

Primary Pellagra - နေ့စဥ်စားနေသော အစားအသောက်များတွင် Vit‌amin B3 နဲ့ B6 များ လျော့နည်းလျှင် Primary pellagra ဖြစ်ပွားတတ်ပါတယ်....

Secondary Pellagra - ခန္ဓာကိုယ်သည် လိုအပ်သော Vitamin B3 ကို ကောင်းမွန်စွာ မစုပ်နိုင်တော့လျှင် secondary pellagra ဟု ခေါ်သော ရောဂါ အမျိုးအစား ဖြစ်တတ်ပါတယ်။

အထက်ပါ ရောဂါကို ဖြစ်ပွားလေ့ရှိသူများမှာ
1.အရက် အများအပြားသောက်သူ
2.အူလမ်းကြောင်းတွင် ရောဂါရှိသူ
3.အသည်းခြောက်လူနာ
4.ကင်ဆာ အလုံးအကြိတ်ရှိသူ
5.အတက်ရောဂါဆေးသောက်နေရသူ
6.Immunosupressive သောက်နေရသူ များတွင် ရောဂါ ဖြစ်ပေါ်နှုန်း ပိုမိုများပြားသည်ကို တွေ့ရပါတယ်...

ရောဂါ ဖြစ်သည်ကို သိရှိနိုင်မည့် လက္ခဏာများမှာ-
1.မျက်နှာ၊ နှုတ်ခမ်း၊ လက် ၊ ခြေထောက်၊ နှင့်လည်ပင်း ရှိ အရေပြားများ အရောင်ပြောင်းခြင်း၊(အနီ သို့ အညို ဖြစ်လာခြင်း)၊
2.ထိုနေရာမျာ ကြမ်းလာ၊ ထူလာခြင်း၊ 3.ကြာလာလျှင် တချို့နေရာများ ကွာကျလာခြင်း၊
4.ခေါင်းကိုက်လာခြင်း၊
5.စိတ်ဓာတ်ကျလာခြင်း၊
6.အလုံးစုံမေ့လျော့လာခြင်း
7.လက်၊ ခြေများ တုန်ရီလာခြင်း၊ ထုံကျင်ခြင်း စသည့် လက္ခဏာရပ်များ ဖြစ်ပေါ်လာနိုင်ပါတယ်...

ထို့‌ကြောင့် ထိုရောဂါကို ရှောင်ရှားနိုင်အောင် Vitamin B 3 ကြွယ်ဝတဲ့အစားအစာတွေ နေ့စဥ်မှန်မှန်စားပေးဖို့ လိုအပ်ပါတယ်...

ပုံမှန်အားဖြင့် B3 ဓာတ်ချို့တဲ့သူများသည် လူဦးရေ၏ 1% လောက်သာ တွေ့ရတတ်ပါတယ်...
ထို 1% အနက် အရက်သောက်သူအများစု အဖြစ်များသည်ကို တွေ့ရပါတယ်...

နောက်ပို့စ်တွေမှာလည်း ဒီလို အစာအာဟာရဆိုင်ရာ ဗဟုသုတတွေကို ဝေမျှပေးသွားမှာဖြစ်လို့ Like & Follow လုပ်ထားနိုင်ပါတယ်ရှင်....



 #သွေးတိုးရောဂါရှိသူများတစ်နေ့တာအိမ်သုံးဆားသုံးရမည့်ပမာဏ  content in table saltpage - The Nutri Guide Nay Pyi T...
24/09/2024

#သွေးတိုးရောဂါရှိသူများတစ်နေ့တာအိမ်သုံးဆားသုံးရမည့်ပမာဏ
content in table salt
page - The Nutri Guide Nay Pyi Taw
Viber 09 43008853
သွေးတိုးရောဂါရှိသူများ သွေးပေါင်ချိန်ပုံမှန်
ထိန်းသိမ်းနိုင်ရန်အာဟာရအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address

No 286, Kan Hla Kwat Thit, Pobbathiri
Naypyidaw
15014

Website

Alerts

Be the first to know and let us send you an email when The Nutri Guide - Naypyitaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category