Dr. Tun Myat Win

Dr. Tun Myat Win ကျန်းမာရေးအတိုင်ပင်ခံလုပ်ငန်းဖြစ်?

တစ်ခါက၊ ကိုမိုးသည် ညဘက် ခြေထောက် ကြွက်တက်တဲ့ ဝေဒနာကို ခံစားနေရတယ် မကြာခဏဖြစ်တယ်။ ကြွက်တက်တာ အလွန်ပြင်းထန်တဲ့အတွက် ညဉ့်နက...
19/01/2023

တစ်ခါက၊ ကိုမိုးသည် ညဘက် ခြေထောက် ကြွက်တက်တဲ့ ဝေဒနာကို ခံစားနေရတယ် မကြာခဏဖြစ်တယ်။ ကြွက်တက်တာ အလွန်ပြင်းထန်တဲ့အတွက် ညဉ့်နက်သန်းခေါင်တွင် နိုးလာပြီး ကြွက်တတ်လို့ ခြေသလုံးကြွက်သားတွေအလွန်နာကျင်တာကို ခံစားရတယ်။ ခြေထောက်တွေကို ဆန့်ထုတ်ခြင်းကနေ နှိပ်နယ်ခြင်းအထိ နည်းလမ်းအားလုံးကို ကြိုးစားခဲ့ပေမယ့် ဘာမှ အလုပ်ဖြစ်ပုံမပေါ်ပါဘူး။

တစ်နေ့တွင်၊ ကိုမိုးသည် ဆေးခန်းကို သွားပြီး ဆရာဝန်ကို သွားပြတယ်။ ကြွက်တက်နေခြင်းကို ပြောပြတယ်။ ဆရာဝန်ကပြန်ရှင်းပြတယ်။ ကြွက်သားများကျုံ့ခြင်းကြောင့်ဖြစ်ရသည့် ခြေထောက်ကြွက်တက်ခြင်းကြောင့်ဖြစ်ပြီး #ရေဓာတ်ခန်းခြောက်ခြင်း၊ #သတ္တုဓာတ်မညီမျှခြင်းနှင့် အချို့သောဆေးဘက်ဆိုင်ရာအခြေအနေများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ခြေထောက်ကြွက်တက်ခြင်းအတွက် လက်ရှိကုသနည်းများသည် ဘေးကင်းပြီး ထိရောက်ကြောင်း သက်သေပြနိုင်ခြင်းမရှိသေးကြောင်း ဆရာဝန်မှ ရှင်းပြခဲ့တယ်။ (ခြေထောက်ကို ဆန့်ထုတ်ခြင်း) နှင့် (ထိထိရောက်ရောက်နိုပ်နယ်ခြင်း) သည် ထိရောက်မှု အကန့်အသတ်ရှိသော်လည်း ကုထုံးစမ်းသပ်မှုတစ်ခုအနေနဲ့ စမ်းသပ်နိုင်တယ်။ ညအချိန်တွင် ခြေထောက်ကြွက်တက်ခြင်းအတွက် ဌက်ဖျားဆေးဖြစ်တဲ့ Quinine sulfate ကဲ့သို့သော ဆေးဝါးများကို အသုံးပြုရန်လည်း အကြံပြုထားသော်လည်း ဆေးကပေးတဲ့ဘေးထွက်ဆိုးကျိုးများကြောင့် အကြံပြုထားခြင်း မရှိတော့ပါ။ ဆရာဝန်သည် ၊ ၊ ၊ ၊ နှင့် ကဲ့သို့သော အခြားဆေးဝါးများကို အကြံပြုထားပြီး၊ အချို့သောသုတေသနများတွင် အကျိုးကျေးဇူးအချို့ရှိကြောင်း ပြသထားတယ်။ မဂ္ဂနီဆီယမ် ဖြည့်စွက်စာများသည် ကိုယ်ဝန်ဆောင်မဟုတ်သော အရွယ်ရောက်ပြီးသူများတွင်လည်ကောင်း၊ကိုယ်ဝန်ဆောင်စဉ် ခြေထောက်ကြွက်တက်ပြီးခြေထောက်အောင့်ခြင်းကို ကုသရန်အတွက် အပြုသဘောဆောင်သော ရလဒ်အချို့ကိုလည်း တွေ့ရှိခဲ့ရတယ်။

ကိုမိုးသည် ဆေးသောက်ရန် အစပိုင်းတွင် ချီတုံချတုံဖြစ်နေသော်လည်း နောက်ပိုင်းမှာတော့ ဆေးသောက်ခဲ့တယ်။ အံ့သြဖို့ကောင်းတာက ဆေးသောက်ပြီး #ခြေထောက်ကြွက်တက်ခြင်း သက်သာသွားခဲ့တယ်။ ကြွက်တက်ခြင်း အနှောင့်အယှက်မရှိဘဲ တစ်ညလုံး အိပ်နိုင်ခဲ့တယ်။ ရေဓာတ်ပြည့်ဝနေစေရန်နှင့် အစားအသောက်များတွင် သတ္တုဓာတ်များ မျှတမှုကို ထိန်းသိမ်းရန်လည်း သေချာလုပ်ဆောင်ခဲ့တယ်။ ကြွက်တက်ခြင်းကို ကာကွယ်ရန် မှန်ကန်သော ကုသမှုကို ရှာဖွေရန်နှင့် ခန္ဓာကိုယ်ကို ဂရုစိုက်ရန် ဆရာဝန်နှင့် ပုံမှန်ပြသတိုင်ပင်ရန် အရေးကြီးကြောင်း သိရှိလာခဲ့ပါတယ်။

#ဒေါက်တာထွန်းမြတ်ဝင်း ( #ဆေးဝါးပညာ )

 #ကိုယ်ဝန်တားဆေးများရဲ့အာနိသင်ကို ကျဆင်းစေတဲ့ဆေး(၅)မျိုး🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹 #ကိုယ်ဝန်တားဆေးများကို စနစ်တကျသောက်မယ်ဆိုရင် ...
16/01/2023

#ကိုယ်ဝန်တားဆေးများရဲ့အာနိသင်ကို ကျဆင်းစေတဲ့ဆေး(၅)မျိုး
🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹
#ကိုယ်ဝန်တားဆေးများကို စနစ်တကျသောက်မယ်ဆိုရင် ကလေးမရအောင် ၉၉ ရာခိုင်နှုန်း တားနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်တားဆေးတစ်မျိုးတည်းကို သောက်တာမဟုတ်ဘဲ အခြားဆေးတစ်မျိုးမျိုးနဲ့တွဲသောက်ရင် အချို့အခြားဆေးများက #ကိုယ်ဝန်တားဆေးရဲ့အာနိသင်ကို လျော့ချနိုင်စွမ်းရှိလို့ ကိုယ်ဝန်တားခြင်း မအောင်မမြင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်တားဆေးများရဲ့ အာနိသင်ကို လျော့ချတတ်တဲ့ ဆေးများအကြောင်းကို သိထားဖို့လိုပါတယ်။

ဘယ်ပိုးသတ်ဆေးများက ကိုယ်ဝန်တားဆေးများကို ထိခိုက်စေသလဲ
🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹

ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ လည်ပင်းနာခြင်း၊ နှာခေါင်းအတွင်းပိုးဝင်ခြင်း စတဲ့ရောဂါပိုးဝင်ခြင်းများကို ကုသဖို့ ပိုးသတ်ဆေး များကိုသုံးရပါတယ်။ ပိုးသတ်ဆေးအားလုံးက ကိုယ်ဝန်ဆောင်တားဆေးများရဲ့ အာနိသင်ကို လျော့ချပေးတာမဟုတ်ပေမဲ့ အချို့ကတော့ ကိုယ်ဝန်ဆောင်တားဆေးများရဲအာနိသင်ကို လျော့ချတတ်ပါတယ်။

Drugs ( #တီဘီရောဂါကုဆေးများ)
🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹

Rifampin (တီဘီရောဂါကုဆေး)
------------------------

တီဘီရောဂါကု ပိုးသတ်ဆေး ဖြစ်တယ်။ သူက ကိုယ်ဝန်ဆောင်တားဆေးများ ရဲ့ oestrogen, progestrone ပမာဏကို လျော့ချပါတယ်။ ကိုယ်ဝန်ဆောင်တားဆေးများရဲ့ အာနိသင်ကျစေပါတယ်။

Rifanbutin (တီဘီရောဂါကုဆေး)
------------------------
ခုခံအားနည်းတဲ့ ရောဂါသည်တွေမှာ ဖြစ်လေ့ရှိတဲ့ avium complex (MAC) လို့ခေါ်တဲ့ ပိုးကို သတ်နိုင်ပါတယ်။ အစာအိမ်ပိုးဖြစ်တဲ့ pylori ပိုးကိုသတ်တဲ့ ကုသမှု့မှလည်း ဆေးပါဝင်ပါတယ်။ rifampin လိုပဲ , ပမာဏကို လျော့ချပေးလို့ ကိုယ်ဝန်ဆောင်တားဆေးများ အာနိသင်ကို ကျဆင်းစေတယ်။

-seizure medications, or antiepileptics ( #အတက်ရောဂါကုဆေးများ)
🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹

အတက်ရောဂါကို ကုသဖို့ အတက်ရောဂါကု ဆေးများကို အသုံးပြုတယ်။ ဒါအပြင် ခေါင်းတခြမ်းကိုက်ခြင်း၊ အာရုံကြောရောင်ရမ်းခြင်းကိုလည်း ကုသတဲ့နေရာမှာ သုံးတယ်။ အချို့အတက်ရောဂါကုဆေးများက ကိုယ်ဝန်ဆောင်တားဆေးများရဲ့ အာနိသင်ကို ကျဆင်းစေတယ်။ ကိုယ်ဝန်ဆောင်တားဆေးများကို ထိခိုက်စေတဲ့ အတက်ရောဂါကုဆေးများကတော့

- ( , )

- ( )

- ( )

-

- (Dilantin)

- (Topamax) တို့ဖြစ်တယ်။

ကိုယ်ဝန်ဆောင်တားဆေးများကလည်း lamotrigine နဲ့ Valproic acid ဆေးများရဲ့ အာနိသင် ကိုလည်း လျော့နည်းစေတယ်

( HIV ရောဂါကုဆေးများ )
🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹

HIV ပိုးကို သတ်တဲ့ဆေးများဖြစ်တယ်။ ARV ဆေးများလို့ခေါ်ပြီး ကိုယ်ဝန်ဆောင်တားဆေးများနဲ့ ဓာတ်ပြုတယ်။ ကိုယ်ဝန်ဆောင်တားဆေးများရဲ့ အာနိသင်ကို နည်းစေတယ်။

Drugs (ဆီးချိုရောဂါကုဆေးများ)
🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹

( #ဆီးချိုထိန်းဆေး )

ဆီးချိုရောဂါမှာ သကြားဓာတ်ပမာဏကို ထိန်းဖို့သုံးတဲ့ ထိုးဆေး ဖြစ်တယ်။ အစာအိမ်က အစာခြေခြင်းကို အချိန်ကြာစေလို့ ကိုယ်ဝန်ဆောင်တားဆေးများစုပ်ယူမှု့ကို ထိခိုက်မှု့ ရှိတယ်။ ဆေးနှစ်မျိုးကို အချိန်ခြားသောက်မယ်ဆိုရင်တော့ ( အနည်းဆုံး ၁ နာရီ) ဓာတ်ပြုမှု့မရှိတာကို တွေ့ရတယ်။

-lowering medications (သွေးတွင်းအဆီချဆေးများ)
🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹🔸▪🔹

သွေးတွင်းအဆီဓာတ်ကို ချတဲ့ဆေးဖြစ်တယ်။ အဲဆေးတွေက ကိုယ်ကနေ ကိုယ်ဝန်ဆောင်တားဆေးများ စုပ်ယူမှု့ကို အနှောက်အယှက်ပြုမှု့ ရှိတယ်။ ( Welchol ), colestipol ( colestid ), (Prevalite) ဆေးများက ကိုယ်ဝန်ဆောင်တားဆေးများနဲ့ ပူးပေါင်းပြီး အူကနေကိုယ်ထဲကို စုပ်ယူမှု့ကို ဟန့်တားတယ်။ ဆေးနှစ်မျိုးတွဲမသောက်သင့်ဘူး။ သောက်ချင်တယ်ဆိုရင်တော့ ဆေးအချင်းချင်း အနည်းဆုံး ၄ နာရီခွာသောက်မယ်ဆိုရင် ဓာတ်ပြုမှု့မရှိပါဘူး။

အပေါ်က ပြောထားတဲ့ဆေးများသောက်နေတယ်ဆိုရင် ကိုယ်ဝန်တားဆေးများရဲ့အာနိသင်ကို ကျဆင်းစေနိုင်ပြီး ကိုယ်ဝန်တားခြင်းကို ကျဆင်းစေနိုင်လို့ အခြားကိုယ်ဝန်တားတဲ့နည်းလမ်းများကို စဉ်းစားထားရမှာဖြစ်ပြီး ဆရာဝန်နဲ့တိုင်ပင်ပြီး လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။ ဉပမာ သားအိမ်ထဲကို IUCD ထည့်တာမျိုးဖြစ်တယ်။

ဒါကြောင့် အဆိုပါဆေးများကို သောက်နေရတယ်ဆိုပါက ကိုယ်ဝန်တားခြင်း နည်းလမ်းမျိုးစုံကို ကြိုတင်စဉ်းစားလုပ်ဆောင်ထားသင့်ကြောင်း အကြံပြုုပါတယ်။

#ဒေါက်တာထွန်းမြတ်ဝင်း ( #ဆေးဝါးပညာ )

31/12/2022

အစာနဲ့ဆေးနဲ့တွဲဖက်မသောက်သင့်တဲ့ အချိန်တွေရှိပါတယ်။
မတွဲဖက်သင့်တဲ့အစာနဲ့ဆေးတွဲဖက်လိုက်တဲ့အခါ သာမန်ဘေးထွက်ဆိုးကျိုးကနေ
ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးအထိရှိနိုင်ပါတယ်။
အဲဒီအထဲကမှ အတွေ့ရများတဲ့ မတွဲဖက်သင့်တဲ့ ဆေးနဲ့အစာ (၃) မျိုး
အကြောင်းကို ရှင်းပြထားပါတယ်။ အသိတစ်ခုက ဘဝကို ကယ်တင်နိုင်ပါတယ်။
ဒေါက်တာထွန်းမြတ်ဝင်း(ဆေးဝါးပညာ)

29/12/2022

ဆေးတစ်ချို့ရဲ့ကြောက်စရာဘေးထွက်ဆိုးကျိုးတစ်ခု
++++++++++++++++++++++++++++++
ဆေးတစ်ချို့မှာ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတစ်ခုရှိတယ်။
အခန့်မသင့်ရင် သေသွားနိုင်တယ်။
အဲဒီဆေးတစ်ချို့အကြောင်းကို ရှင်းပြထားတယ်။ နားလည်ရှောင်ရှားနိုင်ဖို့ဖြစ်တယ်။

ဒေါက်တာထွန်းမြတ်ဝင်း

အစာနဲ့တွဲသောက်ရမယ့် ဆေး(၇)မျိုး🔸🔹🔸🔹🔸🔹🔸🔹အချို့ဆေးတွေက အစာနဲ့ တွဲသောက်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ဆေးစုပ်ယူမှု့ကို ကော...
23/12/2022

အစာနဲ့တွဲသောက်ရမယ့် ဆေး(၇)မျိုး
🔸🔹🔸🔹🔸🔹🔸🔹
အချို့ဆေးတွေက အစာနဲ့ တွဲသောက်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့
ဆေးစုပ်ယူမှု့ကို ကောင်းစေတယ်
အချို့ဆေးတွေက အစာနဲ့ တွဲသောက်မှ ဆေးကို ကိုယ်ထဲစုပ်ယူမှု့ ကောင်းစေတယ်။ အဲဒါမှ ခန္ဓာကိုယ်က ဆေးအာနိသင်ကို ကောင်းကောင်းရမှာ ဖြစ်တယ်
အစာအိမ်ကို ထိခိုက်မှု့ နည်းစေတယ်။
သွေးသွင်းသကြားဓာတ် ကျဆင်းခြင်းကို ကာကွယ်ပေးတယ်။ အထူးသဖြင့် ဆီးချိုဆေးများကို သောက်ထားတဲ့အချိန်မှာ ဖြစ်တယ်။
အစာနဲ့တွဲသောက်ရမယ့်ဆေးများကတော့ အောက်ပါအတိုင်းဖြစ်တယ်

(၁) (3အရောင်ကျဆေးများ)
🔸🔹🔸🔹🔸🔹🔸🔹
Corticosteroids များသည် ခန္ဓာကိုယ်ရောင်ရမ်းခြင်းကို ပျောက်ကင်းစေတဲ့ ဆေးများဖြစ်တယ်။ , , 3methylprenisolone တို့ဖြစ်တယ်။ Corticosteroids သောက်‌ဆေးများက အစာအိမ်ကို ထိခိုက်စေတယ်။ ဆေးတွေက အစာအိမ်ထဲကနေ အက်ဆစ်တွေထွက်အောင် လှုံဆော်ပေးလို့ ဖြစ်တယ်။ ဆေးများကို အစာနဲ့ တွဲသောက်ခြင်းအားဖြင့် အစာအိမ်ကို ထိခိုက်မှု့ နည်းစေတယ်။

(၂) ( #အကိုက်အခဲပျောက်ဆေးများ)
🔸🔹🔸🔹🔸🔹🔸🔹
NSAIDs များသည် နာကျင်ကိုက်ခဲခြင်းကို သက်သာစေတဲ့ ဆေးများဖြစ်တယ်။ အသုံးအများဆုံးဆေးများကတော့ (Advil,Motrin), (Mobic) နဲ့ (Aleve, Naprosyn) တို့ဖြစ်တယ်။ အကိုက်အခဲပျောက်ဆေးများက အစာအိမ်ကို ထိခိုက်စေတယ်။ အစာအိမ်နံရံကို ဖျက်စီးတယ်။ ဆေးကိုအစာနဲ့ တွဲသောက်တဲ့အခါမှာ အစာက ဆေးကပေးမယ့် အစာအိမ်ထိခိုက်မှု့ကို ကာကွယ်ပေးတယ်။

(၃) Some (အချို့ပိုးသတ်ဆေးများ)
🔸🔹🔸🔹🔸🔹🔸🔹
ဆရာဝန်က လူနာကို ပိုးသတ်ဆေး သောက်ဖို့ ပေးလိုက်တဲ့အခါမှာ လူနာတွေက ပြန်ပေးကြတယ်။ ဆေးကိုဘယ်လိုသောက်ရမလဲ အစာနဲ့ တွဲသောက်ရမှာလား။ အစာနဲ့ဝေးဝေးသောက်ရမှာလား။ အဖြေက ဆေးပေါ်မှာ မူတည်ပါတယ်။
အချို့ပိုးသတ်ဆေးများကိုတော့ အစာနဲ့တွဲသောက်သင့်တယ်။ အချို့ပိုးသတ်ဆေးများကိုတော့ အစာနဲ့ဝေးဝေးသောက်မှ ဆေးအာနိသင်ကို ရပါတယ်။ အစာနဲ့တွဲသောက်ရမယ့် ပိုးသတ်ဆေး များကတော့
/calvulanic acid ( augmentin )

( Macrobid,Macrodantin)
(Mycobutin)
/calvulanic acid နဲ့ rifabutin ဆေးတွေက ပျို့အန်ခြင်း၊ အစာအိမ်ထိခိုက်မှု့ကို ဖြစ်စေတယ်။ အဆိုပါ ဆေးများကို အစာနဲ့တွဲသောက်ခြင်းက အစာအိမ်ပြသာနာကို နည်းစေတယ်။
ကိုယ်ထဲကို ဆေးများများရောက်ရင် ဆေးအာနိသင်ကို ပိုရမှာဖြစ်တယ်။ ဥပမာ အစာနဲ့တွဲသောက်တဲ့အခါ Nitrofurantoin ၄၀ ရာခိုင်နှုန်း ကိုယ်ထဲကိုရောက်ပါတယ်။

(၄) (ဆီးချိုကုဆေး)
🔸🔹🔸🔹🔸🔹🔸🔹
Sulfonylureas ဆေးများသည် ဆီးချိုရောဂါ ကုသတဲ့ဆေးများဖြစ်တယ်။ ဥပမာ , , ဆေးများဖြစ်တယ်။ ထိုဆီးချိုဆေးတွေက မုန့်ချိုအိတ်ကနေ insulin ထုတ်အောင် အာပေးတယ်။ ထွက်လာတဲ့ insulin က သွေးတွင်းသကြားဓာတ်ကို ကျစေတယ်။ ဒါကြောင့် ထိုဆေးများကို အစာမရှိတဲ့အချိန်မှာ သောက်ရင် သွေးတွင်းသကြားဓာတ် အလွန်ကျဆင်းသွားတာမျိုး ဖြစ်နိုင်တယ်။ ဆေးသောက်သင့်တဲ့အချိန်ကတော့ အစာမစားမီ မိနစ် ၃၀ အလိုမှာ ဖြစ်တယ်။

(၅) -acting insulin ( အာနိသင်မြန်တဲ့ insulin ဆီးချိုကုထိုးဆေး)
🔸🔹🔸🔹🔸🔹🔸🔹
insulin က သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတယ်။ ဆီးချိုရောဂါကို ကုသတဲ့ဆေးများဖြစ်တယ်။ insulin အမျိုးမျိုးရှိတယ်။ fast acting insulin အာနိသင်မြန်တဲ့ insulin ဖြစ်တဲ့ ( insulin ( )) ဆေးကို အစာစားပြီးပြီးချင်း ထိုးရတယ်။ အစာမစားရသေးဘဲ ဆေးကို ထိုးလိုက်ရင် သွေးတွင်းသကြားဓာတ်ကို များစွာ ကျဆင်းသွားစေနိုင်တဲ့ အန္တာရာယ်ရှိတယ်။ သွေးတွင်းသကြားဓာတ် ကျဆင်းခြင်းသည် အန္တာရာယ်များတဲ့ အခြေအနေတရပ် ဖြစ်တယ်။

(၆) ( #အစာအိမ်အက်ဆစ်ဓာတ်ပြယ်ဆေး)
🔸🔹🔸🔹🔸🔹🔸🔹
Antacids များသည် အစာအိမ်အက်ဆစ်များ အစာရေမျိုပြွန်ကို ဆန်တက်လာခြင်းကြောင့် ဖြစ်တဲ့ ရင်ပူခြင်းကို သက်သာစေတယ်။ အချို့ဆေးတွေက calcium ပါပြီး အချို့ဆေးတွေက သို့မဟုတ် ပါတယ်။ အစာစားပြီးချိန်မှာ Antacids များကိုသောက်ခြင်းအားဖြင့် အစာအိမ်အက်ဆစ်များကို လျော့ပါးစေတယ်။ အစာမရှိချိန်သောက်ရင် မိနစ် ၂၀ မှ ၆၀ အထိသာ အလုပ်လုပ်ပြီး အစာစားပြီးသောက်ရင် ၂ နာရီကြာ ဆေးအာနိသင်ကို ရတယ်။

(၇) ( #ငှက်ဖျားရောဂါကုဆေး )
🔸🔹🔸🔹🔸🔹🔸🔹
cloroquine သည် ကပ်ပါးကောင် သတ်ဆေးဖြစ်တယ်။ ငှက်ဖျားရောဂါကို ကုသဖို့သုံးတယ်။ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်း၊ အစာအိမ်ရောင်ရင်းခြင်းကို ဖြစ်စေတယ်။ ဒါကြောင့် ဆေးကို အစာနဲ့တွဲသောက်ခြင်းက အစာအိမ်ထိခိုက်မှု့ကို သက်သာစေတယ်။

အစာနဲ့တွဲသောက်ပါဆိုတာ ဘာကိုဆိုလိုတာလဲ
🔸🔹🔸🔹🔸🔹🔸🔹
ဆရာဝန်က အစာနဲ့တွဲသောက်ပါ လို့မှာလိုက်တယ်ဆိုရင် ဘာကိုဆိုလိုတာလဲ။ အစာကို စားပြီးမှ သောက်ခိုင်းတာလား၊ နွားနို့နဲ့ သောက်ခိုင်းတာလား။ အဖြေအမျိုးမျိုးရှိတယ်။
အဖြေကတော့ အစာစားပြီး မိနစ် ၃၀ အတွင်းမှာ ဆေးကို သောက်ခိုင်းတာ ဖြစ်တယ်။ အစာနဲ့တွဲသောက်ရင် ဆေးကို စုပ်ယူမှု့ကောင်းပြီ ဆေးအာနိသင်ကို အပြည့်အဝရမှာ ဖြစ်တယ်။

အစာနဲ့တွဲသောက်တဲ့အခါ ရှောင်ရမယ့် အစားအစာတွေရှိသလား
🔸🔹🔸🔹🔸🔹🔸🔹
အဓိက ရှောင်ရမယ့်အစားအစာတွေကတော့ အက်ဆစ်ဓာတ်များတဲ့ အစားအစာများဖြစ်တယ်။ ဥပမာ အချိုရည်၊ ကော်ဖီ တို့ဖြစ်တယ်။ အဆီများတဲ့ ချို့တဲ့ အစပ်များတဲ့ အစားအစာ တွေကိုလည်း ရှောင်ရမှာဖြစ်တယ်။ အချို့အစားအစာတွေက ဆေးနဲ့ဓာတ်ပြုမှု့ ပြင်းထန်ပါတယ်။ ဥပမာ ငန်တဲ့ ချိုတဲ့ အစားအစာတွေက Corticosteroids ရဲ့ဘေးထွက်ဆိုးကျိုးကို ပိုဆိုးစေတယ်။ သီးကတော့ ဆေးအတော်များများနဲ့ဓာတ်ပြုမှု့ရှိလို့ လုံးဝရှောင်ကြည်ရမှာ ဖြစ်တယ်။

#ဒေါက်တာထွန်းမြတ်ဝင်း ( #ဆေးဝါးပညာ )

 #အရက်နဲ့တွဲလုံးဝတွဲမသာက်သင့်တဲ့ဆေး(၁၀)မျိုး▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ အရက်နဲ့ဆေးကိုလုံးဝတွဲမသောက်သင့်ပါဘူး။ တွဲမသောက...
08/12/2022

#အရက်နဲ့တွဲလုံးဝတွဲမသာက်သင့်တဲ့ဆေး(၁၀)မျိုး
▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️
အရက်နဲ့ဆေးကိုလုံးဝတွဲမသောက်သင့်ပါဘူး။ တွဲမသောက်သင့်တဲ့အကြောင်းတွေရှိပါတယ်။
ဆေးအာနိသင်ကို ကျဆင်းသွားစေနိုင်တယ်
ဆေးက အဆိပ်သင့်စေနိုင်တယ်
ဆေးရဲ့ ဘေးထွက်ဆိုးကျိုးပိုဆိုးလာစေတယ်
လက္ခဏာဝေဒနာအသစ်တွေ ဖြစ်လာစေနိုင်တယ်
အသက်အရွယ်နဲ့အမျှ အရက်ကကိုယ်ကို ပြောင်းလဲစေတယ်။ အသက်ကြီးလာလေ အရက်ကို ကိုယ်က ခြေဖျက်ဖို့ ခက်ခဲလေဖြစ်တယ်။ ကြာကြာချေဖျက်ရတယ်။ အရက်ကို ခံနိုင်ရည်ကျလာတယ်။ အရက်နဲ့ဆေး ဓာတ်ပြုတာပိုများလာတယ်။ အမျိုးသမီး တွေဆိုရင် အရက်ပမာဏ ပိုများတတ်တယ်။
အရက်နဲ့တွဲမသောက်သင့်တဲ့ ဆေးတွေကတော့
(၁) #အကိုက်အခဲပျောက်ဆေးများ ( )
▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️
များကို ကိုက်ခဲခြင်းကို ကုသဖို့ သုံးတယ်။ ဥပမာ /acetaminophen, တို့ဖြစ်တယ်။ အဲဆေးတွေကို အရက်နဲ့တွဲသောက်ရင် သေစေနိုင်လောက်တဲ့ မူးဝေအိပ်ငိုက်ခြင်း ဖြစ်စေတယ်။ ဒါကြောင့် အရက်ကို ပုံမှန်သောက်နေတဲ့သူတစ်ယောက် အကြောင်းတစ်ခုခုကြောင့် opoids ဆေးများကို မဖြစ်မနေ သောက်၇တော့မယ်ဆိုရင် ဆရာဝန်နဲ့ဦးစွာတိုင်ပင်ရမယ်။ လိုအပ်ရင် အခြားအကိုက်အခဲပျောက်ဆေးများကို ပေးရမယ်။
အကိုက်အခဲပျောက်ဆေးများ ( , ) , ကို သောက်ရတော့မယ်ဆိုရင် အရက်သောက်လို့မရပါဘူး။ #အရက်နဲ့တွဲသောက်ရင် #အစာအိမ်ထိခိုက်ခြင်း၊ #သွေးယိုခြင်း စတဲ့ ဝေဒနာများကို ခံစားရနိုင်ပါတယ်။ အရက်သောက်နေချိန် ကိုသောက်တယ်ဆိုရင် အသည်းကို ပျက်စီးစေနိုင်တယ်။
(၂) #စိတ်ငြိမ်ဆေးများ ( medications ) နှင့် #အိပ်ဆေးများ ( pills )
▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️
စိတ်ငြိမ်ဆေးများ၊ အိပ်ဆေးများ နဲ့ အရက်ကို တွဲသောက်တဲ့အခါမှာ ပြင်းထန်ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ပါတယ် ။ အရက်နဲ့ အဆိုပါဆေးများသည် ဦးနှောက်ပေါ်သက်ရောက်ပုံ တူညီကြတယ်။ ဒါကြောင့် တွဲသောက်တဲ့အခါမှာ အိပ်ငိုက်ခြင်း၊ အသက်ရှူနှေးခြင်း လက္ခဏာများ ကို ကြုံလာရနိုင်ပါတယ်။
စိတ်ငြိမ်ဆေးများ ကတော့
(Ativan)
(Xanax)
(Va**um)
(Klonopin) တို့ဖြစ်တယ်။
အိပ်ဆေးများ ကတော့
(Ambien)
(Lunesta)
(Sonata) တို့ဖြစ်တယ်။
(၃) #စိတ်ကျရောဂါကုဆေးများ ( ) နှင့် #စိတ်ရောဂါကုဆေးများ ( )
▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️
စိတ်ငြိမ်ဆေးများ ကို အရက်နဲ့တွဲသောက်ရင် အန္တာရာယ်ရှိတယ်။ လို စိတ်ရောဂါကုဆေးများကို အရက်နဲ့တွဲသောက်ရင် အလွန်မူးဝေခြင်း၊ သတိလစ်ခြင်းများ ဖြစ်စေတယ်။ လို စိတ်ရောဂါကုဆေးများကို အရက်နဲ့တွဲသောက်ရင် စိတ်ဓာတ်ကျခြင်းကို ပိုဆိုးစေတယ်။ အဲလိုဆေးများကို တွဲသောက်တဲ့အခါမှာ ဖြစ်လာတတ်တဲ့ ဘေးထွက်ဆိုးကျိုးများမှာ မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ သွားလာလှုပ်ရှားမှု့ပုံမှန်မဟုတ်ခြင်း၊ ပြင်းထန်နှလုံးရောဂါဖြစ်ခြင်း တို့ဖြစ်တယ်။ လို စိတ်ရောဂါကုဆေးများ ကို အရက်နဲ့မသောက်ရဘူး။ ပြင်းထန်ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။ ဆေးရဲ့အာနိသင်ကိုလည်း လျော့နည်းစေတယ်။
(၄) #အာရုံစူးစိုက်ချို့ယွင်းမှု့ ရောဂါကုဆေး ( medications (Adderall, Ritalin)
▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️
အာရုံစူးစိုက်မှု့ချို့ယွင်းတဲ့ရောဂါကို ကုသရာမှာသုံးတဲ့ဆေးဖြစ်တဲ့ salts , , ဆေးများသည် အရက်နဲ့ ဓာတ်ပြုတယ်။ ဘေးထွက်ဆိုးကျိုးရှိတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ပိုဆိုးစေတယ်။ တွဲသောက်တဲ့အခါမှာ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း၊ အာရုံစူးစိုက်မှု့အားနည်းခြင်း၊ နှလုံးရောဂါ များဖြစ်စေတယ်။
(၅) #ပိုးသတ်ဆေးများ ( , )
▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️
အချို့ပိုးသတ်ဆေးများကို အရက်နဲ့တွဲမသောက်ရပါဘူး။ ပိုးသတ်ဆေး တွေက ပျို့အန်၊ ဝမ်းလျော ဖြစ်စေတယ်။ အရက်နဲ့တွဲသောက်ရင် ဘေးထွက်ဆိုးကျိုးကို ပိုဆိုးစေတယ်။ အချို့ဆေးတွေက အန္တာရာယ်ရှိတယ်။ နှလုံးရောဂါ ၊ အသည်းရောဂါ များကို ဖြစ်စေနိုင်တယ်။ အရက်နဲ့ တွဲမသောက်သင့် တဲ့ ပိုးသတ်ဆေး အချို့မှာ


/Trimethoprim






အဲ့ပိုးသတ်ဆေးတွေထဲမှာမှ azythromycin ကို အရက်နဲ့တွဲသောက်ရင် ဘေးထွက်ဆိုးကျိုးက အခြားဆေးများနဲ့ယှဉ်ရင် ပိုနည်းတယ်။
(၆) #နလုံးအောင့်ရောဂါကုဆေးနှင့်သွေးပေါင်ထိန်းဆေး ( and pressure medications)
▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️
အရက်သောက်ရင် သွေးပေါင်ချိန်ကို တက်စေတယ်။ သွေးကျဆေးများ အလုပ်လုပ်ရ ခက်ခဲစေတယ်။ သည် နှလုံးအောင့်ရင်သက်သာစေတဲ့ အသုံးများတဲ့ဆေး ဖြစ်တယ်။ ဆေးကို အရက်နဲ့တွဲမသောက်ရပါဘူး။ အဆိုပါ နှလုံးဆေးများကို အရက်နဲ့တွဲသောက်ရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများမှာ
#ခေါင်းမူးခြင်း၊ #သတိလစ်ခြင်သလိုဖြစ်ခြင်း၊ #အိပ်ငိုက်ခြင်း၊ #နှလုံးခုန်စည်းချက်မမှန်ခြင်းတို့ဖြစ်တယ်။
(၇) #ဆီးချိုရောဂါကုဆေး ( and other diabetes medications)
▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️
ဆီးချိုရောဂါ ကုသတဲ့ဆေးတွေရှိတယ်။ အဲဒီထဲမှာ Metformin က အသုံးအများဆုံးဆေးဖြစ်တယ်။ Metformin က ကိုယ်ထဲက lactic acid ကို များစေတယ်။ ရှားရှားပါးပါး acidosis ကို ဖြစ်စေနိုင်တယ်။ အသက်အန္တာရာယ်ရှိတဲ့အခြေအနေတစ်ရပ် ဖြစ်တယ်။ ဒါကြောင့် အရက်သောက်နေချိန် Metformin ကို လုံးဝရှောင်ကြည်ရမှာ ဖြစ်တယ်။ အရက်ကို အခြားဆီးချိုဆေးများနဲ့လည်း အနည်းနဲ့အများ ဓာတ်ပြုတယ်။ အရက်က သွေးတွင်းသကြားဓာတ်ကို ကျစေတယ်။ အန္တာရာယ်ရှိတယ်။
သွေးတွင်းသကြားဓာတ်ကျဆင်းတဲ့ လက္ခဏာများကတော့
ဗိုက်ဆာလာတာ
နှလုံးခုန်နှုန်းမြန်လာတာ
တကိုယ်လုံး တုန်တုန်ရီရီဖြစ်လာတာ
စိတ်ပူပန်တာ
ချွေးထွက်တာ
ခေါင်းမူးတာ
အိပ်ငိုက်တာ
အာရုံထွေပြားတာ စတာတွေဖြစ်တတ်ပါတယ်
(၈) #သွေးကျဲဆေး ( , )
▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️
warfarin သည် #သွေးကျဲဆေး ဖြစ်တယ်။ warfarin ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုက သွေးယိုစီးတာ ဖြစ်တယ်။ အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်မှာ ဖြစ်တယ်။ အရက်နဲ့တွဲသောက်ရင် အသက်အန္တာရာယ်ရှိနိုင်လောက်တဲ့ သွေးယိုတာ ဖြစ်စေနိုင်တယ်။
(၉) #အအေးမိတုတ်ကွေးပျောက်ဆေး -the-counter cold and flu treatments ( , )
▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️
အအေးမိ၊တုတ်ကွေးရောဂါဝေဒနာများကို ကုသပေးနိုင်တဲ့ OTC ဆေးနှစ်မျိုးရှိတယ်။ နဲ့ တို့ဖြစ်တယ်။ အရက်နဲ့တွဲမသောက်ရပါ ။ အရက်နဲ့တွဲသောက်ရင် ကိုယ်တွင်း ခုခံအားစနစ်ကို ကျဆင်းစေပြီး နေပြန်ကောင်းလာဖို့ ကြန့်ကြာမှာ ဖြစ်တယ်။ Nyquil လိုဆေးများသည် အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း တို့ကို ဖြစ်စေနိုင်တယ်။ ဆေးများကို အရက်နဲ့တွဲသောက်ရင် ဘေးထွက်ဆိုးကျိုးကို ပိုဆိုးစေတယ်။ အကိုက်အခဲပျောက်ဆေးများဖြစ်တဲ့ acetaminophen , Ibuprofen (Advil,Motrin) ဆေးများမှာ လည်း ဘေးထွက်ဆိုးကျိုးရှိတယ်။ ဆေးများကို တွဲသောက်တဲ့အခါမှာ ဘေးထွက်ဆိုးကျိုးက ပိုဆိုးလာတယ်။
(၁၀) #ပန်းသေပန်းညှိုးရောဂါကုဆေး dysfunction medications ( **ra, )
▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️ ▪️▪️
အသုံးအများဆုံး #ပန်းသေပန်းညှိုးရောဂါကို ကုသတဲ့ဆေးများကတော့ ( Cialis ), Sildenafil (Vi**ra) တို့ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးတွေက
ခေါင်းကိုက်ခြင်း၊ မျက်နှာနီမြန်းခြင်း၊ အမြင်အာရုံပြောင်းလဲခြင်းတို့ ဖြစ်တယ်။ အရက်နဲ့တွဲသောက်ရင် ဘေးထွက်ဆိုးကျိုးကို ပိုပြင်းထန်စေတယ်။
ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးပညာ )

 #ဇာတ်လမ်းကစပြီ🔸🔹🔸🔹🔸🔹သူငယ်ချင်းတွေနဲ့ ပါတီအတူသွားတက်တယ်။ တွေ့သမျှအစုံစားမိတယ်။ ပြီးတော့ ပျို့အန်၊ဝမ်းလျောပြီး အစာအဆိပ်သင...
29/11/2022

#ဇာတ်လမ်းကစပြီ
🔸🔹🔸🔹🔸🔹
သူငယ်ချင်းတွေနဲ့ ပါတီအတူသွားတက်တယ်။
တွေ့သမျှအစုံစားမိတယ်။ ပြီးတော့ ပျို့အန်၊
ဝမ်းလျောပြီး အစာအဆိပ်သင့်ပြီ။ လမ်းဘေးက အစားအစာတွေကိုကြိုက်လို့စားမိတယ်။
အစားမတော်တလုပ်ဆိုတော့ အစာအဆိပ်သင့်ပြီ။
အဲတော့ ဘာလုပ်ရမလဲ။ အစာအဆိပ်သင့်ခြင်းဆိုတာ
အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်ပုံမှန်စားနေကြ အစားအစာတွေကဖြစ်နိုင်ချေအလွန်နည်းပေမဲ့ မစားဘူးတဲ့အစားအစာကိုယ်နဲ့မတည့်တဲ့အစားအစာကို သတိမေ့ပြီးစားမိတာသန့်ရှင်းမှု့ အလွန်အားနည်းတဲ့အစားအစာ၊
မတည့်တဲ့အစားများကို တွဲဖက်စားမိတာ စတဲ့အကြောင်းတွေကြောင့်အစာအဆိပ်သင့်ခြင်း ဖြစ်တတ်ပါတယ်။
အချို့က သိပ်မဆိုးပေမဲ့ အချို့က အလွန်ပြင်းထန်ပြီး သတိလစ်မေ့မျောဆေးရုံရောက်တဲ့အထိ ဖြစ်တတ်ပါတယ်။

ဒါကြောင့် အစာအဆိပ်သင့်ခြင်း မဖြစ်အောင်
သတိထားသင့်သလို ဖြစ်လာပါက ဘယ်လိုလုပ်ရမလဲ
ဆိုတာကို သိထားသင့်ပါတယ်။ အစာလိုဘဲ ဆေးများကလည်း အဆိပ်သင့်တတ်ပါတယ်။ အချို့က မိမိကိုသေကြောင်းကြံစဉ်တဲ့ အနေနဲ့ ဘာမီတွန် အလုံး ၅၀ လောက်သောက်လိုက်တာတွေ၊ အိပ်ဆေးတွေကို
အလုံး ၃၀ လောက်သောက်လိုက်တာတွေ၊ စတာတွေကိုလုပ်မိရင် နောက်ကျပါက အသက်ဆုံးရှုံးနိုင်ပါတယ်။ အချိန်မီကယ်တင်နိုင်ဖို့ လုပ်ဆောင်ရမည့် အချက်တွေရှိပါတယ်။ ဆေးရုံမှာတော့
အဆိပ်ပြယ်အောင်
ပြုလုပ်ပေးခြင်းလို့ခေါ်ပါတယ်။

#ဆေးကလည်းအဆိပ်ဖြစ်သွားနိင်တယ်
🔸🔹🔸🔹🔸🔹🔸🔹🔸🔹
ဆေးအဆိပ် ဖြစ်ခြင်းမှာ ဆေးပေးလွန်ခြင်း၊
မှားယွင်းခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ-အစာအိမ်ရောဂါ ရှိမှန်းမသိဘဲအကိုက်အခဲ ပျောက်ဆေး အစားလွန်ကာ ဗိုက်အောင့်ခြင်း၊
သွေးစထွက်ခြင်း၊ အက်စစ် အချဉ်ရည်ပါခြင်း၊
ဆိုးရွားလာပါက ဝမ်းတွင်း သွေးပါခြင်း၊ သွေးအန်ခြင်းတို့ဖြစ်နိုင်တယ်။
အဲဒီအခါ ထိရောက်တဲ့ စားဆေး ဥပမာအစာအိမ်ဆေး၊ အန်ဆေးများ ပေးသင့်တယ်။ အများအားဖြင့် အစာပိုက်မှ ဆားရည်ထည့်ဆေးခြင်း၊ မုန်ညင်းစေ့အဆီ၊ ပိုတက်စီယမ် ပါမင်ဂနိတ် အရည်၊ ဓာတ်ဆားရည်တို့ ထည့်ခြင်းဖြင့် ကုသ နိုင်တယ်။

#အစာအိမ်ဆေးကြောခြင်း
🔸🔹🔸🔹🔸🔹
အစာအိမ် ဆေးကြောတာ နှစ်ကြိမ်ရှိရင် စင်ကြယ်သွားပြီ ဖြစ်လို့ ပုံမှန် အရည် သောက်ပေးနိုင်ပါပြီ။ ဗိုက်အောင့်သေးပါက အစာအိမ်နံရံများ သွေးကြောထိခိုက်ခြင်း ရှိ၊ မရှိ စစ်ဆေး သင့်တယ်။အစာအိမ်လမ်းကြောင်းရှိ မှန်ပြောင်းဖြင့် ကြည့်ပြီးပိုးကြောင့်ဖြစ်သော အနာဖြစ်ပါက H plori စားဆေး၊ Amoxicillin ၅ဝဝ မီလီဂရမ်၊ Metronidazole၊ ရီနယ်ဘီဒင်၊ဘစ်တယ်အောက်ဆိုဒ် သို့မဟုတ် အင်တာဆစ်ဖလပ်လေးမျိုး သုံးကြိမ် တစ်ပတ်ပေးပြီး ပြန်စစ်ဆေးသင့်တယ်။ ဘီယာသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း ဖြတ်ရပါမယ်။
ဝမ်းတွင်းသို့ သောက်ဆေး မဟုတ်တဲ့ ဆေးများကြောင့်
အစာအိမ်နှင့် အူလမ်းကြောင်းမှာ အရေးပေါ် ကုသမှုရရှိဖို့ဆေးရုံတက်နေရတဲ့လူနာများပြားလှပါတယ်။ သေကြောင်းကြံလိုတဲ့ ရည်ရွယ်ချက်နဲ့ သောက်သူများ အဖို့ အသက်ရှင်စဉ် မသိရဘဲ
သွေးကြော ပေါက်ပြဲပြီး အသက် မရှိတော့မှ တွေ့ရတတ်သလိုအချို့ သွေးထွက် လွန်ပြီး သေဆုံးရတာမျိုး တွေ့ရပါတယ်။

#အဆိပ်ဖြေဆေး
🔸🔹🔸🔹🔸
အဆိပ်ဖြေဆေးမှာ နယ်လိုဆုမ်း (Naloxone) အင်တီဒုတ်အကြောင်း မပါမဖြစ် ပါရမယ်။ အများအားဖြင့် မူးယစ်ဆေးစွဲသူများဟာ
ကိုယ် သောက်သုံးသင့်တဲ့ ပမာဏထက် ပိုမို သောက်သုံးတတ်လို့ ရှော့ခ်ဖြစ်လို့ ဆေးရုံ၊ ဆေးခန်း ရောက်လာတတ်တယ်။သူ့ရဲ့အကြောင်းသိသူတွေပါလို့ မူးယစ်ဆေးဝါး အသုံးများလျှင် နယ်လိုဆုမ်း အကြောထဲ ထည့်ပေးရင် အချိန်မီပြန်ကောင်း သွားတယ်။
အချို့ပါးစပ်ကနေ ဆားရေအတင်းတိုက်တာ၊ ဂလူးကို့စ် ထိုးပေးတာတို့က အတော်အသင့် ဆေးများတဲ့ ဆေးသမားတွေ ဖြေရှင်းနေကျ ဖြစ်တယ်။ အချို့ဆေးရောလို့ ဓာတ်မတည့်ဘဲ ပင်နယ်စလင်(Penicillin)၊ ဘားပလက်(Bruplex) မတည့်ဘဲ ရောက်လာတတ်တယ်။ ဘာမီတွန်(Burmeton)၊ အထရိုပိန်း(Atropine)၊ ဆူလူကော့ (Hydrocortisone)ထိုးဆေးများ၊ (Normal Saline)ဒရစ်ချိုငန် စသဖြင့် လူနာရဲ့အခြေအနေကို ကြည့်ပြီး ကုသသွားရတာမျိုးလည်း ရှိပါတယ်။

#ဒေါက်တာထွန်းမြတ်ဝင်း(ဆေးဝါးပညာ)

I've just reached 6K followers! Thank you for continuing support. I could never have made it without each and every one ...
28/11/2022

I've just reached 6K followers! Thank you for continuing support. I could never have made it without each and every one of you. 🙏🤗🎉

ကိုယ်န္ဓာကိုက်ခဲခြင်းကို သက်သာစေတဲ့ဆေးများ🟢🔵🟠🟢🔵🟠🟢🔵🟠🟢🔵🟠ကိုယ်ခန္ဓာကြွက်သားတွေ နာကျင်ကိုက်ခဲရခြင်း အကြောင်းအရင်းများစွာ ရှိ...
26/11/2022

ကိုယ်န္ဓာကိုက်ခဲခြင်းကို သက်သာစေတဲ့ဆေးများ
🟢🔵🟠🟢🔵🟠🟢🔵🟠🟢🔵🟠
ကိုယ်ခန္ဓာကြွက်သားတွေ နာကျင်ကိုက်ခဲရခြင်း
အကြောင်းအရင်းများစွာ ရှိပါတယ်။ ဖျားနာကြောင့်ဖြစ်ဖြစ်၊
ထိခိုက်ဒဏ်ရာရတာကြောင့်ဖြစ်ဖြစ်၊ ခွဲစိတ်ခံရလို့ပဲဖြစ်ဖြစ်၊
နာတာရှည်ရောဂါကြောင့်ဖြစ်ဖြစ်၊ ကင်ဆာရောဂါကြောင့်ပဲဖြစ်ဖြစ်
အကြောင်းအမျိုးမျိုးကြောင့် နာကျင်ကိုက်ခဲမှု့ကို လူတိုင်းကြုံတွေ့ဖူးပါလိမ့်မယ်။ နာကျင်ကိုက်ခဲမှု့ကို ဖြစ်စေသော အကြောင်းအရင်းများက မတူညီကြသလို
နာကျင်ကိုက်ခဲမှု့ကို ကုသရာမှာသုံးသောဆေးဝါးများလည်း အများအပြားရှိပါတယ်။
နာကျင်မှု့ကို ဖြစ်စေသောအကြောင်းအရင်းနှင့် ကိုက်ညီသော အကိုက်အခဲပျောက်ဆေးများကို ရွေးချယ် ပေးဖို့လိုပါတယ်။ အနာနဲ့ဆေး တည့်ဖို့လိုပါတယ်။ ဒါကြောင့် နာကျင်ကိုက်ခဲမှု့ကို ဖြစ်စေသော အကြောင်းအရင်းများနှင့် သုံးရမည့် အကိုက်အခဲပျောက်ဆေးများ အကြောင်းကို ရှင်းပြပေးထားပါတယ်။

ကြွက်သားတွေနာကျင်ကိုက်ခဲ့တဲ့အခါ
🟢🔵🟠🟢🔵🟠🟢🔵🟠🟢
ဆရာဝန်ကပေးတဲံကြွက်သားများပြေလျော့စေသောဆေးတွေကလည်း နာကျင်ကိုက်ခဲနေတဲ့ ကြွက်သားများကို ပြေလျော့စေပါလိမ့်မယ်။ ဥပမာ- Norgetex,Myonal လိုဆေးမျိုဖြစ်ပါတယ်။ ထိုကြွက်သားပြေလျော့ဆေးတွေက တကယ်တော့ကြွက်သားပေါ်မှာအလုပ်လုပ်တာမဟုတ်ဘဲ နာကျင်ခြင်းအချက်ပြမှုနဲ့ အာရုံကြောတွေမှာ အလုပ်လုပ်ပြီး တကိုယ်လုံးကိုပြေလျော့စေတာမျိုး ဖြစ်ပါတယ်။
ကြွက်သားများနာကျင်မှုအတွက်ဆေးက သုံးမျိုးရှိတယ်။ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးတို့ဖြစ်တယ်။

အလွယ်တကူဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေး
🟢🔵🟠🟢🔵🟠🟢🔵🟠🟢🔵🟠
ပါရာစီတမော၊ အရောင်ကျဆေးများ
ဆေးဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်လို့ရတဲ့ဆေးတွေမှာ အကိုက်အခဲပျောက်ဆေးတွေက ထိပ်ဆုံးကပါပါတယ်။ ဆေးနှစ်မျိုးစလုံးကနာကျင်မှုကိုသက်သာဖို့အတွက်သုံးနိုင်တယ်။ အလုပ်လုပ်ပုံကတော့ကွာခြားပါတယ်။ ပါရာစီတမောက နာကျင်မှုကိုလက်ခံတဲ့ဦးနှောက်အပိုင်းမှာအလုပ်လုပ်တယ်။ သူ့ရဲ့ အဓိကအာနသင်က အဖျားကို ကျစေတယ်။ အာနိသင် ၆ နာရီပဲ ခံတယ်။
NSAID ကတော့ နာကျင်မှုကိုဖြစ်စေတဲ့ ကယ်မီကယ်တွေထွက်ခြင်းကို လျှော့ချခြင်းပေးတယ်။ အဖျားကျစေပြီး ကြွက်သားများတောင့်တင်းခြင်းကြောင့်ရတဲ့ နာကျင်မှုကိုသက်သာစေနိုင်သလို အရောင်လည်းကျစေပါတယ်။ NSAID သုံးခြင်းဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ကို အားပေးနိုင်ပါတယ်။ ထိခိုက်လွယ်တဲ့အစာအိမ်တွေမှာ အနာတွေလည်းဖြစ်စေနိုင်တယ်။
COX-2 inhibitors (Celebrex)
NSAID တစ်မျိုးဖြစ်ပြီး ရောင်ရမ်းခြင်းကို သက်သာစေတယ် ။ COX-2 inhibitor နဲ့ ပုံမှန် NSAID ကြားမှကွာခြားချက်ကတော့ COX-2 inhibitor မှာ COX-2 အင်ဇိုင်းထွက်ခြင်းကိုသာပိတ်နိုင်တာဖြစ်တယ်။ ထိုအင်ဇိုင်းက ရောင်ရမ်းခြင်း၊ ဖျားခြင်း၊ နာကျင်ခြင်းတွေနဲ့ဆက်နွယ်နေပါတယ်။ NSAID နဲ့မတူဘဲ COX-2 inhibitor က အစာအိမ်မထိပါဘူး။

ဆရာဝန်ညွှန်းနိုင်သော အရောင်ကျအကိုက်အခဲပျောက် သက်သာဆေးများ
🟢🔵🟠🟢🔵🟠🟢🔵🟠🟢🔵🟠
Corticosteroid
Corticosteroid တွေဟာ အားပြင်းတဲ့ အရောင်ကျဆေးတွေဖြစ်ပြီး အချိန်တိုအတွက်သာသုံးသင့်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့လာနိုင်ပြီး ၅ ရက်၊ ၆ ရက်အတွင်းမှာ ပမာဏများများမှ နည်းနည်းတဖြေးဖြေးလျှော့သောက်တဲ့ပုံစံနဲ့ မှီဝဲလေ့ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိနိုင်ပြီး အလေးချိန်တက်ခြင်း၊ အစာအိမ်မကောင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်အခြေအနေပြောင်းလဲခြင်း၊ အိပ်မပျော်ခြင်း၊ ကိုယ်ခံအားကျခြင်း၊ အရိုးပါးခြင်းတို့ဖြစ်နိုင်တယ။်

Opioid
Opioid တွေကို ရုတ်တရတ်အချိန်တိုနာကျင်မှု၊ ဥပမာ ခွဲစိတ်အပြီးနာကျင်မှုမျိုးအတွက်သာသုံးလေ့ရှိတယ်။ သဘာ၀ နဲ့ ထုတ်လုပ်ထားသော opiates ဆိုပြီးရှိနိုင်ပြီး ဦးနှောက်မှ နာကျင်မှုကိုလက်ခံသော ပစ္စည်းများကိုသွားပေါင်းကာ နာကျင်မှုကိုသက်သာစေပါတယ်။ အသက်ရှူနှေးစေကာ စိတ်ငြိမ်စေခြင်း၊ စိတ်ဓါတ်ကျခြင်းကိုတားဆီးခြင်းတို့လည်း လုပ်ဆောင်ပေးတယ်။ ဥပမာတချို့ကတော့ –
Morphine;
Fentanyl;
Oxycodone;
Opioid ရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ ရီဝေဝဖြစ်ခြင်း၊ ပျို့ခြင်း၊ ဝမ်းချုပ်ခြင်း၊ ယားယံခြင်း၊ အသက်ရှူခြင်းဆိုင်ရာပြဿနာများ ဖြစ်တတ်ပါတယ်။ အချိန်ကြာသုံးမိပါကလည်း ဆေးစွဲနိုင်ပါတယ။်

နာကျင်ကိုက်ခဲမှု့ကို သက်သာစေသော စိတ်ကျရောဂါကုဆေးများ
🟢🔵🟠🟢🔵🟠🟢🔵🟠🟢🔵🟠🟢🔵🟠🟢🔵
နာကျင်ခြင်းကို ဦးနှောက်ရှိကယ်မီကယ်ပမာဏကို ထိန်းညှိခြင်းဖြင့်ကုသပေးပါတယ်။ နာတာရှည်နာကျင်သူများ၊ တခြားကုသမှုများနှင့်မတိုးတော့သူများမှာ ထိုဆေးများကိုသုံးတတ်ပါတယ်။
တချို့သုံးလေ့ရှိသောဆေးများမှာ-
citalopram (Celexa), fluoxetine (Prozac), paroxetine (Paxil), sertraline (Zoloft) ကဲ့သို့ SSRI များ
amitriptyline, desipramine (Norpramin), doxepin (Silenor), imipramine (Tofranil), nortriptyline (Pamelor)ကဲ့သို့ Tricyclic antidepressants များ
venlafaxine (Effexor), duloxetine (Cymbalta).ကဲ့သို့ SNRI များ
တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အမြင်အာရုံဝေဝါးခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးသွားရခက်ခြင်း၊အာခေါင်ခြောက်ခြင်း၊ နွမ်းနယ်ခြင်း၊ပျို့အန်ခေါင်းကိုက်ခြင်းတို့ဖြစ်တယ်။

နာကျင်ကိုက်ခဲမှု့ကို သက်သာစေသော အတက်ကျဆေးများ
🟢🔵🟠🟢🔵🟠🟢🔵🟠🟢🔵🟠🟢🔵🟠
ခွဲစိတ်မှုအပြီးနာကျင်မှုများ၊ အာရုံကြောဆိုင်ရာနာကျင်မှုများအတွက်သုံးတယ်။ အချိန်ကြာသုံးစွဲနိုင်ပါတယ်။ ပုံမှန်အားဖြင့် အတက်ကျဆေးတွေဟာ မတည့်ခြင်းမျိုးသိပ်မရှိဘဲ ဘေးထွက်ဆိုးကျိုးတွေကတော့ မူးခြင်း၊ ရီဝေဝဖြစ်ခြင်း၊ နွမ်းနယ်ခြင်း၊ ပျို့ခြင်းတို့ဖြစ်တယ်။

ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးပညာ)

 #ကလေးတွေကို  #ချောင်းဆိုးပျောက်ဆေး တိုက်သင့်သလား♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️FDA ကမှာထားပါတယ်။  #အသက် ၂ နှစ်အောက် ကလ...
24/11/2022

#ကလေးတွေကို #ချောင်းဆိုးပျောက်ဆေး တိုက်သင့်သလား
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
FDA ကမှာထားပါတယ်။ #အသက် ၂ နှစ်အောက် ကလေးများကို
ချောင်းဆိုးပျောက်ဆေး မပေးရပါ။
လမ်းလျောက်တတ်စ ကလေးမတော်တဆ ချောင်းဆိုးပျောက်ဆေးကို

သောက်မိရင် ဘာဖြစ်မလဲ
🔹🔸🔹🔸🔹🔸🔹🔸♦️
ပထမဆုံးနဲ့ အရေးအကြီးဆုံး အချက်က ကလေးမတော်တဆ ချောင်းဆိုးပျောက်ဆေးကို သောက်မိရင် အသက်ရှုရ အဆင်ပြေမပြေ အရင်ကြည့်ပါ။ အဆင်မပြေရင် ဆေးရုံသွားပါ။ တကယ်လို့ ကလေးက နင်တာ၊ မရှိဘူး၊ အသက်ရှူရ အဆင်ပြေတယ်ဆိုရင် ဒုတိယအနေနဲ့ ချောင်းဆိုးပျောက်ဆေး အမျိုးအစားကို ကြည့်ပါ။

ချောင်းဆိုးပျောက်ဆေးထဲမှာ အများစု ပါတဲ့ ဆေးတွေကတော့
➖➖➖➖➖➖➖➖➖➖➖➖➖➖➖



တို့ဖြစ်ပါတယ်။
ကလေး ဘယ်လိုချောင်းဆိုးပျောက်ဆေးကို သောက်မိသလဲ သိဖို့ အရေးကြီးပါတယ်။
ဒါမှ လိုအပ်လာရင် ဆရာဝန်ကို ပြောပြလို့ရမှာ ဖြစ်ပါတယ်။
ဆေးပုလင်းမှာ ချောင်းဆိုးပျောက်ဆေးထဲမှာ ပါဝင်တဲ့ ingredients
တွေကို တန်းစီရေးထားပါတယ်။

pectin ပါတဲ့ ချောင်းဆိုးပျောက်ဆေးကို သောက်မိရင် ကလေးဘာဖြစ်မလဲ
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
pectin ကို ပန်းသီး၊ လိမ္မော်သီးတို့မှာလည်း တွေ့ရပါတယ်။
ယို၊ ချယ်လီလုပ်တဲ့ နေရာမှာလည်း ပါပါတယ်။ pecting က
လည်ပင်းတလျောက်ကို ကာကွယ်ပေးထားပြီး ခိုးလိုးခုလု ဖြစ်တာကို
သက်သာစေပါတယ်။ ဘေးထွက်ဆိုးကျိုး နည်းပါတယ်။

menthol ပါတဲ့ ချောင်းဆိုးပျောက်ဆေးကို သောက်မိရင် ဘာဖြစ်မလဲ
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Menthol သည် ချောင်းဆိုးပျောက်ဆေးထဲမှာ ပါတဲ့ ingredient တစ်မျိုးဖြစ်တယ်။ ဆေးသာက်လိုက်ရင် လည်ပင်းကို ထုံစေတယ်။ FDA ကတော့ ဆေးက စိတ်ချရတယ်လို့ပြောပါတယ်။ ဆေးလွန်တာလည်း နည်းတယ်။ ဒါပေမဲ့ 1g/kg ဆိုရင် သေလောက်တဲ့ ဆေးပမာဏဖြစ်တယ်။ အဓိပ္ပာယ်က အဲဒီဆေးပမာဏကို ရဖို့ ၃၆ ပေါင်လေးတဲ့ကလေး menthol 16 g လောက်သောက်မိရမှာ ဖြစ်ပါတယ်။ ချောင်းဆိုးပျောက်ဆေးမှာ အများအားဖြင့် menthol 3mg ကနေ 10mg ပါဝင်တယ်။ ဒါကြောင့်သေလောက်တဲ့ ပမာဏကို ရောက်ဖို့ အချိန်အတိုအတွင်းမှာ အစက်ပေါင်း ၁၆၀၀ သောက်ထားရမှာ ဖြစ်တယ်။ အများကြီးသောက်မိရင် နှလုံးခုန်မြန်ခြင်း၊ ခေါင်းမူးခြင်း၊ အသက်ရှူမမှန်ခြင်း ဖြစ်တတ်တယ်။

ပါတဲ့ ချောင်းဆိုးပျောက်ဆေးကို ကလေးသောက်မိရင် ဘာဖြစ်မလဲ
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Dextromethophan ကအသုံးအများဆုံး OTC ချောင်းဆိုးပျောက်ဆေးဖြစ်တယ်။ ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိတယ်။ သတိလစ်မေ့မျောခြင်း coma ဖြစ်ဖို့က ဆေးပမာဏကို ပုံမှန်ထက် ၆ ဆလောက် သောက်ရမယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
ပျို့အန်၊ ခေါင်းမူး၊ အိပ်ငိုက်၊ အသက်ရှူခက်၊ နှလုံးခုန်မြန် တို့ဖြစ်တတ်တယ်။

ပါတဲ့ ချောင်းဆိုးပျောက်ဆေးကို သောက်မိရင် ဘာဖြစ်မလဲ
🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Benzociane က လည်ပင်းကို ထုံစေပြီး လည်ပင်းနာတာကို သက်သာစေတယ်။
ဆေးအဆိပ်သင့်တဲ့ ပမာဏကတော့ 22mg မှ 40mg/kg ဖြစ်တယ်။
ချောင်းဆိုးပျောက်ဆေး တစက်မှာ 7.5 mg မှ 15 mg benzocaine ပါတယ်။
၃၆ ပေါင်ကလေးတစ်ယောက်က အဲဒီဆေးပမာဏကို ရောက်ဖို့ 24 လုံး လောက်သောက်ရမယ်။ ဘေးထွက်ဆိုးကျိုးက‌တော့ ခေါင်းမူး၊အိပ်ငိုက်၊သွေးပေါင်ကျ ဖြစ်တတ်တယ်။
ပြင်းထန်ရင် တက်တာ၊ နှလုံးခုန်ရပ်တာ ဖြစ်တတ်တယ်။
ကလေးတွေအတွက် ကြောက်စရာကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ methemoglobinemia ဖြစ်တယ်။ သွေးထဲမှာ အောက်ဆီဂျင်သယ်တဲ့ hemoglobin အစား oxygen ကိုတခါတည်းစွဲကပ်ထားပြီး ပြန်မလွတ်တော့တဲ့ methemoglobin တွေများလာလို့ဖြစ်တယ်။ ဒါကြောင့် သွေးထဲက oxygen က ဆဲလ်တွေဆီကို
မရောက်တော့လို့ ပြာနှမ်းလာတာဖြစ်တယ်။ Blue Baby Syndrome လို့လည်းခေါ်တယ်။ အောက်ဆီဂျင်ခမ်းသွားတဲ့ ရောဂါဖြစ်တယ်။ ကလေးကပြာနှမ်းပြီးရောက်လာတယ်။ သွေးဖောက်ကြည့်ရင် သွေးကချောကလက်ရောင်ဖြစ်နေတယ်။ အရေးပေါ်အခြေအနေ တရပ်ဖြစ်တယ်။ ကုသဖို့နည်းလမ်းက Methylene Blue ကို infusion ပေးရတယ်။
ဒါကြောင့် အသက် ၂ နှစ်အောက် ကလေးတွေမှာ ချောင်းဆိုးပျောက်ဆေးကို ရှောင်ပါလို့ ပြောရတာဖြစ်တယ်။

ချောင်းဆိုးတဲ့ အကြောင်းအရင်းအမျိုးမျိုးရှိတယ်
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
အေးလို့၊ တုတ်ကွေးဖြစ်လို့၊ ဓာတ်မတည့်လို့ ဖြစ်တယ်။ ချောင်းဆိုးပျောက်ဆေး မပေးခင် ဘာကြောင့်ဖြစ်ရလဲ သိဖို့လိုတယ်။ ကလေးက အသက် ၁၂ နှစ်ကျော်ရင်တော့ OTC ချောင်းဆိုးပျောက်ဆေးတွေကို ပေးလို့ရတယ်။

ဘယ်အရွယ်တွေကို မပေးသင့်ဘူးလဲ
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
အသက် ၄ နှစ်အောက် ကလေး ကိုတော့ ချောင်းဆိုးပျောက်ဆေး မပေးသင့်ပါ။ အသက် ၄ နှစ်ကျော်မှ ၆ နှစ်အထိ ကလေးတွေကိုတော့ ချောင်းဆိုးပျောက်ဆေးအရည် ပဲပေးသင့်တယ်။ Dextromethophan syrup ပေးလို့ရတယ်။ ၆ နှစ်မှ ၁၂ နှစ်အတွင်း ဆိုရင်တော့ ချောင်ဆိုပျောက်ဆေးအခဲတွေ ပေးလို့ရပြီ။ အရည်က အခဲထက် သက်သာမှု့ပိုကြာတယ်။
ဒေါက်တာထွန်းမြတ်ဝင်း (ဆေးဝါးပညာ)

မောင့်ပန်းမသေရဘူး🔸🔹🔸🔸🔹🔸ပန်းသေပန်းညှိုး ရောဂါကိုကုသရာမှာ အသုံးအများဆုံးဆေးတွေကတော့ sildenafil(Vi**ra), vardenafil (Levitr...
22/11/2022

မောင့်ပန်းမသေရဘူး
🔸🔹🔸🔸🔹🔸
ပန်းသေပန်းညှိုး ရောဂါကိုကုသရာမှာ အသုံးအများဆုံးဆေးတွေကတော့
sildenafil(Vi**ra), vardenafil (Levitra), tadalafil (cialis) တို့ဖြစ်ပါတယ်။
ဒီဆေးတွေက စိတ်ချရပြီး ထိရောက်မှု့ရှိပါတယ်။ ဆေးအလုပ်လုပ်ပုံက တစ်မျိုးနဲ့တစ်မျိုး သိပ်မကွာခြားပါဘူး။ The American College of Physicians က အကြံပြုထားတာကတော့ ဘယ်ဆေးကို ရွေးချယ်သုံးစွဲမလဲဆိုတာသည် သင့်ရဲ့ အကုန်အကျခံနိုင်မှု့၊ ဘဝနေထိုင်မှု့၊ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးပေါ်မူတည်ပါတယ်။ မှတ်သားရမည့် အချက်တစ်ခုကတော့ Vi**ra သည် ဈေးအသက်သာဆုံးနဲ့ စိတ်အချရဆုံး မှတ်တမ်းဝင်တဲ့ ဆေးဖြစ်ပါတယ်။

**ra ( )
🔸🔹🔸
Vi**ra သည် ဈေးသက်သာပြီး ကောင်းတဲ့ ဆေးတစ်မျိုးပါ။ အစားစားပြီး ၁ နာရီ မှ ၂ နာရီ အကြာမှသာ သောက်ရပါတယ်။ ဆေးသောက်ပြီး ၁၅ မိနစ်အတွင်း အာနိသင် စပြပြီး က ၁ နာရီအကြာမှာ အမြင့်ဆုံးအာနိသင်ကို ရပါတယ်။ ၃ နာရီ မှ ၅ နာရီကြာ အာနိသင်ရှိနေပါတယ်။

( )
🔸🔹🔸🔸🔹🔸
Vi**ra ထပ် ထူးခြားပြီးကောင်းတာ မရှိပေမဲ ဈေးအတန်အသင့်ကြီးတဲ့ ဆေးဖြစ်ပါတယ်။ ဆေးသောက်ပြီး ၁၅ မိနစ်အတွင်း အာနိသင်ရပြီး ၄၅ မိနစ်အကြာမှာ အမြင့်ဆုံးအာနိသင်ကို ရပါတယ်။ အာနိသင် ၄ နာရီမှ ၅နာရီကြာခံပါတယ်။ Vardenafil ကို အစာနဲ့တွဲသောက်လို့ မရပါဘူး။ sildenafil သောက်လို့မှ အဆင်မပြေဘူးဆိုရင် levitra က ရွေးချယ်စရာတစ်ခုပါ။

( )
🔸🔹🔸🔸🔹🔸
ဆေးက ဈေးကြီးတယ်။ အခြားဆေးများထက် အာနိသင် အကြာကြီးခံတယ်။
အစာနဲ့လည်း တွဲသောက်နိုင်တယ်။ အခြားကောင်းတဲ့အချက်က မကြာခဏဆေးလိုအပ်နေသူများအတွက် မကြာခဏသောက်သုံးနိုင်တဲ့
ဆေးလို့ သတ်မှတ်ကြတယ်။ ဒါပေမဲ တန်ဆေးလွန်ဘေးဆိုတာကို ‌တော့ မေ့မထားသင့်ပါ။

ဆေးတွေက ဘယ်လို အလုပ်လုပ်ကြသလဲ
🔸🔹🔸🔸🔹🔸🔸🔹🔸
လိမ်တံထောင်မတ်စေဖို့ အဓိက key player ကတော့ Nitric Oxide ဖြစ်တယ်။
မီးခလုပ်တစ်ခုလို့ တင်စားနိုင်တယ်။ လိမ်တံရဲ့ သွေးကြောနဲ့ ကြွက်သားတွေဆီကို
သွေးစီးဆင်းမှု့ ပိုကောင်းစေပြီး လိမ်တံကို ထောင်မတ်စေတယ်။ လိမ်တံထောင်မတ်တာကို ဆန့်ကျင်တဲ့ ကောင်ကတော့ PDE5 (phosphodiesterase-5) လိုခေါ်တဲ့ Enzyme တစ်မျိုးဖြစ်တယ်။
Vi**ra, vardenafil, and tadalafil ဆေးများသည် PDE5 ကို တားဆီးတဲ့ဆေးများ ဖြစ်တယ်။

#ဆေး(၃) မျိုးလုံးရဲ့ ဘေးထွက်ဆိုးကျိုးများ
🔸🔹🔸🔸🔹🔸🔸🔹🔸🔸🔹🔸🔸🔹
ခေါင်းကိုက်၊ မျက်နှာနီမြန်း၊ နှာခေါင်းပိတ်၊ အစာမကြေ၊ အမြင်အာရုံမမှန်၊ ကြွက်သားနာ

#ပန်းသေတာက အရေးကြီးသလား
🔸🔹🔸🔸🔹🔸🔸🔹🔸🔸🔹
စိတ်ပျက်စရာကောင်ပေမယ့် အများအားဖြင့် အလေးအနက်အလွန်ထားစရာမလိုပါဘူး။
၂၀ ရာခိုင်နှုန်းလောက်ကတော့ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ရှိနေနိုင်ပါတယ်။

#ဆေးသောက်ပြီး ဘာတွေမျှော်လင့်ထားရမလဲ
🔸🔹🔸🔸🔹🔸🔸🔹🔸🔸🔹🔸🔸🔹🔸
PDE5-inhibitors တွေဖြစ်တဲ့ Vi**ra, vardenafil, and tadalafil တို့သည် ဆေးကို သေချာမှန်ကန်စွာ သောက်မယ်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက်က ကျေနပ်စရာကောင်းတဲ့ လိမ်တံထောင်မတ်စွမ်းဆောင်နိုင်ခြင်းကို ပေးမှာပါ။ လိပ်တံထောင်မတ်ခြင်းသည် ဆေးသောက်ပြီး မိနစ်အတန်ကြာ လာပါလိမ့်မယ်။ လိမ်တံထောင်မတ်လာချိန် နာကျင်ခြင်း မရှိသင့်ပါ။ လိမ်ဆက်ဆံပြီး နာရီအတော်ကြာ ထောင်မတ်နေတာမျိုး မဖြစ်သင့်ပါ။ အမျိုးသားအများစုကတော့ ဆေးသောက်ပြီး ယုံကြည်မှု့ရှိလာခြင်း၊ ကိုယ့်ကိုယ်ကို အားရကျေနပ်လာခြင်း၊ စတာတွေကို ခံစားရပါတယ်။
ဒေါက်တာထွန်းမြတ်ဝင်း(ဆေးဝါးပညာ)

Address

Naypyitaw
Naypyidaw

Opening Hours

Monday 18:00 - 20:00
Tuesday 18:00 - 20:00
Wednesday 18:00 - 20:00
Thursday 18:00 - 20:00
Friday 18:00 - 20:00
Saturday 18:00 - 20:00
Sunday 18:00 - 20:00

Telephone

+959421068582

Website

Alerts

Be the first to know and let us send you an email when Dr. Tun Myat Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Tun Myat Win:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram