06/01/2026
The Golden Hour of my day
ဆေးလောကမှာတော့ Golden Hour ဆိုတဲ့စကားလုံးက ရောဂါ/ဒဏ်ရာ/အခြေအနေတစ်ခုခုကြုံကြုံပြီးချင်း ထိရောက်တဲ့ ကုသမှုရလိုက်ရင် ရလာဒ်ကောင်းနိုင်တဲ့ အချိန်အပိုင်းအခြားလေးကာလလေးကို ရည်ညွှန်းပါတယ်။
ကျွန်မရဲ့ နေ့စဥ်ဘဝ တနေ့တာရဲ့ Golden Hour ကတော့ မနက် ၅:၃၀ ကနေ ၇:၃၀ အချိန်အပိုင်းအခြားပါ။ အဲ့ဒီအချိန်လေးအတွင်းမှာ ကျွန်မအတွက်ဆောင်ရွက်ဖွယ်ရှိတာတွေ ဆောင်ရွက်ထားလိုက်နိုင်ရင် အဲ့နေ့တနေ့တာလုံး ကျွန်မအတွက်Energetically အဆင်တပြေရှိပါတယ်။
Golden Hour အတွင်းမှာ အိပ်ရာသိမ်းတယ်၊ ဝု ၅ကောင်ကို ခြံပြင် ၃ကောင်၊ ခြံတွင်း ၂ကောင် ကျောင်းထားတဲ့အချိန် ခြံဝိုင်းထဲ တံမြက်စည်းလှည်းရင်း စောင့်တယ်၊ ခြံပြင်ကျောင်းထားတဲ့ ၃ဝုကို သူ့တို့မြေအိမ်ထဲ သွင်းပြီးရင် အိမ်ထဲ သန့်ရှင်းရေးလုပ်တယ်၊ ပန်းအိုးထိုးတယ်၊ ကိုယ်လက်သန့်စင်၊ မနက်စာစားတယ်၊ Golden hour အတွင်းမှာ အဲ့ဒီဆောင်ရွက်ဖွယ်တွေအားလုံးပြီးစီးရင် မနက် ၈နာရီ အလုပ်စလုပ်တဲ့ အချိန်ကစလို့ ကျွန်မအတွက် အဆင်ပြေပါတယ်။
အကြောင်းတစ်ခုခုကြောင့် Golden Hour အတွင်းမှာ ကျွန်မရဲ့ Routine တွေ မပြီးလိုက်ရင် အလုပ်တွေအကုန် Mess up ဖြစ်သွားသလို ခံစားရတော့ပါတယ်။ ဥပမာ မနက် ၈နာရီထိုးသွားပြီ Routine တွေမပြီးသေးတော့ သန့်ရှင်းရေးလုပ်နေရင်းနဲ့ အလုပ်ပေါ်လို့ ထလုပ်ရရင် ကျွန်မအတွက် Energetically အဆင်မပြေပါ။
ကိုယ့်အကြောင်းကိုယ်သိသွားတဲ့နောက် ကိုယ့်ရဲ့Golden Hour ကို မလွတ်သွားရအောင် ဂရုစိုက်ပါတယ်။ ရာသီဥတုအေးလို့ မနက်စောစောမထချင်တဲ့ရက်တွေဆို အိပ်ရာနွေးနွေးလေးကနေ ထလိုက်ရတဲ့ ခဏတာ အဆင်မပြေမှု နဲ့ တနေ့တာလုံး Mess up ဖြစ်သွားမှာနဲ့ ယှဥ်ရင် ခဏတာဟာကို ကျွန်မရွေးပါတယ်။
ဟုတ်ကဲ့ ကျွန်မတို့ ရွေးလို့ ရ,ပါတယ်။
Golden Hour ပြီးရင် ကျွန်မရဲ့ တနေ့တာမှာ ကျွန်မတန်ဖိုးထားပြီး ချစ်ရတဲ့ အချိန်က ည ၇:၃၀ နောက်ပိုင်းကာလပေါ့။ ကျွန်မရဲ့ Me Time နာရီများမို့ပါ။ အဲ့ဒီအချိန်မှာ ကျွန်မဟာ ဘယ်သူ့အတွက်မှ ဟုတ်မနေဘူး။ ကျွန်မရဲ့ စိတ်က ဘာလုပ်ချင်လည်း ကျွန်မရဲ့ ကိုယ်က လိုက်လုပ်ပေးတဲ့အချိန်ပါ။ တရားထိုင်ချင်တဲ့အခါ တရားထိုင်တယ်။ သီချင်းဆိုချင်ရင် ဆိုတယ်။ ငိုချင်တဲ့နေ့လည်း ငိုတာဘဲ။ တစ်ခုခု ဖန်တီးချင်တဲ့အခါ ဖန်တီးတယ်။ တခါတလေ ကျွန်မအခန်းထဲမှာ အိပ်တဲ့ ဝုလေး၂ကောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာ၊ အိပ်မက်ယောင်တာ၊ ဟောက်နေတာလေးကို ဒီအတိုင်းလေးထိုင်ကြည့်ချင်လည်း ကြည့်နေတတ်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ Zoom meeting တက်ချင်တက်၊ Youtube က Podcast နားထောင်ချင်ထောင်ပေါ့။ ညတိုင်းတော့ Me Time အပြည့်ရနေတာ မဟုတ်ပေမယ့် တော်တော်များများညတွေကို အဲ့လိုဖြတ်သန်းတယ်။
ကျွန်မအတွက်တော့ Golden Hour ကိုလွတ်မသွားဘူး Me Timeလည်းရတဲ့ ရက်တွေဆိုရင် ကိုယ်ရောစိတ်ပါ အားတွေအပြည့်ဘဲ Typical My Day ပေါ့။
ဒီ Post က ကျွန်မရဲ့ လက်ရှိ ဘဝနေထိုင်မှုပုံစံကို ချပြခြင်းမျှသာပါ။
မတော်တဆဖတ်မိသွားပြီး ဘာတွေမှန်းလဲမသိဘူးလို့ စိတ်ရှုပ်ထွေးသွားရရင် တောင်းပန်ပါတယ်။
ကိုယ်နဲ့ကိုက်ညီတာလေးရသွား၊ယူသွားတယ်ဆိုရင်လည်း ကျေးဇူးတင်ပါတယ်ရှင်။
Love you, all, my Me Timer🍀
ပုံကတော့ Typical my day ကို ဖြတ်သန်းခွင့်ရလို့ အားတွေပြည့်နေတဲ့ Moment လေးကို မှတ်တမ်းတင်ပေးတဲ့ (အိမ်ကကလေးတွေရဲ့) ဆရာမ၊ ညီမလေးရဲ့ လက်ရာပါ။ ကျေးဇူးပါ ဆရာမ💚