22/02/2022
GoodHealthမှာအိန္ဒိယနိုင်ငံထုတ်တဲ့ကိုဗီရှီး၊ကိုဗစ်ကာကွယ်ဆေးများကို ထိုးလို့ရနေပါပြီ။ရောဂါမဖြစ်ပွားမှီကာကွယ်ခြင်းကရောဂါဖြစ်ပွားမှုနှုန်းကိုသာမာန်ထက်ပိုပြီးလျော့ကျစေပါသည်။ ရန်ကုန်အိမ်အရောက်၅ဦးမှစတင်ထိုးပေးပြီး ကုမ္ပဏီ၊အသင်းအဖွဲ့၊ကျောင်းတွေအနေနဲ့လည်းလူဦးရေပေါ်မူတည်ပြီး ဈေးနှုန်းညှိနှိုင်းပေးပါသည်။
အပတ်စဉ် Friday/Saturday/Sunday/Monday တိုင်းထိုးပေးပီး မိမိထိုးလိုသည့် ရက် ၂ရက်ကြို Booking ပေးထားရပါမည်
QR certificate ယူလိုသူများအတွက်
1dose -50000ks
ရိုးရိုး Record Certificate အတွက်
1dose -35000ks
Home visit ယူလိုသူများ ရက်အချိန် ညှိနှိုင်းပေးပါသည်
ဆက်သွယ်ရန် ဖုန်း /Viber ~ 09254455595,0943055622
စာရင်းပေးလိုသူများအနေနဲ့ နာမည်၊ အသက်၊မှတ်ပုံတင်၊ ပြည်ပထွက်ခွာရန်အတွက်ထိုးလိုသူများအနေဖြင့် Passport Number၊ ဖုန်း၊ လိပ်စာ စတာတွေကို ပေးပြီးတော့ Booking ပြုလုပ်လို့ရပါသည်။
GoodHealth Certificate ကိုအသုံးပြုပြီး လက်ရှိ USA/ Singapore / Thailand စသည့်နိုင်ငံများကို သွားရောက်နေပြီဲဖြစ်သည့်အတွက်ကြောင့် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပြီး သင်္ဘောသာများအနေဖြင့်လည်း Yellow Bookတွင်ပါ ဆရာဝန်လက်မှတ်နှင့်တုံးကိုထုပေးပါသည်။
မေးလေ့ရှိသောမေးခွန်းများ
ကိုဗစ်ဖြစ်ပွားပြီးလျှင် ချက်ချင်း သို့မဟုတ် ၁လအတွင်း ဆေးထိုးဖို့လိုပါသလား၊ ဆေးကိုထိုးနိုင်ပါသလား ?
W.H.O ကထုတ်ပြန်ချက်အရ ချက်ချင်း ထိုးရန် လိုပါသည်။
တခါမှ ကိုဗစ်မဖြစ်ဖူးပါ။ ဆေးထိုးဖို့လိုပါသလား ?
လိုပါသည်။
ဆေးကို၂ကြိမ်တပတ်ခြား ထိုးလို့ရပါသလား ?
ရပါသည်။ သို့သော် ခန္ဒာကိုယ်အတွင်း ထိခိုက်မှုရှိနိုင်သဖြင့် ထိုးလိုသူ၏ တာဝန်သာ ဖြစ်သည်။ Good Health ၏ အကြံပြုချက်မှာ ၃ပတ်မှ ၄ပတ်အတွင်း ခြားပြီးထိုးနှံခြင်းသည် ပိုမိုကောင်းမွန်သော ရလဒ် ဖြစ်ပေါ်စေပါသည်။
ဆေးတစ်ကြိမ်ထိုးရုံဖြင့်စိတ်ချရပါသလား ?
ကိုဗီရှီးသည်၂ကြိမ်ထိုးရန်အတွက် ညွှန်ကြားထားသောဆေးဖြစ်သဖြင့်၂ကြိမ်လုံးထိုးရန်လိုအပ်ပါသည်။
Booster ကိုဘယ်အချိန် ထိုးသင့်ပါသလည်း ?
ဆေး ၂ကြိမ်ထိုးပြီး ၃ လမှ ၆လအကြာတွင် Booster ထိုးသင့်ပါသည်။
အခြားဆေးတစ်မျိုးထိုးပြီး ကိုဗီရှီးကိုဒုတိယအကြိမ်ထိုးသင့်ပါသလား၊ သို့မဟုတ် ကိုဗီရှီးကိုအရင်ထိုးပြီးအခြားဆေးတစ်မျိုးထက်ထိုးသင့်ပါသလား ?
ထိုးလို့ရပါသည်။ သို့သော် ကိုယ်နှင့်တည့်မတည့် ဦးစွာစဉ်းစားပါ။
ဆေး၂ကြိမ်ကို အခြားဆေးထိုးပြီး Booster ကို ကိုဗီရှီးထိုးလို့ရပါသလား ?
ရပါသည်။
ကိုယ်ဝန်ရှိလျှင်၊ နို့တိုက်မိခင်ဆိုလျှင် သို့မဟုတ် ကလေးယူရန်ကြိုးစားနေလျှင် ကာကွယ်ဆေးထိုးလို့ရပါသလား ?
ရပါသည်။
အခြား Side effect ဘာများရှိသလည်း ?
ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ပျို့ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လက်မောင်းနာခြင်းတို့ ၃ ရက်မှ ၅ ရက်အထိ ဖြစ်ပေါ်စေနိုင်ပါသည်။
ဆေးမထိုးခင်၊ ဆေးထိုးအပြီး အရက်၊ ဘီယာ သောက်လို့ရပါသလား ?
၎င်းနှင့်ပတ်သတ်ပြီး လေ့လာထားမှုမရှိပါ။ သို့သော် Good Health အနေဖြင့် ကာကွယ်ဆေး မထိုးခင် ၁ ရက်အလို၊ ကာကွယ်ဆေးထိုးပြီး ၁ပတ်အတွင်းအရက်၊ ဘီယာမသောက်ရန်နှင့် နောက် ၂ပတ်အတွင်း အရက်ကို မသောက်ရန် အကြံပြုပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ခံအားစနစ်ကို ထိခိုက်မှု ရှိမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပါသည်။ ယင်းအပြင် Side Effect များကြောင့် ပိုမို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။
ဆေးထိုးပြီးလျှင် Mask တပ်ရန်လိုအပ်ပါသလား ?
လူကြားထဲသွားလျှင် အမြဲတမ်း Mask ကိုတပ်ဆင်ထားရန် လိုအပ်ပါသည်။