Unichem Myanmar

Unichem Myanmar Unichem Labs Ltd. is one of the most respected pharmaceutical companies delivering better health through superior products for over seven decades.

This page provides Unichem Myanmar's activities and health education tips for all.

မကြာခင်ကျရောက်တော့မည့် သီတင်းကျွတ်အခါသမယတွင် မြန်မာနိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည်...
04/10/2025

မကြာခင်ကျရောက်တော့မည့် သီတင်းကျွတ်အခါသမယတွင် မြန်မာနိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည်စုံပါစေကြောင်း Unichem Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။


27/06/2025

တစ်ယောက်တည်း မဟုတ်တာ သိစေချင် 💕

သင့်မှာ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ ခရုသင်း၊ သမင်ဖြူရောဂါနဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေတာ၊ မေးချင်တဲ့မေးခွန်းတွေ ရှိနေတာမျိုး ဖြစ်ဖူးပါသလား?

(၂၅.၆.၂၀၂၅) နေ့မှာကျရောက်တဲ့ World Vitiligo Day အထိမ်းအမှတ်အဖြစ် အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခမြတ်စန္ဒာကျော်ရဲ့ အသိပညာမျှဝေမှု အပိုင်း (၂) မှာ...

✨ ကိုယ့်မှာဖြစ်နေတာ ခရုသင်းရောဂါ ဟုတ် မဟုတ် ဘယ်လိုသိနိုင်မလဲ?
💊 ဘယ်လိုကုထုံးတွေနဲ့ သက်သာအောင် လုပ်နိုင်မလဲ?
ဒီရောဂါနဲ့အတူ ဘယ်လို ယုံကြည်မှုရှိရှိ နေထိုင်မလဲ?
☀️ နေရောင်ခြည်က ရန်သူလား၊ မိတ်ဆွေလား?
😌 စိတ်ညစ်တိုင်း အကွက်တွေ ပိုဆိုးလာတယ်ဆိုတာ ဟုတ်သလား?
🧴🌿Skincare တွေ၊ သနပ်ခါးတွေကော လိမ်းလို့ရရဲ့လား?
❤️ နေ့စဉ်ဘဝမှာ ဘာတွေကို အဓိက ရှောင်ရ/ဆောင်ရမလဲ? ⚠️.. ဆိုတဲ့ မေးခွန်းတွေအားလုံးကို ဆရာမကြီးက ရှင်းရှင်းလင်းလင်း ဖြေကြားပေးထားပါတယ်။

အသိပညာမှန်ကန်ရင် ခရုသင်း၊ သမင်ဖြူရောဂါ ဟာ ကြောက်စရာမဟုတ်ပါဘူး။ ဒီ Video လေးကို အတူကြည့်ပြီး ခွန်အားတွေ ယူလိုက်ကြရအောင်နော်။ 💪



-waka

25/06/2025

"ခရုသင်း၊ သမင်ဖြူဆိုတာ ကူးစက်ရောဂါမဟုတ်ပါ" 💞

ဒီနေ့ကျရောက်တဲ့ World Vitiligo Day အထိမ်းအမှတ်အနေနဲ့ အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခမြတ်စန္ဒာကျော်ရဲ့ အသိပညာမျှဝေမှု အပိုင်း (၁) ကို တူတူနားထောင်ကြည့်ကြရအောင်။
ရောဂါရှိသူတွေအတွက် မှန်ကန်တဲ့နေထိုင်မှုပုံစံတွေ၊ ပိုမဆိုးလာအောင် ရှောင်ကြဉ်ရမယ့်အချက်တွေနဲ့ အရေးကြီးတဲ့ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးထားတာမို့ ကိုယ်တိုင်ရော၊ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေအတွက်ပါ တန်ဖိုးရှိတဲ့ အစီအစဉ်လေးတစ်ခု ဖြစ်မှာပါ။

မှန်ကန်တဲ့အသိပညာနဲ့ နားလည်မှုကို တည်ဆောက်ကြရအောင် ... 🥰



-waka

18/06/2025

Pride Month မှာ အထူးတင်ဆက်ပေးထားတဲ့ LGBTQ+ တို့အတွက် ဟော်မုန်းကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ စကားဝိုင်းအစီအစဉ်

LGBTQ+ တွေအနေနဲ့ ကျား၊ မပြောင်းလဲခံယူခြင်းက မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပေမယ့်အများစုက ကျန်းမာရေး အသိပညာနည်းပါးမှုတွေ၊ ခွဲခြားဆက်ဆံခံရမှု စတဲ့ အခက်အခဲတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအခက်အခဲတွေကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်ရဘဲ ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာစေဖို့ Z-waka နဲ့ Unichem Myanmar တို့ကနေ ပူးပေါင်းစီစဉ်တင်ဆက်တဲ့ LGBTQ+ ကျန်းမာရေးဆိုင်ရာ Panel Discussion အစီအစဉ်လေးပဲဖြစ်ပါတယ်။

ဟော်မုန်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဦးကိုကိုဦးဆောင်တဲ့ ဟော်မုန်းကျွမ်းကျင်ဆရာ၊ ဆရာမကြီးများက Makeup Artist လင်းလင်း၊ အလင်္ကာမင်းညီ တို့နဲ့အတူ ကျား၊ မပြောင်းလဲမှုခရီးစဉ်ကနေ ကျန်းမာရေးစောင့်ရှောက်မှုအထိ အရေးကြီးတဲ့အကြောင်းအရာတွေကို ဆွေးနွေးပေးထားတာမို့ နားထောင်ကြည့်လိုက်ကြရအောင်။

ယနေ့ကျရောက်သော World Blood Donor Day ကို ဂုဏ်ပြုသောအားဖြင့် Unichem Labs., Ltd. (Myanmar) မှ အနယ်နယ်အရပ်ရပ်ရှိ ဆေးရုံကြီ...
14/06/2025

ယနေ့ကျရောက်သော World Blood Donor Day ကို ဂုဏ်ပြုသောအားဖြင့် Unichem Labs., Ltd. (Myanmar) မှ အနယ်နယ်အရပ်ရပ်ရှိ ဆေးရုံကြီးများတွင် သွေးလှူဒါန်းခြင်းနှင့် အလှူငွေ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။

Unichem Myanmar မှ ငလျင်ဘေးဒဏ်သင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများန...
07/04/2025

Unichem Myanmar မှ ငလျင်ဘေးဒဏ်သင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လူထုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို အောက်ပါအတိုင်း ပဏာမအနေဖြင့် ပါဝင်လှူဒါန်းကူညီခဲ့ပါသည်။

1. Unichem Myanmar မှ တန်ဖိုးငွေကျပ် ၇၅သိန်း
2. Unichem Myanmar ဝန်ထမ်းများမှ တန်ဖိုးငွေကျပ် ၃၀သိန်း ၂သောင်း
3. ကာလတန်ဖိုး စုစုပေါင်း ၉၈သိန်း ၂သောင်းရှိသော ဆေးဝါးများ
4. ကာလတန်ဖိုး စုစုပေါင်း ၂၅သိန်းရှိသော Portable Air Purifier အလုံး (၂၀)

Unichem Myanmar မှ ငလျင်ဘေးဒဏ်သင့်ပြည်သူများအားလုံး၏ အခက်အခဲများ အမြန်ဆုံးပြေလည်ငြိမ်းချမ်းနိုင်ကြစေရန် ညှိုးငယ်သောစိတ်ထားဖြင့် မေတ္တာပို့သဆုတောင်းလျက်ရှိပါသည်။ ။

14/06/2024

📣 Unichem Laboratories Ltd. (Myanmar) celebrates World Blood Donor Day with a Bang! 🩸

Today, on this special World Blood Donor Day, our incredible Unichem family came together to spread love and support across Myanmar! ❤️



18/05/2023

အသက်ကြီးလာလေ အဖြစ်များလေဆိုတဲ့ ရောဂါထဲမှာ သွေးတိုးရောဂါပါဝင်ပါတယ်။ အမှုမဲ့အမှတ်မဲ့နေရင်း အလစ်ဝင်ရောက်လာတတ်တာမျိုးဖြစ်ပြီး နာတာရှည်ဖြစ်တတ်ပါတယ်။⚠️

မေလ ၁၇ ရက်နေ့က ကျရောက်တဲ့ World Hypertension Day (ကမ္ဘာ့သွေးတိုးရောဂါနေ့) အထိမ်းအမှတ်အနေနဲ့ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးမြင့်ဟန်က “သွေးတိုးရောဂါနဲ့ပတ်သက်တဲ့ သိကောင်းစရာ" လေးတွေကို ဗဟုသုတမျှဝေထားပါတယ်။

ဒီနေ့မှာတော့ ဒီအစီအစဉ်ရဲ့ ဒုတိယပိုင်းအဖြစ်
"အပိုင်း (၂) - သွေးတိုးရောဂါနှင့် ကျန်းမာစွာနေထိုင်ခြင်းနည်းလမ်းများ" ဆက်လက်ထုတ်လွှင့်ပေးလိုက်ပါတယ်။ 🧡

ဤအစီအစဉ်ကို z-waka နှင့် Unichem Myanmar တို့မှ ပူးပေါင်းတင်ဆက်ထားခြင်းဖြစ်ပါသည်။


17/05/2023

“အသံတိတ်လူသတ်သမား” လို့ တင်စားခေါ်ဆိုကြတဲ့ သွေးတိုးရောဂါဆိုဟာ သွေးပမာဏမြင့်မားပြီး သွေးလွှတ်ကြောနံရံတွေကို ဆန့်ကျင်တွန်းကန်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ⚠️

ဒီနေ့ မေလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ World Hypertension Day (ကမ္ဘာ့သွေးတိုးရောဂါနေ့) အထိမ်းအမှတ်အနေနဲ့ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးမြင့်ဟန်က “သွေးတိုးရောဂါ မှတ်သားစရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗဟုသုတမျှဝေထားပါတယ်။

ဒီခေါင်းစဉ်အောက်က
👉 "အပိုင်း (၁) - သွေးပေါင်ချိန်တက်တိုင်း သွေးတိုးရောဂါရှိပြီလား" ဆိုတဲ့အကြောင်းအရာကိုတော့ ဒီနေ့မှာ ထုတ်လွှင့်ပေးလိုက်ပါတယ်နော်။

မနက်ဖြန် ည ၈ နာရီအချိန်မှာလည်း
"အပိုင်း (၂) - သွေးတိုးရောဂါနှင့် ကျန်းမာစွာနေထိုင်ခြင်းနည်းလမ်းများ" အကြောင်းကို ဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ ကြည့်ရှုပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗

ဤအစီအစဉ်ကို z-waka နှင့် Unichem Myanmar တို့မှ ပူးပေါင်းတင်ဆက်ထားခြင်းဖြစ်ပါသည်။


မနက်ဖြန် မေလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် World Hypertension Day (ကမ္ဘာ့သွေးတိုးရောဂါနေ့) အထိမ်းအမှတ်အနေနဲ့ အထွေထွေရောဂါ အထူ...
16/05/2023

မနက်ဖြန် မေလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် World Hypertension Day (ကမ္ဘာ့သွေးတိုးရောဂါနေ့) အထိမ်းအမှတ်အနေနဲ့ အထွေထွေရောဂါ အထူးကုသမားတော်ကြီး (မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့ ဥက္ကဌ) ပါမောက္ခ ဦးမြင့်ဟန်က “သွေးတိုးရောဂါ မှတ်သားစရာ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ

📌အပိုင်း (၁) - သွေးပေါင်ချိန်တက်တိုင်း သွေးတိုးရောဂါရှိပြီလား
📌အပိုင်း (၂) - သွေးတိုးရောဂါနှင့် ကျန်းမာစွာနေထိုင်ခြင်းနည်းလမ်းများ

စတဲ့ အကြောင်းအရာတွေကို ဗဟုသုတမျှဝေပေးသွားဖို့ရှိပါတယ်။

ဒီအစီအစဉ်ကို မနက်ဖြန် မေလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ z-waka Healthcare Platform နဲ့ ပူးပေါင်းပြီးတော့ Unichem Myanmar page ကနေ ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်တဲ့အကြောင်း ကြိုတင်သတင်းကောင်းပါးလိုက်ပါတယ်။


🚨 သွေးတိုးရောဂါ 🚨
16/12/2022

🚨 သွေးတိုးရောဂါ 🚨

နောက် ဆက် တွဲ တွေ ကာ ကွယ် စ ရာ
ထိ ရောက် ကု သ သွေး တိုး ရော ဂါ

▪️ ဆေး ကြော် ငြာ လို့ ထင် မ လား ဘဲ။ တ ကယ် က သောက် နေ တဲ့ ဆေး မို့ မျှ ဝေ တာ သာ ဖြစ် ပါ တယ်။ Telmisartan ဆို တဲ့ ဆေး ပါ။ ARB အုပ် စု ဆေး တစ် မျိုး ဖြစ် ပါ တယ်။ တစ် နေ့ တစ် ကြိမ် ပဲ သောက် ရ တယ်။ Telsar 20 ကို စ သောက် ခဲ့ ပြီး ပို ထိ ရောက် တာ က Telsar 40 နဲ့ ဖြစ် ပါ တယ်။
▪️ ကျောက် ကပ် အ ခြေ အ နေ နဲ့ သွေး တွင်း ပို တက် စီ ယမ် ဓာတ် ကို စစ် ဆေး ပြီး မှ သောက် သင့် ပါ တယ်။ ဆ ရာ ဝန် ညွှန် ကြား ချက် အ ရ သာ ဝယ် သင့် သောက် သုံး သင့် တဲ့ ဆေး ဖြစ် ပါ တယ်။
▪️ သွေး တိုး ရော ဂါ ကို ထိ ရောက် စွာ ကု သ ထား နိုင် မှ နောက် ဆက် တွဲ ဖြစ် လာ တတ် တဲ့ အောက် ပါ ရော ဂါ များ ကို ဟန့် တား နိုင် မှာ ဖြစ် လို့ နေ့ စဉ် သောက် ပြီး အ စဉ် ထိန်း ညှိ နေ ဖို့ လို ပါ တယ်။

▪️ သွေး တိုး ရဲ့ လာ လ တ္တံ သော မိတ် ဆွေ ရော ဂါ များ

၁။ ဦး နှောက် သွေး ကြော ပိတ် ခြင်း ၊ ပေါက် ခြင်း ကြောင့် ဖြစ် သော လေ ဖြတ် လေ ငန်း ရော ဂါ များ
၂။ မျက် စိ သွေး ကြော များ ထိ ခိုက် ခြင်း ကြောင့် ဖြစ် တတ် သော အ မြင် အာ ရုံ ထိ ခိုက် ခြင်း များ
၃။ နှ လုံး သွေး ကြော ကျဉ်း ခြင်း ၊ နှ လုံး သွေး ကြော ပိတ် ခြင်း နှင့် နှ လုံး လုပ် ဆောင် မှု အား နည်း သည့် ရော ဂါ များ
၄။ ကျောက် ကပ် အ လုပ် လုပ် ဆောင် မှု အား နည်း ခြင်း နှင့် သွေး အား နည်း ရော ဂါ

▪️ ဒါ့ ကြောင့် အ ထက် ပါ ရော ဂါ များ ကို ထိ ရောက် စွာ ကာ ကွယ် ဖို့ ၊ သွေး ကျ ဆေး ကို ပုံ မှန် သောက် ပါ လို့ တိုက် တွန်း လိုက် ရ ပါ တယ်။

▪️ သိ လို သည် များ မေး မြန်း နိုင် ကြ ပါ တယ်။


#သွေးကျဆေး
#သွေးတိုး
#သွေးတိုးရောဂါ

Address

458, B2/A Dhammazedi Road
Naypyidaw
11201

Alerts

Be the first to know and let us send you an email when Unichem Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Unichem Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram