The Mirror Hospital

The Mirror Hospital A 24 Hour Medical Service to help you and your family for your health.

မြန်မာပြည်သူပြည်သားအားလုံးအတွက် အေးချမ်းသာယာသော မဟာသင်္ကြန် အချိန်အခါဖြစ်ပါစေကြောင်း ကြေးမုံဆေးရုံမိသားစုမှ ဆုတောင်းမေတ္...
14/04/2025

မြန်မာပြည်သူပြည်သားအားလုံးအတွက် အေးချမ်းသာယာသော မဟာသင်္ကြန် အချိန်အခါဖြစ်ပါစေကြောင်း ကြေးမုံဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ခင်ဗျာ။

“Use Heart, Know Heart”“နေ့စဉ်အသုံးပြုရာ သင့်နှလုံးသားကို ပိုမိုသိရှိနားလည်ပါ”World Heart Day 29th September 2023   #နေပ...
29/09/2023

“Use Heart, Know Heart”

“နေ့စဉ်အသုံးပြုရာ သင့်နှလုံးသားကို ပိုမိုသိရှိနားလည်ပါ”

World Heart Day 29th September 2023





#နေပြည်တော်

#ကြေးမုံဆေးရုံ

ဝမ်းချုပ်ခြင်း ဝေဒနာနေ့စဉ် ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေရန် ဝမ်းချုပ်စေတတ်သောအစားအစာများ (ဥပမာ ဆီကြော်...
20/09/2023

ဝမ်းချုပ်ခြင်း ဝေဒနာ

နေ့စဉ် ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေရန် ဝမ်းချုပ်စေတတ်သောအစားအစာများ (ဥပမာ ဆီကြော်စာ အကင်) ကို လျှော့၍စားသုံးပါ။

သောက်ရေကို အနည်းဆုံး ရေသန့်ဘူး ၂ ဘူးခန့် ပုံမှန်သောက်ပေးပါ။

မိမိနှင့် သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို နေ့စဉ် ၁၅ မိနစ် ၊ မိနစ် ၃၀ ခန့် ပြုလုပ်ပေးပါ။

အမျှင်ဓါတ်များများပါဝင်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို များများစားသုံးပေးပါ။

မနက်တိုင်း ပုံမှန် အိမ်သာတွင် အကျင့်လုပ်၍ ဝမ်းသွားသင့်ပါသည်။

ဝမ်းချုပ်ခြင်းကြောင့် ဝမ်းနှုတ်ဆေး ကြာရှည်စွာ သုံးစွဲခြင်းကို ရှောင်ကျဉ်ပါ။

ကြာရှည်စွာဝမ်းချုပ်ခြင်းခံစားနေရပါက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေး၍ လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်၍ သင့်လျော်သောကုသမှုများကို ခံယူသင့်ပါသည်။

ကြေးမုံဆေးရုံ တည်နေရာ ….
အမှတ် (၂၂၁၂) ၊ဝေဒလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

#နေပြည်တော်
#ကြေးမုံဆေးရုံ

တစ်နေ့တာအတွက် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရန် စိတ်ကျန်းမာရေးသည် ပဓာန အကျဆုံးဖြစ်ပါသည်။ စိတ်ကျန်းမာရေနှင့်ပြည့်စုံစေရ...
14/09/2023

တစ်နေ့တာအတွက် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရန် စိတ်ကျန်းမာရေးသည် ပဓာန အကျဆုံးဖြစ်ပါသည်။

စိတ်ကျန်းမာရေနှင့်ပြည့်စုံစေရန် နေ့ဒဓူဝစိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချပါ။

ကိုယ်လက်လှုပ်ရှားမှု နှင့် အားကစားလေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပေးပါ။

အစာအာဟာရ မျှတစွာစားသုံးပါ။

ညစဉ်အချိန်မှန် အိပ်ပျော်အောင်အိပ်စက်အနားယူပါ။

ယခုကဲ့သို့ နေ့စဉ်ရိုးရှင်းသော အခြေခံအချက်အလက်များကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာသောလူမှုဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါသည်။

“World First Aid Day” ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့  ရှေးဦးသူနာပြုစုခြင်းအတတ်ပညာဖြင့် အများပြည်သူတို့၏ ကျန်းမာရေးကို ကယ်တင်စ...
08/09/2023

“World First Aid Day” ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့

ရှေးဦးသူနာပြုစုခြင်းအတတ်ပညာဖြင့် အများပြည်သူတို့၏ ကျန်းမာရေးကို ကယ်တင်စောင့်ရှောက် အကျိုးပြုပေးနေသူများအားလုံးကို လေးစားစွာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ခင်ဗျာ။

#နေပြည်တော်

#ကြေးမုံဆေးရုံ

ထိခိုက်ဒဏ်ရာနှင့် အရေးပေါ်လူနာများအတွက် နေပြည်တော်ရှိ ကြေးမုံဆေးရုံကြီးတွင်၂၄ နာရီ ပိတ်ရက်မရှိ အခြေခံကျန်းမာရေးဝန်ဆောင်မ...
07/09/2023

ထိခိုက်ဒဏ်ရာနှင့် အရေးပေါ်လူနာများအတွက် နေပြည်တော်ရှိ ကြေးမုံဆေးရုံကြီးတွင်၂၄ နာရီ ပိတ်ရက်မရှိ အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။

Hotline -067- 8100250 , 067- 8100260 , 09 440991033
ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကြေးမုံဆေးရုံ တည်နေရာ ….
အမှတ် (၂၂၁၂) ၊ဝေဒလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

#နေပြည်တော်
#ကြေးမုံဆေးရုံ

နာတာရှည် အစာအိမ်ရောင်ရောဂါ၊ အစာအိမ်နာရောဂါများခံစားနေရခြင်း၊ အသက် ၅၀ကျော် လူကြီးမိဘများတွင် နာတာရှည် အစာမကြေခြင်း၊ အစာမျ...
24/08/2023

နာတာရှည် အစာအိမ်ရောင်ရောဂါ၊ အစာအိမ်နာရောဂါများခံစားနေရခြင်း၊ အသက် ၅၀ကျော် လူကြီးမိဘများတွင် နာတာရှည် အစာမကြေခြင်း၊ အစာမျိုခက်သောဝေဒနာများခံစားနေရခြင်း၊ သွေးနှင့် အကျိအချွဲဝမ်းသွားခြင်း၊ ဝမ်းသွားရခက်ခြင်း၊ စသည့်ရောဂါဝေဒနာများခံစားနေရပါက အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးနှင့် တိုင်ပင်ဆွေးနွေး၍ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှု့စစ်ဆေးခြင်းကို ပြုလုပ်စစ်ဆေးသင့်ပါသည်။

အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှု့စစ်ဆေးခြင်းဖြင့် အစာမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်အပေါ်ပိုင်းတစ်လျှောက်ရောဂါများ၊
စအိုအိမ်နှင့် အူမကြီးတစ်လျှောက်ရှိရောဂါများကို ရှာဖွေစစ်ဆေးနိုင်ပါသည်။

အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊
အစာရေမျိုပြွန်နှင့် အစာအိမ် အလုံးအကျိတ်နှင့် ကင်ဆာရောဂါများ၊
စအိုအိမ်၊ အူမကြီးလမ်းကြောင်းနှင့် အူမကြီးအလုံးအကျိတ်နှင့် ကင်ဆာရောဂါများစသည့် ရောဂါဝေဒနာများကို စောလျင်စွာရှာဖွေစစ်ဆေး၍ မှန်ကန်ပြည့်စုံသော ကုသမှုများကို ခံယူနိုင်မည်ဖြစ်ပါသည်။

Hotline -067- 8100250 , 067- 8100260 , 09 440991033
ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကြေးမုံဆေးရုံ တည်နေရာ ….
အမှတ် (၂၂၁၂) ၊ဝေဒလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

#နေပြည်တော်
#ကြေးမုံဆေးရုံ

ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်းကျဉ်း၍ ဆီးသွားရခက်ခြင်း၊ ဆီးကျိတ်က...
15/08/2023

ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်းကျဉ်း၍ ဆီးသွားရခက်ခြင်း၊ ဆီးကျိတ်ကြီးခြင်း အစရှိသော ရောဂါဝေဒနာများ ခံစားရပါက ဆီးနှင့် ကျောက်ကပ်အထူးကုဆရာဝန်ကြီးများနှင့် ကြေးမုံဆေးရုံတွင် တိုင်ပင်ဆွေးနွေး၍ နောက်ဆုံးပေါ် ဆီးလမ်းကြောင်းမှန်ပြောင်းသုံးစက်ကြီးများဖြင့် ကုသမှုခံယူနိုင်ပါသည်။

ဆီးကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းဝေဒနာများ ခံစားနေရပါက ဂျာမနီနိုင်ငံထုတ် အဆင့်မြင့်နောက်ဆုံးပေါ် လေဆာနည်းပညာသုံးကျောက်ချေစက်ဖြင့် ဆီးလမ်းကြောင်းရှိ ကျောက်အမျိုးမျိုးကိုလည်း ချေဖျက်နိုင်ပါသည်။

အသေးစိတ်အချက်လက်များသိလိုပါက ….. Hotline -067- 8100250 , 067- 8100260 , 09 440991033
သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကြေးမုံဆေးရုံ တည်နေရာ ….
အမှတ် (၂၂၁၂) ၊ဝေဒလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

#နေပြည်တော်

#ကြေးမုံဆေးရုံ

နေပြည်တော်ရှိ ကြေးမုံဆေးရုံတွင် အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း သွေးနှင့် ဓာတ်မှန်အဖြေ ရောဂါရှာဖွေစစ်ဆေးပေးခြင်းအထွေထွေခ...
07/08/2023

နေပြည်တော်ရှိ ကြေးမုံဆေးရုံတွင်

အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း
သွေးနှင့် ဓာတ်မှန်အဖြေ ရောဂါရှာဖွေစစ်ဆေးပေးခြင်း
အထွေထွေခွဲစိတ်နှင့် အရိုးခွဲစိတ်မှုများကို ခွဲစိတ်ကုသမှုပေးခြင်း
ကင်ဆာရောဂါနှင့် ပတ်သက်သောရောဂါများရှာဖွေကုသမှုပေးခြင်း
အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကုသမှုပေးခြင်း စသည့်ကျန်းမာရေးစစ်ဆေးမှုများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Hotline -067- 8100250 , 067- 8100260 , 09 440991033
သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကြေးမုံဆေးရုံ တည်နေရာ ….
အမှတ် (၂၂၁၂) ၊ဝေဒလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

#နေပြည်တော်

#ကြေးမုံဆေးရုံ

ဝါဆိုလပြည့် ဗုဒ္ဓနေ့ မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့  The Mirror Hospital ကြေးမုံဆေးရုံ...
31/07/2023

ဝါဆိုလပြည့် ဗုဒ္ဓနေ့ မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ The Mirror Hospital ကြေးမုံဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်

ကြေးမုံဆေးရုံ တည်နေရာ ….
အမှတ် (၂၂၁၂) ၊ဝေဒလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

067- 8100250 , 067- 8100260 , 09 440991033

#နေပြည်တော်
#ကြေးမုံဆေးရုံ

ရင်သားဓါတ်မှန်ရိုက်ကူးခြင်း အမျိုးသမီးများတွင် အဖြစ်များသော ရင်သားကင်ဆာရောဂါသည် ရောဂါနုငယ်စဉ်တွင် စောလျင်စွာ ကြိုတင်သိရှ...
28/07/2023

ရင်သားဓါတ်မှန်ရိုက်ကူးခြင်း

အမျိုးသမီးများတွင် အဖြစ်များသော ရင်သားကင်ဆာရောဂါသည် ရောဂါနုငယ်စဉ်တွင် စောလျင်စွာ ကြိုတင်သိရှိနိုင်သောရောဂါဖြစ်ပါသည်။

စောလျင်စွာ ကြိုတင်သိရှိပါက ကြိုတင်ကာကွယ်ကုသမှုစောစီးစွာခံယူ၍ ကာကွယ်ကုသနိုင်ပါသည်။

အမျိုးသမီးများအနေဖြင့် မိမိ၏ရင်သားကို လစဉ်လတိုင်း မိမိကိုယ်တိုင် သတိထားပြီး ကိုင်တွယ်စမ်းသပ်ကြည့်နိုင်ပါသည်။

ထိုသို့အလေ့အကျင့် ပြုလုပ်ခြင်းဖြင့် မိမိရင်သား၏ပုံမှန်အနေထားနှင့်ရင်းနှီးနေစေပြီး သံသယဖြစ်ဖွယ်အပြောင်းအလဲတစ်စုံတစ်ရာရှိလာပါက သတိပြုမိနိုင်မှာဖြစ်ပါသည်။

မိမိ၏ မိဘမျိုးရိုးတွင် ရင်သားကင်ဆာဖြစ်ပွါးဖူးသူရှိပါက ပိုမိုဂရုစိုက်သင့်ပါသည်။

အမျိုးသမီးများအနေဖြင့် အသက် ၄၀ ကျော်ပါက ကျွမ်းကျင်သော ခွဲစိတ်အထူးကုဆရာဝန်နှင့်တိုင်ပင်ပြီး Mammography ရင်သားဓါတ်မှန်ရိုက်ကူးခြင်းဖြင့် ကြိုတင်စစ်ဆေးနိုင်ပါသည်။

Mammography နည်းစနစ်ဖြင့် ရင်သားအတွင်းရှိ အလုံး ၊ အကျိတ်များ ရှိ မရှိ၊ ရင်သားကင်ဆာဖြစ်ပွါးနိုင်ချေ ရှိ မရှိ စသည်တို့ကို ကြိုတင်စစ်ဆေးစမ်းသပ်နိုင်ပါသည်။

အသေးစိတ်အချက်အလက်နှင့် ရင်သားဓါတ်မှန်ရိုက်ကူးစစ်ဆေးခြင်း ပြုလုပ်လိုပါက Hotline -067- 8100250 , 067- 8100260 , 09 440991033
ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကြေးမုံဆေးရုံ တည်နေရာ ….
အမှတ် (၂၂၁၂) ၊ဝေဒလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

#နေပြည်တော်
#ကြေးမုံဆေးရုံ

ကွမ်းစားခြင်းဖြင့် ကွမ်းထဲတွင်ပါဝင်သော ဆေးများ၊ ထုံးများကြောင့်လူ့ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။တစ်ရက်တည်း တစ...
21/07/2023

ကွမ်းစားခြင်းဖြင့် ကွမ်းထဲတွင်ပါဝင်သော ဆေးများ၊ ထုံးများကြောင့်လူ့ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။

တစ်ရက်တည်း တစ်နှစ်တည်း ဖြင့် ရောဂါချက်ချင်းမခံစားရသော်လည်း ရက်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ အချိန်ကြာမြင့်လာမှ စတင်ခံစားလာရမှာဖြစ်ပါသည်။

အသက်အရွယ်ကြီးမြင့်လာချိန်တွင် အကျိုးဆက် ဆိုးကျိုးများစွာကို ခံစားရတတ်ပါသည်။

ထို့အပြင် သွားပိုးစားခြင်း၊ ကွမ်းဂျိုးများ စုပုံလာခြင်းကြောင့် သွားကျောက်များဖြစ်လာခြင်း၊ သွားများယိုင်နဲ့လာပြီး ရေစီးကမ်းပြိုဖြစ်ခြင်း၊ သွားများနီရဲဝါလာခြင်းအစရှိသည့် သွားနှင့်ခံတွင်းဆိုင်ရာဝေဒနာများဖြစ်ပေါ်လာတတ်ပါသည်။

သွားနှင့်ခံတွင်းကင်ဆာရောဂါဆိုင်ရာ သုတေသနပြုချက်များအရ ကွမ်းစားခြင်းကြောင့် ခံတွင်းကင်ဆာဖြစ်ပွါးနိုင်ချေ မြင့်မားလာနိုင်ပါသည်။

ထို့ကြောင့် သွားနှင့်ခံတွင်းရောဂါများ၊ သွားနှင့်ခံတွင်းကင်ဆာရောဂါကို ကာကွယ်ရန် ကွမ်းစားခြင်းအလေ့အကျင့်ကို ပယ်ဖျက်ရန်၊ သွားကျန်းမာရေးကို အလေးထားဂရုပြုရန် တိုက်တွန်းအကြံပြုအပ်ပါသည်ခင်ဗျာ။

#နေပြည်တော်

#ကြေးမုံဆေးရုံ

Address

2212, Waida Street, Dekhina Thiri
Naypyidaw
15011

Telephone

+95678100250

Website

Alerts

Be the first to know and let us send you an email when The Mirror Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The Mirror Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category