14/11/2025
ကျောက်ကပ်ကျောက်တည်တာ ဒါမှမဟုတ် ဆီးလမ်းကြောင်းမှာ အနယ်အနှစ်တွေရှိလို့ ဆီးသွားရတာ ခက်ခဲနေသူတွေအတွက် ရှေးပဝေသဏီကတည်းက လက်ဆင့်ကမ်းလာတဲ့ သဘာဝဆေးနည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ လွယ်ကူရိုးရှင်းပြီး အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ အုန်းရည်နဲ့ ကျောက်ချဥ်ကို ရောစပ်သောက်သုံးတဲ့ နည်းလမ်းပါ။
ပါဝင်ပစ္စည်းများ
အုန်းသီးနုနု တစ်လုံး
လက်သန်းအရွယ် ကျောက်ချဥ် (ညက်အောင်ထောင်းထားပါ)
ပြုလုပ်နည်းအဆင့်ဆင့်အုန်းသီးကို အဖုံးဖွင့်ပြီး အထဲက အုန်းရည်ကို ဖိတ်မသွားစေဘဲ အလုံးလိုက်အတိုင်း ထားပါ။
ညက်အောင်ထောင်းထားတဲ့ ကျောက်ချဥ်မှုန့်ကို အုန်းရည်ထဲကို ထည့်ပါ။
အုန်းသီးအလုံးလိုက်ကို မီးဖိုပေါ်မှာ မီးအေးအေးနဲ့ တင်ပြီး ကျောက်ချဥ်တွေ အုန်းရည်နဲ့ သေချာပျော်ဝင်သွားအောင် အပူပေးပါ။
ကျောက်ချဥ်များ ပျော်ဝင်သွားပါက မီးပိတ်ပြီး အအေးခံပါ။
အေးသွားတဲ့အခါ အဖုံးဖွင့်ကာ တစ်လုံးလုံးကို သောက်သုံးနိုင်ပါတယ်။
သောက်သုံးပုံတစ်နေ့ကို အုန်းသီးတစ်လုံးနှုန်းနဲ့ ဆက်တိုက် ၃ ရက် သောက်သုံးပေးပါ။
ဒီနည်းလမ်းက ဆီးလမ်းကြောင်းအတွင်းက ကျောက်တည်ခြင်းနဲ့ အနယ်အနှစ်တွေကို ပျော်ဝင်စေပြီး ဆီးသွားရတာကို လွယ်ကူချောမွေ့စေတယ်လို့ ရှေးလူကြီးတွေက ယုံကြည်ကြပါတယ်။