Intellect Health Resources - IHR

  • Home
  • Intellect Health Resources - IHR

Intellect Health Resources - IHR MEDICAL SERVICES Healthcare Service

😴 အိပ်ပျော်ရန်ခက်ခဲနေလား အိပ်နေချိန်တွင်း အသက်ရှူခနတဖြုတ်တိတ်သွားခြင်းများဖြစ်ဖူးပါသလား?နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်း...
19/04/2026

😴 အိပ်ပျော်ရန်ခက်ခဲနေလား အိပ်နေချိန်တွင်း အသက်ရှူခနတဖြုတ်တိတ်သွားခြင်းများဖြစ်ဖူးပါသလား?

နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ သို့ပေမဲ့ အချို့သူတွေမှာတွင် သတိမထားပဲ အိပ်နေချိန်အတွင်း ပြဿနာများဖြစ်ပေါ်နေနိုင်ပါတယ်!
🛏️ Sleep Test (Polysomnography) ဆိုတာဘာလဲ?
အိပ်စက်နေစဉ်အတွင်း သင့်ရဲ့ အသက်ရှူမှု၊ နှလုံးခုန်နှုန်း၊ ဦးနှောက်လှုပ်ရှားမှု၊ အောက်စီဂျင်အဆင့် စတာတွေကို စနစ်တကျ စစ်ဆေးပြီး
👉 အိပ်စက်ဆိုင်ရာရောဂါများကို တိကျစွာ ရှာဖွေနိုင်တဲ့ စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။

⚠️ အောက်ပါလက္ခဏာတွေရှိရင် စစ်ဆေးသင့်ပါတယ်
✔️ အိပ်မပျော်ခြင်း
✔️ အိပ်နေချိန် အသက်ရှရပ်ခြင်း (Sleep Apnea)
✔️ ဟောက်(Snoring)ခြင်း
✔️ မနက်နိုးချိန် မလန်းဆန်းခြင်း
✔️ နေ့ဘက်တွင် မကြာခဏ မောပန်းခြင်းတို့ဖြစ်သည်

💡 ဘာကြောင့် စစ်ဆေးသင့်သလဲ?
အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများကို မကုသဘဲထားမယ်ဆိုရင်
➡️ နှလုံးရောဂါ
➡️ သွေးပေါင်မြင့်ခြင်း
➡️ နာတာရှည်မောပန်းမှုတို့ကို ဖြစ်စေနိုင်ပါတယ်။

🏥 Sleep Test Package တွင် ပါဝင်မှုများမှာ
✔️ တစ်ညတာ ဆေးရုံတည်းခိုခွင့်
✔️ အစားအသောက် ၂ ကြိမ်
✔️ အိပ်စက်စမ်းသပ်ရာတွင် အသုံးပြုသော ဆေးဝါးများ
✔️ သူနာပြုနှင့် ဆေးရုံဝန်ဆောင်မှုများ စသည်တို့ဖြစ်ပါသည်
📅 Package Validity – ယနေ့မှ ၂၀၂၇ ခုနှစ် ဧပြီလ ၁ ရက်နေ့အထိသာ

Bangkok ရှိ Phyathai Hospital တွင် Sleep Test (Polysomnography) အားပြုလုပ်ရန် ကျွန်မတို့ရဲ့ Intellect Health Resources ( IHR ) ရဲ့ messenger မှတစ်ဆင့် ဆက်သွယ်လိုက်တာနဲ့ ကျွန်မ IHR team မှ အခမဲ့ ကူညီဆောင်ရွက်ပေးသွားမှာဘဲ ဖြစ်ပါတယ်ရှင့် …

17/04/2026

နှစ်သစ်မှာ မိတ်ဆွေများအားလုံး ဘေးဘယကင်းရှင်းပြီး စိတ်သစ် လူသစ် အင်အားသစ်များဖြင့် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ကျွန်မတို့ IHR မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယိရှင့်….

မိတ်ဆွေများရဲ့ ကျန်းမာရေးအတွက် ဘန်ကောက်မှဆေးမှာခြင်းများကို IHR မှတစ်ဆင့် မှာပေးခြင်း ၊ Bangkok တွင် ဆေးခန်းပြလိုသော မိတ်ဆွေများကိုလဲ IHR မှ အခမဲ့ ကူညီ စီစဉ်ခြင်းများကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင့်….

မိသားစုများ အားလုံး ကျန်းမာရွှင်လန်းသော နှစ်သစ်လေးဖြစ်ပါစေရှင့် …

မြန်မာ နှစ်သစ်ကူး အခါသမယမှာ 。。。。。ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး ဘေးဘယာတွေ ကင်းဝေးကြပါစေ။လုပ်ငန်းဆောင်တာများ ဒီ...
12/04/2026

မြန်မာ နှစ်သစ်ကူး အခါသမယမှာ 。。。。。

ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး ဘေးဘယာတွေ ကင်းဝေးကြပါစေ။

လုပ်ငန်းဆောင်တာများ ဒီရေအလား တိုးတက်ကြီးပွါးကြပါစေရှင်။

Migraine(သို့)ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ သွေးခုန်နှုန်းနဲ့အညီ စည်းချက်မှန်မှန် ထိုးသလို ပြင်းထန်စွာ ကိုက်တတ်ပြီး နားထင်၊...
10/04/2026

Migraine(သို့)ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ သွေးခုန်နှုန်းနဲ့အညီ စည်းချက်မှန်မှန် ထိုးသလို ပြင်းထန်စွာ ကိုက်တတ်ပြီး နားထင်၊ နဖူး၊ နောက်စေ့ စတဲ့နေရာတွေမှာ ကွက်ပြီးလည်း ကိုက်နိုင်ပါတယ်။
- အချိန်အားဖြင့် (၄)နာရီ မှ (၇၂)နာရီထိ ကြာအောင် ခံစားရနိုင်ပါတယ်။
- မကြာခဏလည်း ပြန်ပြန်ဖြစ်တတ်ပါတယ်။
- မျိုးရိုးလည်းလိုက်ပါတယ်။
- အရွယ်မရွေးဖြစ်နိုင်သော်လည်း အသက်(၃၀)ခန့်မှာ အဖြစ်အများဆုံးပါ။
- အမျိုးသမီးက အမျိုးသားထက် ဖြစ်နိုင်ချေ(၃)ဆ ပိုမြင့်ပါတယ်။

ခေါင်းတွင်းသွေးကြောများဖောင်းလာလို့ ရောင်ရမ်းနာကျင်စေပြီး အာရုံကြောစနစ် (Sympathetic Nervous System) ကိုထိခိုက်စေတတ်ပါတယ်။
- ခေါင်းကိုက်ခြင်းအပြင်
- အမြင်/အကြားအာရုံများ ဝေဝါးခြင်း၊ စူးရှခြင်း
- အလင်း နှင့် ဆူညံသံများ မခံနိုင်ခြင်း
- မျက်နှာဖြူဖျော့ခြင်း
- ပျို့ချင်၊ အန်ချင်
- ဝမ်းသွားချင်ခြင်း
- ခြေလက်များအေးစက်ခြင်း စတာတွေပါ တွဲ၍ ဖြစ်တတ်ပါသေးတယ်။

📌 Migraine မဖြစ်ခင် ရက်ပိုင်းအလိုမှာ ရှေ့ပြေးအနေနဲ့
- အားနည်းသလို စဖြစ်ပြီး
- စိတ်တို၊ စိတ်ကျတာ
- မကြာခဏသန်းတာ
- အိပ်မပျော်တာ
- မျက်နှာနဲ့ခန္ဓာကိုယ်တစ်ခြမ်း ထုံကျဉ်တာ
- အချိုအငံများများစားချင်လာတာ၊ ရေငတ်တာမျိုးတွေ အရင် ဖြစ်တတ်ပါတယ်။

📌 Migraine ကို ပိုဆိုးစေတတ်တဲ့ အရာတွေက
- အမျိုးသမီးများ ရာသီမလာမီ နှင့် လာပြီးခါစရက်များ
- သန္ဓေတားဆေး၊ ဟော်မုန်းအစားထိုးကုသဆေးများ သုံးစွဲနေရစဉ်
- ကိုယ်ဝန်ဆောင်ချိန် နှင့် သွေးဆုံးချိန်များ
- နေရောင်၊ အလင်းရောင်စူးစူးများ
- အသံကျယ်ကျယ်
- အနံ့ပြင်းပြင်းများ
- အိပ်ရေးမဝခြင်း၊ အအိပ်လွန်ခြင်း
- စိတ်ဖိစီးမှု
- ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုများ
- ရာသီဥတု နှင့် လေဖိအားပြောင်းလဲခြင်းများ စတာတွေ ဖြစ်ပါတယ်။

ဦးနှောက်နှင့် အာရုံကြောရောဂါအမျိုးမျိုးအား Bangkok ရှိ ဦးနှောက်နှင့်အာရုံကြော အထူးကုသမားတော်များနှင့်ပြသလိုပါက ကျွန်မတို့ရဲ့ Intellect Health Resources ( IHR ) မှ တစ်ဆင့်အခမဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်ရှင့်…

Contact - via messenger
Phone -09940004884
Viber -09785411490

မိမိတို့ရဲ့ သားသားမီးမီးလေးတွေ ခဏခဏနေမကောင်းဖြစ်ခြင်း၊ နာမကျန်းဖြစ်ခြင်း တို့ကြောင့်သားသားမီးမီးတို့အား ဘန်ကောက်ရှိ Inte...
05/04/2026

မိမိတို့ရဲ့ သားသားမီးမီးလေးတွေ ခဏခဏနေမကောင်းဖြစ်ခြင်း၊ နာမကျန်းဖြစ်ခြင်း တို့ကြောင့်
သားသားမီးမီးတို့အား ဘန်ကောက်ရှိ International Hospital တွေမှာလဲပြချင်တယ် ချက်ချင်းလဲ သွားပြရန် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေသေးတဲ့ဖေဖေမေမေတို့အတွက်…

🏠 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆစ်မီတဝေ့ ကလေးဆေးရုံမှ ကလေးအထူးကု ဆရာဝန်ကြီးများနှင့် အိမ်ကနေ Video Call ဖြင့် လွယ်ကူစွာ တိုင်ပင်ဆွေးနွေးနိုင်ရန် ကျွန်မတို့ Intellect Health Resources ( IHR ) မှတစ်ဆင့် အခမဲ့ ကူညီဆောင်ရွက်ပေးနေပါပြီရှင့် ။

Contact - via messenger
Phone -09940004884
Viber -09785411490

ဘာအကြောင်းရင်းမှမရှိဘဲ မောပန်းနွမ်းနယ်နေပါသလား? ဒါဟာ အိပ်ရေးပျက်ရုံတင်မကဘဲ အခြားသောအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပ...
02/04/2026

ဘာအကြောင်းရင်းမှမရှိဘဲ မောပန်းနွမ်းနယ်နေပါသလား? ဒါဟာ အိပ်ရေးပျက်ရုံတင်မကဘဲ အခြားသောအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

☑️အလွန်အမင်း မောပန်းခြင်း၊ ခေါင်းမူးခြင်းနှင့် အသားအရည်ဖြူဖျော့ခြင်းတို့ဟာ သွေးအားနည်းရောဂါ (Anemia) သို့မဟုတ် သာလာစီးမီးယား (Thalassemia) သွေးရောဂါတို့ရဲ့ လက္ခဏာရပ်တွေ ဖြစ်နိုင်ပါတယ်။

သင့်ကျန်းမာရေးကို စနစ်တကျ စောင့်ရှောက်နိုင်ဖို့အတွက် Phyathai ဆေးရုံ ရဲ့ သွေးအားနည်းရောဂါနှင့် သာလာစီးမီးယားရောဂါ စစ်ဆေးမှုအစီအစဉ် (Anemia and Thalassemia Risk Screening Program) နဲ့ ဒီနေ့ပဲ စစ်ဆေးမှုခံယူလိုက်ပါ။

အောက်ပါအချက်များနှင့် ကိုက်ညီပါက စစ်ဆေးမှုခံယူရန် လိုအပ်ပါသည် -
ရာသီသွေးဆင်းများသူ သို့မဟုတ် ကိုယ်ဝန်ဆောင်မိခင်များ။

💰 Starting at only 3,000.- (Includes doctor’s and hospital fees!)
📍 Valid for both Thai and foreign nationals.

ထိုင်းနိုင်ငံရှိ Phyathai hospital တွင်ဆေးစစ်ခြင်း ၊ ကုသမှုပြုလုပ်ခြင်းများပြုလုပ်ရန် ကျွန်မတို့ရဲ့ Intellect Health Resources ( IHR ) မှတစ်ဆင့် အခမဲ့ ဆက်သွယ်နိုင်ပါတယ်ရှင့် ။

Contact - via messenger
Phone -09940004884
Viber -09785411490

မကြာမီ မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ ပိတ်ရက်ရှည်ရောက်ရှိတော့မှာဖြစ်ပါတယ် 💦💦💦သင်္ကြန်ပိတ်ရက်ရှည်မှာ Bangkok ကို ခရီးသွားရင...
29/03/2026

မကြာမီ မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ ပိတ်ရက်ရှည်ရောက်ရှိတော့မှာဖြစ်ပါတယ် 💦💦💦

သင်္ကြန်ပိတ်ရက်ရှည်မှာ Bangkok ကို ခရီးသွားရင်း အလှအပစိတ်ဝင်စားတဲ့ ကိုကို မမတို့အတွက် Samitivej Hospital Bangkok မှ သင်္ကြန်အထူး Promotion လေးလာပါပြီရှင့် ..

🎊 အတာသင်္ကြန် အထူးပရိုမိုးရှင်း 🎊

💚 နုပျိုလှပခြင်းများကို
တစ်နေရာတည်းမှာ ရယူလိုက်ပါ

✨ အလှအပရေးရာ နှင့် ပလက်စတစ်ဆာဂျရီ
ပရိုဂရမ်များကို အထူးပရိုမိုးရှင်းဈေးနှုန်းများဖြင့် ရရှိနိုင်ပါတယ်

💫 မျက်နှာလေး Glow ပြီးလှနေဖို့
Ulthera၊ Botox၊ Pico Laser၊ IV Vitamin Drip

🌿 Natural look + Professional Care
မျက်အိတ်ဖောင်းခွဲစိတ်ဖယ်ရှားခြင်း၊ မျက်ရစ်ခွဲစိတ်ပြုပြင်ခြင်း၊ နှာခေါင်းပြုပြင်ခြင်း၊ Face and Neck Lift မျက်နှာ နဲ့ လည်ပင်း တင်းရင်းစေရန် ခွဲစိတ်ပြုပြင်ခြင်း

📅 ပရိုမိုးရှင်းကာလ ယနေ့မှစ၍ ဧပြီလ ၃၀၊ ၂၀၂၆ အထိ
✅ ဝန်ဆောင်မှုရယူရန်အတွက် ကျွန်မတို့ Intellect Health Resources ( IHR ) မှတစ်ဆင့်အခမဲ့ ဆက်သွယ်ပြီး ဝန်ဆောင်မှုပေးဖို့ အသင့်ရှိပါတယ်ရှင့် ❣️❣️

Contact- via messenger

Phone -09940004884
Viber -09785411490

IHR မှ အရည်အသွေးမြင့် ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းများကို ပံ့ပိုးပေးနေပါတယ်နော်။BKK တိုက်ရိုက် ဆေးဝါးများကို ယုံကြည် စိ...
27/03/2026

IHR မှ အရည်အသွေးမြင့် ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းများကို ပံ့ပိုးပေးနေပါတယ်နော်။

BKK တိုက်ရိုက် ဆေးဝါးများကို ယုံကြည် စိတ်ချစွာ မှာယူလိုပါက IHR ကို ဆက်သွယ်လိုက်ပါရှင်။

ဒါနဲ့ သတင်းကောင်းလေး ရှိတယ်နော်။

30.3.2025 ရက်နေ့မှာ ဆေးဝယ်ပါမယ်ရှင်။



နှလုံးရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးမှုအများဆုံး ရောဂါတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း တဖြည်းဖြည်းနှင့် တိတ်တဆိတ...
26/03/2026

နှလုံးရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးမှုအများဆုံး ရောဂါတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း တဖြည်းဖြည်းနှင့် တိတ်တဆိတ် ဖြစ်ပွားလာတတ်ပါသည်။

နှလုံးရောဂါသည် တိတ်တဆိတ် ဖြစ်ပွားလာတတ်သော်လည်း စောစီးစွာ စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် ရောဂါမပြင်းထန်မီ ရှာဖွေတွေ့ရှိနိုင်ပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ပါသည်။

မိမိရဲ့ နှလုံးကို ကြိုတင်ကာကွယ်မှုများအနေနှင့်စစ်ဆေးဖို့ Package လေး ၂ ခုရှိပါတယ်ရှင့်…

(1) Lovely Heart Program နှင့်

(2) အဆင့်မြင့် နှလုံးစစ်ဆေးခြင်း CT Coronary Artery Calcification ( CAC ) ပါဝင်သော Happy Heart Program များဖြင့်
စစ်ဆေးပြီး သာယာလှကျန်းမာသော ဘဝများကို ပိုင်ဆိုင်နိုင်ပါပြီ ။

အထက်ပါ နှလုံး Package များအား ဘန်ကောက်ရှိ International Hospital များတွင် စစ်ဆေးလိုပါက ကျွန်မတို့ရဲ့ Intellect Health Resources ( IHR ) မှတစ်ဆင့် အခမဲ့ကူညီပေးနေပါပြီရှင့် ။

Contact - messenger

Phone -09940004884
Viber -09785411490

💠 Da Vinci Xi စက်ရုပ်အထောက်အကူပြု ခွဲစိတ်မှု များကို သင့်တော်သောစျေးနှုန်းထားဖြင့် ကုသမှုခံယူနိုင်မည့် အခွင့်အရေး 💠စက်ရု...
24/03/2026

💠 Da Vinci Xi စက်ရုပ်အထောက်အကူပြု ခွဲစိတ်မှု များကို သင့်တော်သောစျေးနှုန်းထားဖြင့် ကုသမှုခံယူနိုင်မည့် အခွင့်အရေး 💠

စက်ရုပ် 𝗱𝗮 𝗩𝗶𝗻𝗰𝗶 တွင် ခွဲစိတ်ကိရိယာများ တပ်ဆင်ထားသော စက်ရုပ်လက်သုံးချောင်းတိုင်အား တပ်ဆင်ထားပြီး စတုတ္ထမြောက် စက်ရုပ်လက်တွင် ၁၅ ဆ ချဲ့ထွင်နိုင်သည့် ကင်မရာများ ပါဝင်ပါတယ်။ ခွဲစိတ်ဆရာဝန်သည် သုံးဖက်မြင် 3D stereoscopic မော်နီတာမှတဆင့်ကြည့်ရှုပြီး စက်ရုပ်လက်များကိုကိုင်တွယ်အသုံးပြုကာ ခွဲစိတ်ပေးမှာဖြစ်ပါတယ်။ da Vinci စက်ရုပ်သည် ပိုမိုကောင်းမွန်သော အမြင်အာရုံ၊ လက်နှင့် လက်ကောက်ဝတ် ပျော့ပျောင်းမှုကို ပေးစွမ်းသောကြောင့် ၂ နာရီမှ ၄ နာရီကြာသော ခွဲစိတ်ကုသနည်းများကို ကောင်းစွာပြုလုပ်နိုင်မှာဖြစ်ပါတယ်။

✅ဆီးကျိတ်ကင်ဆာ ခွဲစိတ်ခြင်း (Prostatectomy)
ကမ္ဘာတဝှမ်းရှိ အမျိုးသားများတွင် ဒုတိယအဖြစ်အများဆုံးရောဂါဖြစ်သည့် ဆီးကျိတ်ကင်ဆာရောဂါကိုလည်း စက်ရုပ်နည်းပညာသုံး၍ ခွဲစိတ်ကုသနိုင်ပြီဖြစ်ပါတယ်။ ခွဲစိတ်ကုသပြီးနောက် သာမန်ကဲ့သို့ ဆီးပြန်ထိန်းလာနိုင်ခြင်း၊ လိင်အင်္ဂါလုပ်ဆောင်မှု ပြန်လည်တိုးတက်လာခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

✅ဆီးအိမ် ခွဲစိတ်ခြင်း (Cystectomy)
ဆီးအိမ် အတွင်း အကျိတ် ကင်ဆာများ သည် ရောဂါ အခြေနေ မဆိုးရွားလျှင် ဆီးအိမ်အသားကို အကြိမ်ကြိမ် ခြစ်ထုတ်၍ ကုသ နိုင်သော်လည်း ကင်ဆာ အဆင့်မြင့် လာပါက ဆီးအိမ် ကို ဖယ်ထုတ် ၍ ခွဲစိတ်ကုသမှသာ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့မှု ကို ထိန်းချုပ်နိုင်မည်ဖြစ်ပါတယ်။

✅ အဆုတ်ကင်ဆာ ခွဲစိတ်ခြင်း (Lobectomy)
အဆုတ်ကင်ဆာ ခွဲစိတ်မှုများတွင် အသုံးပြုသည့်
စက်ရုပ်အထောက်အကူပြု အဆုတ် နှင့် ရင်ခေါင်းခွဲစိတ်ကုသခြင်း (Robotic-assisted thoracoscopic surgery- RATS) မှာ Da Vinci စက်ရုပ်စနစ် ကို အသုံးပြုပြီး ရင်ဘတ် အတွင်း ရှိ တစ်ရှူးများကို အနည်းငယ်သာ ထိုးဖောက်စေသော (minimally invasive procedure) ခွဲစိတ်မှုနည်း ဖြစ်ပါတယ်။

✅သိုင်းမတ်စ် အကျိတ်ခွဲစိတ်ခြင်း (Thymectomy)
သိုင်းမတ်စ် ဂလင်းတွင် အကျိတ်ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကြွက်သားပင်ပန်းနွမ်းနယ်မှုရောဂါတမျိုးဖြစ်သည့် Myasthenia Gravis (MG) ကုသမှုတွင်လည်း Da Vinci စနစ်ကို အသုံးပြုနိုင်ပါတယ်။ ထို MG လူနာများ အတွက် သိုင်းမတ်စ်ဂလင်း ထုတ်ခြင်း (Thymectomy) ကို နောက်ဆက်တွဲ နည်းပါး၍ နာကျင် မှု လျှော့ပါး စေသော ခွဲစိတ်နည်း ဖြစ်သည့် စက်ရုပ် အကူပြုရင်ခေါင်း ခွဲစိတ် နည်း (Robotic-assisted Thoracoscopic Surgery) ဖြင့် ကုသ နိုင်ပြီဖြစ်ပါတယ်။

✅သားအိမ် အသားလုံး ခွဲစိတ်ခြင်း (Myomectomy)
အမျိုးသမီး အများစုတွင် ခံစားရလေ့ရှိသော ရာသီသွေးဆင်း မှု ပုံမမှန်ခြင်း၊ ရာသီလာစဥ် ကိုက်ခဲခြင်း၊ ဆီးစပ်နှင့် ခါးကိုက်ခဲခြင်း၊ ကိုယ်ဝန်ဆောင်ရန် ခက်ခဲခြင်း တို့၏ အကြောင်းအရင်း မှာ သားအိမ်အတွင်း အသားလုံး (သို့မဟုတ်) ကင်ဆာ အလုံးတို့ကြောင့် ဖြစ်လာပါက သားအိမ် အသားလုံးခွဲထုတ် မှုဖြင့်သာ ရောဂါ သက်သာမည်ဖြစ်ပါတယ်။

💯စက်ရုပ်နည်းပညာ အထောက်အကူပြု ကုသခြင်းဖြင့်
- ခွဲစိတ်ကုသရာတွင် ပိုမိုတိကျမှန်ကန်ခြင်း
- အချိန်တိုအတွင်း ပြန်လည် သက်သာခြင်း
- ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းပါးခြင်း
- ခွဲစိတ်ဒဏ်ရာ အသေးဆုံးဖြစ်အောင် ကုသနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

ထိုသို့ ခေတ်မှီဆန်းသစ်သော ခွဲစိတ်ကုသနည်းများကို သင့်တင့်သော အထူးစျေးနှုန်းထားဖြင့်
Bangkok ရှိ International Hospital များတွင် ပြုလုပ်ကုသလိုပါက ကျွန်မတို့ IHR မှ တစ်ဆင့် အခမဲ့ ဆက်သွယ်နိုင်ပါတယ်ရှင့်။

Phone -09940004884
Viber -09785411490 #
Via messenger

ဘန်ကောက်တွင် အွန်လိုင်းမှဖြစ်စေ၊ ကိုယ်တိုင်သွားရောက်ဖြစ်စေ ဆေးကုသမှုခံယူပြီးနောက်ဆရာဝန်ညွှန်းထားသော ဆေးများကို ဘန်ကောက်မ...
22/03/2026

ဘန်ကောက်တွင် အွန်လိုင်းမှဖြစ်စေ၊ ကိုယ်တိုင်သွားရောက်ဖြစ်စေ ဆေးကုသမှုခံယူပြီးနောက်
ဆရာဝန်ညွှန်းထားသော ဆေးများကို ဘန်ကောက်မှ ဆေးဝယ်ယူလိုပါက IHR ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

👫 IHR မှ လူနာများအတွက်
ဆရာဝန်ညွှန်းထားသော ဆေးများကို မြန်မာနိုင်ငံတွင် ရှာဝယ်ရခက်ခဲမှုများ စတဲ့ အခက်အခဲ တွေကို ကူညီဖြေရှင်း ပေးပါတယ်နော်။

📌 IHR မှ ဆေးမှာယူရာတွင်

🎈လူနာအတွက် သင့်တော်သော စျေးနှုန်းဖြင့် ရရှိစေရန် စီစဉ်ပေးခြင်း။

🎈Expiry date ကို သေချာစစ်ဆေးပေးခြင်း။

🎈ထိုင်းနိုင်ငံမှ တိုက်ရိုက်မှာယူသော ဆေးဖြစ်ကြောင်း အာမခံနိုင်ခြင်း။

🎈ဆရာဝန်အညွှန်းဖြင့် ဆေးရုံကြီးများမှသာ ဝယ်ယူနိုင်သော ဆေးများကိုလည်း မှာယူပေးနိုင်ခြင်း။
🎁 အရေအတွက်များများမှာယူသူများအတွက်လည်း ပိုမိုသက်သာသော စျေးနှုန်းများဖြင့် ဝန်ဆောင်မှုပေးထားပါတယ်နော်။

🏥 ဆေးခန်းများ၊ ဆေးဆိုင်များအနေဖြင့်လည်း မှာယူနိုင်ပါသည်။

📞 ဆက်သွယ်ရန်
Phone / Viber / Messenger

09785411490

09955696796



#ဆေး

🎉 𝟐𝟎𝟐𝟔 ခုနှစ်အတွက်  💗 Couple Checkup Package 💗ယခုပဲ 𝐁𝐨𝐨𝐤𝐢𝐧𝐠 တင်လိုက်ပါ⏳🍀Medical Checkup ပုံမှန်လုပ်ပေးခြင်း၏ ကောင်းကျိုး...
21/03/2026

🎉 𝟐𝟎𝟐𝟔 ခုနှစ်အတွက်
💗 Couple Checkup Package 💗
ယခုပဲ 𝐁𝐨𝐨𝐤𝐢𝐧𝐠 တင်လိုက်ပါ⏳

🍀Medical Checkup ပုံမှန်လုပ်ပေးခြင်း၏ ကောင်းကျိုးများ
✅Medical Checkupကို တနှစ်ကို တကြိမ်လောက်ပုံမှန်လုပ်ပေးသင့်ပါတယ်။
✅Checkupကိုပုံမှန်လုပ်ခြင်းကြောင့် ရောဂါရှိနေခဲ့လျှင်စောစီးစွာသိရှိနိုင်ပြီး အချိန်မီကုသမှုခံယူနိုင်ခြင်း။ အချိန်မီကုသမှုခံယူနိုင်ခြင်းကြောင့် ရောဂါနောက်ဆက်တွဲဆိုးကျိုးများကိုကာကွယ်နိုင်ပြီး ကုသမှုကုန်ကျစားရိတ်သက်သာခြင်းစတဲ့ quality of lifeကိုအပြည့်အဝရရှိမှာဖြစ်ပါတယ်။

ဘန်ကောက်ရှိ International Hospital များတွင် Check up များလုပ်ရန်အတွက် ကျွန်မတို့ရဲ့ Intellect Health Resources ( IHR ) မှ တစ်ဆင့်ဆက်သွယ်နိုင်ပါတယ်ရှင့် ။

Location -44/C, Malika Street Mayangone Township Yangon

Phone -09940004884
Viber -09785411490

Address


Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959785411490

Alerts

Be the first to know and let us send you an email when Intellect Health Resources - IHR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share