Pyace Sone Aung - Pharmacy

Pyace Sone Aung - Pharmacy Real moment

12/08/2024

"Always laugh when you can. It is cheap medicine"

lord Byron,19 Century English romantic Poet

30/07/2024

သုခတော်ဝင် အိမ်ရာ​ထဲ​ ဆေးပစ္စည်း

လိုအပ်​ပါက​မှာယူနိုင်ပါတယ် ခင်ဗျာ။

အိမ်ရောက်ပို့ ပေးပါတယ်။

စုံစမ်း​မှာယူရန် 09451011919
09795912747

A Chay A Nay
19/08/2023

A Chay A Nay

15/03/2023

၀က်ခြံရောဂါအတွက် ဆောင်/ရှောင်ရန် အနှစ်ချုပ်

🔹 နံနက်အိပ်ရာထ မျက်နှာသစ်လျှင် ဝက်ခြံကိုညှစ်ခြင်း၊ ကိုင်တွယ်ခြင်း မပြုလုပ်ရပါ။ ရောဂါပိုး ဝင်ရောက်သွားတတ်ပါသည်။ လက်သည်းရှည်ဖြင့် ကိုင်တွယ်မိပါက ပိုဆိုးတတ်ပါ၍ လက်သည်းကို တိုတိုညှပ်ထားလျှင် ပိုကောင်းပါသည်။

🔹 မျက်နှာကို အဆီပြန်ခြင်း သက်သာစေရန်နှင့် ရောဂါပိုးများ ကင်းစင်စေရန် မျက်နှာသစ်ဆပ်ပြာဖြင့် တစ်နေ့လျှင် သုံးကြိမ် မျက်နှာသစ် သန့်စင်ပေးပါ။

🔹 နံနက်ခင်း နေရောင်ခြည်တွင် တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို လုပ်ပေးပါ။ နေ့လယ်ဘက် နေရောင်ခြည်ထဲသွားလျှင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုမှလျော့နည်းစေရန် ထီး၊ ဦးထုပ်စသည်တို့ကို ဆောင်ထားသင့်သည်။

🔹 ရေများများသောက်ခြင်း၊ သဘာဝသစ်သီးဖျော်ရည် (ဥပမာ - သံပရာရည်၊ လိမ္မော်ရည်၊ နာနတ်ရည်) များ တတ်နိုင်သရွေ့ သောက်ပေးပါ။

🔹 ထမင်းစားတိုင်း ဟင်းရွက်အစိမ်းတစ်မျိုးမျိုး စားဖြစ်အောင် ထည့်စားပါ။ မစားဖြစ်ပါက ကလိုရိုဖီးလ် ပါဝင်သော သဘာဝဆေးဝါး တစ်ခုခု ဥပမာ - ရွက်စုံအားဖြည့်ဆေး (𝗩𝗲𝗴𝗲𝗽𝗹𝗲𝘅)၊ ရေညှိစိမ်း (𝗖𝗵𝗹𝗼𝗿𝗲𝗹𝗹𝗮)၊ အယ်လ်ဖာဖာ (𝗔𝗹𝗳𝗮𝗹𝗳𝗮)၊ ဂျုံမြက်နု (𝗪𝗵𝗲𝗮𝘁𝗴𝗿𝗮𝘀𝘀) ကြိုက်ရာတစ်ခုခုကို နေ့စဉ် မှီဝဲနိုင်ပါသည်။

🔹 အဝါရောင်ရှိသော သစ်သီးသစ်ဥများ (ဥပမာ - သရက်သီး၊ ရွှေဖရုံသီး၊ ကန်စွန်းဥနီ၊ မုန်လာဥနီ) တွင် ဘီတာကယ်ရိုတင်း ကြွယ်ဝစွာပါသဖြင့် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် အနည်းဆုံး စားပေးပါ။ အကယ်၌ မစားဖြစ်ပါက ကယ်ရိုတင်း (သို့) ကယ်ရိုတီနွိုက် ပါဝင်သော သဘာဝဆေးများ ဥပမာ - သဘာဝ-အေ (𝗡𝗮𝘁𝘂𝗿𝗲-𝗔) ကို မှီဝဲနိုင်ပါသည်။

🔹 အနီရောင်ရှိသောသစ်သီးများတွင် လိုက်ကိုပင်း ကြွယ်ဝစွာပါသဖြင့် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် စားသင့်ပါသည်။ ဥပမာ-ခရမ်းချဉ်သီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ ဘယ်ရီသီးများ၊ စပျစ်သီးအနီများ (သို့) လိုက်ကိုပင်းပါဝင်သော သဘာဝ ဖြည့်စွက်ဆေးဝါးများ မှီဝဲနိုင်ပါသည်။ ဥပမာ - ခရမ်းချဉ်သီးဆေး (𝗧𝗼𝗺𝗮𝘁𝗲𝗰)

🔹 သွပ်ဓာတ် များများပါဝင်သည့် အခွံမာအသီးများ၊ အစေ့အဆံများကိုလည်း အလျဉ်းသင့်သလို စားသင့်ပါသည်။

🔹 ခရိုမီယမ်ဓာတ် ကြွယ်ဝသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး စသည်တို့ကိုလည်း ဟင်းရံအဖြစ် မကြာမကြာ စားပေးသင့်သည်။

🔹 အိုင်အိုဒင်းဓာတ်ပါသော အစားအစာများဖြစ်သည့် ပင်လယ်စာ၊ ရေမှော်၊ ကျောက်ကျော စသည်တို့ကို ဝက်ခြံပေါက်နေစဉ် ရှောင်သင့်သည်။

🔹 အိမ်သုံးဆား အထူးသဖြင့် အိုင်အိုဒင်းဓာတ် ဖြည့်စွက်ထားသောဆားကို ဝက်ခြံပေါက်နေစဉ် မစားသင့်ဘဲ ပျောက်မှသာ ပြန်စားသင့်ပါသည်။

🔹 စားသုံးဆီကို တတ်နိုင်သလောက် လျှော့စားသင့်သည်။ အထူးသဖြင့် ပြည့်ဝဆီ များစွာပါဝင်သည့် စားအုန်းဆီနှင့် ဝက်သားကို အထူးရှောင်ကြဉ်သင့်သည်။

🔹 ငါးမျိုးစုံကို ကြိုက်သလောက် စားနိုင်သည်။ ငါးတွင်ပါဝင်သည့် အဆီသည် အိုမီဂါ-၃ ဖြစ်၍ ဝက်ခြံရောဂါ ပျောက်ကင်းရေးအတွက် အထောက်အကူပြုပါသည်။ အိုမီဂါ-၃ ပါဝင်သော ဖြည့်စွက်ဆေးဝါးများကိုလည်း မှီဝဲပေးနိုင်ပါသည်။

🔹 နွားနို့နှင့် နို့ထွက်ပစ္စည်းများဖြစ်သည့် ထောပတ်၊ မလိုင်၊ ဒိန်ခဲ စသည်တို့ကို ဝက်ခြံပေါက်နေစဉ် ရှောင်သင့်သည်။ ပျောက်လျှင် ပြန်စားနိုင်သည်။

🔹 အချိုဓာတ်များသော သရေစာများ၊ အချိုရည်များကို ရှောင်သင့်သည်။

🔹 ဆီးချိုရောဂါသည်များ ဝက်ခြံပေါက်လျှင် ပို၍ဆိုးဆိုးဝါးဝါး ဖြစ်တတ်သဖြင့် ဆီးချိုရောဂါကို သေသေချာချာ ကုသမှုခံယူသင့်သည်။ ဆီးချိုကိုမထိန်းနိုင်လျှင် ဝက်ခြံမပျောက်သည့်အပြင် ပို၍ဆိုးလာတတ်ပါသည်။

🔹 စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ရန်လိုသည်။ တရားထိုင်ခြင်းသည် များစွာအကျိုးရှိပါသည်။

🔹 ကော်ဖီ၊ လက်ဖက်ရည်စသည့် ကဖင်းဓာတ် များစွာပါသော အစားအသောက်များသည် ဝက်ခြံကို ပိုမိုဆိုးဝါးစေနိုင်သဖြင့် ရှောင်သင့်သည်။

🔹 နိုင်ငံခြား ဝက်ခြံပျောက်ဆေးများ (လိမ်းဆေး၊ သောက်ဆေးအားလုံး) ကို အသုံးပြုမည်ဆိုပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ အသုံးပြုရန်နှင့် ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် ဖြစ်သည်။ သဘာဝ ဆေးဖက်ဝင်အပင်များမှ စနစ်တကျ ထုတ်လုပ်ထားသော ဝက်ခြံပျောက်လိမ်းဆေးများကိုလည်း အသုံးပြုနိုင်သည်။

🔹 ပရိုဘိုင်အိုတစ် ကြွယ်ဝသည့် အစားအစာများ ပုံမှန်စားပေးသင့်သည်။ နို့ထွက်ပစ္စည်းများထဲတွင် ဒိန်ချဉ်ကို သောက်နိုင်သည်။ ပရိုဘိုင်အိုတစ် ဖြည့်စွက်ဆေးဝါးများ မှီံဝဲလျှင် ပိုကောင်း၏။ ဥပမာ - ဘိုင်အိုဗြူးတီး (𝗕𝗶𝗼𝗕𝗲𝗮𝘂𝘁𝘆)၊ ဒိန်ချဉ်ဆေး (𝗕𝗶𝗼𝗴𝘂𝗿𝘁)

🔹 ဖိုင်တိုအီစတိုဂျင် ကြွယ်ဝသော အစားအစာများဖြစ်သည့် ပဲပိစပ်၊ ပဲနို့ရည်၊ နှမ်းနှင့်လုပ်သောမုန့်များ စားပေးသင့်သည်။ သို့မဟုတ် ဖိုင်တိုအီစထရိုဂျင် ကြွယ်ဝသည့် သဘာဝ ဖြည့်စွက်ဆေးဝါးများ မှီဝဲနိုင်သည်။ ဥပမာ - ပဲပိစပ်ဆေး (𝗦𝗼𝘆𝗮𝗺𝗶𝗻)၊ လှပျိုဖြူဆေး (𝗟𝗮𝗱𝘆𝗺𝗮𝘅)၊ ဒေါင်းကွေးဆေး (𝗥𝗲𝗷𝘂𝘃𝗶𝗿)

အထက်ဖော်ပြပါ အချက်များသည် ဝက်ခြံရောဂါ ကာကွယ်ရေးအတွက်ရော ကုသရေးအတွက်ပါ အရေးပါသောအချက် ဖြစ်ပါ၍ လိုက်နာကျင့်သုံးခြင်းဖြင့် ဝက်ခြံရောဂါမှ ကင်းဝေးစေရန် ဆန္ဒပြုအပ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဝက်ခြံရောဂါ" စာအုပ်၊ နိဂုံးချုပ်မှ ထုတ်နုတ်ဖော်ပြသည်။

07/01/2023
16/12/2022

ရှီးပဒီး (𝐂𝐨𝐫𝐝𝐲𝐜𝐞𝐩𝐬) နှင့် သုံးစွဲနိုင်သောရောဂါများ (၁)

မျိုးပွားစနစ်ဆိုင်ရာရောဂါများ
===================
အမျိုးသားများပုံမှန်သောက်သုံးပါက မျိုးပွားအင်္ဂါအရွယ်အစား ပိုမိုကြီးထွားစေရန် အထောက်အကူပြုခြင်း၊ သုက်လွှတ်စောခြင်းကို ပျောက်ကင်းစေခြင်း၊ ပန်းသေပန်းညှိုးရောဂါကို သက်သာပျောက်ကင်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။ အမျိုးသမီးများတွင် ရာသီသွေးမှန်စေပြီး မျိုးပွားအင်္ဂါခြောက်သွေ့ခြင်းမဖြစ်စေရန် ကာကွယ်ပေးပါသည်။

နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ
========================
နှလုံးသွေးကြောကျဉ်းရောဂါသည်များ၊ သွေးတိုးရောဂါကြောင့် နှလုံးအလုပ်များများလုပ်နေရသူများ၊ နှလုံးခုန်မမှန်သူများ၊ နှလုံးကြွက်သားအားနည်းသူများ စားသုံးပါက များစွာအကျိုးရှိပါသည်။ နှလုံးကြွက်သားများ၏ အောက်ဆီဂျင်ဓာတ်လိုအပ်ချက်ကို လျော့နည်းအောင် ပြုလုပ်ပေးသဖြင့် ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်းတို့ကို သက်သာစေပါသည်။ နှလုံးသွေးကြောမပိတ်စေရန် ကာကွယ်ပေးပါသည်။

အသည်းနှင့် သည်းခြေအိတ်အဖွဲ့ဆိုင်ရာရောဂါများ
================================
အသည်းအဆီဖုံးရောဂါများ၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။ ထူခြားမှုအနေနှင့် အသည်းရောင်အသားဝါ ဘီပိုး၏အခွံ (HBsAg) ပျောက်ကင်းစေကြောင်း သုတေသနစာတမ်းတစ်ခုက တွေ့ရှိချက်မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ နာတာရှည်ဘီပိုးရောဂါ ပျောက်ကင်းအောင်ကုသရာ၌ များစွာအစွမ်းထက်သော သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်သည်။

02/12/2022

🎊🎊🎉☺️ သူငယ်ချင်းများ အားလုံးမင်္ဂလာပါ လို့ Pyace Sone Aung - Pharmacy Page မှနှုတ်ခွန်းဆက်လိုက်ပါတယ်ဗျ🙏🙏🙏😊

🛎️🛎️🛎️ အစစအရာရာ ကုန်ဈေးနှုန်းများ အခြေအနေအမျိုးမျိုးကြောင့် ကြီးမြင့်နေချိန်မှာ ဝယ်ယူသူ customer များကို တဘက်တလမ်းမှ အကူအညီရလိုရငြား Fame Pharmaceuticals မှ အရည်အသွေးမြင့်ဆေးဝါးများကို company ဈေးအတိုင်းရောင်းချပေးလျက်ရှိကြောင်း သတင်းပါးလိုက်ပါရစေခင်ဗျာ🤩🤩🤩

🙏🙏🙏မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း 🙏🙏🙏😊

ချစ်ခြင်းအားဖြင့်

ပြည့်စုံအောင်ဆေးဆိုင်
နေပြည်တော်မြို့မဈေး
📱၀၉၄၅၁၀၁၁၉၁၉
📱၀၉၇၉၅၉၁၂၇၄၇

🚚နေပြည်တော် အတွင်း Deliveryရှိပါတယ်ဗျ👌

30/09/2022

သွေးတိုးရောဂါ ဖြစ်ပွားရခြင်း၏ ၉၅% မှာ အကြောင်းအရာတစ်ခုတည်း တိတိကျကျ ပြော၍မရဘဲ အကြောင်းတရားများစွာ ပေါင်းစုပြီး ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ထိုအထဲတွင် အရေးအပါဆုံးကို ပြပါဆိုလျှင် အစားအသောက်ပဲ ဖြစ်ပါသည်။

အစားအစာဆိုသည်မှာ နေ့တိုင်းစားနေခြင်း ဖြစ်သောကြောင့် တစ်နေ့နည်းနည်းနှင့် စားသောက်ပုံမှားနေလျှင် ရေရှည်တွင် ကျန်းမာရေးကို မလွဲမသွေထိခိုက်လာမှာ သေချာပါသည်။ ထို့အပြင် သွေးတိုးရောဂါကို ကုသသည့်အခါတွင် ဆေးချည်းသက်သက်ကိုသာလျှင် အားကိုး၍မရပါ။ အစားအစာကို ဆင်ခြင်စားသောက်ပါမှ ရောဂါသက်သာပျောက်ကင်းမှာဖြစ်ပါသည်။ မတည့်သည့်အစားအစာကို ရှောင်၍ တည့်သည့်အစားအစာကိုသာ ရွေးချယ်စားသောက်ရန် အလွန်ပင် အရေးကြီးပါသည်။ အရေးကြီးဆုံးအချက်မှာ နေ့စဉ်စားနေသော အစားအစာများထဲတွင် အသီးအရွက်များ များများပါဝင်နေဖို့ပင် ဖြစ်ပါသည်။

ရှောင်သင့်သည့်အစားအစာများမှာ အဆီအအိမ့်များသော အစားအစာများဖြစ်သည့် ဝက်သား၊ ထောပတ်၊ မလိုင်၊ ပြည့်ဝဆီပါဝင်မှုများသော စားသုံးဆီ (ဥပမာ စားအုန်းဆီ၊ တိရစ္ဆာန်ဆီ)၊ အငန်ဓာတ်များသော အစားအစာများဖြစ်သည့် ငါးပိရည်၊ ငံပြာရည်၊ ငါးပိကြော်၊ ဆားနယ်ထားသော အစားအစာများ၊ အိမ်သုံးဆား၊ လျက်ဆား၊ အချိုမှုန့်၊ ဆားဆော်ဒါ များများပါသောအစားအစာများ အစရှိသည်တို့ကို များများမစားရပါ။ ပြန်ကြော်ဆီနှင့် ကြော်ထားသော ဆီကြော်များမှာ အဆိုးဆုံးဖြစ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သွေးတိုးရောဂါ" စာအုပ်၊ အခန်း (၂) သွေးတိုးရောဂါနှင့် အစားအစာမှ ထုတ်နုတ်ဖော်ပြသည်။

25/03/2022

ဆီးကျောက်တည်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ

✅ ရေများများသောက်ပါ။ ရေကို သန့်စင်ပြီး (သို့မဟုတ်) ကျိုချက်ပြီးမှသောက်ပါ။

✅ ဗီတာမင်အေ ကြွယ်ဝသော အဝါရောင်အသီးအနှံ (ဥပမာ-သင်္ဘောသီး၊ သရက်သီး၊ မုန်လာဥနီ) များကို မကြာခဏစားပါ။

✅ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက် (ဥပမာ-ဟင်းနုနယ်၊ မုန်ညင်းစိမ်း၊ ဂေါ်ဖီထုပ်) များကို များများ စားပါ။

✅ အသား၊ ငါးတို့ကို ပုံမှန်သင့်တင့်စွာ စားပါ။ အသား၊ ငါးစားတိုင်း အသီးအရွက်နှင့် တွဲဖက်စားပါ။

✅ ဗီတာမင်စီ ကြွယ်ဝသည့် အရည်ရွှမ်းပြီး ချဉ်သောအသီး (ဥပမာ-သံပရာသီး၊ ရှောက်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဆီးဖြူသီး) များကိုစားပါ။

✅ နွားနို့နှင့် ဒိန်ချဉ် တို့ကို ပုံမှန်သောက်ပါ။

✅ သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ပါ။

✅ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး မိနစ် (၃၀) ခန့် ပြုလုပ်ပါ။

✅ ဝမ်းတွင်းကလီစာနှင့် အနီရောင်ရှိသော အသားများ (ဥပမာ-ဝက်သား၊ အမဲသား) ကို လျှော့စားပါ။

✅ အငန်ဓာတ်များသော အစားအစာ (ဥပမာ-ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက်) များကို လျှော့စားပါ။

✅ ကော်ဖီ၊ လက်ဖက်ရည်ကို အလွန်အကျွံ မသောက်ပါနှင့်။

❌ အချိုမှုန့် (Monosodium glutamate) မသုံးပါနှင့်။

❌ အချိုဓာတ်များသည့် အချိုရည်၊ ဂလူးကို့စ်၊ သကြားစသည်တို့ကို ရှောင်ပါ။

❌ ကွမ်းယာစားသည့်အကျင့်ကို ရှောင်ကြဉ်ပါ။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဆီးကျောက်တည်ရောဂါ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

Address

Naypyidaw

Telephone

+959451011919

Website

Alerts

Be the first to know and let us send you an email when Pyace Sone Aung - Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pyace Sone Aung - Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram