DR.YIN's Health Education

DR.YIN's Health Education ~Teleconsultation
~Health Education

Dr.Yin YIn Win
M.B;B.S (Ygn)
Dip.Med.Sc (Family Medicine)

Practicing as family doctor since 2014.

* Consultation available from

Myan Care App
TeleSayarwon App
Ma Thwe Health Care Services( page)

ေမ မေတွေ...အမေးများကြလို့ပါ...💥၆မျိုးစပ်ကာကွယ်ဆေး(Hexaxim)က ဘာရောဂါတွေကာကွယ်ပေးတာလဲဆိုတာ.....1.ဆုံစို့ရောဂါ2.မေးခိုင်ရော...
13/07/2025

ေမ မေတွေ...အမေးများကြလို့ပါ...

💥၆မျိုးစပ်ကာကွယ်ဆေး(Hexaxim)က ဘာရောဂါတွေကာကွယ်ပေးတာလဲဆိုတာ.....

1.ဆုံစို့ရောဂါ
2.မေးခိုင်ရောဂါ
3.ကြက်ညှာချောင်းဆိုးရောဂါ
4.H influenza ပိုးေကြာင်းဖြစ်တဲ့တုပ်ကွေးရောဂါ
5.ပိုလီယိုေရာဂါ နှင့်
6.အသည်းရောင်အသားဝါဘီရောဂါ တွေပဲဖြစ်ပါတယ်။

💥ကာကွယ်ဆေးSchedule

အသက်-2လ,4လ,6လ နှင့် 18လ

အသက်-4 နှစ်-6နှစ်(Booster)ထပ်ထိုးရပါတယ်ရှင်။

Dr.Yin Yin Win
အထွေထွေရောဂါ နှင့် မိသားစုဆေးပညာဆရာဝန်

#အေးမွန်သာအထွေထွေရောဂါနှင့်ကလေးအထူးကုဆေးခန်း

ျိုးစပ်ရောဂါကာကွယ်ဆေး

💊နို့တိုက်မိခင်များသောက်လို့ရသောတားဆေး-Progestin Only Pills (POP pills)အကြောင်းကိုပြောပြပေးပါမယ်...💥ဒီဆေးကဒ်ထဲ ဘယ်ဟော်မု...
07/11/2024

💊နို့တိုက်မိခင်များသောက်လို့ရသောတားဆေး-Progestin Only Pills (POP pills)
အကြောင်းကိုပြောပြပေးပါမယ်...

💥ဒီဆေးကဒ်ထဲ ဘယ်ဟော်မုန်းပါတာလဲ?
👉ပရိုဂျက်စ်ထရုန်း(Progesterone) ဆိုတဲ့ဟော်မုန်း ၁မျိုးတည်းသာပါဝင်ပါတယ်။
👉ဆေးကဒ်တွင် ဆေးအလုံးရေ(၂၈)လုံးပါဝင်ပြီး
ဟော်မုန်း၂မျိုးပါဆေးကဒ်နဲ့မတူတဲ့အချက်ကတော့ ဒီဆေးက (၂၈)လုံးလုံးသည် ဟော်မုန်းပါဝင်သော ဆေးလုံးများဖြစ်ပါတယ်။

*ဟော်မုန်း ၂မျိုးပါတဲ့ဆေးကဒ်ကတော့..နောက်ဆုံးတန်းသည် ဟော်မုန်းမပါပဲ..အားဆေးပဲပါဝင်တဲ့ဆေးလုံးများဖြစ်တာကြောင့်ပါ။

💥ဒီဆေးကို ဘယ်လိုနာမည်တွေနဲ့ဝယ်လို့ရနိုင်မလဲ?
-Exluton
-Lydia lacta
-Desirett
စတဲ့နာမည်တွေနဲ့ဝယ်လို့ရပါတယ်။

💥ဒီဆေးကဘယ်လိုနည်းနဲ့ကိုယ်ဝန်မရအောင်ကာကွယ်ပေးတာလဲ?
👉 ကိုယ်ဝန်ရဖို့ဆိုတာ မမျိုးဥနဲ့သုက်ပိုးနဲ့ပေါင်းစပ်ပြီး သားအိမ်နံရံမှာသန္ဓေသားကတွယ်ရပါတယ်။
👉ဒီဆေးကတော့
၁)သားအိမ်နံရံကို ထူမလာအောင်တားဆီးပေး
ခြင်း၊
၂)သားအိမ်ခေါင်းရှိအချွဲများကို ပျစ်စေခြင်း
အားဖြင့်ကိုယ်ဝန်မရအောင်တားဆီးပေးပါတယ်။
၃)POP pills အမျိုးအစားထဲမှ desogestral only pillဆိုရင်တော့ သားဥကြွေခြင်းကိုပါတားဆီးပေးပါတယ်။

💥ဘယ်လိုအချက်တွေကြောင့် ဒီဆေးကိုရွေးသင့်လဲ?
👉 စနစ်တကျသုံးမည်ဆိုရင် ထိရောက်မှုရှိသောကိုယ်ဝန်တားနည်းတစ်ခုဖြစ်ခြင်း၊
👉ဆေးကဒ်သောက်ဖို့တိုင်ပင်သည့်တစ်ချိန်သာ ဆရာဝန်
နှင့်တွေ့ပြီးတိုင်ပင်ဖို့လိုခြင်း၊
👉ခရီးသွားတဲ့အခါလည်း ဆေးကဒ်ယူသွားရုံဖြင့် အဆင်ပြေစေခြင်း၊ရက်ချိန်းပြည့်လို့ဆေးထိုးရန်အတွက်ဆေးခန်းလိုက်ရှာစရာမလိုခြင်း၊
👉အသုံးပြုရလွယ်ကူခြင်း၊ဝယ်ယူရလွယ်ကူခြင်း၊ဈေးသက်သာခြင်း၊
👉(ဟော်မုန်း၂မျိုးပါသော ဆေးကဒ်သောက်သုံးရန်မသင့်သောသူများဖြစ်သော)
-နို့တိုက်မိခင်များ
-သွေးတိုးရောဂါ၊ဆီးချိုရောဂါ၊
နှလုံးသွေးကြောကျဥ်းရောဂါရှိသောသူများ၊အဆုတ်နှင့်ခြေထောက်​သွေးကြောပိတ်သောသူများ ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ(migraine)ရှိသောသူများ၊
-အသက်(35)နှစ်နှင့်အထက်ဆေးလိပ်သောက်တတ်သောအမျိုးသမီးများတွင်ပါ သောက်သုံးလို့ခြင်း၊
👉ဆေးသောက်တာရပ်လိုက်ပြီး ကိုယ်ဝန်ပြန်ရဖို့အချိန်စောင့်ဆိုင်းစရာမလိုခြင်း တို့ပဲဖြစ်ပါတယ်။

💥မကောင်းတဲ့အချက်တွေ/ဘေးထွက်ဆိုးကျိုးတွေကရော ဘာတွေလဲ?
👉၁နေ့၁လုံး အချိန်မှန်သောက်နိုင်ဖို့လိုပါတယ်၊
👉လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်နိုင်မှုမရှိခြင်း၊
👉ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့ခြင်း၊အန်ခြင်း၊ခေါင်းကိုက်ခြင်း၊ခန္ဓာကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ရင်သားတင်းပြီး
နာခြင်း၊
👉ရာသီသွေးပုံမမှန်ဆင်းခြင်းတို့ဖြစ်တတ်ပါတယ်၊
👉ဝက်ခြံထွက်ခြင်း၊
👉လိင်စိတ်ကျဆင်းခြင်း၊
👉စိတ်ဓာတ်ကျခြင်း တို့ဖြစ်တတ်ပါတယ်

💥ဒီဆေးကိုမသုံးသင့်သောသူတွေကဘယ်သူတွေလဲ?
👉ရင်သားကင်ဆာဖြစ်နေသူများ၊ဖြစ်ဖူးသူများ၊
👉လက်ရှိအသည်းရောဂါခံစားနေရသူများ၊
👉ဆေးသောက်နေချိန်အတွင် လေဖျန်း၊လေဖြတ်၊နှလုံးသွေးကြောပိတ်ရောဂါ ခံစားနေရသူများ မသောက်သုံးသင့်ပါ။

💥ထိရောက်မှုကရောဘယ်လိုရှိလဲ?
👉သေချာမှန်မှန်ကန်ကန် မမေ့လျော့ပဲသောက်မယ်ဆိုရင်တော့ အသုံးပြုပြီး၁နှစ်အတွင်းကိုယ်ဝန်ရနိုင်နှုန်းက အမျိုးသမီးအယောက်(၁၀၀)မှာ (၁)ယောက်ရှိနိုင်ပါတယ်။
👉ပုံမှန်သာအသုံးပြုမယ်ဆိုရင်တော့ အမျိုးသမီး အယောက်(၁၀၀)မှာ (၉)ယောက်ကိုယ်ဝန်ရနိုင်ပါတယ်။
👉ဒါကြောင့်ဒီနည်းလမ်းရွေးမယ်ဆို မ​မေ့မလျော့အချိန်မှန်မှန်သောက်ပေးဖို့လိုပါတယ်(အလုပ်များလွန်းတဲ့သူမျိုးဆိုရင်တော့ဒီနည်းလမ်းမရွေးသင့်ပါဘူး)။

💥ဘယ်ချိန်စသောက်ရမလဲ?
👉ရာသီစလာသည့်ရက်မှ ၅ရက်အတွင်းသောက်တာအကောင်းဆုံးပါ(ဒီလိုဆိုရင်တော့ရက်ရှောင်စရာမလိုပါ)။
👉အကယ်၍ ရာသီစလာတဲ့ရက်ကနေ ၅ရက်ကျော်မှသောက်မိလျှင်တော့ ဆေးစသောက်တဲ့ရက်ကနေ ၁ပတ်အတွင်း အတူနေတာကိုရှောင်ရပါမယ်၊မရှောင်နိုင်လျှင် ကွန်ဒုံးသုံးလို့ရပါတယ်။

💥ဆေးတစ်ကဒ်ကုန်ရင် နောက်တစ်ကဒ်သောက်ဖို့ကို ဘယ်နှရက်စောင့်ရမလဲ?
👉ဆေးတစ်ကဒ်ကုန်တာနဲ့ နောက်တစ်ကဒ်ကို ဆက်သောက်လို့ရပါတယ်၊ရာသီပေါ်မယ့်ရက်ကို
စောင့်စရာမလိုပါ။

💥ဆေးသောက်ဖို့မေ့ခဲ့ရင်ဘယ်လိုလုပ်ရမလဲ?
👉ဆေးတစ်လုံးမေ့ခြင်း
ဆေးသောက်ရမယ့် အချိန်ထက် ၃နာရီကျော်ကြာ မသောက်ဖြစ်ခဲ့ရင်(Desogestralပါသောဆေးဆိုလျှင် ၁၂နာရီအထက် မေ့ပြီးမသောက်ဖြစ်လျှင်)
-သတိရရချင်းမှာ တစ်လုံးသောက်ပါ၊
-ပုံမှန်သောက်နေကျ အချိန်မှာ သောက်နေကျအလုံးကိုဆက်သောက်ပါ၊
👉ဆေး၂လုံးနှင့်အထက်မေ့ခြင်း
-သတိရရချင်းမှာ တစ်လုံးသောက်ပါ(၂လုံး၊၃လုံး မေ့လည်း တစ်လုံးပဲသောက်ရပါမယ်)၊
-ပုံမှန်သောက်နေကျအချိန်မှာ သောက်နေကျအလုံးကိုဆက်သောက်ရပါမယ်၊
-(၇)ရက်အတွင်း အတူနေခြင်းကိုရှောင်ပါ၊မရှောင်နိုင်လျှင် condomသုံးပါ။

💥အချုပ်အားဖြင့် ဒီဆေးသည် အချိန်တိတိကျကျသောက်နိုင်ရင် ကိုယ်ဝန်တားနိုင်စွမ်းပိုမြင့်ပါတယ်။
💥အချိန် ၃နာရီအထက်မေ့ပါက ကိုယ်ဝန်ရနိုင်ချေ များသွားနိုင်တဲ့အတွက် ဒီနည်းလမ်းကိုရွေးမယ်ဆို အချိန်တိတိကျကျသောက်ဖို့အကြံပေးချင်ပါတယ်။
💥တီဘီဆေး၊မှိုပိုးသတ်ဆေး၊အတက်ကျဆေး၊HIV ဆေးတစ်ချို့နှင့် တွဲမသောက်သင့်ပါ။

07/11/2024

ဝမ်းပျက်ဝမ်းလျှောရောဂါ(Diarrhoea)

*ဝမ်းပျက်ဝမ်းလျှောခြင်းဟာ နေ့တဓူဝမှာ အတွေ့များတဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။

သာမန်အပျော့စားအခြေအနေမှသည် အသက်အန္တရာယ်ဖြစ်စေနိုင်သည်အထိဆိုးရွားနိုင်ပါတယ်။
ကမ္ဘာတစ်ဝှမ်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ယေဘုယျအားဖြင့် တစ်နှစ်လျှင် 2ဘီလီယံလောက်အထိဖြစ်ပေါ်ခံစားနေရပါတယ်။

1.9မီလီယံကတော့5နှစ်အောက်ကလေးတွေဖြစ်ပါတယ်။

အထူးသဖြင့်ဖွင့်ဖြိုးဆဲတိုင်းပြည်များမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်သေဆုံးနေကြပါတယ်။

Zinc ဓာတ်၊အူလမ်းကြောင်းအကျိုးပြုပိုးများ(probiotics)၊ဓာတ်ဆားရည်၊အစားအသောက်အနေအထိုင် ဆင်ခြင်ဂရုစိုက်ခြင်းဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ထိန်းချုပ်ကုသရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

Q.ဘယ်လိုအခြေအနေမျိုးကို ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်လို့ သတ်မှတ်မလဲ?

-ဝမ်းပုံစံပျက်သည်အထိ အရမ်းခပ်ပျော့ပျော့ဖြစ်နေသောဝမ်းသွားလျှင်၊ဝမ်းအရည်များသွားလျှင် ဝမ်းပျက်ဝမ်းလျှောဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။
-ဝမ်းပုံစံအနေအထားမပျက်ဘဲမကြာခဏဝမ်းသွားခြင်းကိုတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်လို့ မသတ်မှတ်ပါ။

-နို့စို့ကလေးငယ်များဟာ ရံဖန်ရံခါ ဝမ်းခပ်ပျော့ပျော့သွားလေ့ရှိပါတယ်။၎င်းအခြေအနေဟာ ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။

-6ပတ်ထက်ပိုသောဝမ်းလျှောခြင်းများကို ရက်ရှည်ဝမ်းလျှောခြင်းလို့သတ်မှတ်ပါတယ်။

-အူလမ်းကြောင်းရောဂါများ၊ကိုယ်ခံအားကျခြင်း၊ရက်ရှည်ပိုးသတ်ဆေးသောက်နေရခြင်း၊ဟော်မုန်းဆိုင်ရာရောဂါတစ်ချို့နှင့် ဓာတ်မတည့်ခြင်းဟာ ရက်ရှည်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။

Q.ဖြစ်စေသောအကြောင်းအရင်းများ

-အမျာစုကတော့ အူလမ်းကြောင်းပိုးဝင်ခြင်းကြောင့့်ဖြစ်တယ်။

1.ဘတ်တီးရီးယားပိုးများ၊ဗိုင်းရပ်စ်ပိုးများ၊ကပ်ပါးပိုးများကြောင့်ဖြစ်တယ်။
*ဘတၱီးရီးယားပိုး-Salmonellaပိုး၊Campylobacterပိုး၊Shigellaပိုး ၊E.coliပိုး
*ဗိုင်းရပ်စ်ပိုး-Noro ဗိုင်းရပ်စ်
*ကပ်ပါးပိုး-Giadiaပိုး

2.အူလှုပ်ရှားမှုပုံမှန်မဟုတ်သောရောဂါ(Irritable Bowel Syndrome-IBS)

3.အူလမ်းကြောင်းရောင်စေသောရောဂါများ
(Crohn'sရောဂါ၊Ulcerative colitis)

4.အူမကြီးရောင်သောရောဂါ

5.အူလမ်းကြောင်းအစာအာဟာရစုပ်ယူမှုပုံမှန်မဟုတ်သောရောဂါ(Celiacရောဂါ)

6.ရက်ရှည်ပိုးသတ်ဆေးသောက်နေရခြင်း

7.ဟော်မုန်းဆိုင်ရာရောဂါများ

8.ကင်ဆာရောဂါများ

9.နို့နှင့်ဓာတ်မတည့်ခြင်း(Lactose intolerence,Cow Milk protein allergy)

Q.ကုသခြင်း

-သာမန်ဝမ်းပျက်ဝမ်းလျှောခြင်းဟာ သဘာဝအတိုင်းပျောက်ကင်းနိုင်ပါတယ်။အန်ခြင်ဟာ ၂ရက်အတွင်းရပ်သွာူလေ့ရှိပြီး ဝမ်းလျှောခြင်ဟာ ၅ရက်မှတစ်ပတ်အတွင်းရပ်သွားလေ့ရှိပါတယ်။

-ရက်ရှည်ဝမ်းလျှောခြင်းများကတော့ ဖြစ်စေသောအကြောင်းအရာပေါ်မူတည်ပြီးသေချာကုသရပါမယ်။ဆရာဝန်မှ လိုအပ်လျှင် သွေးစစ်ခြင်း၊ဝမ်းစစ်ခြင်း၊မှန်ပြောင်းကြည့်ခြင်းတို့လုပ်ရန်ညွှန်ကြားတာမျိုးရှိနိုင်ပါတယ်။

1.ရေဓာတ်ဖြည့်ခြင်း

-အဓိကအရေးအပါဆုံးကုသမှုဖြစ်တယ်။ဝမ်းပျက်ဝမ်းလျှောဖြစ်လာလျှင် အသက်အန္တရာယ်ဖြစ်ခြင်းမှာ ရေဓာတ်ခန်းခြောက်ရာမှ ရှော့ဖြစ်ခြင်းနှင့် မျှခြေဓာတ်ပျက်၍နှလုံးရပ်ခြင်းဖြစ်ပါတယ်။

-အရည်များများသောက်ရပါမယ်။
(ရေ၊စွပ်ပြုတ်၊သဘာဝလတ်ဆတ်သောသစ်သီးဖျော်ရည်များသောက်နိုင်ပါတယ်။

-ဓာတ်ဆားရည်(WHO ဖော်မြူလာ)သောက်နိုင်ပါတယ်။

-ဝမ်းသွားလိုက်သည့်ပမာဏနှင့်ညီမျှအောင် ဖြည့်သောက်ပေးရပါမယ်။

-ဝမ်းတစ်ကြိမ်သွားပြီးတိုင်းအရည်တစ်ခွက်ဖြည့်သောက်ရပါမယ်။

-အစာမစားခင်ကြားထဲတွင် အရည်ကိုတတ်နိုင်သမျှ များများသောက်ပေးရပါမယ်။

-ရေဓာတ်ဆုံးရှုံးမှုများလျှင် ဓာတ်ဆားရည်ချိတ်ဖို့လိုပါတယ်။(Dripချိတ်ခြင်း)

-ရေဓာတ်ဆုံးရှုံးမှုများလျှင်
*ရေငတ်ခြင်း၊ဆီးနည်းခြင်း၊သွေးပေါင်ကျခြင်း၊ခြေလက်အေးစက်ခြင်း၊မျက်တွင်းချိုင့်ခြင်း၊
*ကလေးငယ်များတွင် ငယ်ထိပ်ချိုင့်ခြင်း၊မျက်ရည်မထွက်ခြင်း၊လျှာခြောက်ခြင်း
များတွေ့နိုင်ပါတယ်။

2.အစားအသောက်

*ပိုတက်စီယမ်ဓာတ်ကြွယ်ဝသောအစားအသောက်ပိုစားပါ။
(သဘာဝသစ်သီးဖျော်ရည်များ၊အာလူး၊ငှက်ပျောသီး၊အုန်းစိမ်းရေ)

*ဆားဓာတ်များသောအစားအစာနှင့် အရည်များသောက်ပေးပါ။
(စွပ်ပြုတ်များ၊အငံအရသာပါသောမုန့်များ)

*အမျှင်ဓာတ်များသောအစားအသောက်များဟာဝမ်းပုံစံကိုပြန်ကောင်းစေပါတယ်။
(ဆန်၊ဂျုံ၊oat meal၊ငှက်ပျောသီး)

*ရှောင်ရန်အစားအသောက်များ
-အချိုဓာတ်များသောအစားအသောက်များ
-နို့နှင့်နို့ထွက်ပစ္စည်းများ
-ကဖင်းဓာတ်ပါသောအသားအသောက်များ
-Gasပါသောအချိုရည်များ
-အကြော်များ
-ခရင်များ

3.အနေအထိုင်

*အစာမစားမီ နှင့် အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် သေချာဆေးပါ။
*ဝမ်းရပ်ပြီး၄၈နာရီမတိုင်ခင်အထိ အိမ်တွင်သာနေပါ။
*ဝမ်းလျှောဝမ်းပျက်နေလျှင် အစားအသောက်ပြင်ဆင်ချက်ပြုတ်ခြင်းရှောင်ပါ။
*အစားအသောက်များကို ယင်မနားအောင်ဖုံးအုပ်ထားပါ။
*အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ပါ။
*သောက်ရေ နှင့်သုံးရေသန့်ရှင်းအောင်ဂရုစိုက်ပါ။
*နို့တိုက်မိခင်များ မိခင်နို့ဆက်တိုက်လို့ရပါတယ်။

4.ဆေးဝါးများ

-ဝမ်းပိတ်ဆေးများ
(Eg.loperimide,Immodium,Bismuth)
(ကလေးငယ်များသောက်သုံးရန်မသင့်တော်ပါ။ဆီးချိုရောဂါရှိလျှင် ၊အဖျားရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်ပါ)

-ပိုးသတ်ဆေးများ
(ဘတ်တီးရီးယားကြောင့်ဖြစ်လျှင်၊ခရီးသွားရာမှဝမ်းသွားခြင်းဖြစ်လျှင်)

-Zinc
(ဝမ်းသွားသည့်ရက်နှင့်အကြိမ်ရေကိုနည်းစေသည်။အူနံရံအမှေးပါးပြန်တက်လာအောင်ကူညီပေးပါတယ်။)

-အူလမ်းကြောင်းအကျိုးပြုပိုးများ(Probiotics)
(ပိုးသတ်ဆေးရက်ရှည်သောက်ရခြင်းကြောင့်ဖြစ်လျှင်၊ခရီးသွာခြင်းကြောင့်ဖြစ်သောဝမ်းလျှောခြင်း နှင့် ကလေးငယ်များဝမ်းလျှောခြင်း)

Q.ဘယ်အချိန်ဆရာဝန်နှင့်ပြမလဲ?

1.ရက်ရှည်ဝမ်းလျှောလျှင်

2.၁နှစ်အောက်ကလေးငယ်များ
(24နာရီအတွင်းဝမ်း6ကြိမ် (သို့)3ကြိမ်အန်လျှင်)

3.၁နှစ်အထက်ကလေးများ
(24နာရီအတွင်း 6ကြိမ်ထက်ပိုသောဝမ်းလျှောခြင်း(သို့)အန်ခြင်းဝမ်းသွားခြင်းတွဲဖြစ်လျှင်)

4.အန္တရာယ်ရှိသောလက္ခဏာများတွေ့လျှင်
-ဆက်တိုက်အန်လျှင်
-ဝမ်းမရပ်လျှင်
-ရေဓာတ်ဆုံးရှုံးသောလက္ခဏာများခံစားရလျှင်
-ကိုယ်အလေးချိန်သိသိသာသာကျလျှင်
-ဝမ်းထဲပြည်တွေ့လျှင်
-ဝမ်းထဲသွေးတွေ့လျှင်

Q.ကာကွယ်ခြင်း

-ကလေးအသက်၆လအထိ မိခင်နို့တစ်မျိုးထဲသာတိုက်ပါ။
-လက်ကိုဆပ်ပြာဖြင့်သေချာဆေးပါ။
(အထူးသဖြင့် အသာမစာခင်နှင့်အိမ်သာတက်ပြီးတိုင်း)
-သောက်ရေ၊သုံးရေ သန့်ရှင်းအောင်ဂရုစိုက်ပါ။
(ရေသန့် ၊ကျိုချက်ထားသောရေ၊ကလိုရင်းခတ်ထားသောရေကိုသာသောက်ပါ)
-ယင်နားစာများရှောင်ပါ။
-အမှိုက်နှင့်အညစ်အကြေးများသေချာစွန့်ပစ်ပါ။
-ယင်လုံအိမ်သာသုံးပါ။
-အစားအစာများကို ကျက်အောင်ချက်ပြုတ်စားသောက်ပါ။ပူအောင်ပြန်နွှေးပြီးမှစားပါ။ယင်မနားအောင်သေချာဖုန်းအုပ်ထားပါ။

Dr.Yin Yin Win
M.B.,B.S(YGN)
Dip.Med.Sc(Family Medicine)

References
Mayo Clinic
Healthline
NHS

#အေးမွန်သာအထွေထွေရောဂါနှင့်ကလေးအထူးကုဆေးခန်း

#အမှတ်၆၃_မာလာမြိုင်၄လမ်း_လှိုင်မြို့နယ်_ရန်ကုန်မြို့

#ဖုန်း_095103700_09955103700

#နေ့စဥ်_မနက်၁၀_၃၀မှည_၇_၃၀နာရီ

07/11/2024
02/10/2022

Q.အူအတက်‌ေယာင်တဲ့အခါ သင်ဘာတွေခံစားရမလဲ?

သင်တို့ရဲ့ အူအတက်‌ေလးယောင်တဲ့အခါ 👇

၁။ဗိုက်ညာဘက်ခြမ်း ရုတ်တရက်အောင့်လာခြင်း

၂။ပျို့အန်ခြင်း

၃။ခံတွင်းပျက်ခြင်း

၄။ဖျားခြင်း

၅။ဝမ်းချုပ်ခြင်း/ဝမ်းလျှောခြင်း

၆။ဗိုက်ကယ်ခြင်း

စတဲ့ဝေဒနာတွေခံစားရပါလိမ့်မယ်။

*အူအတက်ပေါက်ခြင်းဟာ အသက်အန္တရာယ်ရှိတာမို့ အထက်ပါဝေဒနာများခံစားနေရပြီဆို နီးစပ်ရာဆေးရုံဆေးခန်းသို့ သွားရောက်ပြသသင့်ပါတယ်။

Dr.Yin Yin Win

#အေးမွန်သာ
#အထွေထွေရောဂါနှင့်ကလေးအထူးကုဆေးခန်း
#အူအတက်ယောင်ခြင်း

🏥နံပါတ် 63,မာလာမြိုင် 4လမ်း,လှိုင်မြို့နယ်,ရန်ကုန်မြို့။

📱09 510 3700, 09 95 510 3700

ဆေးခန်းဖွင့်ချိန်-
နေ့စဉ် နေ့လည် 2.30 pm - ည 8.30 pm အထိ

Address

Naypyidaw

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00

Website

Alerts

Be the first to know and let us send you an email when DR.YIN's Health Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to DR.YIN's Health Education:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category