𝗧𝗮𝗿𝗼𝘁 𝗕𝘆 𝗪𝗶𝗻𝘁

  • Home
  • Myanmar
  • Kengtung
  • 𝗧𝗮𝗿𝗼𝘁 𝗕𝘆 𝗪𝗶𝗻𝘁

𝗧𝗮𝗿𝗼𝘁 𝗕𝘆 𝗪𝗶𝗻𝘁 BE.Civil 👷
thank Universe 🍀🍀🍀
thank AscendedMaster🙏
thank money 💵💵💵
Abundance life🍀🍀🍀💵💵💵

အားလုံးပဲမင်္ဂလာပါရှင် 🍀အသစ်သစ်သော Client လေးတွေက ဉာဏ်ပူဇော်ခလေးတွေမေးကြလို့ပြန်တင်ပေးလိုက်ပါတယ် #တစ်ဦးအတွက်သာဖြစ်ပါတယ်...
02/04/2026

အားလုံးပဲမင်္ဂလာပါရှင် 🍀

အသစ်သစ်သော Client လေးတွေက
ဉာဏ်ပူဇော်ခလေးတွေမေးကြလို့
ပြန်တင်ပေးလိုက်ပါတယ်
#တစ်ဦးအတွက်သာဖြစ်ပါတယ်
(ဥပမာ- မိမိနဲ့မိမိခင်ပွန်းအတွက်မေးချင်ရင်နှစ်ယောက်စာပေးရပါတယ်)
𝐕𝐨𝐢𝐜𝐞 𝐏𝐚𝐜𝐤𝐚𝐠𝐞 - 𝟏𝟓𝟎𝟎𝟎/-
𝐏𝐡𝐨𝐧𝐞 𝐏𝐚𝐜𝐤𝐚𝐠𝐞 - 𝟐𝟕𝟎𝟎𝟎/-
𝐔𝐫𝐠𝐞𝐧𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞 - 𝟓𝟎𝟎𝟎𝟎/-
𝐎𝐧𝐞 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧 - 𝟒𝟓𝟎𝟎/-
်ရင်သိသိမသိသိငွေကြိုလွဲရပါတယ်ရှင်
ပွဲလှူမည့်သူများလည်း ပွဲလှူရင်း ဟိုဟာလေးဒီဟာလေးကြည့်ပေးပါဆိုသူများအတွက်လည်း ဉာဏ်ပူဇော်ခ #15000/-ပေးရပါတယ်ရှင်
မေးခွန်းတွေက တစ်ယောက်အတွက် အကန့်အသတ်မရှိမေးလို့ရပါတယ်
ဖုန်းဖြင့်မေးချင်သူများအတွက် အချိန်ညှိပေးပါတယ်ရှင့်....
Urgent ဆို တစ်နာရီအတွင်းဟောပေးပါတယ် 0943022346 သို့ဆက်သွယ်နိုင်ပါတယ်ရှင်.....

ဲ့ပဲဟောပါတယ်ရှင်

ဟောခန်းတွင်လာမေးချင်သူများ
တစ်ဦးအတွက်-၂၀၀၀၀/- ပါရှင့်

ယုံကြည်ပေးသူတစ်ယောက်ဆီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်...

𝗪𝗶𝗻𝘁 𝗪𝗮𝗵- 𝗧𝗮𝗿𝗼𝘁&𝗣𝘀𝘆𝗰𝗵𝗶𝗰
သုခတော်ဝင် R2 14
0943022346

ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ စွမ်းအင်တွေကို ထိန်းသိမ်းဖို့အတွက် Negative energy (အပျက်သဘောဆောင်တဲ့ စွမ်းအင်) ရှိသူတွေနဲ့ ...
01/04/2026

ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ စွမ်းအင်တွေကို ထိန်းသိမ်းဖို့အတွက် Negative energy (အပျက်သဘောဆောင်တဲ့ စွမ်းအင်) ရှိသူတွေနဲ့ အတတ်နိုင်ဆုံး ဝေးဝေးနေတာဟာ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။

အဆိုးမြင်စိတ်နဲ့ Negative energy ရှိသူတွေကို ဘာကြောင့် ရှောင်သင့်လဲဆိုရင်……

လူ့စိတ်ဟာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ခံရလွယ်ပါတယ်။ အမြဲတမ်း ညည်းညူနေသူ၊ အပြစ်တင်နေသူ ဒါမှမဟုတ် စိတ်ဓာတ်ကျစရာတွေကိုပဲ ပြောနေသူတွေနဲ့ နီးကပ်တဲ့အခါ သူတို့ရဲ့ စိတ်အခြေအနေက ကိုယ့်ဆီကို မသိမသာ ကူးစက်လာတတ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို လျော့နည်းစေသလို စိတ်ဖိစီးမှုကိုလည်း မြင့်တက်စေပါတယ်။
ကိုယ့်ရဲ့ စွမ်းအင်တွေကို ကုန်ခမ်းစေတဲ့ Negative Energy သမားတွေကို
" Energy Vampires" လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ သူတို့နဲ့ စကားပြောပြီးတဲ့အခါ ကိုယ့်မှာ ဘာအလုပ်မှ မလုပ်ရသေးဘဲနဲ့ စိတ်ပင်ပန်းနွမ်းနယ်သွားတာမျိုး ကြုံဖူးကြမှာပါ။ ကိုယ့်ရဲ့ အဖိုးတန်တဲ့ ဖန်တီးနိုင်စွမ်းနဲ့ စွမ်းအင်တွေကို အဆိုးမြင်တဲ့ စကားဝိုင်းတွေထဲမှာ အလဟဿ မကုန်ဆုံးစေဖို့ သူတို့ကို ရှောင်သင့်တာဖြစ်ပါတယ်။
Negative ရှိသူတွေဟာ များသောအားဖြင့် အခွင့်အလမ်းထက် အခက်အခဲကိုပဲ မြင်တတ်ကြပါတယ်။ ကိုယ်တစ်ခုခု လုပ်ချင်တဲ့အခါ သူတို့က အားပေးမယ့်အစား "မဖြစ်နိုင်ပါဘူး"၊ "မလုပ်နဲ့" ဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ့်ရဲ့ ယုံကြည်မှုကို ရိုက်ချိုးတတ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ တိုးတက်မှုကို နှောင့်နှေးစေတဲ့ အဟန့်အတားတစ်ခု ဖြစ်လာနိုင်ပါတယ်။
အဆိုးမြင်သူတွေနဲ့ အနေနီးတဲ့အခါ လောကကြီးကို သူတို့ကြည့်သလိုပဲ "မဲမဲသဲသဲ" မြင်လာတတ်ပါတယ်။ ပြဿနာတစ်ခုကို အကောင်းမြင်စိတ်နဲ့ ဖြေရှင်းမယ့်အစား ကြောက်စိတ် ဒါမှမဟုတ် စိုးရိမ်စိတ်တွေနဲ့ ဆုံးဖြတ်မိတတ်တာကြောင့် မှန်ကန်တဲ့ လမ်းကြောင်းကနေ သွေဖည်သွားနိုင်ပါတယ်။
အဆိုးမြင်စွမ်းအင်တွေ ကြားမှာ နေရတာဟာ ရေရှည်မှာ သွေးတိုးခြင်း၊ အိပ်မပျော်ခြင်းနဲ့ ကိုယ်ခံအားစနစ် အားနည်းခြင်း စတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုအချို့က ဆိုပါတယ်။

ကိုယ့်ဘဝကို အဆင့်မြှင့်တင်ဖို့နဲ့ စိတ်ချမ်းသာဖို့ဆိုတာ "ဘယ်သူတွေကို လက်ခံမလဲ" ဆိုတာထက် "ဘယ်သူတွေကို ဖယ်ထုတ်မလဲ" ဆိုတာက ပိုပြီး အရေးကြီးပါတယ်။ ကိုယ့်ရဲ့ စွမ်းအင် (Vibration) မြင့်မားနေဖို့အတွက် အပြုသဘောဆောင်သူတွေ၊ Positive Thinking သမားတွေ ကိုယ့်ကို စိတ်အားတက်ကြွစေသူတွေနဲ့ပဲ ဝန်းရံထားသင့်ပါတယ်။


 #ထီကံထူးချင်သူများအတွက်အစီအမံ လွယ်လွယ်လေးပါ အနောက်တိုင်းအစီအမံတွေမှာ ယုံကြည်မှုကအဓိကပါနော်🍀🍀🍀🍀🍀🍀🍀🍀မိမိရဲ့ထီလက်မှတ်ပေါ်မ...
31/03/2026

#ထီကံထူးချင်သူများအတွက်အစီအမံ

လွယ်လွယ်လေးပါ အနောက်တိုင်းအစီအမံတွေမှာ ယုံကြည်မှုကအဓိကပါနော်🍀🍀🍀🍀🍀🍀🍀🍀

မိမိရဲ့ထီလက်မှတ်ပေါ်မှာ ပုံမှာပြထားတဲ့ Sigil လေးကိုမှင်အနီရောင်နဲ့ဆွဲပါ
အနီရောင်က Universe colour ဖြစ်ပါတယ်.....
*ဤထီလက်မှတ်ဟာငါ့အတွက်ကံထူးစေမည့် ထီလက်မှတ်လေး ဖြစ်ပါပြီ* လို့ ၁၃ ကြိမ် ရွတ်ဆိုပါ

ထီလက်မှတ်မရှိတဲ့သူတွေက စာရွက်အဖြူပေါ်မှာရေးဆွဲပါ ပုံရဲ့အောက်မှာ မိမိကံစမ်းထားတဲ့ Lucky noကိုရေးပါ....

ကံကောင်းကြပါစေ
ထီဆုကြီးတွေကံထူးကြပါစေ

 #လကုန်ရက်မှာပြုလုပ်ရမည့်လွယ်ကူရိုးရှင်းသောအစီအမံလကုန်ရက်ဟာ အညစ်အကြေးဟောင်းတွေကို ဖယ်ထုတ်ပြီး လသစ်မှာ ကံကောင်းခြင်းနဲ့ င...
30/03/2026

#လကုန်ရက်မှာပြုလုပ်ရမည့်လွယ်ကူရိုးရှင်းသောအစီအမံ

လကုန်ရက်ဟာ အညစ်အကြေးဟောင်းတွေကို ဖယ်ထုတ်ပြီး လသစ်မှာ ကံကောင်းခြင်းနဲ့ ငွေကြေးစီးဆင်းမှုအသစ်တွေကို ဖိတ်ခေါ်ဖို့ အကောင်းဆုံးချိန်ဖြစ်လို့ ဒါလေးတွေလိုက်လုပ်ကြည့်ပါ.....
လွယ်လွယ်လေးပါ..

🍀​​လကုန်ရက်မှာ အိမ်ထဲက မကောင်းတဲ့စွမ်းအင် (Negative Energy) တွေ ထွက်သွားစေဖို့ ရေပုံးထဲကို ဆားအနည်းငယ်ထည့်ပြီး အိမ်ရှေ့တံခါးကနေ စတင်ကာ အိမ်တွင်းကြမ်းပြင်တွေကို တိုက်ချွတ်ဆေးကြောပါ။
​ရည်ရွယ်ချက်ကလဟောင်းက အညံ့အဆိုးတွေကို ဖယ်ရှားပြီး လသစ်အတွက် ကံကောင်းခြင်းတွေ ရောက်ရှိလာအောင်
နေရာလွတ် (Space) ဖန်တီးတာဖြစ်ပါတယ်။
🍀ပိုက်ဆံအိတ်ထဲက အသုံးမလိုတော့တဲ့ ဘောက်ချာအဟောင်းတွေ၊ စက္ကူအစုတ်တွေကို အကုန်ထုတ်ပစ်ပါ။ပိုက်ဆံတွေကို အစဉ်လိုက်သေချာစီထည့်ပြီး သစ်ကြံပိုးခေါက် အမှုန့် အနည်းငယ်ကို ပိုက်ဆံအိတ်ပေါ်မှာ ဖြူးပေးပါ အမှုန့်မရှိရင်
သစ်ကြံပိုးခေါက်တစ်ချောင်း ထည့်ထားပါ။ ငွေအဝင်စေရန်နဲ့လသစ်မှာ ငွေမြဲစေရန် ဖြစ်ပါတယ်။
🍀​လကုန်ညမှာ ငွေကြေးနဲ့ အခွင့်အလမ်းသစ်အတွက် အစိမ်းရောင် (သို့) အဝါရောင်ဖယောင်းတိုင်ကို ထွန်းပါ💚💛
ဖယောင်းတိုင် မထွန်းခင် "ငါ့ရဲ့ လုပ်ငန်းဆောင်တာတွေ အောင်မြင်နေပြီ၊
ဧပြီလမှာငွေတွေ ဝင်နေပြီ" ဆိုတဲ့ Affirmation (အပြုသဘောဆောင်တဲ့ စကားလုံးများ) ကို ရွတ်ဆိုပါ။

​ဒီ Ritual တွေကို လုပ်ဆောင်တဲ့အခါ စိတ်ထဲမှာ တကယ်ဖြစ်လာမယ်ဆိုတဲ့ "ယုံကြည်မှု" က အရေးကြီးဆုံးပါ။
ဧပြီလလေးမှာ ငွေဝင်ကြမ်းကြပြီး
အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ရှင်...........

#ကံပွင့်လာဘ်ပွင့်ကြပါစေ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက် နေ့ဟာ အင်္ဂါနေ့ ဖြစ်တဲ့အတွက် အောင်မြင်မှုနဲ့ ဇွဲလုံ့လကို ဖော်ဆောင်တဲ့နေ့ ဖြစ်ပါတယ်။​ဒီနေ့မှာ ...
30/03/2026

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက် နေ့ဟာ အင်္ဂါနေ့ ဖြစ်တဲ့အတွက် အောင်မြင်မှုနဲ့ ဇွဲလုံ့လကို ဖော်ဆောင်တဲ့နေ့ ဖြစ်ပါတယ်။
​ဒီနေ့မှာ ထူးထူးခြားခြား လာဘ်ပွင့်စေဖို့အတွက် .....
​နံနက်ပိုင်းတွင် မိမိအိမ်ရှိ ဘုရားကျောင်းစောင်မှာ သကြား (သို့မဟုတ်) သကြားလုံး (၈) လုံး ကို ပန်းကန်ငယ်လေးဖြင့် ကပ်လှူပြီး "လာဘ်လာဘများ အတားအဆီးမရှိ ဝင်ရောက်ပါစေ" ဟု ဆုတောင်းပါ။
​အိမ်က ဘုရားမှာဖြစ်စေ၊ နီးစပ်ရာ ဘုရားစေတီမှာဖြစ်စေ မိမိအသက်နဲ့အမျှ ရေချမ်းသက်စေ့ လောင်းလှူပေးခြင်းက စိတ်အေးချမ်းစေပြီး အကြံအစည် အောင်မြင်စေပါတယ်။
အလုပ်အကိုင်နှင့် စီးပွားရေး အဆောင်
​စီးပွားရေး လုပ်ကိုင်သူများ၊ ဈေးရောင်းသူများအတွက် ကံကောင်းစေမည့် အရောင်မှာ နီညိုရောင် (သို့မဟုတ်) ပန်းရောင် ဖြစ်ပါတယ်။ အဝတ်အစားတွင် ထည့်သွင်းဝတ်ဆင်ခြင်း သို့မဟုတ် ပုဝါလေး ဆောင်ထားခြင်းဖြင့် မျက်နှာပွင့်လန်းစေပါတယ်။
ဘေးအန္တရာယ်ကင်းစေရန်နှင့်အရောင်း
အဝယ်ကောင်းစေရန်
လုပ်ငန်းခွင် သို့မဟုတ် ဆိုင်ခန်းတွင် နံနက်ပိုင်း၌ အမွှေးနံ့သာတိုင် (၃) တိုင် ထွန်းညှိပြီး ဆုတောင်းမေတ္တာပို့သပါ။


#ကံပွင့်လာဘ်ပွင့်ကြပါစေ

လောကကြီးထဲမှာ ကျွန်တော်တို့ဟာသူတစ်ပါးကို ပျော်ရွှင်စေဖို့၊ သူတစ်ပါး အကြိုက်ဖြစ်စေဖို့ အမြဲကြိုးစားနေတတ်ကြပေမယ့် မိမိကိုယ...
30/03/2026

လောကကြီးထဲမှာ ကျွန်တော်တို့ဟာသူတစ်ပါးကို ပျော်ရွှင်စေဖို့၊ သူတစ်ပါး အကြိုက်ဖြစ်စေဖို့ အမြဲကြိုးစားနေတတ်ကြပေမယ့် မိမိကိုယ်ကို ဂရုစိုက်ဖို့အတွက်မေ့လျော့နေတတ်ကြပါတယ်.......
ကိုယ့်ကိုကိုယ် ပြန်လည်ချစ်မြတ်နိုးတတ်လာတဲ့အခါ ဘဝရဲ့အခက်အခဲတွေကို
ရင်ဆိုင်တဲ့နေရာမှာ ပိုမိုခိုင်မာသော စိတ်ဓာတ် ခွန်အားတွေရရှိစေပါတယ်

ဒါကြောင့်..........

"မှန်ထဲက လူသားကို အရင်ပြုံးပြပါ"
လောကကြီးကို ပြုံးပြဖို့ ကြိုးစားနေရင်းနဲ့ ကိုယ့်မျက်နှာပေါ်က အပြုံးတွေ
ပျောက်ဆုံးမသွားပါစေနဲ့....
ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး
နွေးထွေးစွာ ဆက်ဆံပါ....

သင်္ချာဗေဒ (Numerology) အရ ၁ ဂဏန်းသမားများ (မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်နေ့မွေးဖွားသူများ) သည် နေမင်း (Sun) ၏ အရှိ...
30/03/2026

သင်္ချာဗေဒ (Numerology) အရ ၁ ဂဏန်းသမားများ (မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်နေ့မွေးဖွားသူများ) သည် နေမင်း (Sun) ၏ အရှိန်အဝါကို ရရှိထားသူများဖြစ်ပြီး ထူးခြားသော ဦးဆောင်နိုင်စွမ်းရှိသူများ ဖြစ်ကြပါတယ်။
​၁ ဂဏန်းသမားများဟာသူတစ်ပါးနောက်မှာ လိုက်ရတာထက် ရှေ့ကနေ ဦးဆောင်ရတာကို နှစ်သက်သူ ဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်စိတ် ပြင်းထန်ပြီး အမိန့်ပေး ခိုင်းစေတာကို မနှစ်သက်ဘဲ မိမိဘာသာ လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်လိုသူများ ဖြစ်ပါတယ်။
​​မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိပြီး ရည်မှန်းချက် ကြီးမားသူ တွေပါ။ ခက်ခဲတဲ့ အလုပ်တွေကိုလည်း "ငါလုပ်နိုင်တယ်" ဆိုတဲ့ စိတ်နဲ့ စိန်ခေါ်မှုကို ရင်ဆိုင်တတ်ကြပါတယ်။ စိတ်ဓာတ် ပြတ်သားပြီး လုပ်ချင်တာကို မရရအောင် လုပ်တတ်တဲ့ ဇွဲရှိပါတယ်။
​​သူများလုပ်ပြီးသားကို လိုက်လုပ်တာထက် အသစ်အဆန်းတွေကို စတင်ဖန်တီးသူ (Pioneer) တွေ ဖြစ်ပါတယ်။ အတွေးအခေါ်သစ်တွေ ရှိတတ်ပြီး ကိုယ်ပိုင်ဟန် (Originality) ကို အလေးထားသူတွေပါ။ ဒါကြောင့် လုပ်ငန်းခွင်မှာ ထင်ပေါ်ကျော်ကြားတဲ့သူတွေ ဖြစ်လာလေ့ရှိပါတယ်။
​​တစ်ဖက်ကကြည့်ရင် ၁ ဂဏန်းသမားတွေဟာ မာန အနည်းငယ် ကြီးတတ် ပါတယ်။ မိမိကိုယ်ကို ဗဟိုပြုစဉ်းစားတတ်တာကြောင့် တစ်ခါတလေ တစ်ကိုယ်ကောင်းဆန်တယ်လို့ အထင်ခံရတတ်သလို၊ စိတ်မြန်လက်မြန် ရှိတာကြောင့် ဒေါသထွက်လွယ်တာမျိုးလည်း ရှိတတ်ပါတယ်။
​​၁ ဂဏန်းသမားတွေဟာ ဘဝမှာ အောင်မြင်မှုကို အလွန်ဆာလောထင်သူတွေပါ။ အရှိန်အဝါရှိခြင်း၊ အာဏာရှိခြင်းနဲ့ ဂုဏ်သိက္ခာရှိခြင်းတို့ကို တန်ဖိုးထားကြပါတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် လူမှုပတ်ဝန်းကျင်မှာ လေးစားခံရတဲ့ နေရာတစ်ခုကို ရရှိတတ်ကြပါတယ်။
​
၁ ဂဏန်းသမားများအနေနဲ့ အောင်မြင်မှုရဖို့ လွယ်ကူသော်လည်း အတ္တ (Ego) ကို ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ သူတစ်ပါးရဲ့ အမြင်ကို နားထောင်ပေးခြင်းနဲ့ သည်းခံခြင်းတရားကို ကျင့်သုံးမယ်ဆိုရင် ပိုမိုပြည့်စုံတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

​အကျိုးပေးအရောင် Lucky Colors တွေက ရွှေရောင် ၊ အဝါရောင် ၊ လိမ္မော်ရောင် ၊ ကြေးနီရောင် ဖြစ်ပါတယ်။
ကံကောင်းစေသော Lucky Days တွေက တနင်္ဂနွေ တနင်္လါနေ့ ဖြစ်တာကြောင့် အရေးကြီးတဲ့ လုပ်ငန်းတွေ စတင်ဖို့ အကောင်းဆုံးပါ။
ပတ္တာမြားက ၁ ဂဏန်းသမားတွေအတွက် အထူးသင့်လျော်တဲ့ ကျောက်မျက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပြီး ဘေးအန္တရာယ်က ကာကွယ်ပေးပါတယ်။
​ရွှေထည်ပစ္စည်းတစ်ခုခု (ဥပမာ - လက်စွပ်၊ ဆွဲကြိုး) ကို အမြဲဝတ်ဆင်ထားခြင်းက ကံဇာတာ တက်စေပါတယ်။

အောင်မြင်မှုအတွက် မနက်စောစော နေထွက်ချိန်မှာ နေရောင်ခြည် ခံယူတာ ဒါမှမဟုတ် နေမင်းကို ဦးခိုက်တာက သင့်ရဲ့ စွမ်းအင် (Energy) ကို ပြည့်ဝစေပါတယ်။
​အခွင့်အရေးရရင် ရှေ့ကနေ မကြောက်မရွံ့ ဦးဆောင်ပါ။ သင့်ရဲ့ ကံဇာတာဟာ နောက်လိုက်လုပ်တာထက် ဦးဆောင်သူလုပ်တဲ့အခါ ပိုပြီး ပွင့်လန်းပါတယ်။
​
၁ ဂဏန်းသမားတွေဟာ အမည်းရောင် (Black) နဲ့ အပြာရင့်ရောင် (Dark Blue) တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ ဒီအရောင်တွေက သင့်ရဲ့ တောက်ပတဲ့ စွမ်းအင်တွေကို မှေးမှိန်စေတတ်လို့ပါ။



𝐖𝐢𝐧𝐭 𝐖𝐚𝐡 - 𝐓𝐚𝐫𝐨𝐭 & 𝐏𝐬𝐲𝐜𝐡𝐢𝐜

ဗေဒင်ပညာနှင့် သင်္ချာဗေဒ (Numerology) အရ ၄ ဂဏန်းသမားများ (ဥပမာ - မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့မွေးဖွားသူများ) သည...
29/03/2026

ဗေဒင်ပညာနှင့် သင်္ချာဗေဒ (Numerology) အရ ၄ ဂဏန်းသမားများ (ဥပမာ - မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့မွေးဖွားသူများ) သည် ထူးခြားသော အရည်အချင်းရှိပြီး စိတ်ဓာတ်ခိုင်မာသူများ ဖြစ်ကြပါတယ်။
​၄ ဂဏန်းသမားများတွေဟာ......
​၁။ လက်တွေ့ဆန်ပြီး စနစ်ကျသူများဖြစ်ပါတယ်။စိတ်ကူးယဉ်သမားထက် လက်တွေ့လုပ်ဆောင်သူ ဖြစ်ပါတယ်။ အလုပ်တစ်ခုကို စနစ်တကျ၊ တိကျသေချာစွာ လုပ်ဆောင်တတ်ပြီး အခြေခံခိုင်မာမှုကို အလေးထားသူတွေပါ။ "ဖြတ်လမ်းနည်း" ထက် "မှန်ကန်တဲ့နည်းလမ်း" ကိုပဲ ရွေးချယ်လေ့ရှိပါတယ်။
​၂။ စိတ်ဓာတ်ခိုင်မာပြီး ခေါင်းမာလွန်တဲ့သူတွေလည်းဖြစ်ပါတယ်။​တစ်ဖက်ကကြည့်ရင် ဇွဲနပဲ အလွန်ကြီးမားသလို၊ တစ်ဖက်ကလည်း မိမိကိုယ်ပိုင် အယူအဆအပေါ် အရမ်းခိုင်မာ တတ်ကြပါတယ်။ တစ်ခါတလေ သူတစ်ပါးရဲ့အကြံပေးချက်ကို လက်ခံဖို့ ခက်ခဲတတ်ပြီး မိမိယုံကြည်ရာကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်တဲ့ "ခေါင်းမာသူ" တွေအဖြစ် အမြင်ခံရတတ်ပါတယ်။
​၃။ ထူးခြားသောအမြင်ပိုင်ဆိုင်ထားသူတွေလည်းဖြစ်ပါတယ်။ ​၄ ဂဏန်းသမားအများစုဟာ လူအများစု လက်ခံထားတဲ့ ရိုးရာအယူအဆတွေကို မေးခွန်းထုတ်တတ်သူတွေပါ။ လောကကြီးကို တစ်မျိုးတစ်ဖုံ ထောင့်ကနေ ကြည့်တတ်တာကြောင့် တော်လှန်သော အတွေးအခေါ် ရှိသူတွေလို့လည်း သတ်မှတ်ကြပါတယ်။ ဒါကြောင့် တစ်ခါတလေ လူအများနဲ့ သဘောထား ကွဲလွဲတတ်ပါတယ်။
​၄။ သစ္စာရှိပြီး အားကိုးထိုက်သူများဖြစ်ကြပါတယ်။​သူငယ်ချင်းအပေါင်းအသင်းနဲ့ မိသားစုအပေါ်မှာ အလွန် သစ္စာရှိသူတွေဖြစ်ပါတယ်။အခက်အခဲကြုံလာရင် ဘေးနားမှာ အမြဲရှိနေပေးမယ့် အားကိုးထိုက်တဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတိုင်းနဲ့တော့ အလွယ်တကူ အဆင်မပြေတတ်ဘဲ ကိုယ်နဲ့ စိတ်တူကိုယ်တူဖြစ်မယ့်သူ နည်းပါးတတ်ပါတယ်။
​၅။ ​၄ ဂဏန်းသမားတွေရဲ့ ဘဝဟာ ဘဝကံကြမ္မာ အနိမ့်အမြင့်ရုတ်တရက် အပြောင်းအလဲတွေနဲ့ ကြုံရတတ်ပါတယ်။ အောင်မြင်မှုရဖို့အတွက် အခြားသူတွေထက် ပိုပြီး ပင်ပင်ပန်းပန်း ကြိုးစားရလေ့ ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဝီရိယကြောင့် နောက်ဆုံးမှာ ခိုင်မာတဲ့ အောင်မြင်မှုကို ရရှိတတ်ကြပါတယ်။
​
၄ ဂဏန်းသမားများအနေနဲ့ စိတ်ဖိစီးမှု ဒဏ်ကို ခံနိုင်ရည်ရှိအောင် ကြိုးစားဖို့နဲ့၊ တစ်ခါတလေမှာ ကိုယ့်ရဲ့ တင်းမာတဲ့ စည်းကမ်းတွေကို လျှော့ချပြီး အပြောင်းအလဲတွေကို လိုက်လျောညီထွေ လက်ခံတတ်ဖို့ လိုအပ်ပါတယ်။
​သင်ဟာ ၄ ဂဏန်းသမားတစ်ယောက်ဆိုရင် ဒီအချက်တွေက သင့်ရဲ့ ပင်ကိုယ်စရိုက်နဲ့ တိုက်ဆိုင်မှု ရှိတယ်ဆိုရင် Yes လို့ရေးပြီး Share ပေးသွားအုံးနော်....

𝓦𝓲𝓷𝓽 𝓦𝓪𝓱 - 𝓣𝓪𝓻𝓸𝓽 & 𝓟𝓼𝔂𝓬𝓱𝓲𝓬

နေပြည်တော်ပြန်ရောက်ပါပြီဟောခန်းလာချင်သူများBooking တင်လို့ရပါပြီရှင်🥰
29/03/2026

နေပြည်တော်ပြန်ရောက်ပါပြီ
ဟောခန်းလာချင်သူများ
Booking တင်လို့ရပါပြီရှင်🥰

Tarot ဆိုတာ ကတ်ပြားလေးတွေပေါ်မှာ ဆွဲထားတဲ့ ရုပ်ပုံလွှာတွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ စိတ်အခြေအနေနဲ့ ဘဝအကြောင်းအရာတွေကို ပြ...
27/03/2026

Tarot ဆိုတာ ကတ်ပြားလေးတွေပေါ်မှာ ဆွဲထားတဲ့ ရုပ်ပုံလွှာတွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ စိတ်အခြေအနေနဲ့ ဘဝအကြောင်းအရာတွေကို ပြန်လည်ဆန်းစစ်ကြည့်တဲ့ အနုပညာတစ်ခုပါ။ အခုနောက်ပိုင်းမှာ Tarot ကို ဗေဒင်ဟောတာထက် ပိုပြီး "Psychological Mirror" (စိတ်ပိုင်းဆိုင်ရာ မှန်ချပ်) တစ်ခုလို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ရင်ဖွင့်တိုင်ပင်တာတွေ ပိုများလာပါတယ်။

တစ်ခါတလေမှာ ကိုယ်ဘာဖြစ်နေမှန်း၊ ဘာလို့ စိတ်ညစ်နေမှန်း ကိုယ်တိုင်တောင် စကားလုံးနဲ့ ဖော်ပြဖို့ ခက်ခဲနေတဲ့အခါ Tarot ကတ်လေးတွေက ကိုယ့်ရဲ့ မသိစိတ်ထဲမှာ ရှိနေတဲ့ ခံစားချက်တွေကို ရုပ်ပုံတွေအဖြစ် ဖော်ပြပေးပါတယ်။ကတ်ပေါ်က ပုံရိပ်တွေကို ကြည့်ရင်း "ငါ အခုခံစားနေရတာ ဒီလိုမျိုးပါလား" ဆိုတဲ့ အသိက ရင်ထဲက အလုံးကြီးကျသွားသလို ခံစားရစေပါတယ်။

လူတစ်ယောက်ကို ရင်ဖွင့်တဲ့အခါ တစ်ဖက်လူက ကိုယ့်ကို အပြစ်တင်မလား၊ ဝေဖန်မလားဆိုတဲ့ စိုးရိမ်စိတ် ရှိတတ်ပါတယ်။ Tarot ကတ်တွေကတော့ အသက်မဲ့တဲ့ အရာတွေဖြစ်လို့ ဘက်မလိုက်ပါဘူး။ သူတို့က ကိုယ့်ရဲ့ လက်ရှိအခြေအနေကို မှန်တစ်ချပ်လိုပဲ အရှိအတိုင်း ထင်ဟပ်ပြပါတယ်။ ဒါကြောင့် ဘာအကန့်အသတ်မှမရှိဘဲ လွတ်လွတ်လပ်လပ် ရင်ဖွင့်နိုင်တာပါ။

ပြဿနာတစ်ခုထဲမှာပဲ ပိတ်မိနေတဲ့အခါ ဖြေရှင်းနည်းကို မမြင်တတ်တော့ပါဘူး။ Tarot ဖတ်ခြင်းက အခြေအနေတစ်ခုကို ရှုထောင့်ပေါင်းစုံကနေ ကြည့်နိုင်အောင် ကူညီပေးပါတယ်။ "ဒီလမ်းမဟုတ်ရင် နောက်တစ်လမ်း ရှိသေးတယ်" ဆိုတဲ့ မျှော်လင့်ချက်နဲ့ လမ်းညွှန်ချက်တွေကို ကတ်တွေကတစ်ဆင့် ရှာဖွေနိုင်ပါတယ်။

Tarot နဲ့ ရင်ဖွင့်တာဟာ တကယ်တော့ တစ်ဖက်ကတ်ပြားကို ပြောနေတာမဟုတ်ဘဲ ကိုယ့်ရဲ့ Inner Self (အတွင်းစိတ်) နဲ့ စကားပြောနေတာ ဖြစ်ပါတယ်။ "ငါ တကယ် ဘာကို ကြောက်နေတာလဲ?"၊ "ငါ့အတွက် တကယ် အရေးကြီးတာ ဘာလဲ?" ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးရင်း စိတ်ကို ကုစား (Heal) တဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။

Tarot ဆိုတာ အနာဂတ်ကို ကြိုတင်ကြည့်ဖို့သက်သက် မဟုတ်ပါဘူး။ လက်ရှိရင်ဆိုင်နေရတဲ့ စိတ်ဒဏ်ရာတွေ၊ ရှုပ်ထွေးမှုတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ထုတ်ဖော်ပြီး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ရှာဖွေတဲ့ Self-Care နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

တကယ်လို့ မိတ်ဆွေလည်း စိတ်ထဲမှာ တစ်ခုခုကို လေးလံနေတယ်ဆိုရင် Tarot ကတ်လေးတွေနဲ့ဖြစ်စေ၊ ဒါမှမဟုတ် တစ်နေရာရာမှာ ချရေးပြီးဖြစ်စေ ရင်ဖွင့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Tarot ကတ်လေးတွေနဲ့ရင်ဖွင့်ချင်ရင် ဆရာမလေးဆီအပြေးလေးလာခဲ့နော်………🤎🤎🤎🤎

𝓦𝓲𝓷𝓽 𝓦𝓪𝓱 - 𝓣𝓪𝓻𝓸𝓽 & 𝓟𝓼𝔂𝓬𝓱𝓲𝓬

၂၀၂၆ ခုနှစ်၊ မတ်လ (၂၂) ရက်၊ တနင်္ဂနွေနေ့ဟာ မြန်မာလပြက္ခဒိန်အရ တပေါင်းလဆန်း (၄) ရက်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ကံဇာတာ ပွင့်လန...
21/03/2026

၂၀၂၆ ခုနှစ်၊ မတ်လ (၂၂) ရက်၊ တနင်္ဂနွေနေ့ဟာ မြန်မာလပြက္ခဒိန်အရ တပေါင်းလဆန်း (၄) ရက်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ကံဇာတာ ပွင့်လန်းပြီး လာဘ်လာဘရွှင်စေဖို့အတွက် မနက် (၆:၀၀) နာရီမှ (၉:၀၀) နာရီအတွင်း။
မိမိအိမ်က ဘုရားစင်မှာ အုန်းသီးစိတ် (၃) စိတ် ကို ပန်းကန်ငယ်လေးနဲ့ ထည့်ပြီး ကပ်လှူပေးပါ။"ဒီနေ့ ဒီရက်ကစပြီး ဘေးဥပဒ်အန္တရာယ်ကင်းစင်ကာ လာဘ်လာဘများ အဆမတန် ပွင့်လန်းပါစေ" ဟုဆုတောင်းပါ။
​အနီရောင် သို့မဟုတ် ပန်းရောင် ဝတ်ဆင်ခြင်းက ဒီနေ့အတွက် ကံတက်စေပါတယ်။
​မလိုအပ်ဘဲ သူတစ်ပါးကိစ္စထဲ ဝင်မပါမိဖို့ လိုအပ်ပါတယ်။ ငွေကြေးဝင်ဖို့ ကံကောင်းနေတဲ့နေ့ ဖြစ်ပါတယ်။
​တောင်အရပ်သို့ ဦးတည်ပြီး အလုပ်ကိစ္စများ စတင်ခြင်း၊ စျေးရောင်းခြင်းက အကျိုးပေးထူးပါလိမ့်မယ်။
​ဒီနေ့မှာ အမဲသား စားသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။
​(အဝိသုနုဿာနုတိ)ပုတီ တစ်ပတ်စိပ်ပါ...

#ကံပွင့်လာဘ်ပွင့်ကြပါစေ

မင်္ဂလာပါ။ ဒီနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက် (စနေနေ့) အတွက် တစ်နေ့တာ လာဘ်ပွင့်စေဖို့နဲ့ ကံဇာတာ တက်ကြွစေဖို့ ​ဘုရားမှာ နှင်း...
21/03/2026

မင်္ဂလာပါ။ ဒီနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက် (စနေနေ့) အတွက် တစ်နေ့တာ လာဘ်ပွင့်စေဖို့နဲ့ ကံဇာတာ တက်ကြွစေဖို့
​ဘုရားမှာ နှင်းဆီပန်း (သို့မဟုတ်) ရောင်စုံပန်း များကို လှူဒါန်းပါ။ အဓိကအားဖြင့် ပန်းအိုးထဲမှာ ရေကို အသစ်လဲပြီး လန်းဆန်းနေအောင် ပြုလုပ်ပေးပါ။
​လမ်းဘေးက တိရစ္ဆာန်လေးတွေ (ခွေး၊ ကြောင်) ကို အစာကျွေးပါ။ အထူးသဖြင့် အနက်ရောင်ရှိတဲ့ သတ္တဝါလေးတွေကို အစာကျွေးပါ။
ပိုက်ဆံအိတ်ကိုရှင်းလင်းပါ။ ဘောက်ချာဟောင်းတွေစွန့်ပစ်ပါ။
​ဒီနေ့မှာ ဖြစ်နိုင်ရင် အပြာရောင် သို့မဟုတ် ခရမ်းရောင် ပါဝင်တဲ့ အဝတ်အစားကို ဝတ်ဆင်ပါ။ ဒါဟာ စနေနေ့ရဲ့ စွမ်းအင်နဲ့ ကိုက်ညီပြီး စိတ်ကြည်လင်မှုကို ပေးစွမ်းနိုင်ပါတယ်။
​*သိဒ္ဓိ ဘဂဝါ* ပုတီး၇ ပတ်စိပ်ပါ....

#ကံပွင့်လာဘ်ပွင့်ကြပါစေ

Address

Naypyitaw
Kengtung

Telephone

+959674918898

Website

Alerts

Be the first to know and let us send you an email when 𝗧𝗮𝗿𝗼𝘁 𝗕𝘆 𝗪𝗶𝗻𝘁 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝗧𝗮𝗿𝗼𝘁 𝗕𝘆 𝗪𝗶𝗻𝘁:

Share