Pyae Pharmacy - ပြည့် ဆေးဆိုင်

Pyae Pharmacy - ပြည့် ဆေးဆိုင် တိုင်းရင်းဆေး အနောက်တိုင်းဆေး ကလေး ဖြည့်စွက်စာ မျိုးစုံ ကို စျေးနှူန်း ချိုသာစွာဝယ်ယူနိုင်ပါသည်။

Hello မိတ်ဆွေတို့ရေ 🥰🥰🥰Two Babies ထဲက ဆိုင် လက်ကျန် ပစ္စည်းလေးတွေ စျေးသက်သက် သာသာနဲ့ ရောင်းပေးမယ်ရှင့်။ Two Babies ချီပိ...
28/04/2024

Hello မိတ်ဆွေတို့ရေ 🥰🥰🥰

Two Babies ထဲက

ဆိုင် လက်ကျန် ပစ္စည်းလေးတွေ

စျေးသက်သက် သာသာနဲ့ ရောင်းပေးမယ်ရှင့်။

Two Babies ချီပိုး အပန်း ရောင် - တစ်ထည်

Packing မလှ အတွင်းပစ္စည်း လုံးဝ အကောင်းအသန့်

Company စျေး - 47000

ရောင်းစျေး - 43000 ပါ ( 10 % OFF )

Two Babies Shaper

XXL - တစ်ထည် ( အနက်ရောင်)
XL - တစ်ထည် ( အနက်ရောင်)

Company စျေး -18900

ရောင်းစျေး -15000 ပါ ။

အပြင် ဗူးခွံပဲ မလှတာပါ ။

အိမ်အရောက် Deli အပ်ပေးလို့ရပါတယ်ရှင့် ။
ကိုယ်တိုင် သုံးဖို့ပဲ ယူပါနော်

ပြန်ရောင်းဖို့ဆို Package မလှတော့လို့ပါ။

10/01/2024
ဦးရေပြားပေါ်ကမှိုတွေဗောက်တွေပျောက်ဘို့အတွက်ဆို ‘ဒါနိုကဲ ‘ ဗေါက်ပျောက်ခေါင်းလျှော်ရည်ကတာဝန်ယူပေးမယ်Selsun Shampoo လေး လည်...
08/01/2024

ဦးရေပြားပေါ်ကမှိုတွေဗောက်တွေပျောက်ဘို့အတွက်ဆို
‘ဒါနိုကဲ ‘ ဗေါက်ပျောက်ခေါင်းလျှော်ရည်ကတာဝန်ယူပေးမယ်

Selsun Shampoo လေး လည်း ရှိပါတယ်။


#ဒါနိုကဲ

ချစ်မိတ်ဆွေ တို့ရေ သားသား မီး မီး အကြိုက် Organic Rice Crackers လေးတွေ ရောက်ထားပါတယ် ရှင့် ။ Korean Egg  🥚 Cookies လေးတွ...
08/01/2024

ချစ်မိတ်ဆွေ တို့ရေ

သားသား မီး မီး အကြိုက်

Organic Rice Crackers လေးတွေ ရောက်ထားပါတယ် ရှင့် ။

Korean Egg 🥚 Cookies လေးတွေ လည်း ရောက်ပါတယ် ။

မေမေတွေ အရမ်း သုံးတဲ့ နှာရည် ယို နာပိတ်တာ အတွက် Onions Plasters တွေ လည်း ရောက်ပါတယ်ရှင်

မိဘ များ အသုံးဝင် စေရန် shared ပေးလိုက်ပါတယ်။
02/01/2024

မိဘ များ အသုံးဝင် စေရန် shared ပေးလိုက်ပါတယ်။

ကလေးများခြင်ကိုက်၊ပုရွတ်ဆိတ်ကိုက်တဲ့အခါသုံးတဲ့ Calamine Lotion အကြောင်း

မနေ့ကသမီးလေးပုံတင်တော့ မေးထားကြတာနဲ့ ဒီစာစုလေးရေးဖြစ်ပါတယ်။

Insect Bites (ပိုးမွှားကောင်)လေးတွေကိုက်ခံရလို့ ယားယံတဲ့အခါ အသုံးများတဲ့ လိမ်းဆေးပါ။ Calamine / Caldryl စသဖြင့်ခေါ်ကြပါတယ်။

Calamine Lotion ဆိုတာ အရေပြားယားယံခြင်းမှာအသုံးပြုကြတဲ့ လိမ်းဆေးတစ်မျိုးဖြစ်ပါတယ်။ သူ့မှာ Calamine နဲ့ Zinc Oxide ပါတတ်ပါတယ်။ Ferric Oxide ဆိုတဲ့ ဒြပ်ပေါင်းလည်းပါဝင်တတ်ပါတယ်။ လိမ်းဆေးအရည်က ပန်းရောင်သန်းတဲ့အရောင်ပါ။

သူ့ရဲ့အာနိသင်တွေက

ခြင်ကိုက်ခြင်း၊ ပုရွတ်ဆိတ်ကိုက်ခြင်း၊နေလောင်ခြင်း၊ အရေပြားယားယံခြင်းတို့ကို သက်သာစေပါတယ်။
(ခြင်မကိုက်အောင်တော့ ဂရုစိုက်ပါ။ သွေးလွန်တုပ်ကွေးရောဂါစိုးရိမ်ရပါတယ်)
လိမ်းဆေးဟာ အေးမြစေတဲ့အတွက် ရောင်ရမ်းမှုကိုကျစေပါတယ်။ ကလေးတွေမှာ ပိုးကောင်လေးတွေကြောင့် နီရဲယားယံခြင်းဖြစ်တာကို ဒီဆေးလိမ်းပေးရင် အေးမြပြီး နေလို့ထိုင်လို့သက်သာစေပါတယ်။
နွေရာသီမှာ မိတ်ဖြစ်ရင်လည်း ဒီဆေးလိမ်းလို့ရပါတယ်။
အသားနေလောင်ပြီး ခြောက်သွေ့လို့ ပူစပ်ပူလောင်ဖြစ်တာကိုလည်း သက်သာစေပါတယ်။
အချို့သော အရေပြားယားယံမှုအနီစက်အပျော့စားတွေနဲ့ ဝက်ခြံအပျော့စားတွေကို အရောင်ကျစေပါတယ်။

သာမန် အနီစက်၊အဖုအပိန့်နဲ့ အသေးစားယားယံမှုတွေအတွက်တော့ Generally Safe (ယေဘုယျအားဖြင့် စိတ်ချရနိုင်ခြင်း)ဖြစ်လို့ အိမ်မှာဆောင်ထားလို့သင့်တော်တဲ့လိမ်းဆေးတစ်မျိုးဖြစ်ပါတယ်။ လူကြီး/ကလေးမှာ အရေပြားပြဿနာဖြစ်တဲ့နေရာပေါ် ဆေးတို့ပေးပြီး ခြောက်အောင် လေသလပ်ထားလိုက်ရင် အယားသက်သာပြီး ကုတ်ခြစ်တာလျော့ပါတယ်။ Topical (လိမ်းဆေး)ဖြစ်လို့ အရေပြားပေါ်အနည်းငယ်တင်ကြည့်ပြီး Skin Test လုပ်ပြီးမှ စမ်းလိမ်းရင်လည်းရပါတယ်။
ရောဂါကုတဲ့ဆေးမဟုတ်ဘဲ အရေပြားအပေါ်ယံလိမ်းဆေးသာဖြစ်ပါတယ်။

(ရောဂါအခံအခြေအနေတစ်ခုခုရှိရင် မိသားစုဆရာဝန်နှင့်တိုင်ပင်ပြီးမှသုံးပေးပါ)

ဒီလိမ်းဆေးကို Brand Name အမျိုးမျိုးနဲ့ဝယ်ယူလို့ရပါတယ်။ ဈေးနှုန်းလည်းသက်သာပြီး ဝယ်ယူရလွယ်ကူတာမို့ မိဘများအတွက် အသုံးဝင်နိုင်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်

01/01/2024

2024 Calendar တွေ အများကြီး ကျန်ပါသေးတယ်နော် 😊😊

ဆေးဝယ်စရာ မလိုပါဘူးရှင့် ။
လိုအပ်ရင် လာယူကြပါနော် ။

31/12/2023
26/12/2023

ဘယ်လိုဆေးတွေက အချိန်မှန်သောက်ဖို့ အရေးကြီးတာလဲ?

အနာသိရင်…. ဆေးရှိတယ်တဲ့….. 💊

ဒါပေမယ့် တခါတရံမှာ အနာလည်းသိ ဆေးလည်း ရှိပေမယ့် ဆေးသောက်ချိန် မမှန်တာကြောင့် ဆေးအာနိသင်မရတဲ့ အခြေအနေတွေလည်း ရှိနေနိုင်ပါတယ်။ ဒီတော့… ဘာကြောင့် ဆေးကို အချိန်မှန် သောက်ဖို့ အရေးကြီးတာလဲ? ဘယ်လို ဆေးတွေကို အချိန်မှန် သောက်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

👩‍⚕️ အလွယ်ကူဆုံး စဉ်းစားမယ်ဆိုရင်တော့ ဆေးကို ဆေးညွှန်းအတိုင်း အချိန် တိတိ ကျကျ သောက်တာဟာ ဆေးရဲ့ ပမာဏကို ခန္ဓာကိုယ်တွင်းမှာ လုံလောက်စွာ ရစေလို့ အာနိသင်ကို အပြည့်အဝ ရစေလို့ပါ။ တစ်နည်းဆိုရရင် ကုသမှုတွေ မအောင်မြင်ရခြင်းရဲ့ ၅၀ ရာခိုင်နှုန်းဟာ အချိန်မှန်မှန် ဆေးကို မသောက်ခြင်းကြောင့်လို့ တွေ့ရှိရပါတယ်။

ဒါဆိုရင် ဘယ်လို ဆေးတွေကို မဖြစ်မနေ အချိန်မှန် သောက်သင့်လဲ?? 👇👇

(၁) ဆီးချိုဆေးတွေ 🩸

ဆီးချို ထိုးဆေး၊ သောက်ဆေးတွေဟာ အစာနဲ့ ချိန်ညှိပြီး သောက်ရတဲ့ ဆေးတွေ ဖြစ်သလို သောက်တဲ့ အချိန်ပေါ်မူတည်ပြီး ဆီးချိုထိန်းနိုင်တဲ့ အာနိသင်မှာ သက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် ဒီဆေးတွေဟာ ပုံမှန်သောက်ဖို့ အရေးကြီးတဲ့ ဆေးဝါးတွေလည်း ဖြစ်တာကြောင့် အချိန်မှန်မှန် သောက်ပေးဖို့ အထူးသတိထားသင့်ပါတယ်။

(၂) အာနိသင်ပြင်းတဲ့ ဆေးဝါးတွေ 💊

ဆေးပမာဏ နည်းနည်းလေးသောက်တာနဲ့ အာနိသင် သိသိသာသာ ရတဲ့ တချို့သော ဆေးဝါးတွေကိုလည်း အချိန်မှန် မှန် သောက်သုံးဖို့ လိုပါတယ်။ အထူးသဖြင့် နှလုံးရောဂါမှာ အသုံးပြုတဲ့ digoxin လို ဆေးဝါးတွေ သွေးကျဲဆေး အနေနဲ့ သောက်သုံးရတဲ့ warfarin စတဲ့ ဆေးတွေကို အချိန်မှန်မှန် သောက်ဖို့ အလွန် အရေးကြီးပါတယ်။

(၃) အစာမစားခင် ၊ စားပြီး သောက်ရတဲ့ ဆေးတွေ 💊

တချို့သော ဆေးဝါးတွေဟာ အစာနဲ့ အတူ တွဲမှပဲ ဆေးရဲ့ အာနိသင် ၊ စုပ်ယူမှု ပိုကောင်းတာ ရှိနိုင်သလို တချို့ဆေးတွေကတော့ အစာမရှိတဲ့အချိန် empty stomach မှာ သောက်သင့်တာလည်း ရှိပါတယ်။ ဒီလို ဆေးတွေကို တိတိကျကျ မှန်မှန်ကန်ကန် သောက်သုံးဖို့ကလည်း အရေးကြီးတာကြောင့် အချိန်မှန်ဖို့ အဓိကကျပါတယ်။

(၄) ပါကင်ဆန်ရောဂါမှာ သုံးတဲ့ ဆေးတွေ 🕺

ပါကင်ဆန် ရောဂါရဲ့ လက္ခဏာတွေကို ထိန်းချုပ်ကုသရတဲ့ ဆေးဝါးတွေကို အချိန်မှန်မှန် သောက်သုံးပေးဖို့ လိုပါတယ်။ ဒါမှသာ ရောဂါ လက္ခဏာတွေကို မခံစားရပဲ ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

(၅) အရိုးပွရောဂါအတွက် သုံးရတဲ့ ဆေးတွေ 🦴

အရိုးပွ ရောဂါမှာ အသုံးပြုရတဲ့ bisphonates (alendronic acid) ဆေးတွေဟာ ဆေးရဲ့ ပမာဏအရ တစ်ပတ် တစ်ကြိမ် သောက်သုံးရတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ အထူးသဖြင့် တစ်နေ့တာရဲ့ အစပြုချိန် မနက်အိပ်ရာထပြီး အစာမစားခင်မှာ သောက်ဖို့ လိုပါတယ်။ ဒီဆေးရဲ့ အာနိသင် အပြည့်အဝရဖို့နဲ့ ဘေးထွက်ဆိုးကျိုး နည်းနိုင်သမျှ နည်းဖို့အတွက် နည်းလမ်းမှန်မှန်နဲ့ အချိန်မှန်မှန် သောက်ဖို့ အလွန် အရေးကြီးပါတယ်။

ဒါဆိုရင်…. ဆေးသောက်တာ မမေ့ဖို့အတွက် ဘယ်လိုလုပ်သင့်လဲ?👇

⏰ ဆေးသောက်ချိန်ကို ဖုန်း၊ နာရီနဲ့ alarm ပေးထားပါ

💁‍♀️ နေ့စဉ် ပုံမှန်လုပ်နေကြ အလုပ်တွေနဲ့ သတိတရ ဆေးသောက်ဖြစ်အောင် အကျင့်လုပ်ထားပါ (ဥပမာ- မနက်စာစားပြီးတိုင်းဆေးသောက်တာ)

✅ ဆေးထည့်တဲ့ တစ်နေ့စာ တစ်ပတ်စာ ပလက်စတစ် box လေးတွေနဲ့ ထည့်ထားပြီး သောက်ပါ

✅ တကယ်လို့ ဆေးသောက်တာ မေ့သွားခဲ့ရင် ဆေးကို နှစ်ခါ သောက်တာမျိုး လုပ်တာဟာ ဆေးရဲ့ ပမာဏကို ပိုများစေသလို ဆိုးကျိုးရှိစေတာကြောင့် ဆေးတွင်ပါရှိတဲ့ ဆေးညွှန်းအရ လိုက်နာဖို့ လိုပါတယ်။ မရှင်းလင်းပါက ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို မေးမြန်းဖို့ လိုကြောင်း မျှဝေရင်း ဗဟုသုတအနေနဲ့ ရေးသားလိုက်ရပါတယ်။

ပျော်ရွှင်ကျန်းမာတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ…..

Yu Wah Hlaing
19th Batch, UOPY



Let’s keep sharing love and knowledge!

26/12/2023

G6PD အင်ဇိုင်းချို့တဲ့သူများတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ

G6PD (Glucose-6-phosphate dehydrogenase) deficiency ဟုခေါ်သော G6PD အင်ဇိုင်းချို့တဲ့သည့် ရောဂါသည် မျိုးဗီဇကြောင့်ဖြစ်ရသော ရောဂါတစ်ခုဖြစ်ပါသည်။ အဆိုပါ G6PD အင်ဇိုင်းသည် သွေးနီဥများကို လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်စေရန် ကူညီပေးသည်။ G6PD အင်ဇိုင်းချို့တဲ့သူများတွင် အချို့သော အစားအစာများ၊ ဆေးဝါးများနှင့် ခန္ဓာကိုယ် ကူးစက်ပိုးမွှားဝင်ရောက်မှုများကြောင့် သွေးနီဥပေါက်ကွဲမှု ဖြစ်ပွားလေ့ရှိပါသည်။ ထိုသို့ သွေးနီဥပေါက်ကွဲခြင်းမှ ကာကွယ်နိုင်ရန် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါသည်။
ဆောင်ရန်အချက်များ
- ကျန်းမာရေးနှင့်ကိုက်ညီ၍ မျှတစွာ စားသောက်ပါ။
- ရေများများသောက်ပါ။
- ကောင်းမွန်စွာ အနားယူပါ။
- နေပူထဲထွက်ရလျှင် လုံခြုံစွာဝတ်စားပါ။ Sunscreen လိမ်းပါ။
- မည်သည့် ဆေးဝါးမဆို သောက်သုံးရမည်ဆိုလျှင် နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်ပါ။
- ကူးစက်ပိုးမွှားဝင်ရောက်မှုများကို ကာကွယ်ဆေး ထိုးပြီးကာကွယ်ပါ။ (ဥပမာ - အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေး)

ရှောင်ရန်အချက်များ
- သွေးနီဥပေါက်ကွဲစေနိုင်သော အစားအစာများကို ရှောင်ကြဉ်ပါ။ ဥပမာ - တောင်ကြီးပဲလှော် (Fava bean)၊ ဝိုင်နီ၊ တို့ဟူး စသည်များ
- သွေးနီဥပေါက်ကွဲစေနိုင်သော ဆေးဝါးများကို ရှောင်ကျဉ်ပါ။ ဥပမာ -
- အချို့သော ပဋိဇီဝဆေးများ (ဥပမာ - Sulphur အုပ်စုဝင်များ၊ Ciprofloxacin ကဲ့သို့သော Quinolone အုပ်စုဝင်များ၊ Chloramphenicol၊ Tetracyclines)
- ငှက်ဖျားရောဂါ ကုသဆေးများ
- အကိုက်အခဲပျောက်ဆေးများ (ဥပမာ - Aspirin, Ibuprofen)
- သွေးကြောအတွင်း ထိုးသွင်းရသော ပမာဏများသည့် ဗီတာမင်စီ
- ပရုတ် (Menthol) ပါဝင်သည့်ဆေးများ
- ဗီတာမင် ကေ ပါဝင်သည့် ဆေးများ
- Warfarin သွေးကျဲဆေး
- Zinc သတ္တုဓာတ်
- အင်္ကျီအဝတ်အစားများကို သိမ်းဆည်းရာတွင် ပရုတ်လုံးကို အသုံးမပြုရပါ။
ဒေါက်တာခင်မောင်လွင် (FAME)

References
https://www.msn.com/en-us/health/condition/G6PD-deficiency/hp-G6PD-deficiency?source=conditioncdx
https://www.healthline.com/nutrition/g6pd-deficiency-foods-and-supplements-to-choose-and-avoid
https://www.verywellhealth.com/things-to-avoid-if-you-have-g6pd-deficiency-401319
https://nssg.oxford-haematology.org.uk/red-cell/documents/patient-information/S80-G6PD-deficiency-patient-information.pdf
https://www.aboutkidshealth.ca/Article?contentid=870&language=English

23/12/2023

ကိုယ့်မှာမရှိတဲ့ငွေကြေးကို မသုံးပါနဲ့

“ချမ်းသာကြွယ်၀ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကတော့ ကိုယ့်မှာမရှိတဲ့ငွေကြေးကို မသုံးဖို့ပါပဲ။” လို့ Psychology of Money စာအုပ်ကို ရေးသားတဲ့ Morgan Housel က ပြောတယ်။

ငွေကြေးကြွယ်၀ဖို့အတွက်ဆိုရင် ငွေကိုစနစ်တကျသုံးစွဲဖို့ကလည်း အဓိကကျတယ်။ ဝင်ငွေကောင်းနေရင်တောင် ကိုယ့်အတွက်လိုတာကိုပဲသုံးပြီးမလိုတာတွေ လျှောက်သုံးတာကို ထိန်းချုပ်နိုင်ဖို့လိုတယ်။ အဲဒီထက်ပိုသတိပြုရမှာက ကိုယ့်မှာမရှိတာကို မသုံးဖို့ပဲ။ ဆိုလိုတာက ကိုယ့်ရဲ့အသုံးစရိတ် (Expenses)က ကိုယ့်ရဲ့ဝင်ငွေ (Income) ကို မကျော်လွန်ဖို့လိုတယ်။ ဒါက ဘတ်ဂျက်ရဲ့အခြေခံပဲ။ ဝင်ငွေထက် ထွက်ငွေကများလာပြီဆိုရင် ဒါက ခင်ဗျား အကြွေးနွံမှာနစ်ဖို့ လမ်းစပဲ။

ကျွန်တော် ဝန်ထမ်းဘ၀က ဆယ်စုနှစ်တစ်ခုကျော်လုပ်ခဲ့တဲ့အချိန်မှာ အကြွးပတ်လည်၀ိုင်းနေတဲ့ လုပ်ဖောင်ကိုင်ဖက်တွေကို အများကြီးတွေ့ခဲ့ဖူးတယ်။ ပြတ်တုန်းလပ်တုန်း ၂၃ ဆိုတာစကားကို ကြားဖူးမယ်ထင်တယ်၊ လခစားဝန်ထမ်းအများစု လဝက်လောက်ဆို လက်ထဲပိုက်ဆံမရှိတော့ဘူး။ အကြောင်းကတော့ လကုန်တာနဲ့ လစာရဲ့တစ်ဝက်လောက်က အရင်လကအကြွေးကို ဆပ်လိုက်ရတာကိုး။ ဒီလိုနဲ့ ချေးလိုက်၊ ပြန်ဆပ်လိုက် သုံသရာလည်နေကြတာ။

တချို့က လစာနည်းပြီးအသုံးစရိတ်မကာမိလို့၊ တချို့ကျတော့ လစာကောင်းရဲ့သားနဲ့ အသုံးအဖြုန်းကြီးလို့။ ပိုဆိုးတာက ဒီနေ့ခေတ်မှာက အကြွေးနဲ့ကြိုသုံးလို့ရတဲ့နည်းလမ်းတွေက ပိုများလာတယ်။ ခင်ဗျား Credit Card မလုပ်လုပ်ချင်အောင် ဘဏ်တွေက ရုံးအရောက်တဲ့အထိ လာလာစည်းရုံးနေကြတဲ့အထိဖြစ်နေတာ။ အကြွေးဆိုတာက သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင်တော့ ဘေးပဲ။
ဒီနေ့ခေတ်မှာ ခင်ဗျားကို ဆွဲဆောင်နေတဲ့ ကုန်ပစ္စည်းတွေကလည်း ပေါမှပေါ။ အရင်တုန်းက ရှောပင်းစင်တာသွားမှာ ဝယ်စရာစုံတာ။ အခုကျတော့ ဖုန်းထဲကနေ ကလစ်တစ်ချက်နှိပ်တာနဲ့ ခင်ဗျားအိမ်ကို ပစ္စည်းက နောက်နေ့လောက်ဆို ရောက်လာတဲ့အခြေအနေဖြစ်နေပြီ။

ဒီလိုအခြေအနေတွေမှာ ကိုယ့်အနေနဲ့ ငွေကြေးကို စနစ်တကျသုံးတတ်ဖို့အပြင် စိတ်ခံစားမှုကိုပါ ကောင်းကောင်းထိန်းချုပ်နိုင်ဖို့လိုပါတယ်။ အိမ်မှာရှိချိန် ကိုယ့်အခန်းထဲကို သတိထားကြည့်။ ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းတွေထဲမှာ တကယ်လိုလို့ဝယ်တာထက် အရေးမကြီးဘဲဝယ်တာလိုက်တာက ပိုများနေတတ်တယ်။ အရာအားလုံးက ကိုယ့်ရဲ့အလေ့အကျင့်ပေါ် အများကြီးတယ်တယ်။ ဒီနောက်ပိုင်းလူပြောများလာတဲ့ Minimalism ဆိုတာ ကိုယ့်အတွက် တကယ်လိုတာလောက်ပဲဝယ်ပြီး မလိုတာတွေ လျှောက်မဝယ်တာကိုပြောတာ။ ဒါကို မှန်မှန်ကန်ကန်လက်တွေ့ကျင့်သုံးမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်နောက်လိုက်တတ်တဲ့အကျင့်ကို ပြင်ပြီးသားဖြစ်သွားလိမ့်မယ်။

ငွေကြေးနဲ့ပတ်သက်ရင် ချမ်းသာတာထက် ကြွယ်၀အောင်လုပ်ဖို့လိုတယ်။ ချမ်းသာတာ ငွေရှိတာကို ဆိုလိုတာဖြစ်ပြီး ဒါက သုံးချင်တိုင်းသုံးရာကနေ နေ့ချင်းညချင်းပြန်ဆင်းရဲသွားနိုင်ပါတယ်။ ကြွယ်၀တာကတော့ ကိုယ့်ရှိတဲ့ငွေကြေးကို မသုံးမဖြုန်းဘဲ ကိုယ်လိုသလိုရွေးချယ်နိုင်တဲ့အခြေအနေ၊ ငွေကြေးအတွက် မပူပန်ရတဲ့အခြေအနေဖြစ်ပါတယ်။







📶မြန်မာနိင်ငံရဲ့ မိသားစုစီးပွားရေးက ရိုးရှင်းတယ် ... 1️⃣ မိဘ က အရင်းနှီးပေးတယ်။ သားသမီးက မလုပ်ချင်။ 2️⃣ သားသမီးက လုပ်ချင...
22/12/2023

📶မြန်မာနိင်ငံရဲ့ မိသားစုစီးပွားရေးက ရိုးရှင်းတယ် ...

1️⃣ မိဘ က အရင်းနှီးပေးတယ်။ သားသမီးက မလုပ်ချင်။

2️⃣ သားသမီးက လုပ်ချင်တယ်။ မိဘ​က မယုံကြည်။

✅ အရင်းနှီးပေးမည့် မိဘနဲ့ အလုပ်လုပ်ချင်တဲ့ သားသမီးတွေ့ရင်တော့ အလွန်ကောင်းပြီပဲ။

✅ မိဘက အရင်းနှီးပေးဖို့ မတတ်နိုင်/မဖြစ်နိုင်ရင် ကိုယ့်ဟာကိုယ် ဖြစ်အောင်လုပ်။

❌ မိဘကလည်း အရင်းနှီးမှုမပေး။ သားသမီးကလည်း မလုပ်ချင်ရင်တော့ မွဲပြီပဲ။

#အိမ်ကစိတ်မချဘူး ..

ဒီစကားကို တရင်းတနှီး ဖြစ်မနေဘူးလား...
ကျွန်တော်တို့ဆီက သားသမီးတော်တော်များများနဲ့ ရင်းနှီးနေတဲ့စကားပါ...
တစ်ယောက်ယောက်ဆီကကြားရင် သိပ်တောင် မထူးဆန်းဘူး ကြားနေကျဖြစ်နေလို့...

ဒါပေမယ့် ဒီစကားရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ အန္တရာယ်ကင်းခဲ့ဖူးသလို အခွင့်အရေးတွေလည်း
အများကြီးဆုံးရှုံးခဲ့ဖူးတယ်...

အချို့ အရွယ်ရောက်ပြီ တစ်ခါမှ ခရီးမထွက်ဖူးတဲ့သူတွေရှိတယ်... မိဘတွေနဲ့ ပြောတာမဟုတ်ဘူးနော် ကိုယ်တစ်ယောက်တည်းဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့
ဖြစ်ဖြစ် မထွက်ဖူးဘူး...
အထူးသဖြင့်မိန်းကလေးတွေ ပိုများမယ်...

ဘာလို့လည်း အိမ်ကစိတ်မချလို့...
ခရီးထွက်ဖို့ သူငယ်ချင်းတွေ စုပြီး တိုင်ပင်ကြတဲ့အခါ အကုန်လုံးတက်ကြွပြီး သွားဖို့စီစဉ်တာတွေ အကုန်ပျက်သွားတဲ့ နောက်ကွယ်က အကြောင်းအရင်းက ငါ့အိမ်ကစိတ်မချလို့ ငါ့အိမ်က မလွှတ်လို့ဆိုတာပဲ...

မိဘတွေကသားသမီးတွေကို ကလေးလိုပဲ မြင်နေတာကို ချစ်တယ်လို့ထင်ကြတယ်... ငါ့သားသမီးတွေက
ငါ့အတွက်တော့ ကလေးတွေပဲလို့ ပြောတာကြားဖူးမှာပေါ့...

ဒါပေမယ့် တစ်နေ့မိဘတွေမရှိတော့တဲ့အခါ
လောကထဲ ကိုယ်တစ်ယောက်တည်း
လျောက်ရမယ်ဆိုတဲ့အခါ ကိုယ်က တစ်ကယ်ကို ကလေးလို ဖြစ်သွားတယ်...
ဘာဆိုဘာမှမသိဘူး သူများလိမ်တာခံရတယ်
သူများပြောသမျှယုံတယ် တစ်ခုခုဆို ကြောက်နေတယ်
ပြဿနာဖြစ်ရင် တစ်ယောက်ယောက်ကို အရင်
ပြေးခေါ်ဖို့ပဲ စဉ်းစားနေမိတယ်...

ကားမမောင်းဖူးဘူး ကားမမောင်းရဲဘူး အိမ်က
စိတ်မချလို့...
ကိုယ်ပိုင်စီးပွားရေးဘာမှမလုပ်ဖူးဘူး
အလုပ်မလုပ်ဖူးဘူး အိမ်ကစိတ်မချလို့...
ဘယ်မှခရီးမထွက်ဖူးဘူး ကိုယ့်မြို့တောင်စုံအောင်မရောက်ဖူးဘူး အိမ်ကစိတ်မချလို့...
နိုင်ငံခြားမှာ ကျောင်းတက်အလုပ်လုပ်ဖို့
စိတ်ကူးယဉ်တာ တွေ ဖျက်ပစ်ရဖူးတယ် အိမ်က
စိတ်မချလို့...

Night Out မထွက်ဖူးဘူး အိမ်ကစိတ်မချလို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ မလုပ်ဖြစ်တာတွေ အများကြီးပဲ...

ဒီလိုပြောလို့ မိဘတွေကို အပြစ်တင်တာမဟုတ်ဘူးနော် စိတ်မချဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ကျွန်တော်တို့ သိပ်ကိုအန္တရာယ်ကင်းပြီး သိပ်ကိုလုံခြုံဖူးတယ်
မိဘရင်ခွင်မှာပဲ အချစ်ခံပြီးသေတဲ့အထိနေချင်တာပေါ့...
ဒါပေမယ့် မိဘအိမ်ကထွက်သွားတာနဲ့ အိမ်အပြင်ရောက်တာနဲ့ ငထုံကြီးလို ဖြစ်သွားပြီ... ဘာမှမသိတော့ဘူး...

အချို့ဆို တစ်ယောက်တည်းလူကြားထဲရောက်ရင် လက်ဖျားတွေ အေးစက်လာတာမျိုး လူတွေက ကြည့်နေရင် ကြောက်နေတာမျိုးတွေ တစ်နေရာရာရောက်ရင် စကားမပြောရဲတာတွေ အကုန်လုံးက စိတ်မချတဲ့နောက်ကွယ်က Side Effect တွေပါပဲ...

ဒီတော့ ကျွန်တော်တို့ကို စိတ်ချသင့်တဲ့အချိန်မှာ
စိတ်ချပါ...
ကျွန်တော်တို့ကို လမ်းလျှောက်တတ်အောင်
ကိုင်ပေးထားတဲ့ လက်ကိုလွှတ်ပြီး ကိုယ့်ဘာသာလမ်းလျောက်ခိုင်းကြည့်ပါ...

ကျွန်တော်တို့ကို အိမ်ကစိတ်ချပါ…

# Credit To Original Writters

😊😊😊😊

Address

အခန်း 4 -5 A ရုံ ။ စျေးမြောက်ဘက် တိုက်တန်း ဖယ်ခုံမြို့ ။
Pèkon

Telephone

+959255511737

Website

Alerts

Be the first to know and let us send you an email when Pyae Pharmacy - ပြည့် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category