02/04/2024
☀️ယခုလိုပူပြင်းလှတဲ့ နွေရာသီမှာ အပူချိန်မြင့်မားသောနေရာများတွင် ကြာရှည်စွာ အလုပ်လုပ်ရခြင်း၊ ပြင်းထန်သောအားကစားများပြုလုပ်ခြင်းကြောင့် အပူရှပ်ခြင်းအဖြစ်များတတ်ပါတယ်။
အပူရှပ်ခြင်းဆိုတာ အပူချိန်ပြင်းထန်လွန်းသဖြင့် သတိလစ်သွားခြင်း၊ သတိမေ့သွားခြင်း ဖြစ်ပါတယ်။
အပူရှပ်ခြင်းဟာ ဉီးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတွေကို လျင်မြန်စွာထိခိုက်နိုင်သဖြင့် အရေးပေါ် ကုသမှုမခံယူပါက အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
❗️အပူရှပ်ခြင်းလက္ခဏာများ.......................................
🔴 ခန္ဓာကိုယ်အပူချိန် 104°F (40°C) နဲ့အထက်မြင့်တက်ခြင်း။
🔴 စိတ်တည်ငြိမ်မှုမရှိခြင်း၊ စိတ်ထွေပြားခြင်း။
🔴 တက်ခြင်း၊ သတိမေ့ခြင်း။
🔴 အပူချိန်မြင့်မားသော်လည်းချွေးမထွက်ခြင်း။
🔴 အသားအရေနီရဲခြောက်သွေ့ခြင်း။
🔴 အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း။
🔴 ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း။
🟢အရေးပေါ်ကုသနည်း(ရှေးဉီးသူနာပြုစုနည်း).................................................................
၁. ပထမဆုံး အေးမြတဲ့နေရာ၊ အရိပ်ရတဲ့နေရာသို့ရွှေ့ပါ။
၂. ထူထဲတဲ့အဝတ်များကိုဖယ်ရှားပါ။
၃. ပန်ကာမှုတ်ခြင်း၊ ယပ်ခပ်ခြင်း စသဖြင့် အအေးမြန်မြန်ရအောင်လုပ်ပါ။
၄. အဓိက အပူအောင်းရာနေရာများဖြစ်တဲ့ ခေါင်း၊ လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံတို့၌ ရေပတ်တိုက်ခြင်း၊ ရေခဲကပ်ပေးခြင်းဖြင့် အေးအောင်ပြုလုပ်ပေးပါ။
၅. ဒါတွေလုပ်လို့မှ လူနာအခြေနေမကောင်းဘူးဆိုရင်တော့ နီးစပ်ရာဆေးရုံ ဆေးခန်းသို့ အမြန်ဆုံးသွားဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
Crd