Golden Vision Optical Center

  • Home
  • Golden Vision Optical Center

Golden Vision Optical Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Vision Optical Center, Medical and health, NO180 Mingalar Street , PATHEIN, .

02/01/2021
Eyestrain ( မျက်လုံးညောင်းခြင်း)စာအကြာကြီးဖတ်သူ၊ ကွန်ပျူတာကြည့်ပြီးအကြာကြီး အလုပ်လုပ်ရသူ၊ ကားအကြာကြီးမောင်းရသူတိုင်း ခံစ...
02/01/2021

Eyestrain ( မျက်လုံးညောင်းခြင်း)

စာအကြာကြီးဖတ်သူ၊ ကွန်ပျူတာကြည့်ပြီးအကြာကြီး အလုပ်လုပ်ရသူ၊ ကားအကြာကြီးမောင်းရသူတိုင်း ခံစားဖူးတဲ့အရာပါ။ အခြားကိုယ်ပေါ်က အရာတွေလိုပါပဲ။ မျက်လုံးကလည်း အကြာကြီးအလုပ်လုပ်ရရင် ပင်ပန်းတတ်ပြီး သူ့ကို အနားပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ ၁ နာရီလောက်ကြည့်ပြီးရင် မျက်လုံးကို ၁၀ မိနစ်ခန့် ပိတ်ထားပါ ( ဒါမှမဟုတ်) ၁၀ပေ အကွာအဝေးလောက်မှာရှိတဲ့ အရာတစ်ခုကို ၁၀ စက္ကန့်လောက်ကြည့်ပါ။ စိမ်းနေတဲ့ အပင်တွေဆို ပိုကောင်းပါတယ်။

မျက်လုံးနီရဲခြင်း။ ။

မျက်လုံးရဲ့ မျက်နှာပြင်ဆိုတာ သွေးကြောမျှင်လေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့ သွေးကြောမျှင်လေးတွေဖောင်းလာစေတဲ့ မျက်လုံးထဲပိုးဝင်တာ၊ မျက်ကြည်လွှာရောင်တာ၊ ဓါတ်မတည့်မှုတွေ ဖြစ်တဲ့အခါမျိုးမှာ မျက်လုံးနီနေတတ်ပါတယ်။ ဒါ့အပြင် မျက်လုံးညောင်းတာ၊ ညဘက်အိပ်ရေးပျက်တာ တွေကလည်း မျက်လုံးနီရဲစေတဲ့အကြောင်းတွေပါ။ တော်တော်နဲ့ မပျောက်ရင်တော့ ဆေးခန်းသွားပြဖို့လိုပါတယ်။

Night Blindness ( ကြက်မျက်သင့်)

ရုပ်ရှင်ရုံလိုမျိုး မှောင်နေတဲ့ နေရာကို ဝင်ဝင်ချင်းမှာ ဘာမှ မမြင်ရဘဲ တဖြည်းဖြည်းမှ အမှောင်ကိုကျင့်သားရပြီး ပတ်ဝန်းကျင်ကို မြင်လာရတာမျိုး လူတိုင်းဖြစ်ဖူးကြမှာပါ။ ကြက်မျက်သင့်ဝေဒနာခံစားနေရတဲ့ သူတွေကျတော့ ညဘက်မှောင်နေတဲ့အခါမျိုး၊ အလင်းမှိန်တဲ့ နေရာတွေ ရောက်တဲ့အခါမျိုးဆို သူတို့ မြင်ရတဲ့ ပတ်ဝန်းကျင်က လုံးဝကို အမှောင်အတိပါ။ ကြက်မျက်သင့်တာဆိုတာ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ ဗီတာမင် A ချို့တဲ့တာရဲ့ အဓိက လက္ခဏာတစ်ခုပါ။ မွေးရာပါကြက်မျက်သင့်ဝေဒနာခံစားရတဲ့သူတွေလည်း ရှိပါတယ်။

Lazy eye ( မျက်ကြောသေ ရောဂါ)

မျက်ကြောသေရောဂါဆိုတာ သန္ဓေသား ဘဝတည်းက မျက်လုံးကောင်းကောင်း မဖွံဖြိုးတဲ့အတွက်ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ မျက်ကြောသေတယ်ဆိုတာ မျက်လုံး ၂ ဘက်လုံးမှာ ဖြစ်တယ်ဆိုတာရှားပါတယ်။ မျက်လုံး တစ်ဘက်ကို ပဲ ထိတာများပြီး ငယ်ငယ်တည်းက ကုသဖို့လိုအပ်ပါတယ်။

Strabismus ( မျက်စိစွေခြင်း)

မျက်စိစွေတဲ့ ဝေဒနာကို လူတိုင်းသိကြမှာပါ။ သူကတော့ ကိုယ့်ကိုကြည့်ပြီး စကားပြောနေပေမယ့် သူမျက်လုံးက အခြားနေရာကို ရောက်နေမျိုးပေါ့။ မျက်လုံး ဆရာဝန်ဆီမှာ သေချာသွားပြမှာ ပျောက်တဲ့ ရောဂါမျိုးပါ။ ။

အရောင်တွေ မခွဲနိုင်တော့ခြင်း ။ ။

colorblind လို့လူတွေသိကြတဲ့ အရောင်တွေကို မခွဲခြားနိုင်တဲ့ ရောဂါဟာ မျက်လုံးအတွင်းမှာရှိတဲ့ အရောင်တွေကို အာရုံခံတဲ့ colour cone cell တွေ ကောင်းကောင်း အလုပ်မလုပ်တာကြောင့် ဖြစ်ရတာပါ။ တစ်ချို့ဆိုးဆိုးဝါးဝါးဖြစ်တဲ့သူတွေမှာဆို ကြည့်လေရာ မီးခိုးရောင်ကြီးပဲ မြင်နေတတ်ပါတယ်။ မွေးရာပါဖြစ်တာများပါတယ်။ အမျိုးသားတွေကပိုအဖြစ်များပြီး သူ့ကို ပျောက်အောင် ကုသနိုင်တာမျိုးတော မရှိသေးပေမယ့် ခုနောက်ပိုင်း colorblind ကို ကောင်းအောင် ပြန်တည့်မတ်ပေးနိုင်တဲ့ မျက်မှန်ပေါ်လာပါပြီ။

Uveitis

မျက်လုံးအလယ်ပိုင်းမှာရှိတဲ့ သွေးကြောတွေ အများကြီးရှိတဲ့ uvea အလွှာရောင်တာကို ခေါ်တာဖြစ်ပါတယ်။ မျက်လုံး တစ်ရှူးကိုထိခိုက်စေပြီး မျက်လုံးဆုံးရှုံးတဲ့အထိပြင်းထန်တဲ့ ဝေဒနာတစ်ခုပါ။ သူ့ရဲ့ လက္ခဏာတွေကတော့ အမြင်အာရုံဝေဝါးလာတာ၊ မျက်လုံးအောင့်လာတာ၊ မျက်လုံးတွေနီရဲပြီး အလင်းရောင်ကို မခံနိုင်တော့တာတွေဖြစ်ပါတယ်။

Presbyopia( မျက်လုံး အနီးမှုန်လာတာ)

အသက် ၄၀ နောက်ပိုင်းမှာ ဖြစ်လာတဲ့ အနီးမှာရှိတဲ့ အရာတွေကို သေချာ မမြင်ရဘဲ အဝေးမှာရှိနေတဲ့ အရာတွေကို သေချာရှငိးလင်းပြတ်သားစွာ မြင်ရတာကို ပြောတာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အနီးမြင်ရတဲ့ မျက်မှန်တွေတပ်တာမျိုး၊ ဆရာဝန်ဆီသွားပြပြီး ဆေးကုသမှု သေချာခံယူတာမျိုးတွေ လုပ်လို့ရပါတယ်။

Floaters ( မြင်ကွင်းထဲမှာ မီးခိုးရောင်အမျှင်တွေ ပေါ်နေတာ)

ကြည့်လေရာနေရာတိုင်း အထူးသဖြင့် အဖြူရောင်နံရံတွေကို ကြည့်လိုက်တိုင်း မြင်ကွင်းထဲမှာ အမျှင်လေးတွေ ပြေးနေတာကို ပြောတာဖြစ်ပါတယ်။ Floaters တွေမြင်ရရင်သိပ်တော့စိုးရိမ်စရာ မရှိပေမယ့် ရုတ်တရက်ကြီး မြင်နေရတဲ့ အမျှင်အရေ အတွက်တွေများလာတာ၊ ကြည့်လိုက်တဲ့နေရာတိုင်းမှာ ကန့်လန့်ကာ ကာထားသလိုမျိုးဖြစ်နေပြီဆိုရင်တော့ retina ကွာကျတဲ့ လက္ခဏာဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ သေချာသွားပြစေချင်ပါတယ်။

မျက်လုံးခြောက်ခြင်း။ ။

ကွန်ပျူတာ အရမ်းသုံးတဲ့သူတွေ၊ အဲယားကွန်းခန်းထဲမှာအနေများတဲ့ သူတွေ ကြုံတွေ့ရတဲ့ အဖြစ်အများဆုံး ပြဿနာတစ်ခုပါ။ ခြောက်နေတဲ့ မျက်လုံးအတွက် မျက်စဉ်းဆေးတွေခတ်ပေးလို့ရပါတယ်။

မျက်ရည်တွေကျနေတာ။

အလင်းရောင်စူးစူးကို ကြည့်လိုက်တဲ့အခါမျိုး၊ လေအရမ်းတိုက်တဲ့အခါမျိုးမှာဆို မျက်လုံးတွေစပ်ပြီး မျက်ရည်ပူတွေကျလာတာမျိုး ခံစားကြဖူးကြမှာပါ။ ဒါတွေဟာ မျက်လုံးက သာမန်တုံ့ပြန်တာမျိုးဖြစ်ပေမယ့် မျက်ရည်ကြောင်းပိတ်တဲ့သူတွေနဲ့ မျက်လုံးထဲ ပိုးဝင်တဲ့သူတွေမှာလည်း မျက်ရည်တစ်ချိန်လုံး ကျနေတတ်ပါတယ်။

အတွင်းတိမ် ။ ။

ကြည့်လေရာနေရာတိုင်းမှာ တိမ်တွေဖုံးနေသလို အုံ့ဆိုင်းဆိုင်းဖြစ်နေပြီဆိုရင်တော့ မျက်လုံးတိမ်စွဲနေပြီလို့ ပြောလို့ရပါတယ်။ မျက်လုံးရဲ့ မှန်ဘီလူးမှာ ဖြစ်တတ်တဲ့ အတွင်းတိမ်ပါ။ မျက်လုံးကို နာကျင်စေတာ၊ မျက်လုံးနီရဲစေတာ၊ မျက်ရည်ပူကျစေတာမျိုးတွေ မရှိ ဘဲ အသံတတ်နဲ့ တဖြည်းဖြည်းချင်းရောက်လာတတ်မျိုးပါ။

ရေတိမ် ။ ။

မျက်လုံးကို တစ်ခုခုထိခိုက်မိတာ၊ မျက်လုံးသွေးကြောတွေ ပိတ်တာ၊ မျက်လုံးရောင်တာတို့ကြောင့် ဖြစ်တတ်တဲ့ ရေတိမ်ပါ။ မျက်လုံးထဲ ဖိအားတွေများလာပြီး နောက်ဆုံး မျက်လုံးအကြောကို သွားထိတတ်လို့သေချာကုသသင့်တဲ့ ရောဂါတစ်ခုပါ။

ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်လုံးနဲ့ ပက်သက်တဲ့ရောဂါတွေ ပဲဖြစ်ပါတယ်။ မျက်လုံးဆိုတာလည်း ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲမှာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်တာကြောင့် ကိုယ့်မျက်လုံးလေးကို သေချာ ဂရုစိုက်ပေးဖို့လိုတယ်နော် ။ ။

.အမြင်အာရုံ ကျန်းမာရေး အတွက် နည်းလမ်း ၁၀                                                                                ...
01/01/2021

.အမြင်အာရုံ ကျန်းမာရေး အတွက် နည်းလမ်း ၁၀ အမြင် အာရုံ ကျန်းမာရေး အတွက် လူတိုင်း လိုက်နာ သင့်တဲ့ နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။

၁)ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
အဝလွန်တာက မျက်စိ အမြင်အာရုံကို ထိခိုက်စေတဲ့ အဓိက အကြောင်းရင်း လေးရပ်နဲ့ ဆက်စပ်မှု ရှိတယ်လို့  Royal National Institute for the Blind က ဆိုပါတယ်။
အဝလွန်တာကြောင့် ဖြစ်နှုန်း မြင့်မားစေတဲ့
အကြောင်းရင်း လေးခုက ရေတိမ် ရောဂါ၊
အသက်အရွယ်ကြောင့် ဖြစ်တဲ့
မက်ကူလာယိုယွင်းပျက်စီးတာ၊ ဆီးချိုကြောင့်
အာရုံကြော ထိခိုက်တာနဲ့ အတွင်းတိမ် ရောဂါ တို
့ဖြစ်တယ်လို့ ရှင်းပြပါတယ်။
လူတွေမှာ BMI၃၅-နဲ့ အထက် မြင့်တက်နေရင် BMI ၂၂-အောက် လျော့နည်းသူတွေထက်
ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၈၀-ဆ မြင့်တက်နေတယ်လို့ သိရပါတယ်။
အဝလွန်တာကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေကလည်း နှစ်ဆ တိုး သွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မျက်စိ ကျန်းမာရေး အတွက်
ကိုယ်အလေးချိန်ကို ထိန်းဖို့ လို ပါတယ်။

၂)မုန်လာဥနီ စားပါ လူ ၄၃%ဟာ အာဟာရ ချို့ တဲ့မှုကြောင့် မျက်စိ
ကျန်းမာရေး ထိခိုက်မှု ဖြစ်နေတာကို
သတိမမူမိကြကြောင်း Health Sight Survey ရဲ့ လေ့လာမှု အရ သိရပါတယ်။
အာဟာရ ချို့ တဲ့မှုဖြစ်ရင် အသက်ကြီးတာကြောင့်
ဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးမှု(AMD)
ဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။
မျက်စိ ကျန်းမာရေးအတွက် အင်တီအောက်ဆီးဒင့်
တွေက အရေးပါ ပါ တယ်။
အရောင်ရင့်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ တွေ့ ရတဲ့ လူတင်နဲ့ ဇီဇန်သင်းဓာတ်တွေကလည်း မက်ကူလာကို အကာအကွယ် ပေးနိုင်ပါတယ်။
ဒါကြောင့် မုန်လာဥနီ အပါအဝင် အပင်ထွက် အစားအစာတွေကို စားပေး ရပါမယ်။

၃)မျက်စိအတွက် ယောဂကျင့်ပါ
မျက်စိ ကြွက်သားတွေကို သန်စွမ်းအောင်နဲ့ 
အပန်းပြေအောင် လေ့ကျင့်ခန်း လုပ်ပေးတာကြောင့် အမြင်အာရုံကို ကျန်းမာစေပါတယ်။
မျက်စိအတွက် လုပ်ရမယ့် လေ့ကျင့်ခန်း ကတော့ နာရီ လက်တံလည်တဲ့ အတိုင်း မျက်စိကို
ရွေ လျားပေးရမှာပဲ ဖြစ်ပါတယ်။
မျက်စိကို ဒဏ်ပိလောက်တဲ့ အထိ တွန်းတာမျိုး
မလုပ်ပါနဲ့ ။နာရီလက်တံ လည်တဲ့ အတိုင်း မျက်စိကို ရွေ့ လျားပြီးရင် နာရီလက်တံ ပြောင်းပြန် အတိုင်း ရွေ့ လျားကြည့်ပါ။
ပြီးရင် မျက်တောင်ခတ်ပြီး မျက်စိစုံမှိတ်ကာ
အနားယူပေးပါ။

၎)တစ်ကိုယ်ရေ သန့် ရှင်းရေး အလေးထားပါ သန့် ရှင်းရေး ညံ့ဖျင်းတာကြောင့် မျက်စိ နီရဲပြီး
မျက်မြှေးယောင်နာ ဖြစ်တာ၊မျက်စိ စွန်တာတွေ ဖြစ်စေ နိုင်ပါတယ်။ မျက်စိကိုဓာတုပစ္စည်းတွေနဲ့ ထိတွေ့ မှု၊ဘက်တီးရီးယားနဲ့  ဗိုင်းရပ်စ်ပိုးဝင်မှုတွေကြောင့်လည်း မျက်စိ ကျန်းမာရေး ထိခိုက် ရတတ်ပါတယ်။
ဒါကြောင့် မျက်စိ ကျန်းမာ သန့် ရှင်းဖို့ အတွက်
တဘက်ကို သူများနဲ့ မျှပြီး မသုံးဖို့ ၊
မျက်စိကိုလက်နဲ့မပွတ်မိအောင် သတိထားဖို့
အရေးကြီးပါတယ်။ မျက်စိစွန်တာ၊ မျက်စိနီရဲတာတွေ ဖြစ်ပြီးရင် မျက်စိအတွက်သုံးတဲ့ အလှပြင်ပစ္စည်းတွေကို အသစ်သုံး ပေးဖို့ လိုပါတယ်။
မျက်ကပ်မှန်ကိုဆေးရည်အသစ်ထဲ ပြောင်းထည့်ပြီး
သေချာဆေးကြေားပြီးမှသုံးပါ။

၅)ဆေးလိပ်သောက်တတ်လျှင် ဖြတ်ပါ
ဆေးလိပ်သောက်သူတွေက
ဆေးလိပ်မသောက်သူတွေထက် မက်ကူလာ ယိုယွင်းမှု့(AMD)ဖြစ်နိုင်ခြေ ၄၇%ပိုများ ကြောင်း၊
ဆေးလိပ်မသောက်သူတွေထက် ၅-နှစ်စောပြီး
ဖြစ်နိုင်ဖြေရှိကြောင်း လေ့လာမှု့တွေက ဆိုပါတယ်။
ဆေးလိပ်သောက် တာနဲ့ AMDအကြား
ဆပ်ဆက်မှုကိုတော့ ရှင်းရှင်းလင်းလင်း
မသိကြသေးပါဘူး။
ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် .
အတွင်း တိမ် ရောဂါနဲ့ အရောင်တွေကို
ခွဲခြားမြင်နိုင်စွမ်း ထိခိုက်မှု့တွေကိုလဲ
ဖြစ်စေနိုင်ပါတယ်။

၆)နေကာ မျက်မှန် တပ်ဆင်ပါ
ဆောင်းရာသီမှာတောင် အပြင်ထွက်ရင်
နေကာမျက်မှန်ကို တပ်ဆင်ပေး သင့်ပါတယ်။
ဝီကွန်ဆင် တက္ကသိုလ်ရဲ့ လေ့လာ တစ်ရပ်အရ
တစ်နေ့ မှာ ငါးနာရီနဲ့ အထက်
ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ မှုကြောင့်
အသက်ကြီးချိန်မှာ မက်ကူလာ ယိုယွင်း ပျက်စီးမှု
ဖြစ်နိုင်ခြေနဲ့ အတွင်းတိမ် ဖြစ်နိုင်ခြေမြင့်မားကြောင်း သိရပါတယ်။ဒါကြောင့် ခရမ်းလွန်ရောင်ခြည် ထိခိုက်မှုမှ ကာ ကွယ်နိုင်အောင် နေကာမျက်မှန်ကို
တပ်ဆင် ပေးးဖို့ လိုပါတယ်။

၇)ကွန်ပျူတာ သုံးချိန်ကို လျှော့ချပါ
ကွန်ပျူတာကို တစ်နေ့ ခြောက်နာရီနဲ့ အထက်
အသုံးပြုတဲ့ လူ ၇၀%ဟာ အမြင်အာရုံ ဝေဒနာ
ရနိုင်ခြေ မြင့်မားကြောင်း လန်ဒန် စင်တာက
ဆိုပါတယ်။
ကွန်ပျူတာကို ကြာကြာ သုံးတာကြောင့်
မျက်စိ ညောင်းတာ၊နှစ်ထပ်မြင်တာနဲ့ ယာယီ အမြင်
ဝေဝါးတာ စတဲ့ ကွန်ပျူတာအမြင် အာရုံဆိုင်ရာ ရောဂါစု ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။
ကွန်ပျူတာသုံးတဲ့ အခါ မျက်တောင်ခတ် နှုန်း နှေးတာကြောင့် မျက်စိ ခြောက်သွေ့ မှု ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာသုံးချိန် နာရီဝက်ကြာတိုင်း မျက်စိကို စုံမှိတ်ပြီး မျက်ကြည်လွှာ စိုစွတ်သွားအောင် အနားပေးဖို့ လိုပါတယ်။

၈)ပုံမှန် မျက်စိ စမ်းသပ်မှု ခံယူပါ
တစ်နှစ် တစ်ကြိမ် မျက်စိကို ပုံမှန် စမ်းသပ် စစ်ဆေးမှု ခံယူ သင့်ပါတယ်။
အမြင်အာရုံက အချိန်နဲ့ အမျှး
ပြောင်းလဲနေနိုင်ပါတယ်။
လမ်းဘေးက ဆိုင်းဘုတ်တွေကို ဖတ်ရခက်နေရင်၊
စာဖတ်တဲ့ အခါ စာလုံးတွေ ဝါးနေရင် မျက်စိကို
စမ်းသပ်ပေးပါ။မျက်စိ ကျန်းမာရေးကို
စမ်းသပ်တာကြောင့် သိုင်းရွိုက်ရောဂါ၊ဆီးချိုရောဂါ
၊သွေးတိုး ရောဂါ စတဲ့ အခြေခံ ရောဂါတွေ ရှိ/မရှိ ကိုလည်း သိ နိုင်ပါတယ်။
၉)စံပယ်ပန်း ရနံ့ မွှေးကြူပါ စံပယ်ပန်း ရနံ့ ကို မွှေးကြူတာကြောင့် အမြင်အာရုံ
စူးစိုက် နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။
စံပယ်ပန်း ရနံ့ ဟာ ဦး နှောက် အရှေ့ ဘက်ရှိ
ဘီတာလှိုင်းတွေကို လှုံ့ ဆော်ပေး နိုင်တာကြောင့်
လန်းဆန်း တက်ကြွမှု ဖြစ်ပေါ် စေတာပါ။

၁၀)အောက်ဆီဂျင်ရအောင် လှုပ်ရှားပါ
မျက်စိ ကျန်းမာပြီး သက်သောင့်သက်သာ ရှိစေဖို့ အောက်ဆီဂျင် လိုအပ်ပါတယ်။ဒါကြောင့် အောက်ဆီဂျင် ရရှိအောင် အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ပေးပါ။
လေ့ကျင့်ခန်း လုပ်တာကြောင့် စက္ခုအာရုံကြောကို
အောက်ဆီဂျင် ထောက်ပံ့မှု ကောင်းစေကာ
မျက်စိတွင်း ဖိအားကို လျော့ကျစေပါတယ်။
ဒါ့အပြင် ပုံမှန်လှုပ်ရှားမှု လုပ်သူတွေက
အထိုင်များသူတွေထက်
မက်ကူလာ ယိုယွင်းမှု ဖြစ်နိုင်ခြေ ၇၀%
လျော့နည်းကြောင်း ဝီကွန်ဆင် တက္ကသိုလ်မှ
လေ့လာသူတွေက ရှင်းပြပါတယ်။

Credit-ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

ရေတိမ်ရောဂါသည် အသိနောက်ကျပါက အမြင်အာရုံ ဆုံးရှုံးစေနိုင်သည်အထိဖြစ်စေနိုင်သော အန္တရာယ်ရှိသော ရောဂါဖြစ်ပါသည်။ အထူးသဖြင့် အသ...
01/01/2021

ရေတိမ်ရောဂါသည် အသိနောက်ကျပါက အမြင်အာရုံ ဆုံးရှုံးစေနိုင်သည်အထိဖြစ်စေနိုင်သော အန္တရာယ်ရှိသော ရောဂါဖြစ်ပါသည်။
အထူးသဖြင့် အသက် ၄၀ ကျော်သူများ၊ ဆီးချိုရောဂါရှိသူများ၊ steroid ပါဝင်သော ဆေးများကို ပုံမှန်မှီဝဲရသူများ၊ မျက်ကြည်လွှာပါးသူများ၊ မိသားစုမျိုးရိုးအတွင်း ရေတိမ်ရောဂါရှိသူများအနေဖြင့် ပိုမို ဂရုတစိုက် ပုံမှန်စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။
ထို့အပြင် အောက်ပါရောဂါလက္ခဏာများခံစားရပါက ရေတိမ်ရောဂါစစ်ဆေးမှုကို ခံယူသင့်ပါသည်။


ရေတိမ်ရောဂါသည် အသိနောက်ကျပါက အမြင်အာရုံ ဆုံးရှုံးစေနိုင်သည်အထိဖြစ်စေနိုင်သော အန္တရာယ်ရှိသော ရောဂါဖြစ်ပါသည်။
အထူးသဖြင့် အသက် ၄၀ ကျော်သူများ၊ ဆီးချိုရောဂါရှိသူများ၊ steroid ပါဝင်သော ဆေးများကို ပုံမှန်မှီဝဲရသူများ၊ မျက်ကြည်လွှာပါးသူများ၊ မိသားစုမျိုးရိုးအတွင်း ရေတိမ်ရောဂါရှိသူများအနေဖြင့် ပိုမို ဂရုတစိုက် ပုံမှန်စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။
ထို့အပြင် အောက်ပါရောဂါလက္ခဏာများခံစားရပါက ရေတိမ်ရောဂါစစ်ဆေးမှုကို ခံယူသင့်ပါသည်။

GOLDEN VISION OPTICAL CENTER ကွန်ပျုတာမျက်စိစမ်းသပ်ခန်း နှင့်မျက်မှန် ၊ မျက်ကပ်မှန်အရောင်းခန်းမအမှတ် ( ၁၈၀ ) မင်္ဂလာလမ်းေ...
01/01/2021

GOLDEN VISION OPTICAL CENTER
ကွန်ပျုတာမျက်စိစမ်းသပ်ခန်း နှင့်
မျက်မှန် ၊ မျက်ကပ်မှန်အရောင်းခန်းမ
အမှတ် ( ၁၈၀ ) မင်္ဂလာလမ်း
ရွှေဧရာဒံပေါက်ဆိုင်ရှေ့ ၊ ပုသိမ်မြို့ ။
Ph. 09441626265 / 09401726455
09264221045
Viber Ph. 09401726455

01/01/2021

Made in Korea ကော်ကိုင်းစစ်စစ်
ရှယ်ကောင်း ရှယ်ပေါ့ ရှယ်အကြမ်းခံဆိုတဲ့
Brand ကိုမှ တပ်ချင်ကြသူလေးများတွက်😘😘
EXO လား BTSလား BIG BANGလား
2 NE 1လား👓👓🕶🕶
၁နှစ်နဲ့၈လ အာမခံပါ ပါတယ်နော်

ဈေးနှုန်းလေးကတော့ 45000ကနေ စရှိပါတယ်ရှင့်
Cbကိုပဲလာမလား 🤗🤗😎
ဖုန်းလေးပဲဆက်လိုက် မလား
လှပသောဒီဇိုင်း ကောင်းမွန်သောအရည်အသွေး နဲ့
မှန်ကန်သောရွေးချယ်မှုတို့အတွက်
09 401726455ကိုသာ
အမြန်ဆုံးမှာလိုက်ပါနော်😘
ဆိုင်ကိုပဲ လာရောက်ဝယ်ယူချင်တဲ့
သူလေးတွေတွက် ဆိုင်လိပ်စာလေးကတော့⬇

↪ GOLDEN VISION. မျက်မှန်ဆိုင်
ရွှေဧရာဒံပေါက်ဆိုင်ရှေ့
ကြယ်လင်းလက် Fancyဆိုင်ဘေး
မင်္ဂလာလမ်း ၊ ပုသိမ်မြို့ ။ ↩

Ph. 09441626265 / 09401726455
09264221045
Viber Ph. 09401726455

သင့်မျက်စိအတွက် အကြံပြုချက် ၈ ချက် ၁။ မျက်စိကို မျက်စိအထူးကုဆရာဝန်များနှင့်အနည်းဆုံး ၆ လ တစ်ကြိမ်စမ်းသပ်သင့်ပါတယ်။၂။ စာေ...
01/01/2021

သင့်မျက်စိအတွက် အကြံပြုချက် ၈ ချက်

၁။ မျက်စိကို မျက်စိအထူးကုဆရာဝန်များနှင့်အနည်းဆုံး ၆ လ တစ်ကြိမ်စမ်းသပ်သင့်ပါတယ်။

၂။ စာရေး၊စာဖတ်ပြုလုပ်တဲ့အခါ
လုံလောက်တဲ့အလင်းရောင်ရတဲ့နေရာမှာသာပြုလုပ်ပါ။

၃။ မျက်တောင်ကို မကြာခဏအဖွင့်အပိတ်လုပ်ပေးပါ(မကြာခဏမျက်တောင်ခတ်ပါ)။

၎။ သင်၏မျက်လုံးကိုနေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းမှကာကွယ်ပါ။

၅။ မျက်စိနှင့်ပတ်သက်ပြီးအားရုံစိုက်အလုပ်လုပ်ပြီးချိန်တိုင်း စိမ်းစိုသော အရာများကို မကြာခဏကြည့်ပေးပါ။

၆။ ကွန်ပျူတာ၊ဖုန်း အသုံးပြုတိုင်း မျက်စိဖြင့် နီးကပ်စွာ အသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။

7။ မျက်လုံးလေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

၈။ Antioxidants နှင့် Vitamin A. ကြွယ်ဝသော၊ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာကိုစားပါ။

" သင့်မျက်စိကိုဂရုစိုက်ပါ "

#မျက်စိ #ကျန်းမာရေး

T h e E y e H e a l t h

GOLDEN VISION OPTICAL CENTERကွန်ပျူတာမျက်စိစမ်းသပ်ခန်းနှင့်မျက်မှန်အရောင်းခန်းမ တွင်ခေတ်မီ Retinoscope„Phoropter„Trialse...
01/01/2021

GOLDEN VISION OPTICAL CENTER
ကွန်ပျူတာမျက်စိစမ်းသပ်ခန်းနှင့်
မျက်မှန်အရောင်းခန်းမ တွင်

ခေတ်မီ Retinoscope„Phoropter„Trialset
NCE.8900 Auto Refractometer
တို့နှင့် တိကျမှန်ကန်အောင်အထူးစမ်းသပ်ပေးပီး

ဆေးမျက်မှန် Quality စတင်ပြည့်မှီတဲ့
မှန်အမျိုးအစားလေးတွေကို Quality & Price
အရည်အသွေးနှင့်ဈေးနှုန်း
အစားစားထားရှိပေးထားပါတယ်
မှန်၏ပါးလွှာမှုစံညွှန်းကိန်းသိပ်သည်းဆ
Hi-index 1.499, 1.56, 1.61, 1.67, 1.74
အထိ မှန်အမျိုးအစားအမျိုးမျိုး ထားရှိပေးပေးထားပြီး

ခရမ်းလွန်ရောင်ခြည်ကို95%အထိကာကွယ်ပေးသော
UV BLUE BLOCK မှန်

PHOTO GRAY, PHOTO BROWN
POLARIZED မှန်

အဝေးအနီးBifocal သမားတွေအတွက်
Fuse Bifocal
Flat_top Bifocal
Multifocal တို့ကို
Hi-index
1.499/1.56/1.61 /1.67 index
တို့ဖြင့် ရရှိနိုင်ပါသည်

မျက်မှန်ကောင်းတစ်လက်ရရှိစေရန်
(PD) Pupilary Distance
သူငယ်အိမ်အကွာအဝေးကိုNCE.8900
Auto Refractometerဖြင့်အတိအကျတိုင်းယူပီး
Lens မှာရှိတဲ့Optical centerနဲ့တထပ်တည်းကျအောင်နှင့်
လက်ရာအထူးသေသပ်ဖို့အတွက်
Supore Brand
Newcentury Brand
Auto Edger LE300
လက်ရာသေသပ်လှပသည့်
အလိုအလျောက် ထိန်းညှိပုံဖော်စက်

ခေါတ်မီ လိုင်းခွဲစက်၊ဖောက်စက်တို့ဖြင့်
ကျွမ်းကျင်ပညာရှင်များ
ကိုယ်တိုင်အကောင်းဆုံးဆောင်ရွက်ပေးနေပါသည်။

ဈေးနှုန်းလား.!?
သုံးရတာကပေးရတာထက်ပိုတန်နေစေရမယ့်
ပါဝါကိုင်း/နေကာကိုင်း
Design /Brand/Quality A.B.Cအဆင့်ဆင့်
ကိုင်းအမျိုးအစားအများအပြားကို
Up to dateအမြဲဖြစ်နေအောင် ခေတ်နဲ့အညီအမြဲထားရှိကာ
ဈေးနှုန်းအထူးသက်သာပီးအကောင်းဆုံးသော ဝန်ဆောင်မှုတွေ
နဲ့အတူ GOLDEN VISION OPTICAL CENTER မှ
အစဉ်အမြဲ နွေးထွေးစွာကြိုဆိုလျက်....
မိတ်ဟောင်း၊မိတ်သစ် Customers များ
2021 နှစ်သစ်မှာ
ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ.......။

အမှတ် ၁၈၀ ၊ မင်္ဂလာလမ်း ၊
ရွှေဧရာဒံပေါက်ဆိုင်ရှေ့ ပုသိမ်မြို့ ။
Ph.09441626265 /09401726455
09264221045
Viber Ph. 0941726455

အမြင်အာရုံ ကျန်းမာရေး အတွက် နည်းလမ်း ၁၀                                                                                 ...
01/01/2021

အမြင်အာရုံ ကျန်းမာရေး အတွက် နည်းလမ်း ၁၀ အမြင် အာရုံ ကျန်းမာရေး အတွက် လူတိုင်း လိုက်နာ သင့်တဲ့ နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။

၁)ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
အဝလွန်တာက မျက်စိ အမြင်အာရုံကို ထိခိုက်စေတဲ့ အဓိက အကြောင်းရင်း လေးရပ်နဲ့ ဆက်စပ်မှု ရှိတယ်လို့  Royal National Institute for the Blind က ဆိုပါတယ်။ အဝလွန်တာကြောင့် ဖြစ်နှုန်း မြင့်မားစေတဲ့ အကြောင်းရင်း လေးခုက ရေတိမ် ရောဂါ၊ အသက်အရွယ်ကြောင့် ဖြစ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးတာ၊ ဆီးချိုကြောင့် အာရုံကြော ထိခိုက်တာနဲ့ အတွင်းတိမ် ရောဂါ တို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
လူတွေမှာ BMI၃၅-နဲ့ အထက် မြင့်တက်နေရင် BMI ၂၂-အောက် လျော့နည်းသူတွေထက် ဆီး ချိုရောဂါ ဖြစ်နိုင်ခြေ ၈၀-ဆ မြင့်တက်နေတယ်လို့ သိရပါတယ်။ အဝလွန်တာကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေကလည်း နှစ်ဆ တိုး သွားတယ်လို့ ဆိုပါတယ်။ဒါကြောင့် မျက်စိ ကျန်းမာရေး အတွက် ကိုယ်အလေးချိန်ကို ထိန်းဖို့ လို ပါတယ်။

၂)မုန်လာဥနီ စားပါ လူ ၄၃%ဟာ အာဟာရ ချို့ တဲ့မှုကြောင့် မျက်စိ ကျန်းမာရေး ထိခိုက်မှု ဖြစ်နေတာကို သတိမမူမိကြကြောင်း Health Sight Survey ရဲ့ လေ့လာမှု အရ သိရပါတယ်။အာဟာရ ချို့ တဲ့မှုဖြစ်ရင် အသက်ကြီးတာကြောင့် ဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးမှု(AMD)ဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ မျက်စိ ကျန်းမာရေးအတွက် အင်တီအောက်ဆီးဒင့် တွေက အရေးပါ ပါ တယ်။ အရောင်ရင့်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ထဲမှာ တွေ့ ရတဲ့ လူတင်နဲ့ ဇီဇန်သင်းဓာတ်တွေကလည်း မက်ကူလာကို အကာအကွယ် ပေးနိုင်ပါတယ်။ဒါကြောင့် မုန်လာဥနီ အပါအဝင် အပင်ထွက် အစားအစာတွေကို စားပေး ရပါမယ်။

၃)မျက်စိအတွက် ယောဂကျင့်ပါ
မျက်စိ ကြွက်သားတွေကို သန်စွမ်းအောင်နဲ့ အပန်းပြေအောင် လေ့ကျင့်ခန်း လုပ်ပေးတာကြောင့် အမြင်အာရုံကို ကျန်း မာစေပါတယ်။မျက်စိအတွက် လုပ်ရမယ့် လေ့ကျင့်ခန်း ကတော့ နာရီ လက်တံလည်တဲ့ အတိုင်း မျက်စိကို ရွေ့ လျားပေးရမှာပဲ ဖြစ်ပါတယ်။မျက်စိကို ဒဏ်ပိလောက်တဲ့ အထိ တွန်းတာမျိုး မလုပ်ပါနဲ့ ။နာရီလက်တံ လည်တဲ့ အတိုင်း မျက်စိကို ရွေ့ လျားပြီးရင် နာရီလက်တံ ပြောင်းပြန် အတိုင်း ရွေ့ လျားကြည့်ပါ။ပြီးရင် မျက်တောင်ခတ်ပြီး မျက်စိ စုံမှိတ်ကာ အနားယူပေးပါ။

၎)တစ်ကိုယ်ရေ သန့် ရှင်းရေး အလေးထားပါ သန့် ရှင်းရေး ညံ့ဖျင်းတာကြောင့် မျက်စိ နီရဲပြီး မျက်မြှေးယောင်နာ ဖြစ်တာ၊မျက်စိ စွန်တာတွေ ဖြစ်စေ နိုင်ပါတယ်။ မျက် စိကို ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ မှု၊ဘက်တီးရီးယားနဲ့  ဗိုင်းရပ်စ်ပိုးဝင်မှုတွေ ကြောင့်လည်း မျက်စိ ကျန်းမာရေး ထိခိုက် ရတတ်ပါတယ်။ဒါကြောင့် မျက်စိ ကျန်းမာ သန့် ရှင်းဖို့ အတွက် တဘက်ကို သူများနဲ့ မျှပြီး မသုံးဖို့ ၊မျက်စိကိုလက်နဲ့မပွတ်မိအောင် သတိ ထားဖို့အရေးကြီးပါတယ်။ မျက်စိစွန်တာ၊ မျက်စိနီရဲတာတွေ ဖြစ်ပြီးရင် မျက်စိအတွက်သုံးတဲ့ အလှပြင်ပစ္စည်းတွေကို အသစ်သုံး ပေးဖို့ လိုပါတယ်။ မျက်ကပ်မှန်ကိုဆေးရည်အသစ်ထဲ ပြောင်းထည့်ပြီး သေချာဆေးကြေားပြီးမှသုံးပါ။

၅)ဆေးလိပ်သောက်တတ်လျှင် ဖြတ်ပါ
ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် မက်ကူလာ ယိုယွင်းမှု့(AMD)ဖြစ်နိုင်ခြေ ၄၇%ပိုများ ကြောင်း၊ ဆေးလိပ်မသောက်သူတွေထက် ၅-နှစ်စောပြီးဖြစ်နိုင်ဖြေရှိကြောင်း
လေ့လာမှု့တွေက ဆိုပါတယ်။
ဆေးလိပ်သောက် တာနဲ့ AMDအကြားဆက်စပ်မှု့ကိုတော့ ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။
ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အတွင်း တိမ် ရောဂါနဲ့ အရောင်တွေကို ခွဲခြားမြင်နိုင်စွမ်း ထိခိုက်မှု့တွေကိုလဲ ဖြစ်စေနိုင်ပါတယ်။

၆)နေကာ မျက်မှန် တပ်ဆင်ပါ
ဆောင်းရာသီမှာတောင် အပြင်ထွက်ရင် နေကာမျက်မှန်ကို တပ်ဆင်ပေး သင့်ပါတယ်။ ဝီကွန်ဆင် တက္ကသိုလ်ရဲ့ လေ့လာ တစ်ရပ်အရ တစ်နေ့ မှာ ငါးနာရီနဲ့ အထက် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ မှုကြောင့် အသက်ကြီးချိန်မှာ မက်ကူလာ ယိုယွင်း ပျက်စီးမှု ဖြစ်နိုင်ခြေနဲ့ အတွင်းတိမ် ဖြစ်နိုင်ခြေ မြင့်မားကြောင်း သိရပါတယ်။ဒါကြောင့် ခရမ်းလွန်ရောင်ခြည် ထိခိုက်မှုမှ ကာ ကွယ်နိုင်အောင် နေကာမျက်မှန်ကို တပ်ဆင် ပေးးဖို့ လိုပါတယ်။

၇)ကွန်ပျူတာ သုံးချိန်ကို လျှော့ချပါ
ကွန်ပျူတာကို တစ်နေ့ ခြောက်နာရီနဲ့ အထက်
အသုံးပြုတဲ့ လူ ၇၀%ဟာ အမြင်အာရုံ ဝေဒနာ
ရနိုင်ခြေ မြင့်မားကြောင်း လန်ဒန် စင်တာက
ဆိုပါတယ်။ကွန်ပျူတာကို ကြာကြာ သုံးတာကြောင့်
မျက်စိ ညောင်းတာ၊နှစ်ထပ်မြင်တာနဲ့ ယာယီ အမြင်
ဝေဝါးတာ စတဲ့ ကွန်ပျူတာအမြင် အာရုံဆိုင်ရာ ရောဂါစု ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။ကွန်ပျူတာသုံးတဲ့ အခါ မျက်တောင်ခတ် နှုန်း နှေးတာကြောင့် မျက်စိ ခြောက်သွေ့ မှု ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာသုံးချိန် နာရီဝက်ကြာတိုင်း မျက်စိကို စုံမှိတ်ပြီး မျက်ကြည်လွှာ စိုစွတ်သွားအောင် အနားပေးဖို့ လိုပါတယ်။

၈)ပုံမှန် မျက်စိ စမ်းသပ်မှု ခံယူပါ
တစ်နှစ် တစ်ကြိမ် မျက်စိကို ပုံမှန် စမ်းသပ် စစ်ဆေးမှု ခံယူ သင့်ပါတယ်။ အမြင်အာရုံက အချိန်နဲ့ အမျှ ပြောင်းလဲနေ နိုင် ပါတယ်။လမ်းဘေးက ဆိုင်းဘုတ်တွေကို ဖတ်ရခက်နေရင်၊စာဖတ်တဲ့ အခါ စာလုံးတွေ ဝါးနေရင် မျက်စိကို စမ်းသပ်ပေးပါ။မျက်စိ ကျန်းမာရေးကို စမ်းသပ်တာကြောင့် သိုင်းရွိုက်ရောဂါ၊ဆီးချိုရောဂါ၊သွေးတိုး ရောဂါ စတဲ့ အခြေခံ ရောဂါတွေ ရှိ/မရှိ ကိုလည်း သိ နိုင်ပါတယ်။
၉)စံပယ်ပန်း ရနံ့ မွှေးကြူပါ စံပယ်ပန်း ရနံ့ ကို မွှေးကြူတာကြောင့် အမြင်အာရုံ စူးစိုက် နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။စံပယ်ပန်း ရနံ့ ဟာ ဦး နှောက် အရှေ့ ဘက်ရှိ ဘီတာလှိုင်းတွေကို လှုံ့ ဆော်ပေး နိုင်တာကြောင့် လန်းဆန်း တက်ကြွမှု ဖြစ်ပေါ် စေတာပါ။

၁၀)အောက်ဆီဂျင်ရအောင် လှုပ်ရှားပါ
မျက်စိ ကျန်းမာပြီး သက်သောင့်သက်သာ ရှိစေဖို့ အောက်ဆီဂျင် လိုအပ်ပါတယ်။ဒါကြောင့် အောက်ဆီဂျင် ရရှိအောင် အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ပေးပါ။လေ့ကျင့်ခန်း လုပ်တာကြောင့် စက္ခုအာရုံကြောကို
အောက်ဆီဂျင် ထောက်ပံ့မှု ကောင်းစေကာ မျက်စိတွင်း ဖိအားကို လျော့ကျစေပါတယ်။ဒါ့အပြင် ပုံမှန် လှုပ်ရှားမှု လုပ်သူတွေက အထိုင်များသူတွေထက် မက်ကူလာ ယိုယွင်းမှု ဖြစ်နိုင်ခြေ ၇၀%
လျော့နည်းကြောင်း ဝီကွန်ဆင် တက္ကသိုလ်မှ လေ့လာသူတွေက ရှင်းပြပါတယ်။

Credit-ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

သင့် ကျန်းမာရေး (မျက်လုံး)မျက်စိသည် အလွန်နုနယ်သော အရေးကြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်သည်။မျက်စိနှစ်ကွင်း အလင်း မရလ...
01/01/2021

သင့် ကျန်းမာရေး (မျက်လုံး)

မျက်စိသည် အလွန်နုနယ်သော အရေးကြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်သည်။

မျက်စိနှစ်ကွင်း အလင်း မရလျှင် တစ်ကိုယ်ရည် စိတ်ဆင်းရဲမှုများ ဖြစ်ပေါ်ကာ ပတ်ဝန်းကျင် အပေါ်၌ မှီခိုရမှု၊ လုပ်အား ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ မြန်မာ နိုင်ငံတွင် မျက်ခမ်းစပ် ရောဂါ၊ ဗီတာမင်အေ ချို့တဲ့၍ ဖြစ်ပွားသော ကြက်မျက်သင့် ရောဂါ၊ မျက်စိ မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းများ အဖြစ်များလျက် ရှိသည်။

ထို့ကြောင့် မျက်စိ ကျန်းမာရေး အတွက် အောက်ပါတို့ကို လိုက်နာသင့် ပါသည်-

(၁) အလင်းရောင် နည်းသော အချိန်များနှင့် နာလန်ထ အားနည်း နေချိန်တွင် မျက်စိအားစိုက်ရသော အလုပ်များ ကို ရှောင်ပါ။

(၂) စာကြည့်စဉ်နှင့် အလုပ်လုပ်စဉ် အလင်းရောင်ကို မျက်စိထဲသို့ တိုက်ရိုက် မဝင်အောင် အကာအကွယ်ဖြင့် နေပါ။ အလင်းရောင်ကို နောက်ကျောမှ လာစေလျှင် ပိုကောင်းပါ၏။

(၃) အနီးကြည့်စဉ် ကြည့်သော အရာဝတ္ထုနှင့် မျက်စိကို သာမန်အားဖြင့် တစ်ပေမျှ ကွာသင့်သည်။ နီးပါက မျက်စိ အားစိုက်ရ တတ်သည်။

(၄) နာရီဝက်၊ တစ်နာရီ တစ်ခါ စာဖတ်ပြီးတိုင်း ၅ မိနစ် ၁ဝ မိနစ်ခန့် မျက်စိကို အနားပေးပါ။

(၅) နေရှိန်ပြင်းသော နေရာများနှင့် တံလျှပ်များ ထနေသော နေရာများတွင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန် နေကာ မျက်မှန် သို့မဟုတ် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်မည့် မျက်မှန် တပ်ပါ။

(၆) ပါဝါ မျက်မှန်ကို မျက်စိဆရာဝန်ဖြင့် စမ်းပြီးမှသာ တပ်ပါ။ သူတစ်ပါး မျက်မှန်ကို ခေတ္တတပ်ခြင်း ရှောင်ပါ။

(၇) မျက်စိထဲသို့ ဖုန် သို့မဟုတ် အမှိုက်သရိုက် ဝင်ခဲ့သော် တအား မပွတ်ပစ်ဘဲ မျက်စိဆရာဝန်နှင့် ပြသ၍ ကုသမှု ခံယူပါ။ မျက်စဉ်းဆေး ကောင်းနိုးရာရာ ထည့်ခြင်း ရှောင်ပါ။

(၈) ကျောင်းသား လူငယ်များ ဗီတာမင်အေ ကြွယ်ဝသော နို့၊ ထောပတ်၊ ဒိန်ခဲ၊ ဥနှင့် ဟင်းသီးဟင်းရွက် များများစားပါ။

(၉) ခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း၊ မျက်စိမှုန်ခြင်း စသည့် မျက်စိနှင့် ပတ်သက်သည့် ထူးခြားသော ဝေဒနာ တစ်ခုခု တွေ့ရလျှင် မျက်စိ ဆရာဝန်နှင့် ပြသ စစ်ဆေး ကုသမှု ခံယူပါ။

(၁ဝ) ဗီတာမင်အေသည် အမြင်အာရုံအတွက် အရေးကြီးသော်လည်း ကိုယ်ဝန်သည် များသည် တိရစ္ဆာန် များ၏ အသည်းကို ချက်ထားသော ဟင်းလျာ စားလျှင် သို့မဟုတ် ဗီတာမင်အေ အားဆေးများ စားပါက သန္ဓေသား အမြင်လွှာ ပျက်ယွင်းတတ်သည်။

ဗီတာမင်အေမှာ လူတို့ကို ဒုက္ခပေးလျက်ရှိသော အောက်ဆီးဒင့်များကို ဖျက်ဆီး ဖယ်ရှားနိုင်သည်။ အရိုးနု၊ အရိုးနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ကြီးထွား ဖွံ့ဖြိုးရန် အတွက်မူ ဗီတာမင်အေ လိုသည်။ ခန္ဓာကိုယ်တွင် မြူးကပ် လွှာ အောက်ရှိ တစ်သျှူးများ၏ ခုခံစွမ်းအားကို ကောင်းစေသဖြင့် ရောဂါပိုးမွှား ဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေး သည်။

ဗီတာမင်အေ လုံလောက်စွာ ရရှိစေရန် အသည်း၊ နို့နှင့် နို့ထွက် ပစ္စည်း၊ ဥအမျိုးမျိုး၊ ငါးကြီးဆီ၊ မုန်လာဥတို့ စားပေးသကဲ့သို့ အားဆေး အေဒီဗစ် တစ်နေ့တစ်လုံး တစ်လခန့် စားလျှင် ဗီတာမင်အေ ချို့တဲ့မှုမှ ကာကွယ်နိုင်သည်။ ကလေး အားဆေး ရက်ကီနော ကျွေးလျှင် မျက်စိအတွက် လိုအပ်သော ဗီတာမင်အေ ရရှိနိုင်ပါသည်။

မျက်စိအဆုံး ဆိုသကဲ့သို့ မြင်လွှာ ထိခိုက်စေတတ်သည့် ဖုန်ဝင်၊ သဲဝင်၊ အမှိုက် ဝင်သဖြင့် မျက်စိနာလျှင် ဆရာဝန်နှင့် ပြ ပါ။ မျက်စဉ်းဆေး ထည့်ပါ။ ပိုးသတ်ဆေး အမောက်စလင်နှင့် ပါရာ သုံးကြိမ် လေးရက် စားပါ။

Credit:. .........,
ဒေါက်တာလွင်သန့် (ဆေး-၂)

Address

NO180 Mingalar Street , PATHEIN

11111

Opening Hours

Monday 07:00 - 08:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Golden Vision Optical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram