HIV နှင့် ကာလသားရောဂါအကြောင်းဆွေးနွေးကျမယ်

  • Home
  • Myanmar
  • Pathein
  • HIV နှင့် ကာလသားရောဂါအကြောင်းဆွေးနွေးကျမယ်

HIV နှင့် ကာလသားရောဂါအကြောင်းဆွေးနွေးကျမယ် HIV / ကာလသား​ရောဂါ
TB ​ရောဂါနှင့် ပက်သက်၍ သိလိုရာ​မေးမြန်းနိုင်ပါတယ်

27/01/2024

💊ဒါ​လေး​တွေက​တော့ အခမဲ့ ရရှိတဲ့ ဝန်​ဆောင်မှု​လေး​တွေပါ💊
အ​သေးစိတ်သိချင်ရင်​တော့ 09682200264

ကဲ ဒီတစ်ခါ​တော့ မင်မင်က ​ဆေးတမျိုးနဲ့မိတ်ဆက်​ပေးမယ်Prep ဆိုတာဘာလဲ ?Prep ဆိုတာဘာ​ဆေးလဲ ?Prep ကဘာအတွက်​သောက်သင့်တာလဲ ? ဆို...
05/08/2023

ကဲ ဒီတစ်ခါ​တော့ မင်မင်က ​ဆေးတမျိုးနဲ့မိတ်ဆက်​ပေးမယ်
Prep ဆိုတာဘာလဲ ?
Prep ဆိုတာဘာ​ဆေးလဲ ?
Prep ကဘာအတွက်​သောက်သင့်တာလဲ ? ဆိုတာ​တွေကိုသိချင်တယ်ဆိုရင် မင်မင်ရဲ့ Cb မှာလာ​​မေးလို့ရပါတယ်​နော်

ဆက်သွယ်ရန်ဖုန်းနံပါတ် -  09682200264 သွေးစစ်​ဆေးမှုမှာ -  အခမဲ့ ဖြစ်ပါသည်HIV ပိုး ရှိမရှိ ဘာကြောင့်စစ်ဆေးသင့်သလဲ ? ကမ္ဘာ...
11/09/2022

ဆက်သွယ်ရန်ဖုန်းနံပါတ် - 09682200264
သွေးစစ်​ဆေးမှုမှာ - အခမဲ့ ဖြစ်ပါသည်
HIV ပိုး ရှိမရှိ ဘာကြောင့်စစ်ဆေးသင့်သလဲ ?

ကမ္ဘာ့ကပ်ရောဂါတစ်ခုလို့ ပြောရမဲ့ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်)ရောဂါဟာ မြန်မာနိုင်ငံမှာလည်း ဆယ်စုနှစ် တစ်ခုအတွင်းမှာ ကြောက်မက်ဖွယ်ရာကို ကူးစက်ပြန့်ပွားလာခဲ့ပါတယ်။
ကာကွယ် တားဆီးမှုလုပ်ငန်းတွေနဲ့အတူ အခုအချိန်မှာ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်)ရောဂါ ဝေဒနာရှင်တွေ ကို ပြုစုစောင့်ရှောက်ခြင်း၊ ဆွေးနွေးနှစ်သိမ့် အကြံပေးခြင်း၊ ကူညီခြင်းဆိုတဲ့ အပိုင်းကိုလည်း အလေးထား လုပ်ကိုင်လာခဲ့ကြပါပြီ။

အခုအခါမှာ ရောဂါဖြစ်ပွားလာတာနဲ့အမျှ အိတ်ခ်ျအိုင်ဗွီပိုးရှိမရှိကို
သွေးစစ်ကြည့်ဖို့ကိစ္စကလည်း ထည့်သွင်း စဉ်းစားကြတဲ့အထဲမှာ အရေးပါတဲ့ ကိစ္စတခုဖြစ်လာပါတယ်။
အလုပ်က အကြောင်းပြချက်တခုနဲ့ စစ်ခိုင်းလို့၊ ဒါမှမဟုတ် လက်မထပ်ခင် စိတ်ရှင်းရအောင် စစ်ချင်လို့၊ မိမိဘာသာဆန္ဒအလျှောက် ရောဂါရှိမရှိ သိချင်လို့ လာရောကစစ်ဆေးတတ်ကြသလို၊ တချို့ကြတော့လည်း ရောဂါလဏ္ခာ တခုခုကြောင့် ဆရာဝန်က လွှတ်လိုက်လို့ ဆိုပြီး ရောက်လာကြသူတွေလည်းရှိပါတယ်။ ဘယ်လို အခြေနေမျိုးတွေမှာ သင့်မှာ အိတ်အိုင်ခ်ျဗွီပိုးကူးစက်နိုင်သလဲ၊ စစ်ဆေးကြည့်သင့်သလဲဆိုတာကို ရှင်းပြချင်ပါတယ်။

ကိုယ့်အိမ်ထောင်ဖက်/ လိင်ဆက်ဆံဖက်နဲ့ ကိုယ့်ရဲ့အကြားမှာ တစ်ဦးကိုတစ်ဦး အပြန်အလှန်သစ္စာရှိတဲ့ အိမ်ထောင်ရေးမျိုး မဟုတ်ခဲ့ဘူးဆိုရင်၊ အိတ်ခ်ျအိုင်ဗွီပိုးရနိုင်ခြေကို အောက်ပါအချက် (၃)ချက်က အဆုံးအဖြတ် ပေးပါလိမ့်မယ်။

(၁) လိင်ဆက်ဆံဖက်/ အိမ်ထောင်ဖက်(များ)၏ ရွေးချယ်မှု

လိင်ဆက်ဆံဖက်/ အိမ်ထောင်ဖက်တွင် အိတ်ခ်ျအိုင်ဗွီပိုးရှိ၊ မရှိဆိုတဲ့အချက်တွင် ရောဂါပိုးရနိုင် မရနိုင်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ လူတယောက်ကိုကြည့်လိုက်ရုံနဲ့ သူမှာ အိတ်ခ်ျအိုင်ဗွီပိုးရှိ၊ မရှိကို မသိနိုင်တာကြောင့် ကိုယ်နဲ့လိင်ဆက်ဆံဖက်ရဲ့လိင်ကိစ္စအမူအကျင့်တွေကို မသိခဲ့ဘူးဆိုရင် လိင်ဆက်ဆံတိုင်း ကွန်းဒုံးသုံးသင့်ပါတယ်။ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် တစ်ကြိမ်ပဲ ဖြစ်ဖြစ် ကွန်ဒုံးမသုံးရင် ရောဂါပိုးကူးစက်နိုင်ပါတယ်။

(၂) လိင်ဆက်ဆံဖူးသူ အရေအတွက်

ကိုယ်နဲ့ လိင်ဆက်ဆံဖူးသူ အရေအတွက်များလေလေ၊ ရောဂါပိုးရနိုင်ခြေများလေလေပါဘဲ။ ဒါကြောင့် တတ်နိုင်မယ်ဆိုရင် လိင်ဆက်ဆံသူအရေအတွက်ကို လျော့ချသင့်ပါတယ်။ ကိုယ်နဲ့လိင်ဆက်ဆံသူတွေရဲ့ လိင်ဆက်ဆံတဲ့အမူအကျင့်တွေကို ဘယ်လိုမှ သိနိုင်မှာမဟုတ်တဲ့အတွက် လိင်ဆက်ဆံဖက် အရေအတွက်
လျော့ချခြင်းတစ်ခုထဲဟာလည်း လုံလောက်တဲ့ကာကွယ်နည်းမဖြစ်နိုင်ပါ။ ဒါကြောင့် အကာအကွယ်ယူပြီး
လိင်ဆက်ဆံတာ (လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးတာ)ကို ဆက်လုပ်သွား သင့်ပါတယ်။

(၃) လိင်ကိစ္စပိုင်းဆိုင်ရာအမူအကျင့်၊ နေထိုင်ပုံ

လိင်ဆက်ဆံတာကြောင့်ကူးစက်တာကို ကာကွယ်ဖို့ (တစ်ယောက်ကို တစ်ယောက် သစ္စာမရှိနိုင်တဲ့၊ ယုံကြည်လို့ မရတဲ့သူတွေနဲ့ လိင်မဆက်ဆံပဲ) လုံးဝရှောင်ကြဉ်တာဟာ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူအများစုအတွက်တော့ ဒီအကြံဉာဏ်ဟာ လက်တွေ့မကျနိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကွန်ဒုံးအသုံးပြုပြီးတော့ တခြားအန္တရာယ်ကင်းတဲ့ လိင်ကိစ္စပိုင်းဆိုင်ရာ အမူအကျင့်တွေပြုမူမယ် ဆိုရင် ရောဂါပိုး ကူးစက်ခြင်းနှင့်ရောဂါ ရနိုင်ခြေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

ယဉ်ကျေးမှုဓလေ့ထုံးစံအရ လိင်ကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖို့ခက်တဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ကာကွယ်တာဆီးဖို့ ပညာပေးဖို့ ဆိုတာတောင် မလွယ်လှတဲ့ အတွက် ရောဂါပိုးစစ်ဖို့ကိစ္စရဲ့ နောက်ဆက်တွဲမှာ လူမှုရေးပြဿနာတွေကလည်း အများကြီးဆက်ပါလာတတ်ပါတယ်။ ကုလို့မရတဲ့ ရောဂါတစ်ခုမို့ အဲဒီရောဂါဖြစ်မှာကို ကြောက်တာထက် လူတွေကအထင်သေး၊ အမြင်သေးမယ်။ ပတ်ဝန်းကျင်က ဝိုင်းပယ်တာခံရမယ်ဆိုပြီး လူမှုရေးဒဏ်ခတ်တာခံရတော့မယ်လို့ မြင်တဲ့အမြင်က ပိုဖိစီး​စေတာကိုတွေ့ရပါတယ်။ ကုဖို့ဆေးမရှိတာ မသေခင် စိတ်ညစ်နေရတာ အဖတ်တင်မဲ့အတူတူ မစစ်ပဲထားတာကောင်းပါတယ်လို့ သဘောထားပြီး ဒီတိုင်းပဲနေနေတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။ စစ်သင့် မစစ်သင့် ဆုံးဖြတ်ခြင်းကတော့ ကိုယ့်ဆန္ဒတိုင်းပါပဲ။ ဒါပေမဲ့ စစ်ခြင်းအားဖြင့် ဘယ်လိုအကျိုးရှိနိုင် သလဲဆိုတာကို အခုတင်ပြဆွေးနွေးပေးချင်တာပါ။ ဘယ်လိုလူတွေအနေနဲ့ ဆေးစစ်ကြည့်သင့်တယ်၊ ရောဂါပိုးရှိရင်ဘာလုပ်နိုင်မလဲ။ တကယ်လို့ မရှိခဲ့ရင်ကော
ဘာဆက်လုပ်သင့်သလဲ။ ဆေးမစစ်မီနဲ့ စစ်ပြီးချိန်တွေမှာ ဘာကြောင့် ဆွေးနွေးညှိနှိုင်းအကြံပေးမှုကို ရယူသင့်သလဲဆိုတာတွေကို ပြောချင်တာပါ။

ဘယ်လိုအခြေအနေမျိုးမှာ ဆေးစစ်သင့်သလဲ။

အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်တဲ့နည်းလမ်းတွေထဲမှာပါတဲ့ အချက်တွေထဲက တစ်ခုခုကို တစ်ကြိမ်ထဲ လုပ်ခဲ့ဖူးရင်တောင် ဆေးစစ်ကြည့်သင့်ပါတယ်။

ဆေးစစ်လို ရောဂါပိုးရှိနေတာကို ကြိုသိရင် ဘာလုပ်နိုင်မလဲ။

လူအတော်များများက ရောဂါပိုးကိုယ့်မှာရှိနေပြီဆိုတာကို သိပြီးမကြာဘူး၊ ကိုယ်သေသွားမှာပဲလို့ ထင်နေကြပါတယ်။ အဲဒီ စိတ္တဇနဲ့ပဲစောစောကွယ်လွန်သွားကြတဲ့ ရောဂါဝေဒနာရှင်တွေလည်း မနည်းလှပါဘူး။ အမှန်တော့ ရောဂါပိုး ရှိပြီးမှကို ကျန်းမာရေးကို ဂရုစိုက်မယ်။ ရောဂါပိုးထပ်ရနိုင်မဲ့ အပြုအမှုတွေကို ရှောင်မယ်။ အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်မယ်ဆိုရင် ကိုယ်ခံအား သိပ်မကျသေးတဲ့ လူနာတွေဟာ သာမန်လူလိုပဲ အသက်ရှည်ရှည် နေနိုင်ကြပါတယ်။ ဒါအပြင် ကိုယ့်​ကြောင့် သူများမှာ ရောဂါရမသွားအောင်လည်း အနေအထိုင် ဆင်ခြင်နိုင်တယ်။ အိမ်ထောင်ဦးစီး တစ်ဦးဖြစ်နေတယ်ဆိုင်လည်း ကိုယ်မျက်ကွယ်ပြုတဲ့အချိန်မှာ ကိုယ့်မိသားစုရဲ့ စားသောက် နေထိုင်ရေး ရှေ့ရေးအတွက် ကြိုတင်စီစဉ်မှုတွေလည်း လုပ်ပေးနိုင်တယ်။ တကယ်လို့ ကိုယ်ခံအား သိပ်ကျနေတဲ့ လူနာတွေဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ ဆေးဝန်ထမ်းတွေရဲ့အကူအညီနဲ့ ကိုယ့်သက်တမ်းကို ဆွဲဆန့်ပေးလို့ ရသလို ကိုယ်ခံအားနည်းတဲ့ အကျိုးဆက်ကြောင့် ဝင်လာတဲ့ ရောဂါတွေကိုလည်း သက်သာအောင် ကုသမှုခံယူလို့ ရနိုင်ပါတယ်။

ရောဂါပိုးမရှိခဲ့ရင်ကော ဘာဆက်လုပ်ရမလဲ။

ရောဂါကူစက်နိုင်မဲ့ အပြုအမူတွေကို အမြဲသတိထား ရှောင်ကြဉ်သွားမယ်ဆိုရင် ဒီရောဂါရဲ့ အန္တရယ်ကနေ ကင်းလွတ်နိုင်ပြီပေါ့။

ရောဂါပိုးရှိ၊ မရှိသွေးမစစ်ခင်နဲ့ သွေးစစ်အပြီးမှာ ဆွေးနွေးအကြံပေးခြင်း လုပ်တယ်ဆိုတာဘာလဲ

လူတွေရဲ့ ဘဝပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ပုံသေနည်းတွေထုတ်ပြီး အကြံပေးလို့ မရနိုင်ပါဘူး။ လူတိုင်းဟာ ကိုယ်ကြင်လည်ရာ ဘဝပတ်ဝန်းကျင်မှာတော့ ဇတ်လိုက်တွေခြည်းပါပဲ။ လူတစ်ဦးချင်းစီရဲ့ ဘဝတွေကလည်း ဘယ်လိုမှ ထပ်တူမဖြစ်နိုင်ပါဘူး။ ပြဿနာတစ်ခုကို ဖြေရှင်းရာမှာလည်း သူတို့အခြေအနေကို သူတို့အပြင်ဘယ်သူကမှ ပိုမသိနိုင်ပါဘူး။ ဒါကြောင့် နှစ်သိမ့် ဆွေးနွေး အကြံပေးသူတွေအနေနဲ့ သူတို့ပြောပြတဲ့ သူတို့ရဲ့ဘဝအခြေအနေ၊ အခက်အခဲ၊ ပြဿနာ၊ စိုးရိမ်ပူပန်မှု၊ အားသာချက်၊ အားနည်းချက်တွေကို သေချာ နားထောင်ပေးပြီး ပိုသိဖို့လိုမယ် ထင်ရင်လည်း မေးမြန်းကြည့်ပြီး၊ သူတို့ဘာသာ ပြဿနာရဲ့ အဖြေကိုရှာနိုင်အောင်၊ ရှာတတ်အောင် ကူညီလမ်းကြောင်း ဆွေးနွေးပေးခြင်းပဲဖြစ်ပါတယ်။

ရောဂါပိုးရှိမရှိကို ဆေးစစ်လိုသူတွေဟာ အလွတ်ကိုယ့်သဘောနဲ့ကိုယ် ဆေးစစ်ပြီး ရှိမရှိကို သိတာမျိုးထက်၊ သွေးမစစ်မှီနဲ့ သွေးစစ်ပြီးအချိန်တွေမှာ ဆွေးနွေးညှိနှိုင်း အကြံပေးမှုကို ရယူနိုင်ရင် ပိုကောင်းပါတယ်။ ဘာကြောင့် ဆွေးနွေးညှိနှိုင်း အကြံပေးမှုကို ခံယူသင့်သလဲဆိုရင် ရောဂါပိုးရှိခြင်း မရှိခြင်းက ကိုယ်အတွက် များစွာအရေးပါနေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာရော၊ လူမှုရေးပိုင်းမှာပါ စိတ်ဖိစီးမှုတွေ ရှိနိုင်လို့ပါပဲ။

သင့်တော်တဲ့ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းလုပ်ငန်းတွေရဲ့ကူညီပံ့ပိုးမှုမပါပဲနဲ့ အိတ်ခ်ျအိုင်ဗွီပိုးရှိ မရှိကို ဆေးစစ်ကြတဲ့အခါမှာ ရောဂါပိုးရှိရင် ဘယ်လိုဆက်နေထိုင်သွားသင့်တယ်ဆိုတာမျိုး၊ မရှိရင်လဲ ရောဂါပိုး မကူးစက်လာအောင် ဘယ်လိုဆက်နေထိုင်သွားသင့်တယ် ဆိုတာမျိုးတွေကို ဘယ်သူကမှ ပြောပြမပေးခဲ့ရင် ကိုယ်ရဲ့ဆေးစစ်ချက်ဟာ အလဟဿဖြစ်သွားနိုင်ပါတယ်။ ရောဂါမရှိတဲ့သူကလည်း “ငါဘာလုပ်လုပ် ဘာမှ မဖြစ်နိုင်ပါဘူး၊ဆက်လုပ်ချင်ရာလုပ်တော့မယ်လို့” သဘောပိုက်သွားနိုင်သလို ရောဂါရှိသူကလည်း “မထူးပါဘူး မသေခင် ကိုယ်လုပ်ချင်တာလုပ်သွားတော့မယ်” ဆိုတဲ့ အတွေးမျိုး ဝင်သွားနိုင်ပါတယ်။ အဲဒီလိုကတဆင့် တခြားလူတွေဆီကို မလိုလားအပ်တဲ့ ကူးစက်မှုတွေ ဖြစ်သွားနိုင်တာမို့ အိတ်ခ်ျအိုင်ဗွီပိုးရှိမရှိကို သွေးစစ်ဖို့ စိတ်ကူးရှိရင် နီးစပ်ရာ နှစ်သိမ့်ဆွေးနွေး အကြံပေးဌာနတွေနဲ့ ဆက်သွယ်ပြီးမှစစ်ရင် ပိုကောင်းပါတယ်လို့ အကြံပြုချင်ပါတယ်။

09682200264ကုသမှုကုန်ကြငွေ အခမဲ့ပါ။လာစစ်ဖို့ တိုက်တွန်းပရစေ။     #ကာလာသား   …➡️Syphilis (ကာလသားရောဂါ ) ကဘာလဲ။syphilis ဆိ...
22/08/2022

09682200264
ကုသမှုကုန်ကြငွေ အခမဲ့ပါ။
လာစစ်ဖို့ တိုက်တွန်းပရစေ။
#ကာလာသား

➡️Syphilis (ကာလသားရောဂါ ) ကဘာလဲ။

syphilis ဆိုတာက လိင်ဆက်ဆံရာမှ ဘက်တီးရီးယားပိုး၀င်ပြီး အရေပြား၊ ပါးစပ်၊ လိင်အင်္ဂါများ၊ နှင့် အာရုံကြောစနစ်တွေကို
ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။
စောစောစီးစီး သိပြီး ကုသနိုင်လျှင် syphilis က
ကူရလွယ်ကူနိုင်ပြီး နောက်ထပ် ထိခိုက်မှုတွေလဲ
မဖြစ်စေနိုင်ပါဘူး။

သို့သော် မကုပဲထားတဲ့ SYPHILIS က ဦးနှောက်နဲ့
အာရုံကြော နှင့် နှလုံးအပါအ၀င် အခြားအင်္ဂါအစိတ်အပိုင်းတွေပါထိခိုက်နိုင်ပါတယ်။

Syphilis (ကာလသားရောဂါ ) က
ဘယ်လောက်အဖြစ်များသလဲ??👈👈

၂၀၁၀ နောက်ပိုင်းတွင် အမျိုးသမီတွေမှာတော့ syphilis ဖြစ်နှုန်းကျဆင်းလာသော်လည်း အမျိုးသားတွေ အထူးသဖြင့်
လိင်တူဆက်ဆံတဲ့ အမျိုးသားတွေ မှာ အဖြစ်များလာပါတယ်။

လက္ခဏာများ***⬇️

Syphilis (ကာလသားရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

syphilis က အဆင့် ၃ ဆင့် ရှိပါတယ်။

အဆင့် (၁) ။ ။👈

ရောဂါလက္ခဏာတွေက ရောဂါပိုး၀င်ပြီး
၂ ပတ် မှ ၄ ပတ် အကြာမှာ စဖြစ်လာပြီး
ရောဂါပိုး ခန္ဒာထဲ ၀င်ရောက်တဲ့ အခါမှာ နာကျင်မှု မရှိတဲ့
အနာတွေ ပေါ်လာတတ်ပါတယ်။ ဒီအနာကို လိင်အင်္ဂါတွေမှာ တွေ့ရတတ်သော်လည်း စအို နှင့် ပါးစပ်တွေ မှာလဲ
ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံစဉ် ၄င်းနေရာများ ပါ၀င်မှုရှိခဲ့ပါက
အနာတွေ့ရနိုင်ပါတယ်။ ၁ ပတ်မှ ၅ ပတ်အတွင်း သူ့ဖာသာ
ပျောက်ကင်းနိုင်ပါတယ်။

အဆင့် (၂) ။ ။👈

ရောဂါကို မကုပဲထားလျှင် အဆင့် (၂) ရောဂါလက္ခဏာတွေက
၆ ပတ်ကနေ ၁၂ ပတ်အတွင်း ပေါ်လာနိုင်ပါတယ်။
၄င်းလက္ခဏာတွေကတော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊
အဆစ်အမြစ်ကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊
အင်ပြင်များထွက်ခြင်း( လိင်တံ၊ မိန်းမကိုယ် သို့ ပါးစပ်တွေမှာ အနီဖုများပေါက်ခြင်း အထူးသဖြင့် လက်ဖဝါးတွေ နှင့် ခြေဖဝါးတွေမှာ ဖြစ်တတ်ပါတယ်)၊

လည်ချောင်းနာခြင်း၊ lymph glands များရောင်ခြင်း
(ချိုင်းကြား၊ ပေါင်ကြား၊လည်ပင်း) နှင့် ပင်ပန်းနွမ်းနယ်ခြင်းများ
ဖြစ်နိူင်ပါတယ်။ဒီအဆင့်ဟာ ဘာရောဂါလက္ခဏာမှ မပြပဲလဲ
အကြာကြီး ဖြစ်နိုင်ပါတယ်။

အဆင့် (၃) ။ ။👈

အဆင့် (၃) လက္ခဏာတွေကတော့ ရောဂါစစ၀င်ပြီးနောက်
၁၀ နှစ် မှ နှစ် ၄၀ ကြာပြီးနောက်မှာ ပေါ်လာတတ်ပါတယ်။
၄င်းလက္ခဏာများမှာ ဦးနှောက် နှင့် နှလုံးပျက်စီးခြင်း၊
မှတ်ဥာဏ်ပိုင်း ပြသနာများ၊ အကြောသေခြင်း၊ နှင့်
ဟန်ချက်မညီခြင်းတွေ ဖြစ်တတ်ပါတယ်။

တချို့ အဆင့် ၂ နှင့် ၃ syphilis ရောဂါသည်တွေမှာ
ရောဂါလက္ခဏာမပြပဲ ရှိနေနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါ၀င်တဲ့
အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။
တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာ၀န်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာ၀န်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ-

သင် သို့ သင့်ကလေးမှာ ပုံမှန်မဟုတ်တဲ့ အရည်ထွက်နေလျှင်၊ အနာ သို့ ယားနာတွေ ပေါက်လာလျှင် အထူးသဖြင့် ပေါင်ခြံမှာ
ပေါက်လာလျှင် ဆရာ၀န်နဲ့ ပြပါ။ သင့်ဆီမှာ အထက်ဖော်ပြပါ
ရောဂါလက္ခဏာတွေထဲက တစ်ခုခုများ ရှိနေမယ်ဆိုရင်
ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာ၀န်နဲ့
တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ
မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာ၀န်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ***➡️➡️➡️

Syphilis (ကာလသားရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားနာမည်ကတော့
Treponema pallidum ဖြစ်ပါတယ်။ ဒီရောဂါပိုးက
လိင်ဆက်ဆံမှသာ ကူးစက်နိုင်ပါတယ်။ ဘက်တီးရီးယားက
အရေပြားရဲ့ ပြတ်ရှဒဏ်ရာမှ ရောဂါရှိသူရဲ့ အနာနဲ့ ထိမိပြီး
၀င်တာဆိုတာမျိုးက ခက်ခဲပါတယ်။

syphilis က အိမ်သာ တစ်ခုတည်း၊ ရေချိုးကန်တစ်ခုတည်း၊ အ၀တ်အစား သို့ မီးဖိုချောင်သုံး ပစ္စည်းများ သို့ တံခါးလက်ကိုင်
၊ ရေကူးကန် သို့ ရေနွေးကန်တွေမှာ အတူတူ ချိုးခြင်း စိမ်ခြင်းဖြင့်
မကူးစက်နိုင်ပါဘူး။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ***

Syphilis (ကာလသားရောဂါ ) ဖြစ်နိုင်ခြေကိုဘာတွေက
မြင့်တက်စေသလဲ

HIV ပိုးရှိတဲ့သူတွေက syphilis ဖြစ်နိုင်ချေပိုများပါတယ်။
တခါ syphilis ဖြစ်ဖူးရုံနဲ့ ဒီရောဂါပိုးကို ခံနိုင်ရည်ရှိ
သွားမယ်လို့တော့ မထင်ပါနဲ့။ နောက်တစ်ကြိမ်
ပြန်ဖြစ်နိုင်ပါသေးတယ်။ syphilis ကို ကိုယ်၀န်ဆောင်သည်
မှ သန္ဒေသားအားလည်း ကူးစက်နိုင်ပါတယ်
( မွေးရာပါ syphilis ရောဂါ )။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု💊💊💊

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာ၀န်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Syphilis (ကာလသားရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာ၀န်မှ ကျန်းမာရေးရာဇ၀င်များ မေးခြင်း နှင့်
လက်တွေ့ စမ်းသပ်ခြင်းတို့ဖြင့် အထူးသဖြင့် လိင်အင်္ဂါတွေ
၊ ပါးစပ်နှင့် စအိုတို့ကို သတိထားကြည့်ခြင်းဖြင့် ရောဂါ
အဖြေရှာ အတည်ပြုနိုင်ပါတယ်။ syphilis အနာရှိလျှင်
၄င်း အနာ မှ တစ်စိတ်တစ်ပိုင်း ယူပြီး အထူးပြု
အနုကြည့်မှန်ပြောင်း darkfield microscope နဲ့ ကြည့်ပြီး
ရောဂါပိုးကို ရှာပါတယ်။

သွေးစစ်ခြင်း ( VDRL) ကို antibodies
(ခုခံအားစနစ်မှ ရောဂါကို တိုက်ထုတ်ရန် ထုတ်ပေးသော အရာများ) ရှိမရှိ သိနိုင်ရန် ပြုလုပ်ပါသည်။ဆရာ၀န်က သင့်ရဲ့ လက်ရှိ
လိင်ဆက်ဆံဖော်ကိုလည်း စစ်ဆေးနိုင်ပါတယ်။

Syphilis (ကာလသားရောဂါ ) ကို ဘယ်လိုကုသပါသလဲ**

ရောဂါ အဆင့်ပေါ်မူတည်ပြီး ကုသမှုတွေ ပြောင်းလဲနိုင်ပါတယ်။

အဆင့် ၁ ကတော့
ပဋိဇီဝဆေးနှင့် ကုသလို့ လွယ်ကူပြီး ဆေထိုးခြင်း (သို့)
သောက်ဆေးပေးနိုင်ပါတယ်။

အဆင့် ၂ နှင့် ၃ ဆိုလျှင်တော့
ပဋိဇီဝဆေးတွေကို အချိန်ကြာကြာ ပေးနိုင်ပါတယ်။
ရောဂါပိုးကျန် / မကျန် သိနိုင်ရန် ကုသပြီးနောက် သွေးပြန်စစ်ကြည့် သင့်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက syphilis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက
သင့်အနေဖြင့် syphilis ကိုကုသတဲ့နေရာမှာနဲ့
လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ
အကူအညီပေးနိုင်ပါတယ်။
• ဆရာ၀န်က ဘာမှမပြောပဲ ကိုယ့်သဘောနှင့် ကိုယ်
ဆေးရပ်ခြင်းများ ပမာဏ ပြောင်းသောက်ခြင်းများ မပြုရပါ။
• သင့်မှာ ကိုယ်၀န်ရှိနေလျှင် ဆရာ၀န်ကို ပြောပြပါ။
အမေမှ သန္ဓေသားအား syphilis ကူးစက်ခြင်းက
အန္တရာယ်ရှိနိုင်ပါတယ်။
• သင့် မှာ ဆေးမတည့်ခြင်း အထူးသဖြင့်
ပင်နစလင်နဲ့ မတည့်လျှင် ဆရာ၀န်ကို ပြောပြပါ။
• ရောဂါပိုးပြန့်နှံ့ခြင်းအား ကာကွယ်ရန် လက်ဆေးပါ။
• လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းကို ပြုကျင့်ပါ။ ကွန်ဒုံးသုံးပါ။
• သင့်ရဲ့ လိင်ဆက်ဆံဖော်များကို သင် syphilis ကုသမှု ခံယူထားကြောင်း ပြောပြပါ။ ဒါမှ သူတို့လဲ စစ်ကြည့်နိုင်မှာပါ။

ပုသိမ်​မှလိင်တူချစ်သူ ညီအစ်ကိုများ ကွန်ဒုံးမပါဘဲ 👉👌လိင်ဆက်ဆံမိခဲ့ပါက👌👈စိတ်သောက မရောက်နေပါနဲ့။သံသယ ရှင်းအောင် 💉🔍သွေးစစ်ကျ...
13/08/2022

ပုသိမ်​မှလိင်တူချစ်သူ ညီအစ်ကိုများ
ကွန်ဒုံးမပါဘဲ
👉👌လိင်ဆက်ဆံမိခဲ့ပါက👌👈
စိတ်သောက မရောက်နေပါနဲ့။
သံသယ ရှင်းအောင် 💉🔍သွေးစစ်ကျိပါ💉🔍
♐လိင်မှတစ်ဆင့် ကူးစက်တက်သော
အန္တရာယ်များကို အခမဲ့ 🆓စစ်ဆေးကုသမှု
ပေးနေပါဘီ။
ကျနော်တို့ရုံး၏ အားသာချက်များမှ
👉လိင်တူချစ်သူများကို သီးသန့် ဝန်ဆောင်မှုပေးခြင်း (လိင်တူ တစ်ကြိမ်တစ်ခါ ဆက်ဆံမိခဲ့လျှင့် ဝန်ဆောင်မှုလာယူလို့ရပါတယ်နော်)
👉👉စစ်ဆေးမှု ကုသမှု ကုန်ကျစရိတ် အခမဲ့🆓
👉👉သွေးအဖြေအား လျိုဝှက်စွာထိန်းသိမ်းပေးထားခြင်း🔏
👉👉ကျမ်းမာရေးနှင့်ပတ်သတ်သော သိလိုသိများအားနှစ်ကိုယ်ကြား နွေးထွေးစွာ ဆွေနွေးနှစ်သိမ့်ပေးခြင်း
👉👉အချိန်ကုန်သက်သာခြင်း🕐🕑
ဆက်သွယ်ရန် 👇👇
☎09941660317(PTN)
🤘🤘လာဖြစ်ရင်ဖုန်းလေးကြိုဆက်နော် ထွက်ကြိုပေးပြီး ဝန်ဆောင်မှုပေးချင်လို့ပါ
ရုံးလိပ်စာကတော့
အမှတ် (711)စကားဝါလမ်းမကြီး ၊ ပုသိမ်မြို့
#ကြွက်နို့ #ယားနာ #ရေယုံ #စအို #လိင်ဆက်ဆံ

13/08/2022

HIV နှင့် ကာလသားရောဂါရှိမရှိစစ်​ချင်တယ်ဆိုရင်တော့
ပုသိမ် Top center ကိုသာလှမ်းလာခဲ့လိုက်ပါ
မှတ်ချက်။သွေးစစ်ဆေးမှုမှာအခမဲ့ဖြစ်ပါသည်
☎09682200264

Address

Ayeyarwaddy {Pathein}
Pathein

Telephone

+959941660317

Website

Alerts

Be the first to know and let us send you an email when HIV နှင့် ကာလသားရောဂါအကြောင်းဆွေးနွေးကျမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share