Preg Talk

Preg Talk For your health & beauty

သုတ်ပိုးစစ်ဆေးခြင်းယနေ့ခေတ်မှာ ကိုယ်ဝန်မဆောင်ခင် စုံတွဲတွေက ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေကြပါပြီ။အမျိုးသမီးတယောက် ကို...
31/08/2023

သုတ်ပိုးစစ်ဆေးခြင်း

ယနေ့ခေတ်မှာ ကိုယ်ဝန်မဆောင်ခင် စုံတွဲတွေက ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေကြပါပြီ။
အမျိုးသမီးတယောက် ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲနေပြီဆိုရင် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဝန်မလေးကြပါဘူး။
အမျိုးသားထုကြီးကရော...

ရှေးကျတဲ့ အတွေးတွေကို ခေါက်ထားလိုက်ပါတော့
သင့်အတွက် ဒါက အားနည်းချက်တခု ဖြစ်အောင်လုပ်နေတာကို သင်လက်မခံလိုက်ပါနဲ့။
ဆေးဝါးအကူအညီ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေနဲ့ သင့်ရဲ့အခက်အခဲတွေကို စတင်ဖြေရှင်းဖို့ မတွန့်ဆုတ်လိုက်ပါနဲ့။
သုတ်ပိုး စစ်ဆေးခြင်းဟာ လွယ်ကူရိုးရှင်းပြီး နာကျင်မှုရှိမှာမဟုတ်ဘဲ တခါထဲစစ်ဆေးလို့ရတဲ့ စစ်ဆေးမှုတစ်ခုပါ။
ဖခင်တယောက်ဖြစ်ဖို့ ပထမခြေလှမ်းကို စတင်လှမ်းလိုက်ပါ...

07/07/2021

အိမ်တွင် မိမိ ဘာသာ ကိုဗစ်အား ရင်ဆိုင်နည်း

ငွေကြေးကလဲခက်ခဲ😿
ဆေးရဖို့လဲခက်ခဲ😿
မဟုတ်မမှန် ကုထုံးများ Social media တွင် လွန်စွာ အားကြီးလာသောကြောင့်ရေးတင်လိုက်ရပါသည်

အမေး (၁)-ဆရာ နှာစေး/ချောင်းဆိုး/ဖျား/အနံမရ/ဝမ်းလျော/မောလာတယ်/အောက်ဆီဂျင်ကျလာတယ်/အရေပြားပေါ ရုတ်တရက် အနီကွက်ထွက်လာ ရင် ကိုဗစ်လား ဆရာ???🤔🤔🤔

အဖြေ(၁)-ကိုဗစ်ကတော့ သေချာအောင် နှာခေါင်းတို့ဖက် ယူစစ်မှရတာပါ။
စစ်တဲ့ test ပေါ့မူတည်ပီး သေချာပေါက် ရောဂါရှီမရှိ ရယ် နောက်တခါတလေ လည်း
မပြောနိင်တာရှိပါတယ် ။
စစ်ဆေးနည်းတွေပြောရင် ရှုပ်နေမှာ ထင်လို့
နောက်မှ အသေးစိတ်ပြောပါ့မယ် ။

လက်တွေ့ကျတဲ့ အဖြေကတော့ ဒီကာလမှာ ကိုဗစ် သံသယ လက္ခဏာပေါရင် ကိုဗစ်အနေနဲ့ ယူဆပီး ဆေးကုရမှာပါ။စစ်နိင်ရင်စစ်ပါ။

နောက် ဖျားတဲ့ တခြားရောဂါအတွက် Teleconsultation page တွေ ရှိပါတယ်
အဲ့ကနေ လိုအပ်ရင် မေးပါလို့ အထူးတိုက်တွန်းလိုပါတယ်။
သို့မဟုတ် နီးစပ်ရာ ကျန်မာရေး ဌာန သို့ စုံစမ်းပါ။

ဘာပဲပြောပြော ကိုဗစ်လက္ခဏာ ပေါလာရင် ကိုဗစ်လို့ပဲ ဒီလို တစ်ကျော့ပြန် ကာလမှာ သတ်မှတ်ရမှာပါ။

အမေး(၂)-ဆရာ ဖျားတယ် /အနံမရ/ဝမ်းလျောရင်ဆရာ …ခု ရပ်ကွက်ထဲ/ရွာထဲ/မြို့ထဲ မှာ ပြောနေကြတဲ့ ဆေးမျိုးပေါ့ /online social media (Facebook )ပေါမှာ ပေါ့လေ တင်ထားတဲ့ ဆေးတွေ
dexa/dexamethsone လိုဟာမျိုး /Remdesivir လိုစျေးကြီးတဲ့ဆေးမျိုး/Cevit/Vitamin D/Zinc/Famotidine/melatonin /အဲ့တာတွေ သောက်ရမှာလား?🤔🤔🤔
ဝယ်စုထားရမှာလား? ခုဆို ဆေးတွေလဲ ဝယ်ရတာ စျေးပိုကြီးတယ်ဆရာ ရယ်/😞😞
ကျတော်တို့လဲ ငွေကြေးတအားခက်ခဲတယ်ဆရာ ….မတတ်နိင်ပါဘူး 😔😔
အဲ့ဆေးမသောက်ရင် ကိုဗစ် မပျောက်ဘူးလား ဆရာ?🥺
သောက်ရင် ဘာပိုကောင်းတာလဲ ?🤔
ဝေဒနာခံစားရတာ သက်သာတာလား?
ပြင်းထန်ကိုဗစ် မဖစ်တော့တာလား?
ကျွန်တော်ကတော့ ဝယ်မသောက်နိင်လို့
စိတ်အားငယ်မိတယိ …😢😢😢

အဖြေ (၂) ဆရာ တစ်ခုချင်းဆီ ဖြေပါ့မယ်

ကိုဗစ်မှာ နစ်ပိုင်း ခွဲတာပေါ့နော် ဆရာတို့ အနေနဲ့
နံပါတ် (၁)ကတော့ ပြင်းထန်လား ? ….
လက်ထိပ်အောက်ဆီဂျင်တိုင်းတာ ၉၄% အောက် ကျနေလား ?😱

နံပါတ်(၂)ကတော့ သာမန်ကိုဗစ်/မပြင်းထန်တဲ့ကိုဗစ် …(လူနာက ဖျားမယိ /ကိုက်ခဲမယ်/ဝမ်းလျောမယ်/အနံ့မရဘူး သို့သော်သူက မမောဘူး လက်ထိပ် အောက်ဆီဂျင်တိုင်း ကြည့်တော့
94%အထက်မှာရှိတယ် (ဒါဆို ဆရာတို့က သာမန် မပြင်းထန်တဲ့ ကိုဗစ် သတ်မှတ်တယ်)😊

Home treatment ပေါ့လေ….အိမ်မှာပဲ
ကိုဗစ်ကို ကုတာပေါ့
(မပြင်းထန် ကိုဗစ်) လူနာများ ကြတော့
တကယ်လို့ နီးစပ်ရာ ကျန်မာရေးဌာန မှာ ကုသဖို့ ရှေးစွာ အကြံပေးပါရစေ။
ဆင်မပြေခဲ့ဖူးပေါ့ နော် အကြောင်းကြောင့်ဆို အိမ်မှာ ကုရာမှာပါ။

ကုထုံးအနေနဲ့ ပြောရရင်
ဆရာတို့က ဆေးကုရင်
(က)မဖစ်မနေ ပေးရတဲ့ဆေး/လူနာအတွက်အမှန်တကယ်အကျိုးများစေတဲ့ဆေး ရယိ 👏👏

(ခ)ရောဂါဝေဒနာခံစားမှုသက်သာစေတဲ့ဆေး 👍🏻

(ဂ)ပေးလိုက ပေး /ရသေ့စိတ်ဖြေဆေး (သိပ်အကျိုးမရှိတဲ့ဆေး ) ဆိုပီး ရှိတာပေါ့နော်👎👎👎

မပြင်းထန်ကိုဗစ်မှာ …..
ကမ္ဘာပေါရှိတဲ့ မည်သည့်ဆေးမှ အစွမ်းထက်တယ် သိသာထင်ရှားတဲ့ဆေး မရှိပါဘူး …..
များသောအားဖြင့်လဲ မပြင်းထန်တဲ့ကိုဗစ်လူနာများသူ့သဘာဝအတိုင်း အချိန်တန်ရင်
သက်သာပျောက်ကင်းပါတယ်
အချို့လူနာများမှာတော့ ပြင်းထန်ကိုဗစ် ပြောင်းသွားတာပေါ့နော်

ဘယ်ဆေးမှ သာမန် ကိုဗစ်ကနေ ပြင်းထန် ကိုဗစ် မပြောင်းအောင် တားနိင်တာ
လောလောဆယ်အထိမရှိသေးပါဘူး
(စမ်းသပ်မှုတွေရှိနေပေမယ့် တကယ့်တန်းသုံးရ
နိင်တဲ့ စိတ်ချရတဲ့ သိသာထင်ရှားတဲ့ ဆေးမရှိပါဘူး)

ဆရာတို့နိင်ငံအတွက်ပဲ ဖြေပါရစေ ….လေ့လာမှုတွေပြောပီး အကျိုးမရှိတာ ဖြေရမယ့်အစား
လက်တွေ့ကျတာပဲဖြေပါရစေ

မပြင်းထန် တဲ့ကိုဗစ် (သာမန် ကိုဗစ်လူနာ) မှာ
အရေးကြီးဆုံးက လက်ထိပ်အောက်ဆီဂျင် …တိုင်းရင် 94% အောက် မကျတဲ့အခြေအနေမျိုးမှာ

“ဒက်ဆာ/dexa/dexamethasone ဆေး လုံးဝ
လုံးဝ “ မသောက်ရပါ”

ဘာလို့ဆိုတော့ လူနာအတွက်အကျိုးမရှိပါဘူး/
Dexa ဆိုတဲ့ဆေးက မလိုအပ်ပဲ /Oxygen မကျပဲ သောက်ရင်
လူနာအတွက် အကျိုးမရှိတဲ့အပြင်
သူမှာ ဘေးထွက်ဆိုးကျိုး တွေများလွန်းလို့
မသောက်ပါနဲ့လို့ မှာပါရစေ

DEXA သောက်လို့ သာမန်ကိုဗစ် ကနေ ပြင်းထန်ကိုဗစ် ပြောင်းလဲသွားတာ ကိုလဲ
မတားနိင်ပါဘူး ……

ထပ်ပြောရရင် DEXA ဆိုတဲ့ဆေးက လက်ထိပ်
တိုင်းOxygen 94% အောက်ကျမှသာလျင် သောက်ရတဲ့ဆေးပါ
မကျရင် လုံးဝမသောက်ပါနဲ့

နောက်ဆေးတွေဖြစ်တဲ့
Favipiravir/Remdesivir/တရုတ်ဆေး/ အဲ့ဆေးများလုံးဝ မလိုအပ်ပါ

Remdesivir ဆိုတာ Oxygen ကျတဲ့လူနာ ပေးသင့်မပေးသင့် တော်တော် စဉ်းစား တိုင်ပင်ပီးမှပေးတာပါ

သာမန် ကိုဗစ်လူနာ များ လုံးဝ မလိုအပ်ပါ

Favipiravir ကော နောက်တရုတ်စာတွေနဲ့ဆေးတွေ လဲ လုံးဝ မလိုအပ်ပါ

အဲ့တော့
Famotidine ဆိုတဲ့ဆေးဟာလဲ ကိုဗစ်အတွက်
ရသေ့စိတ်ဖြေ ပါပဲ မလိုအပ်ပါဘူး

Melatonin ဆိုတာလဲ မလိုအပ်ပါဘူး ကိုဗစ်အတွက်
(အိပ်မပျော်ရင်တော့ ညဘက်တစ်လုံးသောက်လို့ရပါတယ်)

အားဖြည့်ဆေးတွေလဲတူတူပါပဲ

Cevit လဲတူတူပဲ
မဖစ်မနေ ဝယ်သောက်ကိုသောက်ရမယ့်ဆေးမဟုတ်ပါဘူး ( တတ်နိင်ရင်သောက်ပေါ့ အကျိုးထူးလှတဲ့ဆေးမဟုတ်လို့ပါ)

ချဉ်ရည်ဟင်းလေးသောက်မယ် သံပုရာသီးလေး ဖျော်သောက်လဲ Vitamin C ရပါတယ်လို့
ဆေးဆိုင်မှာ ပိုက်ဆံအကုန်ခံပီး တန်းဆီ တိုးကာ ဝယ်သောက်ရမယ့်ဆေးမဟုတ်ပါဘူး

Zinc ရော ဆရာ လို့မေးရင်
Zinc ကလဲ ဝမ်းလျောနေတဲ့လူနာ သာလျင်
10 mg (၁၀ မီလီ ဂရမ် တစ်နေ့တစ်လုံး
ဆယ်ရက် သောက်ပါ)
ဝမ်းမလျောတဲ့လူနာ မလိုပါဘူး

တခြား Vitamins /VitaminE/Coenzyme Q10/Immune active /Immunor အားဆေးတွေလဲတူတူပါပဲ
ကိုဗစ်မှာ ထူးပီး ကောင်းတာ မရှိလို့
မဖစ်မနေသောက်ရမယ့်ဆေး မဟုတ်ပါ
(တတ်နိင်လွန်းလို့ သောင်ချင်လွန်းလို့က မိမိ သဘောပါလို့)

Vitamin D
လေ့လာစမ်းသပ်မှုအရ အဖြေအမျိုးမျိုးထွက်ပါ
တယ်
Vitamin D သောက်လို့ ကိုဗစ် အကျိုးရှိတယ်ဆိုပီး တစ်ထစ်ချ ပုံသေမှတ်ပီး သောက်စရာမလိုပါဘူး

ဆိုလိုတာ Viatmin D သောက်လို့
ကိုဗစ်ကာကွယ်မယ်
ကိုဗစ်ပြင်းထန်မှာလျော့ချနိင်မယ်
အသက်ရှည်မယ်ဆိုတာ

ခုထိ သေချာပေါက်မှန်တဲ့ အချက်အလက်မဟုတ်ပါဘူး

အဲ့တော့ ကိုဗစ်အတွက် မဖစ်မနေ vitamin D သောက်ဖို့ မလိုပါဘူး

သောက်သင့်သူတွေကတော့
အသက်ကြီးသူ
အိမ်တွင်းပုန်း
နေရောင်မထိသူ
နဂိုအခံ Vitamin D deficiency သမားတွေပါ

လူနာတွေမှာ နဂို အကြောင်းရင်းခံကြောင့်ဆေးသောက်ရသူ အားဆေးသောက်ရသူများ ဆက်လက်သောက်ရပါမည်

🔒🔒🔒🔒

ပြန်ပီး အနှစ်ချုပ်ရလျှင် မပြင်းထန်တဲ့ ကိုဗစ်လူနာဟာ

(၁)ဖျားရင် ပါရာစီတမောသောက်ပါ

(၂)ဝမ်းလျှောပါက ဓါတ်ဆားရည်သောက်ပါ

(၃)ပိုးသတ်ဆေး ဆရာဝန် ညွှန်ကြားမှ သောက်ပါ

(၄)ချောင်းဆိုးပါက ချောင်းဆိုးပျောက်ဆေး
သောက်ပါ

(၅) အနားယူပါ

(၆)Mask တပ်တာ လက်ဆေးတာ သီးသန့်နေတာ
အစရှိတဲ့လိုက်နာသင့်တာ လိုက်နာပါ

(၇)online Tele consultation page မှ သိလိုသည်များ စုံစမ်းမေးမြန်းပါ

(၈)နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကုသမှုယူသင့်ပါသည်

(၉)၁၄ရက် အနားယူပါ

(၁၀) လက်ထိပ် အောက်ဆိဂျင်တိုင်း သည့်စက်ဖြင့်
တစ်နေ့ နစ်ခါစစ်ဆေးပါ
၉၄%အောက်ရောက်လျင် ဆရာဝန်/နီးစပ်ရာ ကျန်းမာရေးဌာနတွင် ကုသမှုယူပါ

(၁၁)အနံ့မရတာအတွက် ဘာဆေးမှ ထည့်စရာမလို သောက်စရာမလိုပါ
အချိန်တန်မှ ပြန်ကောင်းပါသည်

မလိုအပ်သည့်ဆေးများ
မဖစ်မနေဝယ်သောက်ရန်မလိုပါ💪🏻💪🏻💪🏻

ဆရာတို့ မြန်မာ နိင်ငံမှာ
ခုလို အမှောင်မိုက်ဆုံးကာလ မှာ

အားလုံးအရမ်း ခက်ခဲပါတယ်
ငွေကြေးကအစ အရာရာ ခက်ခဲပါတယ်

မလိုအပ်ပဲ
လူတစ်ဦးက ငွေကျပ် တစ်ရာ သုံးရင်
လူတစ်သန်း နဲ့ တွက်ကြည့်ရင် နေ့တိုင်း
ငွေပေါင်းများစွာ အလဟာသ ဖစ်လို့ပါ

အမှန်တကယ်လိုသည့်နေရာတွင် သာ မိမိချွေးနည်းစာများ ထိထိရောက်ရောက်သုံးစွဲစေချင်ပါသည်

ငွေကြေးခက်ခဲသူများ
ဆေးဝယ်ရခက်သူများ
မိမိကိုယ်ကို ခေတ်မမှီဘူးဟုထင်သူများ

စိတ်ပျက်မနေစေရန်
ရေးလိုက်ပါသည်

ကိုဗစ် (မပြင်းထန်လူနာအတွက်တော့ နေ့စဉ်စောင့်ကြည့်ခြင်း နှင့် ရောဂါဝေဒနာသက်သာစေသည့် Symptomatic ပဲရှိကြောင်း ) ထူးခြားကောင်းမွန်သည့်ဆေး မရှိပါကြောင်းပြောလိုပါသည်

မှတ်ချက်။Google ပေါတွင် စာရိုက်ပီးရှာသော စာများ/PubMed တွင်ရှိသေresearch papers များကို Critical apprised မှန်မှန်ကန်ကန်မလုပ်ပဲ
Biases များနှင့် မိမိကောင်းတာ
ထင်သည့်အချက်အလက်များ ယိမ်းယူပီး
လူနာများအား မဟုတ်မမှန်သည့်
အချက်အလက်များ မပေးကြပါရန် မေတ္တာ ရပ်ခံပါသည်။

ကျွန်တော်တို့ပြည်သူတွေ မချမ်းသာပါဘူး ။သူတိုချွေးနည်းစာနဲ့ အမှန်တကယ်ထိုက်တန်သည့်ဆေးများသာ ညွှန်ကြားပေးပါ။

အထူးသတိပြုသင့်သည်မှာ သန်း၅၀ပြည်သူများ ဒုက္ခရောက်နေပီး ငွေကြေးခက်ခဲသည့်အချိန်
မလိုအပ်သည့်ဆေးများ မညွှန်းပါနှင့်

အားလုံးကျန်းမာ ချမ်းသာပါစေ

Credit to Sir Kenshi...

17/09/2020

မတော်တဆ ကိုယ်ဝန်ရှိသွားတာမျိုး မဖြစ်ရလေအောင်...

ကိုဗစ်ကာလ အခုလို အရေးပေါ်အချိန်တွေအတွင်း သားဆက်ခြားနည်းလမ်းအသုံးပြုရာမှာ စိုးရိမ်ပူပန်နေကြပါသလား။ ဘယ်လိုနည်းလမ်းတွေ ပြောင်းလဲသုံးစွဲနိုင်သလဲ ဖော်ပြပေးလိုက်ပါတယ်။

🟧 ကွန်ဒုံး

တခြားတားဆေးထက် ကွန်ဒုံးပဲသုံးရတာ အဆင်ပြေတဲ့၊ ကွန်ဒုံးကိုပဲ ပုံမှန်သုံးနေတဲ့ စုံတွဲတွေအဖို့ များများသာ ဝယ်ထားသင့်ပါတယ်။

🟧 နေ့စဉ်သောက်တားဆေး

သုံးလစာလောက်ဖြစ်ဖြစ်တော့ ဝယ်ထားတာကောင်းတယ်ဆိုရမယ်။ ဆေးကဒ်တံဆိပ်တစ်မျိုးထဲနဲ့ပဲ အဆင်ပြေတယ်ဆိုတဲ့သူတွေဆို အဲတံဆိပ် ဆေးဆိုင်မှာ ကုန်သွားခဲ့ရင် ဘာညာအတွက် အဆင်ပြေတာပေါ့။ အရမ်းတွေလည်း ဝယ်စုမထားနဲ့ဦး၊ သူများဝယ်ဖို့မကျန်ပဲ နေဦးမယ်။ အများကြီးဝယ်ထားလည်း တစ်နေ့တစ်လုံးပဲသောက်လို့ရတာ …
ဘယ်တံဆိပ်ဖြစ်ဖြစ် သောက်လို့အဆင်ပြေတယ်ဆိုရင်တော့ ကိုယ်ဝယ်ချင်တဲ့တံဆိပ် ဝယ်ထားပြီး တစ်နေ့တစ်လုံး မှန်မှန်သောက်ရင် ရပါပြီ။

🟧 သုံးလခံထိုးဆေး

မနေ့ကတင် ဝမ်းကွဲအမတစ်ယောက်က ဖုန်းဆက်ပြီး သူ ဆေးထိုးပြည့်တဲ့အချိန် ဆေးခန်းတွေပိတ်သွားမှာစိုးလို့၊ ထိုးဆေးကနေ သောက်ဆေးပြောင်းသောက်ချင်တယ်၊ ရမလားဆိုပြီး လှမ်းမေးပါသေးတယ်။ ‘ရပါတယ်’ ဒီလို ဆေးထိုးပြည့်တဲ့အချိန် ဆေးခန်းတွေပိတ်မှာ ကြောက်တယ်ဆိုသူတွေအနေနဲ့ ဆေးကဒ်တွေကြိုဝယ်ထားပြီး ဆေးထိုးပြည့်တဲ့နေ့ကနေ စ တစ်နေ့တစ်လုံး ပုံမှန်သောက်သွားလို့ရပါတယ်။

🟧 လက်မောင်းထဲထည့်ပစ္စည်း

တစ်ခါမှ မသုံးဖူးတာသုံးထားလို့ဆိုပြီး အရမ်းမကြောက်ကြပါနဲ့၊ တစ်ခုခုဖြစ်တိုင်းလည်း ဒါကြောင့်ပဲ မထင်ကြပါနဲ့၊ လက်မောင်းထဲထည့်ထားပြီး အဖြစ်များတာက ရာသီသွေးမမှန်တာပါ၊ တချို့လည်းလုံးဝမလာဘူး၊ တချို့တစက်စက်နဲ့တောက်လျှောက်လာတယ်၊ တချို့လေးငါးဆယ်ရက်လာလိုက် ပျောက်လိုက်ဖြစ်တယ်၊ တချို့တစ်လထဲကို ရက်နှစ်ဆယ်လောက်လာနေတယ် ဆိုတာမျိုး အမျိုးမျိုးပါပဲ။

ရာသီလုံးဝမလာဘူးဆိုတာ ဒီကိုယ်ဝန်တားပစ္စည်း အချောင်းလေးတွေထဲမှာပါတဲ့ ဆေးရဲ့အာနိသင်ကြောင့်ပါပဲ။ အထဲမှာ သွေးလုံးဖြစ်နေမှာ ၊ အပုပ်တွေစုနေမှာ ဆိုတာမျိုးမဖြစ်ပါဘူး၊ ကျန်းမာရေး မထိခိုက်ပါဘူး၊ ဒါကြောင့် အဲဒီအတွက်နဲ့တော့ အရပ်ထဲကပြောစကားတွေယုံပြီး အတင်းသွားမထုတ်ကြပါနဲ့။

ရာသီတော့လာတယ်၊ ဒါပေမယ့် အပေါ်မှာပြောထားသလို စိတ်ရှုပ်ရအောင် မမှန်နေတဲ့သူတွေကတော့ အရင်ဆုံး ၈ဝဝ mg Ibuprofen ဒါမှမဟုတ် ၅ဝဝ mg mefenamic acid တစ်မျိုးမျိုးကို အစာစားပြီးတိုင်း တစ်နေ့သုံးကြိမ် ငါးရက်သောက်ကြည့်ရပါတယ်။ ဒါမှမသက်သာသေးရင် တခြားနောက်တစ်မျိုး ဆေးထပ်သောက်ရတာမျိုးလည်းရှိပါတယ်။

🟧 သားအိမ်တွင်းထည့်ပစ္စည်း

ဒါလည်း များသောအားဖြင့် ထည့်ပြီးခါစ လပိုင်းလောက်မှာ ရာသီမမှန်တာ၊ သွေးဆင်းများတာ တွေ့ရတတ်ပါတယ်။ ဒါဆိုလည်း သောက်ရတဲ့ဆေးတွေရှိပါတယ်။ ဘယ်ဆေးပဲသောက်သောက် ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ ချိန်ဆရတာမို့ လက်မောင်းထဲထည့်တာကြောင့်ပဲဖြစ်ဖြစ်၊ သားအိမ်ထဲထည့်တာကြောင့်ပဲဖြစ်ဖြစ် သွေးဆင်းများရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဆရာဆရာမတွေနဲ့ တစ်ခါတည်း မေးထားသင့်ပါတယ်။

နောက်တစ်ချက်ကတော့ တစ်လတစ်ခါ ရာသီပေါ်ပြီးတိုင်း ကြိုးစလေးစမ်းကြည့်ပေးပါ။ တချို့က စမ်းနေကျမဟုတ်လို့ မစမ်းတတ်တာလည်း ဖြစ်နိုင်ပါသေးတယ်၊ ဒါကြောင့် စမ်းကြည့်လို့မတွေ့ဘူးဆိုပြီး အရမ်းမလန့်သွားပါနဲ့ဦး၊ စိတ်အေးအေးထားပြီး သေချာလေး ပြန်စမ်းကြည့်လိုက်ပါဦး။

တကယ်လို့ အဖြစ်နည်းပေမယ့် အပြင်ထိ ဒီပစ္စည်းလေးက ထွက်ကျလာတာမျိုး၊ ကိုယ်ကစမ်းနေကျသူလည်းဖြစ်တယ် သေချာလည်းစမ်းတယ် ဒါပေမယ့် ကြိုးစကိုလုံးဝစမ်းမမိတော့ဘူး ဆိုတာမျိုးဖြစ်ခဲ့ရင်တော့ ထည့်ထားတဲ့နေရာ ဒါမှမဟုတ် နီးစပ်ရာ ဆေးခန်းတွေမှာ ပြန်ပြနိုင်ပါတယ်။

တကယ်လို့ဆေးခန်းတွေက ပိတ်ထားတယ်၊ ရက်ပိုင်းအတွင်း ဘယ်သွားပြရမှန်းမသိသေးဘူးဆိုရင်လည်း ဆေးခန်းသွားမပြခင် အလွယ်ဆုံး ကွန်ဒုံးသုံးထားတာ၊ တစ်နေ့တစ်လုံးသောက် ဆေးကဒ်ကို ရက်မှန်မှန် သောက်ထားတာမျိုးတွေ လုပ်ထားသင့်ပါတယ်။ ဒါပေမယ့် တခြားလက္ခဏာတွေလည်း ရှိနေခဲ့ရင်တော့ သတိပြုရပါမယ်။

🟧 (အရေးပေါ်ကိုယ်ဝန်တားဆေး)

အရေးပေါ်ကိုယ်ဝန်တားဆေးကတော့ ပုံမှန် အမြဲတမ်းသောက်သွားဖို့ ထုတ်ထားတဲ့ဆေးမဟုတ်ပါဘူး။ ဒါပေမယ့် အပေါ်က နည်းလမ်းတွေ စနစ်တကျသုံးနေရက်နဲ့ တစ်ခုခုလွဲချော်သွားခဲ့ရင် အရေးပေါ်ကိုယ်ဝန်တားဆေးဆိုတာလည်း လိုလာတာမို့ နည်းနည်းပါးပါးတော့ ကြိုဝယ်ထားသင့်ပါတယ်။

- ကွန်ဒုံးသုံးရင်းပေါက်ပြဲသွားတာ
- နေ့စဉ်သောက်တားဆေးသောက်ဖို့မေ့သွားခဲ့တာ
- သုံးခံဆေးထိုးဖို့ရက်ကျော်သွားတဲ့အချိန်
တွေမှာ သောက်ဖို့လိုအပ်ပါတယ်။

တစ်လုံးပါတဲ့ဆေးကဒ်ဖြစ်ဖြစ်၊ နှစ်လုံးပါတဲ့ဆေးကဒ်ဖြစ်ဖြစ် တစ်ခါတည်းသောက်ပါ။ ဒါပေမယ့် ခုနတုန်းကလို တားဆေးတစ်ခုခု စနစ်တကျသုံးနေရင်း လိုအပ်လာတဲ့အချိန်မှာ သောက်ရမှာပါ။ အပေါ်ကနည်းလမ်းတွေကို အစားထိုးပြီး သုံးလို့ရတဲ့နည်းတော့ မဟုတ်ပါဘူး။

ဆယ်ကျော်သက်များအတွက် ကျန်းမာသော ဘဝနေထိုင်မှု ရရှိရန်1. အမျိုးစုံသော အစားအသောက်များကို စားကြည့်ပါ။အစားချေးများမနေဘဲ အသီးအ...
29/05/2020

ဆယ်ကျော်သက်များအတွက် ကျန်းမာသော ဘဝနေထိုင်မှု ရရှိရန်

1. အမျိုးစုံသော အစားအသောက်များကို စားကြည့်ပါ။
အစားချေးများမနေဘဲ အသီးအရွက်အသားငါးမျိုးစုံကို စတင်စားသုံးသင့်ပါပြီ။
အဆီများတဲ့ နေ့လည်စာစားမိပါက ညစာကိုအသီးအရွက်များများပါအောင် စားပါ။
အသားများများစားမိတဲ့နေ့မျိုးဆို နောက်တနေ့မှာ ငါးစားဖို့ ရွေးချယ်ပါ။

2. ကစီဓာတ်ကို အခြေခံပါ။
Energy အပြည့်အဝရရှိစေဖို့ သင့်အစားအစာတိုင်းမှာ ကစီဓာတ်ပါပါစေ။ အမျှင်ဓာတ်ပါ ပါဝင်တဲ့ အုတ်ဂျုံ၊ ကောက်နှံစပါး တို့ကို စားသုံးပေးပါ။

3. ပြည့်ဝဆီတွေနေရာမှာ မပြည့်ဝအဆီကို အစားထိုးပါ။
ဟင်းသီးဟင်းရွက်ဆီ၊ နေကြာဆီများကို သုံးစွဲပါ။
အကျိုးပြုအဆီပါဝင်တဲ့ ငါးကို တပတ် နှစ်ကြိမ်သုံးကြိမ်ခန့် စားပါ။
ဆီကြော်ခြင်းထက် ပြုတ်ခြင်း၊ မီးကင်စားခြင်း တို့ကို ပြုလုပ်ပါ။

4. အသီးအရွက်များကို ပိုမိုစားပါ။
အဆာပြေအတွက် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စားအစားအစာများ မစားတော့ဘဲ အသီးအရွက်များကို စားပါ။

5. အငန် နဲ့ အချို စားသုံးခြင်းကို လျှော့ချပါ။
သွေတိုး၊ ဆီးချို ရောဂါများကို စတင်ကာကွယ်ဖို့ လိုအပ်နေပါပြီ။

6. အစားကို အချိန်မှန်စားပါ။ စားသည့်ပမာဏကိုလည်း ပုံမှန်အတိုင်း ဖြစ်ပါစေ။
မနက်စာ မစားဘဲနေလိုက်ပါက နေ့လည်စာကို အလွန်အကျွံစားသုံးမိပါလိမ့်မယ်။
အဲ့လိုမျိုး မဖြစ်ပါစေနဲ့။

7. ရေများများသောက်ပါ။

8. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

9. ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။ အလေ့အကျင့်တခု ဖြစ်နေပါစေ။
ဓာတ်လှေကားအစား ရိုးရိုးလှေကား အသုံးပြုပါ။ နေ့လည်နားချိန်မှာ လမ်းလျှောက်ပါ။ အားလပ်ချိန်များမှာ မိသားစုနှင့်အတူ လျှောက်လည်ပါ။

10. ယခုမှ စတင်ပါ။ တဖြည်းဖြည်းချင်း ပြောင်းလဲပါ။
ဥပမာ- သုံးရက်စာလောက် သင်စားမည့်အစားအစာများကို ချရေးပါ။
သင့်ကိုယ်လက်လှုပ်ရှားမှုများကို smart phone applications မှတဆင့် စစ်ဆေးကြည့်ပါ။
သင့်အတွက် ခက်ခဲခြင်းမရှိဘဲ တဖြည်းဖြည်း ချင်း ပြောင်းလဲ နိုင်တာကို တွေ့ရှိလာပါလိမ့်မယ်။

Healthcare Myanmar

10/04/2020
လင်းနို့မှသည် လူ့အဆုတ်ဆီသို့==================== ယခုဆောင်းပါးမှာ New Yorker မဂ္ဂဇင်းတွင် ၂၆.၃.၂၀၂၀ရက်နေ့က ဖော်ပြခဲ့သော F...
02/04/2020

လင်းနို့မှသည် လူ့အဆုတ်ဆီသို့
====================
ယခုဆောင်းပါးမှာ New Yorker မဂ္ဂဇင်းတွင် ၂၆.၃.၂၀၂၀ရက်နေ့က ဖော်ပြခဲ့သော From bats to human lungs အမည်ရသည့် ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ စာရေးဆရာမ ကာရိုလင်းကောမန်းက ကိုရိုနာဗိုင်းရပ်စ်ကို လွန်ခဲ့သည့်ဆယ်စုနှစ်များ
ကတည်းက လင်းနို့များမှာ ရှာဖွေတွေ့ ရှိခဲ့သူ ပညာရှင်များ၊ ကိုဗစ်-၁၉ ရောဂါကို ရှေ့ တန်းကျကျတိုက်ပွဲ၀င်နေသည့် ဆရာ၀န်များ၊ ဗိုင်းရပ်စ်
ကုသဆေး၊ကာကွယ်ဆေးများကို ဓာတ်ခွဲခန်းထဲမှာ ဖော်ထုတ်နေကြသည့် ပညာရှင်များကို တွေ့ဆုံမေးမြန်းပြီး ယခုဆောင်းပါးကို ပြုစုထား
ခြင်းဖြစ်ပါသည်။
================================

နှစ်ပေါင်းထောင်နှင့်ချီပြီး ကြာခဲ့ပြီ။ တရုတ်ပြည်တောင်ပိုင်းက မြင်းခွာပုံလင်းနို့များ၏ ခန္ဓာကိုယ်မှာ ကပ်တွယ်ပြီး သူတို့နေလာခဲ့ကြ
သည်။ ထိုကပ်ပါးကောင်လေးတွေမှာ နာမည်မရှိ။ သူတို့ကပ်တွယ်ထားသည့် လင်းနို့တွေက ညဘက်မှာ အစာရှာကြသည်။ ညဘက်မှာ မိုင်
ထောင်ချီပြီး ခရီးထွက်ကြသည်။ တစ်ရက်မှာတော့ သူတို့မှီတွယ်နေကြ လင်းနို့များဆီမှ လူတို့ဆီ ကူးပြောင်းသွားလာခွင့် ရသွားကြသည်။
သူတို့အတွက် လူသားတွေက နာမည်အသစ်ပေးလိုက်သည်။ SARS CoV-2 ဟု။ နောက်ပိုင်းမှာတော့ ကိုဗစ်-၁၉ (COVID 19)ဟု ပြောင်းခေါ်
ကြရသည်။

တချို့တွေက ငြင်းကြသည်။ ကိုဗစ်-၁၉ သည် လင်းနို့မှ လူ့ဆီကူးတာမဟုတ်၊ ရောဂါပိုးသယ်ဆောင်သူက လင်းနို့များမဟုတ်။ ရောဂါ
ပိုးသယ်ယူဖြန့်ဖြူးသူက ယနေ့ကမ္ဘာမှာ မျိုးသုဉ်းလုနီးနီးဖြစ်နေသည့် သင်းခွေချပ်များဖြစ်သည်ဟုဆိုသည်။ အထက်ပါ သားကောင်တွေကို အရှေ့တောင်အာရှနှင့်တရုတ်ပြည်တို့ရှိ တောရိုင်းတိရိစာန်မှောင်ခိုစျေးကွက်မှာရနိုင်သည်။


လင်းနို့ပေါ်က ဗိုင်းရပ်စ် လူဆီဘယ်လိုရောက်လာသလဲ၊ ဘယ်လိုဗီဇပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပျက်ခဲ့သလဲ ဘယ်သူမှ မဖော်ထုတ်
နိုင်ကြသေး။ သေချာတာကတော့ လင်းနို့တွေဆီကနေ လူကိုယ်ထဲမှာ နေနိုင်ဖို့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်များမှာ မျိုးဗီဇပြောင်းလဲမှုတွေ အကြီးအ
ကျယ် လုပ်ခဲ့ရမည်ဆိုသည့်အချက်။ သုံးသပ်ချက်တစ်ခုမှာတော့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် လူတွေဆီမှာ ရှိပြီးသား ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဆီ
မှ မျိုးဗီဇ တစိတ်တပိုင်းကို ယူလိုက်မည်။ ထိုမျိုးဗီဇကိုအသုံးပြုပြီး လူတွေဆီမှာ နေနိုင်အောင် သူ့ကိုယ်သူပြုပြင်လိုက်မည်။ ပြီးတော့ လူတွေ ကို ပိုပြီးဒုက္ခပေးနိုင်မည့် ကိုရိုနာဗိုင်းရပ်စ်ပိုးတစ်မျိုးအဖြစ် သူ့ကိုယ်သူမျိုးစပ်လိုက်ခြင်းဖြစ်သည်။

သေချာသည်ကတော့ ခရီးသွားလူသားတစ်ယောက်၏ မျက်စိကို လက်ဖြင့်ပွတ်သပ်လိုက်သည့် ခဏမှာ၊နှာခေါင်းကို အမှတ်တမဲ့ ကုတ်ခြစ်မိလိုက်သည့် တခဏမှာ၊ အကျင့်ပါနေသူတစ်ဦး၏ လက်သည်းကို ကိုက်မိလိုက်သည့် အချိန်ပိုင်းမှာ ကိုဗစ်-၁၉ သည် ကမ္ဘာတစ်
ပတ်ပတ်ပြီး ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးတစ်ခုဖြစ်လာခဲ့ပါပြီ။

ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ ရှိသူတွေက တစ်ပတ်လ ျှင် နှစ်ဆ တိုးလာနေသည်။ မတ်လ ၁၉ ရက်နေ့က ပိုးတွေ့ရှိသူ
၂၁၃၀၀၀ ရှိခဲ့ရာမှာ ယခုဆောင်းပါးရေးချိန် မတ်လ ၂၆ရက်နေ့မှာ ပိုးတွေ့ ရှိသူ ၄၆၇၀၀၀ ဖြစ်လာခဲ့ပြီ။ ကွယ်လွန်သူစုစုပေါင်း ၂၁၀၀၀ ဦး ရှိခဲ့
ပြီ။ အမေရိကန်ပြည်ထောင်စုက ကမ္ဘာပေါ်မှာ ပိုးတွေ့ ရှိသူအများဆုံးတိုင်းပြည်အဖြစ် ပိုးတွေ့ ရှိသူ ၈၀၀၀၀ကျော် အထိ မှတ်တမ်း၀င်ခဲ့သည်။
အထက်ပါ ကိန်းဂဏန်းတွေက ကိုဗစ်-၁၉ တကယ်ရှိနေသူများ၏ အစိတ်အပိုင်းမ ျှသာပါ။ တကယ်တမ်း ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရှိနေသူ ဘယ်နှစ်ယောက်အထိ ရှိနေပြီလဲ ဘယ်သူမှ မပြောနိုင်။ မတ်လဆန်းမှာ ထွက်ရှိခဲ့သည့် သုတေသနဆောင်းပါးတစ်ပုဒ်မှာတော့ ပိုးတွေ့ ရှိသူ
တစ်ဦးရှိတိုင်း တကယ်တမ်းရောဂါရှိနေသူ ၅ဦးမှ ၁၀ဦးအထိ ရှိနေပြီဟုသတ်မှတ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကမ္ဘာတဝှမ်းနိုင်ငံအ
တော်များများမှာ ကိုဗစ်-၁၉ စစ်ဆေးမှုများသည် လုံလောက်မှု မရှိကြောင်း ဖော်ပြနေကြသည်။

၂၀၀၃ခုနှစ်၊ SARS ဟုအတိုကောက်ခေါ်ကြသည့် ကူးစက်မြန်ပြင်းထန်အဆုတ်ရောဂါ ကပ်ဘေးဖြစ်စဉ်အခါက SARS ဖြစ်စေသည့်
ကိုရိုနာဗိုင်းရပ်စ်များမှာ လင်းနို့များဆီမှ လူဆီရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ကြရပြီးပါပြီ။ နယူးယောက်မြို့ အခြေစိုက်၊ ရောဂါကူးစက်ပျံ့
နှံ့မှုဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သည့် ဂျွန်နသန်အပ်စတိန်းသည် SARS ကပ်ရောဂါစတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံ၊ကွမ်တုံပြည်နယ်အထိ
ရောက်လာပြီး တိရိစ္ဆာန်များကို လေ့လာသည့် သုတေသနအဖွဲ့ မှာ ပါ၀င်ခဲ့သည်။ သူတို့မေ ျှာ်မှန်းခဲ့သည်က တိရိစာန်များဆီမှ ကိုရိုနာပိုးသည်
လူသားတို့ထံ အကြိမ်ကြိမ်အခါခါ ရွှေ့ပြောင်းရောက်ရှိနေသည်ဟူသော ယူဆချက်ဖြစ်သည်။

သူတို့ ပထမယူဆခဲ့သည်က Civets ဟုခေါ်ကြသည့် ကြောင်ကတိုး(ကြောင်နံ့သာ)များမှတဆင့် ကိုရိုနာပိုးက လူသားတို့ထံရောက်ရှိ
လာခဲ့သည်ဟူသော အချက်။ ၄င်းကြောင်ကတိုးတွေကို တရုတ်ပြည်အရှေ့ပိုင်းမှာ အတော်လေး စားကြသည်။ SARS ရောဂါနှင့် ဆက်စပ်
နေသည့် သားငါးစျေးများမှာ ၄င်းကြောင်ကတိုးလေးများကို ၀ယ်လို့ရသည်။ ၄င်း Civets လေးများကို စစ်ဆေးကြည့်ုလိုက်တော့ ကိုရိုနာပိုးကို တွေ့ရသည်။သို့ပေမယ့် ကြောင်ကတိုးလေးတွေကို ကွမ်တုံပြည်နယ်တစ်ခုလုံးမှာ မွေးနေကြတာ။ သူတို့မှာ ကိုရိုနာပိုးကူးစက်ခံရလိုက်လို့ ခံနိုင်ရည် ပဋိပစ္စည်းထွက်လာတာမျိုးလည်း မတွေ့ ရပြန်။ သည်တော့ ကွမ်တုံသားငါးစျေးမှာတွေ့ ရသည့် ကြောင်ကတိုးလေးများသည် အဓိကကိုရိုနာပိုး သယ်ဆောင်ထားသူများမဟုတ်။ ရောဂါကို တဆင့်ဖြန့်ဖြူးပေးသည့် ကြားခံများသာဖြစ်ကြသည်ဟု သုံးသပ်ရသည်။


အပ်စတိန်းနှင့်သုတေသနအဖွဲ့ သားများ ထပ်မံသံသယရှိသည်က ကွမ်တုံပြည်နယ်အဝှမ်း စိုက်ခင်းတွေထဲမှာ၊တောင်ကုန်းတွေပေါ်
မှာ၊ လှိုဏ်ဂူတွေထဲမှာ အုပ်စုလိုက်ရှိနေတတ်ပြီး ကွမ်တုံသားငါးစျေးမှာ ပေါပေါများများ ၀ယ်လို့ရနေသည့် လင်းနို့များဖြစ်သည်။ လင်းနို့များ
သည် ကိုရိုနာဗိုင်းရပ်စ်ပိုးများကို သဘာ၀တရားအတိုင်း လက်ခံထားသည့် သတ္တဝါတွေများလား။

သုတေသနသမားတွေက ကွမ်တုံကျေးလက်များအထိ ဆင်းကြသည်။ ထုံးကျောက်တောင်များပေါ်က လှိုဏ်ဂူတွေထဲမှာ ယာယီ
ဓာတ်ခွဲခန်းတွေဆောက်ပြီး လင်းနို့များထံမှ Swab တွေ ယူကြသည်။ လင်းနို့တွေက ညဘက်မှ အပြင်ထွက်သည်ဆိုတော့ ညလုံးပေါက်
Swab တွေ ယူကြရသည်။ လနှင့်ချီကြာမြင့်ပြီးနောက် အပ်စတိန်းနှင့်အဖွဲ့ သားများသည် ကိုရိုနာဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားသည့် လင်းနို့
အမျိုးအစား လေးမျိုးကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ သူတို့တွေ့သည့် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားကလည်း SARS ရောဂါဖြစ်စေသည့် ကိုရိုနာ
ဗိုင်းရပ်စ်အုပ်စုနှင့် မျိုးဗီဇ ၉၀% တူနေသည်။ SARS ရောဂါဖြစ်ပွားနေသည့် ဒေသတိုင်းလိုလိုမှာ အဆိုပါ လင်းနို့တွေ ရှိနေပြီး ၄င်းလင်းနို့
တွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်တွေ ရှိနေကြသည်။

လင်းနို့စောင့်ကြည့်သုတေသနများကို နှစ်ချီပြုလုပ်ပြီးသည့်အခါ ကမ္ဘာပေါ်က တိုက်ကြီး ၆တိုက်မှာ လင်းနို့အမျိုးအစား ၁၄၀၀ကျော်
ရှိကြောင်း၊ ၄င်းလင်းနို့များနှင့်အတူ ယှဉ်တွဲနေထိုင်နေသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲပေါင်း ရာကျော်ရှိကြောင်း ပညာရှင်တွေ သိရှိလာကြသည်။
SARS ရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားကိုလည်း သီးသန့်ခွဲထုတ်လိုက်နိုင်ပါသည်။ လူ့ယဉ်ကျေးမှုဖြစ်တည်လာသည့်
သက်တမ်းတလေ ျှာက် လင်းနို့နှင့်ကိုရိုနာဗိုင်းရပ်စ်ပိုးများသည်လည်း အတူတကွ ရှင်သန်လာခဲ့ကြသည်။ လင်းနို့နှင့် ကိုရိုနာဗိုင်းရပ်စ်မိသားစု
ဆက်စပ်မှုက လူ့ယဉ်ကျေးမှုသက်တမ်းထက်ပင် ပိုရှေးကျနိုင်သည်။

ကိုရိုနာဗိုင်းရပ်စ်အုပ်စုတွေများလာသည်နှင့်အမ ျှ လင်းနို့တစ်ကောင်ထဲမှာ ဆွေမျိုးနီးစပ်ကိုရိုနာဗိုင်းရပ်စ်အုပ်စုတွေ ယှဉ်တွဲနေထိုင်
လာရသည်။ ကြာလာတော့ ပိုပြီးအင်အားကြီးသည့် ကိုရိုနာဗိုင်းရပ်စ်အုပ်စုက အနိုင်ရသည်။ သည်လိုနှင့် လင်းနို့ကိုယ်ထဲက အသန်မာဆုံး သောကိုရိုနာဗိုင်းရပ်စ်တွေ အင်အားပိုကြီးလာပြီး လူတွေအထိ ခြေဆန့်လာကြသလား ခန့်မှန်းကြသည်။ ကိုရိုနာဗိုင်းရပ်စ်က လူကို ဒုက္ခ ပေးနိုင်ပေမယ့် လင်းနို့ကိုတော့ ဒုက္ခမပေးနိုင်။ ဒါကလည်း သူ့ကိုယ်ထဲမှာ ရှေးနှစ်ပေါင်း အသီသီက နေထိုင်လာခဲ့သည့် ကိုရိုနာဗိုင်း ရပ်စ်တွေကို ခံနိုင်ရည်ရှိအောင် သဘာ၀တရားကြီးက ဖန်တီးပေးထားတာဖြစ်မည်။ လင်းနို့ကို အန္တရာယ်မပြုနိုင်ပေမယ့် သင်းခွေချပ်ဆီ ရောက်တဲ့အခါ၊ ကြောင်ကတိုးဆီရောက်တဲ့အခါ၊ လူသားတွေဆီရောက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်က ဒုက္ခအကြီးအကျယ်ပေးတော့သည်။

၂၀၁၃ခုနှစ်မှာ အပ်စတိန်း၏ လုပ်ဖော်ကိုင်ဖက် တရုတ်ပညာရှင် ရှီဇန်လီက လင်းနို့ကိုယ်ထဲမှ ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇအစီအစဉ်
ဖော်ထုတ်မှုကို ပြုလုပ်ခဲ့သည်။ ၂၀၂၀၊ဇန်နဝါရီလ ကိုဗစ်-၁၉ ပြသနာပေါ်လာတော့ ရှီဇန်လီက ကိုဗစ်-၁၉၏ မျိုးဗီဇအစီအစဉ် ၉၆% အထိ
ထုတ်ဖော်ပြသခဲ့သည်။ ကျန်တဲ့ ၄%သော မျိုးဗီဇကိုတော့ ဖော်ထုတ်ပြသနိုင်စွမ်းမရှိတော့။ ကြားထဲမှာ ဗီဇရောယှက်မှုတွေ၊ မျိုးဗီဇပုံပျက်မှု
တွေ ဖြစ်သွားခဲ့ပြီ။

၂၀၁၉ ၊ဒီဇင်ဘာလ ဝူဟန်မြို့မှာ ပြင်းထန်အဆုတ်ရောင်လူနာ ၄၁ဦး ထွက်ပေါ်လာတော့ သူတို့အားလုံးက တောကောင်သား တွေရောင်းသည့် ဝူဟန်သားငါးစျေးနှင့် ဆက်စပ်မှုရှိနေကြသည်။ ဝူဟန်တောကောင်စျေးမှာက သားကောင်တွေကို ရောထားကြသည်။ အ
ပေါ်ဆုံးမှာက ယုန်လှောင်အိမ်၊သူ့အောက်မှာ ကြောင်ကတိုးလှောင်အိမ်ရှိမည်၊သူ့အောက်မှာက ရှဉ့်လိုအကောင်လေးတွေ လှောင်အိမ်။ သား
ကောင်စုံရောထွေးပြီး သူတို့စွန့်ထုတ်လိုက်သည့် မစင်တွေကတဆင့် ကိုရိုနာတွေ ကူးစက်ကြ၊ ကိုရိုနာဗိုင်းရပ်စ်တွေက အကောင်စုံထဲကို ၀င်
ရောက်ပြီး မျိုးဗီဇတွေ ပြောင်းလဲကြ။

အပ်စတိန်းက ဝူဟန်စျေးထဲက တိရိစာန်များအားလုံးဆီမှ ဗိုင်းရပ်စ်ပိုးနမူနာတွေကို စစ်ဆေးစေချင်သည်။ တရုတ်အာဏာပိုင်တွေက
လည်း သူတို့အားလုံးစစ်ဆေးပါသည်ဟု ပြောသည်။ ထိုတိရိစ္ဆာန်များအားလုံးမှာ ကိုရိုနာဗိုင်းရပ်စ်မတွေ့ ရှိရပါဟု သတင်းထုတ်ပြန်သည်။
၀ူဟန်မြို့ က အစောဆုံး လူနာ၄၁ယောက်စလုံးက ဝူဟန်သားငါးစျေးနှင့် ဆက်စပ်မှုရှိ၊မရှိ၊ တစ်ဦးနှင့်တစ်ဦး ဆက်စပ်နေခြင်း ရှိ၊မရှိဆိုတာကို
တော့ ဘယ်သူမှ သိခွင့်မရကြတော့။ သေချာသည်က ထိုလူနာ ၄၁ဦးစလုံးမှာ လင်းနို့မှ ကူးစက်ခံရသည့် ပထမဆုံးလူနာမဟုတ်သည့် အချက်ပါ။

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇအစီအစဉ်ကို အထပ်ထပ်စစ်ကြောကြည့်လိုက်သည့်အခါ တိရစ္ဆာန်မှ လူသားဆီ တစ်ကြိမ်
သာ ကူးစက်ခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။ လင်းနို့မှ လူဆီကူးစက်သည်ဆိုရင်လည်း လင်းနို့တစ်ကောင်မှ ပထမဆုံးလူတစ်ဦးဆီ တစ်ကြိမ်
သာကူးစက်ရမည်၊ ထိုလူသားဆီမှ နောက်လူတွေဆီ ကူးသွားတာ။ လင်းနို့မှ လူဆီ နောက်ထပ်ကူးစက်တာမျိုး မရှိတော့။ သည်လို လင်းနို့မှ
လူသားဆီ တစ်ကြိမ်သာ ကူးစက်လိုက်ပြီး လူသားအချင်းချင်း ထပ်မံကူးစက်ပျံ့ ပွားနေခြင်းသည် ၂၀၁၉ ၊ဒီဇင်ဘာလမတိုင်မီကတည်းက ဖြစ်
ခဲ့ပြီးဖြစ်မည်ဟု ခန့်မှန်းကြသည်။

ဝူဟန်သားငါးစျေးမှ တောရိုင်းတိရိစ္ဆာန်များ၏ စစ်ဆေးချက်အဖြေတွေကို မထုတ်ပြန်မချင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလမ်းကြောင်း
ကြီးကို ဘယ်လိုမှ ပြီးပြည့်စုံအောင် ဖော်ထုတ်လို့ရမည်မဟုတ်။ ကိုဗစ်-၁၉ ဘယ်လို စကူးလာသလဲဆိုသည့် ဖြစ်နိုင်ချေတွေက အများကြီး။
လင်းနို့ဖမ်းမုဆိုးတစ်ဦးက ဝူဟန်စျေးဆီရောက်လာပြီး သူ့ဆီမှာ ရှိနေသည့် ကိုဗစ်-၁၉ ကို ဖြန့်သွားတာဖြစ်ချင်ဖြစ်မည်၊ သင်းခွေချပ်တစ် ကောင် က လင်းနို့တစ်ကောင်ဆီမှ ကိုရိုနာပိုးကို လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက လက်ဆောင်ရထားပြီး အခုမှ ဗီဇပုံပြောင်းမှုတွေ
ဖြစ်ကာ လူတွေဆီ ရောက်လာတာလည်းဖြစ်နိုင်သည်။ ဒါပေမယ့် ဝူဟန်စျေးထဲမှာ သင်းခွေချပ်ရောင်းခဲ့သည်ဟူသော သက်သေအထောက်
အထားမရှိ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုရိုနာဗိုင်းရပ်စ်ပိုး အသစ်ချပ်ကျွတ်ဖြစ်သည့် ကိုဗစ်-၁၉ ကတော့ လူတွေကို ဒုက္ခပေးတာသေချာပါပြီ။ လူသား
များအတွက် အသစ်စက်စက်ပိုးဖြစ်နေသောကြောင့်လည်း ကိုဗစ်-၁၉ မှာ ဖြေရှင်းစရာပဟေဋိတွေ အများသား။ သို့ပေမယ့် လွန်ခဲ့သည့် ရက်
သတ္တွပတ်များအတွင်းမှာပင် ကိုဗစ်-၁၉ ၏ နောင်တော်ကြီးများဖြစ်သည့် SARS နှင့် MERS ကိုရိုနာဗိုင်းရပ်စ်များ၏ မျိုးဗီဇအခြေခံများကို အမှီ
ပြုလျုက် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းစဉ်များကို အစပျိုးနေကြပါပြီ။

လူမှုဘ၀ ခပ်ခွာခွာနေကြ(Social distancing) ဆိုတာက ကိုဗစ်-၁၉ ၏ သဘောသဘာ၀ကို သိလာလို့ တွင်ကျယ်လာသည့် ရောဂါ
ကာကွယ်ရေးနည်းလမ်းတစ်မျိုး။ ဗိုင်းရပ်စ်သတ်ဆေးတွေကိုလည်း ထွင်နေကြသည်။ ကာကွယ်ထိုးဆေးတွေလည်း ဖန်တီးနေကြပါပြီ။ ၂၀၂၀၊
ဇန်နဝါရီလမှအစပြုလျက် ကမ္ဘာတဝှမ်းမှ ကိုဗစ်-၁၉ ဗိုင်းရပ်စ်များ၏ မတူညီသည့်မျိုးဗီဇ ထောင်ဂဏန်းခန့်ကို ကမ္ဘာအရပ်ရပ်ပညာရှင်များအ
ကြား မ ျှဝေသုတေသနပြုနေကြပါပြီ။ ပြောရမည်ဆိုရင်တော့ ကမ္ဘာ့ဆေးသုတေသနလုပ်ငန်းအားလုံးက ကိုဗစ်-၁၉ အပေါ်မှာ အာရုံပြုနေကြ
သည့် အခြေအနေပါ။

အများသိကြသည့်အတိုင်း ဗိုင်းရပ်စ်နှင့် ပတ်သတ်လာလ ျှင် ဒီအင်အေ(DNA) နှင့် အာအင်အေ(RNA) ဗိုင်းရပ်စ်ဟု နှစ်မျိုးရှိသည်။
ဒီအင်အေဗိုင်းရပ်စ်တွေဆို ကမ္ဘာပေါ်မှာ အလွန်များသည်။ ကပ်ရောဂါအသွင်လည်း ဒုက္ခပေးသည်၊ တိုးတိုးတိတ်တိတ်နှင့်ရေရှည်ဒုက္ခပေးတာ
မျိုးလည်း ရှိသည်၊ ရှိနေမှန်း သိသိကြီးနှင့် ကုသလို့ မရပဲ လူ့ခန္ဓာကိုယ်ထဲမှာ စွဲကပ်နေတာမျိုးလည်း ရှိသည်။ ဥပမာပြရရင် ရေယုန်ဖြစ်စေ
သည့် Herpes ဗိုင်းရပ်စ်၊ ရေကျောက်ဗိုင်းရပ်စ်၊ အသည်းကင်ဆာဖြစ်စေနိုင်သည့် အသည်းရောင်အသားဝါဘီပိုးနှင့် သားအိမ်ခေါင်းကင်ဆာ
ဖြစ်စေနိုင်သည့် လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုးများ။ ဒီအင်အေဗိုင်းရပ်စ်တွေက လူ့ခန္ဓာကိုယ်ထဲ၀င်သွားရင် တသက်လုံးပြန်မထွက်တော့။
ရေယုန်ဗိုင်းရပ်စ်ပိုးဆို ပျောက်သွားတယ်ရယ်လို့မရှိ၊ ကိုယ်ခံအားနည်းရင် ပြန်ပေါ်လာမှာ။ အသည်းရောင်အသားဝါ ဘီပိုးသည်လည်း ကုသလို့
မရပဲ တသက်လုံးရှိသွားသူတွေ အများကြီး။

RNA ဗိုင်းရပ်စ်တွေကတော့ လူ့ကိုယ်ခန္ဓာထဲ အကြာကြီးနေလို့မရ။ သူတို့ဖွဲ့စည်းပုံက ရိုးရှင်းသည်။ ခြွင်းချက်အဖြစ် HIV ပိုး။ သူက
RNA ဗိုင်းရပ်စ်ဖြစ်ပေမယ့် လူ့ကလာပ်စည်းထဲရောက်သွားသည့်အခါ တသားတည်းဖြစ်အောင် နေလိုက်သည်။ သည်လိုနှင့် RNA ဗိုင်းရပ်စ်ဖြစ်
သည့် HIV ပိုးကို လုံးဝပျောက်ကင်းအောင်ကုဖို့ ခက်သွားသည်။ RNA ဗိုင်းရပ်စ်တွေက ရိုှးရှင်းပြီး လူ့ကိုယ်ထဲမှာ ကြာကြာမခံဆိုပေမယ့် သူတို့
က မျိုးဗီဇပုံပျက်မှုနှုန်းအလွန်မြန်သည်။ ထင်ရှားသည့် RNA ဗိုင်းရပ်စ်တွေကို ပြရရင် ၀က်သတ်၊အီဘိုလာ၊ဇီကာနှင့် တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေ။
သူတို့အားလုံး ကပ်ရောဂါအသွင် လူတွေကို ဒုက္ခပေးတတ်ကြသည်။ လူတွေထဲ တသက်လုံးနေသွားတယ်ရယ်လို့တော့ မရှိ။ အခု ကိုဗစ်-၁၉
ကိုရိုနာဗိုင်းရပ်စ်သည်လည်း RNA ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်။

သိပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်မိသားစုကြီးကို ၁၉၅၀ပြည့်လွန်နှစ်တွေမှာ စတင်ရှာဖွေတွေ့ ရှိခဲ့သည်။ လေပြွန်ရောင်နေသည့်
ကြက်များမှ လေပြွန်တွင်းချွေးမြှေးတွေကို ယူပြီး အသစ်ပေါ်ပေါက်စ အီလက်ထရွန်မိုက်ကရိုစကုပ်များနှင့် ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်သည်။ ကိုရို
နာဗိုင်းရပ်စ်ပိုး၏ ပုံသဏ္ဍာန်ကို အကြမ်းဖျဉ်းပြောရရင် မျိုးဗီဇသယ်ဆောင်ထားသည့် ဗိုင်းရပ်စ်၏ RNA က အလယ်ဗဟိုမှာရှိပြီး မှိုပွင့်သဏ္ဍာန်
အသားဓာတ်သုံးမျိုးက မှိုပွင့်ကြီးတွေအလား အပြင်မှ ၀န်းရံထားသည်။ ရုတ်တရက်ကြည့်လိုက်လ ျှင် ကိုရိုနာဗိုင်းရပ်စ်၏ သွင်ပြင်က သရဖူ
ကြီးတစ်ခုနှင့် တူသည်။

ကြက်များမှာသာမက ၀က်နှင့် နွားတွေကို ဒုကပေးတတ်သည့် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားတွေလည်း ထပ်တွေ့သည်။ ၁၉၆၀ပြည့်
လွန်နှစ်များမှာတော့ လူတွေမှာ အအေးမိရောဂါဖြစ်စေတတ်သည့် ကိုရိုနာဗိုင်းရပ်စ်ပိုး နှစ်မျိုးထပ်တွေ့ သည်။ သည်လိုနှင့် လူတွေကို အအေး
မိရောဂါဖြစ်စေတတ်သည့် ကိုရိုနာဗိုင်းရပ်စစ် စုစုပေါင်းလေးမျိုး မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစား လေးမျိုးက တိရိစာန်များဆီမှ ဆင်းသက်လာခဲ့တာတော့ မှန်သည်။ သို့ပေမယ့် အခုအချိန်မှာ
တော့ လူသားတွေ သီးသန့်ပိုင်ဆိုင်သည့် ပစည်းဖြစ်နေပါပြီ။ နှစ်တိုင်းလိုလို Common colds ဟုခေါ်သည့် နှာစေးအအေးမိ ရောဂါများ၏
၁၅မှ ၃၀% အထိမှာ ၄င်းကိုရိုနာဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ရသည်။ လင်းနို့တွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ယှဉ်တွဲနေထိုင်ကြသလို လူသား
တွေဆီမှာလည်း ကိုရိုနာဗိုင်းရပ်စ်တွေ ကျင်လည်ကျက်စားနေခဲ့ကြသည်မှာ ကြာပြီဟု ပြောလို့ရသည်။ ဒါပေမယ့် ရောဂါကြီးကြီးမားမား မပေး
ခဲ့ကြ။ ၂၀၀၃ခုနှစ် SARS ရောဂါ ပြသနာပေါ်လာ၊ ကိုရိုနာဗိုင်းရပ်စ်က လင်းနို့မှသည် ကြောင်ကတိုးဆီရောက်၊ ထိုမှတဆင့် လူသားဆီ ကူးပြီး
အသက်သေဆုံးကြတော့မှ ကိုရိုနာပိုး သတင်းက ဟိုးလေးတကျော်ပြန်ဖြစ်လာခဲ့တော့သည်။

အခုအသစ်ထွက်လာသည့် ကိုဗစ်-၁၉ က SARS ဖြစ်စေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးနှင့် အတော်တူသည်။ နှာစေးအအေးမိစေသည့်
ကိုရိုနာဗိုင်းရပ်စ်တွေက အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းကိုသာ ပြသနာဖြစ်စေရာမှ SARS ကိုရိုနာဗိုင်းရပ်စ်က အသက်ရှုလမ်းကြောင်း
အောက်ပိုင်းကို ဒုက္ခသွားပေးသည်။ ရောဂါဖြစ်ပြီဆိုသည်နှင့် သေဖို့ ၁၀% အထိရှိနိုင်သည်။

၂၀၁၂ခုနှစ် ဆော်ဒီအာရေဗျမှာ ဖြစ်သည့် MERS ကိုရိုနာဗိုင်းရပ်စ်ကျတော့ လင်းနို့မှသည် သစ်ကုလားအုတ်၊ ထိုမှတဆင့် လူဆီ
ရောက်လာတာပါ။ သူသည်လည်း အသက်ရှုလမ်းကြောင်းအောက်ပိုင်းကို ဒုကပေးပြီး သေဆုံးမှုနှုန်းက ၃၇% အထိရှိသည်။ အခု ကိုဗစ်-၁၉
ကျတော့ အရင်က ကိုရိုနာဗိုင်းရပ်စ်အားလုံးကို မျိုးစပ်ထားသလိုဖြစ်ပြီး အသက်ရှုလမ်းကြောင်း အပေါ်ပိုင်း၊အောက်ပိုင်းအားလုံးကို ဒုကပေး
သည်။ အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းမှာဖြစ်သည့်အတွက် ကူးစက်မှုနှုန်းအလွန်မြန်သွားစေပြီး အသက်ရှုလမ်းကြောင်းအောက်ပိုင်းကို
လည်း ဒုက္ခပေးသည့်အတွက် လူကို အသက်အနရာယ်ပေးနိုင်သည်။

ဆက်လက်ပြီး ကိုဗစ်-၁၉ ၏ လူ့အဆုတ်မှာ ဘယ်လိုသက်ရောက်မှုရှိသည့်အကြောင်းဆွေးနွေးကြမည်။ ကိုရိုနာဗိုင်းရပ်စ်အပေါ်မှာ
ပါသည့် မှိုပွင့်သဏ္ဍာန်အချွန်အတက်ကလေးများဖြင့် အဆုတ်ဆဲလ်ကလာပ်စည်းတွေဆီ လာကပ်သည်။ လူ့အဆုတ်ပေါ်က ကိုရိုနာပိုး လက်
ခံသည့် နေရာကို ACE-2 ဟုခေါ်သည်။ ACE-2 က လူ့အဆုတ်တွင်သာမကပါ။ ကျောက်ကပ်မှာလည်း အများကြီးရှိသည်။ သို့ပေမယ့် အဆုတ်
က အပြင်လောကနှင့် ထိတွေ့ ဖို့ ပိုလွယ်သဖြင့် အဆုတ်က ACE-2 ကြိုဆိုလက်ခံရေးနေရာတွေမှာပဲ ကိုဗစ်-၁၉ က နေရာယူလေ့ရှိသည်။

SARS ကိုရိုနာဗိုင်းရပ်စ်ပိုးထက် ကိုဗစ်-၁၉ ကိုရိုနာပိုးက ACE-2 မှာ ဆယ်ဆပိုပြီး ကပ်လွယ်သည်။ ပိုပြီးလည်း ခိုင်ခံ့သည်။ သည်
တော့ အဆုတ်မှာရောဂါဖြစ်စေဖို့ ပိုမိုလွယ်ကူသွားစေသည်။ ကိုရိုနာဗိုင်းရပ်စ်က အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းကိုရောက်ပြီဆိုသည်နှင့်
နှာခေါင်းထဲက ဆဲလ်ကလာပ်စည်းတွေမှာ နေရာအတည်တကျယူပြီး အကောင်တွေပွားတော့သည်။ အကောင်တွေပွားနေယင်းက မျိုးဗီဇ
ပုံပျက်ယွင်းမှုတွေဖြစ်သည်။ ပုံမှန်အားဖြင့် မျိုးဗီဇပျက်ယွင်းမှုနှင့်အတူ ဗိုင်းရပ်စ်တွေလည်း ပျက်စီးသည်။ ကိုရိုနာဗိုင်းရပ်စ်ကတော့ မျိုးဗီဇ
ပျက်ယွင်းမှုကို ပြန်လည်ကုစားနိုင်သည့် အစွမ်းအာနိသင်ရှိနေသည်။

ကိုဗစ်-၁၉ က လူ့နှာခေါင်းထဲမှာနေပြီး အကောင်တွေထပ်ပွားသည်။ အောက်ဘက်က အဆုတ်ထဲကို ဆင်းသလို ချောင်းဆိုးနှာချေ
သည့်အခါ အပြင်ကိုထွက်လာပြီး တပါးသူကို ကူးစက်စေသည်။ လေ့လာချက်များအရ ကိုဗစ်-၁၉ ကူးစက်ထားသူတစ်ဦးသည် ရောဂါလက
ဏာများမပြခင်ကတည်းက သူ့ဆီက ပိုးတွေကို တခြားသူတွေဆီ ဖြန့်နေပြီဟုဆိုသည်။ စကားပြောလိုက်သည့်အခါ၊ချောင်းဆိုးလိုက်သည့်အခါ
သလိပ်တွေထဲမှာ၊တံတွေးတွေထဲမှာ၊ လေထဲမှာ ကိုဗစ်-၁၉ တွေ ပြန့်သွားပြီ။ ရောဂါလက္ခဏာမပြသည့်သူတွေက ဝေဒနာခံစားရသူများ၏ ၅၅%လောက်အထိ ရောဂါဖြန့်ချီနိုင်ကြသည်။ ကိုဗစ်-၁၉ ကြောင့် ဝေဒနာပြင်းပြင်းထန်ထန်ခံစားကြရသူတွေဆီက ရောဂါကူးစက်ဖို့ အလားအလာပိုများသည်။ ထိုသူများက နောက်ထပ် ၃၇ရက်လောက်အထိ တပါးသူများထံ ရောဂါကူးစက်စေနိုင်သည်။

အပ်ချည်ကြိုးလေးတမ ျှင် ၀င်ဆန့်သည့် အပ်ခေါင်းလေးနေရာလောက်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကောင်ရေ သန်းတစ်ရာလောက် နေနိုင်ကြသည်။ လူတစ်ယောက်(သို့မဟုတ်)တိရစာန်တစ်ကောင်ဆီ ကူးစက်ဖို့ ဗိုင်းရပ်စ်ပိုး ထောင်ဂဏန်းလောက်ရှိရင်ကိုပဲ လုံလောက်နေ ပြီ။ ကိုဗစ်-၁၉ က ကတ်ထူပုံးတွေပေါ်မှာ ၂၄နာရီလောက် အသက်ရှင်နိုင်သည်။ ပလတ်စတစ်(သို့မဟုတ်) စတီးပေါ်မှာ သုံးရက်တိတိအသက်ရှင် သည်။ လေထဲမှာ သုံးနာရီလောက် အသက်ရှင်ပြီး ပေါလောပေါ်နေနိုင်သည်။ အများဆုံးကူးစက်စေတာကတော့ နှာချေ၊ချောင်းဆိုးရာ မှ အောက်ကိုကျလာသည့် အမှုန်လေးတွေမှာ ပါနေသည့် ဗိုင်းရပ်စ်ဖြစ်ပါသည်။ ဗိုင်းရပ်စ်က အပြင်လောကမှာ ထီးထီးကြီး အကြာကြီးနေ
နိုင်တာမဟုတ်။ နှာခေါင်းထဲမှထွက်ပြီးပြီးချင်း ပထမဆုံး ဆယ်မိနစ်မှာ ကူးစက်မှုနှုန်းအများဆုံးဖြစ်သည်။ သည့်ထက်ကြာသွားပြီဆိုရင်
ဗိုင်းရပ်စ်ပိုးကောင်ရေတွေ တဖြည်းဖြည်းချင်းလျော့ပါးလာတော့သည်။

ဗိုင်းရပ်စ်၏ သဘောသဘာ၀က သူ၏မတည်မြဲသည့် အသက်ကို ဆက်ဖို့ရန် လက်ခံကောင်အသစ်တွေကို ရှာနေရသည်။ သူတို့၏
လက်ခံကောင်(သို့မဟုတ်) နယ်မြေသစ်ရှာဖွေခြင်းက လူသားတို့အတွက် ကပ်ရောဂါကြီးတစ်ခုဖြစ်သွားသည်။ အဓိကအားဖြင့် ကိုဗစ်-၁၉ ပိုး
ရှိနေပြီး ရောဂါလကဏာမပြပဲ လူကြားထဲသွားနေသူတွေကို ပိုကြောက်ရသည်။ သူတို့ကို မဟာရောဂါဖြန့်ဝေသူ(Super spreaders) များဟု
တင်စားကြသည်။

ယနေ့ကမာမှာ ကိုဗစ်-၁၉ ကြောင့် လူပေါင်းရာချီ နေ့စဉ်လိုလိုကွယ်လွန်နေကြရသည်။ ဆေးပစ္စည်းကိရိယာတွေ ရှားပါးလာသည်။
အသက်ရှုကူစက်တွေ မလောက်ငှတော့ပြီ။ လူနာကုတင်တွေလည်း အပြည့်။ ကိုဗစ်-၁၉ ၏ ထူးခြားချက်က အသက်ရှုလမ်းကြောင်းအောက်
ခြေမှာ နေရာယူပြီးသည်နှင့် တပြိုင်နက် ဗိုင်းရပ်စ်အကောင်တွေကို တိုးမြှင့်ပွားများလိုက်ခြင်းဖြစ်သည်။ ကိုယ်ခံစွမ်းအားစနစ်က ချက်ချင်း
သတိမထားမိ။ ဗိုင်းရပ်စ်ကောင်ရေတွေ အလွန်များလာသည့်အခါ ကိုယ်ခံစွမ်းအားစနစ်က ကြောက်လန့်တကြားနိုးထ၊ တခြားဗိုင်းရပ်စ်တွေ
လို မှတ်မိသိရှိနေခြင်းမဟုတ်သည့် ဗိုင်းရပ်စ်အသစ်စက်စက်အတွက် ကိုယ်ခံစွမ်းအားစနစ်မှာ ရှိသမ ျှ တိုက်ပွဲ၀င်ဆဲလ်ကလာပ်စည်းတွေ စု
ပြုံထွက်လာပြီး အဆုတ်ကြီးတစ်ခုလုံး ဖောရောင်မွန်းကြပ်ပြွတ်သိပ်သွားစေတော့သည်။

အသက်အရွယ်ကြီးသူတွေမှာ ကိုယ်ခံစွမ်းအားစနစ်က တစ်ခုနှင့်တစ်ခု ချိန်သားမကိုက်၊မညီမ ျှတော့သဖြင့် အဆုတ်ရောင်ရမ်းခြင်း
က ပိုဆိုးသည်။ သည်တော့အသက်အန္တရာယ်ပိုရှိသည်။ အသက်၁၃နှစ်အောက် ကလေးငယ်တွေမှာတော့ ရောဂါက အားပျော့သည်။ ထိုဖြစ်
ရပ်က ၂၀၀၃ခုနှစ် SARS ကိုရိုနာကပ်ရောဂါဖြစ်စဉ်နှင့် အတူတူပါ။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကစတင်လျက် အမေရိကန်ပြည်ထောင်စု၊မြောက်ကယ်ရိုလိုင်းနာတကသိုလ်မှာ ဗိုင်းရပ်စ်သတ်ဆေးများ
ကို ဖော်ထုတ်နေကြသည်။ SARS နှင့် MERS ကိုရိုနာဗိုင်းရပ်စ်များကို အောင်နိုင်ရုံမ ျှမက နောင်ပေါ်ပေါက်လာလတံ့ သော ကိုရိုနာဗိုင်းရပ်စ်
ပိုးများကိုပါ အနိုင်ယူနိုင်မည်ဟု မေ ျှာ်လင့်ကြသည်။ ၄င်း Antivirals ဆေးများ၏ အာနိသင်က ဗိုင်းရပ်စ်ပွားများမှုကို ထိန်းချုပ်ပေးဖို့ဖြစ်သည်။
ဗိုင်းရပ်စ်ပွားများမှုနည်းလ ျှင် ကိုယ်ခံစွမ်းအားစနစ်က သိပ်အများကြီး မတုံ့ပြန်တော့သဖြင့် အဆုတ်ပျက်စီးမှုလည်း နည်းသွားမည်။

လက်ရှိကာလမှာတော့ RNA ဗိုင်းရပ်စ်များထဲမှာ အရွယ်အစားအကြီးဆုံးဖြစ်သည့် ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်က ကမာပတ်ပြီး
လူသားတို့ကို အန္တရာယ်ပြုနေပါပြီ။ ဗိုင်းရပ်စ်ပိုးတို့ထုံးစံအတိုင်း အချိန်ကာလအတိုင်းအတာတစ်ခုကျော်လွန်သွားလ ျှင် လူသားတွေဘက်မှ
ခံနိုင်ရည်စွမ်းရှိလာမည်။ ဗိုင်းရပ်စ်ကို မှတ်မိလာသည့် ကိုယ်ခံစွမ်းအားစနစ်တွေ ပေါ်လာမည်။ ထိုအခြေအနေကို စောင့်ဆိုင်းနေစဉ်အတွင်း
မှာပင် ရောဂါကူးစက်မှုတွေ ကျဆင်းသွားအောင် နေထိုင်ပြုမူကြဖို့ လိုအပ်သည်။

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်က နှစ်ပေါင်းထောင်ချီပြီး လူသားတွေဆီမှာ နေထိုင်နိုင်ဖို့ ပြင်ဆင်ခဲ့ရတာပါ။ သို့သော် လူသားတွေ အတွက်ကတော့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်သည် အသစ်စက်စက် ဗိုင်းရပ်စ်ပိုးတစ်ခုသာ။ ကိုဗစ်-၁၉ ကို တွန်းလှန်နိုင်ဖို့ ကာကွယ်ဆေး၊
ကုသဆေးများ ပေါ်ပေါက်မလာသေးခင်မှာ ရောဂါပျံ့ နှံ့မှုကွင်းဆက်ကြီးကို လျော့ချဖို့ကြိုးစားရန်သာ အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်ကြောင်း
တင်ပြလိုက်ရပါသည်။

Address

Pathein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Preg Talk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram