24/11/2022
Omega 3 များရရှိနိုင်ပါပီ
Dr Nyi Nyi Kyaw ရှင်းပြထားတဲ့ Omega -3 အကြောင်းလေးကိုလဲ Share လိုက်ပါတယ်။
Omega 3 ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်ကနေ အလိုအလျောက် မထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် အိုမီဂါသရီး ကို အပြင်က နေ နည်းမျိုးစုံ နဲ့ စားပေးရပါတယ်။
အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာများ ကတော့
1. ငါးကွန်းရှပ်
2. ငါးတန်
3. ငါးမြင်း
4. တူနာ
5. ဆော်လမွန်
6. ပင်လယ်ငါးအမျိုးမျိုး
7. သစ်ကြားသီး
8. နှမ်းကြပ်စေ့
9. Canola Oil (ပန်းနှမ်းဆီ)
10. အိုမီဂါသရီး အားဆေး စတာတွေကနေ ကြွယ်ဝစွာ ရရှိနိုင်ပါတယ်။
အိုမီဂါ သရီး (Omega 3) စားပေးခြင်းအားဖြင့်
1. နှလုံးသွေးကြောကျဉ်းရောဂါ ကို ကာကွယ်ပေးခြင်း
2. သွေးကြောနံရံများတွင် အဆီခဲ ပိတ်တာ ကို ကာကွယ်ပေးခြင်း
3. သွေးတွင်း ကိုလက်စထရော ကျစေခြင်း
4. နှလုံးခုန်နှုန်း မမှန်ဖြစ်ခြင်း ကို ကာကွယ်ပေးခြင်း
5. ယောင်ယမ်းခြင်း ကို သက်သာစေခြင်း
6. မှတ်ဉာဏ်ကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ဒါဆို EPA, DHA, ALA ဆိုတာတွေကဘာလဲ ?
Omega 3 ကို ခွဲခြမ်းလိုက်ရင် ငါး ကနေရတဲ့ Omega 3 နှစ်မျိုး က EPA (eicosapentaenoic acid) နှင့် DHA (docosahexaenoic acid) တို့ဖြစ်ပါတယ်။
အပင်က ရတဲ့ omega 3 ကတော့ (အထူးသဖြင့် အစေ့အဆန်) ALA (alpha-linolenic acid) ဖြစ်ပါတယ်။
ဒါဆို OMEGA 3 ကို တနေ့တာ ဘယ်လောက် စားသင့်သလဲ၊သောင်သင့်သလဲ?
တနေ့ကို အားဆေး သောက်မယ်ဆိုရင် 500 mg လောက်က စသောက်လို့ရပါတယ်။ အစာစားပြီးသောက်တာ ဆေးရဲ့ အာနိသင်ကို ပိုတက်စေတယ်လို့ လေ့လာတွေ့ရှိချက်များ အရ ဆိုထားပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
💊 ဆေးပစ္စည်းအမျိုးမျိုး ထက်ထက်စံဆေးဆိုင်တွင် ဝယ်ယူအားပေးလို့ရပါတယ်ရှင်👩⚕
💊လိပ်စာ -ပုသိမ်ကြီးမီးပွိုင့်အနီး ၊ပုသိမ်ကြီးမြို့
☎️09-444970012
☎️ 09-402620281
☎️ 09-791713318