မြနန်းတော် ဆေးဆိုင်

  • Home
  • Myanmar
  • Pauk
  • မြနန်းတော် ဆေးဆိုင်

မြနန်းတော် ဆေးဆိုင် Medicin

ခေါင်းမူးနေတယ်၊ ဘာဖြစ်တာလဲ? 🏥-----------------------------------------ခေါင်းမူးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက အများကြ...
13/03/2022

ခေါင်းမူးနေတယ်၊ ဘာဖြစ်တာလဲ? 🏥
-----------------------------------------
ခေါင်းမူးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက အများကြီး ရှိပါတယ်။ အဲဒီက စ ပြောရင်တော့ ပိုမူးသွားဖို့ပဲ ရှိပါတယ်။ 😅 😵‍💫

အကြောင်းရင်းရှာတာက ဆရာဝန်လုပ်ပါလိမ့်မယ်။ ကိုယ်က အန္တရာယ်ရှိတဲ့လက္ခဏာတွေကို ကြိုသိထားဖို့နဲ့ ဆရာဝန်ဆီမရောက်ခင် ကိုယ်လုပ်လို့ရတာလုပ်ထားဖို့ ပဲ လိုတာပါ။

အထိုင်အထ ရိပ်ခနဲ ဖြစ်တာ၊ မျက်စိပြာသွားတာ နဲ့ ချာချာလည်အောင် ခေါင်းမူးတာက မတူပါဘူး။
အထိုင်အထ ရိပ်ခနဲ ဖြစ်တာ၊ မျက်စိပြာတာက သပ်သပ်တလိုင်းပါ။ နောက်မှ ဆွေးနွေးပါမယ်။

အခု ချာချာလည်အောင် မူးတဲ့သူတွေ အတွက် အရင်ရေးပေးပါမယ်။
အဲဒါကြောင့် လက်တွေ့မှာ ချာချာလည်အောင် ခေါင်းမူးရင် ဘာ နဲ့စမလဲအရင်ကြည့်ရအောင်။

(၁) သတိလစ်ခြင်း ➡️ ပြန်ကောင်းသွားရင်တောင် ဆရာဝန်ချက်ချင်းပြရမယ့် လက္ခဏာပါ။ ‼️

(၂) ခေါင်းမမူးခင်က ခေါင်းကို ထိခိုက်မိထားတာရှိလား🤕 ➡️ ရှိတယ်ဆိုရင် မပေါ့ပါနဲ့၊ အရေးကြီးပါတယ်။

(၃) ခေါင်းမူးတာအပြင် ➡️
- ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာရှိလား?
- မျက်နှာ၊ ခြေ၊ လက်၊ ထုံတာကျဥ်တာ၊ အားနည်းတာရှိလား?
- မျက်စိအမြင်ဝေဝါးတာ?
- စကားပြောရတာ ခက်ခဲနေတယ် ထင်လား?
- ရုတ်တရက် နှလုံးခုန်မူမမှန်ဖြစ်လား? မြန်တာ၊ နှေးတာ?
- ကိုယ်အလေးချိန် သိသိသာသာလျော့လား?
(အသက်ကြီးတဲ့သူတွေမှာ အိမ်သားက မေးပေးမှ သူတို့က ပြောတာပါ၊ နဂိုကလည်း အဲ လက္ခဏာတွေရှိတယ်ဆိုရင် မူးတာနောက်ပိုင်း အဲလက္ခဏာတွေ ပိုဆိုးလာလား သိဖို့ အရေးကြီးပါတယ်)
*** အဲဒီလက္ခဏာတွေက ဆရာဝန် အမြန်ပြသင့်တဲ့ လက္ခဏာတွေပါ။ ‼️

(၄) မူးနေတဲ့အချိန် သွေးပေါင် တိုင်းကြည့်လို့ရပါတယ်။ (ဆရာဝန်မဟုတ်ဘဲ အတွေ့အကြုံရှိတဲ့သူတိုင်း လုပ်လို့ရပါတယ်) ကျတာရော၊ တက်တာရော ဖြစ်နိုင်ပါတယ်။
သွေးပေါင်ကျနေရင် ဓါတ်ဆားရည်အရင်တိုက်ပြီး အကြောင်းရင်း လိုက်ရှာရပါမယ်၊

တက်နေတယ်ဆိုရင် -
သာမာန်လူတွေတောင် မူးနေတဲ့အချိန်မှာ သွေးပေါင်တက်တတ်ပါတယ်။ သွေးပေါင်တက်တိုင်း သွေးပေါင်ကျဆေး မလိုပါ။ ဒါပေမယ့် နဂိုက သွေးတိုးအခံ ရှိတဲ့သူ၊ ဆေးသောက်နေကျသူနဲ့ သွေးပေါင် ၁၆၀/၉၀ အထက်‌ တွေမှာဆိုရင်တော့ သွေးပေါင်ကျဆေးလိုကောင်းလိုမှာ ဖြစ်တဲ့အတွက် နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ပါ။

(၅) သွေးတွင်းအချိုဓါတ်က မူးနေတဲ့အချိန် စက်ရှိရင် တိုင်းကြည့်ပါ။
သူလည်း ကျတာရော၊ တက်တာရော ဖြစ်နိုင်ပါတယ်။ ချွေးစေးထွက်၊ ရင်တလှပ်လှပ်ဖြစ်တာတွေပါ တွဲနိုင်ပါတယ်။
ကျရင် အချိုရည်သောက်ရပြီး တက်ရင်တော့ အင်ဆူလင်ဖြစ်ဖြစ်၊ ဆီးချိုဆေး ဖြစ်ဖြစ် လိုကောင်းလိုမှာဖြစ်တဲ့အတွက် သူလည်း ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

(၆) သာမာန်မူးတာက (၁၄) ရက်ထက်ပိုမကြာသင့်ပါ။ ပိုကြာရင် သတိထားပြီး ဆရာဝန်နဲ့ထပ် တိုင်ပင်ပါ။ ဖြူဖျော့နေရင်တော့ သွေးအားနည်းတာ ဖြစ်နိုင်ပြီး သေချာအောင် သွေးဖောက်စစ်မှရမှာပါ။
-----------------------------
(၁) ကနေ (၆) အထိ လက္ခဏာတစ်ခုမှ မရှိရင်တော့ ချာချာလည်အောင် မူးနေရင်တောင် သိပ်မစိုးရိမ်ပါနဲ့။
အရေးပေါ် ကုသတာထက် ဖြည်းဖြည်းချင်းပဲ ဆေးသောက်၊ ဖြည်းဖြည်းချင်းပဲ သက်သာတဲ့ အခြေအနေတွေ ဖြစ်ဖို့များပါတယ်။

(၇) မူးတာက (၁၄) ရက်မပြည့်သေးဘူး၊ ပျို့အန်တာလည်း ရှိတယ်ဆိုရင် ဆက်စဥ်းစားရမှာက
- မကြာခင်က 💊 ဆေးသောက်ထားတာရှိလား၊ ဆေးအသစ်? ဆေးအပြောင်းအလဲ? တစ်ခါတစ်ရံ အချို့ဆေးတွေက စစချင်း မဖြစ်ဘဲ လနဲ့ ချီသောက်မှ ခေါင်းမူးတာ ရှိပါတယ်။
- အရက်
- ကား၊ လေယာဥ်ပျံ၊ သင်္ဘော (၂ ရက်ထက်ပိုမကြာသင့်ပါ)✈️ 🚢 🚐

(၈) အပေါ်က ပြောသမျှနဲ့ တစ်ခုမှ မကိုက်ရင် ထပ်မေးရမှာက - 👂
နားအူတာ၊ နားပြည်ယိုတာ၊ အကြားအာရုံချို့ယွင်းတာရှိလား? နားထဲ အရည်ကျည်ဖုလေးတွေ ရှိလား? ➡️
ရှိရင်တော့ နားကြောင့် ဖြစ်တဲ့ ခေါင်းမူးတာဖြစ်နိုင်ပါတယ်။ နား နှာခေါင်း ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။

အဲဒီ လက္ခဏာတွေ မရှိလည်း နားထဲက အာရုံကြောတွေ ရောင်ရင်လည်း ခေါင်းမူးတာ တစ်မျိုးတည်းနဲ့ လာနိုင်ပါတယ်။

(၉) နားက ဘာမှ မဖြစ်ဘူး၊ ဒါပေမယ့် ခေါင်းအလှည့်အပြောင်း တအားမူးတယ်၊ အိပ်နေတုန်းလည်း ဟိုဖက် ဒီဖက်စောင်းရင် မူးနေတယ်ဆိုရင်တော့ အသက်ကြီးတဲ့သူတွေ အဖြစ်များတဲ့ BPPV လို့ခေါ်တဲ့ ခေါင်းမူးတာ ဖြစ်နိုင်ပါတယ်။ ယူဆတာကတော့ နားထဲက အရည်နဲ့ အစိုင်အခဲလေးတွေ မူမမှန်လို့ ဖြစ်တာပါ။ ခဏခဏ ပြန်ဖြစ်တတ်ပြီး စိုးရိမ်စရာမရှိပင်မယ့် ‌ဆေး သောက်ပြီး တော်ရုံမသက်သာတတ်ပါ။ ရုတ်တရက်ခေါင်းကို နောက်ပြန်လှန်ချတဲ့ Physio လုပ်ရင် အကျိုးရှိတယ်ပြောပါတယ်၊ ပြီးရင် လည်ပင်းကို မနက်ကတည်းက အပတ်ပတ်ပြီးငြိမ်အောင်ထား၊ တနေကုန် မလှဲဘဲ ငုတ်တုပ်ထိုင်၊ ညဖက်ကျမှ ဖြုတ်ပြီး အိပ် ရပါတယ်။
နမူနာကို အောက်ကလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=CPLOd6vqWKI

(၁၀) မုတ်ဆိတ်ရိတ်တုန်း၊ လည်ပင်းကော်လာပတ်ထားတုန်း၊ ခေါင်းအလှည့်အပြောင်းမှ ဖြစ်တာဆိုရင်တော့ လည်ပင်းက အကြောကို ထိမိတာ ဖြစ်ဖို့များပါတယ်။ ဆေးပေးတာထက် ကော်လာတွေ မပတ်ဖို့ သတိထားခိုင်းရတာပါ။

(၁၁) မျက်စိပြန်စမ်းဖို့လည်း မမေ့ပါနဲ့။

(၁၂) ယေဘူယျအားဖြင့် အထက်ပါအစဥ်အတိုင်း စဥ်းစားတယ်ဆိုပေမယ့် အခြားရောဂါအခံ ရှိတဲ့သူတွေမှာ ရောဂါနဲ့ လူနာအခြေအနေပေါ်မူတည်ပြီး စဥ်းစားပုံစဥ်းစားနည်းက ကွဲလွဲနိုင်တာမလို့ ရောဂါအခံရှိတဲ့သူတွေဆိုရင် မိမိပြနေကျဆရာဝန်နဲ့ အနည်းဆုံးတစ်ခါတော့ ပြန်ပြသင့်ပါတယ်။
---------------------------------
ဒီစာက မူးနေတဲ့သူတွေအတွက် ကိုယ်မူးတာ အရေးပေါ် အန္တရာယ်ရှိလား၊ မရှိလား တီးမိခေါက်မိရုံရေးပေးတာပါ။
* နံပါတ် (၇) ကနေ (၉) မှာပေးတဲ့ အမူးပျောက် ဆေးတွေ အကြောင်းကနောက်မှ ထပ်ရေးပေးပါမယ်။

Photo: credit

Dr. Kevin
MBBS, MRCP (UK)

ခေါင်းမှာစွဲတဲ့ ဒက် (Tinea capitis or Ringworm of scalp) 😥-------------------------------------ဒက် ဆိုတာက အမှန်တော့ မှို...
13/03/2022

ခေါင်းမှာစွဲတဲ့ ဒက် (Tinea capitis or Ringworm of scalp) 😥
-------------------------------------
ဒက် ဆိုတာက အမှန်တော့ မှိုတစ်မျိုးကြောင့် ဖြစ်တာပါ။ 🍄
ခုခံအားစနစ် ဖွံ့ဖြိုးဆဲ အရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။

ပွေးအုပ်စုဝင်ဖြစ်တဲ့အတွက် ပုံစံက အဝိုင်းမျိုးစုံဖြစ်ပြီး ဖြစ်တဲ့နေရာမှာ ဆံပင်မပေါက်တော့ပါ။ 😭
ပွေးဆိုရင် လူတိုင်းက ယားတယ်ပဲ ထင်တတ်ကြပေမယ့် သူကတော့ ထူးထူးခြားခြား သိပ်မယားတတ်ပါဘူး။ တခါတရံ ထ ထ ယားရင်လည်း တော်တော်ဆိုးပါတယ်။ 🤐

ဒက်ကို သေချာမကုပဲထားရင် တသက်လုံး ဆံပင်မပေါက်တဲ့ အမာရွတ်အကွက်ကလေးတွေ ကျန်ပါတယ်။ Scarring alopecia လို့ခေါ်ပါတယ်။ 😢

ဒက်ကနေ ပိုဆိုးလာရင် Kerion (ကီရီယွန်) လို့ခေါ်တဲ့ မှိုကြောင့်ဖြစ်တဲ့ ပြည်တည်နာ ဖြစ်တတ်ပါတယ်။
ဆရာဝန်အများစုက ဘက်တီးရီးယားကြောင့်ဖြစ်တယ်ထင်ပြီး မလိုအပ်ဘဲ ဘက်တီးရီးယား ပိုးသတ်ဆေး တွေပေးတတ်ပါတယ်။ တချို့ဆိုရင် ဓါးရာပေးပြီး ခွဲတောင် ခွဲခံရပါသေးတယ်။ 😰

အမှန်တော့လည်း ကီရီယွန်ကိုယ်တိုင်က မှားချင်စရာပါ။ ပုံမှာပြထားသလို ပြည်တည်နာကလည်း ပိုးသတ်ဆေးပေးပြီး ခွဲထုတ် သန့်ရှင်းရေး လုပ်ချင်စရာပါ။

ရုတ်တရက်ကြည့်လိုက်ရင် မှိုကြောင့်ဖြစ်တာလား၊ ဘက်တီးရီးယားကြောင့် ဖြစ်တာလား ခွဲရခက်ပင်မယ့် သေချာ စစ်ဆေးမေးမြန်း စမ်းသပ်ရင်တော့ သဲလွန်စ ရကောင်း ရပါလိမ့်မယ်။

နောက်ထပ် ဆင်တူယိုးမှား တစ်ခုက Eczema လို့ခေါ်တဲ့ နှင်းခူပါ။
သူကတော့ ဘက်တီးရီးယား၊ မှိုတွေကြောင့် မဟုတ်ဘဲ ခုခံအားစနစ် မူမမှန်လို့ဖြစ်တာပါ။
ဓါတ်မတည့်တဲ့ အစားရှောင်ရတယ် ဆိုတာ နှင်းခူမှာရှောင်ရတာပါ။

ဒက် နဲ့ ကီရီယွန် မှာတော့ အထွေအထူး ရှောင်စရာမရှိပါ။

နိုင်ငံခြားမှာဆိုရင်တော့ ဒက်ကို သေချာ နမူနာယူ... ဓါတ်ခွဲခန်းမှာ မှန်ပြောင်းနဲ့ ကြည့်၊ ပိုးမွေး အစရှိတာတွေ လုပ်သလို၊ UV အလင်းရောင်နဲ့ကြည့်တာလည်း ရှိပါတယ်။
ဒက် မှန်းသေချာရင်တော့ ဆေးတန်းပေးလို့လည်း ရပါတယ်။

ကုသဆေးများ
…………………..
Griseofulvin, Itraconazole, Terbinafine, Fluconazole, Miconazole
တွေက အသုံးများတဲ့ မှိုသတ်ဆေးတွေပါ။ လိမ်းဆေးရော သောက်ဆေးရော ရှိပြီး အခြေအနေပေါ် မူတည်ပြီး သောက်ဆေးရော လိမ်းဆေးရော ပေးပါတယ်။
ပုံမှန်အားဖြင့် ၄ ပတ်ကနေ ၆ ပတ်ထိ ကြာမြင့်ပါတယ်။ 👀

Selenium sulfide ပါတဲ့ ခေါင်းလျှော်ရည်လည်း လိုအပ်ရင် သုံးခိုင်းပါတယ်။
Povidone-iodine ပါတဲ့ ခေါင်းလျှော်ရည်လည်း ကောင်းပါတယ်။

တကိုယ်ရည်သန့်ရှင်းမှုအနေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို မျှဝေ မသုံးစွဲသင့်ပါဘူး။ ဥပမာ - မျက်နှာ သုတ်ပဝါ၊ ဘီး၊ ခေါင်းအုန်း၊ အိပ်ရာ၊ ခြင်ထောင်၊ အစရှိသည်များ။

ကီရီယွန်ကို ကုသရင် သတိထားရမယ့် အချက်က စတီးရွိုက်လို ဆေးမျိုးကို လိမ်းဆေး မပေးရဘဲ၊ သောက်ဆေးပဲ ပေးရတာပါ။ သောက်ဆေး ပေးရတဲ့ ရည်ရွယ်ချက်က ဆံပင်မပေါက်တော့မယ့် နေရာ မကြီးထွားလာအောင် ဖြစ်ပါတယ်။

လိမ်းဆေး အများစုက စတီးရွိုက်တွေပါတတ်လို့ သတိထားရှောင်ရှားသင့်ပါတယ်။

ငယ်ငယ်တုန်းက ဒက်ဖြစ်ပြီး အသက်ကြီးလာရင် ခုခံအားစနစ် ကောင်းလာတာနဲ့ အမျှ သူ့ဖာသာ ပျောက်သွားတာလည်း ရှိပါတယ်။ ဒါပေမယ့် မကုသပဲ ထားရင် အမာရွတ်ကျန်တာ ပိုဆိုးပါတယ်။
အချို့နေရာတွေက တသက်လုံး ဆံပင်မပေါက်တော့တဲ့ အကွက်တွေ ဖြစ်သွားပါတယ်။

ဒက် နဲ့ ကီရီယွန်တွေက ကုသချိန်ကြာပြီး ကုသရလည်း ခက်လို့ အမေရိကားလို နိုင်ငံမှာတောင် ဆရာဝန်တွေ ခေါင်းခဲရပါတယ်။
အချို့ ဘာဆေးမှန်း မသိတာတွေကို ၂ ခါလောက် လိမ်းပြီး သက်သာတယ်၊ အချပ်လိုက် ကွာကျတယ် လာပြောတာလည်း ရှိပါတယ်။

တကယ်လည်း သက်သာတယ်၊ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး၊ ဆံပင်လည်း ပြန်ပေါက်မယ် ဆိုရင် လာပြောပါ။ စက်ရုံဆောက် အများကြီးထုတ်ပြီး၊ အမေရိကားကို ပြန်တင်ပို့ရင် ပိုက်ဆံတွေ များကြီးရမှာပါ။

သူတို့ဆေးတွေကို ၆ ပတ်လောက် အချိန်ကုန်ခံပြီး သောက်ဖို့လိမ်းဖို့ မလိုပါ။
ကျွန်တော်တို့ နိုင်ငံလည်း ဒေါ်လာ အကုန်ခံပြီး အဲဒီနိုင်ငံခြားဆေးတွေကို တင်သွင်းနေစရာမလိုတော့ပါ။

နိုင်ငံခြားဆေးတွေကတော့ အမျိုးမျိုးဖြစ်ပြီး၊ သောက်ဆေးရော၊ လိမ်းဆေးရော၊ သူ့ ဆိုးကျိုးနဲ့ သူမလို့ ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။

စတီးရွိုက်လိုဆေးမျိုးကလည်း အလွန်တရာမှ ဘေးထွက်ဆိုးကျိုးများပြီး၊ ရောဂါကို ငုပ်ပြီးမှ ပြန်ဆိုးစေတာရယ်ကြောင့် ဆရာဝန်မညွှန်ကြားဘဲ လုံးဝ မသုံးစွဲသင့်တဲ့ဆေးပါ။

ဒက်ရဲ့ ဆိုးကျိုးကို သာသနာဘောင်မှာရှိတဲ့ ရဟန်းသာမဏေတွေလည်း အများဆုံး ခံရတာ မလို့ ပြန်လည်မျှဝေလိုက်ပါတယ်

Dr. Kevin
MBBS, MRCP (UK)
16.1.2022

G6PD ချို့တဲ့ခြင်းအကြောင်း 🩸G6PD ဆိုတာက ??G6PD ဆိုတာ Glucose 6 phosphate dehydrogenase လို့ခေါ်တဲ့ အင်ဇိုင်းဓာတ်တစ်မျိုး...
13/03/2022

G6PD ချို့တဲ့ခြင်းအကြောင်း

🩸G6PD ဆိုတာက ??
G6PD ဆိုတာ Glucose 6 phosphate dehydrogenase လို့ခေါ်တဲ့ အင်ဇိုင်းဓာတ်တစ်မျိုးပါ။ ဒီဓာတ်က သွေးထဲကသွေးနီဥလေးတွေကြံ့ခိုင်အောင်ကာကွယ်ပေးပြီး သူတို့ရဲ့အောက်ဆီဂျင်သယ်တဲ့လုပ်ငန်းတွေကို ပုံမှန်ဖြစ်အောင်ကူညီပေးပါတယ်။ ဒီအင်ဇိုင်းချို့တဲ့နေရင် သွေးနီဥတွေကထိရှလွယ်ပြီး ခန္ဓာကိုယ်ရဲ့ဓာတ်တိုးဖြစ်စဉ်တွေကို ခံနိုင်ရည်မရှိတော့ဘဲ ပြိုကွဲပျက်စီးကာ ရုတ်တရက်သွေးအားနည်းရောဂါကိုဖြစ်စေပါတယ်။

👨‍👨‍👦‍👦ဘယ်လိုလူတွေမှာ G6PD ဓာတ်ချို့တဲ့တတ်ပါသလဲ ?? ဘာကြောင့်ပါလဲ ??
G6PD ဓာတ်ချို့တဲ့တာဟာ မျိုးရိုးဗီဇ (Genetic) နဲ့ပတ်သက်ပါတယ်။ အထူးအားဖြင့် ယောကျာ်းလေးတွေမှာတွေ့ရများတတ်သော်လည်း အချို့မိန်းကလေးတွေမှာလည်းဖြစ်နေတတ်ပါတယ်။ မိန်းကလေးတွေမှာဖြစ်ရင် ထူးခြားတဲ့လက္ခဏာတွေမပြဘဲ မျိုးဗီဇကိုသာသယ်ဆောင်နေပြီး ကိုယ်ဝန်ဆောင်မီးဖွားချိန်ရောက်ရင် မိခင်မှကလေးသို့မျိုးဗီဇဆက်ပြီးပေးတတ်ပါတယ်။

🔍🔍 G6PD Deficiency ဖြစ်နေရင် ကြုံတွေ့ရနိုင်တဲ့ရောဂါလက္ခဏာတွေက ??
ရောဂါလက္ခဏာပြသချိန်တွေက တစ်ဦးနဲ့တစ်ဦးမတူညီတတ်ကြပါဘူး။ မွေးကင်းစကလေးတွေမှာဆိုရင်တော့ သွေးနီဥတွေပြိုကွဲလို့ မွေးပြီး (၁)ရက်မှ (၂) ရက်အတွင်း ရုတ်တရက်ပြင်းထန်စွာအသားဝါပါတယ်။ အသားဝါဓာတ် (Bilirubin) ထွက်တာများလွန်းခဲ့ရင် ဒီဓာတ်တွေကဦးနှောက်ကိုသွားထိပြီး ကလေးရဲ့ဦးနှောက်နဲ့အာရုံကြော၊ ဉာဏ်ရည်ဉာဏ်သွေး၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုစတာတွေထိခိုက်နိုင်ပြီး ကလေးမှာရာသက်ပန် မသန်မစွမ်း (Cerebral Palsy) ဖြစ်တာမျိုးနဲ့ အသက်အန္တရာယ်အထိတောင်ရှိနိုင်ပါတယ်။ ဒီလိုကလေးတွေက ပုံမှန်ကလေးအသားဝါတာထက်ပိုဝါတတ်လို့ မီးချောင်းပြရုံနဲ့မရတတ်ဘဲ သွေးလဲကုသတဲ့အဆင့်ထိရောက်လေ့ရှိပါတယ်။ အချိန်မီထိထိရောက်ရောက်ကုနိုင်ရင်တော့ ကလေးမှာအန္တရာယ်မရှိစေပါဘူး။

တချို့တွေကမွေးကင်းစမှာရောဂါမပြင်းထန်ဘဲ အသက်ကြီးတဲ့အထိဒီရောဂါကို ဖြစ်လို့ဖြစ်နေမှန်းမသိတာမျိုးလည်းရှိတတ်ပါတယ်။ အရေးကြီးတာတစ်ချက်က G6PD ချို့တဲ့သူတွေဟာ ပုံမှန်အားဖြင့်အလိုလိုသွေးနီဥပျက်ခြင်းများမရှိတတ်ဘဲ သာမန်လူတွေလိုပဲရှိတတ်ပါတယ်။ သို့သော်လည်း သူတို့နဲ့ဓာတ်မတည့်တာတစ်ခုခုနဲ့ထိတွေ့မိတာ၊ စားသုံးမိတာမျိုးရှိတဲ့အချိန်မှာ ရုတ်တရက်သွေးနီဥတွေပြင်းထန်စွာပြိုကွဲပြီး သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။ ဒီအခါမှာ သွေးအားနည်းခြင်းရဲ့ဆိုးကျိုးတွေဖြစ်တဲ့ မောပန်းခြင်း၊ ဖြူဖျော့ပြီးအားနည်းနေခြင်း၊ မျက်စိ၊ အသားဝါခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းမှအစပြုကာ ဆီးမည်းမည်းများသွားခြင်း၊ အမောဖောက်ပြီးသတိလစ်ခြင်းတွေအထိဖြစ်နိုင်ပါတယ်။

ဘယ်အသက်အရွယ်ပဲရောက်ရောက် မတည့်တာနဲ့တွေ့ချိန်တိုင်း ဒီလက္ခဏာတွေကအကြိမ်ကြိမ်ပြန်ဖြစ်တတ်ပါတယ်။ မတည့်တဲ့အချက်တွေနဲ့ထိတွေ့မှုကိုရပ်လိုက်ရင် လက္ခဏာတွေသက်သာသွားလေ့ရှိပါတယ်။ ဒါကြောင့်မို့ G6PD ချို့တဲ့တာကိုသိရှိတာနဲ့တပြိုင်နက် မတည့်တဲ့အရာတွေကိုမှတ်သားပြီး သတိပြုရှောင်ကြဉ်ပေးသွားကြဖို့က အထူးအရေးကြီးပါတယ်။

📛📛 G6PD ချို့တဲ့သူတွေနဲ့မတည့်တဲ့အရာတွေက ??
(၁) တောင်ကြီးပဲလှော်၊ ပဲကြားများ၊ ပဲကြီး၊ ပဲပိစပ်၊ ပဲပုပ်စတဲ့ပဲများ
(၂) ကြက်ဟင်းခါးသီး၊ ဒန်းရွက်၊ လက်ဖက်နှင့် လက်ဖက်စိမ်း (Green Tea)
(၃) Chemical ဆိုးဆေးများ၊ မဲနယ်ပါသော အသုံးအဆောင်၊ အစားအစာအမျိုးမျိုး
(၄) ပရုတ်လုံး၊ ပရုတ်ခဲနှင့် ပရုတ် (Menthol) ပါသောအစားအစာ၊ အသုံးအဆောင်များ ( သကြားလုံး၊ ပီကေ၊ သွားတိုက်ဆေး၊ ဒဏ်ကြေဆေး၊ ပရုတ်ဆီစသဖြင့်) လုံးဝမသုံးရပါ။ (*** မွေးကင်းစကလေးအတွက် အနှီးပြင်ဆင်ချိန်မှာပရုတ်လုံးများမထည့်ဘဲ ပြင်ဆင်သင့်ပါတယ်။***)
(၅) ဆေးဝါးများတွင်လည်း G6PD ချို့တဲ့သူများနဲ့မတည့်တဲ့ဆေးတွေများစွာရှိပါတယ်။ အဓိကသုံးများတတ်သောဆေးများအနေနဲ့
- ဗီတာမင် C နှင့် ဗီတာမင် K ဆေးများ၊ သံဓာတ်များသောဆေးများ
- ဆာလ်ဖာ (Sulphur) ပါသောဆေးများ Septrin, Chloramphinicol, Streptomycin,
- အကိုက်အခဲပျောက်ဆေးအုပ်စုတွင် Asprin, Paracetamol ပါသောဆေးများ
- ပဋိဇီဝပိုးသတ်ဆေးများတွင် Quinolones (Ciprofloxaccin, Ofloxaccin, Norfloxaccin) ၊ Nalidixic acid၊ Nitrofurantoin
- ငှက်ဖျားဆေးများ Primaquine၊ Pentuquine ၊ Quine အမည်ပါဆေးဝါးများ
- အချို့သောကင်ဆာဆေးများ၊
- အချို့သော တိုင်းရင်းဆေးများ
(၆) အချို့သောဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကူးစက်ခံရခြင်း စတဲ့အကြောင်းရင်းတွေက G6PD ချို့တဲ့သူတွေအတွက် ရောဂါပြင်းထန်စေတတ်လို့ သတိပြုရှောင်ကြဉ်ပေးရမှာဖြစ်ပါတယ်။ ဆရာဝန်ပြသချိန်တိုင်းမှာ မိမိမှာဒီအင်ဇိုင်းချို့တဲ့ကြောင်း မမေ့မလျော့ပြောပြရမှာဖြစ်ပါတယ်။

💊💉 G6PD ချို့တဲ့လို့သွေးအားနည်းရင်ဘယ်လိုကုသမှုခံယူရတတ်ပါသလဲ??
ပထမဦးဆုံးအနေနဲ့ ဖြစ်စေတဲ့အကြောင်းအရာကို ရှာဖွေပြီးချက်ချင်းရပ်တန့်ရမှာပါ။ ဒီလိုမတည့်တဲ့အရာကိုရပ်တန့်ရုံနဲ့ ရောဂါလက္ခဏာတွေက သက်သာလာတတ်ပါတယ်။ တချို့မှာတော့ရောဂါဆိုးရွားနေရင် ဆေးရုံတက်ပြီးအောက်ဆီဂျင်ရှုရတာ၊ သွေးအားတိုးဆေးများပေးတာ၊ သွေးသွင်းတာမျိုးတွေလုပ်ပြီး ကုသရတတ်ပါတယ်။

💢💢 G6PD ချို့တဲ့ခြင်းကိုစောစောသိရှိနိုင်ဖို့ ??
G6PD ချို့တဲ့မှုရှိမရှိကို သွေးဖောက်စစ်ဆေးခြင်းဖြင့်သိနိုင်ပါတယ်။ မိမိရဲ့မျိုးရိုးထဲမှာဒီရောဂါရှိဖူးရင် ကလေးမွေးဖွားတဲ့အခါမှာ အထူးသဖြင့်ယောကျားလေးဖြစ်ပါက မွေးကင်းစကလေးအရွယ်တည်းက သွေးစစ်ကြည့်ထားသင့်ပါတယ်။ ဒါမှသာမတည့်တဲ့အရာတွေကို ကြိုတင်ရှောင်ထားလို့ရမှာပါ။ ဒီလိုရှောင်ကြဉ်နေထိုင်နိုင်ရင် တသက်တာလုံးဒီရောဂါကြောင့်အန္တရာယ်မရှိနိုင်ဘဲ သာမန်လူများကဲ့သို့ကောင်းမွန်စွာနေထိုင်နိုင်ပါကြောင်း ကျန်းမာရေးဗဟုသုတမျှဝေပေးလိုက်ပါတယ်👩‍🔬

Source - https://www.medscape.com

အစာအိမ်ဝေဒနာခံစားနေရသော မိဘများခင်ဗျာ ချမ်းစိမ့်အစာအိမ်ဆေးလေးတွေပြန်လဲရရှိပါပြီခင်ဗျာနဂါးလျှက်ဆား(ထွန်းအောင်ကျော်)များလဲ...
22/08/2021

အစာအိမ်ဝေဒနာခံစားနေရသော မိဘများခင်ဗျာ ချမ်းစိမ့်အစာအိမ်ဆေးလေးတွေပြန်လဲရရှိပါပြီခင်ဗျာ
နဂါးလျှက်ဆား(ထွန်းအောင်ကျော်)များလဲ ဝယ်ယူအားပေးလို့ရပါပြီခင်ဗျာ
မြနန်းတော်ဆေးဆိုင်
အ.ထ.က ကျောင်းရှေ့
ရှိုးစံအလှပြင်ဆိုင်အရှေ့ဘက်
Ph 09265505516

Oximeter ကို မှန်ကန်စွာ အသုံးပြုနည်း။⚠️တိုင်းတဲ့အခါ fitting ကျဖို့လိုပါတယ်။လက်ချောင်းကို တပိုင်းတစထည့်ထားတာ၊ တစောင်းဖြစ်...
12/07/2021

Oximeter ကို မှန်ကန်စွာ အသုံးပြုနည်း။
⚠️တိုင်းတဲ့အခါ fitting ကျဖို့လိုပါတယ်။လက်ချောင်းကို တပိုင်းတစထည့်ထားတာ၊ တစောင်းဖြစ်နေတာဆိုရင် ပြင်ပက အလင်းတွေက နှောက်ယှက်ပြီး တိုင်းတာမှုမှားနိုင်ပါတယ်။
⚠️တိုင်းတဲ့အခါ ညာဖက်လက်ခလယ်နဲ့ ညာဖက်လက်မသည် အမှန်ကန်ဆုံးအနီးစပ်ဆုံး သွေးတွင်းအောက်စီဂျင်ကို ဖော်ပြပါတယ်( ဆရာကြီး ဒေါက်တာတင့်ဆွေ ရေးသားသော post တစ်ခုမှကူးယူတင်ပြခြင်းဖြစ်ပါသည်)
⚠️oximeter တပ်ထားပြီးရင် သွေးခုန်နှုန်းပြတဲ့ အသံလေး၊ လှိုင်းပုံစံလေး က စည်းချက်ညီညီ ပြေးနေတာမြင်ရတဲ့ အထိစောင့်ရပါမယ်။ မဟုတ်ရင် မှားယွင်း နိုင်ပါတယ်။(အလွယ်ပြောရရင် တိုင်းနေစဉ်လက်ကို ငြိမ်ငြိမ်ထားပေးပါ)
⚠️ သွေးကြောမျှင်တွေထဲမှာ သွေးလျောက်မှုနည်းနေတဲ့အခါလဲ တိုင်းတာမှုမှားနိုင်ပါတယ်။ ဥပမာ လက်ကတအားအေးစက်နေတာတို့၊ pulse oximeter ကို အပြင်ကနေ အတင်းဖိထားတာတို့၊ shock(သွေးလန့်) ရနေတဲ့အခါတို့ ဖြစ်ပါတယ်။
⚠️လက်သည်းဆိုးဆေးဆိုးထားတာတို့ လက်သည်းတုကပ်ထားတာတို့ဆိုရင်လဲ တိုင်းတာမှုမှားနိုင်ပါတယ်။ တိုင်းမဲ့လက်ချောင်းက ဆိုးထား ကပ်ထားတာကို ဖျက်ဖို့လိုပါမယ်။
⚠️တိုင်းမဲ့သူရဲ့သွေးထဲမှာ ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင်တွေ ရှိရင်လဲ တိုင်းတာမှုမှားနိုင်ပါတယ်။ (ဥပမာ နဂိုကတည်းက သွေးနဲ့ပက်သက်သော ရောဂါတခုခု ရှိထားသော လူနာဆိုလျင်)
⚠️နှလုံးခုန်မှု ပုံမမှန်တဲ့လူနာတွေမှာလဲ တိုင်းတာမှု မှားယွင်းနိုင်ပါတယ်။
(ဥပမာ နှလုံးရောဂါရှိသူများ)
⚠️နောက်တခုက တိုင်းတာနေစဉ် လက်မငြိမ်လျှင်လဲ မှားနိုင်ပါတယ်။ လူနာအဖျားတက်နေတာတို့ ဂယောင်ကတမ်းနဲ့ မငြိမ်မသက်ဖြစ်နေတာတို့ ဖြစ်ပါတယ်။
⚠️နောက်တခုက ပြတဲ့ပမာဏ ၇၀% အောက်ရောက်နေရင် ပေါ်နေတဲ့ပမာဏဟာ reliable သိပ်မဖြစ်တော့ပါဘူး။ ပြချင်တာပြတဲ့သဘောပါ။ ဘာဖြစ်လို့လဲဆိုရင် ထည့်ထားတဲ့ Algorithms တွေက လူသာမာန်တွေမှာ တိုင်းလို့ရတဲ့ ခံနိုင်တဲ့ပမာဏကိုပဲ ထည့်ပေးထားတာမို့ပါ။
⚠️ oximeter အမျိုးအစား တခုနဲ့တခုလဲ ပမာဏအနည်းငယ်ကွာနိုင်ပါတယ်။
⚠️ နောက်တခုက oximeter ဟာ သွေးထဲကအောက်ဆီဂျင်ပမာဏသာတိုင်းပြီး လူနာရဲ့ အသက်ရှူပုံနှေးတာတွေ သွေးထဲမှာကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်တက်ပြီး သတိလစ်တာတွေကို မသိနိုင်ပါဘူး။ ဒါတွေဟာလဲ Covid မှာအရေးကြီးပါတယ်။
⚠️covid 19 မှာက ထပ်ပြီးသတိထားရမှာက silent hypoxia ဆိုတာရှိပါတယ်။ လူနာက မောတဲ့အရိပ်အရောင်လုံးဝမပြပဲ အောက်ဆီဂျင်ကျနေတာပါ။ oxymeter ဆောင်ထားရင် အလွယ်တကူသိနိုင်တာပေါ့
⚠️နောက်တချက်အရေးကြီးတာပါ exertional hypoxia( လှုပ်ရှားရင်အောက်ဆီဂျင်ကျခြင်း) ပါ။ ကိုယ့်ကိုယ်ကို သံသယရှိလို့ တိုင်းကြည့်ရင် နားလျက်အနေအထားနဲ့တခါ လှုပ်လှုပ်ရှားရှား ပြုလုပ်ပြီးတခါ တိုင်းသင့်ပါတယ်။ exertional hypoxia ရှိရင် လှုပ်ရှားပြီးတဲ့အခါ အောက်ဆီဂျင်ပမာဏ ကျသွားတတ်ပါတယ်။ ဒါဟာလဲ covid 19 လက္ခဏာတခုပါ။
⚠️နောက်တချက်က oximeter ဟာ သွေးထဲမှာ အောက်ဆီဂျင်ပမာဏ လိုတာထက်ပိုများနေတာကို မသိနိုင်ပါဘူး။ သူအကောင်းဆုံးပြနိုင်တာ ၁၀၀%ဖြစ်ပါတယ်။ လူနာကောင်းစေချင်ပြီး အောက်ဆီဂျင် ၁၀၀% မရရအောင် အတိုင်းအဆမရှိပေးရင် အန္တရာယ်ရှိပါတယ်။ တန်ဆေးလွန်ဘေးပါ။
မှီငြမ်းပြု (Ref:) Morgan and Mikhail's Clinical Anesthesiology, Anaesthesia Secrets
လူထုကို Toxic ဖြစ်စေသော ၊မှားယွင်းသော အချက်အလက်များ နည်းနိုင်သမျှနည်းစေမယ့် ယုံကြည်စိတ်ချရသည့် ဆောင်းပါးများမှ ကူးယူဖော်ပြပါသည်

မိမိသိချင်တဲ့ဆေးအကြောင်းကို Comentမှာဝင်မန့်ပေးသွားလို့ရပါတယ်။.............................................................
02/07/2021

မိမိသိချင်တဲ့ဆေးအကြောင်းကို Comentမှာဝင်မန့်ပေးသွားလို့ရပါတယ်။.............................................................
မိမိသောက်နေတဲ့ဆေး ဒါမှမဟုတ် ကိုယ့်မိဘ ကိုယ့်ဆွေမျိုးသောက်နေတဲ့ ဆေးအကြောင်းကို ဆရာဝန်ကို မေးဖို့ အချိန်မရှိလိုက်ဘူး၊
ဆေးဆိုင်မှာလည်း လူတွေရှုပ်နေတာနဲ့ မမေးမိလိုက်ဘူး၊
ဘာအတွက် သောက်ရတာလဲ?
ဘယ်လိုသောက်ရတာလဲ? အစာနဲ့လား? အစာနဲ့ဝေးဝေးလား?
အများဆုံး ဘယ်နှလုံးထိသောက်လို့ရလဲ?
အခြားဆေးတွေနဲ့ တွဲသောက်လို့ ရလား?
အဲဒီ‌မေးခွန်းပေါင်းများစွာကို Google မှာရှာတော့လည်း ကိုယ်နားမလည်တဲ့ ဆေးပညာအသုံးအနှုန်းတွေနဲ့...
ဆေးဘူးကလည်း ပျောက်သွားပြီ၊ ဆေးဘူးမှာပါတဲ့ အညွှန်းစာရွက်ကလည်း ဘယ်ဆီရောက်မှန်းမသိ ဖြစ်နေတယ်ဆိုရင်
ဆေးဘူးကို ဓါတ်ပုံရိုက်ပြီး Comentဝင်မန့်လို့ ရသလို၊ ဆေးအမည်ကို ဝင်မန့်သွားလည်းရပါတယ်။
ဆေးအကြောင်းအပြည့်အစုံကို ရေးပြီး လူတိုင်း အသိပညာရစေရန် pageမှာ တင်ပေးပါမည်။

ကျန်းမာရေးအသိပညာ အားနည်းနေသေးသည့် ကျွန်တော်ရဲ့ မိဘများကို ကူညီရန်ရည်ရွယ်ပါသည်။
မိမိအတွက်မေးစရာမရှိလျှင်လဲ အခြာလူများသိစေရန်
Page လေးကို shareပေးဖို့တောင်းဆိုပါရစေ။

01/07/2021

ကျန်းမာရေးနှင့် ပက်သက်သမျှ မေးခွန်းလေးတွေကို
၀၉၂၆၅၅၀၅၅၁၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။
နောက်နေ့တွေမှာလဲ အခုလို့ကျန်းမာရေးနှင့်ဆိုင်သော Short Video လေတွေ တင်ဆက်သွားမှာဖြစ်တဲ့အတွက်
Like and Share လေးလုပ်ပေးပါဦးလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။မြနန်းတော်ဆေးဆိုင်
အ.ထ.က ကျောင်းရှေ့
ပေါက်မြို့။
Ph 09265505516
ဝယ်ယူအားပေးကျသော တစ်ဦးတစ်ယောက်ဆီတိုင်းကို
အထူးပဲကျေးဇူးတင်းပါတယ်ခင်ဗျာ။

အနံ့ပျောက်သောသူများအတွက် Fever Clinic ဆရာဝန်မှ ညွှန်သော ဆေးညွန်း။အနံ့ပျောက်ပြီး ဆေးခန်းမသွားချင်ဘူး အိမ်မှာပဲနေပြီးဆေးသေ...
27/06/2021

အနံ့ပျောက်သောသူများအတွက် Fever Clinic ဆရာဝန်မှ ညွှန်သော ဆေးညွန်း။

အနံ့ပျောက်ပြီး ဆေးခန်းမသွားချင်ဘူး အိမ်မှာပဲ
နေပြီးဆေးသောက်ကြည့်မယ်ဆိုသူများအတွက်

မိမိမှာ အနံ့ပျောက်ပြီး စိတ်ထင်နေသူများ ..
ဆေးခန်းမသွားချင်ဘူး၊Qလဲမဝင်ချင်ဘူးအိမ်မှာ
ပဲနေပြီး ဘယ်မှ မထွက်ဘဲသောက်ဆေးသောက်ချင်သူများအတွက်အကြုံပြုပါရစေ။ သောက်ရ
မဲ့ဆေးညွှန်းလေးတွေနဲ့ ဆေးပုံကိုလည်း အောက်
မှာဖော်ပြပေးထားပါတယ်။

အနံ့ ပျောက် သွား လို့ FEVER CLINIC ကို ဖုန်းဆက် တော့ ညွှန်းပေး လိုက်တဲ့ ဆေးလေးတွေကြောင့် သက်သာပြီး အနံ့ပြန်ရလာသူတစ်ဦးက အကြံပြုပေးထားပါတယ်။

Afrin

ကို တစ်နေ့ သုံးကြိမ် နှာခေါင်း တစ်ဖက် လျှင်အစက်၂စက်ခန့်ထည့်ပေးပါ။ “ကျတော်ပြီးခဲ့တဲ့ Sunday က အနံ့ ပျောက် သွားခဲ့ တယ်။ fever clinic ကို ဖုန်းဆက်တော့ ဆရာဝန် ကျတော့်ကို အောက်မှာ ပြထားတဲ့ ဆေးတွေ သောက်ခိုင်းခဲ့တယ်။ မိသားစုနဲ့တော့ ခွဲနေခဲ့ပါတယ်။

အရင်ဆုံးဗုဒ္ဓဟူးနေ့မှာအနံ့သင်းသင်းလေးတွေ
ပြန်ရပြီး ကြာသပတေးနေ့ ကျ အနံ့တွေအကုန်
ပြန်ရပါတယ်။ ကျန်တာတွေလဲ ဘာမှ မဖြစ်ပါ
ဘူးအခုတော့အကုန်လူကောင်းအတိုင်းပြန်ဖြစ်
နေပါပြီ။

ALERDAY 120

ကို တော့ ညဘက် တစ်လုံး သောက်ရပါ့မယ်။ ဒါပေမဲ့ ထပ်ပြီး စိတ်ချရအောင်တော့အနံ့ပြန်ရ
ပြီး နောက်ထပ် ၁၄ ရက်ပြည့်အောင်ဆရာ၀န်က
ခွဲ နေခိုင်းလို့ နေနေ ပါတယ်။ ကျတော်ဘယ်လို
အနံ့ ပြန်ရလဲ ဆို ဆရာ၀န် ညွှန် တဲ့ ဆေးတွေ
သောက်တယ်။အိပ်ရေးဝအောင်အိပ်တယ်အား
ရှိအောင် အိမ်က ထမင်းဟင်းကိုသေချာစားပါတယ်(မစားချင်လဲရအောင်အတင်းစားရတယ်)

ImunActiv

က တော့ တစ်နေ့ တစ်လုံး သောက်ရပါမယ်။
တနေ့ ကြက်ဥပြုတ် ၂ လုံး စားတယ် (၁ လုံးကိုတော့ အကုန်စားပြီး နောက်တလုံးကိုတော့အ
ကာပဲစားတယ်) ငှက်ပျောသီး တနေ့တလုံးစားတယ်။ တခြား ကိုယ် သောက်နေကျ အားဆေး
ဘာညာရှိရင် ပုံမှန်တိုင်း ဆက်သောက်ပါ ရပါတယ်။

C-Vion

ရေအစား ဓါတ်ဆား ရေ သောက်တယ်။ ဂျင်း
ပြုတ်ရည်သောက်တယ်။ကျတော်ကတော့အိမ်ကတိုက်လို့Brandsငှက်သိုက်တနေ့၁ဗူးသောက်တယ်။C-Vionကိုလည်းတစ်နေ့တစ်လုံးသောက်
ရပါမယ်။

ဒီပိုးက အဓိက ကိုယ်ခံအားနဲ့ ပြန်တိုက်ထုတ်ရ
တာ မို့လို့ အားရှိမဲ့အစာအကုန် စားပါတယ်။ ဒီ
Post က ကျတော် သောက်ပြီး ကောင်းလာတာ
ကို လိုအပ်မဲ့သူတွေ အတွက်ပြန် share ပေးတဲ့သဘောပါ။

နှာခေါင်းထဲ ထည့်ရတဲ့ ဆေးက ဆေးညွှန်းအ
တိုင်း ၂ စက် ပဲ ချဗျ များသွား ရင် ခါးတယ်။အားလုံးပဲ အမြန်နေကောင်းကြပါစေ။copy ယူလာတယ်

Credit – Kyaw Myo Htet

သွေးပေါင်ကျဆေး အုပ်စုကြီး (၄) ခု 🏥--------------------------------------သွေးပေါင်ကျဆေး ဘယ်တစ်ခု သောက်သောက် သွေးပေါင်ကျရင...
26/06/2021

သွေးပေါင်ကျဆေး အုပ်စုကြီး (၄) ခု 🏥
--------------------------------------
သွေးပေါင်ကျဆေး ဘယ်တစ်ခု သောက်သောက် သွေးပေါင်ကျရင် ပြီးတာပဲလို့ ယူဆရင် အကြီးအကျယ်မှားပါလိမ့်မယ်။ ‼️
သွေးပေါင်ကျဆေးတွေက တံဆိပ်အစုံပဲ ဘာတွေမှန်း မသိတော့ဘူးဆိုရင် ဒီစာကို အကြမ်းဖျင်းဖတ်လိုက်ပါ။

အများဆုံး ပေးတတ်တဲ့ သွေးပေါင်ကျဆေးက A,B,C,D ဆိုပြီး အုပ်စုကြီး (၄) ခုထဲက ပေးတာများပါတယ်။
အုပ်စု (A) -
-‌သွေးထဲမှာရှိတဲ့ သွေးတိုးစေတဲ့ဓါတ်ကို သွားထိန်းပါတယ်။
- (A) အုပ်စုဝင်ဆေးများ - ACEi, ARB တွေ ဖြစ်တဲ့ Captopril, Enalapril, Lisinopril, Ramipril, Telmisartan, Losartan, Valsartan

အုပ်စု (B)
- နှလုံးခုန်နှေးစေပြီး သွေးတိုးကျစေပါတယ်။
- (B) အုပ်စုဝင်ဆေးများ - Atenolol, Metoprolol, Bisoprolol, Labetolol, Propanolol

အုပ်စု (C)
- သွေးကြောများကို ကျယ်စေ၍ သွေးပေါင်ထိန်းညှိပေးပါတယ်။
- (C) အုပ်စုဝင်ဆေးများ - Amlodipine, Nifedipine, Verapamil, Diltiazem
(အချို့ဆေးများက နှလုံးခုန်ပါနှေးစေပါတယ်)

အုပ်စု (D)
- ဆီးသွားစေ၍ သွေးပေါင်ကျစေပါတယ်။
- (D) အုပ်စုဝင်ဆေးများ - Hydrochlorothiazide, Chlorthalidone, Spironolactone, Furosemide

ဘယ် ဆေး အရင်ရွေးပေးမလဲ ဆိုတာက လူနာရဲ့ အသက်အရွယ် နဲ့ ရောဂါအခံရှိတာတွေအပေါ်မူတည်ပါတယ်။

ဥပမာ - (A) အုပ်စုဝင် ဆေးတွေက ဆီးချိုသမား တွေမှာ ကျောက်ကပ်ထိတာကို ကာကွယ်ပေးပြီး၊ နှလုံးထိထားတဲ့သူတွေမှာ အမောဖောက်တဲ့ အကြိမ်ရေကို လျှော့ချပေးနိုင်ပါတယ်။
အုပ်စုဝင် (D) တွေက တော့ လေဖြတ်ထားတဲ့လူနာတွေနဲ့ နှလုံးအားနည်းတဲ့သူတွေမှာ ပိုအသုံးဝင်ပါတယ်။

ဆိုလိုတာက အချို့ဆေးတွေက သွေးတိုးလည်းကျစေတဲ့ အပြင် အခြား အာနိသင်ပါတွဲရှိနေတာပါ။ 👍👍
အဲဒါအပြင် အုပ်စု တစ်ခုထဲမှာတောင် ဘယ်ဟာက ဘယ်ရောဂါအတွက် ပိုကောင်းတယ်ဆိုတာ ရှိပြန်ပါတယ်။

(C) အုပ်စုဝင်ဆေးတူတူပဲ ဖြစ်တဲ့ Amlodipine နဲ့ Nifedipine မှာတောင် Nifedipine က ကျောက်ကပ်သမားတွေ အတွက် ပိုကောင်းတယ် ဆိုတာမျိုးပါ။............................
သွေးတိုးကျဆေး တွေမှာ Mortality Benefit (အသက်ရှည်တဲ့အကျိုး) ဆိုတာလည်း အရေးကြီးပါတယ်။

ဆိုလိုတာက ဆေး ၂ မျိုး သွေးပေါင်ကျ‌ စေတာချင်း တူနေရင်တောင်မှ ဆေးတစ်မျိုးက ပိုအသက်ရှည်စေတာပါ။

ဆေးပေးတဲ့ ဆရာဝန်က ထွက်သမျှ သုတေသန စာတမ်းတွေကို မျက်ချည်မပြတ် ဖတ်ထားဖို့လိုပါတယ်။

သွေးပေါင်ကျရုံ ဆေးပေးတာကတော့ လမ်းထိပ်က ကွမ်းရာသည်လည်း ပေးတတ်သလို ဆေးအကြောင်းနားမလည်တဲ့ အမျိုးတွေအချင်းချင်းလည်း ညွှန်းတတ်ပါတယ်။
သွေးပေါင်ကျရုံလေးပဲဆို ဆရာဝန်မလိုပါဘူး။ 😅
(*** သွေးတိုးကုတယ်ဆိုတာ ကိန်းဂဏန်းကို ကုတာမဟုတ်ဘဲ အသက်ရှည်အောင်နဲ့ အနာရောဂါကင်းရှင်းအောင် ကုရတာပါ).............................
အခြား အုပ်စုဝင် အသေးလေးတွေမှာတော့ အခြေအနေပေါ်မူတည်ပြီး သုံးတဲ့ ဆေးတွေ ရှိပါတယ်။

Prazosin, Terazosin, Doxazosin တွေက သွေးတိုးတာနဲ့ ဆီးကျိတ်ကြီးတာတွဲရင် သုံးပါတယ်။

နောက်အုပ်စုဝင်တွေကတော့ ဆေးရုံတွေ ပေါ်မှာပဲ အရေးပေါ် သွေးတိုးကျရန် ပေးတာများပါတယ်။..............................
ဆေး တစ်ခုနဲ့ မရရင် အခြားအုပ်စုဝင်တွေနဲ့ တွဲပေးပါတယ်။ အတွဲအများဆုံးက
A+C
C+D
A+D
A+C+D တွေ ဖြစ်ပါတယ်။

အုပ်စုတစ်ခုထဲက ဆေးအတူတူ နှစ်ခု ပေးတာ အလွန်တရာမှ ရှားပါတယ်။

👍အုပ်စုပေါင်းပေးတာက တစ်ခုထဲ ပမာဏများများ သောက်တာထက် ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးရလာဒ်များလို့ သွေးပေါင်ပေါ်မူတည်ပြီး သောက်သင့်ပါတယ်။

*** အချို့ တွဲမသောက်သင့်သည့် ဆေးများရှိသည့်အတွက် သွေးပေါင်ကျဆေးလည်း ဆရာဝန် နဲ့ ပုံမှန်ပြပြီး သောက်သင့်ပါတယ်။‼️‼️

(တစ်ခုချင်းဆီရဲ့ ဘေးထွက်ဆိုးကျိုး နဲ့ အသုံးကတော့ နောက်မှ အသေးစိတ်ရှင်းပါမယ်၊ စိတ်ဝင်စားရင်ပဲဖြစ်ဖြစ် ကိုယ့်မိဘ၊ ဆွေမျိုး၊ ချစ်ခင်ရသူတွေအတွက် သိထားချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် Like & Share လုပ်ထားလို့ ရပါတယ်) 🥰

Dr. Kevin
M.B.,B.S, MRCP (UK)
Crd

Paracetamol (ပါရာစီတမော) -------------------------------------------အကိုက်အခဲသက်သာစေပြီး အဖျားကျစေသော အာနိသင်ရှိသည်။ 🤒 အ...
26/06/2021

Paracetamol (ပါရာစီတမော)
-------------------------------------------
အကိုက်အခဲသက်သာစေပြီး အဖျားကျစေသော အာနိသင်ရှိသည်။ 🤒 အရောင်လျော့စေသော အာနိသင်မရှိပါ။ အခြားအနာသက်သာသော ဆေးများထက် အစာအိမ်ကို ထိခိုက်စေခြင်း အလွန်နည်းပါးပါသည်။

ဆေးအသုံးဝင်ပုံ-
ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အရိုးအဆစ်နာခြင်း၊ နှင့်ဖျားနာခြင်းတို့တွင် အသုံးပြုလေ့ရှိသည်။ မည်သည့်ကိုက်ခဲခြင်းကိုမဆို ပါရာစီတမောဖြင့်သာ အရင်စပြီး အနာမသက်သာပါက အခြားအနာသက်သာဆေးများ (ဥပမာ -NSAID အုပ်စုဝင်ဆေးများ၊ Opioid အုပ်စုဝင်ဆေးများ) ပေါင်းထည့်လေ့ရှိသည်။ အင်္ဂလန်တွင်လည်း ဘယ်နားနာနာ ဘယ်ဆရာဝန်ဆီသွားသွား ပါရာစီတမောသာ အရင်ပေးလေ့ရှိသည်။ ပါရာစီတမော နှင့်မသင့်လျော်သည့်သူများ (ဥပမာ- အသဲမကောင်းသည့်သူများနှင့် ပါရာစီတမော ဓါတ်မတည့်သည့်ရာဇဝင်ရှိသူများ) ကိုသာ အခြားအနာသက်သာသည့်ဆေးများ ပြောင်းပေးပါသည်။

ဆေးပုံစံနှင့် အချိန်အဆ- 💊
စားဆေး၊ စအိုထဲထည့်သော ဒုံးကြည်နှင့် ထိုးဆေးဟူ၍ ရှိပါသည်။
စားဆေး (၅၀၀) မီလီဂရမ်မှ (၁,၀၀၀) မီလီဂရမ်တစ်နေ့ လေးကြိမ် စုစုပေါင်း တစ်နေ့ (၅၀၀) မီလီဂရမ် ဆေးလုံး (၈)လုံးကို ခွဲ သောက်နိုင်သည်ဟု အနောက်တိုင်းစာများက ရေးသော်လည်း အနောက်တိုင်း ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရွယ်အစားနှင့် မြန်မာလူမျိုးများ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံအရွယ်အစား မတူသည့်အတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းမရှိဘဲ တစ်နေ့ကို (၅၀၀) မီလီဂရမ် (၄) ကြိမ်၊ စုစုပေါင်း (၂၀၀၀) မီလီဂရမ်ထက်ပို မသောက်သင့်ပါ။ ❗
ကလေးများအတွက် အကြမ်းဖျင်း ကိုယ်အလေးချိန် တစ်ကီလိုလျှင် (၁၀) မီလီဂရမ်နှုန်း တစ်နေ့လေးကြိမ် ပေးနိုင်သည်။ ၆ နှစ်အောက်ကလေးများ ကျွမ်းကျင်သောဆရာဝန်နှင့်တိုင်ပင်ပါ။ ၆ နှစ်နှင့် ၁၂ နှစ်ကြား - တနေ့ ၁၅၀၀ မီလီဂရမ်၊ ၅ ရက်ထပ်ပိုသုံးပါက ဆရာဝန်ညွှန်ကြားချက်လို။ အသက် ၁၂ နှစ်အထက် - တနေ့ကို (၂၀၀၀) မီလီဂရမ်ထပ်ပိုသုံးပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

သတိထားရမည့်အချက်များ- ‼️
အသည်းကို ထိခိုက်စေနိုင်သဖြင့် အသည်းရောဂါရှိသူများ သတိထားသင့်သည်။ အသည်းရောဂါရှိသူများတွင် တနေ့ကို အများဆုံး (၂၀၀၀) မီလီဂရမ် ....(၅၀၀) မီလီဂရမ် (၄)လုံး.... သောက်နိုင်သည်ဟု သုတေသန စာတမ်းများက ဆိုသော်လည်း အသည်းဆရာဝန်များကတော့ အသည်းရောဂါရှိသူများတွင် ပါရာစီတမော သောက်ခြင်းအား လုံးဝ အားမပေးပါ။
*** အသည်းသမားများ ပါရာစီတမောနှင့် မတည့်၍ အခြားအနာသက်သာဆေးများ (ဥပမာ - NSAID အုပ်စုဝင်ဆေးများ) ပြောင်းသုံးပါက အန္တရာယ်ပိုရှိနိုင် သောကြောင့် အနာသက်သာသည့်ဆေးများ သုံးပါက ကျွမ်းကျင်သောဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်ပါ။ 🩺

ဘေးထွက်ဆိုးကျိုးများ- 🚨🚨🚨
ဘေးထွက်ဆိုးကျိုး တွေ့ရတာရှားပါသည်။ အရေပြားအကွက်ထွက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ သွေးရောဂါဖြစ်ခြင်း တို့တွေ့ရနိုင်ပါသည်။ အများကြီး (သို့မဟုတ်) ရေရှည်ဆွဲသောက်လျှင် အသည်း ပျက်စီးနိုင်ပါသည်။ ကျောက်ကပ်အားနည်းတာနဲ့ အဆုတ်ယောင်တာ ဖြစ်တတ်တယ်လို့လဲ မှတ်တမ်းရှိပါတယ်။ ဆေးမတည့်တာလည်း ဖြစ်တတ်ပါတယ်။

လက်ရှိစျေးကွက်မှာ ပါရာစီတမော ပါဝင်တဲ့ အနာသက်သာဆေးများကို အများဆုံး တွေ့ရတဲ့ အပြင်၊ အခြား NSAID အုပ်စုဝင် အနာသက်သာဆေးများနဲ့လည်း တွဲပြီး တစ်လုံးတည်းဖြစ်အောင်လုပ်ထားတဲ့ ဆေးတွေလည်း ရှိပါတယ်။
အချို့ဆေးကဒ်တွေမှာ Paracetamol (ပါရာစီတမော) လို့ မရေးဘဲ Acetaminophen လို့ရေးပါတယ်။ တူတူပါပဲ။

အောက်မှာကတော့ စျေးကွက်ထဲမှာတွေ့ရတဲ့ ပါရာစီတမော ပါဝင်တဲ့ အနာသက်သာဆေးတွေပါ။ ထုတ်တဲ့နိုင်ငံ၊ ထုတ်တဲ့ ကုမ္ပဏီတွေ ပေါ်မူတည်ပြီး အမည်တွေ၊ ပုံစံတွေ ပြောင်းသွားပင်မယ့် ပါရာစီတမောကတော့ တူတူပါပဲ။

(ပါတာချင်း တူတယ်ဆိုပင်မယ့်လည်း အချို့ ဆရာဝန်တွေနဲ့ ဆေးပညာရှင်တွေကတော့ ထုတ်တဲ့နိုင်ငံနဲ့ ကုမ္ပဏီကွာရင် အာနိသင် အနည်းငယ်တော့ကွာတတ်တယ်၊ ဘေးထွက်ဆိုးကျိုး ဖြစ်တတ်တာလည်း ကွာတတ်တယ်လို့ ယူဆတာတော့ ရှိပါတယ် 😅- ကျွန်တော်လည်း အဲဒီထဲက တယောက်ပါပဲ)

Ace, Actodis, Beramol, Biogesic, Calpol, Coritab, Datalgon, Dhamol, Exidol, Febridol, Feveret, Gracephen, Kamolas, Lansen, Nasa, Napa, Nerupol, Newemol, Norgesic ,Pacemol, Paracap, Paracemol, Para Denk, Parafil, Para-G, Paramid, Parmol, Pritamol, Prprexine, Prumicol, Pyracon, Panadok, Paracetamol, Parafil, Pyrigesic, Sara, Setamole, Servigesic, Spictol, Tylenol, Unimol, Xebramol, Zerogin-P

ကောမတ်မှာလာမေးတဲ့ ဆေးတော်တော်များများက ပါရာစီတမောနဲ့ NSAID အုပ်စုဝင်အနာသက်သာတဲ့ ဆေးတမျိုးမျိုးနဲ့ တွဲပေးတဲ့ ဆေးတွေများပါတယ်။ ရှင်းပြရမယ်ဆိုရင် ပါရာစီတမောနဲ့ အရင်စရှင်းရမှာမလို့ ပါရာစီတမော အကြောင်းကို အရင်‌ရေးလိုက်ပါတယ်။ NSAID အုပ်စုဝင်ဆေးများအကြောင်း ဆက်ရှင်းပါအုန်းမယ်။

Dr. Kevin
M.B.,B.S, MRCP (UK)
Crd

22/06/2021
မျက်ရည်ယိုဗုံး ထိသွားခဲ့ရင် ၁)အရင်ဆုံး မျက်နှာသုတ်အဝါအပါးကို ရေဆွတ်ပြီး မျက်လုံးကို ကပ်ပေးပါ။ အနီးအနားမှာ ရေဘူး (သို့)ရေ...
01/03/2021

မျက်ရည်ယိုဗုံး ထိသွားခဲ့ရင်
၁)အရင်ဆုံး မျက်နှာသုတ်အဝါအပါးကို ရေဆွတ်ပြီး မျက်လုံးကို ကပ်ပေးပါ။ အနီးအနားမှာ ရေဘူး (သို့)ရေဘုံပိုင်ရှိပါက ရေဘုံပိုင် ရေဖြင့် မျက်လုံးကို သေချာဆေးကြောပေးပါ။

၂) အခုပုံပြထားသော ဆေးလေးကို
တစ်ခါထည့်ရင် (1) စက်မှ (2) စက်အထိ တစ်နေ့ကို သုံးကြိမ်ထည့်ပေးပါ။ ဒီဆေးမှ မဟုတ်ပါဘူး။ ဆေးဘူးအခွံမှာ မျက်စဉ်းတွေထဲက artificial tear လို့ရေးထားတာတွေဆိုရပါတယ်။
Cool eye, Numaren, Haemaron, Protear, Neotear, Vislube, Cationom အဲ့နာမည်တွေဆိုခပ်လို့ရပါတယ်။

ဆေးတွေကတော့ အမျိုးအစားအလိုက် ၃၀၀၀ကျပ် ဝန်းကျင်ပေးရပါတယ်။

မနက်ဖြန် အပြင်ထွက်မယ့်သူများ
မဖြစ်မနေ ဝယ်သွားပါ။
တခြားလိုအပ်တဲ့ ပစ္စည်းတွေကတော့
အသားတိတ်
Tissue,
ဆေးနီရည်
ဂွမ်း ,
ပတ်တီး,
အရက်ပြန်
ရှူဆေး,
Wet tissue,

Voltex နှင့်ဒဏ်ကျေလိမ်းဆေးတစ်မျိုးမျိုး

မြနန်းတော်ဆေးဆိုင်၊ အ.ထ.က ကျောင်းရှေ့၊ ရှိုးစံအလှပြင်ဆိုင်အရှေ့ဖက်၊ပေါက်မြို့။
☎09265505516

Address

Pauk

Website

Alerts

Be the first to know and let us send you an email when မြနန်းတော် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram