မဟာဆေးဆိုင်

မဟာဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မဟာဆေးဆိုင်, Medical and health, Tarpon Street, Paungde.

ယနေ့ရောက်ရှိဆေးဝါးများလိုအပ်သူများဝယ်ယူရရှိနိုင်ပါပြီရှင့်မဟာဆေးဆိုင်တာပွန်လမ်းပေါင်းတည်မြို့☎️ 09755469866
27/12/2025

ယနေ့ရောက်ရှိဆေးဝါးများ
လိုအပ်သူများဝယ်ယူရရှိနိုင်ပါပြီရှင့်

မဟာဆေးဆိုင်
တာပွန်လမ်း
ပေါင်းတည်မြို့
☎️ 09755469866

❗️သွေးတွင်းအဆီများခြင်း❗️"သွေးအဆီများတာပဲ၊ ဘာမှမဖြစ်ပါဘူး" လို့ မပေါ့ဆလိုက်ပါနဲ့ 🩸သွေးစစ်လိုက်လို့ ကိုယ့်မှာ သွေးတွင်းအဆ...
13/12/2025

❗️သွေးတွင်းအဆီများခြင်း❗️

"သွေးအဆီများတာပဲ၊ ဘာမှမဖြစ်ပါဘူး" လို့ မပေါ့ဆလိုက်ပါနဲ့ 🩸
သွေးစစ်လိုက်လို့ ကိုယ့်မှာ သွေးတွင်းအဆီများနေတယ် (Hyperlipidemia) ဆိုရင် ဒါဟာ သင့်ခန္ဓာကိုယ်ကပေးနေတဲ့ အရေးကြီးတဲ့ သတိပေးခေါင်းလောင်းသံတစ်ခုပါပဲ။ ဘာလက္ခဏာမှမပြလို့ဆိုပြီး လျစ်လျူရှုထားမိရင် အသက်ကိုရန်ရှာနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

🩸 သွေးစစ်လိုက်ရင်တွေ့ရမယ့် အဆီအမျိုးအစားများ
ကိုယ်သွေးစစ်တဲ့အခါ အဖြေလွှာ (Lipid Profile) မှာ အဓိကအားဖြင့် အဆီ (၄) မျိုးကို တွေ့ရပါမယ်။

* LDL (Low-Density Lipoprotein): ဒါကို "မကောင်းတဲ့အဆီ" လို့ မှတ်ထားနိုင်ပါတယ်။ သူက များလာရင် သွေးကြောနံရံတွေမှာ သွားကပ်ပြီး သွေးကြောတွေကို ကျဉ်းစေ၊ ပိတ်စေနိုင်ပါတယ်။
* HDL (High-Density Lipoprotein): ဒါကတော့ "ကောင်းတဲ့အဆီ" ပါ။ သူက သွေးကြောထဲက အဆီဆိုးတွေကို သန့်စင်ဖယ်ရှားပေးပြီး အသည်းဆီကို ပြန်သယ်သွားပေးတဲ့ သူရဲကောင်းတစ်ယောက်လိုပါပဲ။
* Triglycerides (TG): ဒါကတော့ ခန္ဓာကိုယ်က မသုံးဖြစ်တဲ့ ကယ်လိုရီတွေကို အဆီအဖြစ် သိုလှောင်ထားတာပါ။ TG အရမ်းများရင်လည်း နှလုံးရောဂါနဲ့ သရက်ရွက်ရောင်ခြင်း (Pancreatitis) အန္တရာယ်ရှိပါတယ်။
* Total Cholesterol: ဒါကတော့ အပေါ်က အဆီတွေအားလုံးရဲ့ စုစုပေါင်းပမာဏပါ။

🤔 အဆီဓာတ်က ခန္ဓာကိုယ်အတွက် တကယ်လိုအပ်လို့လား?

-လိုအပ်ပါတယ်နော် အဆီဓာတ်ဟာ ဆဲလ်အမြှေးပါးတွေ တည်ဆောက်ဖို့၊ ဗီတာမင် (A, D, E, K) တွေ စုပ်ယူနိုင်ဖို့နဲ့ ဟော်မုန်းတွေထုတ်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ "လိုအပ်တာထက် ပိုသွားရင်" တော့ ဒုက္ခပေးမှာဖြစ်ပါတယ်

🚨 သွေးတွင်းအဆီများခြင်းရဲ့ အဓိကနောက်ဆက်တွဲအန္တရာယ်များ:
1. ❤️ နှလုံးသွေးကြောပိတ်ခြင်း (Heart Attack): မကောင်းတဲ့အဆီ (LDL) တွေက နှလုံးသွေးကြောနံရံမှာ စုပုံပြီး သွေးကြောကို လုံးဝပိတ်ဆို့လိုက်တဲ့အခါ နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောပိတ်ရောဂါတွေဖြစ်လာပြီး နှလုံးရပ်ကာ အသက်သေဆုံးနိုင်ပါတယ်။
2. 🧠 လေဖြတ်ခြင်း (Stroke): ဦးနှောက်သွေးကြောတွေမှာ အဆီဖတ်တွေပိတ်ပြီး ဦးနှောက်ဆဲလ်တွေ ပျက်စီးသွားတာပါ။ ကိုယ်တစ်ခြမ်းမလှုပ်နိုင်တာ၊ စကားမပြောနိုင်တာတွေ ဖြစ်တတ်ပါတယ်။
3. 🦵 ခြေထောက်သွေးကြောကျဉ်းခြင်း (PAD): ခြေထောက်ကိုသွားတဲ့ သွေးကြောတွေကျဉ်းပြီး လမ်းလျှောက်ရင် ခြေသလုံးနာတာ၊ အနာမကျက်တာကနေ ခြေထောက်ဖြတ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
4. 🔥 ပန်ကရိယရောင်ခြင်း (Pancreatitis): Triglyceride အဆီဓာတ် အလွန်များလာတဲ့အခါ ပန်ကရိယရောင်ရမ်းပြီး ဗိုက်အလွန်အမင်းအောင့်တဲ့ အရေးပေါ်အခြေအနေကို ရောက်စေနိုင်ပါတယ်။�

✅ ဆေးမသောက်ဘဲ သွေးတွင်းအဆီကို ထိန်းညှိနိုင်မယ့် သဘာဝနည်းလမ်း (၄) သွယ်

လက်ရှိ American Heart Association (AHA) ရဲ့ လမ်းညွှန်ချက်တွေအရ စားသောက်နေထိုင်မှုပုစံ ပြောင်းလဲခြင်းဟာ သွေးတွင်းအဆီကို ထိန်းညှိရာမှာ အဓိကသော့ချက်ဖြစ်ပါတယ်။
1. နှလုံးအတွက်ကောင်းတဲ့ အစားအစာကို ရွေးချယ်ပါ (Heart-Healthy Diet) 🥗:
* "ဆောင်ရန်" - ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ် (Soluble Fiber) ကြွယ်ဝတဲ့ Oats (အုတ်ဂျုံ)၊ ပန်းသီး၊ ပဲအမျိုးမျိုး၊ မုန်လာဥနီတို့ကို များများစားပါ။ Omega-3 ကြွယ်ဝတဲ့ ငါး (ငါးသေတ္တာ၊ ဆယ်လမွန်)၊ ထောပတ်သီး၊ သံလွင်ဆီ၊ အစေ့အဆန် (Walnuts) တို့ကို စားသုံးပါ။
* "ရှောင်ရန်" - ပြည့်ဝဆီ (Saturated fat) တွေဖြစ်တဲ့ အနီရောင်အသား၊ ဆီကြော်စာများ၊ ဝက်ဆီ၊ ထောပတ်နဲ့ Trans fat တွေဖြစ်တဲ့ မာဂျရင်း၊ ဘီစကစ်၊ အသင့်စားမုန့်တွေကို အထူးရှောင်ကြဉ်ပါ။
2. ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ (Regular Exercise) 🏃‍♀️:
* တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ (တနေ့ မိနစ် ၃၀ နဲ့ တစ်ပါတ်ကို ၅ ရက်) ကြာ အလယ်အလတ်ပြင်းထန်တဲ့ လေ့ကျင့်ခန်း (ဥပမာ - လမ်းမြန်မြန်လျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း) ကို ပြုလုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ကောင်းတဲ့အဆီ(HDL) ကို တက်စေပြီး မကောင်းတဲ့အဆီ (LDL) နဲ့ TG ကို ကျစေပါတယ်။
3. ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ (Maintain a Healthy Weight) ⚖️:
* သင့်ရဲ့ လက်ရှိကိုယ်အလေးချိန်ရဲ့ ၅% ကနေ ၁၀% လောက်ကို ချနိုင်ရုံနဲ့ သွေးတွင်းအဆီပမာဏကို သိသိသာသာ လျှော့ချနိုင်ပါတယ်။
4. ကျန်းမာရေးနဲ့မညီညွတ်တဲ့ အပြုအမူများကို ရပ်တန့်ပါ (Quit Bad Habits) 🚭:
* ဆေးလိပ်ဖြတ်ခြင်း: ဆေးလိပ်သောက်ခြင်းကကောင်းတဲ့အဆီ (HDL) ကို ကျဆင်းစေပြီး သွေးကြောတွေကို ပျက်စီးစေတာကြောင့် ချက်ချင်းဖြတ်သင့်ပါတယ်။
* အရက်လျှော့သောက်ခြင်း: အရက်အလွန်အကျွံသောက်ခြင်းက Triglycerides ကို မြင့်တက်စေပါတယ်။
* ဒါ့ကြောင့် ဆေးလိပ်ဖြတ်ပါ။ အရက်၊ဘီယာ လျှော့သောက်ပါ။

💚သည်းခြေကျောက်တည်ခြင်း💚💚သည်းခြေအိတ် ဆိုတာဘာလဲ❓သည်းခြေအိတ်ဆိုသည်မှာ ဝမ်းဗိုက်ညာဘက်ပိုင်း အသည်း၏အောက်ဘက်တွင် တည်ရှိသော ခန္...
11/12/2025

💚သည်းခြေကျောက်တည်ခြင်း💚

💚သည်းခြေအိတ် ဆိုတာဘာလဲ❓
သည်းခြေအိတ်ဆိုသည်မှာ ဝမ်းဗိုက်ညာဘက်ပိုင်း အသည်း၏အောက်ဘက်တွင် တည်ရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

💚သည်းခြေအိတ်က ဘာတွေလုပ်ဆောင်ပေးပါသလဲ❓
သည်းခြေအိတ်သည် အသည်းမှ နေ့စဉ်ထုတ်လွှတ်ပေးနေသော သည်းခြေအရည်ကို သိုလှောင်ပေးထားသည့် အင်္ဂါတစ်ခုဖြစ်ပါသည်။

💚သည်းခြေအရည် ဆိုတာဘာလဲ❓
သည်းခြေအရည်ဆိုသည်မှာ အသည်းမှ ထုတ်လွှတ်ပေးနေသည့်အရည်တစ်မျိုး ဖြစ်ပါသည်။ သည်းခြေအရည်ထဲတွင် ကိုလက်စထရော၊ 𝗯𝗶𝗹𝗶𝗿𝘂𝗯𝗶𝗻 နှင့် 𝗯𝗶𝗹𝗲 𝘀𝗮𝗹𝘁 တို့ပါဝင်ပါသည်။

💚သည်းခြေကျောက် ဘာကြောင့်ဖြစ်ရသလဲ❓
🔺သည်းခြေအိတ်ထဲတွင် သည်းခြေရည်များ သိုလှောင်ထားရာမှ ထိုသည်းခြေရည်များထဲတွင်ရှိသော ကိုလက်စတရောများ အနည်ထိုင်ရာမှတစ်ဆင့် သည်းခြေကျောက်ဆိုပြီး ဖြစ်လာခြင်းဖြစ်ပါသည်။ အဆီ၊အစိမ့်နှင့် ဆီကြော်များသည် အစာခြေရခက်သည့်အတွက်ကြောင့် ရေရှည်စားသုံးပါက သည်းခြေအိတ်ထဲတွင် ကျောက်တည်လာတတ်ပါသည်။ ထိုသို့ သည်းခြေအိတ်အတွင်းရှိ သည်းခြေကျောက်များ အနည်ထိုင်စုပုံရာမှတစ်ဆင့် အရွယ်အစားကြီးလာပြီး သည်းခြေပြွန်ကိုပိတ်သွားမည်ဆိုပါက သည်းခြေအိတ်ယောင်ယမ်းသည့်ရောဂါပါ ဖြစ်လာတတ်ပါသည်။

💚သည်းခြေကျောက်တည်ရင် ဘယ်လိုရောဂါလက္ခဏာတွေပြတတ်လဲ❓
🔺ဝမ်းဗိုက်ညာဘက်ခြမ်း (သို့မဟုတ်) ဗိုက်တပြင်လုံးနာခြင်း
🔺အစာမကြေခြင်း
🔺ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
🔺ပျို့ခြင်း၊ အန်ခြင်း
🔺ချမ်းတုန်ပြီး ဖျားခြင်း
🔺အသားဝါခြင်း

💚သည်းခြေကျောက်က ဘယ်လိုလူတွေမှာ အဖြစ်များလဲ❓
🔺 အမျိုးသမီးများ
🔺 အဝလွန်သူများ
🔺 အသက် (၄၀) ကျော်သူများ
🔺 အသီးအရွက်နှင့် အမျှင်ဓါတ်အစားနည်းသူများ
🔺 ကိုလက်စတရောနှင့် အဆီအစိမ့်အစားများသူများ
🔺 အီစတရိုဂျင်ပါသော ဟော်မုန်းဆေးသောက်နေရသူများ
🔺 ဆီးချိုရောဂါရှိသူများ
🔺 အသည်းရောဂါရှိသူများ
🔺 သွေးရောဂါ (𝗧𝗵𝗮𝗹𝗮𝘀𝘀𝗲𝗺𝗶𝗮) ရှိသူများ

💚🥗🍋🥦🥑သည်းခြေကျောက် မဖြစ်စေရန် ဘယ်လိုစားသောက်နေထိုင်ရမလဲ❓
✨ အဝလွန်ခြင်းမဖြစ်စေရန် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း
✨ ဆီကြော်နှင့် အဆီအစိမ့်များလျော့စားခြင်း
✨ အသီးအရွက်နှင့် အမျှင်ဓါတ်ပေါကြွယ်ဝသော အစာများ များများစားသုံးပေးခြင်း

💚🩺သည်းခြေကျောက်ကို ဘယ်လိုစစ်ဆေးပြီး ကုသမှုခံယူမလဲ❓
👩‍⚕️ ဆရာဝန်နှင့်ဆွေးနွေးကုသမှုခံယူခြင်း
🖥️ ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်း
💊 သည်းခြေကျောက်အရွယ်အစားသေးငယ်ပါက ဆေးသောက်၍ကုသမှုခံယူလို့ရပြီး အရွယ်အစားကြီးမည်ဆိုပါက ခွဲစိတ်ကုသမှုခံယူခြင်း
💧တစ်ရက်ကို ရေ (၂) လီတာခန့်သောက်ပေးခြင်း
----------------------------------------------------

❗️Gout❗️သတိပြုစရာ ဂေါက်ရောဂါ🤔ဂေါက်ရောဂါဆိုတာဘာလဲ။🧑‍⚕️ဂေါက်ရောဂါဆိုသည်မှာ အဆစ်အမြစ်များနာကျင်ရောင်ရမ်းသောရောဂါတစ်ခုဖြစ်ပါ...
09/12/2025

❗️Gout❗️
သတိပြုစရာ ဂေါက်ရောဂါ

🤔ဂေါက်ရောဂါဆိုတာဘာလဲ။
🧑‍⚕️ဂေါက်ရောဂါဆိုသည်မှာ အဆစ်အမြစ်များနာကျင်ရောင်ရမ်းသောရောဂါတစ်ခုဖြစ်ပါသည်။
အမျိုး​သားများ​တွင်​ အမျိုးသမီး​များထက်​ 5 ဆ​ပို၍ အဖြစ်များပြီးအသက်ကြီးသော အမျိုးသမီးများတွင်လည်းအဖြစ်များပါသည်။ အဝလွန်ခြင်း၊ဆီးချို၊ သွေးတိုးရောဂါများနှင့် အတူယှဥ်တွဲတွေ့ရပြီးလက်ရှိကာလတွင် အဖြစ်များသော ရောဂါတစ်ခုလည်းဖြစ်ပါသည်။

🤔ဂေါက်ရောဂါ ဘာကြောင့်ဖြစ်သလဲ။
🧑‍⚕️ဂေါက်ရောဂါဆိုသည်မှာ လူ၏ခန္ဓာကိုယ် အတွင်း​ ယူရစ်အက်ဆစ်ဓါတ်များ(uric acids) များပြားလာပြီးအဆစ်များအတွင်းတွင် မိုနိုဆိုဒီယမ်ယူရိတ်ပုံဆောင်ခဲများ (monosodium urate monohydrate crystals) စုပုံလာခြင်းကြောင့်ဖြစ်ပါသည်။

🤔သွေးထဲမှာ ယူရစ်အက်ဆစ်ဓါတ်များ (uric acid) များတိုင်းဂေါက်ရောဂါ​(gout) ဖြစ်တတ်သလား။
🧑‍⚕️တချို့သောလူနာများတွင်​သွေးတွင်းယူရစ်အက်စစ်ဓါတ်များများနေသော်လည်း​ဂေါက်ရောဂါ​လက္ခဏာ​များမတွေ့ရတတ်ပါ။ ထို့အတူ တခါတရံတွင် သွေးတွင်းယူရစ်အက်ဆစ်ဓါတ်များ မများ​သော်လည်း​ ဂေါက်ရောဂါ ခေါ်အဆစ်အမြစ်များကိုက်သောလက္ခဏာများခံစားနေရသောလူနာများလည်းတွေ့ရပါသည်။ ထို့ကြောင့်​သွေးတွင်းယူရစ်အက်ဆစ်ဓါတ်ထက် အဆစ်​များအတွင်း​ယူရစ်အက်ဆစ်ဓါတ်ပုံဆောင်ခဲများမည်မျှ စုပုံနေသလဲဆိုသည်က ဂေါက်ရောဂါ ဖြစ်မဖြစ်နှင့် တိုက်ရိုက်အချိုးကျပါသည်။

🤔ဘယ်လိုအကြောင်းအရာတွေက​ခန္ဓာကိုယ်​အတွင်း ယူရစ်အက်ဆစ်ဓါတ်များ ကို​များစေသလဲ။
🧑‍⚕️ပုံမှန်​အားဖြင့်​လူ၏ခန္ဓာကိုယ်​အတွင်းရှိယူရစ်အက်ဆစ်ဓါတ်များ၏ သုံးပုံ တစ်ပုံကို ပြင်ပ​အစားအစာများမှရရှိပြီး ကျန်​သုံးပုံနှစ်ပုံသည် ခန္ဓာကိုယ်မှ purine ဓါတ်များပြိုကွဲဓါတ်ပြုရာမှရရှိပါသည်။ ထို့နောက်​ပိုနေသော ယူရစ်အက်ဆစ်ဓါတ်များ၏ သုံးပုံ​နှစ်ပုံကို​ကျောက်ကပ်​မှ​ဆီးထဲတွင်စွန့်ထုတ်ပြီး ကျန်​သုံးပုံ​တစ်ပုံကို​ အစာအိမ်​နှင့် အူလမ်းကြောင်းမှ ဝမ်းထဲတွင်စွန့်ထုတ်ပါသည်။ထို့ကြောင့်​သွေး​တွင်း​ယူရစ်အက်ဆစ်ဓါတ်များ (uric acid) နည်းခြင်း၊များခြင်း​သည်​ ခန္ဓာကိုယ်​အတွင်း​စားသုံးသောပမာဏ၊ထုတ်လုပ်သောပမာဏနှင့် စွန့်ထုတ်သောပမာဏတို့ မျှတ​နေခြင်းရှိမရှိပေါ်တွင်မူတည်ပါသည်။

အောက်ပါအချက်များက သွေးတွင်းယူရစ်အက်ဆစ်ဓါတ်များကိုများစေပါသည်။
💢ကျောက်ကပ်​မှစွန့်ထုတ်ခြင်းကိုနည်းစေသောအခြေအနေများ
👉ကျောက်ကပ်မကောင်းခြင်း
👉ခဲဆိပ်သင့်ခြင်း
👉အရက်၊ဘီယာ​အလွန်အကျွံ​သောက်သုံး​ခြင်း
👉ဆီးဆေးနှင့် အချို့​သော​ကင်ဆာဆေးများ၊ သွေးကျဆေးများ
💢ယူရစ်အက်ဆစ်ဓါတ်များ ပါဝင်သောအစားအစာများအလွန်အကျွံစားသုံးခြင်း
👉ပင်လယ်စာများ၊ခရုများ၊ကမာများ၊ငါးသေတ္တာ​များ
👉မှို၊မျှစ်၊ကလီစာများ
👉အရက်၊ဘီယာများ
👉Fructose သကြားဓါတ်အများအပြားပါဝင်သော အချိုရည်များ
👉အနီရောင်​ရှိသော​အသားများ၊အမဲသား
💢ခန္ဓာကိုယ်​မှ​ယူရစ်အက်ဆစ်ဓါတ်များ​အလွန်အကျွံ​ထုတ်လုပ်ခြင်း
👉သွေးကင်ဆာရောဂါများ
👉Psoriasis ခေါ်အရေပြားရောဂါများ
👉မျိုးရိုးလိုက်သောရောဂါများ
စသည်တို့ကြောင့်ဖြစ်နိုင်ပါသည်။

🤔ဘယ်လိုအကြောင်းအရာတွေက ဂေါက်ရောဂါ ကိုဖြစ်စေသလဲ။
🧑‍⚕️သွေးတွင်းယူရစ်အက်စစ်ဓါတ်များများလာခြင်းနှင့်အတူ ခန္ဓာကိုယ်​အတွင်း​ရှိ​အဆစ်​များအတွင်း​ယူရစ်အက်ဆစ်ဓါတ်ပုံဆောင်ခဲများစုပုံလာခြင်းက ဂေါက်ရောဂါ ကိုဖြစ်စေပါသည်။
ဖြစ်နိုင်ခြေများသူများမှာ
🔺အမျိုးသားများ
🔺အဝလွန်သူများ
🔺သွေးတိုးရောဂါရှိသူများ
🔺ဆီးချိုရောဂါရှိသူများ
🔺ကျောက်ကပ်ရောဂါ ရှိသူများ
🔺သွေးကင်ဆာရောဂါရှိသူများ
🔺နှလုံးရောဂါရှိသူများ
🔺မျိုးရိုးထဲတွင်​ ဂေါက်ရောဂါရှိသူများ
🔺ယူရစ်အက်ဆစ်ဓါတ်ပါဝင်သောအစားအစာများအလွန်အကျွံစားသူများ၊
🔺အရက်၊ ဘီယာသောက်သူများ
🔺ဆီးဆေးနှင့် အချို့သော ဆေးများသောက်နေရသူများ
🔺သွေးတွင်းယူရစ်အက်စစ်ဓါတ်များနေသူများ
စသည်တို့ဖြစ်ပါသည်။

🤔ဂေါက်ရောဂါ ရဲ့ရောဂါလက္ခဏာတွေက ဘာတွေ လဲ။
🔺50%သောလူနာများတွင် ရုတ်တရက်​ ( 2-6 နာရီအတွင်း) ခြေမ​သို့မဟုတ်​အဆစ်တစ်ခုတည်းပြင်းထန်စွာရောင်ရမ်းနာကျင်ခြင်း
ခြေမတွင်အဖြစ်များပြီး အခြားခြေကျင်းဝတ်၊ခြေဖနောင့်၊ဒူးဆစ်နှင့် လက်ချောင်း​များရှိအဆစ်များတွင်လည်းဖြစ်နိုင်သည်။
💢နာကျင်မှု ပြင်းထန်လွန်းသဖြင့် တခါတရံတွင် အိပ်ယာမှလန့်နိုးခြင်း၊တခါတရံတွင်​မီးစနှင့်ထိုးသလိုပူလောင်နာကျင်ခြင်း
💢ခြေမ​သို့မဟုတ်​အဆစ်​ပတ်လည်​တွင်​နီရဲရောင်ရမ်းနေခြင်း
💢ခြေဆစ်လက်ဆစ်များတောင့်နေခြင်း
💢ပြင်းထန်​မှုမှာ​ 5 ရက်မှ​14 ရက်အထိကြာတတ်ခြင်း
💢ပြင်းထန်မှုပေါ်မူတည်၍ ဖျားခြင်း၊ကျောက်ကပ်​ထိခိုက်​ပျက်စီး​ခြင်း
စသည်တို့ဖြစ်နိုင်သည်။

🤔ဘယ်အဆစ်တွေမှာ ဂေါက်ရောဂါ ဖြစ်တတ်သလဲ။
👉အများစုမှာ ခြေမတွင်ဖြစ်တတ်သည်။
👉အခြားအဆစ်များအနေဖြင့်
🔺ဒူးဆစ်များ
🔺ခြေကျင်းဝတ်ရှိ အဆစ်များ
🔺ခြေဖနောင့်
🔺လက်ဆစ်များ
🔺လက်ကောက်ဝတ်နှင့် တံတောင်ဆစ်ရှိအဆစ်များ
စသည်တို့တွင်ဖြစ်နိုင်ပါသေးသည်။

🤔ဂေါက်ရောဂါ ကိုစောစောမကုသပါက ဘာတွေဆက်ဖြစ်နိုင်သလဲ။
👉မကုသပါကအဆစ်များ ပုံပျက်ပြီး ပျက်စီးခြင်းဖြစ်နိုင်သည်။
👉ယူရစ်အက်ဆစ်ဓါတ်ပမာဏများပြားလာခြင်းသည်ကျောက်ကပ်ကျောက်တည်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်းကိုဖြစ်စေသည်။

🤔ဂေါက်ရောဂါ ရှိမှန်းဘယ်လိုသိနိုင်မလဲ။
🧑‍⚕️ဆရာဝန်တွေက ရောဂါ​ရာဇဝင်​ကို​မေးမြန်းခြင်း၊စမ်းသပ်စစ်ဆေးခြင်းဖြင့်သိနိုင်ပါသည်။
လိုအပ်ပါ​က​ သွေးဖောက်​စစ်ဆေးခြင်း၊ဓါတ်မှန်ရိုက်ခြင်း၊Ultrasound​ ရိုက်ခြင်း၊ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း​ များအပြင်​အဆစ်အတွင်းမှ အရည်ကို စုပ်ထုတ်၍ဓါတ်ခွဲခန်းပို့ခြင်း (joint aspiration) တို့ပြုလုပ်ရပါသည်။

🤔ဂေါက်ရောဂါ ကို​ကာကွယ်ကုသလို့ရနိုင်သလား။
🧑‍⚕️ဖြစ်ပေါ်ရသောအကြောင်းရင်း၊ယူရစ်အက်ဆစ်ဓါတ်များ​များရခြင်းအကြောင်းရင်းပေါ်တွင်မူတည်ပါသည်။
🔺ဥပမာ​သွေး​ကင်ဆာရောဂါကြောင့်​ယူရစ်အက်ဆစ်ဓါတ်များ​များပါ​သွေးကင်ဆာရောဂါကိုပါကုသရန်လိုအပ်ပါသည်။
🔺အချို့သောမျိုးရိုးလိုက်သောဂေါက်ရောဂါများကိုကုသ၍မပျောက်နိုင်ပါ။
🔺တခါတရံတွင်​ရောဂါ​လက္ခဏာ​များဖြစ်လိုက်ပျောက်လိုက်ဖြစ်တတ်ပါသည်။
🔺သို့သော်​ရောဂါ​လက္ခဏာ​ကိုသက်သာစေရန်နှင့် မကြာခဏ​ရောဂါ​လက္ခဏာ​မဖြစ်စေရန်တော့ ကာကွယ်ကုသ၍ရနိုင်ပါသည်။
👉ရောဂါမကြွလာစေရန်​ ယူရစ်အက်ဆစ်ဓါတ်များ အများအပြားပါဝင်သောအစားအသောက်များကိုရှောင်ကြဥ်ခြင်း
👉ရေများများသောက်ပေးခြင်း
👉အချိုရည်နှင့် ဘီယာများအလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း
👉ပြင်းထန်သောလေ့ကျင့်ခန်များကြောင့် အဆစ်များဒဏ်ပိခြင်းမရှိစေရန် ရှောင်ကြဥ်ခြင်း၊
👉Uric acid လျော့ချသောဆေးများကို ပုံမှန်သောက်သုံးခြင်း၊(သွေး​တွင်း​ယူရစ်အက်ဆစ်ဓါတ်ပမာဏကို 6 mg/dL အောက်တွင်ထားခြင်းဖြင့် မကြာခဏ​ရောဂါ​လက္ခဏာ​မဖြစ်စေရန်ကာကွယ်နိုင်ပါသည်။)​
👉သွေးတိုး၊ဆီးချိုရောဂါများအတွက် ဆေးမှန်မှန်သောက်ခြင်း
👉ရောဂါ​ဖြစ်​လာပါ​က​စောစောကုသမှုခံယူခြင်း
စသည်တို့ပြုလုပ်သင့်ပါသည်

မနေ့ကရောက်ရှိဆေးဝါးများလိုအပ်သူများဝယ်ယူရရှိနိုင်ပါပြီရှင့်မဟာဆေးဆိုင်တာပွန်လမ်းပေါင်းတည်မြို့☎️ 09755469866
04/12/2025

မနေ့ကရောက်ရှိဆေးဝါးများ
လိုအပ်သူများဝယ်ယူရရှိနိုင်ပါပြီရှင့်

မဟာဆေးဆိုင်
တာပွန်လမ်း
ပေါင်းတည်မြို့
☎️ 09755469866

ဆောင်းဦးပေါက်ကာလရောက်လာပြီဆိုတော့ မုန်လာဥဖြူတွေပေါလာပြီပေါ့နော်(စျေးတော့မပေါပါဘူးရှင့်😄)မုန်လာဥဖြူရဲ့ကောင်းကျိုးလေးတွေလ...
23/11/2025

ဆောင်းဦးပေါက်ကာလရောက်လာပြီဆိုတော့ မုန်လာဥဖြူတွေပေါလာပြီပေါ့နော်(စျေးတော့မပေါပါဘူးရှင့်😄)
မုန်လာဥဖြူရဲ့ကောင်းကျိုးလေးတွေလည်းသိထားသင့်တယ်လေနော် အစာလည်းဆေး ဆေးလည်းအစာ ဆိုတော့ မိမိခန္ဓာကိုယ်ကျန်းမာရေးအတွက် သိထားသင့်ပါတယ်နော်

✅ကျောက်ကပ်ရောင်သည်ဖြစ်စေ ကျောက်ကပ်ကျောက်တည်သည်ဖြစ်စေ
ကျောက်ကပ်ကြောင့် ခါးနာ ခါးကိုက်ခြင်း နှူံးချိ အော့အန်ခြင်းများ အတွက်။

✅မုန်လာဥဖြူ တစ်လုံးကို
သန့်စင်စွာဆေးကြောပြီး
ရေအနည်းထည့်၍ ကြိတ်ချေပါ၊
အဖတ်များစစ်ထုတ်ပြီး အရည်ကိုသောက်လိုက်ပါ။

✅၎င်းကြိတ်ရည်
ဝမ်းထဲဝင်သွားသည်နှင့််
ခါးနာခါးကိုက်ယူပစ်သလို
ပျောက်ကင်းသက်သာသွားမည်။

✅မုန်လာဥဖြူကြိတ်ရည်ဟာ
ကျောက်ကပ်ကို ချက်ချင်းဆေးကြောပေးပါတယ်။

✅အူကျဝေဒနာရှင်များလည်း
အသုံးပြုနိုင်ပါတယ်။

✅ဒါ့အပြင် တစ်ပါတ် တစ်ခါ
ကြိုတင်ကာကွယ်သော
အားဖြင့် လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ်
ချက်ပြုတ်စားသုံးခြင့်ဖြင့််
ကျောက်ကပ်ကို ဆေးကြောထိန်းသိမ်းသင့်ပါတယ်။

✅မုန်လာဥ အစိမ်းကို
သံပုရာသီးနှင့်နှပ်ပြီး
အစိမ်းသုပ်
သုပ်စားပါကပို၍
ဆေးဘက်ဝင်ပါတယ်။

✅မုန်လာဥဖြူ စားသုံးခြင်းဖြင့်
ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက

✅ကင်ဆာရောဂါမဖြစ်စေရန်ကာကွယ်ပေးတယ်။
သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတယ်။
ကျောက်ကပ် ကျန်းမာစေတယ်။ သွေးပေါင်ချိန်ကို မှန်စေတယ်။
ဝမ်း မှန်စေတယ်။
ကိုယ်အလေးချိန် ကျစေတယ်။
အသားအရည် စိုပြေ
လှပစေတယ်။
အရွယ်တင်နုပျိုစေတယ်။

❌အသုံးမပြုမီ❌
ပိုးသတ်ဆေး ကင်းစင်အောင်
သေချာ ဆေးကြောသန့်စင်ပေးရန် အထူးသတိပြုပါ။

ဒီလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ မပေါ့ဆဘဲ လိုအပ်တဲ့ ဖြည့်စွက်စာနဲ့ကုသမှုတွေလုပ်ရပါမယ်၁။ လက်သည်းခွက်တာ/ ဖြူဖတ်ဖြူရော်ဖြစ်ခြ...
23/11/2025

ဒီလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ မပေါ့ဆဘဲ လိုအပ်တဲ့ ဖြည့်စွက်စာနဲ့ကုသမှုတွေလုပ်ရပါမယ်

၁။ လက်သည်းခွက်တာ/ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
သံဓါတ်ချို့တဲ့ခြင်း (Iron Deficiency Anemia) ဖြစ်နိုင်ပါတယ်။

၂။ မျက်လုံးဝါခြင်း
အသည်း (Liver) သို့မဟုတ် သည်းခြေလမ်းကြောင်းပြဿနာပါ။

၃။ သွားဖုံးသွေးယိုခြင်း
ဗီတာမင် C (Vitamin C) ချို့တဲ့နေတာဖြစ်နိုင်ပါတယ်။

၄။ လည်ပင်းအရစ်လိုက်မဲခြင်း
အင်ဆူလင်ခုခံမှု (Insulin Resistance) သို့မဟုတ် ဆီးချိုရှေ့ပြေးလက္ခဏာပါ။

၅။ နှုတ်ခမ်းထောင့်ကွဲခြင်း
(Vitamin B2/B12) လိုအပ်နေတာပါ။

၆။ ခြေထောက်ရောင်ရမ်းခြင်း
နှလုံး (Heart) သို့မဟုတ် ကျောက်ကပ် (Kidney) အားနည်းတာဖြစ်နိုင်ပါတယ်။

၇။ ဆံပင် အကျွတ်လွန်ခြင်း
(Thyroid) ဟော်မုန်းမညီမျှတာ သို့မဟုတ် စိတ်ဖိစီးမှုများနေတာပါ။

၈။ လျှာဖြူခြင်း
မက်ခရု(Fungal Infection) သို့မဟုတ် ရေဓါတ်ခမ်းခြောက်ခြင်း။

၉။ အရေပြားခြောက်သွေ့ယားယံခြင်း
ဗီတာမင် E လိုအပ်ခြင်း သို့မဟုတ် ကျောက်ကပ် အလုပ်လုပ်မမှန်ခြင်း။

၁၀။ ညဘက်ကြွက်တက်ခြင်း
မဂ္ဂနီဆီယမ်(Magnesium) သို့မဟုတ် ပိုတက်ဆီယမ် (Potassium) လိုနေတာပါ။

၁၁။ မျက်ခမ်းလှုပ်ခြင်း
အိပ်ရေးပျက်ခြင်း သို့မဟုတ် စိတ်ဖိစီးမှုများခြင်း (Stress)

၁၂။ ဆီးအရောင်ရင့်လွန်းခြင်း
ရေသောက်နည်းလွန်းခြင်း (Dehydration)

၁၃။ အနာကျက်နှေးခြင်း
သွေးတွင်းသကြားဓါတ်များနေခြင်း (Diabetes)

၁၄။ လက်ဖျားခြေဖျားအေးစက်ခြင်း
သွေးလည်ပတ်မှုမကောင်းခြင်း (Poor Circulation)။

၁၅။ အာရုံစူးစိုက်ရခက်ခြင်း (Brain Fog)
ဗီတာမင် D သို့မဟုတ် Omega-3 လိုအပ်နေခြင်း။

၁၆။ အကြောင်းမဲ့ကိုယ်အလေးချိန်ကျခြင်း
သိုင်းရွိုက်အဆိပ်သင့်ခြင်း (Hyperthyroidism) သို့မဟုတ် ဆီးချို။

၁၇။ ချွေးထွက်လွန်ခြင်း (ပူလို့မဟုတ်ဘဲ)
နှလုံး ပြဿနာ သို့မဟုတ် ဟော်မုန်းပြောင်းလဲခြင်း။

၁၈။ ခါးနာခြင်း
ဗီတာမင် D ချို့တဲ့ခြင်း သို့မဟုတ် ကျောက်ကပ်ကျောက်တည်ခြင်း။

၁၉။ အလွယ်တကူသွေးခြေဥခြင်း
ဗီတာမင် K လိုအပ်ခြင်း သို့မဟုတ် သွေးဥမွှားနည်းခြင်း။

၂၀။ ဟောက်ခြင်း
အိပ်ဟောက်ရှူရပ်ရောဂါ (Sleep Apnea) သို့မဟုတ် အဝလွန်ခြင်း။

ဒီအချက်တွေထဲက တစ်ခုခုဖြစ်နေပြီဆိုရင် လစ်လျူမရှုပါနဲ့။ လိုအပ်တဲ့ အာဟာရဖြည့်စွက်တာ၊ ဒါမှမဟုတ် ဆရာဝန်နဲ့တိုင်ပင်တာတွေပြုလုပ်ဖို့ ခန္ဓာကိုယ်ကသတိပေးနေတာဖြစ်ပါတယ်

Thyroid နှင့် ဆံပင်ကျွတ်ခြင်း ဆံပင်ကျွတ်တာနှင့် ပတ်သက်ပြီး မှတ်မိတာလေး ပြောချင်ပါတယ်။ မိတ်ဆွေတစ်ဦး ဆံပင်ကျွတ်လို့ ကင်ဆာဖ...
23/11/2025

Thyroid နှင့် ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်တာနှင့် ပတ်သက်ပြီး မှတ်မိတာလေး ပြောချင်ပါတယ်။ မိတ်ဆွေတစ်ဦး ဆံပင်ကျွတ်လို့ ကင်ဆာဖြစ်မလားဆိုပြီး စိတ်ပူလို့ မေးခဲ့ပါတယ်။ ကျွန်တော်ကတော့ ကင်ဆာအတွင် စိတ်မပူဖို့ ပြောရပါတယ်။ ခေါင်းလျှော်ရင်တောင် အချို့ ဆံပင်ကျွတ်တတ်တာကို ပြောပါတယ်။ သိုင်းရွိုက်ဟော်မုန်း Level ညီမျှအောင်အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ လိုပါတယ်

👉 သိုင်းရွိုက်ရောဂါကြောင့် ဆံပင်ကျွတ်ခြင်းနှင့် ကုသနည်းများ

သိုင်းရွိုက် (Thyroid) ပြဿနာကြောင့် ဆံပင်ကျွတ်ခြင်းသည် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်ပြီး၊ ကိုယ်ခံအားစနစ် မူမမှန်သော သိုင်းရွိုက် (Autoimmune Thyroid Conditions) ဖြစ်သည့် Hashimoto's သို့မဟုတ် Graves' ရောဂါများတွင် ပိုမိုသိသာတတ်ပါသည်။ ဆံပင်ကျွတ်ခြင်း ပြဿနာကို ဖြေရှင်းရာတွင် အမြစ်ကို ကုသခြင်း (Root Cause Treatment)၊ အာဟာရဖြည့်စွက်ခြင်း (Supplementation) နှင့် အလင်းရောင် ကုထုံး (Light Therapy) တို့ကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် သိသိသာသာ ပြန်လည်ကောင်းမွန်လာစေရန် လုပ်ဆောင်နိုင်ပါသည်။

၁။ အဓိက အမြစ်ကို ကုသခြင်း (Address the Root Cause: Thyroid)

သိုင်းရွိုက်ရောဂါကြောင့် ဆံပင်ကျွတ်ခြင်း ပြန်ကောင်းလာရန် ပထမဆုံးနှင့် အရေးကြီးဆုံးအချက်မှာ သိုင်းရွိုက်ဟော်မုန်း ပမာဏကို ပုံမှန် အခြေအနေသို့ ရောက်အောင် ထိန်းညှိခြင်း ဖြစ်သည်။
ဟော်မုန်း မျှတအောင် ထိန်းသိမ်းခြင်း: ဆံပင်ကျွတ်ခြင်းသည် သိုင်းရွိုက်ဟော်မုန်း အလွန်နည်းခြင်း (Hypothyroidism) သို့မဟုတ် အလွန်များခြင်း (Hyperthyroidism) နှစ်မျိုးလုံးတွင် ဖြစ်ပွားနိုင်သည်။ သင့်ဆရာဝန်နှင့် တိုင်ပင်၍ TSH, Free T3, Free T4, နှင့် Thyroid Antibodies (TPOAb, TgAb) စစ်ဆေးမှုများ ပြုလုပ်ပြီး ဟော်မုန်းပမာဏကို အကောင်းဆုံး အခြေအနေ (Optimal Range) တွင် ထိန်းထားပါ။
Autoimmunity ကို လျှော့ချခြင်း: Hashimoto's ကဲ့သို့ ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာများရှိပါက၊ ကိုယ်ခံအားစနစ်ကို ငြိမ်စေရန်အတွက် အစားအသောက် ပြောင်းလဲခြင်း (ဥပမာ- Gluten/Dairy ရှောင်ခြင်း) နှင့် အူလမ်းကြောင်း ကျန်းမာရေး ကို ကုသခြင်း (Leaky Gut ကို ပြုပြင်ခြင်း) စသည်တို့ကို လုပ်ဆောင်ရန် လိုအပ်ပါသည်။

၂။ အာဟာရ ဖြည့်စွက်ဆေးများ (Targeted Supplements)

သိုင်းရွိုက်လူနာများ ဆံပင်ပြန်ပေါက်လာစေရန် အထောက်အကူပြုသော အဓိက အာဟာရဓာတ်များနှင့် ဖြည့်စွက်ဆေးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် (ယခင် e-books များမှ ရည်ညွှန်းချက်များလည်း ပါဝင်သည်)။

အာဟာရ/ဖြည့်စွက်ဆေး
အရေးပါပုံ
Functional Medicine မှ အကြံပြုချက်
Ferrous Glycinate (Iron)
သိုင်းရွိုက်လူနာများတွင် သံဓာတ်ချို့တဲ့မှု (Ferritin နည်းပါးခြင်း) သည် အလွန်အဖြစ်များပြီး၊ ၎င်းသည် ဆံပင်ကျွတ်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်နေတတ်သည်။
Ferritin ပမာဏကို ၇၀-၉၀ ng/mL တွင် ထိန်းသိမ်းရန် လိုအပ်သည်။ စစ်ဆေးပြီးမှ သောက်ပါ။ (TMG - Iron study စစ်နိုင်လျင် ပိုကောင်းပါတယ်)
Zinc (သွပ်)
သိုင်းရွိုက်ဟော်မုန်း (T3) ထုတ်လုပ်ရာတွင် ပါဝင်သည်။ ဆံပင် follicles များကို ပြုပြင်ပေးသည်။
Zinc Citrate သို့မဟုတ် Glycinate ပုံစံများကို ရွေးချယ်ပြီး၊ Copper နှင့် မျှတစွာ သောက်ရန် အရေးကြီးသည်။
Selenium (ဆီလီနီယမ်)
သိုင်းရွိုက်ဂလင်း၏ လုပ်ငန်းဆောင်တာကို ကာကွယ်ပေးပြီး T4 မှ T3 သို့ ပြောင်းလဲခြင်းကို အထောက်အကူပြုသည်။ Hashimoto's တွင် Antibody များကို လျှော့ချနိုင်သည်ဟု သုတေသနများက ပြဆိုသည်။
200 mcg ခန့်ကို နေ့စဉ် စားသုံးခြင်းသည် သိုင်းရွိုက် ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်သည်။
Biotin (B7)
ဆံပင်၊ အသားအရေနှင့် လက်သည်းများ၏ တည်ဆောက်ပုံဆိုင်ရာ အခြေခံ အုတ်မြစ် ဖြစ်သည်။
သိုင်းရွိုက်ဟော်မုန်းကို စစ်ဆေးမည့်နေ့တွင် Biotin သောက်ထားပါက စစ်ဆေးမှုရလဒ် မှားယွင်းနိုင်သောကြောင့် စစ်ဆေးမှုမပြုမီ ရက်အနည်းငယ် ရပ်ဆိုင်းသင့်သည်။ (TMG - 5-7 ရက် နားပါ)
Active B Complex
Vitamin B12 (Cobalamin) နှင့် Folate (B9) တို့သည် ဆံပင်ဆဲလ်များ ပွားများရန်နှင့် အာရုံကြော ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည်။ (B12 ကို Methylcobalamin ပုံစံဖြင့် ရွေးချယ်ပါ)။
B9 နှင့် B12 ချို့တဲ့မှုသည် ဆံပင်ကျွတ်ခြင်းနှင့် အားနည်းခြင်းကို ဖြစ်စေပြီး၊ သိုင်းရွိုက်ပြဿနာများတွင် အတူတကွ တွဲ၍ ဖြစ်တတ်သည်။

၃။ အလင်းရောင် ကုထုံး (Red Light Therapy - RLT)

Andrew Huberman ၏ ပြောကြားချက်အတိုင်း RLT သည် ဆဲလ်များကို ပစ်မှတ်ထား ကုသရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး၊ ဆံပင်ပြန်ပေါက်ရန်အတွက်လည်း ထိရောက်မှုရှိကြောင်း သုတေသနများက ဖော်ပြသည်။

Red Light Therapy (RLT) ၏ လုပ်ဆောင်ပုံ

Mitochondria အားကောင်းစေခြင်း: RLT သည် ဆံပင် follicles များအတွင်းရှိ Mitochondria (ဆဲလ်စွမ်းအင် ထုတ်လုပ်ပေးသော အစိတ်အပိုင်း) ကို လှုံ့ဆော်ပေးပြီး ATP (စွမ်းအင်) ထုတ်လုပ်မှုကို တိုးမြှင့်ပေးသည်။
သွေးလည်ပတ်မှု ကောင်းစေခြင်း: အလင်းရောင်သည် ဦးရေပြားသို့ သွေးစီးဆင်းမှုကို တိုးမြှင့်ပေးပြီး၊ ဆံပင် follicles များဆီသို့ အာဟာရဓာတ်များနှင့် အောက်ဆီဂျင် ပိုမိုရောက်ရှိစေသည်။
ရောင်ရမ်းမှု လျှော့ချခြင်း: သိုင်းရွိုက် autoimmunity တွင် ဖြစ်တတ်သော နာတာရှည် ရောင်ရမ်းမှု (Chronic Inflammation) ကို လျှော့ချပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို ဟန့်တားပေးသည်။
ဆံပင်သံသရာ တိုးတက်စေခြင်း: ဆံပင် follicles များကို အနားယူချိန် (Telogen Phase) မှ ကြီးထွားချိန် (Anagen Phase) သို့ ပြောင်းလဲပေးခြင်းကို လှုံ့ဆော်ပေးသည်

⚡ နိဂုံးချုပ် အကြံပြုချက်များ

သိုင်းရွိုက်ရောဂါကြောင့် ဆံပင်ကျွတ်ခြင်း ပြဿနာကို ဖြေရှင်းရန်အတွက်-
သိုင်းရွိုက်ဟော်မုန်း ပမာဏကို အမြန်ဆုံး မျှတအောင် လုပ်ဆောင်ပါ။
သွပ် (Zinc)၊ ဆီလီနီယမ် (Selenium)၊ သံဓာတ် (Iron)၊ နှင့် Active B12/Folate တို့ကို ဓာတ်ခွဲခန်း စစ်ဆေးမှု ရလဒ်များနှင့်အညီ ဖြည့်စွက်ပါ။
ဦးရေပြားရှိ ဆဲလ်များ၏ စွမ်းအင်ကို မြှင့်တင်ရန်နှင့် သွေးလည်ပတ်မှုကို ကောင်းစေရန် Red Light Therapy (RLT) ကို နေ့စဉ် သို့မဟုတ် တစ်ပတ်လျှင် အကြိမ်ရေ အများအပြား ပုံမှန် အသုံးပြုပေးပါ။

ဟော်မုန်းမညီမျှခြင်းနှင့်သားဥအိမ်ရေအိတ်တည်ခြင်း✅အမျိုးသမီးတွေမှာဟော်မုန်း မညီမျှတဲ့ ရောဂါဖြစ်တတ်ပါတယ်။ ဒီလို ရောဂါ ဖြစ်တ...
17/11/2025

ဟော်မုန်းမညီမျှခြင်းနှင့်သားဥအိမ်ရေအိတ်တည်ခြင်း✅

အမျိုးသမီးတွေမှာဟော်မုန်း မညီမျှတဲ့ ရောဂါဖြစ်တတ်ပါတယ်။
ဒီလို ရောဂါ ဖြစ်တဲ့ အမျိုးသမီးတွေမှာ ဓမ္မတာမမှန်တာ၊ အမျိုးသားဟော်မုန်းများတာမျိုးဖြစ်တတ်ပါတယ်။
ဟော်မုန်း ဝက်ခြံတွေလည်း အများကြီးထွက်လာတတ်ပါတယ်
ဒါ့အပြင် သားဥအိမ်မှာအရည်အိတ်ငယ်လေးတွေအများကြီးဖြစ်လာပြီးသားဥမကြွေနိုင်တာမျိုးဖြစ်တတ်ပါတယ်။ဒီလို ဝေဒနာတွေအတွက်ဆိုရင်တော့ XXCare ကိုသောက်ပေးသင့်ပါတယ်။

👉🏻XXCare ဟာဆိုရင် GLA ( Gamma Linolenic Acid ) ကို မြေထဲပင်လယ်ဒေသ
မျိုးရင်းဝင် အပင်ဖြစ်တဲ့ Borage (Starflower) ရဲ့ အဆီအနှစ်ကနေ ထုတ်လုပ်ထားလို့ သာမန်ထက်
GLA နှစ်ဆကျော်ပါဝင်တာကြောင့် အမျိုးသမီးတွေအတွက် ဟော်မုန်းမညီမျှမှုကို ထိန်းပေးနိုင်ပါတယ်။

XX Careကိုမဟာ ဆေးဆိုင်မှာဝယ်ယူရရှိနိုင်ပါပြီ
မဟာ ဆေးဆိုင်
တာပွန်လမ်း
ပေါင်းတည်မြို့
☎️09755469866

ဆောင်းရာသီနှင့်ရင်ကြပ်ရောဂါဆောင်းဝင်လာပြီဆိုတာနဲ့ ပန်းနာရင်ကြပ်သမားလေးတွေရဲ့ဝေဒနာဟာ တရွှီရွှီနဲ့စတင်လာပါပြီ❓ပန်းနာရင်ကြပ...
17/11/2025

ဆောင်းရာသီနှင့်ရင်ကြပ်ရောဂါ

ဆောင်းဝင်လာပြီဆိုတာနဲ့ ပန်းနာရင်ကြပ်သမားလေးတွေရဲ့ဝေဒနာဟာ တရွှီရွှီနဲ့စတင်လာပါပြီ

❓ပန်းနာရင်ကြပ်ဆိုတာဘာလဲ

- ပန်းနာရင်ကြပ်ခြင်းဆိုတာဟာ သူများတွေထက်မိမိတို့ရဲ့လေပြွန်(bronchus)က ပိုတုန့်ပြန်မှုအားကောင်းပြီး ယာယီကျဥ်းသွားတာပါ
- ကျဥ်းသွားတယ်ဆိုတာဟာ
(၁) လေပြွန်ရောင်ခြင်း
(၂) လေပြွန်ပတ်လည်ရှိ ကြွက်သားညှစ်ထားခြင်း
(၃) လေပြွန်အတွင်း အချွဲ(mucous) များနေခြင်း
တို့ကြောင့်ဖြစ်ပါတယ်။

❓ဘယ်လိုအရာတွေက လေပြွန်ကျဥ်းတာကိုလှုံ့ဆော်ပေးတာလဲ

- ဓာတ်မတည့်ခြင်း (ဖုန်မှုန့်၊ ပိုလန်၊ မှို)
- အလုပ်လုပ်ရာတွင် အိမ်သုတ်ဆေး၊ ဖျန်းဆေး၊ ဓာတုဆေးဝါး တို့နဲ့ထိတွေ့ခြင်း၊ ရှူမိခြင်း
- ဆေးလိပ်ငွေ့နှင့် အခြားသောအငွေ့များ(ခြင်ဆေး၊သစ်ရွက်မီးရှို့ခြင်း၊ ဖယောင်းတိုင်)
- ရာသီဥတုအပြောင်းအလဲမြန်ခြင်း၊ အအေးမိခြင်း
- အေးတဲ့အချိန်တွင် အားကစားပြုလုပ်ခြင်း
- မတည့်သောအစာများ စားမိခြင်း(ပင်လယ်စာ၊
မြေပဲ)၊ ဆိုးဆေး၊ ရသာမှုန့်ပါသောအစာများစားမိခြင်း
- စိတ်ဖိစီးမှုများခြင်း
- အချို့သောဆေးများ(aspirin)
တို့ကြောင့်ဖြစ်စေပါတယ်။

- ကလေးတွေမှာဆိုရင်တော့ မိသားစုမျိုးရိုးမှာလည်း ပန်းနာရင်ကြပ်ဖြစ်တဲ့ရာဇဝင်ရှိတတ်ပြီး နို့ပွေး၊ နှင်းခူ၊ မနက်မနက်နှာရည်ကျတာတွေနဲ့တွဲဖြစ်တတ်ပါတယ်။

❓ရင်ကြပ်ခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ

- ရင်ဘတ်တင်းကြပ်ခြင်း
- မောခြင်း
- အသက်ရှူရင် တရွှီရွှီမြည်နေခြင်း
- ချောင်းဆိုခြင်း(ညဘက်တွင်ပိုဆိုးတတ်ပါတယ်)

❓ဘယ်လိုလက္ခဏာတွေပြရင် အသက်အန္တရာယ်ရှိနေပြီလဲ

❗️ပြင်းထန်တဲ့ရင်ကြပ်ခြင်း(acute severe asthma)မှာဆိုရင်

- အသက်ရှူမြန်တာ
- ရင်တုန်တာ
- မောပြီး စာတစ်ကြောင်းကိုပြီးအောင်မ​ပြောနိုင်တာတွေဖြစ်တတ်ပါတယ်။

❗️အသက်အန္တရာယ်ရှိသောရင်ကြပ်ခြင်း (life threatening asthma)မှာဆိုရင်တော့

- ကယောင်ကတမ်းဖြစ်တာ၊ သတိမေ့သွားတာ
- အသက်ရှူအရမ်းနှေးသွားတာ
- အရမ်းမောပြီး နှုတ်ခမ်းနဲ့ ခြေလက်တွေ ပြာနှမ်းသွားတာ
- နှလုံးခုန်နှေးသွားတာ၊ သွေးပေါင်ကျတာစသည်တွေဖြစ်တတ်ပါတယ်။

*** ဒီလိုလက္ခဏာတွေနဲ့ကြုံလာရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်ဆုံးပို့ပေးပါ ***

❓ရင်ကြပ်တာကို ဘယ်လိုကုသကြမလဲ

✔️အဓိကကတော့ ရင်ကြပ်ခြင်းကိုလှုံ့ဆော်ပေးတဲ့အရာတွေကို ရှောင်ခြင်းဟာအကောင်းဆုံးပါ

✔️ကုသနည်းကို ရင်ကြပ်သူအပြင် အနီးအနားရှိသူတွေပါသိထားသင့်ပါတယ်

✔️ကုသနည်းကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီးအဆင့်အမျိုးမျိုးရှိပါတယ်

(၁) အသက်ရှူလမ်းကြောင်းကို တိုက်ရိုက်ကုသနိုင်တဲ့ ဂေါက်တံရှူတာကနေစပါတယ်။
ဂေါက်တံအမျိုးအစားဟာအကြမ်းအားဖြင့် (၂) မျိုးရှိပါတယ်
- ကြပ်နေတဲ့အချိန်ရှူရတဲ့ reliever
- မကြပ်အောင်ကာကွယ်တဲ့ preventer
၂မျိုးလုံးပေါင်းထားတာ တွေလည်းရှိပါတယ်

(၂) ဂေါက်တံလေးတွေနဲ့ရှူသော်လည်း မသက်သာမှသာ
သောက်ဆေးများ ထပ်ထည့်ပေးပါတယ်

❓ဒါဆိုဂေါက်တံလေးနဲ့ နည်းလမ်းမှန်အောင်ဘယ်လိုရှူကြမလဲ

- ဆေးဘူးကို ဂေါက်တံထဲ ထည့်လိုက်ပါ
- ဂေါက်တံမှာပါတဲ့အဖုံး ဖွင့်လိုက်ပါ
- ဂေါက်တံကို ဆေးအနည်မထိုင်အောင် ၂စက္ကန့်လောက် ခါလိုက်ပါ
- ဂေါက်တံကိုထောင်ပြီး ပါးစပ်နေရာကိုငုံလိုက်ပါ
- အသက်ဖြည်းဖြည်း ရှူထုတ်လိိုက်ပါ
- ခေါင်းကိုအနောက်ဖက်အနည်းငယ် မော့လိုက်ပါ
- အသက်ကိုပါးစပ်နဲ့ဖြည်းဖြည်းရှူသွင်းပြီး ရှူနေဆဲတစ်ဝက်လောက်မှာ ဆေးကိုဖိချလိုက်ပါ
- ဆက်ပြီး (၃)စက္ကန့်လောက် ပါးစပ်နဲ့အဆုံးထိအသက်ရှူသွင်းလိုက်ပါ
- ဂေါက်တံကိုပါးစပ်မှခွာပြီး (၁၀)စက္ကန့်လောက်အသက်ရှူအောင့်ထားပါ
- ပြီးမှဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါ
- နောက်တစ်မိနစ်လောက်နေမှ လိုအပ်သလိုဂေါက်တံပြန်ရှူပါ

❗️မကြပ်အောင်ကာကွယ်တဲ့ Preventer ဆေးရှူပြီးတိုင်း ပါးစပ်ကိုရေနဲ့သေချာပလုတ်ကျင်းပေးပါ
( ဆေးကကိုယ်ခံအားကျစေကာ ပါးစပ်မှာမှက်ခရုဖြစ်စေနိုင်ပါတယ် )

✔️ဂေါက်တံနှင့်တိုက်ရိုက်ရှူလို့အဆင်မပြေတဲ့သူများဆိုရင် spacer တပ်ပြီးရှူလို့လည်းရပါတယ်

❓တစ်နေ့ကို ဂေါက်တံနဲ့ ဘယ်နှခေါက်ရှူလို့ရမလဲ

- ပုံမှန်အားဖြင့်တော့ ရင်ကြပ်နေတဲ့အချိန်ဆိုရင်အကြပ်သက်သာဆေး Reliever က တစ်နေ့ကို (၄)နာရီခြားပြီး တစ်ခါရှူရင် တစ်ခေါက် နှစ်ခေါက်ထိရပါတယ်
- ရှူနေသော်လည်းမသက်သာတာ၊ ဆရာဝန်ပုံမှန်ရှူခိုင်းတာထက်ပိုရှူမှသက်သာတာ ဆိုရင်တော့ ရှူနည်းမမှန်တာ (သို့မဟုတ်) ဆေးထပ်တိုးရမှာဖြစ်တဲ့အတွက် ဆရာဝန်နဲ့ပြန်တိုင်ပင်ပေးပါ။

Address

Tarpon Street
Paungde
08201

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959755469866

Website

Alerts

Be the first to know and let us send you an email when မဟာဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram