Abi Hayat Bird's Nest - အဘီဟာယက် သဘာဝ ငှက်သိုက်

  • Home
  • Myanmar
  • Pazundaung
  • Abi Hayat Bird's Nest - အဘီဟာယက် သဘာဝ ငှက်သိုက်

Abi Hayat Bird's Nest - အဘီဟာယက် သဘာဝ ငှက်သိုက် သဘာဝ ငှက်သိုက်စစ်စစ် ဖြစ်ကြောင်း အာ?

Happy New Year Everyone 🎊🎊🎊နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကို စိတ်သစ်၊ ကိုယ်သစ်နဲ့  ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ဖို့အတွက် Abi...
31/12/2021

Happy New Year Everyone 🎊🎊🎊

နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကို စိတ်သစ်၊ ကိုယ်သစ်နဲ့ ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ဖို့အတွက် Abi Hayat သဘာဝငှက်သိုက်မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
#ငှက်သိုက်

ခရစ်ယာန်ညီကိုမောင်နှမတွေ အထွဋ်အမြတ်ထားတဲ့ ခရစ်စမတ်ညအခါသမယမှာ မိသားစုစုံစုံလင်လင်နဲ့အတူ ဖြတ်သန်းနိုင်ကြပါစေလို့ Abi Hayat...
25/12/2021

ခရစ်ယာန်ညီကိုမောင်နှမတွေ အထွဋ်အမြတ်ထားတဲ့ ခရစ်စမတ်ညအခါသမယမှာ မိသားစုစုံစုံလင်လင်နဲ့အတူ ဖြတ်သန်းနိုင်ကြပါစေလို့ Abi Hayat သဘာဝငှက်သိုက်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#ငှက်သိုက်

Abi Hayat ငှက်သိုက်မှ 25ရက်နေ့မှာကျရောက်မယ့် Christmas ပွဲတော်အတွက် "တစ်ကဒ်ဝယ်၊ တစ်လုံးလက်ဆောင်"Promotion ကို ပြန်လည်ရရှ...
19/12/2021

Abi Hayat ငှက်သိုက်မှ 25ရက်နေ့မှာကျရောက်မယ့် Christmas ပွဲတော်အတွက် "တစ်ကဒ်ဝယ်၊ တစ်လုံးလက်ဆောင်"Promotion ကို ပြန်လည်ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ 21000 ကျပ်တန် ၆လုံးပါတစ်ကဒ် ဝယ်ယူတိုင်း ၃၅၀၀ ကျပ်တန် ငှက်သိုက်တစ်ပုလင်း ကို Free ရရှိနိုင်မှာဖြစ်လို့ ဒီလိုအရမ်းတန်တဲ့ Promotion ကိုလက်လွှတ်မခံသင့်ဘူးနော်။

Abi Hayat ငှက်သိုက်တွင် အရည်အသွေးကောင်းမွန်သော ငှက်သိုက်ကိုသာအသုံးပြုပေးထားပြီး အခြားငှက်သိုက်များထက် ငှက်သိုက်အချိုးအစား ပျစ်နှစ်စွာပါဝင်ပါတယ်။ ဓာတုပစ္စည်း ကို လုံးဝ(လုံးဝ)အသုံးပြုထားခြင်းမရှိဘဲ ဆီးချိုသကြားကိုသာ အသုံးပြု၍ ယိုးဒယားကုန်ကြမ်း နှင့် နည်းပညာဖြင့်သာ ဖော်စပ်ထားတာကြောင့် စိတ်ချယုံကြည်စွာသောက်သုံးနိုင်ပါတယ်။

Christmas Promotion က 25 ရက်နေ့အထိပဲ အကျုံးဝင်မှာမိုလို့ မြန်မြန်လေး ဆက်သွယ်မှာယူထားဖို့တော့လိုမယ်နော်။

ရာသီအကူး‌  အပြောင်းကျန်းမာနေစေဖို့ ...             ဆောင်းဦးစကာလမှာ ရာသီအ​ကူးအပြောင်းကြောင့်​ အအေးမိ၊တုပ်ကွေး အဖြစ်များလ...
10/12/2021

ရာသီအကူး‌ အပြောင်းကျန်းမာနေစေဖို့ ...

ဆောင်းဦးစကာလမှာ ရာသီအ​ကူးအပြောင်းကြောင့်​ အအေးမိ၊တုပ်ကွေး အဖြစ်များလေ့ရှိပါတယ်။ဒါ့အပြင် ကိုဗစ်အကြမ်းစား အိုမီခရွမ်(Omicron) ကလည်း အရှေ့တောင်အာရှကို ရောက်ရှိနေပြီဖြစ်ပြီး ကူးစက်ပျံနှံ့လာဖို့က အနှေးနဲ့အမြန်သာရှိပါတော့တယ်။ နေထိုင်မကောင်း မဖြစ်သင့်ဆုံးကာလမှာ အအေးကြိုက်တဲ့ ဗိုင်းရပ်စ်ပိုးဟာ အဆိုးဆုံးအခြေအနေနဲ့စောင့်ကြိုနေသလိုပါပဲ။
ဒီအခြေအနေကြီးကို ကျော်လွှားနိုင်ဖို့အတွက် အရင်ဦးဆုံး မိမိကိုယ်မိမိ ကြိုတင်ကာကွယ်ရပါမယ်။ မိမိကိုယ်မိမိ ကာကွယ်ခြင်းဖြင့် တခြားသူများကိုပါ မိမိထံမှတစ်ဆင့် ကူးစက်ခြင်းကို ကာကွယ်နိုင်တာကြောင့် ကိုယ်ခံအားကောင်းစေရန် အစားအစာ များများစားကာ နွေးနွေးထွေးထွေးနေထိုင်သင့်ပါတယ်။ ရောဂါအခံရှိသူများရော၊ သက်ကြီးရွယ်အိုများပါ ကိုယ်ခံအားကောင်းမွန်စေရန်အတွက် Abi Hayat ငှက်သိုက်ကို အနည်းဆုံး တစ်နေ့တစ်ကြိမ် သောက်သုံးပေးဖို့ လိုအပ်ပြီး ဖြည့်စွက်စာများကို ဝယ်ယူသုံးစွဲဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။
Abi Hayat ငှက်သိုက်တွင် ဓာတုပစ္စည်းများ လုံးဝ(လုံးဝ) အသုံးပြုထားခြင်းမရှိဘဲ 100% Organic ဖြစ်သော ယိုးဒယားကုန်ကြမ်းနှင့်နည်းပညာကိုသာ အသုံးပြုပြီး အဆင့်မှီမှီ ထုတ်လုပ်ထားတာကြောင့် စိတ်ချယုံကြည်စွာ မှာယူသောက်သုံးနိုင်ပါတယ်။ ​​ဈေးနှုန်းလည်းချိုသာပြီး 'Halal' ဖြစ်တာကြောင့် လူမျိုးဘာသာမရွေး သောက်သုံးနိုင်ပါတယ်။ Abi Hayat Bird's Nest မှ အသင့်သောက် ငှက်သိုက်ပေါင်းရည်ကို 45ml ပုလင်း၊များဖြင့် ထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချ‌ပေး‌နေပါသည်။

45ml ပုလင်း -3500Ks
45ml 6ပုလင်းပါကဒ်-21000Ks

Abi Hayat Bird's Nest - အဘီဟာယက် သဘာဝငှက်သိုက်
အမှတ်. (115) ,57 Street ,ပုဇွန်တောင်မြို့နယ်, ရန်ကုန်မြို့
09-5031491
09-692315775 ကိုဆက်၍လည်းကောင်း
Page Chat Box( https://m.me/AbiHayatBirdsNes ) မှ လည်းကောင်း
ဆက်သွယ်မှာယူနိုင်ပါပြီ။
ရန်ကုန်မြို့တွင်း အိမ်အရောက် ပို့ဆောင်ပေးမှာဖြစ်လို့ ပစ္စည်းရောက် မှ ကျသင့်ငွေ ပေးချေနိုင်ပါတယ်။
နယ်Customerတွေအတွက်ကြိုတင်ငွေလွှဲစနစ်ဖြင့် ကားဂိတ်အထိပို့ဆောင်ပေးပါတယ်။


ငှက်သိုက်ကအသားအရေကိုဘယ်လိုအထောက်အကူပြုသလဲ ?         ငှက်သိုက်ဆိုတာ ဇီဝဇိုးငှက်ရဲ့အာစေးတွေမှ ဖြစ်တည်လာတာဖြစ်ပြီး အာစေးတွေ...
03/12/2021

ငှက်သိုက်ကအသားအရေကိုဘယ်လိုအထောက်အကူပြုသလဲ ?

ငှက်သိုက်ဆိုတာ ဇီဝဇိုးငှက်ရဲ့အာစေးတွေမှ ဖြစ်တည်လာတာဖြစ်ပြီး အာစေးတွေ ခြောက်သွေ့မာကျောသွားမှ အဟာရတွေ အများကြီးပျော်ဝင်နေတဲ့ ငှက်သိုက်တစ်ခု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ငှက်သိုက်မှာ Antioxidant ၊ Collagen နဲ့ Amino acid တွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးအထောက်အကူပြု အစားအသောက်တွေ၊ Skincare Product တွေမှာ ထည့်သွင်းအသုံးပြုကြတာဖြစ်ပါတယ်။
ငှက်သိုက်မှာ Vitamin A, Vitamin E နဲ့ Collagen တွေများစွာပါဝင်နေတာကြောင့် အိုမင်းရင့်ရော်ခြင်းကို လျော့ကျစေနိုင်သည့်အပြင် အသားအရေဖြူဝင်းကြည်လင်လာစေခြင်း၊ အရေးအကြောင်းများလျော့ကျစေနိုင်ခြင်း၊ ဝက်ခြံပေါက်ခြင်းကိုထိန်းသိမ်းပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုလည်းရရှိနိုင်ပါတယ်။
ငှက်သိုက်တွင်ပါဝင်​​သောအာဟာရများကို စနစ်တကျခွဲခြမ်းလေ့လာပြီး မျက်နှာပိုင်းဆိုင်ရာကုထုံးများနှင့် ဝက်ခြံကုထုံးများတွင် ထည့်သွင်းအသုံးပြုကာ ကုသခဲ့တာကြာပြီဖြစ်ပါတယ်။ ငှက်သိုက်ကို Anti Bacterial Skin Care Solution ထုတ်ဖော်ရာတွင်လည်း အသုံးပြုသည့်အတွက် အသားအရေအဆီပြန်တာကို ထိန်သိမ်းထားနိုင်ပြီး ပြောင်လတ်ချောမွေ့သောအသားအရေ အဖြစ်ပြောင်းလဲစေနိုင်ပါတယ်။ ငှက်သိုက်မှာ အသားအရည်နူးညံ့ကြည်လင်စေဖို့ အတွက်လည်း လုံလောက်တဲ့ Collagen ပမာဏလည်းပါဝင်နေပါတယ်။ Collagen က အရိုးအဆစ်တွေအတွက်ရော အသားအရေအတွက်ပါ အလွန်လိုအပ်တဲ့ Protein ဓာတ်ကိုထုတ်ပေးနိုင်ပြီး အနောက်တိုင်းထုတ် အလှကုန်ပစ္စည်းတော်တော်များများမှာပါ ထည့်သွင်းအသုံးပြုနေသော အာဟာရတစ်မျိုးဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ငှက်သိုက်ပုံမှန်သောက်သုံးခြင်းက အသားအရေအတွက် ဘယ်လောက်အကျိုးပြုနိုင်တယ် ဆိုတာကို သိလောက်ကြပြီလို့ထင်ပါတယ်။

ဘာကြောင့် Abi Hayat ငှက်သိုက်ကိုရွေးချယ်သင့်တာလဲ?
https://www.facebook.com/107031595118063/posts/119839093837313/

Abi Hayat ငှက်သိုက်သည် ဓာတုပစ္စည်းများ လုံးဝ(လုံးဝ) အသုံးပြုထားခြင်းမရှိဘဲ 100% Organic ဖြစ်သော ယိုးဒယားကုန်ကြမ်းနှင့်နည်းပညာကိုသာ အသုံးပြုပြီး အဆင့်မှီမှီ ထုတ်လုပ်ထားတာကြောင့် စိတ်ချယုံကြည်စွာ မှာယူသောက်သုံးနိုင်ပါတယ်။ ​​ဈေးနှုန်းလည်းချိုသာပြီး 'Halal' ဖြစ်တာကြောင့် လူမျိုးဘာသာမရွေး သောက်သုံးနိုင်ပါတယ်။ Abi Hayat Bird's Nest မှ အသင့်သောက် ငှက်သိုက်ပေါင်းရည်ကို 45ml ပုလင်း၊များဖြင့် ထုတ်လုပ်ထားပြီး ဈေးနှုန်းလေးကိုတော့ အောက်မှာဖော်ပြထားပါတယ်။

45ml ပုလင်း -3500Ks
45ml 6ပုလင်းပါကဒ်-21000Ks

Abi Hayat Bird's Nest - အဘီဟာယက် သဘာဝငှက်သိုက်
အမှတ်. (115) ,57 Street ,ပုဇွန်တောင်မြို့နယ်, ရန်ကုန်မြို့
09-5031491
09-692315775 ကိုဆက်၍လည်းကောင်း
Page Chat Box( https://m.me/AbiHayatBirdsNes ) မှ လည်းကောင်း
ဆက်သွယ်မှာယူနိုင်ပါပြီ။
ရန်ကုန်မြို့တွင်း အိမ်အရောက် ပို့ဆောင်ပေးမှာဖြစ်လို့ ပစ္စည်းရောက် မှ ကျသင့်ငွေ ပေးချေနိုင်ပါတယ်။
နယ်Customerတွေအတွက်ကြိုတင်ငွေလွှဲစနစ်ဖြင့် ကားဂိတ်အထိပို့ဆောင်ပေးပါတယ်။


ဘာကြောင့် Abi Hayat ငှက်သိုက်ကိုရွေးချယ်သင့်တာလဲ ?သကြားဓာတ်လုံးဝပါဝင်မှုမရှိခြင်း          သကြားဓာတ် လုံးဝမပါရှိတာကြောင်...
26/11/2021

ဘာကြောင့် Abi Hayat ငှက်သိုက်ကိုရွေးချယ်သင့်တာလဲ ?

သကြားဓာတ်လုံးဝပါဝင်မှုမရှိခြင်း
သကြားဓာတ် လုံးဝမပါရှိတာကြောင့် ဆီးချိုရောဂါရှိ​သူများရော ၊ သာမန်လူများပါ စိတ်ချယုံ​ကြည်စွာ သောက်သုံးနိုင်ပါတယ်။သကြားဓာတ်ကို လျော့ချထားပေမယ့် Collagen, Antioxidant နဲ့ Amino acid တို့ကတော့ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံး၊ အဆုတ် နှင့် အာရုံကြော ဝေဒနာရှိသူများအတွက် အထူးသင့်လျော်ပါတယ်။

ယိုးဒယားကုန်ကြမ်းနှင့်နည်းပညာကိုသာအသုံးပြုခြင်း
ပုံမှန်အိမ်တွင်းဖြစ်ငှက်သိုက်တွေမှာ ကြုံတွေ့ရလေ့ဖြစ်တဲ့ Impurity များတာမျိုး၊ ငှက်သိုက်က အထားမခံတာမျိုး စတဲ့ပြသနာတွေကို Abi Hayat ငှက်သိုက်မှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ယိုးဒယားမှ ကုန်ကြမ်းနှင့်နည်းပညာကို ဝယ်ယူထားပြီး စံချိန်စံညွှန်းမှီအောင် ထုတ်လုပ်ထားတာကြောင့် ဖြစ်ပါတယ်။

ငှက်သိုက်ပါဝင်မှုနှုန်း 70%ထိရှိခြင်း
Abi Hayat ငှက်သိုက်က တခြားငှက်သိုက်တွေလိုမျိုး ငှက်သိုက်ပါဝင်မှုနှုန်း နည်းပါးပြီး အခြား Vitamins တွေဖြည့်ထားတာမျိုး မဟုတ်ဘဲ ငှက်သိုက်ပါဝင်မှုနှုန်း 70%အထိ ရှိတာကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မျိုးမှာ တစ်ဘူးလောက်သောက်လိုက်ယုံဖြင့် သိသိသာသာလန်းဆန်းလာ​စေပါတယ်။ ထို့အပြင် Quality_A grade ရှိတဲ့ ငှက်သိုက်ကိုပဲ အသုံးပြုထားတာကြောင့် Abi Hayat ငှက်သိုက်သောက်ခြင်းဖြင့် ရရှိလာမည့်အကျိုးအာနိသင်က မျှော်လင့်ထားတာထက် ပိုကောင်းပါတယ်။

Halal ဖြစ်၍လူမျိုးဘာသားမရွေးသောက်သုံးနိုင်ခြင်း
သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ထားပြီး Halal လည်းဖြစ်သည့်အတွက် လူမျိုးဘာသာမရွေး သောက်သုံးနိုင်ပါတယ်။​ Abi Hayat မှ ငှက်သိုက်ပုလင်းများတွင် ငှက်သိုက် 45ml ပါဝင်ပြီး ငှက်သိုက်အရသာမကြိုက်သူများအတွက် လည်း တစ်ကျိုက်တည်း မော့ရလွယ်ကူသော Size ဖြစ်ပါတယ်။

45ml ပုလင်း - 3500Ks
45ml 6ပုလင်းပါကဒ် - 21000Ks


ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့
Abi Hayat Bird's Nest - အဘီဟာယက် သဘာဝငှက်သိုက်
🏢အမှတ်. (115) ,57 Street ,ပုဇွန်တောင်မြို့နယ်, ရန်ကုန်မြို့
📱 09-5031491
📱 09-692315775 ကိုဆက်၍လည်းကောင်း
📨Page Chat Box( https://m.me/AbiHayatBirdsNes ) မှ လည်းကောင်း
ဆက်သွယ်မှာယူနိုင်ပါပြီ။
🚚ရန်ကုန်မြို့တွင်း အိမ်အရောက် ပို့ဆောင်ပေးမှာဖြစ်လို့ ပစ္စည်းရောက် မှ ကျသင့်ငွေ ပေးချေနိုင်ပါတယ်။
🚚နယ်Customerတွေအတွက်ကြိုတင်ငွေလွှဲစနစ်ဖြင့် ကားဂိတ်အထိပို့ဆောင်ပေးပါတယ်။

တန်ဆောင်တိုင် အခါသမယမှာ မှ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့်ပြည့်စုံနိုင်ကြပါစေကြောင်း Abi Hayat Bird's Nest - အ...
17/11/2021

တန်ဆောင်တိုင် အခါသမယမှာ မှ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့်ပြည့်စုံနိုင်ကြပါစေကြောင်း Abi Hayat Bird's Nest - အဘီဟာယက် သဘာဝ ငှက်သိုက် မှ ဆုတောင်း မေတ္တာများ ပို့သလိုက်ပါသည်။


%

Abi Hayat Bird's nest မကြာခင်ကျရောက်လာတော့မဲ့ တန်ဆောင်မုန်းလ အချိန်ကာလလေးမှာ ဖိုးဖိုး ဖွားဖွား မိဘ ဆရာအသမားများကို ဂါရ၀ပ...
13/11/2021

Abi Hayat Bird's nest မကြာခင်ကျရောက်လာတော့မဲ့ တန်ဆောင်မုန်းလ
အချိန်ကာလလေးမှာ ဖိုးဖိုး ဖွားဖွား မိဘ ဆရာအသမားများကို ဂါရ၀ပြုကန်တော့ကြမဲ့ လူကြီးမင်းများ နှင့် ကထိန်ပဒေသာပင်သီး မည့် လူကြီးမင်းများ အတွက် တဆောင်တိုင် အထူး promotion နဲ့ ဝယ်ယူလို့ရနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်

တဆောင်တိုင် အထူး promotion အနေ နဲ့
Abi Hayat ငှက်သိုက် 1ကဒ် ၀ယ်ယူ ယုံ ြဖင့်
45ML အသင့်သောက် ငှက်သိုက် ပုလင်း Free ရယူနိုင်မည့်
အပြင် 2ကဒ် နှင့် အထက် ဝယ်ယူ ပါက လက်ဆောင်ခြင်း သတင်းကောင်းလေးပါးလိုက်ပါတယ်ရှင့်။

ဓာတုပစ္စည်းလုံး၀မသုံးထားပဲ ယိုးဒယားကုန်ကြမ်း နှင့် နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်ထားလို့စိတ်ချယုံကြည်စွာသောက်သုံးလို့ရပါတယ်။
Abi Hayat BIRD'S NEST မှအသင့်သောက် ငှက်သိုက်ပေါင်းရည်45ML ပုလင်း နှင့် (6) ပုလင်းပါ ကဒ်များ ဖြင့်ထုတ်လုပ်ထား ပြီး ဈေးနှုန်းလေးကတော့

45ml ပုလင်း - 3500ks
(6) ပုလင်းပါကဒ် - 21000ks

ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့
Abi Hayat Bird's Nest - အဘီဟာယက် သဘာဝ ငှက်သိုက်
🏢အမှတ်. (115) ,57 Street ,ပုဇွန်တောင်မြို့နယ်, ရန်ကုန်မြို့
📱 09-5031491
📱 09-692315775 ကိုဆက်၍လည်းကောင်း
📨Page Chat Box( https://m.me/AbiHayatBirdsNes ) မှ လည်းကောင်
ဆက်သွယ်မှာယူနိုင်ပါပြီရှင့်။
🚚ရန်ကုန်မြို့တွင်း အိမ်အရောက် ပို့ဆောင်ပေးမှာဖြစ်လို့ ပစ္စည်းရောက် မှ ကျသင့်ငွေ ပေးချေနိုင်ပါတယ်။
🚚နယ်Customerတွေအတွက်ကြိုတင်ငွေလွှဲစနစ်ဖြင့် ကားဂိတ်အထိပို့ဆောင်ပေးပါတယ်ရှင့်။



#ကထိန်

ဇီ၀ဇိုးငှက်သိုက် စစ်စစ်နဲ့ပြုလုပ်ထားတဲ့ Abi Hayat ငှက်သိုက်Abi Hayat ငှက်သိုက်ကို ဇီ၀ဇိုးငှက်သိုက်ဖြင့် ၁၀၀%ပြုလုပ်ထားပြ...
09/11/2021

ဇီ၀ဇိုးငှက်သိုက် စစ်စစ်နဲ့ပြုလုပ်ထားတဲ့ Abi Hayat ငှက်သိုက်
Abi Hayat ငှက်သိုက်ကို ဇီ၀ဇိုးငှက်သိုက်ဖြင့် ၁၀၀%ပြုလုပ်ထားပြီး ဇီ၀ဇိုး ငှက်လေးများအကြောင်း၊ငှက်သိုက်ထုတ်လုပ်ပုံတွေကို Abi Hayat ငှက်သိုက်ချစ်သူများအတွက် ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်ရှင့်

[ဇီ၀ဇိုးငှက်လေးများ]
ဇီဝဇိုးငှက် (Grey-rumped Swiftlet ) သည် မျိုးစဉ်အားဖြင့် 'အပေါ့ဒီဖေါမီး (Apodiforme)' နှင့်၊ မျိုးရင်းအားဖြင့် 'ခက်တူးရီနီး' တို့ ပါဝင်၍ ယင်းကို သိပ္ပံ အမည်အားဖြင့် 'ကောလိုကေးလီယား ဂျာမယ်နီ' ဟု ခေါ်သည်။ ဇီဝဇိုးငှက်သည် ပြင်ပန်းပုံသဏ္ဌာန်အားဖြင့် ပျံလွှားငှက်နှင့် အနည်းငယ်တူသော်လည်း၊ မျိုးစဉ်အားဖြင့် ကွဲပြားသည်။ ဇီဝဇိုး ငှက်ကို အဝေးမှတွေ့မြင်ရလျှင် ပျံလွှားငှက်နှင့် ရုတ်တရက်ခွဲ ခြား၍ မရနိုင်ချေ။ သို့သော် အမွေးထူသော ခြေမျက်ရိုးကို၎င်း၊ အရွယ်ပို၍ကြီးသော တောင်ပံကို၎င်း ကြည့်ရှုခြင်းဖြင့် ဇီဝဇိုး ငှက်ကို ပျံလွှားငှက်နှင့် ခွဲခြား၍သိရှိနိုင်သည်။

ဇီဝဇိုးငှက်သည် အသိုက်ကို မိမိအန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိ သည်။ ထိုအသိုက်ကို ငှက်သိုက်ဟု ခေါ်ကြသည်။

ဇီဝဇိုးငှက်သည် အသိုက်ကို ဂူနံရံများ၊ ကျောက်ဆောင် မြင့်များတွင် ဆောက်တတ်သည်။ အသိုက်၏အရွယ်မှာ ကန့် လန့်ဖြတ်အားဖြင့် ၂ လက်မမှ ၃ လက်မထိရှိ၍၊ စောက် ၁ လက်မရှိသည်။ ဥအုချိန်မှာ ဧပြီလလယ်လောက်တွင် ဖြစ်သည်။ တစ်မြုံလျှင် ဥနှစ်လုံးစီရှိသည်။

ဇီဝဇိုးငှက်ကို အပူပိုင်းဒေသများတွင် အထူးသဖြင့် ကျွန်းစု နှင့် ပင်လယ်ကမ်းရိုးတန်းများ၌ အနှံ့အပြားတွေ့ရသည်။ ဆေးရှဲ ကျွန်းစုနှင့် မောရစ်ရှကျွန်းစုမှ ကွင်းစလန်အထိပျံ့နှံ့စွာနေသည်။ ပုသိမ်အနောက်ဘက် ကမ်းခြေအလွန်ရှိ ကျွန်းများတွင်၎င်း၊ တနင်္သာရီကမ်းခြေနှင့် မြိတ်ကျွန်းစုတို့တွင်၎င်း ဇီဝဇိုးငှက်တို့ကို တွေ့ရသည်။

ဇီဝဇိုးငှက်သည် ပျံလွှားငှက်မျိုးတွင် ပါဝင်၏။ သူသည် ပင်လယ်အဏ္ဏဝါအနှံ့၊ တောတောင်အနှံ့ ပျံသန်းကာ သူနားရာ ကျောက်ဆောင်သို့ ပြန်လာ၏။ သူ၏အသိုက်အား သူတစ်ပါးတို့ကဲ့သို့ သစ်ကိုင်း၊ သစ်ရွက်တို့နှင့်မလုပ်၊ အာခေါင်၌ဖြစ်သော အာစေးကို အန်ထုတ် အသိုက်ပြု၏။ တစ်ခါတစ်ရံ အန်ရလွန်း၍ ထိုအာစေးတွင် ရင်မှသွေးပင်ပါ၍ လာတတ်သည်။ ဇီဝဇိုးငှက်သည် ကောင်းကင်မှ တိမ်ညွှန့်ကိုစားသည်ဟု ဆိုကြသည်။ ထိုငှက်သိုက်ကို စားသုံးရသူ လူသားတို့အဖို့ အင်အားပြည့်စုံကာ ရသာထူးနှင့် ပြည့်စုံလှ၏။

[ငှက်သိုက်]
ငှက်သိုက်သည် ပျံလွှားငှက် တစ်မျိုးတွင် ပါဝင်သည့် ငှက်များက လုပ်သော အသိုက် ဖြစ်သည်။ မိုးစာငှက်၊ ပြီးလဲငှက်၊ ဇီဝဇိုးငှက်များမှ ငှက်သိုက်ကို ထုတ်ယူရရှိနိုင်၏။ မြန်မာ နိုင်ငံတွင် ငှက်သိုက်ကို ဇီဝဇိုးငှက်မှသာ ရရှိသည်။ ဇီဝဇိုးငှက်သည် လေထဲတွင် ပျံသန်းရင်း ပိုးမွှားကောင်များကို ဖမ်းစားတတ်သောကြောင့် ``လေစားငှက်´´ ဟုလည်းခေါ်သည်။ ဇီဝဇိုး ငှက်မှ အမည်းရောင်ငှက်သိုက်နှင့် အဖြူရောင် ငှက်သိုက် (၂) မျိုးရရှိသည်။ အမည်းရောင်ငှက်သိုက် ကို Collocalia innominata ဆိုသည့် ဇီဝဇိုးငှက်မှ ရရှိပြီး အဖြူရောင်ငှက်သိုက်ကို Collocalia fuciphaga ဆိုသည့် ငှက်သိုက်မှ ရရှိသည်။

[ဇီ၀ဇိုးငှက် ပုံသဏ္ထန်]
မြန်မာနိုင်ငံတွင် ငှက်သိုက်အများဆုံး ထုတ်လုပ်ပေးသော ဇီဝဇိုးငှက်သည် စာကလေး အရွယ်ခန့်သာ ရှိပြီး မီလီမီတာ ၁၀၀ မှ ၄၀၀ အတွင်းရှိသည်။ ကျောဘက် ငှက်မွှေးမှာ အမည်းရောင် ရှိပြီး ဝမ်းဘက် ငှက်မွှေးမှာ မီးခိုးရောင် ဖြစ်နေ၏။ ဦးခေါင်းမှာ သေးလုံးနေပြီး ကတော့ပုံရှိ မာသော နှုတ်သီးနှင့် ကျယ်သော ပါးစပ်ပေါက် ရှိသည်။ တောင်ပံသည် ချွန်ပြီး အမြီးတိုသောကြောင့် ပျံသန်းမှုကို လျင်မြန်စေသည့် အပြင် ညအိပ်သည့် အချိန်မှ လွဲ၍ တစ်နေ့လုံး ပျံနိုင်သည်။ တိုပြီးကောက်နေသော ခြေသည်းပါသည့် ခြေချောင်း(၄) ချောင်းရှိ၏။ ခြေချောင်း(၄) ချောင်းအနက် (၃) ချောင်းသည် အရှေ့ဘက်သို့ ကား၍ ညွှန်းနေသောကြောင့် ကျောက်ဆောင် အစွန်းနှင့် အဆောက်အဦး များတွင် ခိုင်မြဲစွာ ကုတ်တွယ်ထားနိုင်သည်။

[ဇီ၀ဇိုးငှက် သဘာ၀]
ဇီဝဇိုးငှက်သည် လူနှင့်ဝေးသည့် ပင်လယ်တွင်း ကျွန်းအချို့၌ ကျောက်ဆောင် လှိုဏ်ဂူများ အကြားတွင် နေထိုင်လေ့ရှိသည်။ အုပ်စုဖွဲ့နေတတ်၍ တစ်အုပ်စုလျှင် ထောင်ပေါင်း များစွာ ပါဝင်၏။ မြေပြင်တွင် ကျက်စားလေ့မရှိပေ။ ဝေဟင်နှင့် ပင်လယ် ရေပြင် ထက်တွင် လျင်မြန်စွာ ပျံသန်းစဉ် တောင်ပံပါ အင်းဆက်များကို ဖမ်းယူ စားသောက် ပေသည်။ တိမ်ရှိသည့် နေရာအထိ မြင့်မားစွာ ပျံသန်း နိုင်၍ အမြင်အာရုံ စူးရှပြီး လျင်မြန် ဖြတ်လတ်၏။ တပေါင်း၊ တန်ခူးလမှ စ၍ ငှက်သိုက်ပြုလုပ်တတ်သည်။ ၎င်းတို့၏ ငှက်သိုက်များသည် အခြား ငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းများဖြင့် မပြုလုပ်ကြပဲ ထူးဆန်းစွာ အာခေါင်မှ အာစေး တစ်မျိုးကို အန်ထုတ်၍ အသိုက်ပြုလုပ်ကြသည်။ ယင်းအသိုက်များတွင် ငှက်မများ ဝင်ဥအု ကြသည်။ တစ်နှစ်လျင် နှစ်ကြိမ် ဥအုပြီး တစ်မြုံလျှင် ဥ နှစ်လုံးရှိသည်။ အများအားဖြင့် အထီး တစ်ကောင်၊ အမ တစ်ကောင် ပေါက်သည်။ ငှက်မသည် ငှက်ကလေးများကို နှစ်လ ကြာမျှ ကျွေးမွေး ပြုစုပြီး နောက် အသိုက်မှ ဆင်းသွားကြသည်။

[အသိုက်ပြုလုပ်ပုံ]
ဇီဝဇိုးငှက်များသည် မျိုးပွားရာသီဖြစ်သော ဇန်နဝါရီလ၊ ဧပြီလနှင့် ဩဂုတ်လများတွင် ဥများအုရန် အသိုက်ဆောက်လေ့ရှိသည်။ အသိုက်ဆောက်မည့် ကျောက်လှိုဏ်ဂူအမိုးမှာ ပေ ၄၅၀ ကျော်ခန့်အထိ မြင့်မားလှ၏။ ဇိဝဇိုးငှက်အထီးကသာ အိမ်ဖွဲ့ပေးလေ့ရှိသည်။ အသိုက် ဆောက်လုပ်ရာတွင် ငှက်၏ တံတွေးဂလင်းမှ စစ်ထုတ်လိုက်သော တံတွေးရည်များနှင့် ချေဖျက်ပြီး အစာရည်အချို့ပါဝင်၏။ အသိုက်ပြုလုပ်မည့် နေရာကို စိတ်ကြိုက်ရွေးချယ်ပြီး တံတွေးများကို အံထုတ်လိုက်သည်။ ယင်းတံတွေးများသည် လေနှင့် ထိတွေ့သည့်အခါ မာကြောသွား၏။ ယင်းအံဖတ်များကို ထပ်ခါထပ်ခါ အံပြီး နှုတ်သီးဖြင့် ခွက်ပုံသဏ္ဌာန်ဖော်ပေး သည်။ တစ်ခါတစ်ရံတွင် ငှက်သိုက်၏ သွေးစများ ပါလာတတ်သည်ကို တွေရ၏။ ငှက်သိုက်မှာ အရွယ်ရောက် ငှက်တစ်ကောင်နှင့် ငှက်ပေါက်စ နှစ်ကောင် နေရန် လုံလောက်သည်။ အဖြူရောင် ငှက်သိုက်တွင် အဖြူရောင် ငှက်မွှေးနုများ ပါဝင်သည်။ အမည်းရောင်ငှက်သိုက်တွင် အမည်းရောင် ငှက်မွှေးနုများ ပါဝင်သည်။ အရွယ်အစားအားဖြင့် အမည်းရောင် ငှက်သိုက်သည် အဖြူရောင် ငှက်သိုက်ထက် (၂) ဆကြီး၏။ စီးပွားရေး ဈေးကွက်တွင် အဖြူရောင် ငှက်သိုက်ကို လူကြိုက်များ သောကြောင့် (၁၀) ဆမျှ ဈေးပိုကြီးသည်။

[ငှက်သိုက်များ ထုတ်လုပ်ပုံ]
ငှက်သိုက်များကို ပင်လယ် သမုဒ္ဒရာတို့အလယ်မှ လူသူမနီးသော ကျွန်းများပေါ်တွင် အလွန်မြင့်မားသော ကျောက်ဆောင် လှိုဏ်ဂူစောင်းများ၏ အထက်မျက်နှာကျက်တွင် ငှက်သိုက် ဖွဲ့လေ့ရှိကြသည်။ ထို့ကြောင့် ငှက်သိုက် စုဆောင်းချိန်တွင် ငှက်သိုက်များ ရရှိနိုင်သည့် ကျောက်ဆောင် လှိုဏ်ခေါင်းအတွင်း ဝင်ရောက်၍ အတွင်းနံရံကို ခဲယဉ်းစွာ တက်ရောက် ဆွတ်ယူကြရ၏။ ထိုကဲ့သို့ ဆွတ်ယူနိုင်ရန် ကျောက်ဆောင်များကို ငြမ်းဆင်၍ သက်စွန့်ဆံဖျား တက်ရောက်ကာ ခဲယဉ်းစွာ လိုက်လံ စုဆောင်း ကြရသည်။

[ငှက်သိုက် အသုံးဝင်ပုံ]
မြန်မာနိုင်ငံတွင် ငှက်သိုက်ကို နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများကို ငှက်သိုက်ပေါင်း ကျွေးလေ့ရှိသည်။ ငှက်သိုက်သည် ပရိုတင်း ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ် များစွာ ပါဝင်သည်။ သဘာဝ ငှက်သိုက်ကို ခေတ်မီနည်းဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြား ပစ္စည်းများနှင့် ပေါင်းစပ်ဖော်ထား သဖြင့် အဆုတ်ကို အားကောင်း စေပြီး ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေး ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။ ဆေးဖက်ဝင် ပစ္စည်း တစ်မျိုး ဖြစ်သောကြောင့် အလွန် အဖိုးအနဂ္ဃ ထိုက်သဖြင့် ရွှေနှင့် စက်၍ပင် ဝယ်ယူကြသည်။ ငှက်သိုက် များကို ပြည်တွင်းတွင် အသုံးပြုရုံသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချကြသည်။

ရှားပါးလှတဲ့ ဇီ၀ဇိုးငှက်သိုက်စစ်စစ်ကို Abi Hayat မှ ထိုင်းနည်းပညာဖြင့် အရည်အသွေး‌ြပည့်၀စွာ ကျန်းမာရေးအတွက် စနစ်တကျ ဖော်စပ်ထုတ်လုပ်ထားပြီး စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနေပါတယ်ရှင့်

Abi Hayat BIRD'S NEST အသင့်သောက် ငှက်သိုက်ပေါင်းရည်45ML ပုလင်း နှင့် (6) ပုလင်းပါ ကဒ်များ ဖြင့်ထုတ်လုပ်ထား ပြီး ဈေးနှုန်းလေးကတော့

45ml ပုလင်း - 3500ks
(6) ပုလင်းပါကဒ် - 21000ks

ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့ Abi Hayat Page Chat Box မှ ဝယ်ယူ အားပေးလို့ ရသလို ..

📱 Phone - 09 50 31 491 သို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်

ဒီပါဝလီ အခါ သမယမှာ ချစ်ခင်ရသူတွေနဲ့အတူဖြတ်သန်းရင်း ဘေးကင်းလုံခြုံကြပါစေကြောင်း Abi Hayat Bird's Nest - အဘီဟာယက် သဘာဝ ငှက...
03/11/2021

ဒီပါဝလီ အခါ သမယမှာ ချစ်ခင်ရသူတွေနဲ့အတူဖြတ်သန်းရင်း ဘေးကင်းလုံခြုံကြပါစေကြောင်း Abi Hayat Bird's Nest - အဘီဟာယက် သဘာဝ ငှက်သိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


သင့် ကျန်းမာရေး အတွက် Abi Hayat ငှက်သိုက်Abi Hayat Bird Nest မှ  သန်ရှင်းစစ်မှန်တဲ့အသင့်‌ေသာက်ငှက်သိုက် 45ml ပုလင်းလေးတွ...
02/11/2021

သင့် ကျန်းမာရေး အတွက် Abi Hayat ငှက်သိုက်

Abi Hayat Bird Nest မှ သန်ရှင်းစစ်မှန်တဲ့အသင့်‌ေသာက်ငှက်သိုက် 45ml ပုလင်းလေးတွေကို၀ယ်ယူရရှိနိုင်ပါပြီ။
100% ငှက်သိုက်စစ်စစ်ဖြစ်လို့ အဆုတ်နှင့်ကိုယ်ခံအားကိုကောင်းစေတဲ့အပြင် အချိန်မတန်ခင် အိုမင်းရင့်ရော်ခြင်းတွေကိုလည်းကင်းဝေးစေပြီးအရွယ်တင်
နုပျိုစေပါတယ်။
ငှက်သိုက်ထဲမှာပါ၀င်တဲ့အမိုင်နိုအက်စစ်ဟာ ခန္ဓာကိုယ်အတွက်တ‌နေ့တာ မရှိ့မဖြစ်လိုအပ်တဲ့ အဓီကအုပ်မြစ်တခုဖြစ်ပါတယ်။
ရေဓာတ်
ကာဗွန်ဟိုက်ဒရိတ်
သံဓာတ်
ကယ်လ်စီယမ်
နိုက်ထရိုဂျင်ဓာတ်တွေလည်းပါ၀င်လို့ အဆုတ်ကိုအားကောင်နိုင်မည့်အပြင် ကိုယ်ခံအားတိုး ဉာဏ်ရည်ဖြိုး အရွယ်တင်နုပျိုစေပါတယ်။

ဓာတုပစ္စည်းလုံး၀မသုံးထားပဲ ယိုးဒယားနည်းပညာ နှင့် ကုန်ကြမ်း (၁၀၀%) Organic စစ်စစ်တွေနဲ့တာကြိုချက်ထားလို့ စိတ်ချယုံကြည်စွာသောက်သုံးလို့ရပါတယ်။

Abi Hayat BIRD'S NEST မှအသင့်သောက် ငှက်သိုက်ပေါင်ခံရည်45ML ပုလင်း နှင့် (6) ပုလင်းပါ ဗူးများ ဖြင့်ထုတ်လုပ်ထား ပြီး ဈေးနှုန်းလေးကတော့

45ml (1) ပုလင်း - 3500ks
(6) ပုလင်းပါ(1) ဗူး - 21000ks

ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့ Abi Hayat Page Chat Box မှ ဝယ်ယူ အားပေးလို့ ရသလို ..

📱 Phone - 09 50 31 491 သို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်

%

Address

Pazundaung

Telephone

+9595031491

Website

Alerts

Be the first to know and let us send you an email when Abi Hayat Bird's Nest - အဘီဟာယက် သဘာဝ ငှက်သိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share