Good Health Journal

Good Health Journal Good Health Journal is the top Myanmar health and beauty journal published by Swe Sone Media Group.

It is published every Monday since 2004 featuring health and beauty tip, articles and interviews with doctors and specialists.

03/04/2026

Did you know ?
——————-
၁ ။ ဘလူးဘယ်ရီက တစ်ခြားသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် အမျိုးပေါင်း ၄၀ ကျော်ထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပိုမိုပါဝင်ပြီး သင့်ဆဲလ်တွေ ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၂ ။ အုန်းရည် ၂ ခွက်စာက ငှက်ပျောသီးထက် ပိုတက်ဆီယမ် ပိုမိုပါဝင်ပြီး သွေးဖိအားကို သဘာဝအတိုင်းကျဆင်းအောင် ကူညီနိုင်ပါတယ်။

၃ ။ သင့်ခုခံအားစနစ်ရဲ့ ၇၀ % က သင့်အူထဲမှာ နေထိုင်ကြပါတယ်။ ပြုပြင်ထားတဲ့အစားအစာတွေနဲ့ ပဠိဇီဝဆေးဝါးတွေက သူတို့ကို အားနည်းစေနိုင်ပါတယ်။

၄ ။ အစာတစ်လုတ်စီတိုင်းကို အကြိမ် ၃၀ ကျော်စီ ဝါးစားတာကြောင့် အစာခြေမှု ကောင်းမွန်ပြီး အစာကို ခန္ဓာကိုယ်က စုတ်ယူမှု ပိုများအောင် ကူညီနိုင်ပါတယ်။

၅ ။ သကြားစားသုံးမှု များသူ( အချိုရည်၊ ကိတ်မုန့်၊ ဒိုးနပ်စ်၊ ကွတ်ကီး …အစရှိ ) တွေက အဝလွန်တာ၊ ဆီးချိုရောဂါနဲ့ နာတာရှည် ရောင်ရမ်းမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၆ ။ တစ်နေ့ကို ဆိုဒါဖျော်ရည် တစ်ခွက်သောက်သူတွေက Heart attack ( နှလုံးသွေးငတ် ) နိုင်ခြေ ၂၀ % ပိုမိုမြင့်မားပါတယ်။ Diet soda သောက်ရင်တောင် ဇီဝဖြစ်စဉ်အပေါ် သက်ရောက်မှု ရရှိနိုင်ပါတယ်။

၇ ။ ရေဓာတ်လျော့နည်းနေတာကြောင့် ပင်ပန်းနွမ်းနယ်တာ၊ စိုးရိမ်စိတ်များတာနဲ့ အာရုံ စူးစိုက်လို့ မရအောင် လှုံ့ဆော်နိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

02/04/2026

ရင်ပတ်အောင့်ရတဲ့ အကြောင်းရင်းများ
—————

၁ ။ နှလုံးသွေးကြောပိတ်ဆို့ခြင်း ( Heart attack )ကြောင့်ဖြစ်ရင်
ရောဂါလက္ခဏာ။
-ရင်ပတ်အောင့်မယ်၊ ဖိအားပေးခံထားရလိုနာကျင်မယ်
-လက်မောင်း၊ မေးရိုးနဲ့ နောက်ကျောနာကျင်မယ်
-ချွေးထွက်မယ်၊ ပျို့မယ်
-လက္ခဏာက မပျောက်ပဲဖြစ်နေရင် နှလုံးရပ်နိုင်တယ်။
အရေးပေါ်ကုသမှု ခံယူရပါမယ်။

၂ ။ နှလုံးအတွင်းသွေးစီးဆင်းမှု လျော့သွားခြင်း ကြောင့်ဖြစ်ရင်( Angina)
ရောဂါလက္ခဏာ။
-ရင်ပတ်အောင့်မယ်၊ ဖိအားပေးထားသလိုခံစားရမယ်
-လှုပ်ရှားမှုလုပ်ရင် ပိုမိုဆိုးရွားမယ်။
-အနားယူရင် သက်သာမယ်။
-အချိန် ၅ မိနစ်သာ ခံစားရပါမယ်။
ဘဝနေထိုင်မှုပုံစံပြောင်းလဲတာနဲ့ ဆေးဝါးနဲ့ကုသမှု ခံယူရပါမယ်။

၃ ။ အဆုတ်တွင်း သွေးခဲရှိခြင်းကြောင့်ဖြစ်ရင်
ရောဂါလက္ခဏာ။
-စူးစူးရှရှရင်ပတ်အောင့်မယ်။
-အသက်ရှူလို့မဝဘူး။
-နှလုံးခုန်နှုန်းမြန်ဆန်မယ်။
သွေးကျဲဆေးနဲ့ ကုသမှု ခံယူရပါမယ်။

၄ ။အဆုတ်တွင်းရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်ရင်
ရောဂါလက္ခဏာ။
-အသက်ရှူစဉ် နာကျင်မယ်။
-ချောင်းဆိုးမယ်၊ အဖျားရှိမယ်။
ပဠိဇီဝဆေးဝါးအသုံးပြုပြီး အနားယူရပါမယ်။ အရည်များများသောက်ရပါမယ်။

၅ ။ အက်စစ်ဆန်တက်ခြင်း ဒါမှမဟုတ်ရင်ပူနာကြောင့်ဖြစ်ရင်
ရောဂါလက္ခဏာ။
-ပူစပ်ပူလောင်စွာရင်ပတ်အောင့်မယ်။
-အစာစားအပြီး ပိုမိုဆိုးရွားမယ်။
-လဲလျောင်းရင် ဒါမှမဟုတ် ကုန်းလိုက်ရင် နာကျင်မှု ပိုမို ဆိုးရွားနိုင်ပါတယ်။
အစားအစာစားသောက်မှုပုံစံ ပြောင်းလဲတာနဲ့ လေဆေး antacids တွေနဲ့ ကုသရပါမယ်။

၆ ။ ကြွက်သားဒဏ်ပိခြင်း ဒါမှမဟုတ် နံရိုးဒဏ်ရာရခြင်းကြောင့်ဖြစ်ရင်
ရောဂါလက္ခဏာ။
-စူးစူးရှရှ အထိမခံနိုင်အောင်နာကျင်မယ်။
-ရွေ့လျားမှု ပြုလုပ်ရင် ပိုမို ဆိုးရွားမယ်။
-တစ်နေရာထဲမှာပဲ နာကျင်ပါမယ်။
အနားယူတာနဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။

၇ ။ စိုးရိမ်စိတ်နဲ့ ဖိစီးမှုကြောင့် ဖြစ်ရင်
ရောဂါလက္ခဏာ။
-ရင်ပတ်အတွင်းတင်းကျပ်နေမယ်။
-အသက်ရှူမြန်မယ်။
-ခေါင်းမူးမယ်။
အသက်ပြင်းပြင်းရှူပြီး စိတ်ဖိစီးမှုကိုဖြေလျော့ပါ။

ဘယ်လိုခွဲခြားမလဲ။
#နှလုံးကြောင့်ရင်ပတ်အောင့်ရင်
-ဖိအားပေးခံထားရသလို တင်းကျပ်နိုင်၊ ညှစ်ထားသလို နာကျင်နိုင်
-လက်မောင်း၊ မေရိုး၊ လည်ပင်း ဒါမှမဟုတ် နောက်ကျောထိနာကျင်နိုင်
-ချွေးထွက်တာ၊ ပျို့တာ၊ အသက်ရှူမဝတာနဲ့ တွဲဖြစ်တတ်ပါတယ်။
#နှလုံးကြောင့်မဟုတ်တဲ့ရင်ပတ်အောင့်ရင်
-စူးရှ ဒါမှမဟုတ် ထိုးသွင်းသလိုနာကျင်နိုင်
-ရွေ့လျား ဒါမှမဟုတ် အသက်ပြင်းပြင်းရှူရင် နာကျင်တာပိုမိုဆိုးရွားနိုင်
-အစာစားအပြီး ပူလောင်တဲ့ဝေဒနာခံစားရနိုင်

ဘယ်အချိန် စိုးရိမ်ရမလဲ။
————-
-ရင်ပတ်အတွင်းဖိအားပေးခံနေရတာ မိနစ်ပိုင်း ကြာရှည်နေရင်
-လက်မောင်း ဒါမှမဟုတ် မေးရိုးနာကျင်နေရင်
-အသက်ရှူမဝဖြစ်နေရင်
-ချွေးထွက်တာ ဒါမှမဟုတ် မေ့လဲမလို ဖြစ်နေရင်

02/04/2026

Did you know ?
—————-
၁ ။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာအောင် နားထင်ကို ချင်းပြားနဲ့ ပွတ်ပေးပါ။

၂ ။ ဆန်ဆေးရည်သောက်တာကြောင့် အစာကြေလွယ်နိုင်ပါတယ်။

၃ ။ အိပ်ရာမဝင်ခင် နှမ်းစေ့စားသုံးတာကြောင့် အိပ်စက်မှုကောင်းမွန်နိုင်တဲ့ ထရစ်တိုဖန် Tryptophan ကို ရရှိနိုင်ပါတယ်။

၄ ။ ရုံပတီသီးအရည် ( ရုံးပတီသီးကို ရေစိမ်ထား )သောက်တာကြောင့် သွေးတွင်းသကြားပမာဏ ထိန်းညှိဖို့ အထောက်အကူ ရပါတယ်။

၅ ။ ပင်စိမ်းရွက်ကို စားသုံးတာကြောင့် စိတ်ဖိစီးမှု လျော့နည်းစေနိုင်တဲ့ သဘာဝ adaptogen ကို ရရှိနိုင်ပါတယ်။

၆ ။ ပဲနံစာစေ့အရည် ( ပဲနံသာစေ့ကို ရေစိမ်ထား ) သောက်တာကြောင့် ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူရပြီး လေပွတာ သက်သာနိုင်ပါတယ်။

၇ ။ အိပ်ရာမဝင်ခင် သင့်ခြေထောက်ကို ရှားစောင်းလက်ပပ် ဂျလ်လိမ်း အိပ်တာကြောင့် အရေပြား ရေဓာတ်ပြည့်ဝနိုင်ပြီး relax ရရှိနိုင်ပါတယ်။

၈ ။ နှာခေါင်းဝမှာ ပါပက်မန့်အဆီ လိမ်းထားတာကြောင့် နှာပိတ်တာ သက်သာနိုင်ပြီး တက်ကြွမှု ရရှိနိုင်ပါတယ်။

၉ ။ ခြေထောက်ကို ဆားရည်နဲ့စိမ်ထားတာကြောင့် စိတ်ဖိစီးမှု လျော့နည်းပြီး အညောင်းပြေနိုင်ပါတယ်။

၁၀ ။ ဗယ်နီလာရနံ့ကို ရှူရတာကြောင့် စိုးရိမ်စိတ်လျော့ကျပြီး စိတ်အေးချမ်းမှု ရရှိနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

#

01/04/2026

မကြာခဏ ဆီးသွားတတ်သူတွေ စားသင့်သော အစားအစာများ
——————
၁ ။ ရွှေဖယုံစေ့
သူ့မှာ ပါဝင်တဲ့ ဇင့် ( သွပ်ဓာတ်) က ဆီးအိတ်ထိန်းချုပ်နိုင်အောင် အထောက်အကူပေးပါတယ်။

၂ ။ ငှက်ပျောသီး
ဆီးအိတ်နှိုးဆွမှုကို လျော့ချပေးနိုင်ပါတယ်။

၃ ။ သခွါးသီး
ဆီးအိတ်ကို လှုံ့ဆော်တာလွန်ကဲမှု မရှိပဲ ရေဓာတ် ပြည့်ဝစေနိုင်ပါတယ်။

၄ ။ ကန်စွန်းဥ
မဂ္ဂနီဆီယမ်ပေါကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဆီးအိတ်ကြွက်သားတွေ ဖြေလျော့ ( relax ) ရရှိစေနိုင်ပါတယ်။

၅ ။ ပန်းသစ်တော်သီး
အက်စစ်ဓာတ်နည်းပါးတဲ့အတွက် ဆီးအိတ် ဝေဒနာ သက်သာနိုင်ပါတယ်။

၆ ။ ဘာလီရည်
အဆိပ်အတောက်တွေကို ဆီးနဲ့ အတူတူ ထွက်သွားနိုင်ပါတယ်။

Tips
-ရေများများသောက်ပါ။
-ကဖင်းနဲ့ အယ်လ်ကိုဟော ပမာဏအသင့်အတင့်သာသောက်ပါ။
-အစပ်စာနဲ့ အက်စစ်များတဲ့ အစားအစာကို ရှောင်ကြဉ်ပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

01/04/2026

အရွယ်တင်နုပျိုနိုင်မယ့် အကျင့်ကောင်းများ
————————-
၁ ။ မိတ်ဆွေ အပေါင်းအသင်းများနဲ့ အမြဲတမ်း ထိတွေ့မှု ရှိခြင်း။
စောစောစီးစီး သေဆုံးနိုင်ခြေ ၄၅ % ထိလျော့ကျနိုင်ပါတယ်။ ဒါက ဆေးလိပ်ဖြတ်တာ ဒါမှမဟုတ် နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်တာထက် လျော့ကျနှုန်း ပိုများပါတယ်။

၂ ။ မနက်ခင်း နေရောင်ခြည်နဲ့ ထိတွေ့ခြင်း။
ဇီဝနရီကို ထိန်းချုပ်နိုင်ပြီး အရွယ်အိုမင်းမှုရဲ့ အမှတ်အသားဖြစ်တဲ့ ရောင််ရမ်းမှု နည်းပါးနိုင်ပါတယ်။

၃ ။ တစ်ခြားသူတွေကို ကူညီခြင်း ဒါမှမဟုတ် စေတနာ့ဝန်ထမ်း လုပ်ခြင်း။
အောက်ဆီတိုစင်မြင့်မားလာပြီး သွေးပေါင်ချိန်လျော့နည်း နိုင်ပါတယ်။ သဘာဝအတိုင်း အသက်ရှည်စေနိုင်တဲ့ ဟော်မုန်း မြင့်တက်နိုင်ပါတယ်။

၄ ။ အိမ်မွေးတိရိစ္ဆာန်တွေကို မွေးမြူခြင်း။
နှလုံးရောဂါ ဖြစ်နိုင်ခြေ ၃၆ % လျော့နည်းနိုင်ပြီး ကော်တီစောကျဆင်းနိုင်ပါတယ်။

၅ ။ ကျေးဇူးတင်စကား ပြောတတ်ခြင်း။
ဒိုပါမင်းနဲ့ ဆီရိုတိုနင် ထွက်လာဖို့ ဦးနှောက်ကို လေ့ကျင့်ပေးပါတယ်။ ၂ မျိုးစလုံးက တယ်လိုမီးယားရှည်တာနဲ့ ဆက်စပ်နေပါတယ်။

၆ ။ မကြာခဏ ရယ်မောခြင်း။
ခုခံအားဆဲလ်တက်ကြွမှု ၄၀ % ပိုမိုကောင်းမွန်လာပြီး သွေးလှည့်ပတ်မှု ချက်ချင်း ကောင်းမွန်နိုင်ပါတယ်။

၇ ။ မိသားစုနဲ့ ထမင်း အတူတူစားခြင်း။
အောက်ဆီတိုစင်တွေ ထွက်လာတာကြောင့် စိတ်ဖိစီးမှု လျော့နည်းပြီး အစာခြေမှုကောင်းမွန်နိုင်ပါတယ်။

၈ ။အေးတဲ့ရာသီ နဲ့ထိတွေ့ခြင်း ဒါမှမဟုတ် ရေနွေးစိမ်ခြင်း။
ဆဲလ်တွေပြန်လည်ပြုပြင်နိုင်ပြီး သက်တမ်းရှည်စေနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

#

31/03/2026

ရေအေးသောက်မလား။ ရေနွေးသောက်မလား။
————-
ရေအေး(ရေခဲရည် )သောက်ခဲ့ရင်…
၁ ။ ခန္ဓာကိုယ်က အသုံးပြုနိုင်ဖို့ ဒီရေ နွေးသွားအောင် ကိုယ်ရဲ့စွမ်းအင် အသုံးပြုရပါတယ်။

၂ ။ လေ့ကျင့်ခန်း လုပ်အပြီး ခန္ဓာကိုယ်အေးမြသွားအောင် ကူညီနိုင်ပါတယ်။

၃ ။ သွေးကြောကျဉ်းမြောင်းစေတဲ့အတွက် ရေဓာတ်ပြန်ဖြည့်တာနဲ့ ရေစုတ်ယူနိုင်စွမ်း လျော့နည်းနိုင်ပါတယ်။

၄ ။ အစားအစာက အဆီတွေကို အခဲဖြစ်သွားစေတဲ့အတွက် ခန္ဓာကိုယ်က ခက်ခက်ခဲခဲ ချေဖျက်ရပါတယ်။

ရေနွေးသောက်ရင်…
၁ ။ သွေးကြောတွေ ချောမွေ့ကာ ရေဓာတ်ဖြည့်နှုန်း ကောင်းမွန်နိုင်ပါတယ်။

၂ ။ ရေနဲ့ အတူတူ အဆီတွေပါ ရွေ့လျားသွားတဲ့အတွက် သွေးကြောပိတ်ဆို့နိုင်ခြေ လျော့ချနိုင်ပါတယ်။

၃ ။ ကျောက်ကပ်ရဲ့ အဆိပ်အတောက်ဖြေလုပ်ငန်းကိုကူညီနိုင်ပြီး ဝမ်းရွေ့လျားမှု ကောင်းမွန်နိုင်ပါတယ်။

၄ ။ အဖျားရှိနေရင် ရေနွေးက ခန္ဓာကိုယ်ရဲ့ ဗိုင်းရပ်စ်တိုက်ထုတ်နိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

30/03/2026

၁၀ စက္ကန့်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေရန်
—————-
၁ ။ သင့်ကိုယ်တွင်းအင်္ဂါထဲ လတ်ဆတ်တဲ့ သွေးတွေရောက်ရှိစေဖို့ ဝမ်းဗိုက်နဲ့ အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်ပြုလုပ်ပါ။

၂ ။ ပခုံးနဲ့ ရင်ပတ်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေရန် သင့်လက်မောင်းကို ချိန်သီးလိုမျိုး လွှဲလိုက်ပါ။

၃ ။ ဦးနှောက်အတွင်း အောက်ဆီဂျင် စီးဆင်းမှု ကောင်းမွန်စေရန် ၁၀ စက္ကန့်လောက် ဦးခေါင်းကို အနောက်ဖက်လှန်လိုက်ပါ။

၄ ။ မတ်တပ်ရပ်နေစဉ် တင်ပါးကိုညှစ်လိုက်တာကြောင့် ကိုယ်အောက်ပိုင်း ကို သွေးပိုမို ရောက်ရှိနိုင်ပါတယ်။

၅ ။ သွေးလှည့်ပတ်မှု နိုးထလာအောင် သင့်လက်ကောက်ဝတ်ပေါ် ဘုံဘိုင်ရေ ဖွင့်ချလိုက်ပါ။

၆ ။ စီးဆင်းမှု မရှိတဲ့ သွေးတွေ အပေါ်ကို တွန်းတင်နိုင်အောင် ခြေချင်းဝတ်ကို စက်ဝန်းပုံ လှည့်ပေးပါ။

၇ ။သွေးတွေ ရွေ့လျားမှုရှိအောင် လှုံ့ဆော်နိုင်ဖို့ ခြေသလုံးကြွက်သားကို အသာအယာပုတ်ပေးပါ။

၈ ။ သွေးလှည့်ပတ်မှု ပူနွေးလာအောင် လက်ဖဝါး ၂ ဖက်ကို အတူတူနှိပ်ပေးပါ။

၉ ။ ရောင်ရမ်းမှု လျော့ကျအောင် ခြေထောက်တွေကို နံရံနဲ့ ကပ်ပြီး ၁ မိနစ်လောက် မြှောက်ပင့်ထားပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

30/03/2026

ကျန်းမာရေးကို ဖျက်ဆီးနေသော သင့်အိမ်တွင်းမှ ပစ္စည်းများ
—————————-
၁ ။ အနံ့သင်းတဲ့ ဖယောင်းတိုင်။
အိမ်တွင်းလေထုညစ်ညမ်းမှု ၂၀၀ % မြင့်တက်နိုင်တဲ့ ဖော်မောဒီဟိုက်နဲ့ VOCs တွေ ထုတ်လွှင့်နိုင်ပါတယ်။

၂ ။ အစားအစာထည့် ပလက်စတစ်ဘူး။
အီစတရိုဂျင်နဲ့ ဆင်တူတဲ့ BPA တွေထွက်လာပြီး ဟော်မုန်းတွေကို အနှောင့်အယှက်ပေးပါတယ်။

၃ ။ နှစ်ကြာအောင်အသုံးပြုနေတဲ့ မွေ့ယာ။
ရောင်ရမ်းမှုနဲ့ ဓာတ်မနည့်မှု ဖြစ်အောင်လှုံ့ဆော်နိုင်တဲ့ ဖုန်ပိုးနဲ့ မိှုပိုးတွေ ပေါက်ဖွားခိုအောင်းရာ နေရာ ဖြစ်နိုင်ပါတယ်။

၄ ။ ပိုးသတ်ဆေး( disinfectant) ကို အသုံးပြုလွန်ခြင်း။
ခုခံအားစနစ်ကို သန်မာစေနိုင်တဲ့ လူ့အကျိုးပြုဗက်တီးရီးယားတွေ သေစေနိုင်ပါတယ်။

၅ ။ ညဖက် အပြာရောင်အလင်းတန်း( ဖုန်း၊ ကွန်ပျူတာနဲ့ တီဗီမှ အလင်းရောင်) နဲ့ထိတွေ့ခြင်း။
မယ်လတိုနင်ထုတ်လုပ်မှု ၈၀ % ထိ ချိုးနှိမ်နိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်နိုင်တော့ပါ။

၆ ။ ဟင်းမကပ်တဲ့အိုး ( Nonstick pan ) ကိုအသုံးပြုခြင်း။
အပူချိန် မြင့်မားလွန်းရင် PFAS ဓာတုပစ္စည်းတွေ ထုတ်လွှတ်နိုင်ပါတယ်။

၇ ။ အိမ်တွင်းစိုက်သစ်ပင် ( Indoor plant )မစိုက်ထားခြင်း ။
သဘာဝ လေထုညစ်ညမ်းမှု စစ်ထုတ်လုပ်ငန်း လျော့ကျသွားနိုင်ပါတယ်။ သစ်ပင်တွေက ၂၄ နာရီအတွင်း အိမ်တွင်းအဆိပ်အတောက်တွေကို ၈၇ % ထိ ဖယ်ရှားနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

29/03/2026

အစားအစာနဲ့ ပတ်သက်ပြီး သိကောင်းစရာ (၂ )
—————————
၁ ။ ငှက်ပျောသီး
သူ့တစ်မျိုးတည်းစားရင် သွေးတွင်းသကြားမြင့်တက်မှုက ၆၀ % မြန်ဆန်နိုင်ပါတယ်။
ပရိုတင်း ဒါမှမဟုတ် အခွံမာသီး ( ဗံဒါစေ့၊ သီဟိုလ်စေ့ ၊ သစ်ကြားသီး) နဲ့ တွဲဖက်စားသုံးပါ။

၂ ။ ဟင်းရွက်သုတ် ( Salad )
အဆီ မပါရင် ဗီတာမင်စုတ်ယူနိုင်မှု လျော့နည်းပါတယ်။ သံလွင်ဆီ ( မြေပဲဆီ ) ထည့်သွင်းတာကြောင့် အဟာရစုတ်ယူမှု ၃၀၀ % ပိုမြင့်မားနိုင်ပါတယ်။

၃ ။ မုန်လာဥနီ
အစိမ်းအတိုင်းစားရင် ကရိုတီနွိုက် ရရှိမှု ၄၀ % လျော့နည်းနိုင်ပါတယ်။ ပြုတ်စား ဒါမှမဟုတ် ကြော်စားပါ။

၄ ။ ခရမ်းချဉ်သီး
ချက်ပြုတ်စားတာကြောင့် လိုင်ကိုပင်းရရှိမှု ၃ ဆ မြင့်မားနိုင်ပါတယ်။
နှလုံးကျန်းမာရေးအတွက် သံလွင်ဆီနဲ့ ချက်စားပါ။

၅ ။ ပန်းသီး
အခွံနွှာလိုက်တာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ရရှိမှု ထက်ဝက်လျော့နည်းနိုင်ပါတယ်။ အခွံထဲမှာ အမျှင်နဲ့ ကွာစီတင်ပါဝင်ပါတယ်။

၆ ။ ထမင်း
ထမင်းပူပူ စားသုံးတာကြောင့် သွေးတွင်းသကြားမြင့်တက်နှုန်း မြန်ဆန်နိုင်ပါတယ်။ resistant starch ရရှိဖို့ ထမင်းကြမ်းစားပါ။

၇ ။ နွားနို့
နွားနို့အေးအေးက အစာခြေမှု ၃၀ % နှေးကွေးနိုင်ပါတယ်။
စုတ်ယူမှုကောင်းမွန်အောင် နွားနို့ ပူပူသောက်ပါ။

၈ ။ ပျားရည်
ရေနွေးဆူဆူထဲထည့်သောက်ရင် အင်ဇိုင်းတွေ ပျက်ပျယ်နိုင်ပါတယ်။ ရေနွေးနွေးနဲ့သာသောက်ပါ။

၉ ။ ဘရိုကိုလီ ( အစိမ်းရောင်ပန်းဂေါ်ဖီ)
မိုင်ခရိုဝေ့ထဲထည့်နွှေးတာကြောင့် ဆာလ်ဖိုရဖိန်းတွေ ကင်းစင်သွားနိုင်ပါတယ်။
အဆိပ်အတောက်ဖြေနိုင်တဲ့ အစွမ်း ရရှိအောင် ပေါင်း ( ရေနွေးဖျော) စားပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

28/03/2026

အစားအစာ နဲ့ပတ်သက်ပြီး သိကောင်းစရာ
—————
၁ ။ ပျာရည်ကို ရေခဲသေတ္တာထဲ မသိမ်းဆည်းထားပါနဲ့ ။ ခဲသွားပြီး အရသာ ပျက်ပျယ်နိုင်လို့ပါ။

၂ ။ ပဲတွေကို မချက်ခင် ရေစိမ်ထားပါ။ လေပွတာ သက်သာပြီး အစာကြေလွယ်နိုင်ပါတယ် ။

၃ ။ ဘရိုကိုလီ ( ပန်းဂေါ်ဖီစိမ်း ) ရဲ့ အူတိုင်ကို မပစ်လိုက်ပါနဲ့ ။
အာဟာရပြည့်ဝစွာပါဝင်ပြီး လှီးဖြတ်လိုက်ရင် အရသာ ပိုမို ကောင်းမွန်သွားပါတယ်။

၄ ။ ကြက်သွန်နီကို အေးပြီး မှောင်တဲ့နေရာမှာ သိမ်းဆည်းပါ။ရေခဲသေတ္တာထဲ ထည့်ထားရင် မှိုတက်နိုင်ပါတယ် ။

၅ ။ ကီဝီသီးကို အခွံနဲ့အတူတူစားပါ။
အမျှင်နဲ့ ဗီတာမင် C ပိုပြီးပါဝင်ပါတယ် ။

၆ ။ ဘရိုကိုလီကို ရေနွေးဆူဆူနဲ့ မပြုတ်လိုက်ပါနဲ့ ။ အာဟာရတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ပေါင်း ဒါမှမဟုတ် ရေနွေးဖျောစားပါ။

၇ ။ အခွံမာသီး ( nuts) တွေကို တစ်ည ရေစိမ်စားပါ။
Nuts ထဲမှ အာဟာရ အပြည့်အဝ ရရှိနိုင်ပါတယ်။

၈ ။ ဘယ်ရီသီးတွေကို ကြိတ်စက်နဲ့ အကြာကြီး မမွှေလိုက်ပါနဲ့ ။
မြန်မြန် ဓာတ်ပြုသွားတတ်ပါတယ်။

၉ ။ ဖရဲသီးကို သူတစ်မျိုးထဲ သီးသန့်စားပါ။
သူ့ဘာသာသူဆိုရင် အစာကြေမြန်ပါတယ်။

၁၀။ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မသိမ်းဆည်းပါနဲ့ ။
အရသာပျောက်သွားနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

27/03/2026

အားဆေးတွေ မသောက်ချင်တော့ဘူးလား။
—————————
ဝယ်ရခက်၊ မျိုရခက်နေလို့ အားဆေး မသောက်ချင်တော့သူတွေအတွက် အားဖြည့်ဆေးဝါးအဖြစ် စားသုံးနိုင်တဲ့ အစားအစာများ

၁ ။ ဗံဒါစေ့။
အသားအရေ တောက်ပြောင်ဖို့အတွက် ဗီတာမင် E ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၂ ။ ကြက်ဥ။
ဗီတာမင် B နဲ့ အတူ ပရိုတင်း ရရှိနိုင်ပါတယ်။

၃ ။ ဟင်းနုနယ်။
သံဓာတ်ကို သဘာဝအတိုင်း ရရှိနိုင်ပါတယ်။

၄ ။ ဒိန်ချဉ်
အူကျန်းမာရေး အတွက် သဘာဝ ပရိုဘိုင်အိုတစ်( လူ့အကျိုးပြုဗက်တီးရီးယား) ပါ။

၅ ။ လိမ္မော်သီး
ခုခံအားစနစ်အတွက် ဗီတာမင် C ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၆ ။ နွားနို့
ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ကို သဘာဝအတိုင်း ရရှိနိုင်ပါတယ်။

၇ ။ ငှက်ပျောသီး
ပိုတက်ဆီယမ်ပေါကြွယ်တဲ့ သဘာဝစွမ်းအားဖြည့် သစ်သီးပါ။

၈ ။ ဆဲလ်မွန်
ဦးနှောက်နဲ့ နှလုံးကျန်းမာရေးအတွက် အိုမီဂါ-၃ အပြည့်အဝပါဝင်ပါတယ်။

၉ ။ ထောပတ်သီး
ကျန်းမာရေးကောင်းမွန်တဲ့အဆီနဲ့ မဂ္ဂနီဆီယမ်တွေ အပြည့်အဝ ပါဝင်ပါတယ်။

၁၀ ။ မုန်လာဥနီ
အမြင်အာရုံကောင်းမွန်ဖို့ ဘီတာကရိုတင်း ပါဝင်ပါတယ်။

၁၁ ။ ရွှေဖယုံစေ့
ခုခံအားစနစ်ကောင်းမွန်ဖို့ သွပ် ( ဇင့် ) ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၁၂ ။ ကန်စွန်းဥ
အရေပြားနဲ့ မျက်စိကျန်းမာရေးအတွက် ဗီတာမင် A ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၁၃ ။ ဂေါ်ဖီထုပ်
အရိုးသန်မာဖို့ ဗီတာမင် K ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၁၄ ။ ဆင်ခေါင်းပဲ
ဆဲလ်တွေပြုပြင်ဖို့ ဖောလိတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။

၁၅ ။ ဘလူးဘယ်ရီသီး
အထွေထွေကျန်းမာရေးကောင်းမွန်ဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

27/03/2026

မီးဖိုချောင်မှ ပိုးသတ်ဆေးများ
———————
၁ ။ နှမ်းနက်ဆီ
ပဠိဇီဝဆေးယဉ်ပါးသောပိုးတွေကို ရှင်းလင်းနိုင်ပြီး ခုခံအားစနစ်ကို မြှင့်တင်နိုင်ပါတယ်။

၂ ။ သစ်ကြံပိုးခေါက်
မှိုပိုး ( မက္ခရု၊ သဲဝဲစား) အတွက် ကောင်းမွန်ပြီး ခုခံအားစနစ် မြင့်တက်နိုင်ပါတယ်။

၃ ။ နနွင်း
ပဠိဇီဝဆေးယဉ်ပါးတဲ့ ပိုးတွေကို နှိမ်နင်းနိုင်ပြီး ခုခံအားစနစ်ကျန်းမာအောင် ကူညီပေးပါတယ်။

၄ ။ ကြက်သွန်ဖြူ
အအေးမိ တုပ်ကွေးရောဂါ ၊ နားပိုးဝင်ရောဂါကိုတိုက်ထုတ်နိုင်ပြီး ခုခံအားစနစ် သန်မာနိုင်ပါတယ်။

၅ ။ ပျားရည်
အရေပြား ဒါမှမဟုတ် ခံတွင်းရောဂါပိုးပူးစက်ခံရတာအတွက် ကောင်းမွန်ပြီး ခုခံအားစနစ်ကို အကာအကွယ်ပေးပြီး အထောက်အကူပါပေးပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

Address

79/81, Central Tower, Room 103-104, Anawyahtar Road, At The Corner Of 39th Street, Kyauktadar Township
Pazundaung
11182

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 19:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+951385293

Alerts

Be the first to know and let us send you an email when Good Health Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram