Aung Si Hein - ကျန်းမာရေးရာ အဖြာဖြာ

  • Home
  • Myanmar
  • Pyawbwe
  • Aung Si Hein - ကျန်းမာရေးရာ အဖြာဖြာ

Aung Si Hein - ကျန်းမာရေးရာ အဖြာဖြာ ကျန်းမာရေးရာ အဖြာဖြာ ကို ဗဟုသုတ မျှဝေပေးပါမည်

12/06/2025
09/06/2025

နိမိတ်တဘောင် ဆိုတာ ယုံကြည်သူများ အတွက်ပါ...

video = မူရင်းအား crd ပေးပါတယ်

09/06/2025

စကားဆိုတာ မြင်တိုင်း သိတိုင်း မပြောသင့်ဘူးဆိုတဲ့ ဥပမာလေးပါ

ပြောသင့်တဲ့အချိန်ကို မစောင့်နိူင်သူများ အတွက်ပါ....

video - မူရင်းအား crdပေးပါတယ်

# အောင်စည်ဟိန်း
# စိန်အိုးကြီး

အူတွေ (Intestines) ဆေ:ကြရအောင် ဖတ်ကြည့်ပေးနော်အူတွေဆေ:ခြင်းကို တလတခါလောက်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်...
26/01/2025

အူတွေ (Intestines) ဆေ:ကြရအောင် ဖတ်ကြည့်ပေးနော်

အူတွေဆေ:ခြင်းကို တလတခါလောက်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်းကြောင်းနဲ့ လူ့ကျန်းမာရေးကတိုက်ရိုက်ပတ်သက်နေလို့ ဖြစ်ပါတယ်။ ပြီးတော့အူတွေဟာဒုတိယဦးနှောက်လည်းဖြစ်တယ်။ ဦးနှောက်နဲ့အူတွေကို အာရုံကြောတွေနဲ့ဆက်ထားပြီး ခန္ဓာကိုယ်အတွက်အလုပ်တွေအများကြီးလုပ်ပါတယ်။ ဒါကြောင့်အူတွေ သန့်ရှင်းနေဖို့ လိုပါတယ်။

အူဆေ:ဖို့ အသုံးပြုမှာကတော့ မုန်လာဥဖြူ ဖြစ်ပါတယ်။ သဘာဝကြီးရဲ့လက်ဆောင်ဖြစ်တဲ့ မုန်လာဥဖြူနဲ့ အူဆေ:ကြမယ်။ မုန်လာဥဖြူမှာ Fibre အမျှင်ဓါတ်တွေ အများကြီးပါတယ်။ အဲဒီ fibre အမျှင်ဓါတ်တွေက အူအတွင်းနံရံမှာရှိနေတဲ့ မစင်ဂျိုးတွေကအစ အညစ်အကြေးတွေအားလုံးကို တိုက်ချွတ်ဆေးကြောပေးပါတယ်။
စျေးကနေ မုန်လာဥလှလှလေးတွေ ဝယ်မယ်။ ကျောက်ဆားလေးနဲနဲထည့်ပြီးပြုတ်လိုက်မယ်*။ အကြာကြီးပြုတ်စရာမလိုဘူး။ အူဆေ:ဖို့အတွက် စနေနေ့နေ့လယ်စာစားပြီးနောက်မှာ တခြားဘာမှမစားဘဲမုန်လာဥပြုတ်၁မျိုးပဲ စားရမယ်။ကြိုက်သလောက်စားပါ၊ ဗိုက်ဝအောင်သာစား၊ ဗိုက်ဆာလာတိုင်းစား။ ညအိပ်ယာမဝင်ခင်အထိဆာတိုင်း စားလို့ရပါတယ်။ စားလို့လည်းတော်တော်ကောင်းတယ်။ ရေငတ်လည်းပြေတယ်၊ စားရတာအတော်ကျေနပ်စရာကောင်းပါတယ်။နောက်နေ့မနက် အိပ်ယာထရင် ရေ၁လီတာ သောက်ရမယ်။ပြီးရင်တော့ဝမ်းဗိုက်ထဲကအစာဟောင်းတွေ ရှောရှောရှူရှူ အကုန်ထွက်သွားလိမ့်မယ်။

မုန်လာဥနဲ့အူဆေ:ခြင်းဟာ အူလမ်းကြောင်းသာမက ကျောက်ကပ်ကိုလည်းသန့်ရှင်းစေပါတယ်။ကျောက်ကပ်သန့်ရှင်းဖို့အတွက် မုန်လာဥပြုတ်စားရင်းရေပိုသောက်ပေးဖို့လည်း လိုပါတယ်။

အူတွေသန့်ရှင်းသွားရင်သွေ:လည်းသန့်သွားပါတယ်။ ဘာလို့လဲဆိုရင်သွေ:ဆိုတာအူတွေကနေစတင်ဖြစ်ပေါ်လာလို့ ဖြစ်ပါတယ်။ သွေ:သန့်ရင်ရောဂါကင်းတယ်။ ရောဂါတွေကသွေ:ထဲမှာရှိနေတော့သွေ:သန့်တာနဲ့အမျှ ရောဂါဖြစ်ဖို့ရာနှုန်း နည်းသွားပါတယ်။

အူဆေ:ပြီးလို့ အူသန့်သွားတာနဲ့လူကပေါ့ပါး လန်းဆန်းသွားလိမ့်မယ်။ ကျန်းမာဖို့အတွက်အူသန့်ဖို့က အဓိကပဲ။ ထမင်းစားရတာလည်းအရသာရှိလာမယ်၊ရေသောက်လို့လည်းကောင်းတယ်၊အလုပ်လုပ်လို့သိပ်ကောင်းတယ်၊ဥာဏ်ရည်ဥာဏ်သွေ:တွေ ထက်လာတယ်၊ အိပ်လို့လည်း ကောင်းလာတယ်၊ အစာအိမ်ရောဂါရှိရင်လည်း သက်သာသွားမယ်၊ ခေါင်းကို*က်တာတွေလည်း သ.က်သာသွားမယ်၊ ညောင်းညာကို*က်ခဲတာတွေလည်းပျောက်သွားမယ်၊ အစာမကြေလေထိုးလေအောင့်တွေလည်းပျောက်သွားမယ်၊ ရုပ်ရည်ပါနုပျိုလန်းဆန်းလာပါလိမ့်မယ်။

တနင်္ဂနေ့မနက်မှာတော့အူဆေ:ခြင်းကိစ္စပြီးပါပြီ။ ၂၄နာရီ fasting လုပ်ချင်တဲ့သူတွေဆက်လုပ်နိုင်ကြပါတယ်။ Detoxပါဆက်လုပ်ချင်တယ်ဆိုရင်တော့ညဘက်မှာ သံလွင်ဆီပေါင်းစပ်ရည်သောက်လိုက်ရုံပါပဲ။ ဒါကြောင့်အူဆေ:လိုသူများ, fasting လုပ်လိုသူများ, Detox ပါလုပ်လိုသူများ၊၂မျိုးလုပ်ချင်သူများ၊ ၃မျိုးလုပ်ချင်သူများ မိမိတို့စိတ်ကြိုက် လုပ်နိုင်ကြပါပြီ။

ကျောက်ဆား

အိန္ဒိယကလာတဲ့ ပန်းရောင်ဆားကို ကျောက်ဆားလို့ ခေါ်ပါတယ်၊ City Mart မှာ ရပါတယ်၊ ဟိမဝန္တာဆားလို့လည်း ခေါ်ပါတယ်၊ ပန်းရောင်ဆားပါ။ မရရင် အိမ်သုံးဆားကို လှော်ပြီး သုံးလို့လည်း ရပါသည်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
.တစ်ဆင့်ပြန်လည် မျှဝေပါတယ်

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

ဓမ္မဒါန မျှဝေပါတယ်မူရင်း အား crd ပေးပါတယ်
26/01/2025

ဓမ္မဒါန မျှဝေပါတယ်

မူရင်း အား crd ပေးပါတယ်

19/01/2025

မိတ်ဆွေ အပေါင်း စီးပွားလာဏ်လာဘများ ပွင့်လန်းကြပါစေ

video - crd ( # mingalar buddha)

 #ခုခေတ်က ဂရမ်တွေ ကီလိုတွေနဲ့ပြောရောင်းနေကြတော့ သိထားရအောင်ပါkg နဲ့ ပိဿာ တွက်ချက်ပုံလေးပါဥပမာ ကြက်သား 1 ပိဿာ ဝယ်ခဲ့ပါလို...
13/10/2024

#ခုခေတ်က ဂရမ်တွေ ကီလိုတွေနဲ့ပြောရောင်းနေကြတော့ သိထားရအောင်ပါ

kg နဲ့ ပိဿာ တွက်ချက်ပုံလေးပါ
ဥပမာ ကြက်သား 1 ပိဿာ ဝယ်ခဲ့ပါလို့--> မှာလိုက်ရင်ကိုယ်က kg နဲ့ ချိန်ရောင်းတဲ့ city mart တွေမှာဝယ်ဖြစ်မယ်ဆိုရင်ပေါ့

1 ပိဿာ လိုချင်ရင် kg နဲ့ ဆိုရင် 1.6 kg ပြည့်အောင် ဝယ် ရပါမယ်
g နဲ့ဆိုရင် 1600 g ဝယ် ရပါမယ်

50 ကျပ်သား လိုချင်ရင် 800 g ဝယ် ရပါမယ်

25 ကျပ်သား လိုချင်ရင် 400 g ဝယ်ရပါမယ်

10 ကျပ်သား လိုချင်ရင် 160 g ဝယ်ရပါမယ်

20 ကျပ်သား လိုချင်ရင် 320 g ဝယ်ရပါမယ်

30 ကျပ်သား လိုချင်ရင် 480 g ဝယ်ရပါမယ်

40 ကျပ်သား လိုချင်ရင် 640 g ဝယ်ရပါမယ် ရှင့်😍😍

ဖြည့်စွက်

1 kg ဟာ 63 ကျပ်သား နဲ့ ညီမျှပါတယ်


မူရင်းPostပိုင်ရှင်များအားလုံးကိုCredit ပေးပါတယ်

13/10/2024

ဝိတ်တက်စေပီး ခန္ဓာကိုယ်မပိန်စေသော အကြောင်းတရားများ

အဆီကင်းဝေးလျှင် ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းစေသည်

ကျန်းမာစွာ နေထိုင်ခြင်းဖြင့် မိမိကိုယ်ကိုယ် စောင့်ရှောက်ကြပါစို့💪💪💪

video = မူရင်းပိုင်ရှင်အား crd ပေးပါသည်

နေ့စဥ်သွားလာ သတိပြုစရာ လက္ခဏာများခန္ဓာကိုယ် အလယ်ပိုင်း နာကျင်မူ့ခံစားရလျင် ဖြစ်တက်သော အခြေအနေလေးများphoto = မူရင်း ပိုင်...
13/10/2024

နေ့စဥ်သွားလာ သတိပြုစရာ လက္ခဏာများ

ခန္ဓာကိုယ် အလယ်ပိုင်း နာကျင်မူ့ခံစားရလျင် ဖြစ်တက်သော အခြေအနေလေးများ

photo = မူရင်း ပိုင်ရှင်ကို crd ပေးပါတယ်

# Aung Si Hein - ကျန်းမာရေးရာ အဖြာဖြာ

ကိုယ့်အပေါ် မေတ္တာ အစစ်အမှန် ပေးတဲ့သူကို မပြစ်မှားပါနဲ့ မေတ္တာတရားဆိုတဲ့ စကားလုံးလေးဟာအင်မတန်မှ ကြားလို့ကောင်းတယ်နာလို့က...
09/10/2024

ကိုယ့်အပေါ် မေတ္တာ အစစ်အမှန် ပေးတဲ့သူကို မပြစ်မှားပါနဲ့

မေတ္တာတရားဆိုတဲ့ စကားလုံးလေးဟာ
အင်မတန်မှ ကြားလို့ကောင်းတယ်
နာလို့ကောင်းတယ် ခံယူလို့ကောင်းတယ်
သိမ်မွေ့တယ် နူးညံ့တယ်လို့ ခံစားရတယ်
ဒါပေမဲ့
အင်မတန် ထက်မြက်တဲ့ ဓားတစ်ချောင်း
မိုးကြိုးတစ်စင်း လိုလည်းဖြစ်နေတတ်တယ်။

စစ်စစ် မေတ္တာ တရားလို့ ရွတ်ဆိုလိုက်လျှင်
သူနောက်မှာ စေတနာပါတယ်
စေတနာနဲ့ ကပ်လျှင် မှဂရုဏာတရား ပါတယ်
ဂရုဏာ ဆိုတဲ့သဘောတရားနောက်မှာ
သနားကြင်နာမှု တွေကျန်သေးတယ်
ဒါနဲ့ တင်မပြီးသေးဘူး
ကိုယ်အတွက် ခွန်အားတချို့ကိုပါ ဖြစ်တည်စေတယ်။

ဒါကြောင့်
ရှေ့ပညာရှိတွေက ပြောကြတယ်
မေတ္တာ မစူး စေနဲ့ တဲ့
မေတ္တာတရား ကိုနားမလည်တဲ့သူ
တန်ဖိုးမထားတဲ့ သူတွေဟာ ဝဋ် လည်တဲ့အပြင်
မေတ္တာတရားစူး ရှ တဲ့ဒါဏ်ကိုပါ ခံစားရတတ်တယ်။

လောကမှာ တစ်ချို့ သောလူတွေ
မေတ္တာတရား နားမလည်ကြဘူး
သူတို့ အတ္တတွေအတွက်
ကိုယ်ချင်းစာတရား နည်းပါးကြတယ်
သူတို့ မာနအတွက်
တစ်ဖက်လူရဲ့ ခံစားချက်ကို မစာနာတတ်ကြဘူး
အဲ့ဒီလို လူတွေဟာ မေတ္တာစူးတတ်တယ်။

ဒါကြောင့် ကိုယ့်အပေါ်ကို
မေတ္တာ တရားထားပေးတဲ့သူ
ဝေမျှပေးတဲ့ သူတွေကို
မနာကျင်စေနဲ့၊မထိခိုက်စေနဲ့
မလိုချင်ရင်တောင် ၊မစော်ကားမိစေနဲ့
ဝမ်းနည်းမှုတွေကိုပြန်မပေးမိစေနဲ့။

အဲဒီလူတွေမရှိတော့တဲ့အချိန်ကာလ တစ်ခုမှ
ကိုယ်ပြုသမျှတွေကဝဋ်ကျွေး ပြန်လိုက်တတ်တဲ့အပြင်
မေတ္တာတွေက ပြန်လည်ပြီး စူးတတ်တယ်။

ဘဝမှာ ကိုယ့်အပေါ်ကောင်းတဲ့ သူတွေကို
ထိခိုက်ကြေကွဲ ဝမ်းနည်းစေခြင်းဟာ
ကိုယ့်အတွက်ပြန်လည်ပြီး ပေးဆပ်ရမယ်
ဝဋ်ကျွေး ကံကြမ္မာတစ်ခုကို မိမိအတ္တအတွက်နဲ့
ရယူလိုက်ခြင်းပဲလို့သတိပြုကြရမယ်။

ပါမောက္ခချုပ်ဆရာတော်

Crd - ပေးပါတယ်

21/08/2024

ငယ်ငယ် က အမေ ချော့သိပ်တဲ့ တေးလေး😍😍

ပုံလေးတွေကို ချစ်လို့ တင်ပီ

video -crd ပေးပါတယ်

Address

Pyawbwe

Telephone

+959256100947

Website

Alerts

Be the first to know and let us send you an email when Aung Si Hein - ကျန်းမာရေးရာ အဖြာဖြာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram