Myittar Thukha Clinic မေတ္တာသုခ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Pyawbwe
  • Myittar Thukha Clinic မေတ္တာသုခ အထူးကုဆေးခန်း

Myittar Thukha Clinic  မေတ္တာသုခ အထူးကုဆေးခန်း The clinic is located on Main Road, Shwe-Pyi-Yan-Naing Ward, Pyawbwe, Mandalay region.

လေထုညစ်ညမ်းမှုAir pollution
26/02/2026

လေထုညစ်ညမ်းမှု

Air pollution

ကျန်းမာစေရန် နေ့စဉ် လှုပ်ရှားတက်ကြွစွာ နေထိုင်ပါ။ ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ မှ ၃၀၀ ကြား လေ့ကျင့်ခန်းမျာ...
15/02/2026

ကျန်းမာစေရန် နေ့စဉ် လှုပ်ရှားတက်ကြွစွာ နေထိုင်ပါ။ ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ မှ ၃၀၀ ကြား လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။

Photo Credit: World Health Organization

ကမ္ဘာ့ ကင်ဆာရောဂါနေ့
04/02/2026

ကမ္ဘာ့ ကင်ဆာရောဂါနေ့

အိန္ဒိယတွင် လင်းနို့မှ လူကိုကူးဆက်သည့်  Nipah ဗိုင်းရပ်စ်ပိုး ပြန့်နှံ့နေ-----------------------ပြီးခဲ့တဲ့ ဇန်နဝါရီ  ၂၃ ...
24/01/2026

အိန္ဒိယတွင် လင်းနို့မှ လူကိုကူးဆက်သည့် Nipah ဗိုင်းရပ်စ်ပိုး ပြန့်နှံ့နေ
-----------------------
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က အိန္ဒိယအစိုးရရဲ့ ထုတ်ပြန်မှုအရ အနောက်ဘင်္ဂလားပြည်နယ်မှာ လင်းနို့ကနေ လူကို ကူးဆက်တဲ့ Nipah Virus တစ်မျိုးကို တွေ့ရှိထားပြီး ဆက်လက်စောင့်ကြည့်နေတယ်လို့ The Independent သတင်းမှာ ဖော်ပြထားပါတယ်။

လတ်တလောမှာ အတည်ပြုလူနာ ၅ ယောက် ရှိထားပြီး အယောက် ၁၀၀ နီးပါး လောက် အနည်းဆုံး ကူးဆက်ခံထားရတယ်လို့ ဆိုပါတယ်။ သူတို့နဲ့ နီးစပ်ခဲ့တဲ့ မိသားစုဝင်တွေကိုတော့ quarantine ဝင်ခိုင်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာလည်း ရောဂါထိန်းချုပ်ရေးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက Nipah Virus ကူးဆက်ပြန့်နှံ့ လာမှာကို အနီးကပ် စောင့်ကြည့်နေပါတယ်။

ဒီရောဂါဟာ တိရစ္ဆာန်တွေကထွက်တဲ့ အရည်တွေကနေ လူကို ဦးစွာ ကူးဆက်ပြီးနောက် လူအချင်းချင်း ကူးဆက်တာဖြစ်ပါတယ်။ အဓိကကတော့ လင်းနို့၊ ဝက်၊ ကြောင်၊ ဆိတ်၊ မြင်းနဲ့ သိုးတွေကနေတစ်ဆင့် ကူးဆက်တာဖြစ်ပါတယ်။

ကနဦး ရောဂါလက္ခဏာကတော့ တုတ်ကွေးရောဂါနဲ့ ဆင်တူကာ အဆုတ်ရောင်နဲ့ ဦးနှောက်အမြှေးရောင် ရောဂါလက္ခဏာတွေဖြစ်လာတဲ့အထိ ဆိုးရွားလာနိုင်ပြီး သေ ချာ မကုသရင် အသက်အန္တရာယ် ရှိနိုင်တယ်လို့ သိရပါတယ်။

Credit: One News Myanmar
Photo credit: MHFW, India

ယနေ့သည်   (ကမ္ဘာ့ဆီးချိုရောဂါနေ့) ဖြစ်ပါသည်။ #ဆီးချိုရောဂါ သည် ဘဝ၏အဆင့်ပေါင်းစုံနှင့် မည်သူ့ကိုမဆို ထိခိုက်နိုင်ပြီး လူတ...
14/11/2025

ယနေ့သည် (ကမ္ဘာ့ဆီးချိုရောဂါနေ့) ဖြစ်ပါသည်။

#ဆီးချိုရောဂါ သည် ဘဝ၏အဆင့်ပေါင်းစုံနှင့် မည်သူ့ကိုမဆို ထိခိုက်နိုင်ပြီး လူတိုင်း၏ရောဂါအခြေအနေသည် ကွဲပြားလျက်ရှိပါသည်။ ကလေးဘဝ၊ အလုပ်ခွင်၊ ကိုယ်ဝန်ဆောင်ကာလ သို့မဟုတ် နေ့စဉ်ဘဝတို့တွင် ဆီးချိုရောဂါကိုခံစားနေရသောသူများအား ကူညီပံ့ပိုးပေးမှုနှင့် နားလည်ပေးမှုတို့သည် ကြီးမားသော ကွာခြားမှုကို ဖြစ်စေနိုင်ပါသည်။

👶ဆီးချိုရောဂါ အမျိုးအစား ၁ ကိုခံစားနေရသော ကလေးများအတွက် အားပေးဂရုစိုက်မှုရှိသောပတ်ဝန်းကျင်သည် အလွန်အရေးပါလျက်ရှိသည်။ မိဘများ၊ ဆရာများ၊ မိတ်ဆွေများနှင့် ရပ်ရွာလူထုတို့သည် ကလေးများအား ပါဝင်ခံစားနိုင်စေရန်၊ စွမ်းဆောင်ရည်ပြည့်၍ လုံခြုံမှုရှိသည်ဟု ခံစားရစေရန် ကူညီပံ့ပိုးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။

🏢 အလုပ်ခွင်တွင် ဆီးချိုရောဂါရှိသူများသည် သွေးချိုစစ်ဆေးခြင်း၊ အင်ဆူလင်ထိုးခြင်း သို့မဟုတ် အနားယူချိန်များ လိုအပ်နိုင်ပါသည်။ ဆီးချိုရောဂါ ဝေဒနာရှင်များအား ပံ့ပိုးကူညီထောက်ပံ့ပေးနိုင်မှု သည် သူတို့၏ရောဂါ ဝေဒနာဆိုင်ရာ ပြဿနာများကို နားထောင်၍နားလည်ခြင်းမှ စတင်ပါသည်။ ရောဂါခံစားနေသူများ မည်ကဲ့သို့သောအကူအညီများလိုအပ်သည်ကို မေးပေးပါ။ အပြစ်တင်ခြင်း သို့မဟုတ် အရှက်ရစေခြင်းကို ရှောင်ကြဉ်ပါ။ စာနာမှုပြသော လုပ်ရပ်ငယ်များသည် ပိုမိုကျန်းမာသော အလုပ်ခွင်များကို ဖန်တီးပေးနိုင်ပါသည်။

🤰 ကိုယ်ဝန်ဆောင်ကာလအတွင်း ဆီးချိုရောဂါကို ကုသထိန်းသိမ်း စီမံခြင်းသည် မိခင်နှင့်ကလေး နှစ်ဦးစလုံးအတွက် ပိုမိုကျန်းမာသော အနာဂတ်အတွက် အဓိကကျပါသည်။ WHO ၏ လမ်းညွှန်ချက်အသစ်က လူတစ်ဦးချင်းစီအတွက် ကိုက်ညီသော အာဟာရ၊ ဘေးကင်းသော ကိုယ်ကာယလှုပ်ရှားမှုနှင့် ပုံမှန်သွေးချိုစစ်ဆေးခြင်း၏ အရေးပါမှုကို အလေးပေးဖော်ပြထားပါသည်။ သင့် ရောဂါအတွက် အဆင်ပြေမည့် အစီအစဉ်ကို ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

💙 မိသားစု၊ မိတ်ဆွေများနှင့် ပြုစုစောင့်ရှောက်သူများသည်လည်း ဆီးချိုရောဂါရှိသူများအား ကူညီပံ့ပိုးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဆီးချိုရောဂါအကြောင်းကိုလေ့လာပါ၊ နားထောင်ပါ၊ သံသယရှိပါက ကျန်းမာရေးစောင့်ရှောက်သူများနှင့် တွေ့ဆုံစစ်ဆေးမှု ခံယူပါ။

🟨 ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်ပေးပါ။
🟦 အနားယူပါ။
🟥 ဆီးချိုရောဂါ စစ်ဆေးပါ။
🟩 သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ မိမိကိုယ်ကို ဂရုစိုက်ခြင်းသည် တကိုယ်ကောင်းဆန်ခြင်းမဟုတ်သော မရှိမဖြစ်သည့် လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။

Today is .

can affect anyone, at any stage of life and every journey is unique. Whether in childhood, at work, during pregnancy or in daily life, support and understanding can make all the difference.

👶 For children living with type 1 diabetes, confidence grows when they’re surrounded by care. Parents, teachers, friends, and communities play a key role in helping children feel included, empowered, and safe.

🏢 At work, people living with diabetes may need time for blood sugar checks, insulin or breaks. Support starts with listening. Ask what they need. Avoid blame or stigma. Small acts of empathy create healthier workplaces.

🤰 During pregnancy, managing diabetes is key to a healthier future for both mother and baby. WHO’s new global guideline highlights the importance of personalized nutrition, safe physical activity, and regular blood sugar monitoring. Talk to your doctor about a plan that works for you.

💙 Family, friends and caregivers also play a vital role in supporting people living with diabetes. Learn, listen, and show up. A caring network reduces isolation and encourages self-care.

Remember: Move. Rest. Check in. Care for your body.
Self-care isn’t selfish. It’s essential.



Credit: World Health Organization Myanmar
Photo credit: Google Image

21/10/2025

အာဟာရပြည့်အောင်ဘယ်လိုစားကြမလဲ။
ထမင်းအများကြီးစားတာကကောင်းသလား။
ဆန်အဖြူ နဲ့ ဆန်လုံးညို ဘာကွာလဲ။
အားကစားသမားတယောက်ကဘယ်လိုစားရမလဲ။
(အားကစားသမားမဟုတ်တဲ့သူနဲ့လည်း ဒီ post က သက်ဆိုင်ပါတယ်။)

သာမန်လူတယောက်မှာရော ဘောလုံးသမားတွေမှာရော
ခွန်အားရှိဖို့အတွက် ထမင်းကို ပန်းကန်အပြည့်အလျှံ စားမှရမယ်ဆိုတဲ့ အယူအဆဟာ ခေတ်နောက်ကျပြီး မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ်။ အထူးသဖြင့် ဘောလုံးသမားတွေလို အားကစားသမားတွေအတွက် ပိုလို့တောင် မှားပါတယ်။

​ထမင်းအများကြီးစားမှ ခွန်အားရှိမယ်ဆိုတဲ့ အယူအဆ ဘာကြောင့် မှားလဲဆိုရင် ခန္ဓာကိုယ် လိုအပ်ချက်ထက် ပိုရင် အဆီအဖြစ် ပြောင်းလဲသွားလို့ပါ။ထမင်းဆိုတာ ကာဗိုဟိုက်ဒရိတ် (Carbohydrates) အမျိုးအစားပါ။ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်အတွက် အဓိက စွမ်းအင် (ခွန်အား) ကို ပေးပါတယ်။ ဒါပေမယ့်၊ ခန္ဓာကိုယ်က တကြိမ်တည်းမှာ အသုံးပြုနိုင်တဲ့ စွမ်းအင်ပမာဏ ကန့်သတ်ချက်ရှိပါတယ်။ အများကြီး စားလိုက်တဲ့အခါ သုံးဖို့မလိုသေးတဲ့ ပိုလျှံနေတဲ့ စွမ်းအင်တွေကို ခန္ဓာကိုယ်က အဆီအဖြစ် ပြောင်းလဲပြီး သိုလှောင်ထားပါတယ်။ ရလဒ်ကတော့ ခွန်အားပိုရှိလာတာထက် ကိုယ်အလေးချိန်တက်တာ (အဆီပိုစုတာ) ဖြစ်လာနိုင်ပြီး ဒါက ဘောလုံးသမားတယောက်ရဲ့ လှုပ်ရှားမှု ပေါ့ပါးမှုကို ထိခိုက်လာစေပါတယ်။

ခွန်အားနဲ့ ကြံ့ခိုင်မှုဆိုတာ ထမင်း (ကာဗိုဟိုက်ဒရိတ်) တမျိုးတည်းအပေါ် မူတည်တာမဟုတ်ပါဘူး။ ကြွက်သားတည်ဆောက်ဖို့နဲ့ ပြန်ပြီးပြုပြင်ဖို့ ပရိုတင်း (Protein) လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ၊ အရိုးသန်မာမှုနဲ့ ရောဂါကာကွယ်ဖို့ အဆီ (Healthy Fats)၊ ဗီတာမင်နဲ့ သတ္တုဓာတ် (Vitamins & Minerals) တွေပါ လိုအပ်ပါတယ်။ ထမင်းကို အမောက်အပြည့်စားတဲ့အခါ ဗိုက်ပြည့်သွားပြီး တခြားလိုအပ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စတဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားဖို့ နေရာမကျန်တော့ဘဲ အာဟာရ မမျှတမှု ဖြစ်လာပါတယ်။ ထမင်းအများကြီးကို တပြိုင်နက်တည်း စားလိုက်တဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းက အလွန်အကျွံ အလုပ်လုပ်ရပြီး အစာချေဖျက်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို အများကြီး ဆွဲယူသုံးစွဲရပါတယ်။ ဒါကြောင့် စားပြီးချိန်မှာ ခွန်အားရှိရမယ့်အစား အိပ်ငိုက်တာ၊ လေးလံထိုင်းမှိုင်းတာ၊ လှုပ်ရှားရတာ မလန်းဆန်းတာ မျိုးတွေ ဖြစ်လာစေပါတယ်။ ဒါက လေ့ကျင့်ခန်းလုပ်တော့မယ့်သူ၊ ပွဲကစားတော့မယ့် အားကစားသမားအတွက် မဖြစ်သင့်ပါဘူး။

​ဘောလုံးသမားတယောက် ဘယ်လိုစားသုံးသင့်လဲဆိုရင် ဘောလုံးသမားတွေဟာ သာမန်လူတွေထက် စွမ်းအင်ပိုသုံးရတာကြောင့် အာဟာရကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ အဓိက စားသောက်မှုပုံစံက
​ကာဗိုဟိုက်ဒရိတ် (ထမင်း၊ ပေါင်မုန့်၊ အာလူး၊ ကောက်နှံ) - စွမ်းအင်အတွက် ပမာဏက ထမင်းကို ပန်းကန်အပြည့်အလျှံ မစားသင့်ဘဲ သင့်တင့်တဲ့ ပမာဏ (တရုတ်ပန်းကန်လုံးတလုံးစာ သို့မဟုတ် နှစ်လုံးစာ) သာ စားသင့်ပါတယ်။ ပမာဏကို ကိုယ့်ရဲ့ ကိုယ်အလေးချိန်၊ လေ့ကျင့်မှုပမာဏ၊ ပွဲကစားရက်ပေါ် မူတည်ပြီး ချိန်နိုင်ပါတယ်။

အဓိကအချက်က ထမင်း သို့ အခြားကာဗိုဟိုက်ဒရိတ် ကို စားသင့်တဲ့ ပမာဏကို တိုင်းတာပြီး စားသုံးရပါမယ်။ ပန်းကန်အပြည့်အမောက်ထိုးပြီး စားတာက ပမာဏကို ထိန်းချုပ်ရခက်စေပါတယ်။ ပန်းကန်လုံးနဲ့ စားတာဖြစ်စေ၊ ပန်းကန်ပြားနဲ့ စားတာဖြစ်စေ၊ ပမာဏကို သိဖို့နဲ့ ထိန်းနိုင်ဖို့က အရေးကြီးပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်၊ ပွဲမကစားခင် ၂-၃ နာရီအလိုမှာ ကာဗိုဟိုက်ဒရိတ်ကို စားပေးရင် ပွဲကစားနေစဉ်အတွက် စွမ်းအင်ကို သိုလှောင်ထားနိုင်ပါတယ်။ အညိုရောင်ထမင်း (ဆန်လုံးညို)၊ ဂျုံကြမ်းပေါင်မုန့်၊ ကောက်နှံစေ့အပြည့်ပါတဲ့ အစားအစာတွေက သာမန်ထမင်းဖြူထက် အမျှင်ဓာတ်ပိုပြီး စွမ်းအင်ကို ပိုလို့ကြာရှည်စွာ ပေးနိုင်ပါတယ်။ ဆန်လုံးညိုနဲ့ ဆန်ဖြူဘယ်လိုစားရမလဲဆိုတာကို ရေးပေးပါမယ်။

​ပရိုတင်း (အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး) ကြွက်သားအတွက်

ဘောလုံးသမားရဲ့ လေ့ကျင့်မှုကြောင့် ပျက်စီးသွားတဲ့ ကြွက်သားဆဲလ်တွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ ကြွက်သားသစ်တွေ တည်ဆောက်ဖို့အတွက် ပရိုတင်းဓာတ်ကို ထမင်းနှင့်အတူ နေ့စဉ် လုံလုံလောက်လောက်စားသုံးဖို့ လိုအပ်ပါတယ်။ အသား (အဆီနည်းတာ)၊ ကြက်သား (အရေခွံမပါတာ)၊ ငါး၊ ပဲအမျိုးမျိုးတို့ကို ထမင်းပန်းကန်ရဲ့ လေးပုံတပုံခန့် ပါဝင်အောင် စားရပါမယ်။

​ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ကျန်းမာရေးနှင့် ပြန်လည်နာလန်ထူမှုအတွက်

ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေက ခန္ဓာကိုယ်ကို ကျန်းမာစေပြီး လေ့ကျင့်မှု ပင်ပန်းနွမ်းနယ်ခြင်းကနေ အမြန်ဆုံး ပြန်လည်နာလန်ထူဖို့ ကူညီပေးပါတယ်။ ဟင်းသီးဟင်းရွက်မျိုးစုံကို ထမင်းပန်းကန်ရဲ့ တဝက်ခန့် သို့ အများဆုံး ပါဝင်အောင် စားသုံးသင့်ပါတယ်။

နောက်တခုက ရေဓာတ်လုံလောက်စွာ သောက်သုံးခြင်းပါ။ ဒါဟာ စွမ်းအင်ရရှိရန်နှင့် အားကစားစွမ်းဆောင်ရည်အတွက် ထမင်းစားတာမျိုးကဲ့လို အရေးကြီးကြောင်း မေ့လို့မရပါဘူး။ ထမင်းမစားခင်မှာ ရေတခွက်သောက်ပေးရပါမယ်။ ဒါမှ အစာလမ်းကြောင်းက ချောချောမွေ့မွေ့ဖြစ်နေမှာပါ။

အဲ့တော့ ထမင်းဖြူကို ပန်းကန်ရဲ့ 4 ပုံ 1 ပုံပဲ ပါရင်အဆင်ပြေပါတယ်။ ထမင်းစားမှအားရှိတာမဟုတ်ပါဘူး။

ဆန်အဖြူနဲ့ ဆန်အညိုက ဘာကွာသလဲဆိုရင်
ပြုပြင်ထုတ်လုပ်တဲ့ အဆင့် ဖြစ်ပါတယ်။

ဒီနေရာမှာ သိထားရမှာက ဆန်စေ့မှာ အဓိက အလွှာ ၃ ခု ပါဝင်ပါတယ်-
အခွံ (Husk): အပြင်ဘက်ဆုံး အကာအကွယ်အလွှာ။
ဖွဲနု (Bran): အာဟာရဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အလွှာ။
မျိုးပင်ပေါက်ဖို့အစိတ်အပိုင်း (Germ): ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ ပါဝင်တဲ့ အစိတ်အပိုင်း။

ဆန်အညိုမှာ
အခွံ (Husk) ကိုသာ ဖယ်ရှားထားပါတယ်။
အာဟာရအနေနဲ့ ဖွဲနုနဲ့ germ ပါဝင်နေဆဲမို့ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) ပိုများပါတယ်။
အမျှင်ဓာတ်က အရမ်းကြွယ်ဝပါတယ်။
စွမ်းအင်ထုတ်ပေးမှုမှာ စွမ်းအင်ကို ဖြည်းဖြည်းချင်း ထုတ်ပေးပါတယ်။ (သွေးတွင်းသကြားဓာတ် တဖြည်းဖြည်းချင်း မြင့်တက်စေပါတယ်။)
အကျိုးကျေးဇူးက ဗိုက်ပြည့်စေခြင်း၊ အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးခြင်း။

ဆန်အဖြူမှာ
ဖွဲနု (Bran) နှင့် Germ ကို ဖယ်ရှားထားပါတယ်။
အာဟာရဓာတ် အများစုကို ဖယ်ရှားထားပြီး အဓိကအားဖြင့် ကစီဓာတ် (Starch) သာ ကျန်ပါတယ်။
အမျှင်ဓာတ်က မရှိသလောက် နည်းပါတယ်။
စွမ်းအင်ထုတ်ပေးမှုမှာ စွမ်းအင်ကို လျင်မြန်စွာ ထုတ်ပေးပါတယ်။ (ဒါကြောင်းသွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေပါတယ်။)
အကျိုးကျေးဇူးက အစာချေလွယ်ခြင်း၊ လေ့ကျင့်ခန်းပြီးနောက် ချက်ချင်း စွမ်းအင်လိုအပ်ချိန်အတွက် သင့်တော်ခြင်း။

ဆန်အဖြူကို စားတာက အာဟာရ မရဘူးလို့ မဆိုလိုပါဘူး။ သူ့မှာလည်း အားသာချက်ရှိပါတယ်။

ဆန်အဖြူရဲ့အားနည်းချက် (သာမန်အချိန်များအတွက်)
ခန္ဓာကိုယ်ရဲ့ စွမ်းအင်ရုတ်တရက် မြင့်တက်ခြင်းပါ။ ဆန်အဖြူမှာ ဖွဲနုနဲ့ အမျှင်ဓာတ် မပါတော့တဲ့အတွက် စားလိုက်ရင် ခန္ဓာကိုယ်က ကစီဓာတ်ကို ဂလူးကို့စ် (သကြားဓာတ်) အဖြစ် လျင်မြန်စွာ ပြောင်းလဲလိုက်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်က ရုတ်တရက် မြင့်တက်လာပြီး ခဏကြာရင် ပြန်ကျသွားတာမျိုး ဖြစ်လာတတ်ပါတယ်။ ဘောလုံးသမားအတွက် အန္တရာယ်က ရုတ်တရက် မြင့်တက်တဲ့ စွမ်းအင်က ခဏတာသာ ခွန်အားရှိစေပြီး မကြာခင်မှာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေနိုင်ပါတယ်။ (သာမန်နေ့စဉ်စားသုံးမှုအတွက် မကောင်းပါဘူး)။ ဖွဲနုနဲ့ germ မှာပါတဲ့ ဗီတာမင် B၊ သံဓာတ်၊ မဂ္ဂနီဆီယမ် စတဲ့ အာဟာရတွေ ဆုံးရှုံးသွားပါတယ်။

​ဆန်အဖြူရဲ့ အားသာချက် (အားကစားသမားများအတွက် သင့်တော်သည့်အချိန်)
အစာချေလွယ်ခြင်းပါ။ အမျှင်ဓာတ် နည်းပါးတာကြောင့် ဗိုက်မပွဘဲ အစာချေဖျက်ရတာ မြန်ပါတယ်။
လေ့ကျင့်ခန်း သို့ ပွဲကစားပြီးတာနဲ့ ကုန်ခမ်းသွားတဲ့ စွမ်းအင် (Glycogen) ကို ချက်ချင်း အမြန်ဆုံး ပြန်လည်ဖြည့်တင်းဖို့အတွက် ဆန်အဖြူက အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရာက သွေးထဲကို သကြားဓာတ်ကို လျင်မြန်စွာ ပို့ပေးနိုင်လို့ပါ။

​ဆန်အညိုဟာ ဆန်ရဲ့ မူလသဘာဝအတိုင်း အာဟာရဓာတ် အပြည့်အဝပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် ပိုပြီး ကောင်းမွန်ပါတယ်။

​ဆန်အညိုရဲ့ အားသာချက် (နေ့စဉ်စားသုံးမှုအတွက်)
အမျှင်ဓာတ်တွေ ပါဝင်တဲ့အတွက် စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်ကို ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ချေဖျက် ရပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်က တဖြည်းဖြည်းချင်းသာ မြင့်တက်ပြီး စွမ်းအင်ကို ပိုပြီး ကြာရှည်စွာ တည်ငြိမ်စွာ ပေးနိုင်ပါတယ်။
ဘောလုံးသမားအတွက် အကျိုးကျေးဇူးက နေ့တိုင်းလေ့ကျင့်မှုတွေနဲ့ ပွဲမကစားရသေးတဲ့ ပွဲတွေနဲ့ ဝေးတဲ့အချိန်တွေမှာ ဆန်အညို စားသုံးခြင်းက တစ်နေ့တာလုံး စွမ်းအင် မပြတ်အောင် ကူညီပေးပါတယ်။
ကြွက်သားတည်ဆောက်ခြင်း၊ အရိုးနဲ့ အာရုံကြောစနစ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပိုရစေပါတယ်။

​ဆန်အညိုရဲ့ အားနည်းချက် (အားကစားသမားများ ရှောင်သင့်သည့်အချိန်)
အမျှင်ဓာတ်များတာကြောင့် ပွဲကစားခါနီး သို့ လေ့ကျင့်ခန်းမစမီ ချက်ချင်းစားရင် အစာအိမ်ကို ဝန်ပိစေပြီး၊ ကစားနေချိန်မှာ ဗိုက်မကောင်းတာ၊ လေးလံတာမျိုး ဖြစ်လာနိုင်ပါတယ်။

အဲ့တော့ဘယ်လိုစားကြမလဲ။

ပုံမှန်နေ့များ / လေ့ကျင့်ရေးရက်များမှာ ဆန်အညို (Brown Rice)ကို စားတာက တည်ငြိမ်တဲ့ စွမ်းအင်ကို တနေ့တာလုံး ရစေပြီး အာဟာရဓာတ် အပြည့်အဝရရှိဖို့ပါ။

ပွဲ (သို့) လေ့ကျင့်ခန်း မစခင် နာရီအနည်းငယ်အလိုမှာ ဆန်အဖြူ (White Rice) စားတာက အစာချေဖျက်ရ လွယ်ကူပြီး၊ ကစားနေစဉ်အတွက် အမြန်ဆုံး စွမ်းအင်ကို အဆင်သင့်ရအောင်လုပ်နိုင်ပါတယ်။

ပွဲ (သို့) လေ့ကျင့်ခန်း ပြီးဆုံးပြီး ချက်ချင်း ဆန်အဖြူ (White Rice)ကို စားပေးတာက ကုန်ခမ်းသွားတဲ့ Glycogen (သိုလှောင်ထားတဲ့ စွမ်းအင်ကိုခေါ်ပါတယ်) ကို အမြန်ဆုံးနှင့် အထိရောက်ဆုံး ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။

ခွန်အားရှိဖို့ဆိုတာ ပန်းကန်ထဲက ထမင်းပမာဏပေါ်မှာသာ မူတည်တာမဟုတ်ဘဲ အာဟာရမျှတမှု၊ စားသုံးမှုအချိန်နှင့် စားသုံးတဲ့ အာဟာရအရည်အသွေး ပေါ်မှာ မူတည်ပါတယ်။ ဘောလုံးသမားတစ်ယောက်အနေနဲ့ "ထမင်းအများကြီးစားမှ" ဆိုတဲ့ အယူအဆထက် လေ့ကျင့်ခန်းပမာဏအပေါ်မူတည်ပြီး "လိုအပ်တဲ့ မျှတတဲ့ အာဟာရပမာဏ" ကိုသာ စားသုံးရပါမယ်။


Vacancy Announcement(1) Nurse.                                            Male / Female (1- post)🔴 အခြေခံပညာ အထက်တန်းအော...
20/08/2025

Vacancy Announcement

(1) Nurse.
Male / Female (1- post)

🔴 အခြေခံပညာ အထက်တန်းအောင် (သို့) တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်။
🔴 သူနာပြုဘွဲ့ / Diploma ရရှိထားသူ ဖြစ်ရမည်။
🔴 ဆက်ဆံရေးပြေပြစ်ကောင်းမွန်၍ စိတ်ရှည်သည်းခံတတ်သူ၊ အသင်းအဖွဲ့စိတ်ဓါတ်နှင့် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
🔴 ကျန်းမာရေးကောင်းမွန်၍ နေ့ / ည တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
🔴 လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးခန့်ထားမည်။

(2) Nurse Aide.
Male / Female (3 posts)

📒 အခြေခံပညာ အထက်တန်းအောင် (သို့) တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်။
📒 Nurse Aid သင်တန်းဆင်းထားသူ ဖြစ်ရမည်။
📒 ဆက်ဆံရေးပြေပြစ်ကောင်းမွန်၍ စိတ်ရှည်သည်းခံတတ်သူ၊ အသင်းအဖွဲ့စိတ်ဓါတ်နှင့် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
📒 ကျန်းမာရေးကောင်းမွန်၍ နေ့ / ည တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
📒 လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးခန့်ထားမည်။

(3) Pharmacist Aide
Male / Female (2 Posts)

🔶 အခြေခံပညာ အထက်တန်းအောင် (သို့) တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်။
🔶 Pharmacist Aid သင်တန်းဆင်းထားသူဖြစ်ရမည်။ ဆေးဝါးပစ္စည်းများနှင့်ပတ်သက်၍ ကျွမ်းကျင်မှုရှိရမည်။
🔶 ဆေးဝါးနှင့်ပတ်သက်၍ လူနာအား သေချာရှင်းပြပြောကြားတတ်ရမည်။
🔶 ဆက်ဆံရေးပြေပြစ်ကောင်းမွန်၍ စိတ်ရှည်သည်းခံတတ်သူ၊ အသင်းအဖွဲ့စိတ်ဓါတ်နှင့် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
🔶 ကျန်းမာရေးကောင်းမွန်၍ နေ့ / ည တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
🔶 လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးခန့်ထားမည်။

လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇဝင်အကျဉ်း၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ကာလာလိုင်စင်ဓါတ်ပုံ၊ သင်တန်းဆင်းလက်မှတ်/ဘွဲ့/ဒီပလိုမာမိတ္တူများနင့် အောက်ပါလိပ်စာသို့ လျှောက်ထားနိုင်ပါသည်။

မေတ္တာသုခဆေးခန်း
ရန်-မန်းလမ်း၊ ရွှေပြည်ရန်နိုင်ရပ်၊ ပျော်ဘွယ်မြို့
ဖုန်း။ ၀၉-၇၅၅၆၀၀၃၄၃၊ ၀၉-၂၁၇၃၉၅၆။

ဆီးချိုသွေးချိုရောဂါ
05/06/2025

ဆီးချိုသွေးချိုရောဂါ

မိုးရာသီ ရေကြီးရေလျံမှုများနှင့် ဖြစ်ပွားတတ်သောရောဂါများ 🌊🌊🌊
16/05/2025

မိုးရာသီ ရေကြီးရေလျံမှုများနှင့် ဖြစ်ပွားတတ်သောရောဂါများ 🌊🌊🌊

ငလျင်ဘေးအလွန် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးCredit: World Health Organization Myanmar
09/05/2025

ငလျင်ဘေးအလွန် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး

Credit: World Health Organization Myanmar

၂၀၂၅ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်
02/05/2025

၂၀၂၅ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်



📌 ရာသီတုပ်ကွေးကာကွယ်ဆေးများ ထိုးနှံနိုင်ပါပြီ။ 💉💉💉💉💉Protect yourself and your loved ones with Flu vaccine!Influvac Tetra...
01/05/2025

📌 ရာသီတုပ်ကွေးကာကွယ်ဆေးများ ထိုးနှံနိုင်ပါပြီ။ 💉💉💉💉💉

Protect yourself and your loved ones with Flu vaccine!

Influvac Tetra vaccine available NOW!!!

မေတ္တာသုခဆေးခန်း
လမ်းမတော်၊ ရွှေပြည်ရန်နိုင်ရပ်၊ ပျော်ဘွယ်မြို့

☎️ 09-2173956
☎️ 09-755600343

Address

Yangon-Mandalay Highway/Main Road
Pyawbwe
05211

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959755600343

Website

Alerts

Be the first to know and let us send you an email when Myittar Thukha Clinic မေတ္တာသုခ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myittar Thukha Clinic မေတ္တာသုခ အထူးကုဆေးခန်း:

Share