မင်းခန့်ဆေးဆိုင် - ပြည်

  • Home
  • Myanmar
  • Pyay
  • မင်းခန့်ဆေးဆိုင် - ပြည်

မင်းခန့်ဆေးဆိုင် - ပြည် Medicine Shop

26/07/2024

———အသိပေးခြင်း———

စဖွင့်တဲ့အချိန်မှစပြီး အမြဲအားပေးနေတဲ့ Customer များအား ဝမ်းနည်းစွာဖြင့်

မင်းခန့်ဆေးဆိုင်အား July 2024 မှစပြီး ( အပြီး ) ပိတ်လိုက်ပြီဲဖြစ်ကြောင်း အသိပေးပါရစေ

အားပေးခဲ့ကြသော တစ်ဦးတစ်ယောက်ခြင်းစီတိုင်းအား

အထူးကျေးဇူးတင်ရှိကြောင်းပြောကြားရင်း

ဒီကနေပဲ နှုတ်ဆက်ပါရစေ

မင်းခန်းဆေးဆိုင် - ပြည်

❗❗ နှလုံး​​ရောဂါများ❗❗ အပေါ် အာနိသင်ရှိ၍ အစွမ်းထက် သဘာဝဆေးပင်များဖြင့် ဖော်စပ်ထားသော -" ရွှေကယန်း " အမှတ်တံဆိပ် " နှလုံး...
19/09/2023

❗❗ နှလုံး​​ရောဂါများ❗❗ အပေါ် အာနိသင်ရှိ၍ အစွမ်းထက် သဘာဝဆေးပင်များဖြင့် ဖော်စပ်ထားသော -

" ရွှေကယန်း " အမှတ်တံဆိပ် " နှလုံးသည်းခြေဆေး "

ဤဆေးသည် တိုင်းရင်းဆေး သမားတော်​ကြီး ကိုယ်တိုင် နစ်ပေါင်းများစွာ နှလုံးရောဂါရှိ လူနာများကို တိုက်ကျွေးကုသခြင်းဖြင့် ရောဂါများ သက်သာပျောက်ကင်း​စ​ေခဲ့သည်။ ဤဆေးကို နှလုံး သည်းခြေ ရောဂါ လက္ခဏာများ ဖြစ်သော -

••••••••••••••••••••••••••••••••••

🔯 စိတ်ဖိစီးမှူများပြီး အိပ်မပျော်ဖြစ်ခြင်း

🔯 ခံတွင်းပျက်၍ အစားအသောက် မစားလိုခြင်း

🔯 နှလုံးခုန်မြန်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှူမဝ
ခြင်း ၊ ရင်တုန်ခြင်း

🔯 နှလုံးအားနည်း၍ မူးဝေခြင်း ၊ မောပန်းခြင်း

🔯 နှလုံးကြီးခြင်း

🔯 သွေးအတွင်း အဆီများ၍ နှလုံးသွေးကြောကျဥ်းခြင်း

🔯 သွေးပေါင်ကျ၍ နှလုံးအားနည်းကာ မူးဝေခြင်း

🔯 သွေးအားနည်း၍ ခန္ဓာကိုယ် ဖြူဖတ်ဖြူရော် ဖြစ်ခြင်း၊
မောနေတတ်ခြင်း

🔯 သွေးလည်ပတ်မှု.အားနည်း၍ ခန္ဓာကိုယ်
လေးလံထိုင်းမှိုင်းနေခြင်း

🔯 နှလုံး အားနည်း၍ ​ခြေဖျား လက်ဖျားများ အေးစက်ခြင်း

🔯 နှလုံးရောဂါ ကြောင့် အာရုံကြောများ အားနည်းခြင်း ၊
ထုံကျင်ခြင်း ၊ မူးဝေတတ်ခြင်း

🔯 သည်းခြေ အားနည်း၍ အရာရာကိုထိန့်လန့်နေတတ်ခြင်း
၊ အလိုလိုနေရင်း အားငယ်နေတတ်ခြင်း

🔯 အမျိုးသမီးများ လစဥ် ဓမ္မတာကြောင့်ဖြစ်တတ်သော
သွေးအားနည်းခြင်း ၊ ဓမ္မတာ မမှန်ခြင်း ၊ ဓမ္မတာ
လာနေစဥ်အတွင်း ထိတ်လန့်တတ်ခြင်း ၊ အားငယ်တတ်
ခြင်း

🔯 အိမ်ထောင်ရေး သုခ မပြည့်စုံကြသူများ ( ပန်းမလန်း
သူများ ၊ အချိန်မတန်မှီသုတ်လွှတ်မြန်သူများ) နှင်.

🔯 နှလုံးရောဂါ အမျိုးမျိုးအတွက်

✴ ပုံမှန် မှီဝဲသင့်သော အစွမ်းထက် ဆေးစွမ်းကောင်း
တစ်လက်ဖြစ်ပါသည်။

✴ တိုင်းရင်းဆေး တက္ကသိုလ်ဆင်း သမားတော် ကိုယ်တိုင်
ဖော်စပ်ထားသည်ဖြစ်၍ ယုံကြည် စိတ်ချစွာ သုံးစွဲ
နိုင်ပါသည် ။

👨‍🔬 မြန်မာ. တိုင်းရင်းဆေး သမားတော် ဦးကျော်သူရဟိန်း
တိုင်းရင်းဆေး ပညာဘွဲ. ( Bachelor Of Myanmar
Traditional Medicine { B.M.T.M } )
တဆ - { ၇၃၈၁ }

💊 ဆေးသုံးစွဲရန် အညွှန်း

လူကြီး တစ်နေ့ { ၃ } ကြိမ် - တစ်ခါသောက် (၅) လုံး

ကလေး အသက် ( ၅ ) နှစ်မှ (၁၂ ) နှစ် အထိ
တစ်နေ့ { ၂ } ကြိမ် - တစ်ခါသောက် (၃) လုံး

အစာစားပီး တိုင်း ရေနွေးဖြင့် သောက်သုံးနိုင်ပါသည် ။

💊 ဆေးတစ်ဗူးတွင် ဆေးအလုံး ( ၁၅၀) ပါပါသည် ။

➡ တစ်ခါသောက် ( ၅ ) လုံး တစ်နေ့ ( ၃ ) သောက်လျှင်
တစ်လစာ ဆေး ( ၃ ) ဗူး ပါရှင့် ။

➡ တစ်ခါသောက် ( ၅ ) လုံး တစ်နေ့ ( ၂ ) သောက်လျှင်
တစ်လစာ ဆေး ( ၂ ) ဗူး ပါရှင့် ။

💵 ဆေးတစ်ဗူး လျှင် ➡ ( ၅၀၀၀ ) ကျပ်

မင်းခန့်ဆေးဆိုင်

အမှတ် ၆၇ ၊ ရတနာမာန်အောင်ကျောင်းလမ်းပေါက် ၊ ရတနာသစ်ခွခြံဘေး ၊ ပိုင်ထက်ပိုင်ရှေ့ ၊ မူယာပင်ရပ် ၊ ရွာဘဲနယ်မြေ ၊ ပြည်မြို့

( ဗိုလ်ချုပ်လမ်းမှလာပါက ရတနာမာန်အောင်မုဒ်ဦးပေါက် အဝင်ဝမှ ဝင်လာပါက လမ်းတစ်ဖြတ်ဆို ရောက်ပါပြီ )

၀၉၉၇၂၀၅၁၅၂၉

မြတ်ဆွမ်းအုပ်ကနေထုတ်တဲ့ 💟ပန်းသီးရှာလကာရည် ( ဘူးသေး ၇၅၀၀ )💟နနွင်းနက် သောက်ဆေး ( ၁၅၀၀၀ )💟နနွငနက်လိမ်းဆေး တွေ ( ၇၅၀၀ )မင်းခ...
19/09/2023

မြတ်ဆွမ်းအုပ်ကနေထုတ်တဲ့

💟ပန်းသီးရှာလကာရည် ( ဘူးသေး ၇၅၀၀ )
💟နနွင်းနက် သောက်ဆေး ( ၁၅၀၀၀ )
💟နနွငနက်လိမ်းဆေး တွေ ( ၇၅၀၀ )

မင်းခန့်ဆေးဆိုင်မှာ ဝယ်လို့ရပါပြီ

မင်းခန့်ဆေးဆိုင်

အမှတ် ၆၇ ၊ ရတနာမာန်အောင်ကျောင်းလမ်းပေါက် ၊ ရတနာသစ်ခွခြံဘေး ၊ ပိုင်ထက်ပိုင်ရှေ့ ၊ မူယာပင်ရပ် ၊ ရွာဘဲနယ်မြေ ၊ ပြည်မြို့

( ဗိုလ်ချုပ်လမ်းမှလာပါက ရတနာမာန်အောင်မုဒ်ဦးပေါက် အဝင်ဝမှ ဝင်လာပါက လမ်းတစ်ဖြတ်ဆို ရောက်ပါပြီ )

၀၉၉၇၂၀၅၁၅၂၉

အကြောင်းရာ ။ ။ online အမှာ ပို့ဆောင်ခြင်းများ ရပ်နားခြင်း
22/05/2023

အကြောင်းရာ ။ ။ online အမှာ ပို့ဆောင်ခြင်းများ ရပ်နားခြင်း

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းလုံး၌ ဆီးချိုရောဂါ ဖြစ်ပွားသည့်သူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ များပြားလို့လာနေပါ...
09/05/2023

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းလုံး၌ ဆီးချိုရောဂါ ဖြစ်ပွားသည့်သူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ များပြားလို့လာနေပါသည်။ အဓိကအချက်မှာ စားပုံသောက်ပုံပုံစံ ပြောင်းလဲလာခြင်းနှင့် လူနေမှုဘဝနေထိုင်သည့်ပုံစံ ပြောင်းလဲလာမှုတို့ကြောင့်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြပါသည်။ ကျွန်တော်တို့ ဆရာဝန်ဖြစ်စက ဆီးချိုရောဂါလူနာ အနည်းငယ်သာ ကြည့်ရသော်လည်း ယနေ့အခါတွင် နေ့စဉ်ကြည့်ရှုသည့် လူနာ ၅ ယောက်လျှင် ၁ ယောက်မှာ ဆီးချိုလူနာ ဖြစ်လို့နေပါပြီ။

ရောဂါတစ်ခုကို ကုသရာတွင် ဖြစ်ပွားရသည့် အကြောင်းအရင်းကို မူတည်ပြီး ကုသရသည်ဟု ကျွန်တော်တို့၏ ဆရာသမားကြီးများက အမြဲလိုလို ပြောဆိုသင်ကြားပေးလေ့ ရှိပါသည်။ ဆီးချိုရောဂါတွင် ဖြစ်ပွားရသော အကြောင်းအရင်းမှာ တစ်ခုတည်း လက်ဆုပ်လက်ကိုင် မပြနိုင်၍ ကုသရန် ခက်ခဲနေရခြင်း ဖြစ်ပါသည်။ လူနာတစ်ဦးနှင့် တစ်ဦးတွင်လည်း ဆီးချိုရောဂါ အမျိုးအစား၊ ရောဂါ အနုအရင့်ပေါ် မူတည်ပြီး ဖြစ်ပွားရသော အကြောင်းအရင်းမှာလည်း ကွဲပြားခြားနားနေလေ့ရှိသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ဆီးချိုရောဂါမှာ များသောအားဖြင့် ကာဘိုဟိုက်ဒြိတ် စားသုံးမှု လွန်ကဲသောကြောင့် အများဆုံးဖြစ်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ကာဘိုဟိုက်ဒြိတ် အစားများသူများ ဖြစ်ပါက ထမင်းစားလျှင် ထမင်းကိုလျှော့စားပြီး အသား၊ ငါး၊ ပုစွန် နှင့် ဟင်းသီးဟင်းရွက်များ ပိုစားပေးခြင်းဖြင့် ဆီးချိုရောဂါ ထိန်းသိမ်းရေး၌ များစွာသက်သာစေပါလိမ့်မည်။

ယနေ့အခါတွင် ကမ္ဘာပေါ်ရှိ လူတို့သေဆုံးရခြင်း အကြောင်းအရင်း ထိပ်ဆုံး (၁၀) ခု စာရင်းတွင် ဆီးချိုရောဂါမှာ နံပါတ် (၇) နေရာ၌ ရှိနေပါသည်။ ဆီးချိုရောဂါ ကာကွယ်ဆေးဟူ၍ သီးခြားမရှိသော်လည်း အနေအထိုင် အစားအသောက် မှန်ကန်အောင် ပြုမူနေထိုင်ခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ စိတ်ကို တည်ငြိမ်အေးချမ်းအောင် နေထိုင်ခြင်းတို့ကိုသာ ပြုမူနေထိုင်ပါက ဆီးချိုရောဂါဖြစ်ရန် အလားအလာ အလွန့်အလွန် နည်းပါးသွားပါလိမ့်မည်။ ရောဂါဖြစ်ပါကလည်း သက်ဆိုင်ရာဆရာဝန်နှင့် ပြသတိုင်ပင်၍ လိုအပ်သောကုသမှုကို ခံယူခြင်းဖြင့် ဆီးချိုရောဂါရှိသော်လည်း ဘဝအရည်အသွေး ပြည့်ဝစွာဖြင့် သက်တမ်းစေ့ နေနိုင်ပါလိမ့်မည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဆီးချိုရောဂါ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

07/05/2023

ဖျားနေတဲ့အချိန် ရေချိုးလို့ရလားဆရာ?
…………………………………………………….

“ဖျားနေရင် လေတိုက်မခံနဲ့”
“ဖျားနေရင် ရေမချိုးနဲ့၊ ခေါင်းမလျှော်နဲ့၊ အအေးမိမယ်”
ဆိုတာမျိုးတွေ ကြားဖူးကြမှာပါ။

#အမှန်တကယ်ကဖျားနေရင်ရေချိုးလို့ရပါတယ်။

ရေချိုးတာက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ကျစေတဲ့အပြင် လူကို လန်းဆန်းသွားစေပါတယ်။

အထူးသဖြင့် ခုလို နွေရာသီမှာ ဖျားကြတဲ့အခါ ရေမချိုးရင် ကိုယ်ပူ ပိုကြီးတတ်ပါတယ်။

❌ ရေလဲမချိုးဘူး၊

❌ လေတိုက်မှာစိုးလို့ တံခါးတွေပိတ်ထားတယ်၊

❌ ချွေးထွက်အောင် ရေနွေးတွေသောက်တယ်၊

❌ အင်္ကျီ ထူထူတွေ ဝတ်ထားတယ်

❗️အထက်ပါ အပြုအမူတွေက တကယ်တော့ အရမ်းကို အန္တရာယ်များပါတယ်။

ကိုယ်ပူချိန်တအားကြီးလာရင် ခုလိုနွေရာသီမှာ Heat Exhaustion နဲ့ Heat stroke လို့ခေါ်တဲ့ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ အပူကြောင့် သတိလစ်တာတွေ ဖြစ်ခဲ့ရင် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။

ချွေးထွက်လွန်ရင် ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးပြီး ခေါင်းမူးတာ၊ နုံးတာ၊ ကြွက်တတ်တာ၊ အားမရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။

👉 ဒါကြောင့် #ဘာကြောင့်ပဲဖျားဖျား

✅ ရေချိုး ခေါင်းလျှော်လို့ရပါတယ်။ မပူလွန်း မအေးလွန်းတဲ့ ရေ ဆို အဆင်ပြေပါတယ်။

✅ ရေပတ်တိုက်လို့ရပါတယ်။

✅ ရေခဲဝတ်၊ ရေအေးဝတ် ကပ်မယ်ဆိုရင် သွေးကြောအကြီးတွေရှိတဲ့ ချိုင်း၊ ပေါင်ခြံ မှာ ကပ်ထားပေးရပါမယ်။

✅ လေဝင်လေထွက်ကောင်းအောင် အခန်းပြတင်းပေါက်တွေ ဖွင့်ထားရပါမယ်။

✅ ရေနွေးသောက်မယ့်အစား ရေအေးသောက်ပါ။ အရည်များများသောက်ပါ။

✅ ပေါ့ပေါ့ပါးပါး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ရပါမယ်။

#ကိုယ့်ကိုယ်ကိုချစ်ပါ
#ဂရုစိုက်ပါ
#ကျန်းမာအောင်နေပါ
#သင်ကျန်းမာဖို့သင့်မှာတာဝန်ရှိပါတယ်

ဒေါက်တာအေရွန်

#ကျန်းမာရေး #ဖျား #ကိုယ်ပူ #ရေချိုး

အာဗြဲလေးကတော့ ကြက်ပေါင်းရည်သောက်ဖို့ပြောနေပြီဆိုင်မှာ လာဝယ်လို့ရတယ်နော်နှစ်ကဒ်ဝယ်တာနဲ့ 3500 အလျော့လည်းရဦးမယ်ဗျားStock ရှ...
21/04/2023

အာဗြဲလေးကတော့ ကြက်ပေါင်းရည်သောက်ဖို့ပြောနေပြီ

ဆိုင်မှာ လာဝယ်လို့ရတယ်နော်

နှစ်ကဒ်ဝယ်တာနဲ့ 3500 အလျော့လည်းရဦးမယ်ဗျား

Stock ရှိသလောက်ပေါ့နော်

20/04/2023
19/04/2023

🚨🚨မန္တလေး - စစ်ကိုင်း -မကွေး
အပူချိန် 45°C ထိ တိုးလာတော့မည်။
အရမ်းပူလာပါတော့မည်။
ခဏခဏ ရေမချိုးပါနှင့်။
ပန်ကာတောက်လျှောက် ဖွင့်မထားပါနှင့်။
နေ့ခင်းနေ့လည် ယမကာ မှီဝဲတတ်သူများ
အထူးသတိထားပါ။
အပြင်သွားလျှင် ဦးထုပ် ထီး ဆောင်းပါ။
အဝတ်ရေစို ဆွတ်၍ ခင်းမအိပ်ပါနှင့်။
ရေ များများသောက်ပါ
ဖြစ်နိုင်လျှင် ရေခဲရေမသောက်ပါနှင့်
ရေခဲမုန့် ဂျယ်လီ မစားပါနှင့်။
ဝတ် စလစ်ဖြင့် ကြာရှည်စွာ မနေပါနှင့်။
ကြမ်းပြင်ပေါ် ကြာရှည် မလှဲလျောင်းပါနှင့်။
အိမ် နံရံများအား ရေနိုင်နိုင် ပက်ဖြန်းပါ။
ပတ်ပတ်လည် ရေနိုင်နိုင်ဖြန်းပါ။
Gym ကစားသူများ ပြင်းထန်စွာ မကစားပါနှင့်။
အားကစားလုပ်သူများ ပြင်းထန်သော အားကစား
မလုပ်ပါနှင့်
အက ကသူများ ပြင်းထန်စွာ မကပါနှင့်
နေ့စားလုပ်သားများ ပြင်းထန်စွာ အလုပ်မလုပ်ပါနှင့်
နား၍ နား၍ လုပပှါ။

မိတ်တွေ ပေါက်
အပူတွေကန်
အဖျားတွေကြီး
သွေးပေါင် ဆောင့်တက်
ဝမ်းကိိုက် ဝမ်းပျက်
အစရှိသည်တို့ ဖြစ်တတ်သည်။

အပင်အောင် အရိပ်အောက်မှာ ခိုနားနေထိုင်ပါ။

စေတနာဖြင့်

မင်းစျာန်ဖြိုး(နက္ခတ်သိပ္ပံ)
crd

Address

Yadana Manaung Street Pyay, Bago Region, Myanmar
Pyay
10002

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00

Telephone

+959972051529

Website

Alerts

Be the first to know and let us send you an email when မင်းခန့်ဆေးဆိုင် - ပြည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share