Theint Zar Online Shop

Theint Zar Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Theint Zar Online Shop, Vitamins/Supplements, 12/50, Bo Ta Yar Road, Mankyitaw Qtr, Pyinmana.

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ လိင်ဆက်ဆံရင် အမျိုးသားသုတ်ရည်တွေ ဗိုက်ထဲကကလေးရဲ့ခေါင်းမှာ ဂျွတ်တက်တယ်ဆိုတာတွေအမျိုးသာ...
09/10/2025

ကိုယ်ဝန်ဆောင်ချိန်မှာ
အမျိုးသားနဲ့ လိင်ဆက်ဆံရင် အမျိုးသားသုတ်ရည်တွေ ဗိုက်ထဲကကလေးရဲ့ခေါင်းမှာ ဂျွတ်တက်တယ်ဆိုတာတွေ
အမျိုးသားနဲ့အတူမနေနဲ့ ဆေးရုံရောက်ရင် ဆရာမတွေကသိတယ် ကဲ့ရဲ့တယ်ဆိုတာတွေ
ဒီစာလေးဖတ်မိရင် ဘယ်ကကြားဖူးမှန်းမသိတဲ့ ရှေးရိုးအစွဲကြီးကို ခေတ်လူငယ်တွေပီပီ ပယ်နိုင်ကြဖို့ မျှော်လင့်မိပါတယ်

မှတ်ချက် ဗဟုသုတအနေနဲ့ပြန်ရှယ်ပြီးရေးတင်တာပါရှင့် အခြားသောအတွေးများနဲ့မတွေးပါနဲ့ရှင့်ကျန်မာရေးအတွက်တင်ပေးချင်ဖြစ်ပါတယ်ရှင့်

ကိုယ်တိုင်ဆရာမတစ်ယောက်ပါ ဘယ်လူနာရဲ့အတင်းကိုမှ တုပ်နေဖို့ မအားကြပါဘူးနော် ညဂျူတီဆို အလင်းပေါက်သွားတဲ့ညတွေ တစ်ပုံကြီး ပြောနေရင်ပြီးမှာမဟုတ်တော့ဘူး အဓိက ပြောချင်တာက
ခုအစ်မတို့ပြောပြောနေကြတဲ့ ကိုယ်ဝန်ဆောင်ချိန် အမျိုးသားနဲ့ အတူနေမိရင် သုတ်ရည်က ကလေးခေါင်းပေါ်မှာ ဂျွတ်တက်တယ်ဆိုတဲ့အကြောင်းပါ အဒါလုံးဝမဟုတ်ပါဘူးနော်
vernix Caseosa လို့ခေါ်ပြီး အဖြူရောင် ခရင်မ်လိုအရည်ပါ
third trimesterလို့ခေါ်တဲ့ ကိုယ်ဝန်နောက်ဆုံး၃လမှာ ကေလးရဲ့ အဆီဂလင်းကနေ ထွက်တဲ့အရည်ပါ
အဒါက ကေလးရဲ့အရေပြားကို ကာကွယ်ပေးတယ် ရေနဲ့အရေပြားကြားမှာ အဟန့်အတားအဖြစ် နေပြီးတော့ လျှပ်ကာပစ္စည်းလိုမျိုး အနွေးဓာတ်ကို ထိန်းပေးထားတယ်
ကေလးရဲ့အေရျပားကို စိုစွတ်စေပြီး ရေဓာတ်ခန်းခြောက်မှုနှုန်းကို လျှော့ချပေးတယ်
အပတ်လေးဆယ်မတိုင်ခင် မွေးတဲ့ကလေးတွေမှာ တစ်ခါတစ်ရံမှ တွေ့ရတယ် နေ့စေ့လစေ့မွေးတဲ့ ကလေးတွေမှာ တွေ့ရတယ်
Anti microbial barrier လည်းဖြစ်လို့ မိခင်မွေးလမ်းကြောင်းကတစ်ဆင့် ကလေးဆီပိုးဝင်မှာကိုလည်း ကာကွယ်ပါတယ်
ရေမြွှာရေထဲမှာရှိတဲ့ vernixကို ကလေးကမြိုမိရင်တော့ အူဖွံ့ဖြိုးမှာအပေါ်မှာ သက်ရောက်မှုရှိပါတယ်တဲ့
🙅မည်သူတစ်ဦးတစ်ယောက်နဲ့မှ ပြိုင်မငြင်းချင်ပါဘူးနော် ရှာလို့တွေ့သမျှကို အကျဉ်းချုံးပြီး နားလည်လွယ်အောင် ရေးထားတာပါ
ကိုယ်ဝန်ဆောင်ချိန် အမျိုးသားနဲ့ဆက်ဆံလို့ရလားဆိုတဲ့မေးခွန်းတွေတက်လာတိုင်း အဲအဖြေတွေပဲ တွေ့နေလို့ပါ
🙅အတူနေဖို့ အားပေးအားမြှောက်လုပ်တဲ့ postလည်းမဟုတ်ပါဘူးနော် ကိုယ်ဝန်ပထမလေးလက ပျက်ကျတတ်လို့OGတွေက အတူနေဖို့ တားမြစ်ပါတယ်
ကျွန်မတို့ဆေးရုံက အထူးကုOGကိုမေးပြီး သူဖြေထားတဲ့ အဖြေလေးပါ တင်ပေးထားပါတယ်
🙅လူတတ်ကြီးလုပ်တာ မဟုတ်ပါဘူးနော် သိတာလေးမျှဝေတာပါ အဖွဲ့ဝင်တွေအားလုံး အစစအရာရာ အဆင်ပြေကြပါစေ မရသေးတဲ့မေမေတွေလည်း အမြန်ဆုံးရနိုင်ကြပါစေ 😘😘

©® 🥰

04/10/2025
Fruits& Oxalate,vegetables &Oxalate ဒန့်သလွန်မှာကော Oxalate ဆိုးကျိုး ဘယ်လောက်ရှိနိုင်သလဲ?နေ့စဉ်စားသုံးနေကျသစ်သီး ဟင်းရွ...
03/10/2025

Fruits& Oxalate,vegetables &Oxalate
ဒန့်သလွန်မှာကော Oxalate ဆိုးကျိုး ဘယ်လောက်ရှိနိုင်သလဲ?

နေ့စဉ်စားသုံးနေကျသစ်သီး ဟင်းရွက်များပင်လျှင် တန်ဆေးလွန်ဘေး ဥပမာ
ကြက်ဟင်းခါးက သွေးတွင်းသကြားဓာတ်ကိုကျစေတယ်ဆိုပေမဲ့ များများစားရင်ဇက်ကြောတက်ပါတယ်

ကျနော်တို့ဟာ ပညာရှင်များရေးတဲ့ antioxidants,anti inflammatory, antibacterial, antiviral, antifungal, anti-diabetic စတဲ့သီးနှံကောင်းကျိုးများကိုသာကွက်မြင်တတ်ကြပြီး anti nutrition ဆိုတဲ့ ဆိုးကျိုးတွေကိုမျက်ကွယ်ပြုထားတတ်ကြပါတယ်

ဒါဟာလည်းကျန်းမာရေးကောင်းနေသူအဖို့ကတော့ ဘာစားစားရှယ်ပဲ ဆိုပေမဲ့
ဥပမာ ကျနော့လို ငယ်ငယ်ကတည်းက နှလုံးအခံမကောင်းသူက အစာအိမ်ကလည်းနုနေရော ဘာစားစား အစာကျေဖို့မလွယ် အမဲသားအစားများတဲ့နေ့ဆို
ဆီးသွားရင် phosphate အနယ်တွေကျရော မျှစ်များများစားပြန်ရင်လည်း
ယူရစ်အက်ဆစ်က ဒူးနာချေမနာ ပိန်းဥများများစားတဲ့နေ့ဆို Oxalate ကြောင့်
ခါးနာလို့ နေရထိုင်ရဟန်မကျပြန် ဒါတောင် ပုဇွန်နဲ့ချက်တော့ ပုဇွန်အခွံမှာပါတဲ့
Calcium က အောက်ဆယ်လိတ်နဲ့ပေါင်းလို့ ဖင်ကနေအများကြီးထွက်သွားပြီးတာတောင် နောက်ဆုံးအဖြေက ကျနော် ကျောက်ကပ်ကျောက် နှစ်ခါချေလိုက်ရပါတယ်

မနေ့က ကျနော်လေးစားသဘောကျတဲ့ဆရာဝန်မကြီးက Fruits & Oxalate ခေါင်းစဉ်နဲ့ သကြားကြောက်တဲ့ဆရာမကြီးက အခုပညာရှင်တွေ antioxidants
ကောင်းကြောင်းအတွင်တွင်ပြောနေတဲ့ သလဲသီး၊ကီဝီသီးကအစ စောင်းလျားသီးမှာ Oxalate အဆိုးဆုံးများနေတာကို ထောက်ပြပြီးဆင်ခြင်စားဖို့သတိပေးလိုက်ပါတယ်

စိတ်ဝင်စားစရာပိုကောင်းတာက ဟင်းရွက်မျိုးစုံ ကြိတ်ညှစ်ရည်ကိုသောက်ဖို့တိုက်တွန်းခဲ့တာမှာလည်း Oxalate ဆိုတာကိုသူသတိမပြုမိတဲ့အတွက် သူကိုယ်တိုင်
ခဏခဏ သောက်နေတဲ့အခါမှာ ခန္ဓာကိုယ်မအီမသာ ဖြစ်ခဲ့လို့ ကြာရင် သွေးကြောနံရံမှာ ကျောက်ကပ်မှာ(ကျနော်ကတော့ ဆီးပြွန်မှာကျောက်(၃)လုံးပိတ်နေလို့သေးပေါက်မရ) ဒူးတွေမှာ လည်ပင်းတွေမှာလည်းကျီးပေါင်းဖြစ်လို့ ပြဿနာမျိုးစုံဖြစ်သွားနိုင်လို့ သတိနဲ့စားရတော့မယ်လို့ ပြောဆိုတာကိုနားထောင်လိုက်ရပါတယ်

ကျနော့အနေနဲ့ ကိုယ်တိုင်ကလည်းရောဂါများ စိုက်ပျိးရေးစာပေရေးသားရာမှာလည်း သမရိုးကျစိုက်နည်းပျိုးနည်းတင်မဟုတ် စားသောက်နည်းပါမကျန်
ရှာဖွေရေးတာကြောင့် ၂၀၁၃ တုန်းက ထုတ်ဝေခဲ့တဲ့ ဟင်းနုနယ်စာအုပ်မှာ ပုံ၅/၆/၇မှာပါတဲ့Oxalateနဲ့ Nitrate ဆိုးကျိုးကို ပြန်လည်တင်ပေးလိုက်ပါတယ်
အသေအချာလေ့လာဖတ်ကြည့်စေချင်ပါတယ်နော်

ဒန့်သလွန်ကကောဘယ်လိုလဲ ဆိုတော့ ဒန့်သလွန်ရွက်အခွောကျအလေးခြိနျမှာပါတဲ့ Oxalate ပမာဏက ၀.၉၉ mg /gm နာမည်ကြီး ဒေါက်ခွရွက် Spinachက ၂၅-၄၅mg/gm နဲ့ယှဉ်ရင် အဆမျာစွာကွာလို့ ဆိုးကျိုးအလွန်နည်းပါတယ်နော်

နိုင်ငံတကာကတော့ အခြောက်မှုန့်အတိုင်း လက်ဖက်စားဇွန်း(၁-၂)ဇွန်း တနေ့(၂)ကြိမ်တိုက်ရိုက်စားကြတယ်ဆိုပေမဲ့ တကယ်လို့ ကျောက်ကပ်ရောဂါရှိနေသူဆိုရင် ကျနော်လည်း နှလုံးအခံ ကျောက်ကပ်ကျောက်ရှိတာမို့ ချက်ပြုတ်စားတဲ့အမယ်မျိုးစုံမှာ အာဟာရပိုရအောင် နေ့စဉ်ထည့်စားနေတာမို့ FBမိတ်ဆွေတို့ကို ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်နော်

Min Win Htein

30/09/2025

မအူပင်နှင့် ဧရာဝတီအနီးတဝိုက်က နယ်သူနယ်သားတွေ အားကိုးအားထားပြုရတဲ့ သမားတော်ကြီး​ဒေါက်တာထွဋ်မင်းဟန် ရုတ်တရက်ကွယ်လွန်သွားတယ်ကြားရတယ်။
စိတ်ကေါင်းသဘောကေါင်း လူနာတွေအပေါ်စေတနာထားတဲ့ သမားတော်တဦးမို့
နှမျောဝမ်းနည်းမိပါတယ်ဗျာ။

နှလုံးရှော့(Heart attack) ရသွားတယ်ပြောနေကြလို့ ကိုယ်ဖတ်ဖူးတာလေးမျှဝေပါရစေ။

" Heart Attack " ဖြစ်ခြင်းကို ကာကွယ်ဖို.
~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရုတ်တရက်

နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်တဲ့

သေစေနိုင်သော အခြေအနေကနေ

ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဖို့ပါ။

နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတွေ

အထူးသတိထားဖတ်မှတ်ထားဖို့လိုပါတယ်....။

(၁ ) အခုအချိန်က သင် အလုပ်မှာ

အရမ်းပင်ပန်းလာပြီး အိမ်ကို

တယောက်တည်း ပြန်လာတဲ့ ညဘက်

ခုနစ်နာရီခွဲလောက်လို့ ဆိုကြပါစို့။

(၂ ) သင်ဟာ တကယ်ပဲ

မောပန်းနွမ်းလျ နေမှာပေါ့။

(၃ ) ရုတ်တရက် သင့်ရဲ့ ဘယ်ဘက်ရင်အုံမှာ

စူးပြီးနာလာမယ်။ အဲ့လို နာနေတာကနေ

သင့်ရဲ့ လက်မောင်း နဲ့ မေးရိုးတွေပါ

နာသလို အောင့်သလို ဖြစ်လာမယ်။

အခြေအနေက ရုတ်တရက် ပိုဆိုးလာမယ်။

သင့်အိမ်နဲ့ အနီးဆုံး ဆေးရုံကလည်း

သုံးမိုင်လောက် ဝေးနေတယ်။

(၄ ) ကံမကောင်းစွာပဲ သင် ဆေးရုံကို

ရောက်အောင် သွားနိုင်မလားဆိုတာ

မသေချာဘူး ဖြစ်နေတယ်။

(၅ ) သင်ဟာ အရေးပေါ်

အသက်ကယ်ကုသနည်း (CPR) ကို

သင်ဖူးပေမယ့် သင့်ကိုယ်သင်

ဘယ်လိုပြန်ကယ်မလဲ။

(၆။ တယောက်တည်းရှိနေချိန်

ရုတ်တရက် နှလုံးသွေးကြောပိတ်ဆို့ခြင်း

( Heart attack) ဖြစ်နေတော့

ဘယ်လိုလုပ်ရမလဲ။

နှလုံးခုန်နှုန်းကလည်း ပုံမမှန် ။

လူကလည်း သတိလစ်ဖို့

တစ်ဆယ်စက္ကန့်လောက်ပဲ

လိုတော့တယ် ဆိုကြပါစို့။

(၇ ) အဲ့လို ခံစားနေရရင်

ပြင်းပြင်းထန်ထန် ထပ်ကာထပ်ကာ

ချောင်းဆိုးခြင်းဖြင့် သင့်ကိုယ်သင်

ကယ်တင်နိုင်ပါတယ်။

ချောင်းတခါ မဆိုးခင်တိုင်း

အသက်ဝဝရှူပါ။

ချောင်းဆိုးရင်လည်း သလိပ်ထွက်အောင်

ဆိုးနေရသလို ကြာကြာဆိုးပါ။

နှစ်စက္ကန့် တကြိမ်စီ အသက်ဝဝရှူလိုက်

ချောင်းဆိုးလိုက် လုပ်နေပါ။

နှလုံးခုန်တာ ပုံမှန်ပြန်ဖြစ်တဲ့အထိ ၊

သို့မဟုတ် ကူညီမယ့်လူရောက်တဲ့အထိ

ဆက်လက်လုပ်ဆောင်ပါ။

(၈ ) အသက်ဝဝရှူတာက

အဆုတ်ကို အောက်ဆီဂျင်

များများရစေပါတယ်။

ချောင်းဆိုးတာက နှလုံးကို ညှစ်ပေးပြီး

သွေးလည်ပတ်မှုကို ဆက်ထိန်းပေးရုံသာမက

နှလုံးခုန်နှုန်းပြန်မှန်အောင် လုပ်ပေးပါတယ်။

ဒီနည်းနဲ့ Heart attack ရနေသူတွေ

ရုတ်တရက် မသေဆုံးပဲ

ဆေးရုံကိုရောက်အောင် ကူညီနိုင်ပါတယ်။
_______________

အောက်ပါနည်းလမ်းတွေကို လိုက်နာခြင်းဖြင့် နှလုံးတိုက်ခိုက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါတယ် -

၁။ ကျန်းမာတဲ့ အစားအစာများ စားသုံးပါ

· အဆီကြော်အစားအစာတွေကို ရှောင်ပါ။ အထူးသဖြင့် ပြည့်ဝဆီ (Saturated fat) နဲ့ ထရန်စ်ဖက်စ်အဆီ (Trans fat) များတဲ့ အစားအစာတွေ (ဥပမာ - အဆီများတဲ့အသား၊ မလိုင်အပြည့်ပါတဲ့နို့ထွက်ပစ္စည်း၊ ကိတ်မုန့်၊ ဘီစကွတ်)။
· ဆားလျှော့စားပါ။ ဆိုဒီယမ်များတဲ့ အစားအစာတွေက သွေးတိုးစေနိုင်ပါတယ်။
· အသီးအရွက်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုး၊ ဂျုံကြမ်းနဲ့ လုပ်ထားတဲ့အစားအစာတွေ ကို ပိုမိုစားသုံးပေးပါ။
· ငါးကို တစ်ပတ်နှစ်ကြိမ်ခန့် စားပေးပါ။ အိုမီဂါ ၃ ဖက်တီးအက်စစ်ကြွယ်ဝတဲ့ ဆော်လမွန်ငါးလိုမျိုးကို စားပေးနိုင်ပါတယ်။

၂။ ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

· တစ်ပတ်ကို မိနစ် ၁၅၀ ခန့် (သို့) တစ်ရက်ကို မိနစ် ၃၀ ခန့်၊ တစ်ပတ်ငါးရက် လမ်းအပြေးလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခြင်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
· ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

၃။ ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပါ

· ဆေးလိပ်သောက်ခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို အဓိကတိုးစေတဲ့အကြောင်းရင်းဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပါ၊ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

၄။ အရက်သောက်သုံးမှုကို ကန့်သတ်ပါ

· အရက်ကို အတိုင်းအတာထိန်းသောက်ပါ။ တစ်ရက်ကို အမျိုးသားဆိုရင် နှစ်ပက်ထက်၊ အမျိုးသမီးဆိုရင် တစ်ပက်ထက် မပိုသင့်ပါဘူး။

၅။ သွေးတိုး၊ ဆီးချို၊ ကိုလက်စထရောမြင့်တက်မှုကို ထိန်းချုပ်ပါ

· ပုံမှန်ဆေးစစ်ပါ။ ဒီရောဂါတွေရှိရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးသောက်ပြီး ထိန်းသိမ်းပါ။

၆။ စိတ်ဖိစီးမှုကို လျှော့ချပါ

· တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့ စိတ်လှုပ်ရှားမှုလျှော့ချနည်းတွေကို လုပ်ဆောင်ပါ။
· အိပ်ရေးဝအောင် အိပ်ပါ (တစ်ညကို ၇-၈ နာရီ)။

၇။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပါ

· နှလုံးရောဂါဖြစ်နိုင်ခြေရှိမရှိ သိရှိဖို့ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုကို မမေ့မလျော့ပြုလုပ်ပါ။

အရေးပေါ်လက္ခဏာများကို သိရှိထားပါ

· ရင်ဘတ်အောင့်ခြင်း (ဖိညှစ်ထားသလိုနာကျင်ခြင်း)၊
· မောခြင်း၊
· ပျို့အန်ခြင်း၊
· ချွေးပြန်ခြင်း၊
· ဇက်ကြော၊ မေးရိုး၊ လက်မောင်းတွေ နာကျင်ခြင်း စတဲ့လက္ခဏာတွေ ပေါ်လာရင် အရေးပေါ်ဆေးကုသမှုခံယူပါ။

Heart attack အတွက် လိုက်နာသင့်တဲ့ABCDEFGH

A
Antiplatelet-Aspirin ဒါမှမဟုတ် Clopidrogel
သွေးကြဲဆေး (လေဖြတ်ဖူးရင် လေဖြန်းဘူးရင် နှလုံးသွေးကြောကျဉ်း/ပိတ်ဘူးရင် ခြေထောက်သွေးကြော ကျဉ်းပိတ်ဘူးရင် နှလုံးသွေးကြောချဲ့ပိုက်ထည့်ထားရဘူးရင်)

Anticoagulation သွေးမခဲဆေး (နလုံးခုန်မူမမှန်ရင် သွေးခဲပိတ်ဘူးရင်)

ACEI/ARB ကျောက်ကပ်ထိမ်းသွေးပေါင်ညှိဆေး

Alcohol
အရက်အလွန်အကျွံ မသောက်စေနဲ့
တနေ့ ဘီယာ ၁ဗူး ဝိုင် ၁ ခွက် ဝီစကီ ၁ ပက် လောက်က ရပါတယ်

B
Beta Blocker နှလုံးခုန်ညှိဆေး
သူကအသက်ရှည်စေတယ်ဆိုသဗျ
နှလုံးခုန်ချက်ကဘသူမှသာမသိတာ Limit များရှိသလားမသိ မြန်လေ စောစောဒုက္ခရောက် နှေးလွန်းလည်းမကောင်း တမိနစ် ၉၀ အောက်လောက်

C
Cholesterol အဆီချဆေး
Cigarette ဆေးလိပ်ဖြတ်ဖို့

D
Dapagliflozin နှလုံး ကျောက်ကပ်ကာကွယ်ဆေး (ဆီးချိူ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ)
Diuretic ဆီးဆေး နှလုံးအဆုတ်ရေမလွှမ်းဆေး
Digoxin နှလုံးခုန်နှူံးထိမ်း ညှစ်အားကောင်းဆေး

E
Elpirinone/ Spironolectone
ဆီးဆေး နှလုံးရေဖိအားများမဖေါင်းအောင်တားဆေး

ECHO
နှလုံးအာထရာဆောင်းရိုက်ပေါ့ဗျာ ဘယ်လောက်အားနည်းလည်းသိရသပေါ့

F
Fluid Restriction
ရေ အဖျော်ရည် အရမ်းမသောက်ကြနဲ့ တနေ့ ၂ လီတာထက်ကျော်ရင် နှလုံးအားနည်းရင် ဖော မော ရှော မယ်

G
Glucose control
ဆီးချိူ သွေးချိူထိမ်းဖို့လည်း လိုသကိုးဗျ
အင်္ဂလိပ်လို ၅ နဲ့ ၁၂ ကြား ဗမာလိုဆို ၁၀၀ ကနေ ၂၀၀ ကြား ထိမ်းထား

H
Hypertension သွေးတိုးထိမ်းဖို့ကလည်းအထူးအရေးကြီးသဗျ ၁၃၀/၈၀ အောက်ရောက်အောင်ထိမ်း

Heart Failure Team Referral
လေ့လာတွေ့ရှိချက်တွေအရ အဲ့အဖွဲ့တွေကတစိုက်မတ်မတ်ဆက်ကြည့်သွားရင်သေတာပိုနည်းဆိုသကိုး

Copy from Professor Dr. Than Win
Photo courtesy of မအူပင်သတင်းပုံရိပ်

Address

12/50, Bo Ta Yar Road, Mankyitaw Qtr
Pyinmana
15012

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 12:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Theint Zar Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram