HTET MON Clinic

HTET MON Clinic Medical care

11/04/2024

🌼🌼🌼.

💦💦 ၁၃. ၄ . ၂၀၂၄ ( သကြ်န် အကြိုနေ့ )မှ

💦💦 ၁၆. ၄ .၂၀၂၄ ( သကြ်န် အတက် နေ့ )အထိ

ဆေးခန်း ပိတ် ပါသည် ။ 😄

🏥”ထက်မွန် “ဆေးခန်း (တောင်ညို)အားတောင်ညို မြို့ ဆယ်သိန်း ရပ်ကွက် (၃)လမ်း ထိပ်မြစိမ်းတောင် ဘုရားလမ်း ကျောင်း ပေါက်၀ သို့ ပ...
29/04/2022

🏥”ထက်မွန် “ဆေးခန်း (တောင်ညို)

အား

တောင်ညို မြို့ ဆယ်သိန်း ရပ်ကွက် (၃)လမ်း ထိပ်

မြစိမ်းတောင် ဘုရားလမ်း ကျောင်း ပေါက်၀ သို့

ပြောင်းရွေ့ ဖွင့် လှစ်ထားပါသည်။🗣🗣🗣

—————————
📌ဆေးခန်း ဖွင့်ချိန်

နေစဉ် ။။ နံနက် 🕖၇:၀၀ နာရီ မှ နေ့လည် 🕛၁၂:၀၀ ထိ

ညနေ 🕒၃:၀၀ နာရီ မှ ည 🕖၇:၀၀ ထိ

—————————

ထက်မွန်ဆေးခန်း 📞 ဖုန်း ၀၉၉၅၂၃၂၂၆၄၄

04/11/2021

သို့/
ဒေါက်တာအပ်ပုန်း
ညောင်ပင်သာရွာ

အကြောင်းအရာ။ ။ လူကြီးမင်း၏ လူနာအခြေအနေအား အကြောင်းကြားခြင်း။

အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ လွန်ခဲ့သောနှစ်ရက်က လူကြီးမင်းနှင့် ဆေးထိုးခဲ့သော ညောင်ပင်သာရွာမှ မောင်လူအေး အသက် ၄ နှစ်သည် ကျွန်ုပ်တို့၏ မကွေးတိုင်းဆေးရုံရှိ ကလေးကုသဆောင်သို့ ရောက်ရှိလာပြီးနောက် ယခုအခါ အဖျားကျ၍ နေကောင်းနေပြီဖြစ်သည်။ သို့သော် လူကြီးမင်းဆေးထိုးပေးခဲ့သော တင်ပါးတွင်မူ ပူးတွဲပါပုံအတိုင်း နီရဲယောင်ရမ်းပြီး ခဲနေပါသဖြင့် လမ်းမလျှောက်နိုင်ဖြစ်နေရရှာလေသည်။ ဆရာဝန်များ၏ စမ်းသပ်တွေ့ရှိချက်များအရ မောင်လူအေး၏ရောဂါမှာ သွေးလွန်တုပ်ကွေး အဆင့် ၁ ဖြစ်ကြောင်း, သွေးဥမွှားနည်းနေသည့် အခိုက်အတန့်တွင် အသားဆေးထိုးလိုက်၍ တင်ပါးအသားထဲ၌ သွေးယိုစိမ့်ခြင်းဖြစ်ကြောင်း ကြားသိရသည်။ သွေးလွန်တုပ်ကွေးရောဂါအနေအထားမှာ စိုးရိမ်ဖွယ်မရှိသော်လည်း လူကြီးမင်း၏ ဆေးထိုးကြမ်းချက်ကြောင့် ကလေးမှာ အိပ်ရာပေါ်က မထနိုင်ဖြစ်နေရသည်။ နောက်နောင် အပ်ပုန်းကုသရာတွင် ကလေးများအား ချမ်းသာပေးရန် အကျွန်ုပ်မှ သတိပေးအကြောင်းကြားလိုက်သည်။

ပုံ/
ကလေးဆောင်စောင့်နတ်မင်း
မကွေးတိုင်းဆေးရုံကြီး။
=======================
ကလေးနှင့်အသားဆေး

ကလေးတွေကို ဆေးပေးရာမှာ လိမ်းဆေး သောက်ဆေး ထိုးဆေး (အသားဆေး, အကြောဆေး) တွေပေးဖို့အတွက် ကလေးရဲ့ ဖြစ်တဲ့ရောဂါ, ရောဂါရဲ့ ပြင်းထန်မှု, အစာအိမ်နဲ့အူလမ်းကြောင်းက သောက်ဆေးကို လက်ခံစုပ်ယူနိုင်တဲ့ အခြေအနေ ရှိ/မရှိ ဒါတွေကို ထည့်သွင်းစဉ်းစားပြီးမှ ရွေးချယ်ရပါတယ်။

💉 အရင်ခေတ်ကလို ဖျားတာနဲ့ ဆေးသွားထိုးတတ်ကြတဲ့ခေတ် ကုန်ပါပြီ။ မလိုအပ်ဘဲ ဆေးမထိုးတော့ပါ။ တတ်နိုင်သမျှ သောက်ဆေးသာပေးတတ်ပါတယ်။

💉 ဘာကြောင့်လဲဆိုတော့ ထိုးဆေးရဲ့ ဆိုးကျိုးတွေက သောက်ဆေးထက် ပိုများလို့ပါ။ အထူးသဖြင့် ကလေးတွေမှာ ပိုလို့ဆိုးကျိုးဒဏ်ခံရပါတယ်။ မွေးတုန်းကအကောင်းကနေ တင်ပါးမှာ အသားဆေးထိုးခံရလို့ အာရုံကြောကို ထိမိပြီး ခြေတဖက် ထော့ကျိုးဖြစ်သွားတဲ့ ကလေးတွေ မနည်းမနောတွေ့နေရပါတယ်။

💉 အခုလို သွေးယိုလွယ် သွေးမတိတ်လွယ်တဲ့ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ ကလေးတွေ တင်ပါးကို ဆေးထိုးခံလိုက်ရရင်တော့ အသားထဲသွေးယိုရာကနေ အနာဖြစ်နိုင်သလို အသက်အန္တရာယ်ဖြစ်လောက်အောင်ထိလည်း သွေးယိုနိုင်ပါတယ်။

💉 ဘာကြောင့်လဲဆိုတော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေးမှာ ဖျားလို့ သုံးရက်မြောက်ကနေ ခြောက်ရက်အထိကာလအတွင်း ကလေးရဲ့သွေးထဲမှာ သွေးတိတ်ဖို့ ကူညီပေးတဲ့ သွေးဥမွှားလေးတွေရော သွေးခဲပစ္စည်းတွေပါ နည်းနေတတ်လို့ပါ။

💉 Hemophilia ခေါ်တဲ့ သွေးမတိတ်ရောဂါ ရှိတဲ့ကလေးတွေလည်း အလားတူဖြစ်နိုင်ပါတယ်။

💉 ဒါကြောင့် မိဘများ ကိုယ့်ကလေးကို မလိုအပ်ဘဲ ဆေးထိုးမခံကြပါနဲ့။ ကလေးနေမကောင်းပါက ယုံကြည်ရသော ဆရာဝန် ဆရာမသာ ပြသပါ။ တာဝန်ရှိသူများအနေနဲ့လည်း အပ်ပုန်းများ ရမ်းကုများအား အရေးယူနှိမ်နင်းနိုင်ပါစေ။

ကလေးတို့ ဆေးထိုးခံရခြင်း ဝေးကြပါစေ။

ဒေါက်တာသက်ထားရွှေစင်ဝင်း
ကလေးဆရာဝန်

🔴🔴  ဒီရက်ပိုင်း ဆေးခန်းမှာလည်း တုပ်ကွေးလူနာတွေ သိသိသာသာများလာပါတယ် ⚠️ အားရှိအောင်စားပါ⚠️ အရည်များများသောက်ပါ⚠️ အိပ်ရေးဝအ...
27/10/2021

🔴🔴 ဒီရက်ပိုင်း ဆေးခန်းမှာလည်း တုပ်ကွေးလူနာတွေ သိသိသာသာများလာပါတယ်
⚠️ အားရှိအောင်စားပါ
⚠️ အရည်များများသောက်ပါ
⚠️ အိပ်ရေးဝအောင်အိပ်ပါ

ကိုဗစ်ဖြစ်တိုင်း ဓါတ်ဆားရည် သောက်ဖို့မလိုပါဘူး ဘယ် အဖျားမဆို ခန္ဓာကိုယ်က ရေနဲ့ဆား ဓါတ်ဆုံးရှုံးနိုင်လို့ ရေနဲ့ ဆားဓါတ် ပ...
04/10/2021

ကိုဗစ်ဖြစ်တိုင်း ဓါတ်ဆားရည် သောက်ဖို့မလိုပါဘူး ဘယ် အဖျားမဆို ခန္ဓာကိုယ်က ရေနဲ့ဆား ဓါတ်ဆုံးရှုံးနိုင်လို့ ရေနဲ့ ဆားဓါတ် ပြန်ဖြည့်ဖို့လိုပါတယ် အူတွေကအကောင်းမို့ ဓါတ်ဆားရည်လို အချိုးကျကျ ဖျော်ဖို့မလိုပါဘူး အငံပါတဲ့အချိုရည် ပဲသေါက်သေါက် သံပုရာရည် လိုမျိုးကိုဆားခတ်သေါက်သေါက်ရပါတယ်
ဝမ်းပျက်ပြီဆိုရင်တော့ ရေဆားသကြားတွေကို အချိုးကျကျ ဖျော် ရပါတယ် ဒါမှရောင်ယမ်းနေတဲ့ အူတွေကစုပ်ယူ မှာပါ ဒါက ဓါတ်ဆားရည်ရဲ့အခြေခံသဘောတရားပါ
ဓါတ်ဆားထုပ်တွေ ဈေးကြီးနေရင် ဝယ်မရရင်စိတ်မပူပါနဲ့ အေါက်မှာဖေါ်ပြထားတာက WHO က ဖေါ်ပြထားတဲ့ အိမ်လုပ်ဓါတ်ဆားရည် ဖျော်နည်းပါ အရမ်းအသုံးဝင်ပါတယ်

BPI ဓာတ်ဆားထုတ်တွေလည်း အကုန် out of stock ဖြစ်ကုန်ပါပြီ

Google မှာ ရှာဖတ်ကြည့်တော့ WHO Homemade ORS လေး လုပ်ဖြစ်တာ ပြန်မျှဝေချင်ပါတယ်။

လိုအပ်တာကတော့ -

1.Boiled Water (ရေကျက်အေး) 1 Liter
2. Salt (ဆား) Half teaspoons
3. Sugar (သကြား) 6 teaspoons

ရေနွေး 200 ml (ဖန်ခွက်တစ်ခွက်)လောက်ထဲကို ဆားနဲ့ သကြား ထည့်ပြီး အကုန်ပျော်သွားအောင်မွှေပါ။

ရေသန့်ဘူး 1လီတာ ပြည့်အောင် ရော၍ လိုအပ်သလို သောက်သုံးနိုင်ပါသည်။

သတိ။ ။ သကြား နဲ့ ဆားကို ပိုထည့်ခြင်း ၊ လျော့ထည့်ခြင်း မပြုလုပ်ကြပါရန်။ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။

Stay fit and keep hydrated !
crd:::

⚠️လတ်တလော လူနာတွေ အမေးများတဲ့ 1️⃣ ကျွန်တော်/မ ကိုဗစ် ဖြစ်တာ ပျောက်ပြီလား❓2️⃣ Antibodies ဘယ် အချိန် စစ်ရမလဲ❓3️⃣ ဖျားပီးရင...
17/09/2021

⚠️လတ်တလော လူနာတွေ အမေးများတဲ့

1️⃣ ကျွန်တော်/မ ကိုဗစ် ဖြစ်တာ ပျောက်ပြီလား❓
2️⃣ Antibodies ဘယ် အချိန် စစ်ရမလဲ❓
3️⃣ ဖျားပီးရင်ရော ကာကွယ်ဆေး ထိုးလို့ ရလား❓
စတဲ့ မေးခွန်းတွေအတွက်

🗣Antibodies စစ်တယ် ဆိုတာ ကိုယ်ခန္ဓာထဲ က နေ 🦠ရောဂါ ပိုးကို ခုခံ တိုက်ထုတ် နိုင်တဲ့ အား ရှိ မရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်

1️⃣ကိုဗစ်ဖြစ်တာပျောက်ပြိီလား⁉️
COVID antibodies teskit နဲ့ စစ်ဆေးကြည့်ပြီး မိမိကိုယ်က ကိုဗစ်ပိုး ပျောက် မပျောက် /ခုခံအား(antibodies) ထွက် မထွက် တခါတည်း သိနိုင်ပါတယ်

2️⃣Antibodies ဘယ်ချိန်စစ်သင့်လဲ ⁉️
ကိုဗစ်လက္ခဏာတွေဖြစ်တဲ့ ဖျားနာ ကိုက်ခဲ အနံ့ပျောက်ခြင်း စတာတွေခံစားရပြီး ၃ပတ်ခန့်ကြာလျှင် စစ်ဆေးသိရှိနိုင်ပါပြိီ

3️⃣ဖျားပြီးကာကွယ်ဆေးထိုးလို့ရလား⁉️
ပုံမှန်အားဖြင့် ဖျားပြီး ၃ပတ်ကျော်ရင်ကာကွယ်ဆေး စတင်ထိုးနိုင်ပြီဖြစ်ပေမယ့် Antibodies ထွက်မထွက် စစ်ဆေးပြီးမှ ထိုးတာက ပိုမိုသေချာစိတ်ချရပါတယ်

✅ COVID antibodiesထွက်မထွက် စနစ်တကျ နည်းလမ်းမှန်မှန် စစ်ကြည့်ချင်တယ်ဆိုရင် 🏥 ထက်မွန်ဆေးခန်း(တောင်ညို /ပျဉ်းမနား) မှာ စစ်ဆေးပေးနေပါပြီ ❗️

ကိုဗစ်အလွန် အိပ်မပျော်ခြင်းပြဿနာ
15/09/2021

ကိုဗစ်အလွန် အိပ်မပျော်ခြင်းပြဿနာ

15/09/2021

ခုအဖြစ်များနေတဲ့ ကလေးဝမ်းရောဂါအကြောင်း

Address

Pyinmana

Telephone

+959952322644

Website

Alerts

Be the first to know and let us send you an email when HTET MON Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to HTET MON Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram