BO BO Transportation Group

BO BO Transportation Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BO BO Transportation Group, Pyinmana.

မြန်မာပြည်တွင်းခရီးသွားပို့စ်တွေ၊ရှုခင်းရှုကွက်အလှအပတွေ၊ဒေသန္တရဗဟုသုတတွေ၊ဘာသာစကား၊ယဥ်ကျေးမှုအနုပညာဟာသပို့စ်တွေ၊သီချင်းတွေနဲ့ဖန်တီးထားတဲ့movieတွေစတဲ့ ကဏ္ဍမျိုးစုံ မြင်ရမည့် Page ပါ

အားပေးကြည့်ရှုပေးတဲ့ Follower တိုင်းကို
ကျေးဇူးတင်ရှိပါသည်

08/01/2026

hello kalaw


BO BO Transportation Group Bobo Zaw

07/01/2026
06/01/2026

12Wheels ခေါက်တို သံချောင်းသယ်ပို့
17tonအထိ သယ်ပို့လို့ ရပါတယ်

Bobo Zaw BO BO Transportation Group စံပယ္ ခ်ိဳ

06/01/2026

Battery 1စုံ ကို 3စီး
ကားလိုရင် ပြောပါ အရွယ်အစား
မျိုးစုံ ရှိပါတယ်
Bobo Zaw BO BO Transportation Group စံပယ္ ခ်ိဳ

တိုက်ဆိုင်လာခဲ့ရင်တော့ နူးညံ့တဲ့ နှလုံးသားရှိသူမို့ကူညီဖို့ အသင့်ပါလူတွေမှရွေးကယ်တာမဟုတ်ပါဖူး သက်ရှိတိုင်းကို​ပါအိမ်သာကျ...
05/01/2026

တိုက်ဆိုင်လာခဲ့ရင်တော့ နူးညံ့တဲ့ နှလုံးသားရှိသူမို့
ကူညီဖို့ အသင့်ပါ
လူတွေမှရွေးကယ်တာမဟုတ်ပါဖူး သက်ရှိတိုင်းကို​ပါ
အိမ်သာကျင်းသစ်ထဲကျနေတဲ့ နွားတကောင်ကို အခက်အခဲကြားက ကယ်ခဲ့ဖူးတယ်🥰

ဖခင်ဖြစ်သူ သတိလစ်သွားချိန်မှာ အရေးပေါ်ဖုန်းနံပါတ် မှားနှိပ်မိခဲ့တဲ့ ကလေးမလေး

အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်လေးရဲ့ တုန်ရင်နေတဲ့ လက်ချောင်းလေးတွေဟာ သူမရဲ့ဖခင် လဲကျသွားချိန်မှာ နံပါတ်တစ်ခုကို မှားယွင်းနှိပ်မိခဲ့ပါတယ်။ ၉၁၁ ကို ခေါ်မယ့်အစား ဆိုင်ကယ်သမားတစ်ယောက်ဆီကို ဖုန်းရောက်သွားခဲ့ရာကနေ ဖြစ်ပျက်ခဲ့တဲ့အရာကတော့ တစ်မြို့လုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။
လီလီ မာတီနက်ဇ် (Lily Martinez) အတွက် စနေနေ့မနက်ခင်းဟာ ပြီးပြည့်စုံနေခဲ့ပါတယ်။ ၆ နှစ်အရွယ် ကလေးမလေးအတွက် ပြီးပြည့်စုံတယ်ဆိုတာ ကာတွန်းကားကြည့်ရတာ၊ ချောကလက်နို့ သောက်ရတာနဲ့ သူမရဲ့ ဖေဖေက အသံဆန်းတွေလုပ်ပြီး စနောက်တာမျိုးပါ။ ဖခင်ဖြစ်သူ ဒန်နီယယ် (Daniel) ဟာ သူမဘေးမှာ ထိုင်ပြီး ပခုံးလေးကို ဖက်ထားပေးပါတယ်။

“ဖေဖေ... ဟိုအသံဆန်းလေး ပြန်လုပ်ပြပါဦး။"

လီလီက တဟားဟား ရယ်နေပါတယ်။ ဒန်နီယယ်က ပြန်ဖြေဖို့ ပါးစပ်ဟလိုက်ပေမဲ့ စကားလုံးတွေ ထွက်မလာတော့ဘဲ သူ့ရဲ့ မျက်နှာအမူအရာဟာ ရုတ်တရက် ပြောင်းလဲသွားပြီး ဝေခွဲမရဖြစ်သွားပါတယ်။ သူ့လက်က ရင်ဘတ်ဆီ ရောက်သွားတယ်။
"ဖေဖေ..."
ဒန်နီယယ် မတ်တပ်ရပ်ဖို့ ကြိုးစားပေမဲ့ ခြေထောက်တွေက မခိုင်တော့ပါဘူး။ သူဟာ ရှေ့ကို ယိုင်သွားပြီး စားပွဲခုံကို လှမ်းကိုင်လိုက်ပါတယ်။
“ဖေဖေ ဘာဖြစ်တာလဲဟင်”
“သမီး... ဖေဖေ လိုအပ်တာက..."
ဒန်နီယယ်ရဲ့ စကားတွေ ပြတ်တောက်သွားပြီး ဧည့်ခန်းကြမ်းပြင်ပေါ်ကို ဝုန်းခနဲ မှောက်လျက်သား လဲကျသွားပါတော့တယ်။ သူ့ခန္ဓာကိုယ်ကြီး ငြိမ်သက်သွားတယ်။
၃ စက္ကန့်လောက် လီလီ ကြောင်ကြည့်နေမိတယ်။ သူမ မြင်နေရတာကို သူမ ဦးနှောက်က လက်မခံနိုင်သေးပါဘူး။
"ဖေဖေ..."
သူမ အသံလေးက သေးသေးလေးနဲ့ ကြောက်လန့်နေပါတယ်။ ဆိုဖာပေါ်က ဆင်းပြီး ဘေးမှာ သွားထိုင်လိုက်
တယ်။
“ဖေဖေ... ထပါဦး။"
ဘာမှ အကြောင်းမပြန်ပါဘူး။ မျက်လုံးတွေ မှိတ်နေပြီး လှုပ်ရှားမှု မရှိတော့ဘူး။ လီလီ သူ့ပခုံးကို အတင်းလှုပ်နှိုးပါတယ်။ ဘာမှမထူးခြားဘူး။ သူမပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာပြီး "အကူအညီ တောင်းရမယ်" ဆိုတာကို တွေးမိသွားတယ်။

ဒါက လူကြီးတွေ အမြဲပြောလေ့ရှိတဲ့ စကားပါ။ လီလီ မီးဖိုချောင်က ဖုန်းအားသွင်းထားတဲ့ဆီကို ပြေးသွားတယ်။ သူမ လက်တွေ တုန်နေပါတယ်။ ၉၁၁ ဆိုတဲ့ နံပါတ်ကို ကျောင်းမှာ သင်ထားလို့ သိပေမဲ့ သူမ လက်တွေက အရမ်းတုန်နေပြီး မျက်ရည်တွေကြောင့်လည်း အမြင်တွေ ဝေဝါးနေပါတယ်။ သူမ ထင်တဲ့ နံပါတ်ကို နှိပ်ပြီး အစိမ်းရောင်ခလုတ်ကို နှိပ်လိုက်တယ်။
ဖုန်းတစ်ချက်၊ နှစ်ချက် မြည်သွားတယ်။
"အေး... ဘာလဲ"
ကြမ်းတမ်းတဲ့ အသံကြီးက ပြန်ထူးပါတယ်။ အမျိုးသားအသံ၊ စိတ်မရှည်တဲ့ပုံစံ။ အရေးပေါ် အော်ပရေတာ အသံနဲ့ လုံးဝမတူပါဘူး။
"က... ကူညီကြပါ"
လီလီ ရှိုက်ကြီးတငင် ငိုရင်း ပြောလိုက်ပါတယ်။ "ကျေးဇူးပြုပြီး ကူညီပါဦး။ ဖေဖေ နိုးမလာတော့ဘူး။ သူလဲကျသွားလို့... နိုးမလာတော့ဘူး။"
ခဏလောက် တိတ်ဆိတ်သွားတယ်။ အသံပြန်ထွက်လာတဲ့အခါမှာတော့ လုံးဝပြောင်းလဲသွားပါပြီ။ အရေးတကြီးနဲ့ အာရုံစိုက်နေတဲ့ အသံမျိုးပါ။
“ဟေး... သမီးလေး။ စိတ်အေးအေးထားနော်။ ဟုတ်ပြီလား။"
"သမီးနာမည် ဘယ်သူလဲ”

“လီလီ... လီလီ မာတီနက်ဇ်ပါ။ သမီး ၆ နှစ်ရှိပြီ။"

"ကောင်းပြီ လီလီ။ ငါ့နာမည်က မားကပ်စ် (Marcus) တဲ့။ ငါ သမီးကို ကူညီမယ်။ ဘာဖြစ်သွားလဲ ပြောပြပါဦး။"
“သမီးတို့ တီဗွီကြည့်နေတုန်း ဖေဖေက မျက်နှာကြီး ထူးထူးဆန်းဆန်း ဖြစ်သွားပြီး လဲကျသွားတာ။ အခု နိုးမလာတော့ဘူး။"
"သူ အသက်ရှူသေးလား။ရင်ဘတ် လှုပ်တာ မြင်ရ
လား”
လီလီ သူမဖခင်ရဲ့ ငြိမ်သက်နေတဲ့ ပုံစံကို ကြည့်လိုက်ပေမဲ့ မပြောတတ်ပါဘူး။
"သမီး မသိဘူး။"
"ရတယ် သမီးလေး။ သမီး တော်ပါတယ်။ အခု သမီး
တို့ အိမ်လိပ်စာ သိချင်တယ်။ ဘယ်မှာ နေလဲ”
လီလီ့ခေါင်းထဲ ဘာမှမရှိတော့ဘူး။
“သ... သမီး မမှတ်မိတော့ဘူး။"
“အားမနာနဲ့လေ။ အိမ်မှာ စာအိတ်တွေ ဘာတွေ ရှိလား။လိပ်စာပါတဲ့ စာအိတ်မျိုး။လီလီ မီးဖိုချောင်ထဲကို ပျာပျာသလဲ ရှာလိုက်တယ်။ စာအိတ်တွေ ရှိနေတယ်။ "အမ်... ဒီမှာ ရေးထားတာက ၂၈၄၇ အုတ်ဝုဒ် ဒရိုက် (Oakwood Drive) တဲ့။"

"လိမ္မာတယ် သမီးလေး။ ဘယ်မြို့လဲ။”

"စပရင်းဖီးလ် (Springfield) ပါ။"

“ကဲ... လီလီ သေချာနားထောင်နော်။ အကူအညီတွေ လာနေပြီ။ ငါ အခုပဲ လူလွှတ်လိုက်မယ်။ ဒါပေမဲ့ သမီး ဖုန်းမချလိုက်နဲ့ဦးနော်။"

"ဟုတ်ကဲ့။"

လီလီ ဖုန်းကို နားမှာကပ်ပြီး မီးဖိုချောင် ကြမ်းပြင်ပေါ်မှာ ထိုင်နေမိတယ်။ အဲဒီအချိန်မှာ မိုင် ၁၅ မိုင်လောက်ဝေးတဲ့ 'Hell's Angels' ဆိုင်ကယ်အသင်းရဲ့ ဂေဟာမှာတော့...
မားကပ်စ် (ခေါ်) Bulldog Stone ဟာ ထိုင်နေရာကနေ အမြန်ထရပ်လိုက်တာကြောင့် ထိုင်ခုံတောင် လန်ကျသွားပါတယ်။ စနေနေ့ အပတ်စဉ် အစည်းအဝေးကြီးတစ်ခုလုံး တိတ်ဆိတ်သွားတယ်။
“အားလုံး ပါးစပ်
ပိတ်ထားစမ်း”မားကပ်စ်က ဟောက်လိုက်ပါတယ်။

“ဒီနံပါတ်ရဲ့ တည်နေရာကို အခုချက်ချင်း ရှာပေးစမ်း”

"ပြီးတော့ တစ်ယောက်ယောက်က စပရင်းဖီးလ်က ၂၈၄၇ အုတ်ဝုဒ် ဒရိုက်အတွက် ၉၁၁ ကို ဖုန်းဆက်လိုက်။ လူကြီးတစ်ယောက် သတိလစ်နေတယ်၊ ၆ နှစ်အရွယ် ကလေးတစ်ယောက်တည်း ရှိနေတယ်လို့ ပြော။"
အဖွဲ့ရဲ့ နည်းပညာသမား ရေဇာ (Razer) ကတော့ လက်ပ်တော့ပ်ပေါ်မှာ လက်ချောင်းတွေ ပြေးနေပါပြီ။ “ရပြီ”ရေဇာက အော်လိုက်တယ်။
“လိပ်စာက အတည်ပြုပြီးပြီ။ မြို့ပြင်က ရပ်ကွက်ထဲမှာ၊ ဟိုက်ဝေးလမ်းဟောင်း ထွက်ပေါက်ကနေ ၅ မိနစ်ပဲ ဝေးတယ်။"
မားကပ်စ် မဆိုင်းမတွပါဘူး။ သူက ထိုင်ခုံကို ကန်ထုတ်လိုက်ပြီး အခန်းထဲက သားရေဂျာကင်တွေနဲ့ ကြမ်းတမ်းတဲ့ မျက်နှာပိုင်ရှင်တွေကို ကြည့်လိုက်တယ်။

"အသက်လုနေတဲ့ အဖေတစ်ယောက်နဲ့ ကလေးမလေးတစ်ယောက်တည်း ရှိနေတယ်။ ဘယ်သူမှ လူနာတင်ကားအလာကို စောင့်မနေနဲ့။ ဆိုင်ကယ်တွေပေါ် တက်ကြ”

စနေနေ့ မနက်ခင်းရဲ့ တိတ်ဆိတ်မှုဟာ ဆိုင်ကယ်အင်ဂျင် ၁၀၀ ရဲ့ ဟိန်းဟောက်သံကြောင့် ပေါက်ကွဲထွက်သွားပါတယ်။ ဆိုင်ကယ်အနည်းငယ် မဟုတ်ပါဘူး၊ တစ်သင်းလုံးနဲ့ သူတို့ရဲ့ မိတ်ဖက်အဖွဲ့တွေပါ ပါဝင်လာတာပါ။ စပရင်းဖီးလ်ရဲ့ လမ်းမတွေကို တုန်ခါသွားစေတဲ့ ခရိုမီယမ်သံမဏိ နံရံကြီးတစ်ခုလို သူတို့တွေ မောင်းနှင်လာကြပါတယ်။ အရှေ့ဆုံးမှာတော့ မားကပ်စ်ပါ။ သူ့ဖုန်းကို ဆိုင်ကယ်ဦးထုပ်ထဲ ထိုးထည့်ထားပြီး လီလီ့ကိုတော့ နူးညံ့တဲ့အသံနဲ့ ဖျောင်းဖျနေဆဲပါ။
"ငါ လာနေပြီနော် လီလီ။ အသံတွေ ကြားရလား”
အဲဒါ ငါနဲ့ ငါ့သူငယ်ချင်းတွေ လာနေတဲ့ အသံ။ အသံကျယ်လို့ မကြောက်နဲ့နော်။ တို့တွေက လူကောင်းတွေပါ။"

အိမ်မှာတော့ လီလီဟာ သူမအဖေဘေးမှာ ကပ်ထိုင်နေပါတယ်။ အိမ်ကြီးက စတင်တုန်ခါလာတယ်။ နံရံက ဓာတ်ပုံတွေ တလှုပ်လှုပ်ဖြစ်လာပြီး ပြတင်းပေါက်တွေကလည်း မြည်လာတယ်။ သူမ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အခါ အိမ်နီးနားချင်းတွေ ဘယ်တော့မှ မမေ့နိုင်မယ့် မြင်ကွင်းကို မြင်လိုက်ရပါတယ်။
ဆိုင်ကယ်တန်းကြီးဟာ အုတ်ဝုဒ် ဒရိုက် လမ်းထဲကို ချိုးကွေ့ဝင်လာပြီး လမ်းတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်ပါတယ်။ နေရောင်အောက်မှာ ဆိုင်ကယ်လက်ကိုင်တွေက ပြောင်လက်နေတယ်။ အိမ်နီးနားချင်းတွေဟာ ကြောက်လန့်တကြားနဲ့ ရဲကိုဖုန်းဆက်ဖို့ ကြိုးစားကြတယ်။ သူတို့မြင်တာကတော့ လူဆိုးပုံစံ ဆိုင်ကယ်သမား ၁၀၀ က အေးချမ်းတဲ့ မာတီနက်ဇ်အိမ်လေးကို ဝိုင်းလိုက်တဲ့ ပုံစံမျိုးပါ။
မားကပ်စ်ဟာ ဆိုင်ကယ်မရပ်ခင်ကတည်းက ခုန်ဆင်းလာသူပါ။ သူက တံခါးကို ရိုက်ချိုးမပစ်ပါဘူး။ ပြတင်းပေါက်မှာ ဒူးထောက်လိုက်ပြီး လီလီ့ကို ကြည့်
လိုက်တယ်။
“တံခါးဖွင့်ပေးပါဦး သမီးလေး။ ဒါ မားကပ်စ်လေ။"

တုန်ရင်နေတဲ့ လက်တွေနဲ့ လီလီ တံခါးဖွင့်ပေးလိုက်တယ်။ မားကပ်စ် ဝင်လာပြီး သူ့နောက်မှာ ဂျက်စ် (Jax) နဲ့ ပရိချာ (Preacher) ဆိုတဲ့ လူကောင်ကြီးကြီး နှစ်ယောက် ပါလာတယ်။ ဂျက်စ်ဟာ စစ်မြေပြင် ဆေးတပ်သားဟောင်းတစ်ဦး ဖြစ်တာကြောင့် ဒန်နီယယ်ဘေးမှာ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။

"သွေးခုန်နှုန်း ရှိသေးတယ်၊ ဒါပေမဲ့ အားနည်းနေပြီ"
ဂျက်စ်က ပြောရင်း ရင်ဘတ်ဖိပြီး အသက်ကယ်တဲ့ CPR ကို ကျွမ်းကျင်စွာ စလုပ်ပါတယ်။
“လီလီလေး... ဒီကိုလာပါဦး"
မားကပ်စ်က ကလေးမလေးကို သူ့ရဲ့ သန်မာတဲ့ လက်မောင်းကြီးတွေနဲ့ ပွေ့ချီလိုက်တယ်။ သူ့ဆီက သားရေနံ့နဲ့ ဓာတ်ဆီနံ့တွေ ရနေပေမဲ့ သူ့ရဲ့ ရင်ခွင်ကတော့ ခံတပ်ကြီးတစ်ခုလို လုံခြုံနေပါတယ်။ သူမရဲ့ ဖခင် ဖြူလျော်နေတဲ့ မျက်နှာကို မမြင်ရအောင် ခေါင်းလေးကို လွှဲပေးထားပါတယ်။
အပြင်မှာတော့ မြင်ကွင်းက မယုံနိုင်စရာပါ။ ဆိုင်ကယ်သမား ၁၀၀ က အိမ်ကို ဝိုင်းပြီး လုံခြုံရေးယူပေးထားကြတယ်။ လူနာတင်ကား ရောက်လာတဲ့အခါမှာတော့ သူတို့က ရုန်းရင်းဆန်ခတ် ဖြစ်မနေဘဲ လူတန်းကြီးလုပ်ပြီး လမ်းဖွင့်ပေးထားကြပါတယ်။ ဆိုင်ကယ်သမားတွေဟာ စနစ်တကျနဲ့ လမ်းကို ရှင်းပေးထားပြီး လူစုလူဝေးကိုလည်း ဟန့်တားပေးထားပါတယ်။
ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ဝင်လာတဲ့အခါ ဂျက်စ်က ဒန်နီယယ်ကို အရေးပေါ်ပြုစုနေတာကို တွေ့ပြီး အံ့သြသွားကြပါတယ်။ "သူ့နှလုံးက ပုံမှန်မဟုတ်တော့ဘူး (V-fib)။ ကျွန်တော် နှလုံးနှိုးတာ ၃ မိနစ်ရှိပြီ" လို့ ဂျက်စ်က အော်ပြောပါတယ်။
လူနာတင်စင်ပေါ် ဒန်နီယယ်ကို တင်လိုက်ချိန်မှာ တစ်မြို့လုံးက ငြိမ်သက်စွာ ကြည့်နေကြပါတယ်။ သူတို့ အမြဲတမ်း "လူဆိုး" လို့ ထင်ထားတဲ့ ဆိုင်ကယ်သမားတွေကို အခုတော့ ဒုက္ခပေးမယ့်သူတွေ မဟုတ်ဘဲ အကာအကွယ်ပေးသူတွေအဖြစ် မြင်သွားကြပါပြီ။

"ဖေဖေ နေကောင်းသွားမှာလားဟင်”

လီလီက မားကပ်စ်ရဲ့ ဂျာကင်ကို ဖက်ရင်း တိုးတိုးလေး မေးပါတယ်။ မားကပ်စ်က ဆေးဝန်ထမ်းကို ကြည့်လိုက်တဲ့အခါ သူက အားတက်စရာ ခေါင်းညိတ်ပြပါတယ်။
“သမီးဖေဖေက လူသန်ကြီးပါ လီလီ။ သူပြန်မလာခင်အထိ သမီးမှာ စောင့်ရှောက်ပေးမယ့် အစ်ကိုကြီး ၁၀၀ ရှိတယ်နော်။"

နောက်အပတ်တွေမှာတော့
“မှားယွင်းတဲ့ ဖုန်းနံပါတ်" ဇာတ်လမ်းဟာ မြို့ရဲ့ ဒဏ္ဍာရီ ဖြစ်သွားပါတော့တယ်။ ဒန်နီယယ်ဟာ ပြင်းထန်တဲ့ နှလုံးရောဂါ ခံစားခဲ့ရတာဖြစ်ပြီး ဂျက်စ်သာ ချက်ချင်း မကူညီခဲ့ရင် လူနာတင်ကား အလာကို မမီနိုင်ဘူးလို့ ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။
ဒန်နီယယ် ဆေးရုံက ဆင်းလာတဲ့အခါ သူ့အိမ်ဟာ အရင်လို တိတ်ဆိတ်မနေတော့ပါဘူး။ ခြံထဲက မြက်တွေ ရိတ်ပေးထားပြီးသား၊ ခြံစည်းရိုးတွေ ပြင်ပြီးသားနဲ့ လီလီ့အတွက်လည်း ဒန်းအသစ်စက်စက်ကြီး တစ်ခု ရှိနေတာကို တွေ့ရပါတယ်။
အိမ်ရှေ့ဝရန်တာမှာတော့ လီလီ့ဆိုဒ် သားရေဂျာကင်လေး တစ်ထည်ရှိနေပြီး အနောက်မှာ
“အဖွဲ့ဝင် ညီမငယ်လေး" လို့ ရေးထားတဲ့ တံဆိပ်လေး ပါပါတယ်။
စပရင်းဖီးလ် မြို့သားတွေဟာ မြို့စွန်က ဆိုင်ကယ်အသင်းသားတွေကို အရင်လို အကြည့်မျိုးနဲ့ မကြည့်တော့ပါဘူး။ တစ်ခါတလေမှာ ကိုယ်လိုအပ်တဲ့ ကယ်တင်ရှင်တွေဟာ ဝတ်စုံအပြည့်နဲ့ ရောက်လာတာ မဟုတ်ဘဲ... သားရေဂျာကင်တွေဝတ်၊ ဆိုင်ကယ်အင်ဂျင်သံတွေနဲ့ ရောက်လာပြီး ကလေးမလေးတစ်ယောက်ရဲ့ မှားယွင်းတဲ့ ဖုန်းခေါ်ဆိုမှုကို ပြန်ထူးတတ်တဲ့သူတွေလည်း ဖြစ်နိုင်ကြောင်း သူတို့ နားလည်သွားကြပါပြီ။

#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်

05/01/2026

Raining

@အမာခံပရိသတ်များ Bobo Zaw BO BO Transportation Group စံပယ္ ခ်ိဳ

04/01/2026

အလယ်ရိုးမပေါ်ကလမ်း
သွားဖူးကြလား


BO BO Transportation Group Bo Bo Zaw

04/01/2026

ကိုးကွေ့
အစအဆုံး ရိုက်ပြပေးထားပါတယ်
#ကိုးကွေ့
Bobo Zaw BO BO Transportation Group

04/01/2026

River view ဘယ်နေရာလဲ သိကြလား

Bobo Zaw BO BO Transportation Group

04/01/2026

ဘွက်ကြီးတံတား ရဲ့ အလှ

. Bobo Zaw BO BO Transportation Group

04/01/2026

brake ပြုပြင်ခြင်း
မနက်3:00ထိုးမှ ပီးပါတယ်
အိပ်ရေးပျက်


Bobo Zaw BO BO Transportation Group @

03/01/2026

ဘယ်လမ်းလဲ ပြောပြ
နေပြည်တော် အနောက်ဖက်က လမ်းပါ

@အမာခံပရိသတ်များ Bobo Zaw BO BO Transportation Group

Address

Pyinmana

Alerts

Be the first to know and let us send you an email when BO BO Transportation Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to BO BO Transportation Group:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram