Myo Thet

Myo Thet Sharing knowledge base on experience

အလုပ်တာဝန်သတ်မှတ်ချက်များ - (အပိုင်း -၁)Job descriptionအလုပ်တာဝန်သတ်မှတ်ချက် (Job description; JD) ..ဆိုတာ ..အဓိကအားဖြင့...
02/03/2025

အလုပ်တာဝန်သတ်မှတ်ချက်များ - (အပိုင်း -၁)
Job description

အလုပ်တာဝန်သတ်မှတ်ချက် (Job description; JD) ..ဆိုတာ ..အဓိကအားဖြင့် .. …သတ်မှတ်ထားတဲ့ … တာဝန် နဲ့ ဝတ္တရား (duty & responsibility) တွေ,,,,ဖေါ်ပြထားတဲ့ . .. စာရွက်စာတမ်းဖြစ်ပါတယ် …
တနည်းအားဖြင့် … ကုမ္ပဏီက … ဝန်ထမ်းဆီက … ဘယ်လိုဆောင်ရွက်ချက်တွေ , အရည်အချင်းတွေ, ကျွမ်းကျင်မှုတွေ .. ကို လိုချင်တယ်ဆိုတာ … … အဖွဲ့အစည်းနဲ့ ဝန်ထမ်းကြား … အသိပေး (communicate)တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ …

JD ရဲ့ .. ရည်ရွယ်ချက်က …
ဝန်ထမ်းအနေနဲ့ ဘာလုပ်ရမယ်ဆိုတာသိရန် ..
ပါဝင်ဆောင်ရွက်ရမယ့် ..အခန်းဏ္ဍရောထွေးမှု (Role conflict) မဖြစ်ရန် ..
ဝန်ထမ်းရွေးချယ် … ခန့်ထားမှု လုပ်ငန်းစဥ် ထိရောက်ရန် ..
အလုပ်စွမ်းဆောင်ရည် အကဲဖြတ်မှုအတွက် . .. စံညွှန်းတစ်ခု အနေနဲ့ဖြစ်ပြီး … ရှင်းလင်းတဲ့ ပန်းတိုင်, တိုးတက်မှုအတွက် လိုအပ်သော အချက်များပေးနိုင်ကာ အလုပ်စွမ်းဆောင်ရည်နဲ့ ကုန်ထုတ်စွမ်းအား (productivity)တိုးတက်ရန် ..
ကုမ္ပဏီဖွဲ့စည်းပုံနှင့် စီမံချက်များ (လုပ်သားအင်အားစီမံခြင်း - workforce planning ….) လွယ်ကူချောမွေ့စေရန် .. … စတဲ့အချက်တွေဖြစ်ပါတယ် ,,

သင့်..လက်ရှိအလုပ်မှာ… ဝန်ထမ်းတစ်ဦးချင်းရဲ့ JD ကိုတော့ သိပြီးသားဖြစ်မှာပါ …
ယေဘုယအားဖြင့်း …,,JD မှာ … ဘာတွေပါသလဲ? ဆိုရင် .,,,

ဥပမာ။ ။ အရောင်းကြီးကြပ်ရေးမှုး (Sales supervisor).. ရာထူးအတွက် JD ကိုအောက်ပါအတိုင်းသတ်မှတ်နိုင်ပါတယ် .

1. ရာထူး (Job title): … (အရောင်းကြီးကြပ်ရေးမှုး - Sales supervisor)
2. ဌာန (Department or Unit) . : … (အရောင်းဌာန -Sales department)
3. တည်နေရာ (Location) … : … (ရန်ကုန် ရုံးချုပ် - Head office, Yangon)
4. အလုပ်၏ရည်ရွယ်ချက် (Job purpose): .. (အရောင်းမန်နေဂျာကို ပံ့ပိုးကူညီရန်၊ အရောင်းနှင့်ဆိုင်တဲ့ ဆောင်ရွက်မှုများကို စောင့်ကြည့်ပြီး သေချာမှုရှိစေရန်၊ ကုမ္ပဏီမှသတ်မှတ်ထားသော မူဝါဒများနှင့် စနစ်အားလုံးနှင့်အညီဆောင်ရွက်ရန် .. To support sales manager, monitoring & ensuring all activities related to sales & aligned with all policies and system set by company)
5. အစီရင်ခံမှု (Report to) … (အရောင်းမန်နေဂျာ Sales manager ထံအစီရင်ခံရမယ်)
6. တာဝန်နှင့်ဝတ္တရားများ (Duties & responsibilities) . ….(အရောင်းစီမံချက်ရေးဆွဲခြင်း ;Sales planning, အရောင်းသတ်မှတ်ချက်ပြည့်မှီအောင်; To achieve the sales target,မိမိဖေါက်သည်/ဝယ်ယူသူကိုဝန်ဆောင်မှုပေးတာ; customer service, မိမိအရောင်းအဖွဲ့ရဲ့ ..နေ့စဥ် တာဝန်များကို .. ကြီးကြပ်ခြင်း; Supervise and manage the daily activities of the sales team , ဈေးကွက်လားရာ နဲ့ ယှဥ်ပြိုင်ဘက်များရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို စိစစ်သုံးသပ်ခြင်းနဲ့ ရလာနိုင်တဲ့ အခွင့်အလမ်းများကို .. ဖေါ်ထုတ်ခြင်း; analyze market trends and competitor activities to identify opportunities … etc) +++

7. အလုပ်အတွက်လိုအပ်မယ့် အရည်အချင်းများ (Job qualifications/specifications)
(ဘွဲ့ရ;Bachelor Degree, သက်ဆိုင်ရာလုပ်ငန်းခွင်လုပ်သက် -၂-နှစ် ရှိရမည်; two years experience in related field, သက်ဆိုင်ရာအလုပ်နဲ့ဆက်နွယ်တဲ့ … ဒီပလိုမာ (သို့) အသိအမှတ်ပြုလက်မှတ် ရှိရမည်; have any related diploma or certificate, အသင်းအဖွဲ့နှင့် လုပ်နိုင်စွမ်းရှိရမည်; have strong team work, ပြဿနာများဖြေရှင်းနိုင်စွမ်းရှိရမည်; problem solving, ထိရောက်သော ပြောဆိုဆက်ဆံမှုရှိရမည် : effective communication …. Etc)
8. အတည်ပြုသူရဲ့ လက်မှတ် (Approver’s Signature)
9. ရက်စွဲ (Date)

ဒါက .. အရောင်းကြီးကြပ်ရေးမှုး (sales supervisor) ဝန်ထမ်းရဲ့ JD….နမူနာဖြစ်ပါတယ်

JD ကို … ရည်ရွယ်ချက် (၂) မျိုးနဲ့ ရေးလို့ရပါတယ် …
၁။ General JD
၂။ Specific JD …. ပဲဖြစ်ပါတယ် …

General JD: မှာ … ဝန်ထမ်းရဲ့တာဝန်များပါသော်လည်း … အလုပ်ရဲ့ စွမ်းဆောင်ရည် စံနှုံး (performance standard), အခြေခံ အကဲဖြတ်မှုတွေ မပါပါဘူး ..

ဒီ JD ပုံစံ နှစ်ခုလုံးမှာ .. အားသာ / အားနဲ ချက်တွေရှိပါတယ် ..

General JD … ပုံစံနဲ့ ရေးမယ်ဆိုရင် …
အားသာချက်အနေနဲ့ …
အချိန်ကုန်သက်သာ/ မြန် ဆန်မှုရှိတယ် .., လူအင်အားအများကြီးမလိုဘူး, လွယ်ကူတယ် …
အားနဲချက်ကတော့ … ဝန်ထမ်းတစ်ဦးချင်းစီအတွက် …ပြီးပြည့်စုံတဲ့ .. အချက်အလက် …တွေမပါဘူး ….

Specific JD ပုံစံနဲ့ရေးရင် ..
အားသာချက်အနေနဲ့ ..ဝန်ထမ်းအတွက် တိကျ-လုံလောက်တဲ့ .. အလုပ်လမ်းညွှန်ချက်တွေပါဝင်ပြီး .. သူ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် (job performance) နဲ့ ဘယ်လို သင်တန်း / သင်ကြားမှုတွေ လိုသလဲဆိုတာ … သိနိုင်တယ် ..
ဝန်ထမ်းရွေးချယ်-ခန့်ထားမှု .. လုပ်ငန်းစဥ် (recruitment & selection), အလုပ်စွမ်းဆောင်ရည် (performance appraisal)အကဲဖြတ်မှု, တွေ အတွက်အသုံးဝင်ပါတယ် …
အားနဲချက်ကတော့ … အလုပ်ဘောင်သတ်မှတ်ချက်တွေဖြစ်လာနိုင်တယ် ..
JD တစ်ခုပြီးဘို့ .. လူ / အချိန် ပိုပေးရတယ် .. ,,,

ဥပမာ။ ။ မော်တော်ယဥ်မောင်း … ဆိုပါတော့ ..
General JD မှာ ..ကားကို ဘယ်လိုမောင်း … ယဥ်စည်းကမ်းလိုက်နာ … , ပါပေါ့ …
Specific JD: အနေနဲ့ဆိုရင်တော့ … ကားကို .. ကီလိုစစ်တာ, ဆီ ..စစ်တာ, ကားကို တပါတ်ဘယ်နှစ်ကြိမ် .. သန့်ရှင်းရေးလုပ်ပါ, … တစ်လ တိုင်း .. ဘာကို .. ဘယ်လိုလုပ်ပါ … စသည်ဖြင့် … အသေးစိတ်ပါဝင်ပါတယ် …
တစ်ချို့လုပ်ငန်းတွေမှာ … နံနက် ဘယ်အချိန်အရောက်လာရမယ် .. ဝန်ထမ်းကဒ် attendance ဖြတ်ရမယ် .. ဆိုတဲ့အချက်တွေထည့်ကြတယ် … အမှန်တကယ်က… စည်းကမ်းပိုင်းဖြစ်ပါတယ် … ယဥ်မောင်းတစ်ယောက်ရဲ့ အဓိက တာဝန်မဟုတ်ပါဘူး ..

ကွန်ပြူတာအသုံးပြုနိုင်ရမည် .. ဆိုရင် .. အရမ်း general ဆန်ပါတယ် ..
ကွန်ပြူတာ MS office, power-point, Excel အသုံးပြုနိုင်ရမည် .. ဆိုရင်တော့ ပိုပြီး တိကျမှု (specific) ရှိပါတယ် …

JD အကြောင်း အပိုင်း(၂) … ဆက်ပါဦးမယ် …

မျိုးသက်(ဆေးဝါးလုလင်)Pharmayouth
Institute of pharmacy
2 March 2025

ကျွမ်းကျင်မှု ကွာဟချက်ကို ခွဲခြမ်းစိတ်ဖြာခြင်းSkill gap analysisကျွမ်းကျင်မှု ကွာဟချက်ကို ခွဲခြမ်းစိတ်ဖြာခြင်း (Skill ga...
21/02/2025

ကျွမ်းကျင်မှု ကွာဟချက်ကို ခွဲခြမ်းစိတ်ဖြာခြင်း
Skill gap analysis

ကျွမ်းကျင်မှု ကွာဟချက်ကို ခွဲခြမ်းစိတ်ဖြာခြင်း (Skill gap analysis) … ဆိုတာ …
ဝန်ထမ်းတွေရဲ့ … လက်ရှိလုပ်ဆောင်နိုင်စွမ်း / ကျွမ်းကျင်မှု (skills) နဲ့ … လုပ်ငန်း အတွက်.. အနဲဆုံးရှိသင့်တဲ့ (သို့) ဘယ်အဆင့် ထိ ရှိရမယ် (သို့) အနာဂတ်အတွက် လိုအပ်မယ်လို့ သတ်မှတ်ထားတဲ့.. Skills များအကြား ခြားနားချက် (သို့မဟုတ်) ကွာဟချက် ကို analysis လုပ်ခြင်းဖြစ်ပါတယ် …..

လုပ်ဆောင်ရမယ့် အဆင့်တွေအနေနဲ့ …
၁။ Analysis လုပ်မယ့် နယ်ပယ် … အဝန်းအဝိုင်း (scope) … ကိုသတ်မှတ်ပါ …
ဆိုပါတော့ ..
- ဝန်ထမ်းတစ်ဦးချင်း (individual) .. ကို analysis လုပ်မှာလား?
- အဖွဲ့ (team) ကို .. analysis လုပ်မှာလား?

ဝန်ထမ်းတစ်ဦးချင်း (Individual) ..က .. လက်ရှိရာထူး (သို့) သူ့ကို … အနာဂါတ်အတွက် ..ရည်မှန်းထားတဲ့ ပိုအဆင့်မြင့်တဲ့ …နေရာတစ်ခု ကို .. ကျွမ်းကျင်မှု ရှိဖို့ … ဘယ်လို skills တွေ လိုအပ် နေသလဲ သိအောင် .. လုပ်တာဖြစ်ပါတယ် …

အဖွဲ့ (team) … က .. အသင်း / အဖွဲ့ တဖွဲ့ရဲ့ .. စုပေါင်းစွမ်းရည် ကို အကဲဖြတ်ပြီး .. အသင်းရဲ့ရည်မှန်းချက်တွေ အောင်မြင်ဘို့ …လိုအပ်တဲ့ .. အသိပညာ / ကျွမ်းကျင်မှု တွေကို … သိအောင်လုပ်ခြင်းဖြစ်ပါတယ် ..

အဲဒီအဆင့်တွေပြီးရင် …
မိမိလိုချင်တဲ့ ရလဒ် (outcomes) တွေကို သတ်မှတ်ရပါတယ် …
ဥပမာ။ ။ ဖေါက်သည်တွေရဲ့ စိတ်ကျေနပ်မှု (customer satisfaction) အဆင့် တိုးတက်စေချင်တယ်ဆိုပါတော့ …
ဖေါက်သည်စိတ်ကျေနပ်မှု စစ်တမ်း (survey) တွေ ,…
ဘယ်လိုတိုင်းတာမလဲဆိုတဲ့ .. တွက်ချက်မှု (metrics) နည်းလမ်း တွေသိဖို့လိုပါတယ် ..

ပြီးရင် … လက်ရှိကျွမ်းကျင်မှု အခြေအနေ နဲ့ .. ကိုယ်လိုချင်တဲ့ ကျွမ်းကျင်မှု အဆင့်ကို သတ်မှတ်ပါ …
ဥပမာ။ ။ လက်ရှိ သင့်ဝန်ထမ်းတွေက .. အရောင်း (selling skill) သိပြီးသားဆိုပါတော့ …. နောက်ထပ် … အသစ်ထပ်ဆောင်းလိုအပ်တဲ့ …ဝယ်သူ/ဖေါက်သည်တွေရဲ့ ငြင်းဆိုချက်များကိုဖြေရှင်းခြင်း …(handling customer objections), စေ့စပ်ညှိနှိုင်းခြင်း.. (negotiation skill) … တွေကို သတ်မှတ်ခြင်းဖြစ်ပါတယ် …
ဒါမှမဟုတ် .. သိပြီးသား အရောင်း (selling skill) ကိုပဲ … ပိုပြီးပြည့်စုံအောင် .. update ဖြစ်အောင် ဖြည့်စည်းတာလဲဖြစ်နိုင်ပါတယ် …

Skill analysis အတွက် လိုအပ်မယ့် အချက်အလက်စုဆောင်းတဲ့ … နည်းလမ်းကိုပြောပါဆိုရင် …

(က) လက်ရှိကျွမ်းကျင်မှုများကို … အကဲဖြတ်ချက်များ (assessment)၊ စစ်တမ်းများ (survey)၊ စွမ်းဆောင်ရည်သုံးသပ်ချက်များ (performance review) နဲ့…ဖေါ်ထုတ်သတ်မှတ်ပါ ….
ဘယ်လိုဖေါ်ထုတ်ရမလဲဆိုရင် …,,,
လက်ရှိ အလုပ်တာဝန်သတ်မှတ်ချက် (Job description) နဲ့ အလုပ်စွမ်းဆောင်ရည် (performance) တွေကို ပြန်ကြည့်ပါ … အဲဒီအထဲမှာ .. လိုအပ်တဲ့ ကျွမ်းကျင်မှု (skills)တွေ ကို ဖေါ်ပြထားပြီးဖြစ်မှာပါ …
ဝန်ထမ်းရဲ့ ..တစ်နေ့တာ လုပ်ငန်းစဥ် (task) များ နဲ့ တာဝန် (responsibility)များ ကိုပြန်ကြည့်ပါ .. ထိထိရောက်ရောက်ဆောင်ရွက်နိုင်သလား? ဒါမှမဟုတ်ရင် …ဘယ်လို အရည်အချင်းတွေလိုမလဲ? … စဥ်းစားပါ ..
ပြီးရင် ..ပိုမိုအောင်မြင်ဖို့ …လိုအပ်တဲ့ အရည်အချင်း / ကျွမ်းကျင်မှု တွေကို သက်ဆိုင်ရာ ဌာန (Department) , line manager တွေနဲ့ တိုင်ပင်ညှိနှိုင်းရပါမယ် ..,,

(ခ) အနာဂတ် … အတွက်လိုအပ်လာမယ့် ကျွမ်းကျင်မှု (skills) တွေ …
ဥပမာ။ ။ ပြောင်းလဲလာမယ့် စက်မှုနယ်ပါယ် ခေတ်ရေစီးကြောင်းအရ(industry trends) ပဲဖြစ်ဖြစ် … လုပ်ငန်းမဟာဗျူဟာ (Business strategy) ဖြစ်ဖြစ် .., ..အသစ်တီထွင်လာနိုင်တဲ့ နည်းပညာ (new technology)… စတာတွေကို … ကြိုတင်..မြင်နိုင်အောင် ကျိုးစားရပါမယ် ….
Industry trend … ကိုသိအောင် သုတေသနစာစောင်များ (research papers)… အစီရင်ခံစာများ (reports)…မှလေ့လာနိုင်ပါတယ် …
အနာဂတ်မှာ လိုအပ်လာနိုင်တဲ့ အရည်အချင်း/ စွမ်းဆောင်ရည်(competencies) များကို … ဖေါ်ထုတ်နိုင်အောင် … လုပ်ပါ …
လုပ်ငန်းမဟာဗျူဟာ (Business strategy) ကို .. လုပ်ငန်းဦးဆောင်သူ … များနဲ့ ဆွေးနွေးတဲ့အခါ … ကုမ္ပဏီ က ..ရည်ရွယ်ထားတဲ့ .. ရှေ့လုပ်ငန်းစဥ် မှာ ဝန်ထမ်းတွေ ဘယ်လိုကျွမ်းကျင်မှု / စွမ်းဆောင်ရည် … အသစ်တွေ လိုလာမလဲ ?... ဆိုတာဖေါ်ထုတ်နိုင်ပါတယ် …
New technology အတွက် … မိမိ လုပ်နေတဲ့ .. လုပ်ငန်းစု (industry) နဲ့သက်ဆိုင်တဲ့ … နောက်ဆုံးပေါ် …လို့ပြောပြော … ဆန်းသစ်တီထွင်မှု (innovation) များကို မျက်ခြေမပြတ်ဖို့လိုပါတယ် …

နောက်ပြီး .. skill gap တွေကိုသိဘို့ … လိုအပ်တဲ့ အချက်အလက်တွေကို … e-learning assessment (သို့) observations (သို့)survey … စတဲ့ နည်းလမ်းများနဲ့ … skill gap ကို ဖေါ်ထုတ်နိုင်ပါတယ် ….,,
ဆိုပါတော့ … ဝန်ထမ်းတွေကို .e-learning assessment အရ …. online သင်တန်း တစ်ခုပေးကြည့်ပြီး … ရရှိလာနိုင်တဲ့ LMS graph (Learning management system) ရလဒ် ကိုကြည့်ခြင်းအားဖြင့်လည်းကောင်း …

Observation ဆိုတဲ့ တွေရှိချက်အရ လည်းကောင်း …
ဥပမာ။ ။ အရောင်းဝန်ထမ်းတွေရဲ့ … လက်တွေ့မှာ ….ဝယ်သူရဲ့ ငြင်းဆိုချက်တွေ… complain တွေကို ကောင်းမွန်စွာမဖြေရှင်းနိုင်တာကို တွေ့ရခြင်း …

Survey (စစ်တမ်း) များအရ လည်းကေင်း …
ဥပမာ။ ။ ထိရောက်မှု မရှိတဲ့ … သင်တန်းကြောင့် … (သို့) ကုမ္ပဏီ မူဝါဒ များကြောင့် … လား? …
နောက်ပြီး … ဝန်ထမ်းအကဲဖြတ်ခြင်း (evaluations) အားဖြင့်လည်းကောင်း …
ဥပမာ။ ။ အရောင်းသမား တွေရဲ့ စွမ်းဆောင်ရည် ကို အကဲဖြတ်ကြည့်တဲ့ ရလဒ်မှာ … အချို့သော ဝန်ထမ်းတွေအနေနဲ့ … ကိုယ်ရောင်းတဲ့ .. ကုန်ပစ္စည်းအကြောင်း … သေချာမသိတာမျိုး …ဆိုရင် … ဒီတွေ့ရှိချက် skill gap ကို အမြန်ဖြည့်စည်းပေးရမှာဖြစ်ပါတယ် ..

ဝန်ထမ်းတွေကို .. ပေးတဲ့ သင်တန်း (training) တွေက .. တကယ် ထိရောက်မှု ရှိ / မရှိ သုံးသပ်ရဦးမှာ ….ဖြစ်ပါတယ် …

အထက်ပါ …နည်းလမ်းများကို လိုအပ်သလို .. ပေါင်းစပ်ပြီး … ကျွမ်းကျင်မှုကွာဟချက် ခွဲခြမ်းစိတ်ဖြာမှု (skill gap analysis) ကို လုပ်ဆောင်နိုင်ပြီး ကွာဟချက် (gap)များကို ပေါင်းကူးပေးနိုင်တဲ့ ဝန်ထမ်းတိုးတက်ဖွံ့ဖြိုးရေး အစီအစဉ် (Employee development plan) ကို ရေးဆွဲနိုင်မှာဖြစ်ပါတယ် …,, ….

Key message:
ဝန်ထမ်းတစ်ဦးရဲ့ … ဖွံ့ဖြိုးတိုးတက်မှု (Employee development) အတွက် …
သူ ဘယ်နေရာ (ကျွမ်းကျင်မှုအပိုင်း) မှာ အားနဲ နေသလဲ? ..
Data analysis အပိုင်းလား? … Presentation skill … လား? …
Communication skill … လား? ….
လက်ရှိအနေအထားနဲ့ … အမှန်တကယ်ရှိသင့်တဲ့ လုပ်ငန်း ..ကျွမ်းကျင်မှု ကွာဟချက်ကို-သိမှ …. ဖြည့်ဆည်းပေးနိုင်မှာဖြစ်လို့ …
ကျွမ်းကျင်မှု ကွာဟချက် (skill gap).. ကို analysis လုပ်ဖို့လိုပါတယ် ..,,,
ဆိုပါတော့ … ကုမ္ပဏီတစ်ခုမှာ …
မန်နေဂျာ အဆင့် (manager level) ရာထူးအတွက် … သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှု (skills) တွေရှိပါတယ် …
1. Situational leadership
2. Effective communication
3. Delegation & empowerment
4. Motivation others
5. Managing conflict
6. Coaching
7. Building high performance team
8. Decision making
9. EQ
10. Goal setting …. တွေဖြစ်ပါတယ် …
ဒီလို skill တွေ ပြည့်စုံမှသာ … မန်နေဂျာ အဆင့် ရာထူးကို .. ကောင်းမွန် .. နိုင်နင်းစွာ … လုပ်ဆောင်နိုင်မှာဖြစ်လို့ပါပဲ …
လိုအပ်နေဲ့ skill ရှိနေတယ်ဆိုရင် … ဒါဟာ .. ကွာဟချက် (skill gap) ပဲဖြစ်ပါတယ် …

ဒီ .. ကျွမ်းကျင်မှုကွာဟချက် (skill gap)ကို အောက်ပါနည်းလမ်းတွေနဲ့ ဖြည့်စည်းနိုင်ပါတယ် …
၁။ သင်တန်းပေးခြင်း (Training)
၂။ ပရောဂျက်- ချပေးခြင်း (Project)
၃။ နည်းလမ်းပြ … ကြီးကြပ်ခြင်း (Coaching)

ကျွမ်းကျင်မှုလို့ပြောရာမှာ … Hard skill & soft skill နှစ်မျိုးလုံးပါဝင်ပါတယ် …
ကျွန်တော့အတွေ့အကြုံအရ … ကုမ္ပဏီက ပေးတဲ့ .. သင်တန်းသာမက … ကိုယ်လိုအပ်မယ့် … skills တွေပြည့်ဝနေဘို့ … ကိုယ်တိုင် ဖြည့်စည်းထားစေချင်ပါတယ် …. …
ကိုယ်က .. ဘယ်လို skills တွေ လိုတာလဲ မသိဘူးလား? … အရိုးရှင်းဆုံးအနေနဲ့ ..
ကိုယ့်ရာထူး / အဆင့် နဲ့ အခြား ကုမ္ပဏီတွေရဲ့ …. အလုပ်ခေါ်စာတွေကို ကြည့်လိုက်ပါ ..
Job requirement မှာ .. သူတို့ လိုချင်တဲ့ skills တွေ … ဖေါ်ပြထားပါတယ် …
အဲဒီ skills တွေ ကိုယ့်မှာ ရှိထားသလား? မရှိသေးရင် ဖြည့်ပေါ့ …
သို့သော်လည်းပေါ့လေ …. ကိုယ် ကိုးကားမယ့် .. အခြားကုမ္ပဏီတွေ ဆိုတာ … ဖြစ်နိုင်ရင် … MNC Co., ,…. ရဲ့ vacancy announcement တွေဆို ပိုပြီး စနစ်ကျ မယ်လို့ မြင်ပါတယ် ….
ကျွန်တော်တင်ထားတဲ့ .. Employee development plan နဲ့ ဆက်စပ်ကြည့်စေချင်ပါတယ် ..
ဒီအကြောင်းတွေက … succession plan နဲ့လည်းချိတ်ဆက်နေပါသေးတယ် …

မျိုးသက်(ဆေးဝါးလုလင်)Pharmayouth
Institute of pharmacy
21 Feb 2025

ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်Employee development plan "ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်" ဆိုတာ …ဝန်ထမ်းတွေရဲ့  ကျ...
20/02/2025

ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်
Employee development plan

"ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်" ဆိုတာ …ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုနှင့် အသိပညာများ တိုးတက်စေဘို့ … ….. စွမ်းဆောင်ရည်များ မြှင့်တင်ဘို့……လုပ်ငန်း ရည်မှန်းချက်များကို ပံ့ပိုးနိုင်ဘို့ . ကုမ္ပဏီက ရေးဆွဲ ထားတဲ့ရေတို / ရေရှည်အစီအစဥ် ပဲဖြစ်ပါတယ် ..
Employee development plan ကို အခြေခံအားဖြင့် အပိုင်း (၄)ပိုင်း ခွဲကြည့်ပါမယ် ..

(၁) အချိန်သတ်မှတ်ချက်ထားခြင်း (time frame)
ဝန်ထမ်းတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး … သင်တန်းများ / လေ့ကျင့်မှုများ
ကို အချိန်ကာလ သတ်မှတ်ထားခြင်းပဲဖြစ်ပါတယ် ..
ဆိုပါတော့ … ဝန်ထမ်းတစ်ဦး အနေနဲ့ .. ကြီးကြပ်ရေးမှုး (supervisor ) အဆင့်မှ … မန်နေဂျာ (manager) အဆင့်တိုးဘို့ … လက်ရှိ စွမ်းဆောင်ရည်အရ နောက် ဘယ်အချိန် (ဥပမာ။ ။ ၁ နှစ် (သို့) ၂ နှစ် အတွင်း) ဆိုပြီး အချိန်သတ်မှတ်ထားခြင်းပါ.. အဲဒီအချိန်ကာ (timeline) အတွင်း ဝန်ထမ်းအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု (skills) သင်တန်းပေးခြင်း / တာဝန်ပူးတွဲ လုပ်ဆောင်စေခြင်း .. delegation … တွေနဲ့ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို … မန်နေဂျာ အဆင့် ရှိအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ် …

(၂) လုပ်ငန်းကျွမ်းကျင်မှု ကွာဟချက် (skill gaps)
ဝန်ထမ်းတစ်ဦးချင်းရဲ့ … လုပ်ငန်းကသတ်မှတ်ထားတဲ့ “စံ” (Standard / Norm) အပေါ်မူတည်ပြီး .. ကိုက်ညီမှုရှိပြီလား? ဆိုတာကို ဆန်းစစ်ပြီး … အကယ်၍ “စံ” ထက် နိမ့် /လိုအပ် နေသလား?
(သို့) လက်ရှိ ရာထူးထက် … တဆင့်ပိုမြင့်တဲ့ရာထူးအတွက် … ရာထားသူ .. ဆိုရင် … လဲ … ထပ်တိုးလိုအပ်လာမယ့် .. ကျွမ်းကျင်မှု “စံ” နဲ့ ကိုက်ညီအောင် .. ဘယ်လို ကျွမ်းကျင်မှု (skills) တွေ လိုမလဲ? ………ဆိုတဲ့ .. ကွာဟချက် (gap) ဖြစ်ပါတယ် .
(၃) ရည်မှန်းချက်များအပေါ်အခြေခံခြင်း (objective)
ဒီအချက်က …ဝန်ထမ်းအတွက် … ဘယ်လို ကျွမ်းကျင်မှု (skill) ကိုလိုချင်တာလဲ … အပေါ်မူတည်ပြီး သတ်မှတ်တာပါ …
ဆိုပါတော့ … ဝန်ထမ်း (A) အတွက် Presentation skill ကို တိုးတက်စေချင်တယ် ..
ဝန်ထမ်း (B) အတွက် .. Problem solving skill တိုးတက်စေချင်တယ် … ,, ဝန်ထမ်း (C) အတွက် …Leadership skill ရစေချင်တယ် ..,,, … စသည်ဖြင့်ပေါ့ …

(၄) စွမ်းဆောင်ရည်အပေါ်အခြေခံခြင်း (performance)
ဒီအချက်ကတော့ ….
လက်ရှိစွမ်းဆောင်ရည်အဆင့်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို အခြေ ခံပြီး ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကိုသုံးသပ်တာဖြစ်ပါတယ် ..,,,
ဘယ်လိုနည်းလမ်းလဲဆိုရင် …
"စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု” (Performance improvement training & development quadrant) အနေနဲ့ လေ့လာနိုင်ပါတယ် ..
ယေဘူယနားလည်အောင်ပြောမယ်ဆိုရင် ….
Quadrant … ဆိုတာ လေးထောင့် ပုံစံ.. အကွက် (၄) ကွက် ရှိပါတယ် ..

ပထမ အကေင်းဆုံးဖြစ်တဲ့ .. ကျေနပ်မှုရှိတဲ့စွမ်းဆောင်ရည် (satisfactory performance) ရှိပြီးသူ့ရဲ့ ပန်းတိုင် (Goal) ကိုရောက်အောင်လုပ်နိုင်သူ ..

ဒုတိယ အနေနဲ့ … လုံလောက်တဲ့ စွမ်းဆောင်ရည် (sufficient performance) ရှိသော်လည်း .. ပန်းတိုင် ကို မရောက်နိုင်သူ …

တတိယ အနေနဲ့ … သတ်မှတ်ထားတဲ့ ပန်းတိုင် ကိုရောက်နိုင်သူ (Hit goal) ဖြစ်သော်လည်း.. ကျင့်သုံးမှု အားနည်း (does not perform the practice well) သူ
ဒီဝန်ထမ်းမျိုးက … monitor လုပ်ဖို့ လိုပါတယ် ..

စတုထ္ထ အနေနဲ့ … ပန်းတိုင်ကိုလဲ ရောက်အောင် မစွမ်းဆောင်နိုင်သူ …ဖြစ်ပြီး .. အခြားသူတစ်ဦးဦးက .. ပါဝင် ဆောင်ရွက်ပေး ရတဲ့ သူမျိုးပါ …
ဒီအကဲဖြတ်မှုက … ကျွမ်းကျင်မှု (skill) တစ်ခုခြင်းအလိုက်မဟုတ်ဘဲ… စွမ်းဆောင်ရည် (performance) အားလုံးကို ခြုံပြီး သုံးသပ်တာဖြစ်ပါတယ် …

ဟုတ်ပါပြီ … Employee development plan ကို အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ကြည့်ရအောင် ..

၁။ ကျွမ်းကျင်မှု (skills) တွေကို … ဆန်းစစ်သုံးသပ်ခြင်း နှင့် ပန်းတိုင် (goal) သတ်မှတ်ခြင်း ..
ပထမဆုံး သက်ဆိုင်ရာ ဝန်ထမ်းတွေမှာ .. လက်ရှိ … ရှိပြီးသား ကျွမ်းကျင် မှု နဲ့ လုပ်ငန်းအရ .. သတ်မှတ်ထားတဲ့ “စံ” (norm / standard) နဲ့ ကွာဟချက် (gap)ကိုသိအောင် လုပ်ရပါတယ် … ဒါကို … Skill gap analysis လုပ်တယ်လို့ဆိုပါတယ် …,,
ဒီအကြောင်းကို … သီးခြား post အနေနဲ့ ဝေမျှပေးပါမယ် ..,,,,

၂။ သင်ကြားပေးမယ့် ကျွမ်းကျင်သူ ကို ရွေးချယ်ခြင်း
သင်တန်းနည်းပြ ဆရာကိုရွေးချယ်ရာမှာ … သင်ကြားမည့်သူရဲ့ … သင်ကြားရမယ့် ဘာသာရပ် / ခေါင်းစဥ် … နဲ့ပါတ်သက်ပြီး … အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ဖို့ …
သက်ဆိုင်ရာ …သီးခြား ဘာသာရပ်အလိုက် … သင်တန်းဆရာကို ရွေးချယ်မှု လုပ်ရပါတယ် …
မိမိ လုပ်ငန်း / ကုမ္ပဏီ အတွင်းရှိ … ဌာန မန်နေဂျာ - in-house (သို့) ပြင်ပ - outsource မှ .. ရွေးချယ်နိုင်ပါတယ် …

၃။ အကဲဖြတ်ခြင်း (Evaluation)
သင်တန်းများစီစဥ် … ပြီးဆိုရင် … သင်တန်းတက်တဲ့ .. ဝန်ထမ်း တွေ သာမက .. သင်တန်းပေးသူ/ သင်တန်းအပေါ် (သင်တန်းတွေမှာ ကြုံဖူးကြမှာပါ …သင်တန်းသားတွေက … သင်တန်းအပေါ်မှာ ပြန်ပြီး feedback ပေးတာပါ …သင်ကြားမှု .. ရှင်းလင်းသလား? နားလည်မှု ရှိသလား? … သင်တန်းအထောက်အကူပစ္စည်း .. ? … စာရွက်စာတမ်း / ခဲတံ…. စသည်ဖြင့် ပေါ့)
အကဲဖြတ်မှု လုပ်ရပါမယ် … ဘယ်လိုအကဲဖြတ်ရမယ်ဆိုတာ .. HR က …ဆောင်ရွက်ရမှာပါ …
Training & evaluation ပေါ့ …

Key message:
Employee development plan - က .. HR လုပ်ငန်းစဥ်တစ်ခုဖြစ်တဲ့ … စွမ်းဆောင်ရည်စီမံခန့်ခွဲမှု (Performance management) ထဲက… အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ် …
လုပ်ငန်း / ကုမ္ပဏီ အတွင်းမှာ .. ဝန်ထမ်းတွေအနေဲ့ … သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း … (career path) တိုးတက်မှုအတွက် … အသိပညာ … ကျွမ်းကျင်မှု တွေ …ထပ်ဆောင်း လိုအပ်နေတာကို ဖြည့်ဆည်းပေးဖို့ …, productivity တက်လာဖို့ … HR အနေဲ့ … နှစ်စဥ် Employee development / personal development plan တွေ ကို … သက်ဆိုင်ရာ line / department . manager တွေနဲ့ သတ်မှတ်ပေးရပါတယ် …
ရာထူးအဆင့် တိုးဖို့ … လက်ရှိရာထူးမှာ .. လိုအပ်နေသေးတဲ့ .. ကျွမ်းကျင်မှုကို .. ဖြည့်ဆည်းဖို့ …. အရေးကြီးပါတယ် …
ဒီအကြောင်းပြောရင်း … ဝန်ထမ်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်း (performance appraisal) နဲ့လည်း ဆက်စပ် နေပါတယ် …
PA ကို သတ်မှတ်ထားတဲ့ KPI အတိုင်း ဘယ်လောက် အဆင့် .. စွမ်းဆောင်ခဲ့သလဲ …, ဘယ်လိုအချက် တွေလိုအပ်နေသေးသလဲ? … အဲဒီရလဒ် အပေါ်မူတည်ပြီး … နောက်ပိုင်း … လိုအပ်တဲ့ skill အတွက် .. employee development plan မှာ ထည့်စဥ်းစားရတာလဲရှိပါတယ် …
ဒါကြောင့် … HR နဲ့ ပါတ်သက်တဲ့ .. အကြောင်းအရာတစ်ခု ကို ပြောမယ်ဆိုရင် … ဆက်စပ်နေတဲ့ …အခြားအကြောင်းအရာတွေရှိစမြဲပါ ….,,,
သတိထားရမယ့် အချက်က …,
Employee development plan ဆိုတာ … ဝန်ထမ်းတစ်ဦးချင်း … လိုအပ်ချက်အပေါ်မှာ လိုအပ်သလို ညှိနှိုင်းလုပ်ဆောင်ရပါတယ် …
ဆိုလိုတာက … ဝန်ထမ်းတစ်ဦးချင်း … လိုအပ်နေတဲ့ skills တွေမတူလို့ပဲဖြစ်ပါတယ် ..
တစ်ခါတရံ …. သင်တန်းတစ်ခုကို ဝန်ထမ်း အားလုံး (ဌာန) တက်စေတဲ့အခါ … သင်ကြားတဲ့ ဘာသာရပ်နဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ ဝန်ထမ်းအတွက် … အချိန်ကုန် … လူပင်ပန်း ..ပြီး .. မထိရောက်ပါဘူး …
သင်တန်းပေးမယ့် … ဆရာ / ကျွမ်းကျင်သူ ရွေးချယ်မှုကလဲ … အရေးကြီးပါတယ် …

နောက်ပြီးတော့ …… အရောင်းပိုင်းဆိုင်ရာ ဝန်ထမ်းတစ်ဦးကို … Sales management skills တိုးတက်ဖို့ … သင်တန်း / သင်ကြားရေး အစီအစဥ် … ချမှတ်တဲ့အခါ … အရောင်းနဲ့ဆိုင်တဲ့ အကြောင်းအရာသာမက .. သူ့လက်အောက်က … အဖွဲ့ဝင်တွေကို ဘယ်လို စီမံအုပ်ချုပ်ရမလဲ? (managing employees/ team members) ဆိုတာတွေ …
အခြား ဌာန (ဥပမာ။ ။ Finance Dept) တွေရဲ့ လုပ်ငန်းဆောင်ရွက်မှု .. process , rules & regulations တွေပါလာမှာဖြစ်တဲ့အတွက် … လိုအပ်ရင် သက်ဆိုင်ရာ ဌာန ..က မန်နေဂျာတွေပါ … သင်တန်းမှာ ပါဝင်လာပါတယ် …

ပြောချင်တာ တစ်ခုရှိသေးတယ် ..,,,
ဝန်ထမ်းက … သူ့ရဲ့ development plan အရ .. သင်တန်းလဲ အောင်မြင် .. ပြီးမြောက်ပြီ … လက်တွေ့မှာလဲ အတိုင်းအတာတစ်ခုထိ .. အသုံးချတတ်ပြီ …. ဆိုရင် .. သူ့ကြိုးစားအားထုတ်မှုအတွက်…… အချိန်ကာလတစ်ခုအတွင်း ရာထူးအဆင့် တိုးခြင်း (သို့) အသိအမှတ်ပြုမှု (recognition) တစ်ခုခု ….. ပေးသင့်ပါတယ် …
အဲ .. ရှိသေးတယ်ဗျ …
သင်တန်းတစ်ခုလုပ်ပါဆိုတော့ … ကုန်ကျစရိတ်အတွက် … budget လဲ လိုတာပေါ့ ..

ဒီလောက်ဆိုရင် … Employee development plan .. ဘာကြောင့်လုပ်ရသလဲ?
ဘယ်လို . လုပ်မလဲ?
ဘယ်သူတွေ …ပါဝင်ရမလဲ?
ဘယ်ခေါင်းစဥ်အောက်မှာ …ပါသလဲ?
ဆိုတဲ့ … အသိတစ်ခုရသွားမှာပါ …
သင့်ရဲ့ အလုပ်မှာကော … သင့်အတွက် development plan ရှိထားပြီလား?

မျိုးသက်(ဆေးဝါးလုလင်)Pharmayouth
Institute of pharmacy
20 Feb 2025

အလင်းရောင် ဒီတခါတော့ အလင်းရောင် ရဘို့ တွေးတောရပုံလေး … မျှဝေချင်ပါတယ် …ကျွန်တော်ကိုယ်တိုင်က … လျှပ်စစ်ကျွမ်းကျင်သူမဟုတ်တ...
13/02/2025

အလင်းရောင်

ဒီတခါတော့ အလင်းရောင် ရဘို့ တွေးတောရပုံလေး … မျှဝေချင်ပါတယ် …
ကျွန်တော်ကိုယ်တိုင်က … လျှပ်စစ်ကျွမ်းကျင်သူမဟုတ်တဲ့အတွက် … သာမာန် နားလည်နိုင်တဲ့ … စကားလုံး အသုံးအနှုံး နဲ့ပဲ ရေးထားပါတယ် …

မီးမရတဲ့အချိန် များလာတာကြောင့် … အသုံးလိုတဲ့လျှပ်စစ် ပစ္စည်းများအတွက် .. အစားထိုးအသုံးပြုနိုင်တာတွေကို ရေးချကြည့်ရင် … အဓိကအားဖြင့် ..,,,,

၁။ အားသွင်း မီးလုံး /မီးချောင်း (ဆိုလာ ပါ / မပါ)
၂။ ဘက်ထရီ နဲ့ အင်ဗာတာ

၁။ အားသွင်း မီးလုံး /မီးချောင်း (ဆိုလာ ပါ / မပါ)
အသုံးများပြီး … အားပြန်သွင်းနိုင်တဲ့ .. ဘက်ထရီ ပါပြီးသား … မီးလုံး / မီးချောင်း များဖြစ်ပါတယ် … ပါဝင်တဲ့ ဘက်ထရီ အရေအတွက် နဲ့ လျှပ်စစ် သိုလှောင်နိုင်အား ပေါ်မူတည်ပြီး .. မီးထွန်း နိုင်တဲ့ ကြာချိန် မတူပါဘူး ,,,
ဒါက … လိုအပ်တဲ့ အလင်းရောင်ကို သာ အဓိက ဖြစ်ပြီး … အခြား လျှပ်စစ် ပစ္စည်း (ပန်ကာ, တီဗွီ…. , ကွန်ပြူတာ ..) တွေမသုံးနိုင်ပါဘူး …

၂။ ဘက်ထရီ နဲ့ အင်ဗာတာ
ဒီအကြောင်းကိုတော့ .. နားလည်သလောက် မျှဝေပါရစေ ..,,,
လူအများနားလည်ထားတဲ့ အိမ်းသုံးမီတာ .. EPC မီး က … ၂၂၀ ဗို့ , AC (Alternating current) ဖြစ်ပါတယ် ..
အိမ်သုံးမီးတွေက … single phase (Neutral နဲ့ Phase) နှစ်ကြိုး ဖြစ်ပါတယ် ..
Phase က .. Tester နဲ့ ထောက်ကြည့်ရင် .. မီးလင်းပါတယ် … ဒါကို … နောက်တမျိုး … Line လို့လဲခေါ်ပါတယ် …

ဘက်ထရီ ။ ။ ဆိုတာ လျှပ်စစ်သိုလှောင်ထားတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး … ထွက်လာတဲ့ လျှပ်စစ်က …., DC (Direct current) အမျိုးအစားဖြစ်ပါတယ် … ,, ဗို့ (Volt) အားဖြင့် 1.5 Volt (ဥပမာ။ AAA, AA ဓါတ်ခဲများ) , 3 Volt (ဥပမာ။ … Remote ကားသော့ မှာသုံး) , 9 Volt (လေးထောင့်ပုံအဖြစ်အတွေ့များ) … 12 Volt (ဥပမာ။ ။ မော်တော်ကား ဘက်ထရီအိုးများ) … စသည်ဖြင့်တွေ့နိုင်ပါတယ် …
အမျိုးအစားအနေနဲ့ …, အက်စစ် ထည့်ရသည့် ဘက်ထရီ, ဂျယ်(လ်) အမျိုးအစား, လစ်သီယမ် အိုင်းယွန်း (Li-ion), လိုင်ပိုဖိုး (LiFePO4) …. ဆိုပြီး ရှိပါတယ်..

အင်ဗာတာ။ ။ ဆိုတာ … ဘက်ထရီအိုး (DC) မှ … အိမ်သုံး (AC) ကိုပြောင်းပေးတဲ့ ပစ္စည်း ဖြစ်ပါတယ် …
ဥပမာ … 12 Volt (DC) ဘက်ထရီမှ … …220 Volt (AC) ထွက်အောင် အင်ဗာတာ .., ကဆောင်ရွက်ပေးပါတယ် …
အင်ဗာတာ နဲ့ တွဲဖက်သုံးရတဲ့ ဘက်ထရီ မှာလဲ … 12 Volt, နဲ့ တွဲရတဲ့ အင်ဗာတာ,
24 Volt / 48 Volt နဲ့ တွဲရတဲ့ အင်ဗာတာ …. ဆိုပြီး .အမျိုးမျိုးရှိပါတယ် ..
နောက်ပြီး … အင်ဗာတာ အထွက် .. (AC) 220 Volt အမျိုးအစားအားဖြင့် .. Stepped sine wave / Modified sine wave, … Pure sine wave … ဆိုပြီးရှိတယ် …
ဒါတွေသာမက …. ဝပ်အား (Watt) ဘယ်လောက် ဆိုတာရွေးရပြန်တယ် ….
ဥပမာ။ ။ ၅၀၀ ဝပ်, ၁၀၀၀ ဝပ်, ၁၅၀၀, ၂၀၀၀, ၃၀၀၀ , ၆၀၀၀ .. ဝပ် တွေပါပဲ …
ကိုယ်သုံး လိုတဲ့ လျှပ်စစ်ပစ္စည်း တွေအပေါ်မူတည်ပြီး ရွေးချယ်ရမှာပါ … ဆိုလိုတာက …
ရေခဲသေတ္တာ, အဲယားကွန်း, ပန်ကာ .. တီဗွီ … ကွန်ပြူတာ …. စသည်ဖြင့်ပေါ့ ..
အရင်အခါတည်းက …ပြည်တွင်းမှာ ထုတ်လုပ်တဲ့ … အင်ဗာတာ တွေရှိပါတယ် … မော်တော်ကားသုံး .. ဘက်ထရီ တွေနဲ့ တွဲဖက်ပြီး… EPC မီးနဲ့ အားပြန်သွင်းတာ … သုံးဖူးကြမှာပါ …

ယခု ပြည်ပမှ တင်သွင်းလာတဲ့ အင်ဗာတာ အများစုက … ဘက်ထရီ နဲ့ သာမက … ဆိုလာ (Solar) ပြား နဲ့ လဲ ချိတ်ဆက်ပြီး … အသုံးပြု နိုင်ပါတယ် … ,, ဒါ ကို Hybrid အင်ဗာတာ.. လို့ပြောပါတယ် …
ဘက်ထရီ ကို … EPC မီးနဲ့ပဲအားသွင်းသွင်း …. ဆိုလာ နဲ့ပဲ… အားသွင်းသွင်း … ရပါတယ် …

ဆိုလာ (Solar)
ဆိုလာ …ရဲ့ အဓိပ္ပါယ်က.. သဘာဝ နေရောင်ခြည်ဖြစ်ပါတယ်…
Photovoltaic ဆိုတဲ့ ပစ္စည်းများသုံးပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူနိုင်အောင် ပြုလုပ်ထားတဲ့ ဆိုလာ ပြား (Solar Pannel) … များရှိပါတယ် …
ဆိုလာပြား … မှာလဲ … အမျိုးအစားအနေနဲ့ … မိုနို ဆဲ(လ်) (Monocrystalline solar panels) က အသုံးပြု … ထိရောက်မှု .. ပိုကောင်းတယ်လို့ပြောကြပါတယ် …
ဆိုလာပြား မှာ .. အရွယ်အစား ,.. ထွက်ရှိတဲ့ ဗို့အား (Volt) အမျိုးမျိုးရှိပါတယ် ..
ထွက်တဲ့ လျှပ်စစ်က … (DC) Direct current အမျိုးအစားဖြစ်ပါတယ် …
အရည်အသွေးပေါ်မူတည်ပြီး … ၁၀ နှစ် ~ ၂၀ နှစ် … စသည်ဖြင့် အသုံးခံပါတယ် ..,,,

ထိန်းချုပ် ကိရိယာ (Controller)
ဆိုလာ ပြား တွေသုံးပြီး … တိုက်ရိုက် ဖြစ်စေ / ဘက်ထရီအိုး ကိုအားဝင်စေတာဖြစ်စေ …
ကြားထဲမှာ … ထိန်းချုပ်ကိရိယာ (controller) လိုပါတယ် … အမျိုးအစားအားဖြင့် ..
Pulse Width Modulation (PWM) controllers. Maximum Power Point Tracking (MPPT) ဆိုပြီး ရှိပါတယ် …
ဘာဖြစ်လို့ controller ခံရတာလဲလို့မေးရင် ….ဆိုလာပြားမှ … ဘက်ထရီအားဝင်မှု …ကို ထိန်းသိမ်းခြင်း .. အကောင်းဆုံး ဗို့အားရအောင် ဆောင်ရွက်ခြင်း … ပဲဖြစ်ပါတယ် ..
ဆိုလာ (controller) မှာလဲ … အမ်ပီယာ (Ampere) အမျိုးမျိုးရှိပါတယ် (ဥပမာ။ ။ ၁၀ အမ်ပီယာ….,,, ၃၀ အမ်ပီယာ …. စသည်ဖြင့်)
အမ်ပီယာ (Amprer) ဆိုတာ .. လျှပ်စစ်စီးကြောင်းအတွက် တိုင်းတာသည့် ယူနစ်တစ်ခုလို့ပဲ … သိထားနိုင်ပါတယ် … အတိုကောက် (Amp) လို့ရေးကြပါတယ် ..

လုံခြုံမှုဆိုင်ရာ ပစ္စည်းများ (Safety devices)
ဒီလို … ဘက်ထရီ , အင်ဗာတာ, ဆိုလာ ပြား .. တွေ တပ်ဆင်အသုံးပြုတောမယ်ဆို ရင် … လုံခြုံမှု အတွက် … အသုံးပြုရမယ့် ပစ္စည်းများကိုလဲ … သိထားသင့်ပါတယ် ..

၁။ ဝါယာကြိုး …
သက်ဆိုင်ရာ အသုံးပြုမယ့် ဝပ်အား (Watt) အပေါ်မူတည်ပြီး .. ဝါယာကြိုး … အရွယ်အစားကို ရွေးချယ်ရမှာပါ ..
ဝါယာကြိုး …တွေရဲ့ အရွယ်အစားကို … မီလီမီတာ (mm) နဲ့ ပြောကြပါတယ် .
ဥပမာ။ ။ ၁.၅ မီလီမီတာ,…. ၄ မီလီမီတာ, …. ၆ မီလီမီတာ …စသည်ဖြင့် ပေါ့ …
ဒါ့အပြင် …. အေစီ (AC) နဲ့ ဒီစီ (DC) ကြိုးအမျိုးအစားတွေ မတူပါဘူး ….

၂။ Breaker
Breaker ဆိုတာ … အဖွင့် - အပိတ် ခလုတ် သဘောဖြစ်ပြီး …. အမျိုးအစားအလိုက် လုပ်ဆောင်ချက်တွေရှိပါတယ် … ဥပမာ။ ။ အသုံးများလို့(over load) သို့မဟုတ် .. ဓါတ်လိုက် .. လို့ … အလိုအလျောက် ခလုတ် ကျ သွားတာမျိုးပါ …
အိမ်တွေမှာ … သက်ဆိုင်ရာ အထပ် အလိုက် ဖြစ်စေ … အခန်းလိုက်ဖြစ်စေ …. သီးခြား .. ပုံး (DB … Distribution box) တွေရှိကြပါတယ် … အဲဒီထဲမှာ … Breaker ခလုပ်တွေ … တွေ့နိုင်ပါတယ်)
တစ်ချို့က .. မီးလိုင်း ပြောင်းတဲ့ breaker ခလုပ်လဲရှိနိုင်ပါတယ် Change breaker လို့ခေါ်ပါတယ်… ဆိုလိုတာက .. EPC မီးလိုင်း နဲ့ မီးစက် (သို့) အင်ဗာတာ လိုင်း … ပြောင်းတဲ့အခါမှာသုံးတဲ့ ခလုတ်ပါ…

၃။ မီးအား ..ထိန်းချုပ် ပစ္စည်း (Voltage safe guard)
သူက … ကိုယ်လိုသလို .. အဝင် / အထွက် မီးအား .. ဗို့ (Voltage) ကိုဖြစ်စေ ,,, အသုံးပြုစေချင်တဲ့ ဝန်အား (load) ကို ထိန်းချုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ် …
သူ့လုပ်ဆောင်ချက်က .. ဗို့အား များရင် / နဲရင် အလိုအလျောက် ဖြတ်ချတာ …
သုံးတဲ့ ဝန်အား (Load) များပြီး … အမ်ပီယာ (Amp) တွေ သတ်မှတ်တာထက် များလာရင် … အလိုအလျှောက် ဖြတ်ပေးတာ … ပါ …

၃။ အလိုအလျှောက် ပြောင်းလဲပေးသော ခလုတ် (Auto Switch)
သူက …EPC နဲ့ မီးစက် (သို့) အင်ဗာတာ … မှ မီးကို အလိုအလျှောက် ပြောင်းပေးတဲ့ ခလုတ်ဖြစ်ပါတယ် …. အတိုကောက် ATS လို့ပြောပါတယ် …
ဆိုပါတော့…အင်ဗာတာနဲ့ သုံးထားရင်း … EPC မီးလာရင် အလိုအလျှောက် … EPC လိုင်းမီးဘက် ပြောင်းတာမျိုးပါ …
လူက .. ထပြီး ခလုတ်ပြောင်းစရာ မလိုပါဘူး ….

အထက်ပါပစ္စည်းတွေအပြင် … အခြား ပစ္စည်းများလဲရှိပါသေးတယ် .. (ဥပမာ ။ ။ ခလုတ်ခုံ , socket, plug, trunking ပြားများ …

ဒီလောက်ဆိုရင် …လျှပ်စစ် / မီး နဲ့ အကျွမ်းဝင်မှုသိပ်မရှိသေးတဲ့ သူအတွက် … ဗဟုသုတ အတိုင်းအတာတစ်ခုထိ ….ရရှိသွားမယ်လို့ … ယုံကြည်ပါတယ် ….,,

Key message:
စဥ်းစားခန်းရောက်ပြီ ….,,,,,,
ကိုယ့်မိသားစုအတွက် … အလင်းရောင် လိုတယ် …. ဘာလုပ်မလဲ?
မီးစက်သုံးမှာလား?
ဘက်ထရီနဲ့ အင်ဗာတာ သုံးမလား?
ဆိုလာပြားကော … တပ်ဦးမှာလား?
ဘာ တံဆိပ် ဝယ်ရင်ကောင်းမလဲ?
အင်ဗာတာ …ဘယ်လောက် ဝပ်- အား (Watt / Kilo watt) ကိုရွေးရမလဲ?
ဘက်ထရီ .. ကော … ဘယ်လောက် ဝပ် .အား နဲ့ အမ်ပီယာ (Amp) ရွေးရမလဲ?
ဘယ်ဆိုင်မှာ … ဝယ်ရမလဲ?
တပ်ဆင်ဘို့ .. ဘယ်လိုလုပ်ရမလဲ?

ကျွန်တော်အကြံပြုချင်တာက ….
ဆိုလာပြား တပ်ဆင်ဘို့ .. နေရာမရှိ / အဆင်မပြေ ရင်တော့ … ဆိုလာပြားကို မေ့လိုက်ပါ …
ကိုယ်သုံးချင်တဲ့ လျှပ်စစ်ပစ္စည်းအားလုံး ..ရဲ့ ဝပ် (Watt) ဘယ်လောက်ရှိမလဲ ခန့်မှန်းပါ …
(ဥပမာ။ ။ ရေမော်တာ / အဲယားကွန်း .. တစ်ကောင်အားဆိုရင် … ဝပ် (၇၅၀) လို့ ယူဆပါ, မီးလုံး / မီးချောင်း .. ဆိုရင်လဲ .. ဘယ်နှစ်လုံး / ချောင်း …ပေါ်မူတည်ပြီး … ဝပ် တွက်လို့ရပါတယ်)
သုံးချင်တဲ့ ဝန် အား သိပြီဆိုရင် … အင်ဗာတာ ဘယ်နှစ် ဝပ် (သို့) ကီလိုဝပ် ကိုဝယ်သင့်သလဲသိနိုင်ပါပြီ …
ဆိုပါတော့ .. သင် အသုံးပြုခြင်တဲ့ စုစုပေါင်း “ဝပ်” အားက … ၃၀၀၀ ဆိုရင် အဲဒီထက်ပိုတဲ့ “ဝပ်” ကို ဝယ်ပါ … အနဲဆုံး “ဝပ်” ၅၀၀၀ နဲ့ အထက်ကိုသုံးပါ …
ဘက်ထရီ ဆိုရင် …ကိုယ်သုံးချင်တဲ့ လျှပ်စစ်ပစ္စည်း … ဝန်အား ကိုကြည့်ပြီး … အချိန် ဘယ်လောက်ကြာကြာ သုံးချင်တာလဲ … ဆုံးဖြတ်ပါ …
အချိန်ကြာကြာသုံးချင်ရင် … ဘက်ထရီ အမ်ပီယာ (Amp) နဲ့ “ဝပ်”နာရီ (Whr) ကို စဥ်းစားပါ … အဲ … ကိုယ်က တတ်နိုင်လို့ ဘက်ထရီ တွေ တပ်ပြီး .. ဘယ်လိုအားပြန်သွင်းမှာလဲ ဆိုတာ ရှိသေးတယ် …
ဆိုလာပြား … မတပ်ဆင်ထားရင်တော့ … EPC မီးလာတဲ့အချိန်ပဲ …အားပြန်သွင်းရမှာပေါ့ … အဲဒီမှာ … နောက်ထပ်ဘာသိသင့်သလဲဆိုရင် … မိမိအသုံးပြုတဲ့ … အင်ဗာတာမှာ … ဘက်ထရီကို အားပြန်သွင်းရင် .. ဘယ်လောက် အမ်ပီယာ (Amp)နဲ့ သွင်းနိုင်သလဲ? … လိုအပ်သလို အမ်ပီယာ (Amp) ကို အတိုး.. အလျော့ .. လုပ်နိုင်သလား ..? ဆိုတာ ကြည့်ပါ …
အမ်ပီယာ … အမြင့် (ဥပမာ။ ။ ၈၀ ) နဲ့ အားသွင်းတာနဲ့ … ၃၀ နဲ့ အားသွင်းတာ … အားပြည့်ဖို့ ,,,, ကြာချိန်မတူပါဘူး ….,, ဒီ အမ်ပီယာ က … DC (Amp) လို့ပြောပါတယ် ..
နောက်ပြီး အင်ဗာတာ အထွက် မီးက … Pure sine wave ဖြစ်ရပါမယ် .. ဒါမှ အသုံးပြုတဲ့ လျှပ်စစ်ပစ္စည်း (ပန်ကာ, ကွန်ပြူတာ,…) တွေ … လျှပ်စ်စ် ကြောင့် ပျက်စီးမှု မရှိမှာပါ

ဘာတံဆိပ် .. ဝယ်ရလဲဆိုရင် …
ဦးစားပေးအနေနဲ့ …. နိုင်ငံတကာ သုံး (Global brand)… ကုန်အမှတ်တံဆိပ်ကို ရွေးသင့်ပါတယ် … ဒါက … သက်ဆိုင်ရာ Website တွေမှာ ရှာကြည့်နိုင်ပါတယ် …
နောက်ပြီး … after sales service ရှိသလား? … Service center ကရော … ဘယ်နှစ်ခုရှိသလဲ? …
အင်ဗာတာ က .. အမှတ်တံဆိပ်တစ်ခု … တွဲဖက်အသုံးပြုမယ့် .. ဘက်ထရီ က … အမှတ်တံဆိပ်တစ်ခု .. ဆိုရင် … တတ်ကျွမ်းနားလည်သူကို ….အသေအချာ မေးမြန်းပါ
… ဘာဖြစ်လို့လဲဆိုရင် .. အင်ဗာတာ နဲ့ ဘက်ထရီ ကြားမှာ ချိတ်ဆက်ရတဲ့ ..BMS (Battery management system) နဲ့ သဟဇာတ ဖြစ်ဖို့လိုပါတယ် … ဒါမှ .. ဘက်ထရီ အား ဘယ်လောက်ဝင်သလဲ? အားပြည့်ပြီလား ? …. ဆိုတာတွေသိနိုင်မှာပါ…..
ဒါက … အင်ဗာတာ နဲ့ ဘက်ထရီ နဲ့ … သီးခြားပုံစံပါ…
အခုအခါ … ပါဝါစတေရှင် (Power station) ဆိုပြီး ရှိပါသေးတယ် .. သူက … အင်ဗာတာ နဲ့ ဘက်ထရီ ကို ပုံးတစ်ခုထဲမှာ တပ်ဆင်ထားတာပါပဲ ….
တစ်ချို့ အမျိုးအစားက .. ဘက်ထရီ ထပ်တိုးလို့ မရတာ ရှိသလို … အချို့ အမျိုးအစားက .. ဘက်ထရီ နဲ့ အင်ဗာတာကို … လိုအပ်သလို ထပ်တိုး / လျော့ နိုင်တဲ့ ပစ္စည်းတွေလဲ ရွေးချယ်နိုင်ပါတယ် ….
ဘယ်လို တပ်ဆင်မလဲဆိုရင် … ရောင်းချသူက .. one stop service ပေးသလို … ပစ္စည်းသီးခြားဝယ်ပြီး … ကျွမ်းကျင်သူ (Technician) ကို သီးခြားခေါ်တာတွေရှိပါတယ် … အဲ … ရှိသေးတယ် … ဝရမ်တီ … ဘယ်လောက်ပေးသလဲ … က အရေးကြီးတယ် ..
ကိုယ်တပ်ဆင်ချင်တဲ့ ပစ္စည်း အမျိုးအစား… အရွယ်အစား နဲ့ အသုံးပြုချင်တဲ့ စရိတ် (Budget) ကိုလဲ တွက်ရသေးတယ် …
ကျွန်တော့အနေနဲ့ လျှပ်စစ်ပစ္စည်းများနဲ့ ကျွမ်းကျင်သူမဟုတ်တဲ့အတွက် … လိုအပ်ချက် .. မှားယွင်းချက်များရှိရင် … ဖြည့်စွက်ပေးပါ …

ဘယ်လိုပဲဖြစ်ဖြစ် … အိမ်မှာ … အသက်အရွယ်ကြီးသူတွေ , … နာမကျန်းဖြစ်နေသူတွေ … ပညာရေးအတွက် ….လုံခြုံမှုအတွက် …. အလင်းရောင် လိုခဲ့ရင် … မဖြစ်မနေ စဥ်းစားရတဲ့ အကြောင်းတရားလေးလို့ပဲ …. ပြောရင်း .., .. ,,,

မျိုးသက်(ဆေးဝါးလုလင်)Pharmayouth
Institute of pharmacy
12 Feb 2025

ဈေးကွက်သုတေသန... Primary data တွေရဖို့...ဈေးကွက်ရဲ့အခြေအနေ....မိမိကုန်ပစ္စည်း... အလားတူ ကုန်အစ္စည်း...ဝယ်/ရောင်းဈေး... (...
04/12/2024

ဈေးကွက်သုတေသန...
Primary data တွေရဖို့...

ဈေးကွက်ရဲ့အခြေအနေ....
မိမိကုန်ပစ္စည်း... အလားတူ ကုန်အစ္စည်း...ဝယ်/ရောင်းဈေး... (Buying/ selling price)
ဈေးကွက်ဝေစု.. Market share (Volume/ Value )
ဈေးကွက်ကြီးထွားမှု...(Market Growth)
ကုန်ပစ္စည်း သိုလှောင်မှု...Stock
ဒီအကြောင်းတွေသိဖို့....

🚨Key message:
တကယ်လို့.. marketing audit ကို၊ မိမိဝန်ထမ်းများနဲ့ လုပ်ဆောင်မယ်ဆိုရင်...
survey form ..ဖန်တီးပြီး၊ ဝန်ထမ်းများကိုတာဝန်‌ ပေး၊ စုဆောင်း တာအပြင်....
Brand/ Product .. တာဝန်ယူထားသူ... ကိုယ်တိုင် (ကိုယ်တိုင်) ဈေးကွက်ထဲဆင်းရပါတယ်...
ဘာကြောင့်လဲဆိုရင်... သာမာန်ဝန်ထမ်းနဲ့ Brand အကြောင်း နားလည်သူရဲ့၊ အသိ၊အမြင်၊ နားလည်ခံယူမှု (sense) မတူပါဘူး...
ဆိုလိုတာက၊ တစ်ချို့သော အချက်အလက်တွေက၊
အနီးစပ်ဆုံးမှန်ကန်ဖို့... သုံးသပ်ရတာတွေရှိပါတယ်။

၁၀၀% မှန်ဖို့မမျှော်လင့်ပါနဲ့၊ ... အနဲဆုံး ၂၀% သွေဖယ်မှု (deviation ).. ရှိနိုင်ပါတယ်။...
တစ်နှစ်ကို အနဲဆုံး ၂ ကြိမ် တော့ survey / marketing audit လုပ်ကြပါ။

Brand/ Product တာဝန်ယူထားသူတွေကိုယ်တိုင် ဈေးကွက်ထဲဆင်းပါ။
Primary data တွေရလာရင်၊ သင့်ရဲ့ strategy အတွက်၊ အဓိက၊ ကုန်ကြမ်းရပြီလို့ ပြောပါရစေ။...^^^

မျိုးသက် (ဆေးဝါးလုလင်)
Institute of pharmacy
R_6 Nov 2022

I have reached 1.5K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
15/08/2024

I have reached 1.5K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

12/06/2024

(1)Data is important..
(2) Data analysis is more important..
(3)Know how to use analysis result is most important...
🙄

ကုန်ပစ္စည်းအသစ်ကို စျေးကွက်တင်ခြင်းProduct launch - Marketing Check listကုန်ပစ္စည်းတစ်ခုကို စျေးကွက်မတင်မှီ၊ Marketing ရ...
11/06/2024

ကုန်ပစ္စည်းအသစ်ကို စျေးကွက်တင်ခြင်း
Product launch - Marketing Check list

ကုန်ပစ္စည်းတစ်ခုကို စျေးကွက်မတင်မှီ၊ Marketing ရှု
ထောင့်မှ သုံးသပ်ရမည့် အချက်များ အဆင့်လိုက် ရှိပါတယ်။

၁။ စျေးကွက်အလားအလာကိုတွက်ချက်ခြင်း
(Market Potential Calculation)
ဥပမာ၊ ဆေးပစ္စည်းဆိုပါတော့၊ ဒါဆိုရင် အဲဒိဆေးနဲ့ဆက်နွယ်တဲ့၊ရောဂါများနဲ့ ရောဂါဖြစ်ပွားမှုနှုံး၊ ဆရာဝန်၊ .စျေးကွက်အရွယ်အစား (market size) ၊ စျေးကွက်ကြီးထွားမှု နှုံး (market growth)...စသည်ဖြင့်၊

၂။ စျေးကွက်ဆစ်ပိုင်းခြင်း (Market segmentation)

၃။ ဝယ်ယူသူများရဲ့ အနေအထား သုံးသပ်
ချက်(Customer profiles / Analysis)

၄။ ဝယ်ယူမည့်သူများရဲ့ အမူအကျင့်နဲ့ လိုအပ်ချက်များ (Customer behavior & needs)

၅။ ကိုယ့်ပစ္စည်းနဲ့ အလားတူ ပစ္စည်းများ နှိုင်းယှဉ် သုံးသပ်ချက် (Competitor analysis)

၆။ ဖြန့်ချိရေးကွန်ရက် (Outlet coverage)

၇။ အရောင်းမြှင့်တင်ခြင်း အစီအစဉ်များ (Promotion plan)

၈။ ကုန်ပစ္စည်းအကြောင်း သင်တန်းပေးခြင်း (Product training)

၉။ ဆိုင်များသို့ရောင်းချခြင်း (Selling in to outlets, distribution)

၁၀။ ထိန်းကြောင်း ကွပ်ကဲခြင်း (Monitoring, e.g Scheme)

အထက်ပါအကြောင်းအရာတွေက၊ Marketing နဲ့ Brand manager / Executive တွေနဲ့ပိုမိုသက်
ဆိုင်ပါတယ်။ ဒါပေမဲ့ အရောင်း (sales) သမားများလဲ သိသင့်တယ်လို့ ယူဆပါတယ်။ ကိုယ့်အတွက်ဝေါဟာရတွေ စိမ်းနေနိုင်ပေမဲ့ ၊ တတ်နိုင်သ၍ လေ့လာဘို့တိုက်တွန်းပါတယ်။ လိုအပ်ရင် Marketing dictionary ဆောင်ထားပါ။

Key message: ကုန်ပစ္စည်းတစ်ခု စျေးကွက်မတင်ခင်၊ အဆင့် ၁ မှ ၆ အထိ ကိုကြည့်ရင်၊ မှန်ကန်ပြီး၊ အနီးစပ်ဆုံး သုံးသပ်ချက် ကိန်းဂဏန်း (Analysis data) တွေရဖို့ အလွန်အရေးကြီးပါတယ်။
၄င်း အချက်အလက်တွေ ဘယ်လို၊ ဘယ်ကရမလဲ?
- စျေးကွက်သုတေသနလုပ် ပေးတဲ့ ကုပ္မဏီ၊ ထံမှ
သော် ၄င်း၊ မိမိဝန်ထမ်းများကိုယ်တိုင် စျေးကွက်သုတေသနလုပ်ခြင်းဖြင့်၄င်း၊ သက်ဆိုင်ရာ website များမှ၄င်း၊ ရရှိနိုင်ပါတယ်။ ***

မျိုးသက် (ဆေးဝါးလုလင်)
Institute of pharmacy
၁၉ ၊ ဇူလိုင်၊ ၂၀၁၈

Address

Rangoon Ahlone

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Myo Thet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myo Thet:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram